← Chapters

မြင့်မြတ်အင်မော်တယ်အဆင့် သိုင်းတာအို

Vol. 17 Ch. 167

မြင့်မြတ်အင်မော်တယ်အဆင့် သိုင်းတာအို

Vol. 17 Ch. 167

တာအိုကောင်းကင်အင်မော်တယ်အနှစ်သာရတစ်ခုကို စုပ်ယူပြီးနောက် သူ၏ အစွန်းရောက်လေးပါးသိုင်းတာအိုမှာလည်း အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူသည် ထိုမြင့်မြတ်အင်မော်တယ်အနှစ်သာရကို သေချာလေ့လာလိုက်သည်။ နာမည်ကိုကြည့်ရုံနှင့်ပင် ၎င်းမှာ တာအိုကောင်းကင်အင်မော်တယ်အနှစ်သာရကဲ့သို့သော အမျိုးအစားတူရတနာတစ်ခုဖြစ်ကြောင်း သိနိုင်သည်။

“မြင့်မြတ်အင်မော်တယ်အနှစ်သာရ- မြင့်မြတ်အင်မော်တယ်တာအို၏ နက်နဲသောလျှို့ဝှက်ချက်များပါဝင်သည့် ရှားပါးရတနာတစ်ခုဖြစ်သည်။ သိုင်းတာအိုအမှတ်အသားတစ်ခုကို မြင့်မြတ်အင်မော်တယ်အဆင့်သို့ မြှင့်တင်ပေးနိုင်သည်”

မိုချန်နှင့်အတူရှိနေခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်ရာ ကျန်းချန်သည် အင်မော်တယ်လောကနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်ထားပြီးဖြစ်သည်။ ပုံမှန်အားဖြင့် မိုးကြိုးကပ်ဘေးကိုဖြတ်ကျော်၍တက်လှမ်းသွားပြီးနောက် ကျင့်ကြံသူများသည် ပထမအဆင့် အစစ်အမှန်အင်မော်တယ်အဆင့်တွင် ရှိကြမည်ဖြစ်သည်။

အစစ်အမှန်အင်မော်တယ်အဆင့် ၉ ပြီးနောက် ကောင်းကင်အင်မော်တယ်အဆင့် ၁ သို့ ရောက်ရှိမည်ဖြစ်သည်။ ကောင်းကင်အင်မော်တယ်အဆင့်၏အထက်တွင် မြင့်မြတ်အင်မော်တယ်အဆင့် ရှိလေသည်။

ယခင်က သူ၏တာအိုကောင်းကင်အင်မော်တယ်အနှစ်သာရသည် အစစ်အမှန်အင်မော်တယ်အဆင့်ရှိ သိုင်းတာအို၏သိမြင်နားလည်မှုများကို ပေးအပ်ခဲ့သည်။ ၎င်းသည်ပင် အောက်လောက၏ကန့်သတ်ချက်ကို ချိုးဖျက်ပြီးဖြစ်နေလေပြီ။

အောက်လောကမှသိုင်းတာအိုရှင်တစ်ဦး၌ ထူးခြားသောပါရမီရှိနေလျှင်ပင် သူတို့၏သိုင်းတာအိုမှာ သူတော်စင်အဆင့်တွင်သာ ရပ်တန့်နေမည်ဖြစ်သည်။ အကြောင်းမှာ အင်မော်တယ်အဆင့်ရှိ သိမြင်နားလည်မှုများကို ရရှိနိုင်မည့်နည်းလမ်း လုံးဝမရှိသောကြောင့်ပင်။

သို့သော် ယခုအခါ ကျန်းချန်မှာ အောက်လောကတွင် ရှိနေဆဲဖြစ်သော်လည်း မြင့်မြတ်အင်မော်တယ်အဆင့်သိုင်းတာအို သိမြင်နားလည်မှုများရရှိနေပြီဖြစ်သည်။ အကယ်၍သူသာ အင်မော်တယ်လောကသို့ တက်လှမ်းသွားပါက အစကတည်းက ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်နေပေလိမ့်မည်။

