အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၄၅)
ရှန်ယန်ရှောင် ပျောက်သွားခဲ့တဲ့နောက်မှာ ဇာမဏီငှက်ရဲ့ မီးနဂါးတွေက သင်္ချိုင်းတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ သူမကို မတွေ့ခဲ့ရပေမယ့် လက်မလျှော့ခဲ့ဘဲ သင်္ချိုင်းထဲမှာပဲ လျှောက်သွားနေခဲ့ပါတယ်။
တစ်လကြာရှာခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ရပါဘူး။ နတ်ဘုံကိုသွားပြီး တန်ခိုးရှင်ကို အကူအညီတောင်းမယ်အလုပ်မှာပဲ သင်္ချိုင်းမြေထဲမှာ ထူးဆန်းတဲ့ ဝင်ထွက်သက်ကို ရလိုက်ပါတယ်။
ဘယ်နေရာကနေ ဘယ်လိုပေါ်လာမှန်းမသိရတဲ့ အဲ့ချာတိတ်လေးက သင်္ချိုင်းထဲကနေထွက်ကာ ရွာလေးဆီသွားလိုက်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ပျောက်သွားတဲ့ကိစ္စကို မေးဖို့အတွက် ကောင်ကလေးကို ဇာမဏီက ဖမ်းဖို့ကြံခဲ့သေးပေမယ့် ရွာထဲကို ကောင်လေးရောက်ပြီးနောက် ဖြစ်ပျက်ခဲ့တာတွေက သူ့ကိုကြောင်တက်တက်ဖြစ်သွားစေခဲ့ပါတယ်။
ရွာထဲကိုဝင်တာနဲ့ လူသတ်ပွဲကြီးကို ကောင်လေးက စတင်ပါတော့တယ်။ တွေ့သမျှရွာသားတိုင်းကို မြင်တာနဲ့သတ်ပစ်ခဲ့တာဖြစ်ပြီး ဘာစကားမှကို ပြောချိန်မပေးခဲ့သလို တစ်ယောက်ကိုမှလည်း အသက်ချမ်းသာမပေးခဲ့ပါဘူး။
ရှေ့ကိုဆက်သွားရင်းနဲ့ အလောင်းတွေတိုးလာခဲ့ပြီး နေ့တစ်ဝက်အတွင်းမှာပဲ သူ့လက်အတွင်းမှာ ဇီဝိန်ချုပ်ခဲ့ရတဲ့ ရွာသားတွေက များလှပါပြီ။ ကောင်လေးကို တုံ့ပြန်ခုခံနိုင်စွမ်းမရှိကြတဲ့ ရွာသားတွေဟာ လည်စင်းပေးထားရတဲ့ သိုးငယ်တွေလို အသတ်အဖြတ်ခံခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ ဦးလေးကျူဟာ ကောင်လေးရဲ့ သတ်ဖြတ်မှုကြီးကို ရပ်တံ့စေရန်အလို့ငှာ ပေါ်ထွက်လာခဲ့ပါတယ်။
"အဲ့လူသားအဖိုးကြီးက တော်တော်စွမ်းတာပဲကွ။ အဲ့ကောင်လေးကလည်း ထူးဆန်းတယ်လို့ ငါထင်တယ်။ သူ့ဝင်ထွက်သက်ထဲမှာ နတ်ဆိုးမျိုးနွယ်ရဲ့အငွေ့အသက်ရှိနေတာကို ငါခံစားမိနေတယ် တစ်ကယ့်ကိုမယုံနိုင်စရာကောင်းလွန်းတယ်ကွ"လို့ ဖြစ်သမျှအကြောင်းစုံကို ဇာမဏီငှက်က ပြောပြလိုက်ပါတယ်။
"နတ်ဆိုးမျိုးနွယ်ရဲ့ အငွေ့အသက် ဟုတ်လား"ဆိုပြီး ရှန်ယန်ရှောင် ခနတာမင်သက်သွားပါတယ်။
"နတ်ဆိုးမျိုးနွယ်တင်မကဘူး ဒီကောင်လေးရဲ့ သတ်နည်းဖြတ်နည်းက နဂါးမျိုးနွယ်လိုပဲ ရိုးရှင်းကြမ်းတမ်းတဲ့ နှလုံးသားကို ထုတ်ယူသတ်ဖြတ်နည်းပဲ"
ဇာမဏီငှက် ဒီနေရာမှာထိုင်ကာ ကြည့်ရှုနေခြင်းအကြောင်းက အဲ့ကောင်လေးဆီမှာ ထူးခြားတဲ့အချက်တွေ အများကြီးတွေ့နေရလို့ဖြစ်ပါတယ်။
"သူတို့ ချနေတာ ဘယ်လောက်ကြာပြီလဲ"လို့ ကောင်လေးရဲ့ နောက်ခံအပေါ် စိတ်ဝင်စားချိန်မရှိဘဲ ဂူဝံပုလွေအဖွဲ့သား လေးယောက်အပေါ်မှာပဲ စိုးရိမ်နေတဲ့ ရှန်ယန်ရှောင်ကမေးလိုက်ပါတယ်။
"လဝက်လောက်ရှိပြီကွ"
