အခန်း (၁၁၈)
Vol. 12 Ch. 118
Chapter - 118
ယွမ်လော့ရီ မကြာခဏ မှန်ကိုစိုက်ကြည့်ကာ အေးစက်နေသည့် မှန်ပေါ်တွင် ပေါ်နေသော သူမ၏ မျက်နှာအစိတ်အပိုင်းများကို လက်ချောင်းများဖြင့် ထိကြည့်နေတတ်၏။ သူမ၏ မျက်လုံးကြီးကြီးလေး၊ သွယ်လျတဲ့ နှာချောင်းလေး။
ထူးဆန်းလှသည့် ဝမ်းနည်းမှုတစ်ခုမှာ သူမ၏ နှလုံးသားထဲသို့ ဝင်လာကာ မပျောက်ကွယ်သွားချေ။
မျက်နှာပေါ်တွင် မျက်ရည်များစီးကျလာ၍ ယွမ်လော့ရီသည် ပဟေဠိဖြစ်ကာ ရပ်နေပြီး သူမ အဘယ်ကြောင့် နာကျင်နေသလို ဖြစ်နေသည်ကို မသိပေ။
တစ်နေ့တွင် သုံးနှစ်အရွယ် ယွမ်လော့ရီလေး ယွမ်ကျန်းဟိုင်၏ ကမ်းခြေဗီလာသို့ သွားရောက်လည်ပတ်ချိန်တွင် သူမနှင့် တစ်ပုံစံတည်းတူသော ကောင်မလေးတစ်ဦး ချဥ်းကပ်လာခဲ့သည်။
ထိုကောင်မလေးက ပြောလိုက်သည်။
“လော့ရီ ငါနင့်ကိုတွေ့ဖို့ ခိုးထွက်လာခဲ့တာ ငါ့ကိုမှတ်မိလား ငါကနင့်အစ်မ ယိချီလေ”
ယွမ်လော့ရီ ရုတ်တရက် နားလည်သွားခဲ့သည်။
ငါနင့်ကို ခဏခဏ ဆုံးရှုံးနေရလို့ ငါဝမ်းနည်းနေတာပဲ။
ထိုအချိန် ယွမ်အိမ်တော်ထဲ၌ ဆယ့်တစ်နှစ်အရွယ် ယွမ်လော့ရီမှာ ယိချီနှင့် နောက်တစ်ကြိမ် ထပ်မံဆုံတွေ့ခဲ့ပြီး မီးခလုတ် ပြန်ဖွင့်လိုက်ချိန်တွင် သူမ၏ ခေါင်းထဲရှိ မရေတွက်နိုင်သည့် မှတ်ဥာဏ်အပိုင်းအစများ ပေါင်းစည်းသွားခဲ့၏။
မြင်ကွင်းများ ဆက်တိုက်ပေါ်လာနေသည်။
သူတို့အတူ ဖန်ခုန်တမ်း၊ ကြိုးခုန်တမ်း ဆော့ဖူးပြီး လေ့ကျင့်ရေးနှင့် စာလေ့လာခြင်းကိုလည်း အတူလုပ်ဖူးကြကာ အတူတကွစမ်းသပ် စစ်ဆေးခံခဲ့ရဖူး၏။
ယွမ်လော့ရီ စိတ်ရှုပ်ထွေးကာ သူမ၏ အတွေးများကိုလည်း နားမလည်နိုင်ချေ။
ဒီမှတ်ဥာဏ်အပိုင်းအစတွေက ဘာကိုဆိုလိုတာလဲ။
သူမမှတ်ဥာဏ်ထဲရှိ ယိချီမှာ တည်ငြိမ်သည့် မိန်းကလေးဖြစ်သော်ငြား သူမအရှေ့ရှိသူမှာ အေးစက်ကာ ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးများရှိပြီး သူတို့နှစ်ဦးမှာ လုံးဝမတူသည့် လူနှစ်ဦးကဲ့သို့ပင်။
သို့ပေမဲ့ ယိချီ၏အနောက်ဘက်ရှိ လက်နက်ကိုင်ထားသော လူများက ယွမ်လော့ရီကို သတ်ချင်နေကြသဖြင့် ယွမ်လော့ရီမှာ စဥ်းစားနေချိန်မရှိချေ။
ယိချီက သူမနေရာကို ယူဖို့ရာအတွက် သူမကို သတ်ချင်နေသည်။
သူမလွတ်မြောက်အောင် လုပ်ရမည်။
ယွမ်လော့ရီ သူမပြေးနိုင်သလောက် အစွမ်းကုန် ပြေးကာ သူမအနောက်ဘက်ရှိ ခြေသံများမှာလည်း ပိုပိုကျယ်လာ၏။
သူမက အော်ဟစ်လိုက်သည်။
“ကယ်ကြပါဦး”
သူမ၏ အသံမှာ လျှောက်လမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသော်ငြား ပြန်ဖြေသံ မရှိပေ။
