← Chapters

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၃)

ဖီးနစ်ပေါက်လေးကို ရုပ်ဆိုးတယ်တဲ့လေ တစ်ခြားဆင်ခြေ မစဉ်းစားတတ်တော့ဘူးလားမသိ။

ဖီးနစ်ပေါက်လေးက ကောင်းကောင်းအရွယ်မရောက်သေးပေမယ့် သူ့အသွင်အပြင်က တော်တော့်ကို ချစ်ဖို့ကောင်းပါတယ်။ သူ့အမွှေးအတောင်နုနုလေးတွေနဲ့ လုံးလုံးသေးသေးလေးဖြစ်နေတဲ့ ကိုယ်လုံးရယ် အပြစ်ကင်းတဲ့မျက်လုံးဝိုင်းလေးတွေရယ်ပေါင်းလိုက်ရင် ရုပ်ဆိုးတယ်ဆိုသော စကားလုံးနဲ့ဆပ်စပ်မှုတောင်မရှိပါဘူး။

"မင်းမှာ တစ်ခြားပေးစရာ ဆင်ခြေကောင်းကောင်းတောင် မရှိတော့ဘူးလား"လို့ ရှန်ယန်ရှောင်က အော်ပြောလိုက်ပါတယ်။

ဒေါကန်နေသော သခင်အားကြည့်လိုက်ပြီး ဇာမဏီငှက် ငိုချင်သွားပါတယ်။ ဒီကိစ္စက တစ်ကယ်သူ့ကို အပြစ်တင်လို့မရပါဘူး။ သူထမင်းစားဖို့ဆိုပြီး အောက်ထပ်ကို ဖီးနစ်ငှက်ပေါက်နဲ့အတူဆင်းသွားတိုင်း သူတို့နားကို လူတွေအုံလာကြာပြီး ဖီးနစ်လေးကိုတို့ဆိတ်ပြောဆိုနေကြပါတယ်။ တစ်ချို့အချိန်တွေမှာဆိုရင် အမျိုးသမီးငယ်လေးတွေက ဖီးနစ်ပေါက်လေးကို ကျီစယ်နေကြပါသေးတယ်။ ရတယ်ဒီအထိ ကိစ္စမရှိသေးဘူး ကိစ္စရှိတာက သူ့မျက်နှာကိုလာပြီး တို့လိုက်ထိလိုက်လုပ်နေခြင်းပါ။ မိန်းမတွေကို သူကြည့်မရဆုံးဆိုတာ လူသိ နတ်သိ ဘုရားသိပါ။ ဒါကြောင့် ဒေါကန်ပြီးမီးလုံးနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့ဆို အရိပ်အခြေမသိတဲ့လူတစ်ယောက်က သူ့ကိုလာထိဖို့ လုပ်ခဲ့တဲ့အတွက် ဇာမဏီငှက် အေးဆေးမနေနိုင်တော့ပါဘူး သူအေးဆေးနေလိုက်ပြီဆိုရင် သူ ဇာမဏီငှက်မဟုတ်တော့ဘူးလေ။

ဇာမဏီငှက်ရဲ့ သနားဖွယ်အမူအယာကိုကြည့်ပြီး ရှန်ယန်ရှောင် သက်ပြင်းပဲချလိုက်ရပါတယ်။

"ထားလိုက်ပါတော့။ လောလောဆယ် ဒီကိစ္စကို မသိယောင်ဆောင်ပေးလိုက်မယ်။ ဒီရက်ပိုင်းအတွင်း ခရီးတစ်ခုထွက်စရာရှိနိုင်ပြီး မင်းလည်းငါနဲ့လိုက်ခဲ့ရမယ်"

ဇာမဏီငှက် စိတ်သက်သာရသွားခဲ့ပါတယ်။

ညအချိန်ရောက်တဲ့အခါမှာတော့ အခန်းထဲမှာရှိတဲ့ တစ်လုံးတည်းသောကုတင်ကို ရှန်ယန်ရှောင်သိမ်းပိုက်လိုက်ပါတယ်။

ဇာမဏီငှက်ကတော့ တရားမမျှတမှုကို အံကြိတ်ခံလိုက်ရပြီး ကြမ်းပြင်ပေါ်မှာပဲအိပ်ခဲ့ရပါတယ်။

နောက်ရက်မနက်စောစောမှာတော့ တူလန်းသတိရပြီဆိုတာကို ကြမ်းကြုတ်ဝံပုလွေက လာပြောခဲ့ပါတယ်။

ဇာမဏီငှက်ကိုခေါ်ပြီး ဂူဝံပုလွေအဖွဲ့ရုံးကို သူမသွားလိုက်ပါတယ်။

"ဟောင်ရှောင် မင်းရဲ့ဆေးရည်တွေအတွက်ကျေးဇူးတင်ပါတယ် နောက်ပြီးတော့ မင်းရဲ့ကြင်နာမှုအတွက်လည်း ကျေးဇူးပါ။ နောင်မှာ မင်းဘာပဲလိုအပ်တာရှိခဲ့ပါစေ ငါ့ကိုသာပြော"လို့ တူလန်းကတွေ့တွေ့ချင်းမှာပြောလိုက်သည်။

