← Chapters

အခန်း (၄၀၃-၄၀၅)

Vol. 27 Ch. 403-405

အခန်း (၄၀၃-၄၀၅)

Vol. 27 Ch. 403-405

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၀၃)

ကျောင်းကို သူမပြန်ရောက်တော့ နေမွန်းတည့်နေပါပြီ။ နေ့လည်စာစားပြီးတာနဲ့ ရှန်ယန်ရှောင်က ဒီနေ့ခင်းမှာ လေးဌာနကိုသတင်းပို့ရန်အတွက် ပြင်ဆင်ရန်အလို့ငှာ အဆောင်ကိုပြန်လိုက်ပါတယ်။

သူမအဆောင်ကို ပြန်ရောက်ကာစမှာပဲ အပြင်ထွက်မယ့် လင်းရွှမ်နဲ့ဆုံသွားပါတယ်။

အတန်ကြာမတွေ့ခဲ့ရသော အခန်းဖော်ကိုတွေ့လိုက်လို့ လင်းရွှမ်အံ့အားသင့်သွားကာ သူ့မျက်လုံးတွေထဲမှာက စိတ်လှုပ်ရှားမှုတွေနဲ့ ရှောင်ဖယ်မှုတွေရှိနေပါတယ်။

"ရှန်..ရှန်ဂျူ မင်းပြန်လာပြီပေါ့"

လင်းရွှမ်ဟာ မူမမှန်စွာပြောလိုက်သလို သူ့မျက်လုံးတွေကိုလည်း ရှောင်လွှဲနေခဲ့ပါတယ်။

လင်းရွှမ်ရဲ့ ပုံမှန်မဟုတ်တဲ့အပြုအမူကြောင့် သူမ သိလိုစိတ်ဖြစ်ပေါ်သွားပေမယ့် အခုမှပြန်ရောက်ကာစဖြစ်တာကြောင့် လုပ်စရာတွေရှိသေးတဲ့အတွက် အရေးတယူမလုပ်တော့ဘဲ ပြန်ဖြေလိုက်ပါတယ်။

"အင်း ငါ အခုပဲ ပြန်ရောက်တာလေ"

လင်းရွှမ်က တောင့်တောင့်ကြီးပြုံးလိုက်ပါတယ်။

"အဲ့ဒါဆို...မင်းအရင်...အရင်...ငါစာကြည့်တိုက်ကို ယူစရာရှိလို့ သွားယူလိုက်ဦးမယ်"

ရှန်ယန်ရှောင်က လင်းရွှမ်သွားလို့ရရန် ဘေးကိုတိမ်းပေးလိုက်သည်။ အဲ့ဒီနောက် အခန်းထဲကိုဝေ့ကြည့်လိုက်တော့ တန်နာဇီကိုမတွေ့ရတာနဲ့ ဖွင့်ဟမေးလိုက်ပါတယ်။

"နာဇီဘယ်သွားတာလဲ။ နေ့ခင်းပိုင်းဆို အခန်းထဲမှာ ဒီကောင်အိပ်နေကြမဟုတ်လား။ ဒီကောင်ဘယ်လစ်သွားတာလဲ"

တော်ဝင်ရိုလန်ကျောင်းမှာ တန်နာဇီဟာ သူမနဲ့မခွဲမခွာ အမြဲတမ်းလိုလို တပူးပူးတတွဲတွဲရှိနေကြဖြစ်လို့ သူမပြန်ရောက်တဲ့အခါ ဒီကောင့်ကိုမတွေ့ရတာ တစ်မျိုးကြီးဖြစ်နေပါတယ်။

လင်းရွှမ်ခါးမတ်သွားတာကို သိသာစွာမြင်တွေ့ရပါတယ်။ ခဏအကြာမှာတော့ သူက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်ပါတယ်။

"ငါ...ငါ မ..မသိ.မသိဘူး"လို့ပြောပြီးတာနဲ့ ရှန်ယန်ရှောင်ထပ်မေးတာကို မစောင့်တော့ဘဲ ပြေးထွက်သွားပါတယ်။

"ငါ့ပုံက အဲ့လောက်ကြောက်စရာကောင်းနေလို့လားဟ"လို့ ရှန်ယန်ရှောင်က မေးပွတ်ကာပြောလိုက်သည်။

တစ်လကြာမှပြန်ရောက်လာခဲ့တဲ့ အခန်းထဲမှာ သူမရဲ့ညစ်ထေးနေသော အဝတ်ကို ခရမ်းတန်းအားကိုယ်စားပြုတဲ့ ဝတ်ရုံနဲ့လဲလှယ်ဝတ်ဆင်လိုက်ပါတယ်။

