← Chapters

အချိန်နှင့်အမျှ ပိုထူးဆန်းလာသော ရေညှိခုန်ပျံသားရဲများ

Vol. 4 Ch. 33

အချိန်နှင့်အမျှ ပိုထူးဆန်းလာသော ရေညှိခုန်ပျံသားရဲများ

Vol. 4 Ch. 33

တစ်ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုကြီး ဖြစ်ပေါ်ပြီးနောက် အချိန်နာရီတို့သည် တင်းမာသော စမ်းသပ်မှုများအကြားတွင် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့သည်။

နေမင်းကြီး ကောင်းကင်အလယ်ထိ မြင့်တက်လာပြီဖြစ်သော်လည်း ကျေးရွာအပြင်ဘက်ရှိ ရေညှိခုန်ပျံသားရဲများမှာမူ အစိမ်းပုပ်ရောင် ကျောက်ဆစ်ရုပ်တုများအလား ငြိမ်သက်နေဆဲပင်။

သူတို့၏ ဖြူဖျော့သော မျက်လုံးကြီးများမှာ တစ်ချက်တစ်ချက် လှုပ်ခတ်နေကြပြီး ကျောချမ်းဖွယ် အကဲခတ်မှုများကို ပြုလုပ်နေကြသည်။

လင်းထျန်းလုံ၏လက်သည်းများအကြားတွင် နွယ်ပင်တို့များ တစ်ပင်နှင့်တစ်ပင် ယှက်နွှယ်နေခဲ့သည်။ ထို့နောက် ဒုတိယမြောက် နွယ်ပင်ချပ်ဝတ်မှာ ပိုမိုခိုင်ခံ့သော ပုံသဏ္ဌာန်ဖြင့် ထွက်ပေါ်လာခဲ့လေသည်။ ‘ဒီပစ္စည်းက နောက်ကျရင် တကယ်ပဲ အသုံးဝင်လာမှာပါ’ လင်းထျန်းလုံးမှာ တွေးတောရင်းမှ ကျေးရွာအပြင်ဘက်သို့ တစ်ဖန် အကဲခတ်လိုက်ပြန်သည်။

‘ဒီကောင်တွေက... တော်တော်လေး စိတ်ရှည်တာပဲ’

‘ဘာကိုများ စောင့်နေကြတာလဲ... ငါတို့ သတိလက်လွတ်ဖြစ်မယ့်အချိန်လား ၊ ဒါမှမဟုတ် ညဉ့်နက်ပိုင်းကိုလား’

ထိုသို့နှင့် အစားအသောက် ပြဿနာမှာလည်း လက်တွေ့ကျလှသော စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။ ရေခဲတိုက်အတွင်းရှိ သိုလှောင်စာများမှာ ကြာရှည်ခံမည် မဟုတ်ချေ။ အထူးသဖြင့် မွေးကင်းစ ဝံပုလွေပေါက်လေးများနှင့် ဝံပုလွေမများအတွက် အာဟာရမှာ အလွန်အရေးကြီးသည် ။ ‘ငါ ဒီအတိုင်း ထိုင်စောင့်နေလို့တော့ မဖြစ်ဘူး' ဟု ဆုံးဖြတ်ကာ သူသည်တိုးညှင်းလှသော အသံဖြင့် အချက်ပြလိုက်သည် ။

သိပ်မကြာမီမှာပင် လင်းထျန်းလုံ၏ဘေးတွင် သွက်လက်ချက်ချာသော ဝံပုလွေမအချို့ စုဝေးလာကြသည်။ သူသည် မျိုးတူပဲ့တင်ထပ်သံ၊ အမူအရာများနှင့် ညွှန်ကြားချက် ပေးလိုက်လေသည်။ ရွာတံတိုင်းနှင့် မလှမ်းမကမ်းရှိ ဘေးကင်းသော နေရာများတွင် စားသုံးနိုင်သော အပင်မြစ်များ ၊ သစ်ဥသစ်ဖုများနှင့် သစ်သီးဝလံများကို ရှာဖွေရန် အမိန့်ပေးလိုက်ချင်းပင်။

ဝံပုလွေမများကို အန္တရာယ်များသော အမဲလိုက်မှုများတွင် အသုံးမပြုသင့်သော်လည်း ဤကဲ့သို့ ရှာဖွေစုဆောင်းခြင်းမှာမူ သူထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်းမှ စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ဝံပုလွေမများကလည်း သူတို့ဘုရင်၏ ရည်ရွယ်ချက်ကို နားလည်ကာ တံတိုင်း မြေမျက်နှာသွင်ပြင်ကို အကာအကွယ်ယူ၍ အပြင်ဘက်သို့ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးနေခဲ့သည် ။ ဝံပုလွေမများသည် တစ်ခါတစ်ရံတွင် အသား၊အပင်နှင့် ဖုန်မှုန့်များပေကျံနေသော သစ်ဥ၊သစ်ဖုများကို ယူဆောင်လာတတ်ကြသည်။ အရေအတွက် မများလှသော်လည်း အာဟာရအတွက်တော့ အထောက်အကူ ဖြစ်စေလေသည်။