ရှန်ယန်ရှောင်က ပြုံးရင်းပြောလိုက်သည်။

"ကျနော်လိုတဲ့ပစ္စည်းကြောင့်သာ မဟုတ်ရင် အစ်ကိုကြီးတူ ဒီလိုဖြစ်မှာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ကျနော်လည်း ဒီအတိုင်းကြည့်နေလိုမရတော့ဘူးကိုး။ ဒီအတွက်နဲ့ ခံစားခဲ့ရတာတွေကြောင့် ကျနော်တောင်းပန်ပါတယ်"

"အစ်ကိုကြီးတူ နေမင်းသင်္ချိုင်းအကြောင်း ကျနော်မေးချင်တယ်။ ကျနော့်ကို သတင်းအချက်အလက်တစ်ချို့ ပြောနိုင်မလား"လို့ ရှန်ယန်ရှောင်မေးလိုက်သည်။

"အရိုးပန်းတွေ နေမင်းသင်္ချိုင်းမှာရှိတယ်ဆိုပြီး ငါ့မိတ်ဆွေတစ်ယောက်ဆီကနေ မမျှော်လင့်ဘဲသိခဲ့ရတာ။ ဒါပေမယ့် အဲ့တုန်းက သူတို့ကလည်း ဖြတ်သွားရုံပဲဆိုတော့ အဲ့ကအခြေအနေကိုတော့ တိတိကျကျမသိခဲ့ဘူး အရိုးပန်းတွေရှိတယ်ဆိုတာကိုပဲ သိတာ။ အဲ့ဒါနဲ့ နေမင်းသင်္ချိုင်းကိုမသွားခင်မှာ အဲ့နေရာနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တစ်ချို့ကို ငါရှာဖွေခဲ့သေးတယ်..."

နေမင်းသင်္ချိုင်းဟာ နေနတ်မင်းကို နတ်ဆိုးမျိုးနွယ်ခေါင်းဆောင်က သတ်ဖြတ်ခဲ့သောနေရာဖြစ်ပြီး ရှေးဟောင်းစစ်မြေပြင်တစ်ခုပါ။ အဲ့ဒါကြောင့်လည်း နေမင်းသင်္ချိုင်းလို့ခေါ်ကြတာဖြစ်ပါတယ်။ အချိန်ကြာမြင့်လာတော့ နေရာတစ်ခုလုံး ပျက်စီးယိုယွင်းသွားပြီး တောင်လိုပုံနေတဲ့ အရိုးတွေက အချိန်ရဲ့တိုက်စားမှုအောက်မှာ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

ကူလောင်တောင်ကဲ့သို့ပင် နေမင်းသင်္ချိုင်းဟာလည်း မသွားရနယ်မြေတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနေရာကို ခြေချဖူးသူက နည်းနည်းသာရှိတာကြောင့် တူလန်းစုံစမ်းမှုက သိပ်အရာမထင်ခဲ့ပါဘူး။

"တိုက်ခိုက်ခံခဲ့ရတဲ့ ရွာအကြောင်းပြောပေးပါဦး"လို့ ရှန်ယန်ရှောင်ကမေးလိုက်သည်။

"အဲ့ရွာက သင်္ချိုင်းနဲ့ သိပ်မဝေးဘူးကွ။ အစကတော့ ဒီလိုရှေးဟောင်းစစ်မြေပြင်နားမှာ ရွာတစ်ရွာရှိနေလို့ အံ့သြခဲ့ကြသေးတယ်။ ရွာထဲကိုငါတို့ဝင်တော့ ရွာသားတွေကို ငါသေချာအကဲခတ်ပေမယ့် သူတို့တွေက အလွန်ရိုးသားဖြူစင်ပြီး ဖော်ဖော်ရွေရွေရှိတာကိုပဲ တွေ့ရတယ်။ ညမရောက်ခင်အထိ အကဲခတ်ခဲ့ပေမယ့် ဘာထူးခြားတာမှ မတွေ့ခဲ့ဘူးလေ။ ငါတို့နေဖို့အတွက်ဆိုပြီး နေရာတစ်ခုတောင်ပေးခဲ့သေးတယ် အဲ့ဒါနဲ့ ငါတို့တစ်ဖွဲ့လုံး အဲ့ညကိုနားလိုက်ကြတာပေါ့ကွာ"

ထို့နောက် ညရောက်တဲ့အခါမှာတော့ ရိုးသားဖော်ရွေလှတဲ့ ရွာသားတွေက သူတို့အဖွဲ့ကို သရဲစီးသလို ဝင်တိုက်ခိုက်ပါတော့တယ်။ ဂူဝံပုလွေအဖွဲ့သားတွေက တဲတစ်တဲမှာ လူလေးယောက်သာနေကြတာဖြစ်ပြီး တဲတစ်တဲလျှင် ရွာသားနှစ်ဆယ်သုံးဆယ်လောက်က ဝိုင်းတိုက်ခိုက်တာဖြစ်လို့ အခြေအနေဆိုးခဲ့ပါတယ်။ နောက်ပြီးရွာသားတွေက သူတို့ကိုထိခိုက်မှာကို အရေးမထားဘဲ တိုက်ခိုက်ကြတာဖြစ်တော့ ပိုဆိုးခဲ့ရပြီး ဝံပုလွေခုနှစ်ကောင်လွတ်မြောက်တော့မှသာလျှင် သူတို့တစ်ဖွဲ့လုံး အခြေအနေကောင်းသွားခဲ့တာဖြစ်ပေမယ့် လေးယောက်ကတော့ပါမလာခဲ့တော့ပါဘူး။