သူတို့နှစ်ယောက်စကားပြောနေချိန်မှာ ဦးလေးကျူက သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး ချိုင်းထောက်တွေကို အားပြုဆုပ်ကိုင်လိုက်ကာ အလွန်အမင်းသွေးအေးတဲ့ ကောင်လေးအား ဝမ်းနည်းပူဆွေးစွာကြည့်လိုက်ပါတယ်။
"ဖန်းလေး....မင်း ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ"ဟု ဦးလေးကျူက ရင်နာနာနဲ့ပြောလိုက်ပါတယ်။
ဦးလေးကျူ နာကျင်စွာနဲ့ မျက်လုံးမှိတ်လိုက်ပါတယ်။ ဒီရက်တွေအတွင်းတိုက်ခိုက်နေရတဲ့ ခက်ခဲတဲ့တိုက်ပွဲကြောင့် သူ အားအင်ကုန်ခမ်းမောပန်းနေပါပြီ။ ဖန်းလေးဆိုသော ကောင်လေးကတော့ အမူအယာကင်းမဲ့စွာနဲ့ ကြည့်ကာ ဦးလေးကျူဆီ တစ်လှမ်းခြင်းလှမ်းလာကာ သူ့ရှေ့ကအဖိုးကြီးအား သုတ်သတ်မယ့်ဟန်ပေါက်ပါတယ်။
ဦးလေးကျူရဲ့ ရင်ဝကို လက်သည်းကုပ်သဏ္ဍာန်နဲ့ ထိုးစိုက်တော့မယ့် ကောင်လေးရဲ့လက်ကိုကြည့်ကာ ရှန်ယန်ရှောင် အံကြိတ်လိုက်ပြီးတော့ ဇာမဏီငှက်ကို ခြေထောက်နဲ့ကန်လွှတ်လိုက်ပါတယ်။
"ဝိုး...အာ..အား"
ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်နေခဲ့တဲ့ ဇာမဏီငှက်ဟာ မထင်ထားတဲ့ကန်ချက်ကြောင့် ကောင်ကလေးဆီကို လွင့်ပျံသွားပါတယ်။
ခုခံမှုကင်းမဲ့နေတဲ့ ကောင်လေးဟာ ဇာမဏီငှက်ရဲ့ အော်သံကြောင့် ခေါင်းလှည့်ကြည့်လိုက်ချိန်မှာပဲ မီးတောက်ရောင် အသွင်သဏ္ဍာန်လေးတစ်ခုက သူ့ဆီတိုက်ရိုက်လွင့်ပျံလာတာကို မြင်လိုက်ရပြီး ဘာမှခုခံချိန်မရလိုက်ဘဲ တိုက်မိခံလိုက်ရပါတယ်။
ဇာမဏီငှက်နဲ့ကောင်လေးတို့ဟာ ဘေးနားက အိမ်စုတ်လေးဆီ လွင့်သွားကြကာ နဂိုက ယိုင်နဲ့နဲ့အိမ်လေးဟာ သူတို့နှစ်ယောက်ကြောင့် လဲပြိုသွားခဲ့ပြီး အကျိုးအပဲ့တွေက သူတို့ကိုယ်ပေါ်ကို ကျသွားခဲ့ပါတယ်။
သေမင်းနဲ့တွေ့ဆုံဖို့ လုပ်နေတဲ့ ဦးလေးကျူဟာ ကျယ်လောင်တဲ့အသံကြောင့် မျက်စိဖွင့်ကြည့်လိုက်ကာ အကောင်းအတိုင်းရှိသေးတဲ့ သူ့ကိုယ်သူကြည့်လိုက် ပြိုလဲနေပြီးဖုန်လုံးထနေတဲ့ အိမ်ကိုကြည့်လိုက်နဲ့ ဘာဖြစ်သွားမှန်း မသိဖြစ်နေပါတယ်။
ရှန်ယန်ရှောင်လည်း အိမ်နောက်ကနေ ထွက်လာလိုက်တော့ ဦးလေးကျူမြင်သွားပါတယ်။
"မင်းလား"လို့ သူ့အိမ်မှာအိပ်ခိုင်းခဲ့ဖူးတဲ့ ကလေးကိုတွေ့လိုက်ရလို့ ဦးလေးကျူ တအံ့တသြနဲ့ပြောလိုက်ပါတယ်။
"ကျနော်ပါ"လို့ ရှန်ယန်ရှောင်က ဦးလေးကျူရဲ့ အံ့အားသင့်နေတဲ့ မျက်နှာကို မသိကျိုးကျွံပြုကာ ဒဏ်ကြေဆေးတစ်ပုလင်း ထုတ်ပေးလိုက်ပါတယ်။
"သောက်လိုက်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ကြာကြာခံနိုင်မှာမဟုတ်တော့ဘူး"
ဦးလေးကျူက ရှန်ယန်ရှောင်ကို ဖော်ပြရခက်စွာကြည့်လိုက်ပြီးနောက် မချိပြုံးနဲ့ ဆေးပုလင်းကိုသောက်ချလိုက်ပါတယ်။
"နေမင်းသင်္ချိုင်းထဲကို ဝင်သွားတာက မင်းတို့လို့ ငါတွေးမိခဲ့သင့်တယ် ဒါပေမယ့် နှမြောဖို့ကောင်းတာက ငါက တစ်ကယ့်အဖြစ်ကို ကျော်လွန်ကြည့်လိုက်ပြီး မင်းတို့ကို သာမန်ကလေးတွေလို့ပဲ သတ်မှတ်ခဲ့မိတာပဲ"
