← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၉)

သူမအတွက် အချိန်ကုန်လာပြီဖြစ်သလို အတွင်းအားနဲ့မှော်အားကလည်း ကုန်ခမ်းလာပြီဖြစ်ကာ အများဆုံးရမှ အချိန်တစ်နာရီစာပဲ ရှိပါတော့တယ်။

"ရှူရေ အရိုးပန်းက ဘယ်လိုနေရာမျိုးမှာ ပေါက်လေ့ရှိသလဲ"

နေရာအတည်တကျကို ဦးတည်ချက်မထားဘဲ လျှောက်သွားနေတာထက်စာရင် တစ်နေရာရာကို ဦးတည်လိုက်တာက ပိုကောင်းပါလိမ့်မယ်။

"အရိုးပန်းတွေ ရှင်သန်ပေါက်ဖွားဖို့အတွက်က တစ်ခြားထွေထွေထူးထူးလိုအပ်ချက်တော့ မရှိဘူး။ အဲ့အပင်က နတ်၊ နတ်ဆိုး၊ လူသား၊ နတ်သူငယ်နဲ့ နဂါးမျိုးနွယ်တို့ရဲ့ နယ်မြေတွေမှာလည်း တွေ့နိုင်တယ်။ ဒီအပင်ရဲ့ တစ်ခုတည်းသော လက္ခဏာကတော့ သေခြင်းရဲ့အငွေ့အသက်တွေ လိုအပ်တာပဲ။ သေဆုံးမှုအများအပြားက အရိုးပန်းရဲ့ ပေါက်ဖွားရှင်သန်မှုကို အားဖြည့်ပေးနိုင်တယ်။ သေခြင်းအငွေ့အသက်ရှိတဲ့ နေရာတစ်ခုရှိတယ်ဆိုရင် အဲ့နေရာမှာ အရိုးပန်းကို တွေ့နိုင်ခြေများတယ်"

အရိုးပန်းလို့ ခေါ်ရခြင်းအကြောင်းက အဆိုပါပန်းပွင့်တဲ့နေရာတိုင်းမှာ အရိုးတွေတောင်လိုပုံနေပါတယ်။ သေခြင်းက သူ့အတွက်မြေသြဇာဖြစ်ကာ သွေးနဲ့အရိုးတွေက သူ့အတွက် အိုအေစစ်တစ်ခုဖြစ်ပါတယ်။

"ဒီလိုဆိုရင် တူလန်းရထားတဲ့ သတင်းက မှားစရာတော့မရှိဘူး။ ဒီနေရာက နတ်ဆိုးတွေနဲ့နတ်တွေရဲ့ အပြင်းထန်ဆုံး စစ်မြေပြင်တစ်ခုဖြစ်ပြီးတော့ များပြားလှတဲ့ နတ်တွေနဲ့ နတ်ဆိုးတွေ ဒီနေရာမှာ ကျဆုံးခဲ့ကြလို့ အရိုးပန်းအတွက် နေရာကောင်းပဲ"လို့ ရှန်ယန်ရှောင်က တွေးဆကာပြောလိုက်သည်။

"သေခြင်းတရားနဲ့ နေရာတိုင်းမှာပြည့်နေတဲ့ စစ်မြေပြင်တစ်ခု...အရိုးပန်း...အဲ့နေရာမှာ ရှိလောက်တယ်"လို့ တစ်ခုခုကို တွေးမိသွားဟန်နဲ့ ရှန်ယန်ရှောင် ပြောလိုက်ပါတယ်။

နတ်ဆိုးမျိုးနွယ်ရဲ့ စစ်တပ်က နေနတ်ဘုရားကျောင်းထဲကို ချီတက်ဝင်ရောက်လာပြီး နတ်ဘုရားကျောင်းကို စောင့်ရှောက်ကာကွယ်နေတဲ့ နေနတ်မင်းက သူ့မျိုးနွယ်တွေကို ဦးဆောင်ကာ နတ်ဆိုးမျိုးနွယ်စစ်တပ်ကို ပြန်လှန်တိုက်ခိုက်ခဲ့တဲ့နေရာ... သွေးနဲ့သေခြင်းတရားတွေက မသေဆုံးနိုင်တဲ့ တိုက်ပွဲခေါ်သံအဖြစ် ပဲ့တင်နေမယ့် တစ်ခုတည်းသောနေရာ...

"နေနတ်မင်း မြေပေါ်လဲပြိုကျခဲ့တယ်..."လို့ ရှန်ယန်ရှောင်က ရေရွတ်လိုက်ကာ အတွေးတစ်ခု ထွက်ပေါ်လာပါတယ်။

"သေချာပေါက်ကို အဲ့ဒီနေရာပဲ"

နောက်ဆုံးတိုက်ပွဲက အဲ့ဒီနေရာမှာ ဖြစ်ခဲ့ရမှာပဲ။ နောက်ဆုံးတိုက်ပွဲ...နတ်တွေရဲ့ကျဆုံးခန်း...များပြားလှတဲ့ နတ်တွေနဲ့နတ်ဆိုးတွေ စတေးခဲ့ရတဲ့နေရာ...အရိုးတွေတောင်လိုပုံပြီး သွေးချောင်းစီးတဲ့နေရာ...