မကြာခင်မှာပဲ တစ်ခုခုလွဲနေတာကို သူမ ရှာတွေ့သွားပါတယ်။

တန်နာဇီရဲ့အိပ်ယာမှာ ဟာလာဟင်းလင်းဖြစ်နေကာ အိပ်ယာခင်းတောင်မရှိပါဘူး။ မျက်ခုံးပင့်လိုက်မိပြီး တန်နာဇီ၏ ဗီရိုဆီသွားကာ ဖွင့်ကြည့်လိုက်ပါတယ်။

စာအုပ်တွေနဲ့နေ့တဓူဝလိုအပ်တဲ့ အသုံးအဆောင်တွေ တစ်ခုမှမရှိတော့ဘဲ ဟောင်းလောင်းဖြစ်နေပြီး အရင်ကအသုံးမပြုဖူးတဲ့အတိုင်းပါပဲ။

"ဘာတွေဖြစ်နေတာလဲ"လို့ သူမရင်ထဲမှာ မသက်မသာဖြစ်သွားရပါတယ်။

သူမက တန်နာဇီပိုင်တဲ့အရာမှန်သမျှကို တွေ့မလားရှာကြည့်လိုက်ပေမယ့် ဘာတစ်ခုမှမတွေ့ခဲ့ရပါဘူး။ တန်နာဇီရဲ့ပစ္စည်းမှန်သမျှ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒီအခန်းထဲမှာ သူရှိဖူးတဲ့ဆိုတဲ့ သဲလွန်စတောင်မရှိတော့ပါဘူး။

တစ်ခုခုမှားနေတာကို ရိပ်မိလိုက်လို့ မှော်ဌာနကျောင်းသားဆောင်ကို တန်းသွားလိုက်ပါတယ်။ တော်ဝင်ရိုလန်ကျောင်းထဲမှာ နာမည်ကြီးခဲ့တဲ့ ဆေးပညာကျောင်းသားလေးက တစ်ယောက်ယောက်ကို တိုက်ခိုက်တော့မယ့်ဟန်နဲ့ သူတို့အဆောင်ကို ချီတက်ဝင်ရောက်လာတာကို တွေ့လိုက်ရသော မှော်ကျောင်းသားတွေကြောင်အအဖြစ်သွားကြပါတယ်။

ဒါက ဘယ်လိုအနေအထားတုန်း။ ဆေးပညာဌာနကအဲ့ချာတိတ်က သူတို့အဆောင်ကို ဘာလာလုပ်ချင်တာလဲ။ သူ့မျက်နှာကြည့်ရတာလည်း တော်တော်ပျက်နေတာပဲ။

ဆေးပညာဌာနရဲ့ အတော်ဆုံးကျောင်းသားရှန်ဂေါင်းရှောင်ကို အနိုင်ယူပြီးတာနဲ့ ဒီရှန်ဂျူက သူတို့မှော်ဌာနဆီပါ ခြေဦးလှည့်နေတာဖြစ်နိုင်မလား။

ရှန်ယန်ရှောင်က ကြူရှီယာအခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ အခန်းထဲက လူသုံးယောက်လုံး ကြောင်သွားကြပါတယ်။ စားပွဲရှေ့ထိုင်ကာ မှော်စာအုပ်တစ်အုပ်ကိုဖတ်နေတဲ့ ကြူရှီယာဟာ ရင်းနှီးသောမျက်နှာလေးတစ်ခုက အခန်းဝမှာပေါ်လာတာကြောင့် ခဏတော့ကြောင်သွားခဲ့သည်။ သူ့အခန်းဖော်နှစ်ယောက်ကတော့ လုံးဝကိုကြောင်အအဖြစ်သွားကြရပါတယ်။

"ငါမင်းကို မေးစရာရှိတယ်"လို့ ရှန်ယန်ရှောင်က တဲ့တိုးပြောလိုက်သည်။

ကြူရှီယာမျက်ခုံးပင့်သွားကာ သူ့မျက်နှာမှာတော့ အပြုံးနဲ့မတူသော အပြုံးတစ်ခုဖြစ်ပေါ်နေပါတယ်။

"ဒီနေရာက စကားပြောလို့မကောင်းဘူး။ အပြင်ကိုသွားပြောကြတာပေါ့"လို့ပြောပြီးတာနဲ့ ရှန်ယန်ရှောင်နဲ့အတူ အဆောင်ကနေထွက်သွားလိုက်ပါတယ်။

ဆေးပညာဌာနကကျောင်းသားသစ်တစ်ယောက်ဟာ သူတို့ဌာနရဲ့ထိပ်ဆုံးကကျောင်းသားနဲ့ ရင်းနှီးမှုရှိတယ်လို့ သူတို့တွေကြားသိခဲ့တာကြာပါပြီ။ ယနေ့တွေ့တဲ့အတိုင်းဆိုရင် အဲ့စကားကအမှန်ပါပဲ။

သူတို့ဌာနရဲ့ထိပ်သီးကျောင်းသားက ဘယ်တုန်းကစပြီး စကားပြောလို့လွယ်တဲ့သူဖြစ်သွားတာတုန်း။