အင်မော်တယ်အဆင့်သို့ရောက်ရှိနေပြီဖြစ်သော သိုင်းတာအိုသုံးခုကိုကြည့်ပြီးနောက် သူသည် မျှတစွာတိုးတက်စေရန်အတွက် မြင့်မြတ်အင်မော်တယ်အနှစ်သာရကို အခြားမြစ်များတွင်အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ အချိန်အတော်ကြာရွေးချယ်ပြီးနောက် သူသည် ဟင်းလင်းပြင်နှင့် အချိန် သိုင်းတာအိုကို ရွေးချယ်လိုက်သော်လည်း စနစ်က ချက်ချင်းပင် အချက်ပေးချက်တစ်ခု ထုတ်ပြန်လေ၏...

“အခြေခံအားနည်းနေသဖြင့် အဆင့်မြှင့်တင်၍မရ...”

တောက်... ဒီမြင့်မြတ်အင်မော်တယ်အနှစ်သာရကို သုံးဖို့အတွက် အခြေခံလိုအပ်နေသေးတာလား...

ထိုမြစ်သည် အင်မော်တယ်အဆင့်သို့မရောက်ရှိသေးပါက ၎င်းကို မြင့်မြတ်အင်မော်တယ်အဆင့်သို့ တိုက်ရိုက်မြှင့်တင်၍မရပေ။ အခြားနည်းလမ်းမရှိသဖြင့် သူသည် အစစ်အမှန်အင်မော်တယ်အဆင့်သို့ရောက်ရှိပြီးသားဖြစ်သော ဓာတ်ကြီးငါးပါးသိုင်းတာအိုကိုသာ မြင့်မြတ်အင်မော်တယ်အဆင့်သို့ မြှင့်တင်လိုက်ရတော့သည်။

နောက်တစ်ခဏတွင် တာအိုနန်းတော်မှာ လေပေါ်သို့အလိုအလျောက်ပျံတက်သွားပြီး အင်မော်တယ်တစ်ပါးဆင်းသက်လာသကဲ့သို့ အလင်းတန်းများဖြာထွက်လာ၏။ သိုင်းတာအိုမြစ်ကိုးစင်းမှာ ကောင်းကင်ယံတွင်တွဲစီးဆင်းနေပြီး ဓာတ်ကြီးငါးပါးကိုကိုယ်စားပြုသော အပြာရောင်မြစ်ပြင်မှာ လျင်မြန်စွာချဲ့ထွင်လာကာ ရွှေရောင်တောက်ပနေသော အမှတ်အသားစာသားများမှာ မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် ပလက်တီနမ်အရောင်သို့ ပြောင်းလဲသွားတော့သည်။

ထိုအမှတ်အသားသည် မြစ်ရေပြင်ပေါ်တွင်လှိုင်းထနေပြီး ထူထပ်သိပ်သည်းစွာဖြင့် အလွန်လျှို့ဝှက်နက်နဲသောအရှိန်အဝါများကိုထုတ်လွှတ်နေကာ ဤလောကတွင်မရှိသင့်သော ထူးဆန်းသည့်ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ မြင့်မြတ်အင်မော်တယ်အဆင့်ရှိ အမှတ်အသားတစ်ခုကို ဖန်တီးလိုက်လေပြီ။

ဓာတ်ကြီးငါးပါးနှင့်ပတ်သက်သည့် မရေမတွက်နိုင်သောသိုင်းတာအိုသိမြင်နားလည်မှုများမှာ ကျန်းချန်၏ စိတ်ထဲတွင် ထပ်မံပေါ်ပေါက်လာ၏။ ယခင်အကြိမ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ်ရှိ သိမြင်နားလည်မှုများမှာ ပိုမိုနက်နဲကာလျှို့ဝှက်လှပေသည်။