"အစ်ကိုကြီးတူ နေမင်းသင်္ချိုင်းမြေပုံကို ကျနော့်ကိုပေးနိုင်မလားဟင်..ကျနော် မနက်ဖြန် အဲ့ဒီကိုသွားမလို့ပါ"

"မင်းက နေမင်းသင်္ချိုင်းဆီ သွားချင်တယ်"လို့ တူလန်းက မယုံနိုင်ဟန်ဖြင့် ပြောလိုက်ပါတယ်။

"ဟောင်ရှောင် မင်းသဘောမပေါက်ဘူးလား။ နေမင်းသင်္ချိုင်းက အန္တရာယ်များလွန်းတယ်ကွ။ ငါတို့အခုလိုဖြစ်ခဲ့တုန်းက သင်္ချိုင်းနဲ့တောင် သိပ်မနီးသေးဘူးနော် နေမင်းသင်္ချိုင်းထဲမှာဆို ဘယ်လိုတွေကြုံမလဲဆိုတာ ပြောမရဘူး"လို့ သူမကို ဖျောင်းဖျပြောဆိုလိုက်ပါတယ်။

ရှန်ယန်ရှောင်သာ နေမင်းသင်္ချိုင်းကိုသွားချင်ရင် အဲ့ဒီရွာကိုအရင်ဖြတ်သွားရမှာဖြစ်ပါတယ်။ အဲ့နေရာဟာ ဂူဝံပုလွေတစ်ဖွဲ့လုံးအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ကာ တူလန်းအနေနဲ့ ရှန်ယန်ရှောင် တစ်ခုခုကြုံရမှာကို မလိုလားပါဘူး။

"အရိုးပန်းကို ဘာအတွက်လိုချင်တာလဲဆိုတာ ငါမသိပေမယ့် တစ်ခြားနည်းတွေရှိပါသေးတယ်။ လင်းလက်တိုက်တစ်တိုက်လုံးမှာ ဒီတစ်နေရာမှာပဲ ရှိတာတော့မဖြစ်နိုင်ဘူး။ ခဏစောင့်ပေးလိုက်ကွာ ငါယုံကြည်ရတဲ့လူတစ်ချို့ကို လိုက်စုံစမ်းခိုင်းလိုက်မယ်လေ မင်းအသက်ကိုကစားစရာလိုထင်မနေနဲ့"

သူတို့တစ်ဖွဲ့လုံးမှာ လူတစ်ရာနီးနီးရှိတာဖြစ်ကာ မထိမခိုက်သူတစ်ယောက်မှ မရှိပါဘူး အခု ရှန်ယန်ရှောင်က တစ်ယောက်ထဲသွားမယ်ဆိုတော့ တော်တော်မိုက်မဲရာရောက်ပါတယ်။

"အစ်ကိုကြီးတူ စိတ်မပူပါနဲ့ ကျနော့်နည်းကျနော့်ဟန်ရှိပါတယ် နောက်ပြီး ကျနော့်သူငယ်ချင်းကလည်း ကျနော်နဲ့လိုက်မှာလေ"

သူမဘေးက ဇာမဏီငှက်ကိုကြည့်ပြီး တူလန်းဘာပြောရမှန်းမသိဖြစ်သွားပါတယ်။ ရှန်ယန်ရှောင်ကိုယ်တိုင်က ကလေးတစ်ယောက်ဖြစ်ကာ သူမဘေးကကောင်လေးက ပိုတောင်ငယ်နေပါတယ် သူက ဘာအကူအညီပေးနိုင်မှာမို့လဲကွာ အား...

တူလန်းက ဖျောင်းဖျချင်သေးပေမယ့် ရှန်ယန်ရှောင်ပုံစံက ဆုံးဖြတ်ပြီးပြီ တားနေလည်းအပိုပဲဆိုသော အမူအယာဖြစ်နေပါတယ်။

တူလန်းက ဂူဝံပုလွေအဖွဲ့သားတွေထဲက ဒဏ်ရာနည်းတဲ့လူတစ်ချို့အား သူမနဲ့အတူ ထည့်ပေးလိုက်ချင်ပေမယ့် သာမန်ကြေးစားတွေက အသုံးမဝင်နိုင်တာကြောင့် ရှန်ယန်ရှောင် ငြင်းပယ်ခဲ့ပါတယ်။ သူမဆီမှာ ဇာမဏီငှက်နဲ့ ရှူတို့ရှိတာကြောင့် အပြင်လူတွေမပါရင် ပိုတောင်အဆင်ပြေပါသေးတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၄)

မသွားခင်မှာတော့ ထုံးစံအတိုင်းပဲ ရဲချင်၊ ယန်းချီနဲ့ ရှီးယွန်တို့ထံ ခွင့်သွားတိုင်ခဲ့ပါတယ်။ ရဲချင်နဲ့ ယန်းချီတို့ကတော့ အေးအေးလူလူခွင့်ပြုခဲ့ပေမယ့် ရှီးယွန်ကတော့ ပြန်ရောက်တာမကြာသေးဘဲ နောက်တစ်ခေါက်ထပ်ထွက်ဦးမယ်ဆိုလို့ ပေါက်ကွဲပါတော့တယ်။ ရှီးယွန်ပေါက်ကွဲနေတာကို အခွင့်ကောင်းယူပြီးတော့ သူမလည်း လစ်ထွက်လာခဲ့ပါတယ်။