စကားတစ်ခွန်းနဲ့တင် သူ့ကိုအပြင်ထွက်ဖို့ အလွယ်တကူပြောနိုင်ခဲ့ကာ ပြောသူကလည်း တစ်ခြားဌာနက ကျောင်းသားသစ်လေးဖြစ်တာကြောင့် ယုံရခက်ခက်ဖြစ်နေရပါတယ်။

သူမတို့နှစ်ဦးအတူလမ်းလျှောက်နေတာကြောင့် ကျောင်းသားတွေရဲ့ သတိပြုမှုကို ခံခဲ့ကြရပါတယ်။

"နာဇီအကြောင်း မေးချင်တာမလား"လို့ အနားမှာ ဘယ်သူမှမရှိတာနဲ့ ကြူရှီယာကစပြောလိုက်ပါတယ်။

"သူ တစ်ခုခုဖြစ်ခဲ့တာလား။ ငါအဆောင်ကိုပြန်ရောက်တော့ သူ့အရိပ်တောင်မတွေ့ခဲ့လို့ နည်းနည်းထူးခြားလှတယ်လို့ တွေးမိလိုက်သေးတယ် နောက်ကျတော့ သူ့ပစ္စည်းတွေအကုန်လုံး မရှိတော့တာကို ငါတွေ့ခဲ့ရတယ်။ သူဘာဖြစ်ခဲ့တာလဲ့"ဟု ရှန်ယန်ရှောင်ကမေးလိုက်သည်။

ကြူရှီယာက သက်ပြင်းတစ်ချက်ချကာ စူးရဲသောမျက်ဝန်းတွေနဲ့အပေါ်သို့ မော့ကြည့်လိုက်ပြီးနောက် ဖြေလိုက်ပါတယ်။

"သူ ကျောင်းကထွက်သွားခဲ့တာပဲ"

"ဘာလို့လဲ"

ရှန်ယန်ရှောင်က ကြူရှီယာကို မယုံနိုင်ဟန်ကြည့်ရင်းမေးလိုက်ပါတယ်။ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးပညာဌာနကိုဝင်ခွင့်ရဖို့အတွက် တန်နာဇီက နှစ်နှစ်တိတိအချိန်ကုန်ဆုံးခဲ့ရတာပ ဒါကို အကြောင်းမရှိဘဲနဲ့တော့ ထွက်သွားစရာမရှိပါဘူး။

သူမကတစ်လလောက်သာ မရှိခဲ့တာပါ။ တန်နာဇီအနေနဲ့ ထွက်ဖို့စိတ်ကူးရှိရင်တောင် ဒီလိုအချိန်တိုလေးအတွင်းမှာတော့ ဖြစ်သွားစရာအကြောင်းမရှိပါဘူး။ သူမ မရှိတဲ့အချိန်အတွင်းမှာ သူ့ကိုထွက်ခွာစေတဲ့အဖြစ်တစ်ခုခု ဖြစ်ကိုဖြစ်ခဲ့ရမယ်။

ကြူရှီယာ ခေါင်းယမ်းလိုက်သည်။

"သူက ငါတို့ကို မပြောခိုင်းထားဘူး။ မင်းတစ်ကယ်သိချင်တယ်ဆိုရင်တော့ လောင်းကစားရုံကိုသွားပြီး သူ့ကိုမေးလိုက်ပါ။ မင်းက အချိန်မှီလေးရောက်လာခဲ့တာပဲ။ သူက မနက်ဖြန်ကျရင် နေပြည်တော်ကိုပြန်လိမ့်မယ်။ ဒီနေ့မင်းပြန်ရောက်လာလို့ သူနဲ့တွေ့ခွင့်ရသေးတာပေါ့ကွာ"လို့ ကြူရှီယာကပြောလိုက်ပါတယ်။

"ဟုတ်ပြီလေ ဒါဆိုလည်း ငါသူ့ကို ကိုယ်တိုင်သွားမေးလိုက်မယ်"လို့ပြောပြီး ရှန်ယန်ရှောင်က တော်ဝင်ရိုလန်ကျောင်းတံခါးဝဆီကို ချက်ခြင်းဦးတည်လိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၀၄)

ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ ကျောင်းကနေဘာကိစ္စထွက်ရတာလဲလို့ အဲ့ခွေးလိုကောင်ကို သူမ ကိုယ်တိုင်ကိုယ်ကျသွားမေးပါမယ်။ ဆေးဌာနကို ဇွတ်အတင်းဝင်ချင်နေခဲ့တည်းက သူ့အတွက်ပြန်လှည့်လို့ မရတော့ဘူးဆိုတာကို ခွေးကောင်က မသိဘူးလား အခုအချိန်မှ ကျောင်းကထွက်လိုက်မယ်ဆိုရင် သူ့မိသားစုက သူ့အပေါ်မှာ ဘယ်လောက်တောင်များ ဖိအားပေးလိုက်မလဲ။

သူ သွားပြီးမေးမှကိုဖြစ်မယ်.....