ရှန်ယန်ရှောင် မတ်တပ်ထရပ်လိုက်ပြီး အကြီးဆုံးကျောက်တုံးကြီးပေါ်ခုန်တက်လိုက်ပြီး နေနတ်ဘုရားကျောင်းရဲ့ အဓိကနန်းဆောင်ရှိနိုင်လောက်မယ့် နေရာကို ရှာဖွေလိုက်ပါတယ်။

"နေနတ်ဘုရားကျောင်းရဲ့ အဓိကနန်းဆောင်က ဒီနယ်မြေရဲ့ အလယ်ဗဟိုမှာရှိတာ"လို့ သူမရဲ့အတွေးကို ခန့်မှန်းသိရှိဟန်နဲ့ ရှူကပြောလိုက်ပါတယ်။

"ခင်ဗျားသိတယ်ပေါ့"လို့ ရှန်ယန်ရှောင်က နည်းနည်းအံ့သြကာ မေးလိုက်ပါတယ်။

သို့သော်လည်း ရှူကတော့ ဘာမှပြန်မပြောတော့ပါဘူး။

အချိန်လည်း ကုန်တော့မှာဖြစ်လို့ ရှန်ယန်ရှောင်လည်း ဆက်မမေးတော့ဘဲ နေမင်းသင်္ချိုင်းရဲ့ အလယ်ဗဟိုနေရာကို သွားလိုက်ပါတော့သည်။

ထိုနေရာကို ရောက်သွားတော့ သူမ မင်သက်သွားရပါသည်။ နေမင်းသင်္ချိုင်းရဲ့ အလယ်ခေါင်နေရာက တစ်ထောင်စတုရန်းမီတာခန့်ကျယ်ပြောတဲ့ ကွက်လပ်ကြီးတစ်ခုသာရှိပြီး အရိုးပန်းမပြောနဲ့ ကျောက်တုံးကျောက်ခဲတစ်ခုတစ်လေတောင် မတွေ့ရပါဘူး။

ရှုပ်ယှက်ခတ်နေတဲ့ နယ်မြေအတွင်းမှာ အခုလို မြေကွက်လပ်တစ်ခုကို တွေ့ရတာက မမျှော်လင့်စရာတစ်ခုပါပဲ။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ရှူရေ ဒီနေရာဆိုတာ သေချာသလား"

"သေချာတယ်"

"....."

နတ်ဆိုးမျိုးနွယ်က နေနတ်မင်းကို သတ်ဖြတ်ပြီးတဲ့နောက် ဒေါသတကြီးနဲ့ အဓိကနန်းဆောင်ကို ဖျက်စီးမြေလှန်လိုက်တာများလား။

ဒါကြီးက လုံး၀ ယုတ္တိမတန်ပါဘူး...

သဲလွန်စက သူမရှေ့မှောက်မှာတင်ရှိနေခဲ့ပြီး ရုတ်တရက်နှောက်ယှက်ခံလိုက်ရသလို ခံစားလိုက်မိကာ သွေးအန်ပစ်ချင်သွားရပါတယ်။

ရှန်ယန်ရှောင် အတောမသတ်နိုင်အောင် စိတ်ညစ်သွားပါတယ်။ မိုးကုတ်စက်ဝိုင်းက ပထမဆုံးနေရောင်ခြည်က မြေပေါ်သက်ဆင်းနေပြီဖြစ်ကာ ညအမှောင်ကို လောကကနေဆုတ်ခွာသွားနေစေပါပြီ။

နေမင်းသင်္ချိုင်းရဲ့ အလယ်မှာမတ်တပ်ရပ်ကာ နေမင်းကိုမော့ကြည့်နေသော သူမရဲ့ခြေဖဝါးအောက်မှာ ပုံမှန်မဟုတ်သောမြေကွက်လပ်တစ်ခုရှိနေပါတယ်။

နေရောင်က သူမခြေဖဝါးအောက်က မြေပြင်နဲ့ထိတွေ့သွားတဲ့အခါ မြေကွက်လပ်ရဲ့ အစွန်မှာ ရွှေရောင်အလင်းတန်းတစ်ခုက တလက်လက်တောက်ပနေတဲ့ အလင်းကွက်တစ်ခုအဖြစ် ဖြစ်ပေါ်သွားကာ များပြားလှတဲ့ရွှေရောင်အလင်းတန်းတွေက မြေပေါ်ကနေထွက်ပေါ်လာက အလွန်ပူလောင်တဲ့နေလုံးကြီးကို လူ့မျက်လုံးနဲ့စိုက်ကြည့်လို့ မရသလိုမျိုး တရှိန်ရှိန်တောက်ပနေခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြန်ပျောက်ကွယ်သွားပါတယ်။

သို့ပေမယ့် မြေပေါ်မှာဖြစ်ပေါ်နေတဲ့ မြင်ကွင်းကိုတွေ့မြင်လိုက်မယ်ဆိုရင် လူတိုင်းကြောင်တက်တက်ဖြစ်သွားမှာပါ။ ဘာလို့လဲဆိုတော့ အလင်းတန်းပျောက်သွားတာနဲ့ တစ်ကီလိုမီတာလောက်ရှိတဲ့ မြေကွက်လပ်ပေါ်မှာ အလွန်ကြီးမားတဲ့ မှော်အတားအဆီးအခင်းအကျင်းတစ်ခု ဖြစ်ပေါ်နေလို့ပါပဲ။

ထို့နောက်မှာတော့ ဒီမြေကွက်လပ်ဟာ အရင်အတိုင်းဟာလာဟင်းလင်းပြန်ဖြစ်သွားကာ အရိပ်တစ်ခုတောင် ရှိမနေတော့ပါဘူး။ မြေပေါ်မှာ လွှမ်းခြုံထားသော ရွှေရောင်အလင်းတွေက မှေးမှိန်ပျောက်ကွယ်သွားကာ မြေပြင်ဟာလည်း မူလအသွေးအရောင်ပြန်ဖြစ်သွားခဲ့ပါတယ်။

နေမင်းသင်္ချိုင်းရဲ့ တစ်ခြားတစ်ဖက်မှာရှိနေတဲ့ ဇာမဏီငှက်ဟာ သူ့ရင်ထဲမှာ ပျောက်ဆုံးမှုတစ်ခုဖြစ်သွားတာကို ခံစားမိလိုက်ပါတယ်။ သူက ချက်ခြင်းပဲ ခေါင်းလှည့်ကာ ကြည့်လိုက်ပေမယ့် ရှန်ယန်ရှောင်ရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရပါဘူး။ အမြင့်ကိုပျံတက်လိုက်ပြီးတော့ သင်္ချိုင်းမြေတစ်ခုလုံးကို ကြည့်လိုက်ပေမယ့် သူရှာနေတဲ့သူကိုတော့ မတွေ့ရတော့ပါဘူး...