နေမင်းသင်္ချိုင်းကိုသွားဖို့အတွက် သူမက မြင်းလှည်းတစ်စီး ငှားရမ်းခဲ့ပြီး မြင်းလှည်းဂိတ်မှာ နေမင်းသင်္ချိုင်းလို့ပြောလိုက်တဲ့အခါ အသက်ငါးဆယ်ခန့်ရှိတဲ့အဖိုးကြီးကလွဲရင် ကျန်မြင်းလှည်းသမားတွေက နောက်ဆုတ်သွားခဲ့ကြလို့ အဖိုးကြီးနဲ့ပဲသွားလိုက်ရပါတယ်။

ခရီးစဉ်က ဆယ်ရက်ကျော်ကြာမြင့်ခဲ့ပြီး လမ်းတစ်လျှောက်မှာ အဖိုးကြီးနဲ့သူမနဲ့ စကားလက်ဆုံကျခဲ့ကြပါသေးတယ်။

အဖိုးကြီးက ကြေးစားဟောင်းတစ်ဦးဖြစ်ကာ ခြေထောက်မှာ ဒဏ်ရာရသွားခဲ့လို့ ကြေးစားအလုပ်ကနေ အနားယူပြီး မြင်းလှည်းမောင်းနေတာဖြစ်ပါတယ်။

အဖိုးကြီးက နေမင်းသင်္ချိုင်းကို ရောက်ဖူးသူဖြစ်ကြောင်း သိခဲ့ရသလို ရွာအကြောင်းကိုလည်း သိနေပါတယ်။ သူရောက်ဖူးတာက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကဖြစ်ပြီး ရွာသားရာဂဏန်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂူဝံပုလွေအဖွဲ့တွေနဲ့ တွေ့ကြုံခဲ့ရတာကတော့ ထောင်ဂဏန်းဖြစ်ပါတယ်။

ဆယ်နှစ်အတွင်းမှာ လူဦးရေတိုးပွားခြင်းကြောင့် ထောင်ဂဏန်းဖြစ်တာ မဆန်းဘူးလို့ အဖိုးကြူကပြောပေမယ့် တူလန်းပြောပုံအရ ကလေးသူငယ်တစ်ယောက်မှ မတွေ့ခဲ့ရဘူးဆိုတော့ ကလေးမရှိတဲ့ရွာက လူရာဂဏန်းကနေ ထောင်ဂဏန်းကိုရောက်လာတာက သာမန်ဖြစ်ရပ်တော့မဟုတ်ပါဘူး။

ရွာလေးကို မြင်ရတဲ့နေရာရောက်တော့ မြင်းလှည်းကို အဖိုးကြူက ရပ်လိုက်ပါတယ်။

"ဧည့်သည်လေး ကျနော်တော့ ဆက်မသွားတော့ဘူးနော်။ ဒီနေရာကနေပဲ မင်းပြန်အလာကို ဆယ်ရက်အထိစောင့်ပေးပါ့မယ် ဆယ်ရက်ကျော်ရင်တော့ ကိုယ့်ဖာသာပဲပြန်သွားလိုက်တော့မယ်"လု့ိ အဖိုးကြူကပြောလိုက်သည်။

ရှန်ယန်ရှောင်လည်း ခေါင်းညိတ်ကာ ရွာဆီကိုသွားလိုက်ပါတော့တယ်။

"လူတွေက သူတို့ဖာသာသူတို့ လန့်နေကြတာပါကွာ။ ဒီလိုရွာလေးမှာ တစ်ခုခုမကောင်းတာရှိတယ်ဆိုရင်တောင် အဲ့လောက်ကြောက်ဖို့ မကောင်းလောက်ပါဘူး"လို့ ဇာမဏီငှက်ကပြောလိုက်သည်။

"မင်းက ဒဏ္ဍာရီသတ္တဝါလေကွာ သူကတော့ သာမန်အဖိုးအိုတစ်ယောက်လေ မင်းအနေအထားနဲ့ သူ့အနေအထားက တူမလားဟ"လို့ ရှန်ယန်ရှောင်က ပြန်ပြောလိုက်ပါတယ်။

တစ်နာရီကျော်လမ်းလျှောက်ပြီးတဲ့အခါ ရွာဝင်ပေါက်ကို သူမတို့ရောက်သွားခဲ့ပါတယ်။

ရွာသားတွေက ပေါက်တူးပေါက်ပြားတွေကိုင်ကာ သွားလာနေတာကို သူမ တွေ့မြင်နေရပါတယ်။ တူလန်းတစ်ယောက် ဘာထူးခြားတာမှ မတွေ့ခဲ့ဘူးဆိုတဲ့အပေါ် သူမ နားလည်သွားပါတယ် ရွာက ဘာထူးခြားမှုမှမရှိဘဲ ခေါင်ဝေးတဲ့ရွာလေးတစ်ရွာနဲ့ ဘာမှခြားနားမှုမရှိပါဘူး။

သူမနဲ့ဇာမဏီငှက်တို့ ရပ်နေတာကို တွေ့သွားကြတဲ့ ရွာသားတွေက စေတနာနဲ့လာမေးကြပါတယ်။

"ကလေးနှစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာကြတာလဲ။ မျက်စိလည်လမ်းပျောက်နေကြတာလား။ ဒီနားတစ်ဝိုက်မှာ ဘာရွာမှမရှိတော့ မင်းတို့ မောပန်းနေရောပေါ့"