နှစ်ပေါင်းသောင်းချီ ကြာမြင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏အသိစိတ် ပြန်လည်ရောက်ရှိလာသောအခါ သူ့ရှေ့တွင် လူများရပ်နေသည်ကို သတိထားမိလိုက်သည်။ ချင်းစော့နှင့် နှလုံးသားဌာနမှကျွမ်းကျင်သူများ၊ မျက်စိသုံးလုံးကျား၊ လိပ်နက်ဘုရင်၊ လန်ယီ၊ ကျိလင်းဟန်၊ လင်းနင်နှင့် အခြားသော ဖေးရှန်ဂိုဏ်းတပည့်အားလုံးမှာ ပါးစပ်အဟောင်းသားဖြင့်ရှိနေပြီး ပါးစပ်ပိတ်ရန်ပင် မေ့နေကြသည်။ သူတို့အားလုံးမှာ သူ့ကို အံ့သြမှင်သက်စွာဖြင့် စိုက်ကြည့်နေကြခြင်းပင်။

"ဒါ... ဒါကဘာလဲ"

ချင်းစော့၏ တိုးတိုးလေးရေရွတ်သံမှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သေချာပေါက်ပင် ၎င်းမှာ တာအိုနန်းတော်အဆင့်၏ သိုင်းတာအိုမြစ်ဖြစ်ကြောင်း သူမသိသည်။

သူတော်စင်အဆင့်တစ်ဦးအနေဖြင့် သူမသည် တာအိုနန်းတော်အဆင့်ကို လုံးဝအံ့သြမနေသင့်ပေ။ သို့သော် ယခုအခါတွင်မူ သူမသည် အံ့သြတုန်လှုပ်မှုမှလွဲ၍ ဘာမျှမခံစားရပေ။

အစွန်းရောက်လေးပါးနှင့် နန်းဆောင်ကိုးခုဟူသော ထိုအင်မော်တယ်အဆင့် သိုင်းတာအိုနှစ်ခုကို အသာထား၍ ဓာတ်ကြီးငါးပါးသိုင်းတာအိုမှာ မည်သို့ဖြစ်နေသနည်း။ ၎င်းမှာ အင်မော်တယ်အဆင့်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းကာ မြင့်မြတ်ပုံပေါက်နေသည်မဟုတ်လော။

ဒါကဘာကြီးလဲ...

၎င်းမှာ ကျင့်ကြံသူတစ်ဦး၏ မသိနားမလည်သောအရာများအပေါ် စူးစမ်းလိုစိတ်ဖြစ်သော်လည်း ဤအရာမှာ သူမစူးစမ်းနိုင်သည့်အရာမဟုတ်ကြောင်း အသိပေးနေသည့် အသံတစ်ခုလည်းရှိနေသည်။ ၎င်းမှာ သူမနှင့် အလွန်ဝေးကွာလွန်းလှသည်...

"မြင့်မြတ်အင်မော်တယ်အဆင့် သိုင်းတာအိုသိမြင်နားလည်မှု"

"ဒါမဖြစ်နိုင်ဘူး"

ပရိသတ်ထဲတွင် ဘာဖြစ်နေမှန်းသိသည့် တစ်ဦးတည်းသောသူဖြစ်သောမိုချန်မှာ ခေါင်းကိုလက်နှစ်ဖက်ဖြင့်အုပ်ထားမိပြီး သူ၏မျက်နှာမှာပျက်ယွင်းနေကာ မျက်လုံးများထဲတွင်လည်း မိမိကိုယ်ကိုယ်သံသယဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

သူ၏ ယခင် သိုင်းတာအိုနယ်ပယ်မှာ မြင့်မြတ်အင်မော်တယ်အဆင့်တွင်ရှိ၏။ ပြဿနာမှာ သူသည် အင်မော်တယ်ဖြစ်ခဲ့သည်မှာ မည်မျှကြာပြီဆိုသည်နှင့် ထိုမြင့်မြတ်အင်မော်တယ်အဆင့် သိုင်းတာအိုအမှတ်အသားအတွက် အချိန်မည်မျှပေးခဲ့ရသနည်းဆိုသည့်အချက်ပင်။

၎င်းမှာ နှစ်ပေါင်းသန်းရာနှင့်ချီ ကြာမြင့်ခဲ့ခြင်းဖြစ်သည်။ ကျန်းချန်မှာ အောက်လောကတွင်ရှိနေဆဲဖြစ်သော်လည်း ဤအဆင့်သို့ရောက်ရှိနေသော သိုင်းတာအိုအမှတ်အသားတစ်ခုရှိနေလေပြီ။

ဘာ... မြင့်မြတ်အင်မော်တယ်အဆင့် ဟုတ်လား...