အလွန်တောက်ပတဲ့အလင်းတန်းကြောင့် သူမဘာကိုမှမမြင်ရတော့ဘဲ အောက်ကိုပြုတ်ကျနေသလို ခံစားလိုက်မိပါတယ်။ သူမကိုယ်သူမ ကျိန်စာတစ်ခုသုံးလိုက်ပြီး ပြုတ်ကျနေတဲ့အရှိန်ကို လျော့သွားအောင်လုပ်လိုက်ပါတယ်။

ဖြေးညင်းစွာနဲ့သက်ဆင်းသွားပြီးနောက် အမြင်အာရုံလည်းပြန်ရလာပါတယ်။ သူမရှေ့က မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရပါတယ်။

သူမရှေ့မှာ ဖုန်းဆိုးမြေစွန့်ပစ်မြေမရှိတော့ဘဲ ဒီလိုကြီးမားလှတဲ့ နန်းတော်ကြီးထဲကို ဘယ်အချိန်တုန်းက ပြောင်းရွှေ့ရောက်ရှိလာမှန်း မသိတော့ပါဘူး။ ကျောက်တုံးဖြူတွေနဲ့ တည်ဆောက်ထားတဲ့ နန်းတော်နံရံတွေမှာ ရွှေရောင်တလက်လက်တောက်နေတဲ့ ဆေးရေးပန်းချီတွေ ရေးထိုးထားပြီး ရွှေရောင်တိုင်လုံးကြီး ဆယ့်နှစ်တိုင်က နန်းတော်ခန်းမဆောင်ရဲ့ တစ်ဖက်တစ်ချက်စီကနေ နန်းတော်ကြမ်းပြင်နဲ့အမိုးတို့ကို ထောက်ပင့်ပေးထားကာ နန်းတော်ခန်းမဆောင်ရဲ့ထိပ် ကျောက်ဖြူသား လှေကားခုနှစ်ထစ်ရဲ့ အပေါ်တွင် ငွေရောင်လကျောက်ထည့်သွင်းထားတဲ့ ရွှေသားနဲ့ပြုလုပ်ထားသော ပုလ္လင်ကြီးရှိပါတယ်။

ပုလ္လင်ရဲ့နောက်တွင် ကြီးမားတဲ့ရွှေရောင်နေမင်းပုံကို နံရံအပြည့်ထွင်းထုထားပါတယ်။ နန်းတော်တစ်ခုလုံးက အလွန်မွန်မြတ်လှသော အငွေ့အသက်တွေကို ပုံဖော်ပေးနေပါတယ်။ ဒီလူသူမရှိတဲ့ နန်းတော်ရဲ့ ပုလ္လင်ဘေးမှာ မီးခိုရောင် ပန်းလေးတစ်ပွင့်က တိတ်ဆိတ်စွာပေါက်ဖွားရှင်သန်နေပါတယ်။

"အရိုးပန်း"ဆိုပြီးတော့ မီးခိုးရောင်ပန်းကို မြင်လိုက်တဲ့ ရှန်ယန်ရှောင်က မျက်လုံးတွေတောက်ပသွားကာ ပြောလိုက်ခြင်းဖြစ်သည်။

သူမ အချိန်အကြာကြီး ရှာဖွေနေခဲ့သော အရိုးပန်းက လုံးဝလျှို့ဝှက်လှတဲ့ ဒီနန်းတော်အတွင်းမှာ လာပေါက်နေပါတယ်။

ရှန်ယန်ရှောင်က အရိုးပန်းနားကို သွားလိုက်ပြီး တန်ဖိုးကြီးအပင်ကို ဂရုတစိုက်နဲ့ယူလိုက်ပါတယ်။ ခမ်းနားထည်ဝါလှတဲ့ နန်းတော်ကြီးကိုကြည့်ပြီး သူမရင်ထဲ မေးခွန်းတွေပလုံစီလာတာကြောင့် မေးလိုက်ပါတယ်။

"ရှူ ဒါက ဘာနေရာလဲ"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၄၀)

"ဒါက နေနတ်ဘုရားကျောင်းရဲ့ အဓိကနန်းတော်ပဲ"

ဖြေလိုက်သော ရှူရဲ့အသံထဲမှာ လုံးဝမပျက်မစီးသေးတဲ့ နေနတ်ဘုရားကျောင်းထဲကို ရောက်လာမယ်လို့ ထင်မထားတဲ့ပုံနဲ့ သံသယအချို့ ရောယှက်နေခဲ့ပါတယ်။

"အဓိကနန်းတော် ဟုတ်လား...နေနတ်ဘုရားကျောင်းက အဖျက်စီးမခံခဲ့ရဘူးပေါ့...ဒီနေရာမှာ တိုက်ခိုက်ထားတဲ့ ခြေရာလက်ရာလည်း တစ်ခုမှမတွေ့ရဘူး"

"ဒီထဲကို ကျနော်တို့ ဘယ်လိုလုပ်ရောက်လာတာလဲ"

အဲ့ဒီအလင်းတွေကြောင့်များလား...