လောင်းကစားရုံကတော့ စည်ကားမြဲဖြစ်ပြီး အရိပ်အဖွဲ့နားနေဆောင်မှာတော့ တန်နာဇီဟာ ကြက်ကြီးလည်လိမ်ထားသလိုမျိုးနဲ့ ထိုင်ခုံပေါ်မှာ တစ်ဦးတည်းထိုင်နေတာကို တွေ့ရပါတယ်။

ဆေးဌာနမှာ သူ့ဘဝဟာ လအနည်းငယ်ကြာအပြီးမှာတော့ ရုတ်ချည်းပြီးဆုံးသွားခဲ့ပါတယ်။ သူယူလာတဲ့ပစ္စည်းတွေကလွဲရင် ကျန်တာဘာတစ်ခုမှ မယူခဲ့တော့ပါဘူး။ ဒီနေရာကို စိတ်တက်ကြွစွာနဲ့ ရောက်လာခဲ့ပြီး အခုအခါမှာတော့ သူထွက်သွားရပါတော့မယ်။ သူဟာ လိပ်နက်မျိုးနွယ်စုဆီကို လွန်ခဲ့တဲ့ရက်အနည်းငယ်တည်းက ရောက်ရှိနေသင့်တာဖြစ်ပေမယ့် ညီမငယ်လေးကို နှုတ်ဆက်ချင်သေးတာကြောင့် အခုထိအချိန်ဆွဲနေခဲ့တာဖြစ်သည်။ ဒါပေမယ့် မနေ့တုန်းက မျိုးနွယ်ခေါင်းဆောင်ဖြစ်သော သူ့အဖိုးဖြစ်သူထံမှ မနက်ဖြန်မနက်အရောက်ပြန်လာရန်ဆိုသော နောက်ဆုံးအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

"ကြည့်ရတာတော့ အဲ့ကလေးမကို ငါမတွေ့ရတော့ဘူးထင်တယ်"

တန်နာဇီနှုတ်ဖျားမှာ အပြုံးတစ်ပွင့်တွဲလဲခိုနေပြီး သူ့ရွှင်လန်းတက်ကြွနေကြမျက်နှာကတော့ သုန်မှုန်မှုတို့ကြီးစိုးနေပါတယ်။

ဝုန်း..

အခန်းတံခါးက ရုတ်တရက်ကန်ဖွင့်ခံလိုက်ရတယ်။ တန်နာဇီက ဘာဖြစ်မှန်းမသိဟန်နဲ့ ခေါင်းငဲ့ကြည့်လိုက်သည်။ အခန်းထဲကို ဝင်လာသူဟာ သူ့စိတ်နှလုံးမှာ ရိုက်နှိပ်ပြီးဖြစ်သော နွားချည်ငုတ်လေးဖြစ်နေပါတယ်။

"ရှောင်လေး..မင်းပြန်လာပြီပေါ့"

ဖုံးကွယ်နေသော တိမ်စိုင်တွေလွင့်သွားတာကြောင့် လရောင်လင်းသွားသလိုမျိုး တန်နာဇီ၏သုန်မှုန်သော အမူအယာက ရုတ်ချည်း တက်ကြွတဲ့ကြက်ဖကြီးလို ဖြစ်သွားပါသည်။

ရှန်ယန်ရှောင်ကတော့ တန်နာဇီကို အေးတိအေးစက်သာကြည့်ပေးလိုက်သည်။ စကားတစ်လုံးမှမဆိုဘဲ ဘေးမှာရှိသောဆိုဖာခုံဆီ သွားကာထိုင်ချလိုက်ပြီး လက်ကိုပိုက် ခေါင်းကိုမော့ပြီး ပြုံးနေသော တန်နာဇီအား အေးစက်စွာကြည့်လိုက်သည်။

"ရှောင်...လေး"

တန်နာဇီက ရှန်ယန်ရှောင်အား အနည်းငယ်သတိတထားဖြင့် ကြည့်လိုက်ပါတယ်။ အမြဲတမ်းလိုလို အေးအေးနေတတ်တဲ့ ကလေးမက အလွန်မကျေမနပ်ဖြစ်နေပုံပေါ်သလို သူမဆီမှလည်း အေးစက်စက်အငွေ့အသက်တွေ လွင့်ပျံလာနေခဲ့ပါတယ်။

