← Chapters

အခန်း (၁၁၃)

Vol. 12 Ch. 113

အခန်း (၁၁၃)

Vol. 12 Ch. 113

‎Chapter 113

‎

‎

‎သူတို့အသိုင်းအဝိုင်းတွင် ထင်ရှားကျော်ကြားသူ သခင်လေးတစ်ဦးအနေဖြင့် ၁၆ နှစ်အရွယ် ယွမ်ချန်သည် သူ၏ဖခင်ဖြစ်သူ ယွမ်ကျန်းဟိုင် ကဲ့သို့ အေးစက်ကြောက်မက်ဖွယ်ကောင်းသူ မဟုတ်ပေ။ အရပ်ရှည်ပြီး ခန့်ညားသော ယွမ်ချန်သည် နူးညံ့သိမ်မွေ့၍ သည်းခံတတ်ကာ ရက်ရောသူလည်း ဖြစ်၏။ စိတ်ကောင်းဝင်နေချိန်တွင် သူသည် ဟာသဉာဏ်ရွှင်ပြီး ထက်မြက်သောကြောင့် အခြားမိသားစုများမှ အမွေဆက်ခံသူများကြားတွင် ရေပန်းစားသော သူ တစ်ယောက်လည်း ဖြစ်သည်။

‎

‎ထို့ကြောင့် ယွမ်ချန်မှာ မကြာခဏဆိုသလို ရည်းစားစာများ လက်ခံရရှိတတ်၏။ သူ၏အိမ်စာစာအုပ်များကြားတွင် ထိုးထည့်ခံရသည်၊ စားပွဲအံဆွဲထဲတွင်လည်း

ဝှက်ထားခံရသည်။ တစ်ကြိမ်တွင်မူ တစ်စုံတစ်ယောက်က သူ့အား ယောက်ျားလေး အိမ်သာ ထဲအထိ လိုက်ဖမ်းကာ အိမ်သာခန်းတံခါးကို ဖျက်ဆီး၍ ရည်းစားစာများ အထပ်လိုက်ကို အတင်းအကြပ် ပေးခဲ့ဖူး၏။

‎

‎"စီနီယာ ယွမ်ချန် ငါ စီနီယာ့ကို ကြိုက်နေတာ ကြာပါပြီ ဒါက တစ်နှစ်စာ ငါရေးခဲ့တဲ့ ခံစားချက်တွေပါ ကျေးဇူးပြုပြီး ဖတ်ပေးပါ"

‎

‎အိမ်သာခုံပေါ်တွင် ထိုင်နေသော ယွမ်ချန်မှာ လုံးဝ အံ့သြသွားခဲ့ရသည်။

‎

‎အချစ်နှင့်ပတ်သက်လျှင် အတွေ့အကြုံမရှိခဲ့သူ ယွမ်ချန်သည် ယနေ့တွင် သူ၏ မျက်လုံးများ အမှန်တကယ် ပွင့် သွားခဲ့၏။ ဤစိတ်ခံစားမှုက လူများကို ဤမျှ အရူးအမူးဖြစ်အောင် တွန်းပို့နိုင်သည်ကို မည်သူ သိမည်နည်း။

‎

‎ပြီးတော့ စောက် တံခါး— လက်ရာညံ့တာ သေချာတယ်၊

ကျောင်းသားတွေ အိမ်သာသုံးရင် ဘယ်လိုလုပ် လုံခြုံမှုရှိနိုင်တော့မှာလဲ။

‎

‎ယွမ်ချန်သည် လျင်မြန်စွာ စိတ်ကို ထိန်းချုပ်လိုက်ပြီး ကျောက်တုံးကဲ့သို့ မာကျောသော လက်သီးကို မြှောက်ကာ ထိုးချလိုက်ရာ သူ့အား နှစ်သက်သူကို ဆေးရုံသို့ အောင်မြင်စွာ ပို့ဆောင်ပေးလိုက်ရတော့၏။

‎

‎ကံကောင်းစွာဖြင့် ထိုသူမှာလည်း ယောက်ျားလေးပင်။ ဤကဲ့သို့ အမြင်ခံလိုက်ရခြင်းမှာ သိပ်တော့မဆိုးလှ။