ရှူက ရှန်ယန်ရှောင်ရဲ့ အမေးကို ချက်ခြင်းမဖြေခဲ့ဘဲ ဖြစ်နိုင်ခြေရှိတာတွေကို စဉ်းစားနေလိုက်ပါတယ်။

"စောစောက အလင်းရောင်ထဲမှာတုန်းက နေနတ်မင်းရဲ့ အာနုဘော်ကို ငါရလိုက်တယ် ဒါပေမယ့် သူက သေပြီးပြီလေ။ နောက်ပြီးတော့ နေနတ်ဘုရားကျောင်းက နန်းဆောင်အားလုံးလည်း နတ်ဆိုးမျိုးနွယ်ရဲ့ ဖျက်စီးခြင်းခံခဲ့ရတယ်လို့ ပြောကြပေမယ့် အခု ဒီနေရာကို ငါတို့ရောက်နေပြီဆိုတော့ ငါတို့မသိသေးတာတစ်ခုခုတော့ ရှိရမယ်"လို့ ရှူကပြောလိုက်သည်။

"နေနတ်မင်း မကျဆုံးခင်မှာ အဓိကနန်းတော်ထဲမှာ မှော်အတားအဆီးတစ်ခုလုပ်ခဲ့ပြီးတော့ အဓိကနန်းတော်တစ်ခုလုံးကို ပိတ်ထားခဲ့တာဖြစ်နိုင်လောက်တယ်။ မင်းခုဏကရပ်နေခဲ့တဲ့နေရာက နေနတ်ဘုရားကျောင်းရဲ့ အဓိကနန်းတော်ရှိတဲ့နေရာပဲ။ ထွက်ကာစနေရောင်က အသန့်စင်ဆုံးအလင်းဖြစ်လို့ နေရောင်က မှော်အတားအဆီးကို သက်ဝင်စေခဲ့ပြီး မင်းကို တစ်ကယ့်အဓိကနန်းတော်ထဲကို ရောက်စေလိုက်တဲ့ပုံပဲ"

"နေပါဦး ဒီလိုဆိုရင် နေနတ်ဘုရားကျောင်းရဲ့ အဓိကနန်းတော်ကို လူတိုင်းအလွယ်တကူတွေ့သွားကြမှာပေါ့။ နေက နေ့တိုင်းထွက်နေတာပဲလေ ဒီတော့ ဘယ်သူမှ ဒီနေရာကို မရောက်ဖူးသေးတာက မဖြစ်နိုင်ဘူးနော်"လို့ ရှူပြောလိုက်တဲ့ထဲမှာ လွဲနေတာကိုတွေ့လိုက်လို့ ရှန်ယန်ရှောင်က ထောက်လိုက်ပါတယ်။

နေရောင်ကသာ မှော်အတားအဆီးကို သက်ဝင်စေနိုင်တယ်ဆိုရင် နတ်ဆိုးတွေနဲ့နတ်တွေရဲ့ စစ်ပွဲမှာတုန်းက နတ်ဆိုးမျိုးနွယ်တေအနေနဲ့ နန်းတော်ကို တိုက်ပွဲအပြီးနောက်ရက်မှာပဲ တွေ့သွားခဲ့မှာပေါ့။

ရှူက ခဏတာ တိတ်နေလိုက်ပြီးနောက် ပြောလိုက်ပါတယ်။

"ဒီမှော်အတားအဆီးကို သက်ဝင်စေဖို့ဆိုရင် နေရောင်အပြင် တစ်ခြားတစ်ခုကို မင်းလိုအပ်သေးတယ်"

"ဘာလိုတာလဲ"လို့ ရှန်ယန်ရှောင် မေးလိုက်သည်။

"နတ်ဘုန်းတန်ခိုးသတ္တိ"

"နတ်ဘုန်းတန်ခိုးသတ္တိတဲ့လား"လို့ ဒီစကားလုံးကို လုံးဝအကျွမ်းဝင်ခြင်းမရှိတဲ့ ရှန်ယန်ရှောင်က အခုလိုမျိုး တော်တော်မိုက်ပုံရတဲ့ အရာမျိုးရှိနေမယ်လို့ ထင်မထားမိပါဘူး။

"နတ်မျိုးနွယ်က စွမ်းအားအလျောက် အဆင့်တွေအများကြီး ခွဲထားတယ်။ သာမန်နတ်တွေမှာ ဘာဘုန်းတန်ခိုးသတ္တိမှမရှိကြဘဲ ဝိဉာည်ပြားရှိတဲ့ နတ်တွေကသာ နတ်ဘုန်းတန်ခိုးသတ္တိကို ရရှိနိုင်တယ်။ ဝိဉာည်ပြားတွေနဲ့ နတ်တွေကိုလည်း လေးမျိုးခွဲထားပြီးတော့ အဆင့်နိမ့်နတ်၊ အလယ်အလတ်နတ်၊ မဟာနတ်နဲ့ အုပ်စိုးနတ်ဆိုပြီးသတ်မှတ်ထားတယ်။ နတ်အဆင့်အလျောက် နတ်ဘုန်းတန်ခိုးသတ္တိအရေအတွက်လည်း ကွဲပြားကြတယ်။ နေနတ်မင်းက မဟာနတ်ဖြစ်ပြီး နတ်ဘုန်းတန်ခိုးသတ္တိခုနှစ်မျိုးရှိတယ်။ သူ့မှော်အတားအဆီးကို နတ်ဘုန်းတန်ခိုးသတ္တိရှိတဲ့ နတ်ကသာ သက်ဝင်စေနိုင်တဲ့အစွမ်းရှိတယ်လို့ နေနတ်က တစ်ခါပြောဖူးတယ်"လို့ ရှူက ရှင်းပြလိုက်သည်။