အောက်လောကတွင် အင်မော်တယ်လောက၏ဒဏ္ဍာရီများ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုမှာ အင်မော်တယ်များ၏မျိုးဆက်များ ဖြစ်ကြသည်မဟုတ်လော။ မြင့်မြတ်အင်မော်တယ်ဟူသောအယူအဆမှာ မည်သို့သောအရာဖြစ်ကြောင်း လူတိုင်းသိ၏။

"သူက မတက်လှမ်းရသေးဘူးလေ၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"အံ့ဖွယ်ပဲ၊ ဒါက အံ့ဖွယ်တစ်ပါးပဲ"

"ဂိုဏ်းချုပ်ကျန်းရဲ့ သိုင်းတာအိုနယ်ပယ်နဲ့ဆိုရင် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေမရှိရင်တောင် သူက မကြာခင်မှာ အင်မော်တယ်လောကရဲ့အတားအဆီးကို အတင်းအကျပ်ချိုးဖျက်နိုင်လိမ့်မယ်"

"စိတ်အေးအေးထားကြစမ်းပါ"

"ဂိုဏ်းချုပ်က အင်မော်တယ်တစ်ပါးဖြစ်တယ်လို့ အစောကြီးကတည်းကပြောပြီးသားပဲလေ၊ ဒါက ပုံမှန်မဟုတ်ဘူးလား"

"ဟုတ်သားပဲ၊ ဟုတ်သားပဲ... ဒါကြောင့်မို့လည်း သူက အင်မော်တယ်ပညာတွေကို သုံးနိုင်တာပေါ့"

"ပုံမှန်ဟုတ်လား... မင်းဖင်ကြီးကိုပုံမှန်ပါ့လား..."

မိုချန်က ရုတ်တရက်ဟိန်းဟောက်လိုက်သည်။ ဤလူအိုကြီးသည် မည်သည့်အရာကိုမဆို လက်ခံနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် ပြင်းထန်သောထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသည်။

တောက်... မင်းတို့ဘာမှနားမလည်ဘဲနဲ့ လျှောက်မပြောကြနဲ့...

မြင့်မြတ်အင်မော်တယ်အဆင့် သိုင်းတာအိုသိမြင်နားလည်မှုဆိုတာ အင်မော်တယ်လောကထဲမှာမရှိဘဲ၊ အင်မော်တယ်ချီမရှိဘဲ၊ အဲဒီအဆင့်ရှိတဲ့သိုင်းတာအိုနဲ့ ထိတွေ့ခွင့်မရဘဲနဲ့ရောက်ရှိဖို့ လုံးဝမဖြစ်နိုင်ဘူး၊ သိကြရဲ့လား...

ဒါက လုံးဝကိုမဖြစ်နိုင်တဲ့အရာပဲ...

အောက်လောကမှာ အဲဒီနယ်ပယ်ရဲ့ကျင့်စဉ်တစ်ခုကို အံ့သြဖွယ်ရရှိခဲ့ရင်တောင် ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး...

ကောင်းကင်သားတော်ရဲ့ကံကောင်းမှုက တကယ်ပဲ ဒါကိုလုပ်ဆောင်နိုင်တာလား...

သူသည် ပထမဆုံးအကြိမ်အဖြစ် သံသယဝင်လာတော့သည်။

သူတို့အားလုံး မှင်တက်နေကြသည်ကိုမြင်သောအခါ အစ်ကိုကြီးချန်မှာ ကြွားဝါလိုစိတ်များ ပေါ်ပေါက်လာသည်။

"မင်းတို့ အံ့သြနေဖို့မလိုပါဘူး၊ ဒီဂိုဏ်းချုပ်က မကြာသေးခင်ကမှ ကြိုးစားပမ်းစားကျင့်ကြံပြီး သိမြင်နားလည်မှုအချို့ရခဲ့တာပါ"

ဒါကို သိမြင်နားလည်မှုအချို့လို့ ခေါ်နိုင်သေးတာလား...