ဦးလေးကျူက ခေါင်းကိုရမ်းကာ ငိုမလိုရယ်မလိုမျက်နှာနဲ့ ပြောလိုက်ပါတယ်။
"ဒီမှာ ဘာတွေဖြစ်သွားတာလဲ။ အဲ့ကလေးက ခင်ဗျားကို ဘာကြောင့် သတ်ချင်နေတာလဲ"
ရှန်ယန်ရှောင်ဟာ နေရာတစ်ကာဝင်ပါတတ်သူ မဟုတ်ပေမယ့် သူမအပေါ်မှာ စိတ်ရင်းစေတနာအပြည့်နဲ့ ဆက်ဆံပေးခဲ့တဲ့ ရွာသားတွေ သူမရှေ့မှာ သေမှာကိုတော့ ကြည့်မနေနိုင်ပါဘူး
"ဒါတွေကို မင်းခေါင်းထဲထည့်မနေပါနဲ့ မြန်မြန်သာထွက်သွားလိုက်ပါ ဖန်းလေးပြန်လာတာကို စောင့်နေရင် မင်းတို့တွေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး"လို့ ဦးလေးကျူက လောဆော်လိုက်ပါတယ်။
"ဖန်းလေးဆိုတာ ဒီကောင်လေးကို ပြောတာလား"လို့ အပျက်အစီးပုံကြားက ထွက်လာတဲ့ ဇာမဏီငှက်က လက်တစ်ဖက်နဲ့ တရွတ်တိုက်ဆွဲခေါ်လာတဲ့ သတိမေ့နေသူတစ်ယောက်ကို မေးငေါ့ကာပြောလိုက်ပါတယ်။
"....."
ဦးလေးကျူ ခနတာ ဆွံ့အသွားခဲ့ပြီး သူ့မျက်လုံးသူမယုံနိုင် ဖြစ်သွားပါတယ်။
"ဘယ်လိုလုပ်ပြီး....ဖန်းလေးကိုယ်က နဂါးမျိုးနွယ်ရဲ့ သွေးသွင်းထားတာလေ သူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်အားက လူသားတွေထက် ဆယ်ဆသာလွန်တာကို တိုက်မိရုံလေးနဲ့ ဘယ်လိုလုပ် မေ့သွားရတာလဲ"ဆိုပြီး အမှုမဲ့အမှတ်မဲ့နဲ့ ဦးလေးကျူကပြောလိုက်ပါတယ်။
ဒဏ္ဍာရီသတ္တဝါအဆင့်ရဲ့ ဂိတ်ဆုံးမှာရောက်နေတဲ့ ဇာမဏီငှက်နဲ့တိုက်မိမှတော့ နဂါးမျိုးနွယ်ရဲ့သွေးလောက်ပဲ ရှိတဲ့သူမပြောနဲ့ တစ်ကယ့်နဂါးမျိုးနွယ်ဆိုရင်တောင် မေ့သွားနိုင်လောက်ပါတယ်။
သတိမေ့နေတဲ့ ကောင်လေးကိုကြည့်လိုက်ပြီး စိတ်သက်သာရသွားတဲ့ ဦးလေးကျူဟာ အပျက်အစီးတွေ အပြည့်ဖြစ်နေတဲ့ ရွာကိုကြည့်လိုက်ပြီး သက်ပြင်းချကာ မျက်ရည်တွေကြားကနေ ပြောလိုက်ပါတယ်။
"ထားပါတော့လေ အခြေအနေက ဒီအထိတောင်ရောက်နေမှတော့ မင်းတို့ကို အားလုံးပြောပြပါ့မယ်လေ ငါနဲ့လိုက်ခဲ့ကြ"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၄၆)
ဦးလေးကျူဟာ အိမ်ရယ်လို့မည်မည်ရရမရှိတော့တဲ့ လဲပြိုကျနေတဲ့ သူ့အိမ်ဆီကို သတိမေ့နေတဲ့ ကောင်လေးတစ်ယောက်နဲ့ လမ်းလျှောက်လိုက်လာတဲ့ ကောင်လေးနှစ်ယောက်တို့အား ခေါ်သွားလိုက်ပြီး မီးဖိုခန်းကနေပြီး မြေအောက်ခန်းထဲကို ဆင်းလိုက်ပါတယ်။
မြေအောက်ခန်းကို နောက်တစ်ကြိမ်ရောက်လာတဲ့ ရှန်ယန်ရှောင်ဟာ မြေအောက်ခန်းထဲမှာ မူလကရှိနေသော ကြေးစားလေးယောက်အပြင် လွတ်မြောက်ခဲ့တဲ့ ရွာသားအချို့ကိုပါ တွေ့လိုက်ရပြီး ပါကြီးနဲ့ဂီလေးကိုလည်း တွေ့လိုက်ပါတယ်။
ဦးလေးကျူပြန်လာတာကို တွေ့လိုက်ရတော့ သူတို့အားလုံး ပျော်သွားကြတဲ့ အရိပ်အယောင်တွေဖြစ်သွားခဲ့ပြီး သူမနဲ့ဇာမဏီငှက်တို့ကို တွေ့လိုက်ရချိန်မှာတော့ အံ့အားသင့်သွားကြပါတယ်။
ဇာမဏီငှက်လက်ထဲက သတိမေ့နေသော ကောင်ချောလေးကိုတွေ့လိုက်တာနဲ့ အားလုံး ကြောက်ရွံ့သွားကြပါတယ်။
"ဦးလေးကျူ သူက..."