ရှန်ယန်ရှောင်က အကြာကြီးဆိတ်ဆိတ်နေလိုက်ပြီးမှ မေးလိုက်ပြန်ပါတယ်။

"ရှူ ခင်ဗျားက နတ်လား"

ရှူရဲ့ဇစ်မြစ်နဲပပတ်သတ်ရင် သူမနည်းနည်းပဲ နားလည်ထားတာဖြစ်သည်။ သူမသိတာဆိုလို့ ရှူဟာ စွမ်းအားအလွန်ကြီးတယ်ဆိုတာသာဖြစ်ပြီး ဇာမဏီငှက်က ရှူဟာ နတ်မျိုးနွယ်ကဖြစ်နိုင်တယ်လို့ တစ်ခါပြောခဲ့ဖူးပါတယ်။ အခုဆိုရင် နေနတ်မင်းရဲ့ မှော်အတားအဆီးကတောင် ပွင့်သွားခဲ့ပြီး နတ်ဘုန်းတန်ခိုးသတ္တိပိုင်ဆိုင်ထားတဲ့ နတ်ကြောင့်သာဖြစ်နိုင်ပြီး မြားအားလုံးက ရှူ့ဆီကိုပဲ ညွှန်ပြနေပါတယ်။

ရှူက အဲ့ဒီစစ်ပွဲမှာ ရှင်သန်ကျန်ရစ်ခဲ့တဲ့ တစ်ကယ့်နတ်တစ်ပါးများ ဖြစ်နေမလား.....

သို့ပေမယ့် ရှူကတော့ ဘာမှပြန်မဖြေခဲ့ပါဘူး။

"အဟမ်း...အဲ့လိုဆို နောက်မေးခွန်းတစ်ခုကတော့ ကျနော်တို့ ဘယ်လိုထွက်ကြမလဲ"လို့ ဇစ်မြစ်နဲ့ပတ်သတ်ပြီး ပြောချင်ပုံမရတာကြောင့် သူမက လိမ္မာပါးနပ်စွာနဲ့ ဆက်မမေးတော့ဘဲ မေးခွန်းပြောင်းလိုက်ခဲ့ပါတယ်။

အရိုးပန်းက သူမလက်ထဲမှာ ရှိနေပြီဖြစ်သော်လည်း ဒီနေရာကနေ ဘယ်လိုလုပ်ပြီး ထွက်ရမလဲ ဟမ်....

"မှော်အတားအဆီးကို မဖျက်စီးဘဲနဲ့တော့ ထွက်လို့မရဘူး"လို့ပြောလိုက်တဲ့ ရှူ့အဖြေက သူမကို နေရာမှာတင် ကျောက်ရုပ်လိုဖြစ်သွားစေခဲ့ပါတယ်။

မဟာနတ်တစ်ပါး ချထားခဲ့တဲ့ မှော်အတားအဆီးကို ဖျက်ရမယ်တဲ့လား.....

"ဒါက ခက်တယ်လို့ ကျနော်ထင်တယ်"

သူမအနေနဲ့ ခက်တယ်လို့တွေးမိတာထက်ကို ပိုခက်တဲ့ကိစ္စပါပဲ။ ရှန်ယန်ရှောင် စိတ်ညစ်သွားသည်။ ဇာမဏီငှက်နဲ့ ဆက်သွယ်ဖို့ သူမ ကြိုးစားလိုက်ပေမယ့် သူမနဲ့ဇာမဏီငှက်တို့ရဲ့ စိတ်ဆက်သွယ်မှုက ပျောက်ကွယ်နေပါတယ်။ ဒီမှော်အတားအဆီးက စိတ်ဆက်သွယ်မှုတွေကိုပါ ဖျက်ပစ်နိုင်စွမ်းရှိတာလားမသိဘူး။

"မဖြစ်နိုင်တာမဟုတ်ပါဘူး။ နှစ်ထောင်ချီကြာတဲ့နောက် မှော်အတားအဆီးထဲမှာ ကျန်ရှိနေသေးတဲ့ နေနတ်မင်းရဲ့ စွမ်းအားက သိသိသာသာလျော့နေပြီ။ ငါ့စွမ်းအားသာ နည်းနည်းလေးပြန်ရသွားရင် ငါလုပ်လို့ ရနိုင်ခြေရှိတယ်"လို့ ရှူကတော့ ဘာတုန်လှုပ်မှုမှ မရှိဟန်နဲ့ပြောလိုက်ပါတယ်။

ဒီစကားကိုကြားပြီးတာနဲ့ ရှန်ယန်ရှောင် ပြုံးဖြီးကြီးဖြစ်သွားပါတယ်။

သူ့စွမ်းအင်ကို တိုးမြင့်ဖို့အတွက် တစ်ခြားအချိန်မှာသာ လိုအပ်ခဲ့မယ်ဆိုရင် သူမအနေနဲ့ ဘာမှမတတ်နိုင်ဘဲ ငေးကြည့်နေရုံပဲရှိမှာဖြစ်ပေမယ့် အခု အပင်သုံးမျိုးလုံးစုံပြီဖြစ်တဲ့အတွက် အမှောင်စွမ်းအင်ကို ထုတ်ပေးမယ့်အပင်သုံးပင်ကို တစ်နေရာထဲမှာ စိုက်လိုက်ပြီးတော့ ရှူရဲ့ စွမ်းအားပြန်ရဖို့ လုပ်လို့ရပါပြီ။

သူမက အပင်သုံးပင်လုံးကို ထုတ်လိုက်ပါတယ် ဒါပေမယ့် အားလုံးစုံပြီဆိုသော်လည်း ဒီအပင်တွေကို ကြီးထွားအောင် သူမက ဘယ်လိုလုပ်ရမှာတုန်း...