အကယ်၍သာ ဂိုဏ်းချုပ်၏အသစ္စာအရှိဆုံးလက်အောက်ခံ၊ လမ်းပြအဘိုးကြီး၊ ကောင်းကင်သားတော်၏ အကြံပေးနဲ့ အစ်ကိုကြီးချန်ရဲ့ အသန်မာဆုံးအကူအညီပေးသူဆိုတဲ့ ဂုဏ်ပုဒ်တွေသာမရှိဘူးဆိုရင် မိုချန်သည် ကျန်းချန်၏လည်ပင်းကိုဆွဲပြီး မေးမြန်းချင်စိတ်ပေါက်နေမိလေပြီ။

ရုတ်တရက်ကြီး မြင့်မြတ်အင်မော်တယ်အဆင့်ကို တိုက်ရိုက်သိမြင်သွားတယ်ဟုတ်လား...

မင်းဘယ်လိုလုပ်လိုက်လဲဆိုတာ ငါ့ကိုပြောစမ်းပါဦး...

"ဂိုဏ်းချုပ်ရဲ့ပါရမီနဲ့ဆိုရင် နောင်တစ်ချိန် အင်မော်တယ်လောကကိုရောက်သွားတဲ့အခါ အင်မော်တယ်ဧကရာဇ်တစ်ပါးတောင်ဖြစ်လာနိုင်တယ်၊ မဖြစ်လာရင် ငါ့နာမည်ကိုပြောင်းပြန်ရေးပစ်မယ်"

ဤမြင့်မားသောအကဲဖြတ်မှုကြောင့် လူတိုင်းထိတ်လန့်တုန်လှုပ်သွား၏။ သို့သော် အစ်ကိုကြီးချန်ကမူ ထိုချီးကျူးမှုမှာသာမန်မျှသာဖြစ်ပြီး အသစ်အဆန်းမဟုတ်ကြောင်း၊ အကြီးအကဲမိုအနေဖြင့် ပိုပြီးကြိုးစားရန်လိုသေးကြောင်း ပြောလိုက်သည်။

လူတိုင်း၏အကြည့်အောက်တွင် သူသည် စနစ်စာမျက်နှာထဲသို့ ထပ်မံဝင်ရောက်လိုက်ပြီး ကျန်ရှိနေသော ကံစမ်းမဲအကြိမ် ၉၀ ကို ဆက်ဆွဲရန် အလုပ်ရှုပ်နေတော့သည်။ ဤအကြိမ် ၉၀ ပြီးဆုံးသွားသောအခါ သူသည် တာအိုကောင်းကင်အင်မော်တယ်အနှစ်သာရ ၇ ခုနှင့် မြင့်မြတ်အင်မော်တယ်အနှစ်သာရ ၁ ခုကို ထပ်မံရရှိခဲ့သည်။ အင်မော်တယ်အဆင့်သို့မရောက်ရှိသေးသော မြစ်ခြောက်စင်းကျန်ရှိနေသေးသဖြင့် ၎င်းတို့ကိုအဆင့်မြှင့်လိုက်သည်။

ဝုန်း...

တာအိုနန်းတော်မှာ ထပ်မံ၍ အလိုအလျောက်ပျံတက်သွားပြန်သည်။ သေခြင်းရှင်ခြင်းသိုင်းတာအိုမြစ်မှာ လျင်မြန်စွာချဲ့ထွင်လာပြီး အမှတ်အသားမှာ ဂိုဏ်းအဆင့်မှ ဘုရင်အဆင့်နှင့် သူတော်စင်အဆင့်သို့ ဖြတ်ကျော်ကာ မျက်စိတစ်မှိတ်အတွင်း အင်မော်တယ်အဆင့်သို့ ရောက်ရှိသွား၏။

ကောင်းကင်ယံရှိမြစ်ကြီးမှာ ရွှေရောင်အမှတ်အသားများဖြင့်တောက်ပနေပြီး နဂါးငွေ့တန်းကြီး ပြောင်းပြန်ကျနေသကဲ့သို့ ဖြစ်နေသည်။