မဟုတ်လျှင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကျန်ခဲ့နိုင်သည်။

‎

‎ထိုသို့သောအခြေအနေများကို တားဆီးရန် ယွမ်ချန်က ယခုဘဝတွင် သူသည် လက်နက်များ ကိုသာ ချစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့၏။သူ၏ အနာဂတ်အိပ်မက်မှာ သူ၏ အလုပ်နှင့် လက်ထပ်ရန် ဖြစ်ပြီး၊ သူ့အား ရည်းစားစာပေးပို့သူ မည်သူ့ကိုမဆို ကျား/မ မခွဲခြားဘဲ ထိုးပစ်မည်ဟု ပြောခဲ့သည်။

‎

‎ထိုညတွင် ကျောင်းရှိ လူထုတစ်ဝက်မှာ ခါးခါးသီးသီး ငိုကြွေးခဲ့ကြရသည်။ သူတို့၏ ရည်းစားစာများကို မည်သည့်အခါမျှ ပေးအပ်ခွင့် ရတော့မည် မဟုတ်ပေ။

‎

‎ကံမကောင်းစွာဖြင့် ယွမ်ချန်၏ အိပ်မက်မှာ ဘယ်သောအခါမှ အကောင်အထည် ပေါ်လာနိုင်မည် မဟုတ်ပေ။ ယွမ်မိသားစု၏ အမွေဆက်ခံသူများတွင် အမြဲတမ်း စီစဉ်ထားသော လက်ထပ်ထိမ်းမြားမှုများ ရှိခဲ့ပြီး ယွမ်ချန်တွင်လည်း စေ့စပ်ထားသူ တစ်ဦး ရှိသည်။

‎

‎ယခုအချိန်တွင် ထိုအမျိုးသမီးငယ်မှာ ယွမ်ချန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူတို့ နှစ်ဦး လေထဲတွင် အကြည့်ချင်း မတော်တဆ ဆုံမိသောအခါ သူမက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။

‎

‎ယနေ့မှာ သူတို့ချင်း ပထမဦးဆုံး တွေ့ဆုံမှုပင်။ သူတို့အချင်းချင်း တစ်ယောက်၏ တည်ရှိမှု အကြောင်း တစ်ယောက် ကြားဖူးကြသည်၊ စာနှစ်စောင် ဖလှယ်ခဲ့ကြ၏၊ ဓာတ်ပုံများ မျှဝေခဲ့ကြသည်၊ သို့သော် အခြား အပြန်အလှန်ဆက်သွယ်မှုများ မရှိခဲ့ပေ။

‎

‎ယွမ်ချန်သည် မျက်မှောင်ကြုတ် ကာ သက်ပြင်းချလိုက်၏။

‎

‎သူမက အလွန်လှပပြီး ဆင်ဆွယ်ရောင် ဂါဝန်ရှည် ကို ဝတ်ဆင်ထားကာ ကျက်သရေရှိသော မိန်းမပျို‌လေး တစ်ယောက်ပင်ဖြစ်ရာ ထင်ရှားသော မိသားစုမှ ဖြစ်မည်မှာ သေချာသည်။

‎

‎ယွမ်ချန်၌ သူမအပေါ် အထူးတလည် စိတ်သဘောထားမရှိပေ။ သို့သော် ယွမ်မိသားစု၏ အမွေဆက်ခံသူ တစ်ယောက်အနေဖြင့် သူ၏ သင့်လျော်သော ပုံရိပ်ကို ထိန်းသိမ်းထားရန် လိုအပ်ပြီး သူ၏ စိတ်မရှည်မှုကို မပြသခဲ့ချေ။

‎

‎သူ ရဲရင့်စွာ ပြောလိုက်သည်။

" စိတ်မပူပါနဲ့ မစ္စစန်း၊ လူကြီးတွေ စီစဉ်ထားတဲ့ လက်ထပ်ထိမ်းမြားမှုတွေဆိုတာ အစဉ်အလာဖြစ်နေတာပါ ဖျက်သိမ်းသင့်တာ ကြာပါပြီ အဖေရောက်လာရင် ကျွန်တော် ဘယ်တော့မှ မင်းကို လက်ထပ်မှာ မဟုတ်ဘူးလို့ ပြောပြလိုက်ပါ့မယ်"