ဒီနေရာမှာက မြေကြီးလည်းရှိပုံမရပါဘူး။

"မင်းရဲ့မှော်အားနဲ့အတွင်းအားကို အပင်တွေကို မြေတောင်မြှောက်တဲ့အနေနဲ့ ယာယီတော့ သုံးလို့ရတယ်"လို့ ရှူက သူမရဲ့ ပြဿနာကို ရှင်းပေးလိုက်ပါတယ်။

ရှန်ယန်ရှောင်လည်း သုံးပင်လုံးကို လက်ထဲမှာထည့်လိုက်ပြီး မှော်အားနဲ့အတွင်းအားတို့ကို ထုတ်လွှတ်၍ အပင်သုံးပင်ဆီ ပို့လွှတ်လိုက်ပါတယ်။

သုံးပင်လုံး အသက်ဓာတ်ရသွားသလို လန်းသွားခဲ့ပြီး ဖောက်ထွက်မြင်ရမတတ်ရှိသော မီးခိုးရောင်အခိုးအငွေ့ ထွက်ပေါ်လာပါတယ်။ ဒါ အလုပ်ဖြစ်သားပဲ...

ရှန်ယန်ရှောင်က ပြုံးဖြီးဖြီးနဲ့ မေးလိုက်တာကတော့"ရှူရေ ဒီအမှောင်စွမ်းအင်ကို စုပ်ယူမယ်ဆိုရင် မှော်အတားအဆီးကို ဘယ်အချိန်လောက်မှာ ချိုးဖျက်နိုင်မယ်ထင်သလဲ"

"နှစ်လ သုံးလလောက်ပေါ့"

"......."

ရှန်ယန်ရှောင် သူမလည်ချောင်းဝတွင် သွေးပျို့လာသလို ခံစားလိုက်ရပါတယ်။ သူမ အခြေအနေ ဘယ်လောက်ဆိုးနေမှန်းလည်း သဘောပေါက်သွားရပါတယ်။ နှစ်လ သုံးလတဲ့လား။

လောင်းရွှမ်ပြည် ကျောင်းပေါင်းစုံပြိုင်ပွဲကြီးက နှစ်လနေရင် စတော့မှာလေ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၄၁)

ရှန်ယန်ရှောင်စိတ်ထိခိုက်နေပေမယ့် သူမကြောင့် ပိုစိထိခိုက်မယ့်သူတွေ ရှိလာမယ်ဆိုတာကိုတော့ နည်းနည်းလေးမှမသိခဲ့ပါဘူး။

"ရှန်ယန်ရှောင် မသာမ ဘယ်သွားနေတာတုန်း ဒီကိုအခုချက်ခြင်းလာခဲ့စမ်း"

ဇာမဏီဟာ လုံးဝကို နတ်ဆိုးတစ်ကောင်ပုံစံပေါက်နေပါတယ်။ အားလုံးချောချောမွေ့မွေ့ရှိနေခဲ့တာကို သူတစ်ဖက်ကိုလှည့်ကာရှိသေးတယ် သခင်ဖြစ်သူက မရှိတော့ဘူးတဲ့။

လူနဲ့မှော်သားရဲစာချုပ်ချုပ်လိုက်ပြီးရင် သူတို့နှစ်ယောက်ကြားမှာ စိတ်ချင်းဆက်သွယ်မှုဖြစ်တည်လာပါတယ်။ စိတ်ချင်းဆက်သွယ်မှုက ရှန်ယန်ရှောင် လင်းလက်တိုက်ပေါ်မှာမရှိတော့ဘဲ တစ်ခြားတိုက်ပေါ်ကို ရောက်သွားရင်သာ ပျက်တောက်သွားမှာဖြစ်ပြီး မဟုတ်ရင်တော့ မြေအောက်ပေသုံးထောင်မှာ ရောက်နေလည်း စိတ်ချင်းဆက်သွယ်မှုရှိတာကို ဇာမဏီငှက်သိရှိခံစား နိုင်ပါသေးတယ်။

ဒါပေမယ့် အခုဆိုရင် စိတ်ချင်းဆက်သွယ်မှုမပြောနဲ့ ရှန်ယန်ရှောင်ရဲ့ အငွေ့အသက်ကိုတောင် သူမခံစားရဘူးဖြစ်နေကာ ဒီလိုခံစားချက်မျိုးဟာ သခင်ဖြစ်သူနဲ့ မှော်သားရဲတို့က တိုက်ချင်းခြားသွားတာ ဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ သခင်ဖြစ်သူ သေဆုံးသွားလို့ပါပဲ။

ရှန်ယန်ရှောင်နဲ့ ဇာမဏီတို့ လူခွဲထွက်လာတာက နေ့တစ်ဝက်သာသာပဲရှိဦးမှာဖြစ်ပြီး သူမပျံသန်းနိုင်ရင်တောင် လင်းလက်တိုက်ကနေ ထွက်သွားနိုင်ဖို့ရာက မဖြစ်နိုင်ပါဘူး။

ဒုတိယဖြစ်နိုင်ခြေက အမြဲလိုလို နှလုံးသားကင်းမဲ့တဲ့ ဇာမဏီငှက်အား အထိတ်ထိတ်အပြာပြာဖြစ်သွားစေပါတယ်။

သူ့သခင်ဟာ အရှက်မရှိ ညစ်ပတ်တဲ့သူဖြစ်ပေမယ့် သူ့သခင်ဟာ သူ့သခင်ပါပဲ။ ဒီတော့ မပြောကောင်းမဆိုကောင်းနဲ့ တစ်ခုခုတော့ မဖြစ်တန်ကောင်းပါဘူးနော်...