လင်းထျန်းလုံကမူ ကင်းစောင့်ရင်း နွယ်ပင်ချပ်ဝတ်ကို ဆက်လက်ပြုလုပ်နေသလို ဝံပုလွေအုပ်စု၏ အခြေအနေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။

သူ၏ အကြည့်သည် မိခင်များဘေးတွင် ဆော့ကစားနေသော ဝံပုလွေပေါက်လေးများထံသို့ ကျရောက်သွားပြီး ငွေပြာရောင်မျက်ဝန်းနှင့် သူတို့တစ်ကောင်ချင်းစီအား ဆန်းစစ်နေလေသည်။

ထိုစဉ် အခြားသော ဝံပုလွေပေါက်များထက် ကိုယ်လုံးကိုယ်ထည် ပိုမိုထွားကျိုင်းသော ဝံပုလွေပေါက်လေးတစ်ကောင်ကို သတိပြုမိလိုက်သည်။ ထိုဝံပုလွေလေးမှာ သူ၏ အစုံမပေါက်သေးသော သွားကလေးများဖြင့် သားရေအစုတ်တစ်ခုကို အားကြိုးမာန်တက် ကိုက်ခဲနေခဲ့ကာ စနစ်မျက်နှာပြင်မှလည်း ဖော်ပြလာခဲ့သည် -

[ မျိုးနွယ် - နှင်းဝံပုလွေ (မျိုးဗီဇပြောင်းသွေးမျိုးဆက်) ]

[ အဆင့် - (၇) (ဝိညာဉ်စွမ်းအင်အဆင့်) ]

[ ပင်ကိုယ်စွမ်းရည် - နှင်းဝံပုလွေသွေးမျိုးဆက် (အဖြူ) ၊ မွေးရာပါခွန်အားကြီးမားခြင်း (အဖြူ) ]

[ စွမ်းရည် - တိုက်ခိုက်ခြင်း (အစိမ်း) ၊ ဟိန်းဟောက်ခြင်း (အစိမ်း) ]

‘ဗီဇပြောင်း သွေးမျိုးဆက်လား ၊ မွေးရာပါ ပါရမီနှစ်ခုတောင် ပါလာတာပဲ’ လင်းထျန်းလုံ အံ့ဩသွားသည်။ ‘ဒါက မနေ့ညက ဝိညာဉ်ဒီရေလှိုင်းကြောင့် ဖြစ်လာတဲ့ အကျိုးအမြတ်တွေပဲ ဖြစ်ရမယ် ၊ ဒီကလေးရဲ့ အလားအလာက တကယ့်ကို မသေးဘူး’

တစ်ချိန်တည်းမှာပင် သူသည် ထိုကလေးငယ်၏ မိခင်ကိုပါ သတိပြုမိလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ နူးညံ့သော်လည်း အရှိန်အဝါမှာ အခြားဝံပုလွေမများထက် ပိုမိုခိုင်ခံ့နေ‌သည်။

[ မျိုးနွယ် - နှင်းဝံပုလွေ ]

[ အဆင့် - ၁၅ (ထူးချွန်အဆင့်) ]

[ ပင်ကိုယ်စွမ်းရည် - နှင်းဝံပုလွေသွေးမျိုးဆက် (အဖြူ) ၊ ဝိညာဉ်အာဟာရနို့ရည် (အစိမ်း) ]

[ ဝိညာဉ်အာဟာရနို့ရည် (အစိမ်း) ] - ဝိညာဉ်စွမ်းအင်များကို အသုံးချနိုင်စွမ်း မြင့်မားပြီး ဝံပုလွေပေါက်လေးများ မြန်မြန်ဆန်ဆန် ကြီးထွားစေရန် ဝိညာဉ်စွမ်းအင်ပါဝင်သော နို့ရည်ကို ထုတ်လုပ်ပေးနိုင်သည်။

‘ အော်… ဒီလိုလား၊ အမေက ဝိညာဉ်နို့ရည်ကို ထုတ်နိုင်လို့ သားကကောင်းမွန်တဲ့ ဗီဇပြောင်းလဲမှုကို ရရှိခဲ့တာပဲ’ လင်းထျန်းလုံမှာ ဤမိခင်နှင့်သား၏ ထူးခြားမှုကို နားလည်လိုက်သည်။ ‘ဒါက ကောင်းကင်က ပေးတဲ့ လက်ဆောင်ပဲ’

သူသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့သည်။

ဝံပုလွေမက လင်းထျန်းလုံ ချဉ်းကပ်လာသည်ကို သိသည်နှင့် ခေါင်းကိုရိုသေစွာ ညွှတ်လိုက်သည်။ ထွားကျိုင်းလှသော ဝံပုလွေပေါက်လေးမှာမူ ကိုက်ခဲနေသည်ကို ရပ်လိုက်ပြီး လင်းထျန်းလုံကို စူးစမ်းလိုသည့်စိတ်ဖြင့် ကြည့်ရှုနေခဲ့သည်။