ပါကြီးက တစ်ရွာလုံးကို သတ်ဖြတ်လုနီးပါးလုပ်ခဲ့တဲ့ ကောင်လေးကိုကြည့်ကာ ပြောလိုက်တာဖြစ်သည်။
"အဆင်ပြေသွားပါပြီကွာ မင်းတို့တွေ အပြင်ထွက်ပြီး ယူစရာရှိတာတွေ ယူလိုက်ကြတော့ ငါတို့ ဒီရွာထဲမှာ ဆက်နေလု့ိ မဖြစ်တော့ဘူး"ဟု ဦးလေးကျူက လက်ယမ်းပြကာပြောလိုက်သည်။
ဘာမှနားမလည်ကြတဲ့ ရွာသားတွေက ခေါင်းသာညိတ်လိုက်ကြပြီးတော့ လူလေးယောက်ကို ဝေခွဲရခက်စွာကြည့်လိုက်ပြီးနောက် မြေတိုက်ခန်းထဲကနေ ထွက်သွားကြပါတယ်။
ကြေးစားလေးယောက်လည်း ပြန်ကောင်းနေကြပါပြီ။ သူတို့က မြေတိုက်ခန်းထဲမှာရပ်နေရင်း ဘာလုပ်ရမှန်းမသိဖြစ်နေကြပါတယ်။ သူတို့ကိုယ်သူတို့ သေပြီလို့တွက်ထားကြပေမယ့် ဦးလေးကျူကနေ ရွာသားတွေလက်ထဲမှ ကယ်တင်ပေးခဲ့တာကြောင့် အသက်ရှင်နေကြပါတယ်။ ဒီအတောအတွင်းမှာ မြေတိုက်ခန်းထဲကနေ အပြင်ကို ထွက်လို့မရသေးတာကြောင့် ရွာထဲမှာဘာတွေဖြစ်ပျက်သွားမှန်း မသိကြသေးပါဘူး။
ဦးလေးကျူဘေးမှာရပ်နေတဲ့ သူတို့အဖွဲ့၏ အရေးကြီးပုဂ္ဂိုလ်ကိုတွေ့လိုက်ရတော့ သူတို့မျက်လုံးတွေထဲမှာ သိလိုစိတ်နဲ့အတူ စိတ်လှုပ်ရှားမှုလည်း ဖြစ်ပေါ်သွားပါတယ်။
"မင်းတို့လည်း အပြင်ထွက်စောင့်ကြဦး ဒီကောင်လေးနှစ်ယောက်နဲ့ ငါနဲ့ပြောစရာတွေရှိသေးတယ်"လို့ ဦးလေးကျူက ပြောလိုက်သည်။
ကြေးစားလေးယောက်လည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှန်ယန်ရှောင်အား ပြုံးပြကာ ထွက်သွားလိုက်ကြပါတယ်။
"မင်းတို့လည်း ထိုင်ကြဦးကွာ"လို့ ပင်ပန်းနေတဲ့ ဦးလေးကျူက ထိုင်ချလိုက်ကာ ပြောလိုက်ပါတယ်။
ဇာမဏီငှက်က သတိမေ့နေတဲ့ ကောင်လေးကို ကုတင်ပေါ်ပစ်တင်လိုက်ပြီး ရှန်ယန်ရှောင်လက်ကိုဆွဲကာ ထိုင်ချလိုက်ပါတယ်။
"နှစ်များစွာကြာခဲ့တာတောင် နေမင်းသင်္ချိုင်းထဲကို ဝင်ဖို့ကြိုးစားခဲ့သူတွေ အများကြီးရှိခဲ့တဲ့ထဲက ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး။ မင်းတို့ကလေးနှစ်ကောင်က ဝင်နိုင်သွားလိမ့်မယ်လို့လည်း ငါထင်မထားခဲ့ဘူး"
"ဦးလေးကျူ ရွာနဲ့နေမင်းသင်္ချိုင်းနဲ့က ဆက်နွယ်နေတာလား"လို့ ရှန်ယန်ရှောင်ကမေးလိုက်သည်။
ဦးလေးကျူက ဘာမှမတတ်နိုင်ဟန်နဲ့ ခေါင်းညိတ်ပြလိုက်သည်။
"နေမင်းသင်္ချိုင်းနဲ့တင်မကဘူး အဲ့ထဲက လူတွေနဲ့ပါပတ်သတ်နေတာပဲ"
"နေမင်းသင်္ချိုင်းထဲမှာ လူတွေရှိတယ်ပေါ့"လို့ ရှန်ယန်ရှောင်က အံ့သြစွာပြောလိုက်သည်။