‎

‎မစ္စစန်းက ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ သူမ၏ သမင်မျက်လုံးများကဲ့သို့ မှုန်မှိုင်းနေသော မျက်ဝန်းများထဲတွင် မျက်ရည်များ ရစ်ဝဲနေ၏။

‎

‎သူမ ငိုရခြင်းအကြောင်းကို ယွမ်ချန် အလေးအနက်ထားကာ ဆန်းစစ်ကြည့်လိုက်သည်။

‎

‎အခန်းထဲက လေအေးပေးစက်က အရမ်းအေးနေလို့များလား။

‎

‎ဒီလိုမျိုး သိမ်မွေ့နူးညံ့တဲ့ အမျိုးသမီးတွေများ တကယ့်ကို ကိုင်တွယ်ရခက်တာပဲ။

‎

‎သူသည် သူ၏လက်ကို ဆန့်ထုတ်ကာ အစေခံတစ်ဦးအား ခေါ်ယူ၍ အမိန့်ပေးလိုက်၏

"လေအေးပေးစက် အပူချိန်ကို တိုးပေးလိုက်၊ ပြီးတော့ မစ္စစန်းအတွက် စောင်တစ်ထည် ယူလာပေး"

‎

‎အစေခံက လိုက်နာခဲ့၏။ မစ္စစန်းမှာမူ စောင်ကို ကိုင်ထားစဉ် ဝမ်းနည်းမှုဖြင့် နာကျင်နေရသည်။ ဆယ်နှစ်တာလျှို့ဝှက်ချစ်ခဲ့ရပြီးနောက် ဤစောင်မှာ ယွမ်ချန်ထံမှ သူမရရှိခဲ့သည့် တစ်ခုတည်းသော အလိုက်တသိ နူးညံ့မှုပင်။

‎

‎အခန်းတံခါးပွင့်လာပြီး ယွမ်ကျန်းဟိုင် ထွက်ပေါ်လာသည်။ ဖျားနာနေသူကဲ့သို့ ဖြူဖျော့ပြီး ဆွေးမြေ့နေသော သစ်သားကဲ့သို့ နွမ်းနယ် နေသူ ဖြစ်ရာ သူ၏ မျက်နှာပေါ်မှ ခပ်ဖျော့ဖျော့ အပြုံးမှာ ထူးဆန်းသော အေးစက်မှုကို အမြဲဖြစ်ပေါ်စေတတ်၏။ သူက အနက်ရောင် သစ်သားကြိမ်လုံး အပေါ်တွင် အမှီပြုကာ ဝင်ရောက်လာသည်။

‎

‎ယွမ်ချန်က ချက်ချင်းဆိုသလို ပြောလိုက်၏။

"အဖေ၊ ကျွန်တော်— "

‎

‎ယွမ်ကျန်းဟိုင်က သူ့အား စကားဖြတ် လိုက်သည်။

“မင်း သူနဲ့ လက်ထပ်ဖို့ ဆန္ဒမရှိဘူးဆိုရင် မင်းနဲ့တွေ့ချင်နေတဲ့ တခြားမိန်းကလေးတွေ ရှိပါသေးတယ်"

‎

‎မစ္စစန်းသည် ကျယ်လောင်စွာ ရှိုက်ကြီးတငင် ငိုလိုက်၏။

‎

‎ယွမ်ကျန်းဟိုင်သည် သူမဘေးသို့ လျှောက်သွားကာ သူ၏ နွမ်းနယ်ခြောက်သွေ့နေသော လက် ဖြင့် သူမ၏ ပခုံးကို ပုတ်ပေးလျက်

‎

‎"စိတ်မကောင်းပါဘူးကွယ် သူ မင်းအပေါ် စိတ်ဝင်စားမှု တကယ်မရှိရှာဘူး။

မင်းမိဘတွေကိုလည်း ပြောပြီးပါပြီ ငါတို့ ခမည်းခမက်တွေ ဖြစ်လာတော့မှာ မဟုတ်ပေမယ့် ချစ်ကြည်ရင်းနှီးမှုကိုတော့ ထိန်းသိမ်းထားမှာပါ"

‎

‎သူမ၏ မျက်ရည်များကို ဆက်လက်ထိန်းထားနိုင်ခြင်းမရှိတော့ဘဲ၊ မစ္စစန်းမှာ စောင်ကို ဆွဲယူ ကာ ငိုယိုလျက် ပြေးထွက်သွား၏။ သူမ၏ လှပသော ပုံသဏ္ဍာန်မှာ တံခါးထောင့်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

‎

‎ယွမ်ကျန်းဟိုင်က ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး

"အခု တခြားမိန်းကလေးတွေ အားလုံးနဲ့ တွေ့တော့ သူတို့ရဲ့ နောက်ခံတွေကို ငါ စစ်ပြီးပြီ၊

သူတို့အားလုံးက မင်းရဲ့ စေ့စပ်သူ ဖြစ်လာနိုင်မယ့် အလောင်းအလျာ တွေပဲ"

‎

‎ယွမ်ချန်က ပြောသည်။

"ကျွန်တော် စေ့စပ်ရမဲ့သူ မလိုဘူး"

‎

‎"ချန်၊ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော သားပဲ မင်း လက်မထပ်ရင် ယွမ်မိသားစုမှာ နောက်မျိုးဆက်အနေနဲ့ အမွေဆက်ခံမဲ့သူ ရှိတော့မှာ မဟုတ်ဘူး"

‎

‎"ယွမ်မိသားစုမှာ လူဦးရေ နည်းရတာ ကျွန်တော့်အပြစ် မဟုတ်ဘူး အဲ့တာ အဖေက သွေးသားတော်စပ်တဲ့ ညီအစ်ကိုတွေကို အများကြီး သတ်ခဲ့လို့ပဲ"

‎

‎"ရှေးခေတ်ကတည်းက အနိုင်ရသူကသာ အုပ်စိုးသူပဲ သူတို့က သူတို့သေလမ်းသူတို့ ရှာခဲ့ကြတာ ငါသာ သူတို့ကို မသတ်ရင် သူတို့က ငါ့ကို သတ်မှာ"

‎

‎ဤအရာမှာ ယွမ်ချန် ယွမ်မိသားစုကို မုန်းတီးရသော အကြောင်းရင်းများထဲမှ တစ်ခုပင်။

‎

‎မျိုးနွယ်စုတစ်ခုလုံးမှာ ကြီးမားသော လှောင်အိမ်ကြီးနှင့် တူ၏။ ကလေးများက အတွင်း၌ ပိတ်လှောင်ခံရပြီး အဆိပ်ရှိသော ပိုးကောင်များ ကဲ့သို့ တစ်ဦးကိုတစ်ဦး သတ်ဖြတ်ရန် မွေးမြူခံကြရသည်။ အထင်ရှားဆုံးသူက ယွမ်မိသားစု၏ အာဏာနှင့် ဆက်သွယ်မှုအားလုံးကို အမွေဆက်ခံရမည်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သော အခြားအမွေဆက်ခံသူများက စည်းစိမ်ဥစ္စာ များကို ခွဲဝေယူနိုင်မည် ဖြစ်သည်။

‎

‎သေဆုံးသွားသော ကလေးများ၏ အမည်များကိုမူ ထာဝစဉ် ဖျက်ပစ် လိုက်ကြပြီး မည်သည့်အခါမျှ ဖော်ပြခဲ့ခြင်း မရှိပေ။

‎

‎ယွမ်ကျန်းဟိုင်သည် ယွမ်မိသားစု သမိုင်းတွင် သူ၏ ညီအစ်ကို မောင်နှမအားလုံးကို သတ်ပစ်ခဲ့သည့် အကြမ်းတမ်းဆုံးသူပင်။

‎

‎ယွမ်ချန်တွင် ဖခင်ဖြစ်သူနှင့် စကားပြောချင်စိတ် မရှိတော့ပေ။ ထွက်ခွာရန် ပြင်ဆင်ရင်း သူ ထရပ်လိုက်သည်။

‎

‎ယွမ်ကျန်းဟိုင်က ပြော၏။

" ချန် ၊ မင်း မွေးကတည်းက လူအများစု စိတ်ကူးတောင် မယဉ်ရဲတဲ့ အခွင့်အရေးတွေ ရခဲ့တယ် မင်း ကိုယ့်တာဝန်ကိုယ် မထမ်းဆောင်ဘဲနဲ့ အာဏာကို ခံစားလို့ မရဘူး မင်း လက်ထပ်ရမယ်"