"သခင်လေးတန် ခင်ဗျားက ခင်ဗျားရဲ့ဘဝကို တော်တော်ပျော်မွေ့အောင် နေတတ်တာပဲ။ ကျောင်းတက်ရတာငြီးငွေ့လာတာနဲ့ အိမ်ကိုပြန်ပြီးတော့ ဇိမ်ယူဖို့ဆုံးဖြတ်ထားတယ်ပေါ့။ အားလုံးကို နေရာတကျ သိမ်းဆည်းထုတ်ပိုးပြီးပြီးလားမသိဘူး ကျနော့်အနေနဲ့ တစ်ယောက်ယောက်ကိုများ ခင်ဗျားရဲ့အပြန်ခရီးအတွက် ပြင်ဆင်ပေးဖို့ ခေါ်ပေးလိုက်ရမလားဟင်"

ရှန်ယန်ရှောင်ရဲ့ နှုတ်ခမ်းလွှာက အသာအယာပဲပွင့်ဟသွားခဲ့ပေမယ့် သူမရဲ့လေသံကတော့ ကြောက်စရာကောင်းလှပါတယ်။

တန်နာဇီရဲ့ အမူအယာတွေအားလုံး သူမရဲ့ လေသံကြောင့် တောင့်ကနဲဖြစ်သွားပြီး သူမရဲ့ အပြုံးတုကိုကြည့်ကာ သူ ချွေးပြန်သွားရပါသည်။

"မင်း သိပြီးပြီပေါ့"လို့ တန်နာဇီက သေချာစေရန်မေးလိုက်ပါတယ်။

"သိတယ် ဒါပေါ့ ငါသိတာပေါ့။ အဆောင်ကိုပြန်ရောက်တာနဲ့ တစ်ယောက်ယောက်က သူ့ပစ္စည်းတွေကို သိမ်းဆည်းသွားပြီဆိုတာကို ငါတွေ့ရမှတော့ ငါ မသိချင်ဘူးဆိုရင်တောင် မလွယ်ဘူးလေ ဟုတ်ဘူးလား"လို့ ရှန်ယန်ရှောင်က ငေါ့တော့တော့ပြောလိုက်ပါတယ်။

တန်နာဇီက ကိုးရိုးကားယားပြုံးလိုက်ရတယ်။

"တစ်ကယ်တန်းဆို ငါ အစောကြီးတည်းက ထွက်သွားသင့်ခဲ့ပြီ။ သမားတော်တစ်ဦးဖြစ်ဖို့အတွက် ငါ့မှာသင့်တော်တဲ့ အရည်အချင်းမရှိဘူး။ အဲ့ဒီတုန်းကတော့ ငါက သမားတော်တစ်ယောက်ဖြစ်ဖို့ကိုပဲ ခေါင်းမာနေခဲ့တာ။ အခုကျတော့ ဒီနေရာမှာလည်း တော်တော်လေးကြာအောင်နေပြီးသွားသလို ငါ့အဆင့်ကလည်းညံ့တုန်းပဲဆိုတော့ ဒီမှာဆက်နေလို့ အလကားပဲလို့ငါတွေးမိတယ်လေ"

"သြော်"

ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်သည်။

"ဒီတော့ သခင်လေးတန်က ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာပေါ့နော်"

တန်နာဇီ အံ့အားသင့်သွားပါတယ်။ ရှန်ယန်ရှောင်၏ အခုလို စကားပြောပုံမျိုးကို သူ အသားမကျပါဘူး။ အရင်က ရှန်ယန်ရှောင်ဟာ ငြိမ်သက်အေးချမ်းတဲ့မိန်းကလေးဆိုရင် အခုရှန်ယန်ရှောင်ကတော့ မြွေဟောက်မဖြစ်ပါတယ်။

ခြားနားမှုက တော်တော်ကြီးပါတယ်။

သို့သော် ရှန်ယန်ရှောင် မည်သို့ပင်ပြောစေကာမူ သူ့အနေနဲ့ ဆေးဌာနကို ပြန်သွားလို့မရတော့ဘူးဆိုတာ တန်နာဇီသဘောပေါက်တယ်။ ဒါကြောင့် အပြုံးလေးနဲ့သာ ပြောလိုက်နိုင်ပါတယ်။

"ငါ ကျောင်းကထွက်တာကို မင်းသိတာနဲ့ စိတ်ဆိုးတော့မယ်ဆိုတာကို ငါသိသားပဲ"

"ငါ့ပင်မမျိုးနွယ်ထဲမှာ အခုလိုကျောင်းကထွက်လိုက်တဲ့အတွက် ငါနေရာမရဖြစ်နေမှာကို မင်းပူနေတာကိုလည်း ငါသိတယ်"