ရှန်ယန်ရှောင်က ဘာမှပြန်မပြောဘဲ စကားစပြောခဲ့တဲ့ ရွာသားကြီးကို သေချာအကဲခတ်နေလိုက်တော့ ရွာသားရဲ့ ပြောဆိုမှုနဲ့မျက်လုံးတွေမှာ ရိုးသားမှုတွေအပြည့်ရှိကာ ဘာဟန်ဆောင်မှုမှ မတွေ့ရပါဘူး။

ဒါက သရုပ်ဆောင်ကောင်းလွန်းတာမဟုတ်ရင်တော့ လုံးဝရိုးသားမှုပဲဖြစ်ပါတယ်။

"ဘိုးတော်ပါ ခင်ဗျားဆီမှာ မုန်လာဥတွေရှိတယ်မလား။ ကလေးနှစ်ယောက်စားရအောင် သွားယူပါလား"

"အေး ငါသွားလိုက်မယ် ဂီလေး မင်းက ကလေးနှစ်ယောက်ကို ဦးလေးကျူဆီ နားရအောင် ခေါ်သွားနှင့်လိုက်ကွာ ရေလေးဘာလေးသောက်ရတာပေါ့"ဟု ဘိုးတော်ပါဟု အခေါ်ခံရသော ရိုးရှင်းသောမျက်နှာပိုင်ရှင် သက်လတ်ပိုင်းလူကပြောရင်းဆိုရင်း ပေါက်ပြားကောက်ယူကာ ထွက်သွားပါတယ်။

"မင်းတို့နှစ်ယောက်က ငယ်ငယ်လေးရှိကြသေးတာပဲ တော်တော်သနားဖို့ကောင်းတယ်။ မင်းတို့မိသားစုနဲ့လမ်းကွဲသွားလို့လား။ ငါတို့ရွာသူကြီး ဦးလေးကျူဆီကို မင်းတို့ကိုခေါ်သွားပေးမယ် မင်းတို့ကိုအိမ်ပြန်ပို့ဖို့ သူစီစဉ်လို့ရတာပေါ့ကွာ"

ဂီလေးဟာ အသက်နှစ်ဆယ်သာသာပဲ ရှိပုံရပြီး သူ့ကိုယ်လုံးကိုယ်ထည်ကတော့ သန်မာလှပါတယ်။

ရှန်ယန်ရှောင်လည်း ခေါင်းသာညိတ်လိုက်ပါတယ်။

ဂီလေးနဲ့ရွာသားနှစ်ယောက်တို့က သူမတို့ကို ခေါ်သွားလိုက်ပါတယ်။ သူမရှေ့က ရွာသားနှစ်ယောက်တို့ဟာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ဖြစ်ကာ ဂီလေးရဲ့ဖိနပ်မှာဆို အပေါက်ဖြစ်နေပြီး ခြေမနှစ်ချောင်းလုံး အပြင်ထွက်နေတာကို တွေ့မြင်ရပါတယ်။

လမ်းမှာတွေ့ရတဲ့ ရွာသားတိုင်းက ဒီပုံစံအတိုင်းဖြစ်ကြပါတယ်။ အိမ်တွေဟာလည်း နှစ်ချီကြာမြင့်နေပုံရပြီး တစ်ချို့အိမ်တွေမှာဆို ခေါင်မိုးတွေ မရှိတော့ပေမယ့် နေနေသူတွေတော့ ရှိကြပါသေးတယ်။

အိမ်အများစုရဲ့ ပြူတင်းပေါက်တွေ တံခါးပေါက်တွေက ယိုယွင်းယိုင်နဲ့နေပြီဖြစ်ကာ အားလုံးကိုခြုံငုံလိုက်ရင် ဒီရွာက တော်တော်ဆင်းရဲခေါင်ဖျားတဲ့ ရွာမှန်းသိနိုင်ပါတယ်။ သို့ပေမယ့် ဒီမှာရှိတဲ့ ရွာသားတွေက အလွန်ကြင်နာကြပြီး ကူညီရိုင်းပင်းစိတ်ရှိကြပါတယ်။

ရှန်ယန်ရှောင်နဲ့ဇာမဏီငှက်တို့လို လူစိမ်းသူစိမ်းတွေကို ဘာမှမေးမြန်းမနေကြဘဲ စားစရာတစ်ချို့ကိုတောင် ကျွေးလိုက်ကြပြီး ဦးလေးကျူဆီ ကောင်းကောင်းခေါ်သွားဖို့ကိုတောင် ဂီလေးအားမှာနေကြပါတယ်။

"ဦးလေးကျူ ဦးလေးကျူ"လို့ ဂီလေးက အိမ်တစ်အိမ်ရှေ့မှာ ရပ်ပြီးအော်လိုက်ပါတယ်။

"ကောင်လေး ဘာလို့ အကျယ်ကြီးအော်နေတာတုန်း ငါနားမလေးသေးပါဘူးဟ"ဆိုပြီး တောင်ဝှေးတစ်ချောင်းနဲ့ ထွက်လာသော ပါးရေနားရေတွန့်နေတဲ့ အဖိုးကြီးတစ်ဦးကို တွေ့လိုက်ရပါတယ်။