ရှန်ယန်ရှောင်အမြဲတမ်းပြောနေကျ လူသူမရိပ်မိအောင်နေဆိုသောစကားအား ဇာမဏီဂရုမစိုက်တော့ဘဲ မီးနဂါးကြီးနှစ်ကောင်အား ပစ်လွှတ်လိုက်ပါတယ်။ ဒီမီးနဂါးကြီးနှစ်ကောင်ဟာ ဇာမဏီရဲ့စေခိုင်းချက်အတိုင်း သင်္ချိုင်းမြေထဲကို မွှေနှောက်နေလိုက်ပါတယ်။ စွမ်းအားပြင်းထန်သော မီးဓာတ်တွေကြောင့် သင်္ချိုင်းမြေတစ်ခုလုံး တုန်ခါသွားပါတယ်။ နဂိုတည်းကမှ မတည်မငြိမ်ဖြစ်နေတဲ့ အလင်းနဲ့အမှောင်စွမ်းအားတွေဟာ မီးဓာတ်ကိုခံစားမိလိုက်တာကြောင့် ပြင်းထန်သောတုံ့ပြန်မှုနဲ့ ကြိုဆိုလိုက်ပါတယ်။

ဓာတ်သုံးပါးက အချင်းချင်းပွတ်တိုက်ထိခိုက်လိုက်ကာ နေမင်းသင်္ချိုင်းမြေတစ်ခွင်လုံးကို မြေငလျင်တစ်ခုဖြစ်ပေါ်သွားစေခဲ့ပါတယ်။

မြေအောက်မီတာတစ်ရာခန့်မှာ အနက်ရောင်ဝတ်စုံဝတ်လူတစ်စုက မြေအောက်ခန်းထဲမှာရပ်နေကြပြီး ပစ္စည်းပစ္စယတွေကို ထုတ်ပိုးနေချိန်မှာ တုန်ခါမှုတွေက သူတို့ကို အနှောက်အယှက်ပေးလိုက်ပါတယ်။

"ဟ ဟ ဘာဖြစ်တာလဲဟ"

"တစ်ယောက်ယောက်က နေမင်းသင်္ချိုင်းမြေထဲကို ချိုးဖောက်ဝင်ရောက်လာတာလား"

"အဲ့အဖိုးကြီးကျူက ဘယ်လိုစောင့်ကြပ်နေတာလဲကွာ။ လူတွေကို နေမင်းသင်္ချိုင်းထဲ အဝင်ခံရလောက်အောင်ထိဖြစ်နေပြီလား သူ့အခြေအနေက သိပ်မဟန်တော့တာကို ဒီနှစ်ပိုင်းတွေထဲမှာ ငါရိပ်မိနေတယ် အခုကြည့်လေ ဒီလိုအလုပ်လေးကိုတောင် ကောင်းကောင်းမလုပ်နိုင်ဘူး..."

"ကဲပါ အခုက ဒီပေါက်ကရတွေပြောဖို့ အချိန်မဟုတ်ဘူး။ စမ်းသပ်မှုက အရေးကြီးတဲ့အချိန်ရောက်နေပြီဆိုတော့ ဘယ်လိုအမှားအယွင်းမှ အဖြစ်ခံလို့မရဘူး။ မင်းတို့ကောင်တွေ အပေါ်ကိုတက်ပြီး ဘယ်သူတွေဝင်လာသလဲကြည့်ကြ ပြီးတာနဲ့မြန်မြန်ရှင်းပစ်လိုက် ငါတို့အလုပ်ကို မကြန့်ကြာစေနဲ့"

ခေါင်းဆောင်ဖြစ်ဟန်တူသူက လူတစ်ယောက်ရဲ့ငြင်းခုန်စကားကို အော်ဟစ်ငေါက်ငမ်းရင်း အမိန့်ပေးလိုက်ပါတယ်။ ထိုသူဟာ အနက်ရောင်ဝတ်စုံဆင်မြန်းထားတဲ့ အဖိုးကြီးတစ်ဦးဖြစ်ပါတယ်။

"ဟုတ်"

ကျန်သူအားလုံး ပါးစပ်ပိတ်လိုက်ကြပြီး လူသုံးဦးက လှေကားကနေပြီး မြေပေါ်ကိုတက်သွားလိုက်ကြပါတယ်။ သို့သော်လည်း မြေပေါ်ကိုရောက်ရောက်ချင်းမှာ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူတို့အားလုံး ကြောင်သွားကြပါတယ်။

မီးနဂါးဆယ်ကောင်မကတဲ့အရေအတွက်က သူတို့ခေါင်းတွေပေါ်မှာ ပျံဝဲနေပြီး ဓာတ်သုံးပါးထိတွေ့မှုကြောင့် လေထုကို ပြင်းထန်စွာတုန်ခါနေစေပါတယ်။ အခုမှထွက်လာတဲ့ သုံးယောက်လုံး အဆိုပါလှိုင်းတွေနဲ့ ရိုက်ခတ်ခံရလုနီးနီးဖြစ်သွားကာ အတွင်းဒဏ်တစ်ချို့ကိုခံစားလိုက်ရပါတယ်။

"ဘာလို့ မီးဓာတ်တွေ ဒီလောက်များနေရတာလဲ"

တုန်ခါနေတဲ့မြေပြင်ပေါ်မှာ ရပ်နေကြတဲ့သုံးယောက်ဟာ သူတို့ရဲ့ အတွင်းအားတွေ မှော်အားတွေထုတ်ကာ အကာအကွယ်ပြုလုပ်လိုက်ပါတယ်။ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ မီးနဂါးတွေက မီးလျှံတွေနဲ့ ကောင်လေးတစ်ယောက်အား စက်ဝိုင်းသဏ္ဍာန်ဝန်းရံထားတာကို တွေ့လိုက်ကြပါတယ်။