ရှန်ယန်ရှောင်က အသက်တစ်ချက်ရှိုက်လိုက်ကာ တန်နာဇီနားကို သွားလိုက်ပါတယ်။

"မင်းကျောင်းကထွက်ရင် မိသားစုထဲမှာ နှိပ်ကွပ်ခံရမှာကို မင်းသိတယ်နော်။ သမားတော်တစ်ယောက်ဖြစ်ဖို့အတွက် ရွေးချယ်ပြီးမှတော့ ဘာပဲဖြစ်ဖြစ်ဆက်လျှောက်ရမှာပဲလေ။ မင်းက လိပ်နက်မျိုးနွယ်က ကလေးတစ်ယောက်လေ။ သြဇာအာဏာကြီးတဲ့အသိုင်းအဝိုင်းက လူငယ်မျိုးဆက်တစ်ယောက်အတွက် အခက်အခဲတွေရှိတာကို မင်းမသိဘူးလားဟ။ အခုလိုထွက်သွားတော့ မင်းအတွက်ဘာအကျိုးရှိလဲ။ အခုလိုမျိုးပြန်သွားလိုက်ရင် မင်းကိုယ်မင်းသိက္ခာချရုံတင်မကဘဲ တစ်ခြားလူတွေကနေ မင်းကို နှိပ်ကွပ်နိုင်ဖို့အခွင့်အရေးပေးလိုက်သလိုဖြစ်သွားမှာပဲ"ဟု ရှန်ယန်ရှောင်က ဒေါသတကြီးနဲ့ပြောလိုက်သည်။

"ငါသိပါတယ် ငါသိပါတယ်"ဟု ဆူပူကြိမ်းမောင်းခံနေရသော တန်နာဇီက ခေါင်းမမော့နိုင်ဘဲ ပြန်ပြောလိုက်ပါသည်။

"သိတယ်ဆိုရင် ဘာလို့ ဒီလိုလုပ်သေးတာလဲ"

"မင်းအခုလိုထွက်တာက မင်းကိုယ်ပိုင်စိတ်ကူးမဟုတ်ဘူး။ ဘယ်သူက မင်းကိုထွက်ဖို့ ဖိအားပေးတာလဲ"လို့ ရှန်ယန်ရှောင်ကပြောလိုက်ပါတယ်။

"အများကြီးမမေးပါနဲ့ကွာ။ ငါကမနက်ဖြန်ပြန်ရတော့မှာဆိုတော့ ဒီနေ့မင်းနဲ့တွေ့ရလို့ ဝမ်းသာနေတာ။ ငါတို့တွေ ဘယ်အချိန်ကျမှ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံနိုင်မယ်က မသိဘူးလေ ဒီစိတ်မချမ်းမြေ့စရာကိစ္စတွေကို မပြောကြရအောင်လား"လို့ တန်နာဇီက ကျောင်းထွက်တဲ့ကိစ္စကို မပြောချင်ဟန်နဲ့ပြောခဲ့သည်။

"မင်းမပြောချင်တာနဲ့ ငါ မသိနိုင်ဘူးလို့ မင်းထင်နေတာလား"ဟု ရှန်ယန်ရှောင်က ပြန်ပြောလိုက်သည်။

"ရှောင်လေး ကျေးဇူးပြုပြီး ထပ်မမေးပါနဲ့တော့ကွာ"လို့ တန်နာဇီက စိတ်ညစ်စွာပြောလိုက်သည်။

"မင်း အခုမပြောရင်တောင်မှ သူမက တစ်နေ့ကျရင် သိသွားမှာပဲ"ဆိုသော ပျင်းတွဲတွဲအသံက လူနှစ်ယောက်ရဲ့ ပဋိပက္ခကြားမှာ ထွက်ပေါ်လာခဲ့သည်။

ကြူရှီယာက လက်ပိုက်ပြီး တံခါးဘောင်ကို ဇိမ်ကျကျမှီကာ ရပ်နေပါသည်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၀၅)

"ငါ့ကို မီးမမွှေးစမ်းနဲ့"လို့ တန်နာဇီက ကြူရှီယာအားပြူးကြည့်ကာ ပြောလိုက်သည်။

"ငါတို့ကို မပြောခိုင်းထားလို့ သူကိုယ်တိုင် မင်းကိုမေးခိုင်းလိုက်တာပဲ။ ဒါပေမယ့် မင်းကကလည်း မပြောချင်ဘူးဆိုတော့ သိတဲ့သူတွေကို သွားမေးခိုင်းရတော့မှာပဲ"ဟု လူယုတ်မာတစ်ယောက်ကဲ့သို့ပြုံးကာ ကြူရှီယာကပြောလိုက်ပါတယ်။

တန်နာဇီက မကူညီတဲ့အပြင် ဒုက္ခပါလာပေးနေတဲ့ ခွေးကောင်အား သတ်ပစ်ချင်စိတ်ပေါက်သွားပါတယ်။

ဒါကို သူ့ကိုယ်သူ ငါ့ညီအစ်ကိုလို့ သတ်မှတ်ရဲသေးတယ်တဲ့။

"မင်း မပြောသေးဘူးလား"လို့ ရှန်ယန်ရှောင်က ခေါင်းမာစွာမေးနေခဲ့ပါတယ်။

ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်ချလိုက်ပြီး ငိုမိမတတ်ဖြစ်နေတဲ့ တန်နာဇီက ခေါင်းကိုလက်နှစ်ဖက်နဲ့ ကုတ်လိုက်ပါတယ်။