"ဦးလေးကျူကလည်း ကျနော်က အရေးတကြီးပြောစရာရှိလို့ပါဗျ"ဟု ဂီလေးက ခေါင်းကုတ်ပြီးပြောလိုက်ပါတယ်။

"ဒီကလေးနှစ်ယောက်က"

"ဦးလေးကျူ သူတို့နှစ်ယောက်က တော်တော်သနားဖို့ကောင်းပါတယ်ဗျာ။ သူတို့က စီးပွားရေးလုပ်နေတဲ့ သူတို့မိသားစုနဲ့အတူ လိုက်လာကြတုန်းမှာ လမ်းမှာ ဓားပြတွေနဲ့တွေ့ပြီး လူတွေအကွဲကွဲဖြစ်သွားပြီးတော့ သူတို့နှစ်ယောက်လည်း မျက်စိလည်ပြီး ကျနော်တို့ရွာကို ရောက်လာကြတာလေ။ ဒီကလေးနှစ်ယောက်ကို ဦးလေးကျူ ကူညီပေးမှဖြစ်မယ်နော်"ဟု လမ်းမှာ ရှန်ယန်ရှောင် လုပ်ကြံပြောဆိုထားတဲ့ စကားကို ယုံကြည်စွာနဲ့ ဂီလေးကပြန်ရှင်းပြလိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၅)

ဦးလေးကျူဟာ သူ့ရှေ့က ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ ခဏတာတိတ်နေလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပါတယ်။

"တစ်ကယ် သနားဖို့ကောင်းတဲ့ ကလေးတွေပဲ။ မင်းတို့နှစ်ယောက်လုံး ခဏထိုင်နေကြဦးကွာ မင်းတို့စားဖို့ ငါစားစရာတစ်ခုခုလုပ်လိုက်ဦးမယ်။ နောက်လည်းနောက်ကျနေပြီဖြစ်သလို အနီးအနားမှာ တစ်ခြားရွာလည်းမရှိတော့ မင်းတို့မိသားစုထဲက လာရှာတာကို စောင့်ကြတာပေါ့ မလာခဲ့ရင်လည်း မနက်ဖြန်ပြန်ပို့ဖို့ကို ငါကြိုးစားကြည့်မယ်"လို့ ဦးလေးကျူကပြောလိုက်သည်။

ဦးလေးကျူပြောလိုက်တဲ့ စကားတွေကြောင့် ရှန်ယန်ရှောင် အံ့အားသင့်သွားရပါတယ်။ ဂီလေးက ဦးလေးကျူအကြောင်းတွေကို တော်တော်များများပြောပြခဲ့လို့ ဦးလေးကျူဟာ ရွာသူကြီးဖြစ်ရုံမကဘဲ ဆေးဆရာတစ်ဦးလည်း ဖြစ်တယ်လို့ သူမ သိခဲ့ရတော့ လူလည်လူနပ်လို့ သူမ ထင်ထားခဲ့တာဖြစ်ပြီး အခုပုံအရတော့ တစ်ခြားရွာသားတွေလိုပဲ ရိုးသားပုံပေါ်ပါတယ်။

ဘာမေးခွန်းမှ ထပ်မမေးခဲ့ပါဘူး။ ဂီလေးပြောလိုက်တဲ့စကားနဲ့တင် သူမတို့ရဲ့ဇစ်မြစ်ကို လက်ခံသွားပြီး ထပ်မေးမယ့်ဟန်လည်းမရှိပါဘူး။

ဂူဝံပုလွေအဖွဲ့သာ ဒီရွာထဲမှာ အသက်အန္တရာယ်နဲ့ ရင်မဆိုင်ခဲ့ရဘူးဆိုရင် အန္တရာယ်ဆိုသောစကားလုံးကို ဒီရွာသားတွေနဲ့ ဆက်စပ်စဉ်းစားဖို့ကို တော်တော်ခက်လှမှာဖြစ်ပါတယ်။

"ဘိုးတော်ပါကို ဒီကလေးနှစ်ယောက်စားဖို့အတွက် သွားယူခိုင်းထားပြီးပြီ။ ဦးလေးကျူမြင်တဲ့အတိုင်းပဲ သူတို့နှစ်ယောက်က လမ်းတစ်လျှောက်မှာ ဒုက္ခရောက်ခဲ့ကြလို့ အခုလိုပိန်လှီနေတာဖြစ်မယ်..."လို့ ဂီလေးက စိုးရိမ်သောကအပြည့်နဲ့ ပြောလိုက်ပါတယ်။

"ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဒါမျိုးဒုက္ခကို တွေ့ကြုံရတာ ဘယ်လွယ်ပါ့မလဲ"ဟု ဦးလေးကျူက ပြန်ပြောလိုက်ပါတယ်။

"ဦးလေးကျူလည်း ဒီမှာရှိနေမှတော့ ကျနော့ကျောက အနာကိုကြည့်ပေးပါလား။ ဒီရက်တွေထဲ တော်တော်ယားကျိကျိဖြစ်နေပြီ"လို့ ဂီလေးက ပြောလိုက်သည်။