အနက်ဝတ်သုံးယောက်က လေထဲမှာ ရပ်တည်နေသော ဇာမဏီငှက်ကို တုံဏှိဘာဝေဖြစ်ကာ ကြည့်နေလိုက်ကြပါတယ်။ ဒီကလေးက ဘယ်ကနေဘယ်လိုရောက်လာပြီးတော့ လေထဲမှာ မလှုပ်မရှားရပ်တည်နေနိုင်တာတုန်း။

"ဒီကလေးက ဘယ်သူတုန်းဟ"လို့ တစ်ယောက်က တအံ့တသြပြောလိုက်သည်။

"သူက လူသားလို့ မင်းတပ်အပ်ပြောနိုင်လို့လား"ဟု တစ်ခြားတစ်ယောက်က ဇာမဏီကနေ မီးနဂါးနှစ်ကောင်ကို လက်ထဲကနေထပ်မံထုတ်လွှတ်လိုက်တာကို မျက်စိကျွတ်ကျမတတ်ကြည့်ရင်း ပြောလိုက်ပါတယ်။

"အဲ့ဒါဆို သူက ဘာတုန်း"

"မှော်သားရဲပဲ..ပိုတိတိကျကျပြောရရင် ဒဏ္ဍာရီသတ္တဝါကောင်ပဲ..."

"ဒဏ္ဍာရီသတ္တဝါတစ်ကောင်က ဒီကိုဘာလို့လာရတာလဲ"

အနက်ဝတ်သုံးဦး ငိုချင်စိတ်ပေါက်သွားပါတယ်။ သူတို့က ကျူးကျော်ဝင်ရောက်လာတဲ့သူတွေကို ချေမှုန်းဖို့ထွက်လာတာဖြစ်ပြီး သင်္ချိုင်းမြေကို ကျူးကျော်လာသူက ဒဏ္ဍာရီသတ္တဝါဖြစ်နေလိမ့်မ်လို့ ထင်မိမှာလဲ။

ငှက်တွေတောင် အသိုက်မဆောက်တဲ့ ဒီလိုဖုန်းဆိုးမြေကို ပုံပြင်ဒဏ္ဍာရီဆန်တဲ့ သတ္တဝါကဘယ်လိုလုပ် ခြေဦးလှည့်လာတာတုန်း။

လူသုံးဦး တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်လိုက်ကြပြီး မျက်နှာငယ်လေးတွေဖြစ်နေကြပါတယ်။ ဘယ်လိုလုပ်တိုက်ရမှာတုန်းဟ။

စိတ်မချမ်းမမြေ့ဖြစ်နေတဲ့ ရှန်ယန်ရှောင်တစ်ယောက်ကတော့ သူမကြောင့် ဒေါသမီးတောက်နေတဲ့ ဇာမဏီငှက်က မြေအောက်ကလူတစ်စုကို စိတ်မချမ်းမမြေ့ဖြစ်အောင် လုပ်နေတာကိုတော့ မသိပါဘူး။

သို့သော်လည်း ရှန်ယန်ရှောင်ကြောင့် ဖြစ်ပေါ်ရတဲ့ စိတ်မချမ်းမြေ့စရာတွေက ဒီလောက်နဲ့တင် မရပ်ခဲ့ပါဘူး....

အချိန်တွေ တဖြည်းဖြည်းကုန်လာကာ တစ်လဆိုသောအချိန်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်လွန်သွားခဲ့ပါပြီ။

တော်ဝင်ရိုလန်ကျောင်းမှာရှိတဲ့ နွားသုံးကောင်ကတော့ တစ်လကြာတာတောင် ပေါ်မလာသေးသူအတွက် သို့လောသို့လောဖြစ်နေကြပါတယ်။ ဒါပေမယ့်လည်း အရင်တစ်ခေါက်တုန်းကလည်း တစ်လလောက်အထိ ခရီးထွက်ထားခဲ့ဖူးတာကြောင့် သိပ်တော့အများကြီးတွေးမနေခဲ့ကြပါဘူး။ အချိန်တွေကုန်ဆုံးလာပြီး လောင်းရွှမ်ပြည် ကျောင်းပေါင်းစုံပြိုင်ပွဲကျင်းပရန် တစ်ပတ်သာလိုပါတော့တယ်။

ငနာသုံးကောင်ဟာ အခုအချိန်မှာတော့ အေးဆေးမနေနိုင်ကြတော့ပါဘူး။

"ရှောင်လေးက အခုထိဘာလို့ ပြန်မလာရသေးတာလဲကွာ။ ကျောင်းတွင်းရွေးချယ်ပွဲတွေက စတော့မှာ။ အခုအချိန်ထိပြန်မလာသေးရင်တော့ လေးဌာနနဲ့ဆေးပညာဌာနကိုယ်စားပြုရွေးချယ်ပွဲကို သူလွတ်သွားတော့မှာ"လို့ လောင်းကစားရုံနောက်က နားနေဆောင်ရဲ့ခုံမှာ ထိုင်နေတဲ့ ယန်ယုကမျက်မှောင်ကြုတ်ရင်းပြောလိုက်ပါတယ်။

ကျောင်းပေါင်းစုံပြိုင်ပွဲကြီး မစခင်မှာ တော်ဝင်ရိုလန်ကျောင်းရဲ့ ဌာနခွဲတိုင်းက ဌာနကိုယ်စားပြုကျောင်းသားကို ရွေးချယ်ကြပါတယ်။ ဌာနတိုင်းက နိုင်ငံတော်ပြိုင်ပွဲမှာ ကျောင်းနဲ့ဌာနကို ကိုယ်စားပြုကာယှဉ်ပြိုင်ဖို့အတွက် အတော်ဆုံးကျောင်းသားကို ရွေးချယ်စေလွှတ်မှာဖြစ်ပါတယ်။

All Chapters