ရောက်ရှိနေသူအားလုံးမှာ နောက်ထပ်အဆင့်မြှင့်တင်မှုတစ်ခုကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။ ဤတစ်ကြိမ်တွင် မြင့်မြတ်အင်မော်တယ်အဆင့်မဟုတ်ဘဲ အစစ်အမှန်အင်မော်တယ်အဆင့်သာဖြစ်သော်လည်း ၎င်းမှာ လူများကို ထိတ်လန့်စေရန် လုံလောက်နေလေပြီ။ သူတို့သည် စနစ်ကိုမမြင်နိုင်ကြဘဲ တာအိုနန်းတော်၏ ပြောင်းလဲမှုများကိုသာ မြင်နိုင်ကြခြင်းဖြစ်သည်။

"ထပ်ပြီး အဆင့်မြင့်သွားပြန်ပြီလား"

"ဒါ... ဒါ... ဒါက မြန်လွန်းနေတာမဟုတ်ဘူးလား"

"နယ်ပယ်အဆင့်တွေအများကြီးကို ဆက်တိုက်ဖြတ်ကျော်နေတာလား"

"ကြောက်စရာကောင်းလိုက်တာ"

လူတိုင်း၏ လုံးဝမယုံကြည်နိုင်သောအကြည့်များကိုရင်ဆိုင်ရင်း အစ်ကိုကြီးချန်က လက်ကိုဖြန့်ပြလိုက်သည်။

"တိုက်ဆိုင်စွာနဲ့ပဲ ငါ နည်းနည်းလောက် ပိုပြီးသိမြင်သွားလို့ပါ"

တောက်... မင်းစကားတွေက ဒီထက်ပိုပြီး အတုအယောင်ဆန်လို့ ရဦးမလား...

ခုနက မြင့်မြတ်အင်မော်တယ်အဆင့်က ဓာတ်ကြီးငါးပါးသိုင်းတာအိုလေ၊ အခု အစစ်အမှန်အင်မော်တယ်အဆင့်က သေခြင်းရှင်ခြင်း သိုင်းတာအို...

ဒီနှစ်ခုက အမျိုးအစားချင်းလုံးဝမတူသလို မိုင်ပေါင်းသိန်းချီဝေးကွာနေတာကို သိမြင်မှုက တခြားနယ်ပယ်တစ်ခုကို ခုန်ကူးသွားတာလား...

ဒါက မိနစ်အနည်းငယ်ပဲကြာသေးတာလေ...

ထို့နောက် ချက်ချင်းဆိုသလိုပင် နောက်ထပ်မြစ်တစ်စင်းမှာ အင်မော်တယ်အဆင့်သို့ လျင်မြန်စွာပြောင်းလဲသွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဟင်းလင်းပြင်နှင့် အချိန် သိုင်းတာအိုဖြစ်သည်။

မင်း တိုက်ဆိုင်စွာနဲ့ နည်းနည်းလောက် ပိုသိမြင်သွားပြန်ပြီလို့တော့ လာမပြောနဲ့ဦး...

အင်မော်တယ်အဆင့်ရောက်ဖို့ ဒီလောက်တောင်လွယ်နေတာလား...

ဘာလို့ တခြားသူတွေကျတော့ အောက်လောကမှာ ဒါမျိုးရှိတာကိုမတွေ့ရတာလဲ...

စိတ်ဓာတ်များ လုံးဝပြိုလဲသွားကြသဖြင့် လူတိုင်းမှာ ဂိုဏ်းချုပ်ကျန်းအား မေးခွန်းထုတ်လိုသောအကြည့်များဖြင့် ထပ်ကြည့်လိုက်ကြပြန်သည်။

"ငါက ဟင်းလင်းပြင်နဲ့ အချိန်အကြောင်းကို စဉ်းစားမိလိုက်တာနဲ့ သိမြင်မှုတွေက တစ်ခုပြီးတစ်ခု ရောက်လာတာပဲ၊ ငါလည်း ဘာမှမတတ်နိုင်ဘူးလေ"

ကောင်းပြီ... သူက ဖုံးကွယ်ထားရန်ပျင်းနေပြီဖြစ်သဖြင့် အခြားဆင်ခြေများကိုမပေးတော့ပေ။

All Chapters