"အခြေအနေက ဒီလိုတောင်ဖြစ်နေပြီဆိုတော့လည်း ငါ့အနေနဲ့ ဘာမှဖုံးကွယ်ထားဖို့ မလိုတော့ပါဘူး။ နေမင်းသင်္ချိုင်းကို လူတစ်စုက ဟိုးအရင်ကတည်းက သိမ်းပိုက်ထားခဲ့ပြီးတော့ နေမင်းသင်္ချိုင်းရဲ့ ဖရိုဖရဲစွမ်းအင်တွေရဲ့ အကာအကွယ်အောက်မှာ မြေအောက်စခန်းတစ်ခုဆောက်ပြီး ကိစ္စရပ်တစ်ချို့ကို အကောင်အထည်ဖော်နေခဲ့ကြတယ်။ ရွာလေးကို သူတို့ရောက်ပြီးနောက်မှ တည်ထားခဲ့တာ ရည်ရွယ်ချက်ကလည်း နေမင်းသင်္ချိုင်းထဲကို အပြင်လူတွေမဝင်နိုင်အောင်ပေါ့ကွာ"
"ဂီလေးနဲ့ပါကြီးတို့ရဲ့ ဒဏ်ရာတွေက မတော်တဆဖြစ်လို့ မဟုတ်ဘူးမလား"
"ကြေးစားလေးယောက်ရဲ့ အမူအယာတွေအရ သူတို့က မင်းကိုသိပုံရတယ် ဒီတော့ မင်းအနေနဲ့လည်းသူတို့အဖွဲ့ ဘယ်လိုတွေ့ကြုံခဲ့ရတယ်ဆိုတာကို သိထားမှာပဲ။ ဒါပေမယ့် အခုက အဲ့ဒါကအရေးမကြီးပါဘူး။ အဲ့ဒီညက သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ လူတွေဟာ ဒီရွာကရွာသားတွေပဲ။ ဒါပေမယ့် ငါ့ကိုယုံစမ်းပါ သူတို့တွေက သူတို့စိတ်နဲ့သူတို့ တိုက်ခိုက်တာ မဟုတ်ပါဘူး"
"သူတို့တွေဟာ နေမင်းသင်္ချိုင်းထဲကလူတွေ နောက်ပိုင်းမှာ ဝယ်လာခဲ့တဲ့ သနားစရာ မိဘမဲ့လေးတွေပါ။ အဲ့လူတွေက မိဘမဲ့ကလေးတွေအပေါ်မှာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပြီး တစ်ခြားမျိုးနွယ်တွေရဲ့ သွေးကို သူတို့ကိုယ်ထဲ ထည့်ပေးခဲ့ကြတယ်"
ဒီလောကနဲ့ သူမရဲ့အရင်ဘဝလောကတို့ဟာ လုံးဝခြားနားပါတယ်။ ဒီလောကမှာ လူသားတွေအပြင် တစ်ခြားစွမ်းအားကြီး မျိုးနွယ်တွေလည်း ရှိကြပါတယ်။ ကျဆုံးသွားပြီဖြစ်တဲ့ နတ်မျိုးနဲ့ နတ်ဆိုးမျိုးနွယ်အပြင် ဒီလောကထဲမှာက စွမ်းအားကြီးသော နဂါးမျိုးနွယ်၊ တစ်သီးတစ်သန့်နဲ့ဟိတ်ဟန်ကြီးသော နတ်သူငယ်တွေ၊ ခြောက်ခြားဖွယ်ကောင်းတဲ့ ဘီလူးတွေ၊ ပါးနပ်လိမ္မာတဲ့ လူပုတွေနဲ့ ပင်လယ်ထဲမှာနေတဲ့ ရေသူမမျိုးနွယ်တွေလည်း ရှိနေပါတယ်။
ဒီလောကထဲက မျိုးနွယ်တိုင်းမှာ သူ့ကိုယ်ပိုင်ဝိသေသလက္ခဏာကိုယ်စီ ရှိကြပါတယ်။
အခု ဦးလေးကျူပြောလိုက်တာက ဒီလုံး၀ မတူကွဲပြားတဲ့ မျိုးနွယ်တွေနဲ့ လူသားတွေကို ပေါင်းစပ်ဖို့ လုပ်နေတယ်ဆိုတာကြီးက တစ်ကယ့်ကိုမယုံနိုင်စရာကောင်းတဲ့ အဖြစ်ပါပဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၄၇)
"ဦးလေးကျူ အခုပြောလိုက်တာ အမှန်ပဲလား"