‎

‎ယွမ်ချန်က ပြန်ပြောသည်။

"ကျွန်တော် မချစ်တဲ့သူကို လက်မထပ်နိုင်ဘူး"

‎

‎ယွမ်ကျန်းဟိုင်က တိုးတိုးနှင့် အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းအမေနာမည်ကို သူနဲ့ငါ လက်ထပ်တဲ့နေ့ကမှ သိခဲ့ရတာ"

‎

‎"ငါက ကောင်းတဲ့ ခင်ပွန်းတစ်ယောက်ပါ သူ လိုချင်တာ အကုန်ပေးခဲ့တယ်။ ပိုက်ဆံ၊ ပစ္စည်း၊ ဂရုတစိုက်ရှိတဲ့ နှုတ်ဆက်မှုတွေ၊ ရိုမက်တစ်ဆန်တဲ့ စကားတွေ အကုန်ပဲ၊ ငါ့အတွက် သူ ပြန်လုပ်ပေးရမှာက တစ်ခုတည်းပဲ၊ အမွေဆက်ခံသူတွေကို မွေးပေးပြီး ပြုစုပျိုးထောင်ဖို့"

‎

‎"ဒီနေ့အထိ သူ့အပေါ် ငါ့မှာ ချစ်ခြင်းမေတ္တာဆိုတာ တစ်စွန်းတစ်စတောင် မရှိဖူးဘူး ဒါ ငါ့ရဲ့ သဘောသဘာဝပဲ၊ ဒါတောင် သူက အရမ်းပျော်နေတာ"

‎

‎"မင်းက ငါ့သွေးသားပဲ၊ မင်း ချစ်တဲ့သူနဲ့ မတွေ့သေးဘူးဆိုတာ ငါ့လိုပဲ မင်းမှာ မေတ္တာထားနိုင်စွမ်း မရှိဘူး‌လေ၊ သာမန်လူတစ်ယောက် ဖြစ်ဖို့ စိတ်ကူးမယဉ်ပါနဲ့ ချန်"

‎

‎ဤစကားများက ယွမ်ချန်ကို နာကျင်စေသည်။ သူ သူ၏ အတန်းဖော်များနှင့် မတူဘဲ ကွဲပြားခြားနားသည်ကို သိ၏။

အလွန်မြင့်မားသော ဉာဏ်ရည်၊ မှိုင်းမှိုင်းမှောင်မဲနေသော စိတ်ခံစားမှုများနှင့် ရံဖန်ရံခါ ပေါ်ထွက်လာတတ်သော မှောင်မိုက်သည့် အတွေးများ။

‎

‎သို့သော် သူ့တွင် ယွမ်မိသားစု၏ ထုံးတမ်းစဉ်လာကို ဆက်ခံလို စိတ်မရှိပေ။ သူ အမွေဆက်ခံသူများ မွေးထုတ်ပြီးနောက် သူ၏ သနားစရာ ညီမဖြစ်သူ အဘယ်သို့ ဖြစ်သွားမည်နည်း။

‎

‎ယွမ်မိသားစုမှ မိန်းကလေးများကလည်း ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြရာ အစွမ်းထက်သော အမျိုးသမီးခေါင်းဆောင်များပင် ရှိခဲ့သော်လည်း သူ၏ ညီမ ယွမ်မေရှီမှာမူ အလွန်အားနည်းလွန်းသည်။ ဖခင် ယွမ်ကျန်းဟိုင်အတွက် ဤသမီး မိန်းကလေးမှာ တန်ဖိုးအနည်းငယ်သာ ရှိသည်။

‎

‎ယွမ်ချန် တံခါးဆီသို့ လျှောက်သွားလိုက်၏။ သူ ဤနေရာမှ ထွက်သွားပြီး စာကြည့်တိုက်တွင် ခဏတာ သွားနေချင်သည်။ ထိုနေရာတွင်ဆိုလျှင် သူ ဤမျှ စိတ်ရှုပ်ထွေးတော့မည် မဟုတ်ပေ။

‎

‎သူ တံခါးကို တွန်းဖွင့်လိုက်စဉ် ယွမ်ချန်သည် သူ၏ ညီမဖြစ်သူ ကို မြင်လိုက်ရ၏။

‎

‎ခုနစ်နှစ်အရွယ်၊ သူမသည် ပေါက်ခါစ ငှက်ကလေး ကဲ့သို့ နုနယ်လှသည်။ ခါးအထိရှည်သော ဆံပင်နက်နှင့် သိမ်မွေ့သော မျက်နှာသွင်ပြင်ရှိ၏။