ဦးလေးကျူ ခေါင်းညိတ်လိုက်သည်။

ဂီလေးက အင်္ကျီကိုချွတ်လိုက်ပါတယ်။ ဂီလေးကျောပြင်တစ်ပြင်လုံးကို ပြည့်လုမတတ်ဖြစ်နေသော ဒဏ်ရာကြီးကို ရှန်ယန်ရှောင်တွေ့မြင်လိုက်ရပါတယ်။

"ကလေးတို့ ကြောက်သွားပြီလား။ ဂီလေးက ချော်လဲခဲ့လို့ သူ့ကျောမှာ အရေပြားပွန်းသွားခဲ့တာလေ။ မင်းတို့နှစ်ယောက် ကြောက်တယ်ဆိုရင် ဒီနေရာမှာ ခဏစောင့်နေကြဦး။ ဂီလေး ငါနဲ့လိုက်ခဲ့ မင်းကို ဆေးထည့်ပေးဦးမယ်"လို့ ဦးလေးကျူကပြောလိုက်သည်။

ပြောပြီးတာနဲ့ ဦးလေးကျူက ဂီလေးကို တစ်ခြားအခန်းထဲကို ခေါ်သွားလိုက်ပါတယ်။

ချော်လဲပြီးတော့ ပွန်းထားတာတဲ့လား။ တစ်ခြားကလေးတစ်ယောက်ယောက်ဆိုရင်တော့ ယုံနိုင်လောက်ပေမယ့် ရှန်ယန်ရှောင်ကတော့ ဒီဒဏ်ရာဟာ မီးမှော်အတတ်ကြောင့် ဖြစ်ထားတယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။

ဒီဒဏ်ရာဟာ ဂူဝံပုလွေအဖွဲ့ကြောင့် ရထားတယ်ဆိုတာလည်း သေချာပါတယ်။

ဒါပေမယ့် ဂီလေးရဲ့ ဒဏ်ရာက ချော်လဲလို့ဖြစ်တာလို့ ဦးလေးကျူကပြောခဲ့တုန်းက ဂီလေးကို သူမ သေချာအကဲခတ်နေခဲ့ပါတယ်။ ဦးလေးကျူက ချော်လဲရင်းဖြစ်တာလို့ပြောလိုက်တော့ ဂီလေးက နည်းနည်းရှက်သွားပုံကလွဲရင် ဘာအမူအယာမှမရှိဘဲ ဦးလေးကျူပြောတဲ့အတိုင်း ချော်လဲထားတယ်ဆိုတာ မှန်နေသလိုပါပဲ။

ဂီလေးရဲ့ စိတ်ထားက ရိုးစင်းတာကြောင့် ဟန်ဆောင်ချင်ရင်တောင် ဟန်ဆောင်တတ်မှာမဟုတ်သူပါ။ ဒီတော့ သူ့ကျောကဒဏ်ရာဟာ ချော်လဲလို့ဖြစ်တယ်ဆိုတာကို ဂီလေးလည်း ယုံကြည်တဲ့သဘောပေါ့။

ဘယ်လိုတောင် မသင်္ကာစရာကောင်းလိုက်သလဲလို့ ရှန်ယန်ရှောင် မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။

ဂီလေးကြည့်ရတာ လိမ်နေပုံမရသလို သူမရဲ့ ခန့်မှန်းချက်ကလည်း လွဲမှားစရာမရှိပါဘူး။ ဒီအခြေအနေမှာ သူမ တွေးတောမရတဲ့တစ်ခုခု ရှိနေရမယ်။

ရှန်ယန်ရှောင်က အနေအထားကို တွေးတောဆင်ခြင်နေချိန်မှာပဲ ဦးလေးပါက မုန်လာဥကြီးငါးဥခြောက်ဥလောက်ကို ကိုင်ပြီးတော့ရောက်လာပါတယ်။

"ဟား..ဟား..ဟား မင်းတို့ကလေးနှစ်ကောင်ကတော့ ဆာနေရော့မယ်။ မင်းတို့နှစ်ယောက်က ဒီမုန်လာဥတွေစားပြီး ဗိုက်အရင်ဖြည့်ထားနှင့်ကွာ ငါက မုန့်ရေပါးနည်းနည်းသွားယူလိုက်ဦးမယ် ငါသွားနေတုန်း စားထားနှင့်ကြနော်"လို့ ဦးလေးပါက ရယ်မောကာ စားပွဲပေါ်တင်လိုက်ပါတယ်။

"ဦးလေးပါကို ကျေးဇူးတင်ပါတယ်"လို့ ရှန်ယန်ရှောင်က ပြုံးရွှင်စွာပြောလိုက်ပါတယ်။

သူတို့ရွာထဲမှာ ကလေးတစ်ယောက်မှ မရှိတာကြောင့် ဒီကလေးနှစ်ယောက်အား သူတို့တွေ အရမ်းဂရုစိုက်စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်။

"ဘာကျေးဇူးတင်တာလဲ အဲ့လိုပြောဖို့ မလိုပါဘူး ဒါနဲ့ ဂီလေးနဲ့ဦးလေးကျူတို့ ဘယ်သွားတာလဲ"လို့ ဂီလေးကိုမတွေ့တာနဲ့ မေးလိုက်ပါတယ်။

ရှန်ယန်ရှောင်က ပါးစပ်ထဲရောက်နေတဲ့ မုန်လာဥကို ဖြည်းဖြည်းချင်းဝါးကာ ပြောလိုက်ပါတယ်။