မျိုးနွယ်တိုင်းမှာ အားနည်းချက် အားသားချက်တွေရှိကြပြီး ပြောင်းလဲပစ်လို့မရတဲ့ သဘာဝအတိုင်းဖြစ်တည်မှုဖြစ်ပါတယ်။
မတူညီတဲ့ မျိုးနွယ်နှစ်ခုကို ပေါင်းစပ်ပေးနိုင်မယ်ဆိုရင် အလွန်ကြောက်ဖို့ကောင်းတဲ့ သက်ရှိဖြစ်သွားပါလိမ့်မယ်။ နတ်တွေက အမှောင်စွမ်းအင်ကို မုန်းတီးကာ နတ်ဆိုးတွေက အလင်းစွမ်းအင်ကို ကြောက်ရွံ့ကြပါတယ်။
ဒီမျိုးနွယ်နှစ်ခုသာ ပေါင်းစပ်လို့ရသွားရင် အလွန်စွမ်းအားကောင်းတဲ့ နတ်တန်ခိုးနဲ့အမှောင်စွမ်းအားတို့ကို ထုတ်သုံးနိုင်တဲ့ သက်ရှိဖြစ်သွားနိုင်ရုံသာမက အလင်းရောအမှောင်ရောကိုပါ မကြောက်တော့မယ့် သက်ရှိဖြစ်သွားမှာပါ။
ဒီအသန်မာဆုံး မျိုးနွယ်နှစ်ခု ပေါင်းစပ်သွားခြင်းကို တွေးကြည့်ရုံနဲ့တင် လူတွေကို ကြက်သီးတဖြန်းဖြန်းထစေမှာဖြစ်သည်။
"ငါပြောတာတွေက ယုံဖို့ခက်တယ်ဆိုတာ ငါသဘောပေါက်ပါတယ်။ တစ်ကယ်ဆိုရင် မင်းအနေနဲ့ ပါကြီးနဲ့ဂီလေးကို ကြည့်လိုက်ရင်ကို သဘောပေါက်မှာပါ"
"ဦးလေးကျူဆိုလိုတာက ဂီလေးနဲ့ပါကြီးတို့ကလည်း..."
"ပါကြီးကိုယ်ထဲကို နဂါးသွေးထည့်ထားလို့ သူ့ခွန်အားက သာမန်လူထက် ဆယ်ဆကြီးနေပြီး ဂီလေးကိုယ်ထဲမှာတော့ နတ်သူငယ်သွေးထည့်ထားတော့ သူ့အလျှင်နဲ့တိကျမှုတို့က သာမန်လူတွေထက် သာလွန်သွားတယ်လေ"လို့ ဦးလေးကျူ ပြောလိုက်သည်။
"ဒီတော့ ကျန်တဲ့ တစ်ရွာလုံးလည်း ဒီအတိုင်းပဲပေါ့"လို့ ရှန်ယန်ရှောင် မေးလိုက်သည်။
"အဲ့အတိုင်းပဲ"
"သူရောပဲလား"ဟု သတိမေ့နေဆဲဖြစ်သော ကုတင်ပေါ်က ကောင်လေးကိုထိုးပြကာ ပြောလိုက်ပါတယ်။
"ဖန်းလေးက ကျန်တဲ့ရွာသားတွေနဲ့ လုံးဝမတူဘူး"ဟု မချိပြုံးပြုံးရင်း ဦးလေးကျူဖြေလိုက်ပါသည်။
"ဒီရွာထဲက ရွာသားတွေက သူတို့ရဲ့စမ်းသပ်မှုတွေမှာ မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်တွေဖြစ်ပြီးတော့ ဖန်းလေးကတော့....သူက ပြည့်စုံတဲ့ ထုတ်ကုန်တစ်ခုပဲ"
"တစ်ခြားမျိုးနွယ်ရဲ့ သွေးကို လူ့ကိုယ်ထဲ ထည့်သွင်းတဲ့ကိစ္စက ပေါ့သေးသေးကိစမဟုတ်ဘူး။ စမ်းသပ်မှုမရှိဘဲလုပ်ရင် အစမ်းသပ်ခံကို သေသွားစေနိုင်တယ်။ ဒီရွာထဲကရွာသားတွေက စမ်းသပ်မှုမှာ အသက်ရှင်ကျန်ရစ်တယ်ဆိုပေမယ့် တစ်ခြားမျိုးနွယ်ရဲ့ ဝိသေသလက္ခဏာအားလုံးကိုလည်း မရရှိခဲ့ကြပါဘူး။ ပါကြီးက နဂါးသွေးနဲ့ရောစပ်ထားပေမယ့် သူ့မှာ နဂါးမျိုးနွယ်ရဲ့ ခွန်အားနဲ့ကာယကြံ့ခိုင်မှုသာ ရှိပြီးတော့ နဂါးအားမထုတ်နိုင်ဘူး။ ဂီလေးက နတ်သူငယ်တွေရဲ့ လျှင်မြန်မှုနဲ့တိကျမှုတို့ ရရှိထားပေမယ့် နတ်သူငယ်တွေလိုမျိုး သစ်ပင်တွေနဲ့ ဆက်သွယ်နိုင်ခြင်းမရှိဘူး ဒီတော့ သူတို့က မပြည့်စုံကြဘူးပေါ့"လို့ ပြောလိုက်တဲ့ ဦးလေးကျူမျက်လုံးတွေထဲမှာ စိတ်မကောင်းခြင်းတွေဖြစ်ပေါ်နေပါတယ်။
"အဲ့လူတွေက ဒီမအောင်မြင်တဲ့ထုတ်ကုန်တွေကို ဖျက်စီးပစ်ကြမှာပဲ ဒါပေမယ့် သူတို့တွေသေတာရယ် စမ်းသပ်မှုတွေ ဆက်လုပ်တာကို ကြည့်နိုင်တဲ့နှလုံးသား မရှိတော့တာရယ်ကြောင့် ဒီရွာကို ကံကောင်းထောက်မပြီး အသက်ရှင်ခဲ့ကြတဲ့ လူတွေနဲ့ငါနဲ့ လာနေပြီးတော့ နေမင်းသင်္ချိုင်းအဝင်ဝကို စောင့်ကြပ်ပေးမယ်ဆိုပြီး တောင်းဆိုခဲ့တယ်"
ဒီနေရာအရောက်မှာတော့ ဦးလေးကျူက သူမနဲ့ဇာမဏီငှက်တို့ကို ကြည့်လိုက်ပါတယ်။
"ရွာသားတွေက နေ့နဲ့ညမှာ လုံးဝခြားနားသွားတာ ဘာလို့လဲဆိုတာကို မင်းတို့သိချင်နေမှာပဲ ဟုတ်တယ်နော်"
ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်ပါတယ်။
"ဘာလို့လဲဆိုရင် ဒီလူတွေကို ငါနဲ့အတူ ခေါ်သွားခွင့်ပေးခဲ့ပေမယ့် သူတို့တွေက ဒီလူတွေအပေါ်မှာ ကျိန်စာတစ်ခုထည့်ခဲ့လို့ပဲ။ နေ့ခင်းပိုင်းမှာတော့ သူတို့တွေဟာ သာမန်လူတွေလိုပဲဖြစ်နေပြီး ညဦးပိုင်းရောက်တာနဲ့ လူစိမ်းတွေရဲ့ အနံ့ကိုလိုက်ရှာကြတယ်။ တွေ့သွားပြီဆိုတာနဲ့ သားရိုင်းတွေလိုဖြစ်သွားပြီး လူစိမ်းတွေကို သူတို့အစွမ်းရှိသမျှနဲ့ ရှင်းလင်းသုတ်သင်ကြမှာပဲ။ ဒါတွေက ငါထိန်းနိုင်တဲ့အစွမ်းထက် ကျော်သွားခဲ့ပြီ။ အဲ့ဒီကြေးစားအဖွဲ့ကတော့ တော်တော်ကံကောင်းသွားခဲ့တယ် အများစုက လွတ်မြောက်သွားကြပြီး အချို့ကတော့ ဒဏ်ရာပြင်းလွန်းလို့ မကုသနိုင်တော့ဘဲ စောစောကကြေးစားလေးယောက်သာ ဒဏ်ရာသိပ်မပြင်းလို့ ငါသယ်လာခဲ့ပြီး သူတို့တွေပြန်လို့ရအောင် ငါ ဆေးကုပေးထားခဲ့တာပဲ"
"မင်းတို့နှစ်ယောက်ကို ငါ့အိမ်မှာနေခိုင်းရတဲ့အကြောင်းက တစ်ရွာလုံးမှာ ငါ့အိမ်တစ်အိမ်ပဲ လုံခြုံတာဖြစ်တဲ့အပြင် ညအခါမှာတောင် ငါ့အိမ်ထဲမှာလူစိမ်းသူစိမ်းရှိနေလည်း သူတို့က ဘာမှလုပ်ကြမှာမဟုတ်လို့ပါ"