‎

‎သူမက ဝမ်းနည်းစွာဖြင့် ယွမ်ချန်ကို ကြည့်နေသည်။

"ကိုကို အိမ်က ထွက်ပြေးဦးမလို့လား"

‎

‎ယွမ်ချန်က ဖြေ၏။

"စာကြည့်တိုက်ကို သွားမလို့ပါ၊ ဒီည အိမ်ပြန်လာမယ်၊ ဒီနေ့ ရောဘယ်လို ခံစားရလဲ"

‎

‎"နည်းနည်း ပိုကောင်းလာပြီ သိပ်မနာတော့ဘူး"

‎

‎"ဒါဆို ကောင်းကောင်းနား၊ ကိုကို သွားပြီ"

‎

‎"အင်း စောစော ပြန်လာနော်"

‎

‎ယွမ်မေရှီသည် ယွမ်ချန် ထွက်ခွာသွားခြင်းကို ကြည့်နေခဲ့၏။

‎

‎ယွမ်ကျန်းဟိုင်က လက်နှစ်ဖက်ဆန့်တန်းကာ သူမအား ခေါ်လိုက်သည်။

ယ"ဒီကိုလာပါဦး ဖေဖေ့သမီးလေး မေရှီ"

‎

‎ယွမ်မေရှီက နာခံစွာဖြင့် ယွမ်ကျန်းဟိုင်ဘေးတွင် ထိုင်လိုက်သည်။

‎

‎ယွမ်ကျန်းဟိုင်က ဆက်ပြော၏

" သမီးလေး ပျော်မနေတဲ့ပုံပဲ "

‎

‎ယွမ်မေရှီးက ဖြေသည်။

"သမီးက ဖေဖေရဲ့ သမီးဖြစ်ဖို့ မထိုက်တန်ဘူး၊ သမီးက အရမ်း အားနည်းတယ်၊ တန်ဖိုးမရှိဘူးလို့ သူတို့ပြောကြတယ် ဖေဖေ သမီးကို သတ်ပြစ်မှာလား"

‎

‎ယွမ်ကျန်းဟိုင်က ပြန်ဖြေ၏။

"မသတ်ပါဘူး သမီးက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး ကလေးပဲ ကံမကောင်းတာက သမီးရဲ့ ဖွံ့ဖြိုးမှုကို ကန့်သတ်ထားတဲ့ ရောဂါဖြစ်စေတဲ့ မျိုးဗီဇတွေ ကို အများကြီး အမွေဆက်ခံထားရတာ"

‎

‎ယွမ်မေရှီးမှာ စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းငုံ့လိုက်သည်။ ယွမ်ကျန်းဟိုင်၏ လက်က သူမ၏ ကျောပေါ်တွင် တင်ထားပြီး နှစ်သိမ့်ရန် ညင်သာစွာ ပုတ်ပေးနေ၏။

‎

‎"ဝမ်းမနည်းပါနဲ့ ဖေဖေလည်း ရောဂါဖြစ်စေတဲ့ မျိုးဗီဇတချို့ အမွေဆက်ခံထားရတာပဲ ဆရာဝန်တွေက နှစ်နှစ်အတွင်း ဖေဖေ့ရဲ့ ကျောရိုးက ဖေဖေ့ရဲ့ ခန္ဓာကိုယ်ကို ထောက်ထား ပေးနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောတယ် အဲခါကျရင် ဖေဖေက ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ ထိုင်နေရတော့မှာ"

‎

‎‌"ဖေဖေ့‌ရဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးက ဖေဖေ့ထက် ပိုကျန်းမာခဲ့ကြပေမယ့် သူတို့အားလုံး ဖေဖေ့လက်ချက်နဲ့ သေခဲ့ရတယ်"

‎

‎"တစ်ခါတလေ၊ ချို့ယွင်းချက်တွေဆိုတာကလည်း မင်းကို ပိုပြီး ကြံ့ခိုင်စေပြီး ပိုတန်ဖိုးရှိ စေပါတယ်ကွ"

All Chapters