"ဦးလေးပေါက်စဂီကို ဆေးထည့်ပေးဖို့ဆိုပြီးတော့ ဦးလေးကျူခေါ်သွားတာ။ ဦးလေးပါ ဦးလေးပေါက်စဂီရဲ့ ကျောကအနာက ကြောက်စရာကြီးနော် တော်တော်နာမယ်ထင်တယ်"

ဦးလေးပါက ရယ်ရင်းပြောလိုက်ပါတယ်။

"အို အဲ့အနာကလေ ဂီလေးနမော်နမဲ့နေလို့ ဖြစ်တာပဲ။ ညကြီးသန်းခေါင်လျှောက်ထွက်ပြီး ချော်လဲတော့ ဒီလိုဖြစ်သွားတာပဲ။ အရေပြားပဲဖြစ်တာပါ သိပ်အရေးမကြီးပါဘူး။ ကြည့်ရင်သာကြောက်စရာကြီးလိုလို ဖြစ်နေတာ မကြောက်ကြပါနဲ့"

"တစ်ကယ် ဘာမှမဖြစ်ဘူးပေါ့နော်"လို့ ရှန်ယန်ရှောင်က စိတ်ပူဟန်နဲ့မေးလိုက်ပေမယ့် စိတ်ထဲမှာတော့ ဦးလေးပါကိုယ်တိုင်လည်း ဂီလေးအနာက ချော်လဲလို့ဖြစ်တယ်ဆိုတာကို ယုံကြည်နေပုံရတာကို တွေးမိလိုက်ပါတယ်။

"ဘာမှမဖြစ်ပါဘူးကွာ မင်းတို့ကလေးတွေကတော့လေ ဘာမှမဟုတ်တာကို ရေးကြီးခွင်ကျယ်လုပ်နေကြတာပဲ။ ဒီမှာကြည့် ငါ့လက်မောင်းမှာ ဒီလိုအကြီးကြီးရှထားတာတောင် ဘာမှမှမဖြစ်တာကို"

ဂီလေးရဲ့အနာက ဘာမှအရေးမကြီးကြောင်း ကလေးတွေယုံဖို့အတွက် ဦးလေးပါက အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး ဘယ်ဖက်လက်မောင်းက ဒဏ်ရာကို ရှန်ယန်ရှောင်ကို ပြလိုက်ပါတယ်။

ထိုးသွင်းဒဏ်ရာတစ်ခုက ဦးလေးပါရဲ့ လက်မောင်းတစ်ဝက်လောက်အထိ ရှိနေပါတယ်။

"ဦးလေးပါ ဘာဖြစ်ထားတာလဲဟင်"လို့ ရှန်ယန်ရှောင်မေးလိုက်သည်။

"ငါက ညမှာကောင်းကောင်း အိပ်မပျော်ခဲ့ဘဲ လျှောက်သွားခဲ့တော့ ချော်လဲပြီး မြေပေါ်က ကျောက်တုံးနဲ့ခြစ်မိသွားလို့ ဒီလိုဖြစ်သွားတာပဲ။ မင်းကြည့်လေ ငါကောင်းနေတာပဲကို တွေ့လား ဘာမှမဟုတ်ပါဘူးလို့ ငါပြောသားပဲ"

ကျောက်တုံးနဲ့ခြစ်မိတာတဲ့...

အကြည့်တစ်ချက်နဲ့တင် ဂီလေးနဲ့ဦးလေးပါတို့ရဲ့ ဒဏ်ရာတွေဟာ မှော်ဆရာနဲ့ စစ်သူရဲတို့ကြောင့် ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက ဒီလိုအခြေအမြစ်မရှိတဲ့ အကြောင်းပြချက်တွေကို ယုံကြည်နေကြတယ်လေ။

တော်တော်လေးကို ထူးနေပါတယ်...

"ဦးလေးပါ ဦးလေးရော ဦးလေးပေါက်စဂီရောက ညမှာဖြစ်ကြတာနော်"လို့ ရှန်ယန်ရှောင်က သေချာစေရန် ထပ်မေးလိုက်ပါတယ်။

"ဟုတ်တယ်လေ ညမှာပဲ ဖြစ်ခဲ့ကြတာ။ ငါတို့တင်မဟုတ်ဘူးဟ ရွာထဲကတော်တော်များများလည်း ဒဏ်ရာတွေရကြတာပဲလေ ဒါပေမယ့် သူတို့လည်း အဆိုးရွားကြီးတော့ မဖြစ်ကြပါဘူး။ ငါတို့ရွာက သင်္ချိုင်းမြေနဲ့နီးနေလို့ မကောင်းတဲ့လေထုက ဒီနေရာမှာထူထဲနေတော့ ညအခါရောက်ရင် သရဲတွေက ဒုက္ခလာပေးကြတော့ ဒီလိုမျိုးတွေ ပုံမှန်လိုလိုဖြစ်နေမှာပဲလို့ ဦးလေးကျူကပြောတယ်။ တော်သေးတာပေါ့လေ သိပ်အဆိုးရွားကြီးမဟုတ်တာ နောက်ပြီး ငါတို့လည်း ကျင့်သားရနေပါပြီလေ"လို့ ဦးလေးပါက ရယ်ကာမောကာပြေလိုက်ပြီး မှားယွင်းနေတယ်လို့လည်း မတွေးထင်မိပုံပါပဲ။

All Chapters