ဦးလေးကျူစကားကို နားထောင်နေတဲ့ ရှန်ယန်ရှောင်တစ်ယောက် စိတ်ထဲထိတ်ကနဲဖြစ်သွားခဲ့ရပါတယ်။ ဦးလေးကျူအိမ်က မထွက်ခင်တုန်းက လိုလိုမယ်မယ်ဆိုပြီး လရောင်ဆွဲကြိုးဆွဲထားခဲ့လို့သာပေါ့ မဟုတ်ရင် ရွာသားတွေက သူမကိုလိုက်ကြဦးမှာပဲ။ ဇာမဏီငှက်နဲ့ဖီးနစ်တို့ကတော့ မှော်သားရဲတွေဖြစ်လို့ ရွာသားတွေက ဂရုမစိုက်တဲ့ဟန်ပေါ်ပါတယ် အဲ့ဒီညကလည်း မှော်သားရဲတွေကို ရွာသားတွေက ဘာမှမလုပ်ခဲ့ကြဘူးလေ။
"ဦးလေးကျူက အဲ့လူတွေထဲက တစ်ယောက်ဆိုရင် ဒီကလေးက ဘာဖြစ်လို့ ဒီရွာထဲက ရွာသားတွေကို လိုက်သတ်နေရတာလဲ"
"ငါ အဲ့လူတွေဆီကနေ ထွက်လာတုန်းက နေမင်းသင်္ချိုင်းထဲကို ဘယ်သူ့ကိုမှ အဝင်မခံဘူးလို့ ကတိပေးခဲ့တယ်လေ ဒါပေမယ့် တစ်ယောက်ယောက်က ဝင်လာတော့ ရွာရဲ့အပြစ်လို့သတ်မှတ်ပြီး ဒီနေရာက မအောင်မြင်တဲ့ ထုတ်ကုန်အားလုံးကိုသတ်ဖို့ လူတွေလွှတ်လိုက်မှာပဲ"ဟု ဦးလေးကျူက ခေါင်းငုံ့လိုက်ပြီး ဘာမှမတတ်နိုင်ဟန်နဲ့ ပြောလိုက်ပါတယ်။
"အဲ့ဒါက ရက်စက်လွန်းတာပဲ"လို့ ရှန်ယန်ရှောင်က မျက်မှောင်ကြုတ်ကာပြောလိုက်ပါတယ်။ သူမနဲ့ဇာမဏီငှက်တို့က ခိုးဝင်ဖို့ အထူးတလည်နည်းလမ်းတွေရှိနေလို့ ထားပါတော့လေ ဒါပေမယ့် တစ်ကယ်စွမ်းအားကြီးတဲ့သူ တစ်ယောက်ယောက်က ရောက်လာပြီး ရွာသားတွေကလည်း မတိုက်ခိုက်နိုင်တဲ့သူဆိုရင်ရော ဦးလေးကျူနဲ့ ရွာသားတွေရဲ့ အပြစ်လို့သတ်မှတ်မှာပဲလား။
အဲ့ဒါကြီးက ဗိုလ်ကျလွန်းအားကြီးပါတယ်။
"သူတို့တွေက ကိစ္စတွေကိုင်တွယ်တဲ့နေရာမှာ အရမ်းသတိထားကြတယ်လေ သူတို့ကို ထောက်ပြနိုင်မယ့် အထောက်အထားတွေကို ဘယ်လိုလုပ် ချန်ခဲ့ကြမှာလဲ။ နောက်ပြီးတော့ ငါ သူတို့ဆီကနေ ထွက်လာတဲ့နေ့ကတည်းက သူတို့စိတ်ထဲမှာ ငါ့အပေါ် သံသယဖြစ်နေခဲ့ပြီလေ ဒါပေမယ့် ဒီနှစ်တွေထဲမှာ ဘယ်သူကမှ နေမင်းသင်္ချိုင်းထဲကို မဝင်နိုင်ခဲ့တော့ ငါ့ကိုထောက်စရာ ပြစ်ချက်မရှိဖြစ်နေခဲ့လို့သာပေါ့ ဒီတစ်ခေါက်ပဲ....."
ဦးလေးကျူက ဆက်မပြောတော့ပေမယ့် ဒီတစ်ရွာလုံး ခံစားလိုက်ရတာက သူမကြောင့်ဆိုတာကို ရှန်ယန်ရှောင် နားလည်ပါတယ်။
"ကျနော် တောင်းပန်ပါတယ်"
ရှန်ယန်ရှောင်ရင်ထဲမှာ အပြစ်မကင်းမှုတွေ ခံစားဖြစ်တည်သွားရပါသည်။ ဒီရွာမှာ လူ့အန္ဓတွေ ဆိုးသွမ်းယုတ်မာသူတွေသာပြည့်နေခဲ့ရင် ဒီဖြစ်ရပ်က သူမကြောင့်ဖြစ်တယ်ဆိုရင်တောင် ဘာမှခံစားမိနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီရွာထဲကလူတွေဟာ နဂိုထဲကကို သနားဖို့ကောင်းလှသူတွေဖြစ်နေပြီး အခု သူမကြောင့် သူတို့တွေ ဒုက္ခဆိုးကြီးနဲ့တွေ့ကြုံလိုက်ရပါတယ်။