သူသည် မကြောက်ရွံ့သည့်အပြင် တက်ကြွသော အသံကလေးကိုပင် ပြန်လည်ထုတ်ဖော်လိုက်သေးသည် ။

လင်းထျန်းလုံက ခေါင်းကို နှိမ့်ကာ ကလေးငယ်၏ ခေါင်းလေးကို သူ၏ နှာခေါင်းဖြင့် နူးညံ့စွာ ပွတ်သပ်လိုက်သည်။

“မင်းရဲ့ နာမည်က ပိုင်လင် ဖြစ်ရမယ်...” သူသည် ဝံပုလွေမထံသို့ ဝိညာဉ်ဆက်သွယ်မှုဖြင့် အမည်ပေးလိုက်သည်။ ထိုအရာက သူမ၏ ဝိညာဉ်နို့ရည် စွမ်းရည်ကို အသိအမှတ်ပြုခြင်းပင်။ “မင်းကတော့ ထျန်းပင်း...” သူသည် ဝံပုလွေပေါက်လေးကို ကြည့်ကာ ကြီးမားသော မျှော်လင့်ချက်များဖြင့် အမည်ပေးလိုက်သည်။

ဝံပုလွေမပိုင်လင်နှင့် သူမ၏သားငယ်လေးမှာ ဤဂုဏ်ထူး၊နာမည်ကို နားလည်ပုံရသည်။ ထျန်းပင်းမှာတော့ ပျော်ရွှင်စွာဖြင့် လင်းထျန်းလုံ၏ ခြေထောက်များကို ပွတ်သပ်ကာ အော်ဟစ်နေတော့သည်။

အနားရှိ အခြားသော အုပ်စုဝင်များကလည်း အားကျရိုသေသော အကြည့်များဖြင့် ကြည့်နေကြသည် ။ ဘုရင်ကိုယ်တိုင် နာမည်ပေးခြင်းမှာ အမြင့်မြတ်ဆုံးသော အသိအမှတ်ပြုမှုပင် ဖြစ်သည် ။

သစ်ပင်အိမ်အတွင်းတွင်… ကျင့်ကြံခြင်း ပြီးဆုံးသွားသော ရှောင်လန်နှင့် ရှောင်ယင်းသည်လည်း ဤမြင်ကွင်းကို သတိပြုမိလိုက်ကြသည်။

“အီးယား... (ဝံပုလွေဖေဖေက သူတို့ကို နာမည်ပေးနေတာလား...)” ရှောင်ယင်းက စူးစမ်းရင်း ပြောလိုက်သည်။

“အင်း... (အဲဒီဝံပုလွေပေါက်လေးက မရိုးရှင်းဘူး ၊ အမေဖြစ်သူကလည်း ထူးခြားနေတယ်...)” ရှောင်လန်၏ အာရုံခံစားမှုမှာ ပိုမို ထက်မြက်နေခဲ့သည်။

ထိုအေးချမ်းလှသော အခိုက်အတန့်လေးကို တံတိုင်းပေါ်မှ သတိပေးသံက ဖျက်စီးလိုက်ပြန်သည်။

“ဝူး... (အရှင်... သူတို့ လှုပ်ရှားနေပြီ...)”

လင်းထျန်းလုံသည် ငွေပြာရောင်မျက်ဝန်းများဖြင့် ကျေးရွာအပြင်ဘက်သို့ စူးရှရှ စိုက်ကြည့်လိုက်သည် ။

ငြိမ်သက်နေသော ရေညှိခုန်ပျံသားရဲအချို့မှာ သစ်ပင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာကာ မြေပြင်ပေါ်သို့ ခြေချလိုက်ကြပြီ ဖြစ်သည်။ သို့သော် သူတို့က တိုက်ခိုက်ခြင်း မပြုသေးချေ။

ထိုအစား ဝံပုလွေမများ အစားအစာ ရှာဖွေထားသော နေရာများနှင့် တံတိုင်းအခြေရှိ ကိုက်ခဲထားခံသော အပင် အကြွင်းအကျန်များကိုသာ သူတို့၏ ဖြူဖျော့သော မျက်လုံးကြီးများဖြင့် စူးစိုက်ကြည့်နေကြသည်။

‘သူတို့က ငါတို့ရဲ့ စားနပ်ရိက္ခာကို စိတ်ဝင်စားနေတာလား... ဒါမှမဟုတ် ငါတို့ရဲ့ ရှင်သန်မှု ပုံစံကို လေ့လာနေတာလား’ လင်းထျန်းလုံ၏ ရင်ထဲတွင် သံသယများ ဖြစ်ပေါ်လာခဲ့သည်။

ဤသားရဲများမှာ သူ ထင်ထားသည်ထက် ပိုမိုဉာဏ်ကောင်းပြီး ပိုမိုထူးဆန်းနေတော့သည် ။

ထိတ်တိုက်ရင်ဆိုင်မှုမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ပြီး ထိုခုန်ပျံသားရဲတို့၏ ရည်ရွယ်ချက်မှာလည်း လျှို့ဝှက်ချက်များ ပို၍များလာနေပြီ ဖြစ်သည်။

All Chapters