"မင်းတို့နဲ့ဆက်မဖြစ်ချင်တော့ဘူးကွာ ပြောမယ်ဟေ့ ပြောမယ်"

ရှန်ယန်ရှောင်က ကြူရှီယာအား မျက်စပစ်လိုက်ပြီး နှစ်ယောက်သား ထိုင်ခုံအသီးသီးမှာ ထိုင်ချလိုက်ကြပါတယ်။

"ဒီကိစ္စက ပြောရမယ်ဆိုရင် မင်းထွက်သွားပြီး ခုနှစ်ရက်အကြာမှာ စဖြစ်တာပဲ။ ငါနဲ့ရှန်ဂေါင်းရှောင်လောင်းထားတဲ့ကိစ္စကို မင်းမှတ်မိသေးလား"ဟု တန်နာဇီက မေးလိုက်သည်။

ရှန်ယန်ရှောင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီအကြောင်းကို သူမ ကောင်းကောင်းမှတ်မိတာပေ့ါ။

"မင်းထွက်သွားတဲ့နောက် ငါလည်း မင်းပြောထားသလို လောင်းကြေးကိစ္စအတွက် ရှန်ဂေါင်းရှောင်ကိုသွားမရှာခဲ့ဘူးလေ။ မင်းထွက်သွားပြီး ခုနှစ်ရက်မြောက်မှာတော့ ဒီကောင်က စိတ်မရှည်တော့ဘဲ ငါ့ကိုလာရှာခဲ့တာနဲ့ မင်းပြောတဲ့အတိုင်း ငါပြန်ပြောလိုက်တယ်"

"အဲ့နောက် ဘာဆက်ဖြစ်တုန်း"လို့ ရှန်ယန်ရှောင်က မေးလိုက်သည်။

တန်နာဇီက ခဏတာ ချီတုံချတုံဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ ပြောလိုက်ပါတယ်။

"ဒါပေမယ့် အဲ့ကောင်က ခေါင်းမာနေတယ်လေ သူက မင်းနဲ့နောက်တစ်ခေါက်ထပ်ပြိုင်ချင်နေတာ။ မင်းဒီမှာမရှိဘူးလို့ သူ့ကိုပြောခဲ့ပေမယ့် အဲ့ကောင်က ရိုင်းလွန်းစွာနဲ့ မင်းမကောင်းကြောင်း မဟုတ်တမ်းတရားတွေကို ဆေးဌာနထဲမှာ လျှောက်ဖွနေခဲ့တယ်"

"ငါနဲ့ ပြိုင်ချင်သေးတယ်ပေါ့"

ဒီသတ္တိမျိုးကို ရှန်ဂေါင်းရှောင် ဘယ်ကနေများရလာတာလဲ။ ရှန်ယန်ရှောင် မျက်စိကိုမှေးလိုက်တယ်။

"အင်း ငါကတော့ သူနဲ့ရှင်းဖို့ အတွေးမိရှိခဲ့ပါဘူး။ ဒါပေမယ့် ရက်နည်းနည်းကြာတဲ့အခါ လန်းယူမင်းဆက်နိုင်ငံက ယိအကယ်ဒမီကျောင်းသားတွေ ရောက်လာခဲ့တယ်။ သူတို့အကယ်ဒမီကို ကိုယ်စားပြုပြီးတော့ ငါတို့တော်ဝင်ရိုလန်ကျောင်းက ဆေးပညာဌာနနဲ့ ပညာဖလှယ်ချင်ကြတာလေ။ အဲ့ကျောင်းသားတွေထဲက တစ်ယောက်က ရှန်ဂေါင်းရှောင်နဲ့သိကျွမ်းပုံရတယ်။ အဲ့ကျောင်းသားကနေပြီး ယိအကယ်ဒမီကနေ ကျောင်းသားသုံးဦးရွေးချယ်မယ် တော်ဝင်ရိုလန်ကျောင်းကလည်း ကျောင်းသားသုံးဦးရွေးပြီး ပညာဖလှယ်ကြဖို့ အကြံပြုခဲ့တာပဲ။ ရှန်ဂေါင်းရှောင်ဆီကနေ မင်းအကြောင်းကို သိထားပုံရတဲ့ အဲ့ကျောင်းသားက မင်းကိုနာမည်တပ်စိန်ခေါ်ခဲ့သေးတယ် ဒါပေမယ့် မင်းက ကျောင်းမှာမရှိဘူးလေ"

"အဲ့ကောင်ပါးစပ်က သရမ်းတယ်ကွ။ သူက ဆေးပညာကျောင်းသားတွေရှေ့မှောက်မှာ ရိုင်းပျတဲ့စကားတွေ အများကြီးပြောခဲ့ပြီးတော့ သူပြောခဲ့တာက မင်းက သူ့စိန်ခေါ်မှုကို လက်မခံရဲလို့ ပုန်းနေတယ်ပေါ့။ အဲ့ဒီနောက် ချစ်ကြည်ရေးပြိုင်ပွဲစတဲ့အချိန်ရောက်တော့ သဘောထားသေးတဲ့ပူလီစီက မင်းနာမည်ကိုကြေငြာလိုက်သေးတယ်။ အဲ့ဒီနောက် မင်းထွက်မလာဘူးဆိုရင် မင်းကတော်ဝင်ရိုလန်ကျောင်းရဲ့ ဂုဏ်သရေကိုပျက်စီးစေမှုနဲ့ အရေးယူခံရပြီး ကျောင်းကနေထွက်ရမယ်လို့ ပြောခဲ့တယ်။ အဲ့ဘိုးတော်က မင်းကိုမဟုတ်တရုတ်တွေ တစ်ကယ်လုပ်မှာစိုးတာနဲ့ မင်းအစား ငါပြိုင်ခဲ့တယ်"လို့ပြောနေတဲ့ တန်နာဇီအသံဟာ တစ်ဖြည်းဖြည်းတိမ်ဝင်သွားပါတယ်။

သူလိပ်ပတ်လည်အောင် မရှင်းပြရသေးဘူးလို့ တန်နာဇီထင်နေပေမယ့် ရှန်ယန်ရှောင်ကတော့ ဇာတ်စုံနားလည်နေပါပြီ။ အဲ့ဒါကတော့ ယိအကယ်ဒမီကျောင်းသားနဲ့ရှန်ဂေါင်းရှောင်တို့ ပူးပေါင်းပြီး သူမကိုရှင်းချင်တာပါ။ အဲ့ဒါအပြင် သူမတစ်ခါမှ မလေးစားခဲ့တဲ့ သမားတော်ကြီးဖြစ်သောပူလီစီက မီးလောင်ရာလေပင့်ပေးခဲ့ပါတယ်။ လူသုံးယောက်က သူမ မရှိခင်အချိန်အတွင်းမှာ သူမကို ကျောင်းကနေထုတ်ဖို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

သူမ ကျောင်းကနေအထုတ်မခံရဖို့အတွက် တန်နာဇီက သူမအစား ဝင်ပြိုင်ခဲ့ပါတယ်။ တန်နာဇီရဲ့ ဆေးပညာအရည်အချင်းနဲ့ဆိုရင် ရလာဒ်က ဘယ်လောက်သနားစရာကောင်းမလဲဆိုတာကို သူမ မှန်းဆလို့ရပါတယ်။

"မင်းက ငါ့အစားဝင်ပြိုင်တယ်ဆိုရငတောင် ရှုံးတာနဲ့တော့ ကျောင်းကနေထွက်စရာမလိုပါဘူးဟ...ဟင်"လို့ ရှန်ယန်ရှောင်ကမေးလိုက်ပါတယ်။

တန်နာဇီကတော့ သွားကိုတင်းတင်းစေ့ကာ ပါးစပ်ကိုလုံအောင်ပိတ်ပြီး တစ်လုံးမှမဟတော့ပါ။

ကြူရှီယာက တန်နာဇီအား တစ်ချက်ကြည့်ကာ ဝင်ပြောလိုက်ပါတယ်။

"မင်းကတော့ မသိလောက်သေးဘူး ပူလီစီက ဆေးပညာဌာနရဲ့ ဂုဏ်ထူးဆောင်ဌာနမှူးဖြစ်နေပြီလေ"

"ဘာ"လို့ ရှန်ယန်ရှောင်က တောင့်ကနဲဖြစ်ကာပြောလိုက်သည်။

"ပြိုင်ပွဲမှာ နာဇီရှုံးတာက အဲ့လောက်အရေးမကြီးဘူး။ အရေးကြီးတာက နာဇီရဲ့ရလာဒ်ကြောင့် ပူလီစီက နာဇီဟာ သမားတော်တစ်ယောက်ဖြစ်ဖို့ မသင့်လျော်ဘူးလို့ပြောခဲ့တယ်။ ပူလီစီက နာဇီလုပ်ခဲ့ဖူးတဲ့ ဆေးရည်တွေအားလုံးက မင်းလုပ်ထားပေးတာလို့ သံသယဝင်ခဲ့တာကြောင့် အဲ့နေရာမှာတင် ဆေးရည်တစ်ပုလင်းကို ဖော်စပ်ခိုင်းခဲ့တာပဲ"လို့ ပြောလိုက်တဲ့ ကြူရှီယာစကားသံထဲမှာ အေးစက်စက်အငွေ့အသက်တွေ ရောယှက်နေခဲ့ပါတယ်။

All Chapters