ကံကောင်းစွာဖြင့် သေမလား ရှင်မလား မသိသည့် အခြေအနေများစွာကို ကြုံပြီးနောက် ယွမ်လော့ရီ၏ စိတ်ဓါတ်မှာ ခိုင်မာနေပြီဖြစ်ပြီး သူမ မလန့်ဖျပ်ချေ။
အသက်ကိုလုရှူနေရင်း ယွမ်လော့ရီ ဆက်ပြေးနေကာ သူမ၏ ဒုတိယအစ်ကိုရှိသည့် အောက်ထပ်ဆီသို့ ဦးတည်ပြေးနေ၏။
အိမ်တော်မှာ ကြီးမားလွန်းကာ ပြေးဖို့ခက်ခဲပြီး အိမ်အကူများမှာ ဒီနေရာနှင့် ဝေးသည့်နေရာတွင် နေသဖြင့် အကူအညီတောင်းဖို့ရာ ဝေးလွန်း၏။ လွန်ခဲ့သော နှစ်များက ငှားရမ်းခဲ့သည့် ဆောက်လုပ်ရေးအဖွဲ့မှာ ရိုးသားကာ အလုပ်ကိုဂရုတစိုက်လုပြပြီး အသံလုံနံရုံများ ရှိသဖြင့် ယွမ်လော့ရီ အောက်ထပ်တွင် အော်နေလျှင်တောင် သူမ၏ ဒုတိယအစ်ကိုတစ်ယောက်တည်းသာ ကြားနိုင်လေသည်။
နောက်ဆုံးတွင်တော့ သူမ လူသတ်သမားများက ထိုကဲ့သို့ ကြီးမားသည့် အိမ်တော်များ၏ ကိစ္စများတွင် ပါဝင်နေသည်ကို နားလည်သွားခဲ့၏။
ရှည်လျားသည့် လျှောက်လမ်းမှ ပြေးလာရင်း လှေကားပေါ်သို့ ခြေချလိုက်ကာ သူမအောက်ထပ်သို့ အလျင်အမြန် ဆင်းသွား၏။
အမှောင်ထုထဲ၌ လက်တစ်ချောင်းမှာ ထွက်လာပြီး ယွမ်လော့ရီ၏ ပခုံးအား ဆွဲလိုက်ကာ အားမှာသန်မာလွန်းသဖြင့် သူမ မရုန်းနိုင်ဘဲ ခြေချော်ကာ ပြုတ်ကျသွားစေခဲ့သည်။
သူမ လူဆိုးတွေဆီမှ အဖမ်းခံလိုက်ရပြီပင်။
ကြမ်းတမ်းသည့် ကြိုးတစ်ချောင်းမှာ သူမ၏ လည်ပင်းတွင် ပတ်ကာ တင်းကြပ်လာပြီး ယွမ်လော့ရီမှာ အသက်ရှူရခက်လာသော်ငြား သူမ မအော်ဟစ်နိုင်သကဲ့သို့ သူမ၏ လက်များခြေထောက်များမှာ ကြိုးချည်ခံထားရသဖြင့် လှုပ်လည်းမလှုပ်ရှားနိုင်ချေ။
သူမက ရုန်းကန်ဖို့ပင် ငယ်ရွယ်ကာ သေးငယ်နေ၏။
သူမ၏ သွယ်လျသည့် လည်ပင်းမှာ မခံမရပ်နိုင်လောက်သော နာကျင်မှုမျိုးကို ခံစားနေရကာ ကြိုးက သူမ၏ အရေပြားကို ပြတ်ရှစေကာ သူမ၏ လည်ပင်းအား လုံးလုံးဖြတ်လိုက်မတတ်ပင် ဖြစ်၏။
သူမ သတိမေ့သွားကာ ယွမ်လော့ရီ ဘေးရှိအရာများအား မမြင်နိုင်တော့ပေ။
“အား”
အမျိုးသားတစ်ဦး၏ အော်သံမှာ သူမနားထဲသို့ ဝင်လာကာ တစ်စုံတစ်ဦးက သူမကို သူ၏ ရင်ခွင်ထဲသို့ မချီလိုက်သကဲ့သို့ ယွမ်လော့ရီကိုယ်ပေါ်တွင် ချည်နှောင်ထားသည့် ကြိုးများမှာလည်း ပြေလျော့သွား၏။ သူမ၏ အားမရှိသော ခန္ဓာကိုယ်မှာ သူကို မှီထားပြီး သူမ၏ ဦးနှောက်ထဲသို့ သွေးပြန်စီးချိန်တွင် အာရုံများ ပြန်လည်ရရှိလာပြီး အလွန်ဒေါသထွက်နေသည့် ဖေဖေယွမ်ကို တွေ့လိုက်ရသည်။
ယခင်က ဖေဖေယွမ်က ယွမ်လော့ရီအနားတွင် အမြဲတမ်း တင်းမာသည့် အမူအယာရှိသဖြင့် သူ၏ ဒေါသထွက်နေသည့် အမူအယာဟု သူမထင်မှတ်ခဲ့သော်ငြား ယခုတွင်တော့ ထိုအမူအယာမှာ သူ၏ အနူးညံ့ဆုံးနှင့် အကြင်နာဆုံးအမူအယာဖြစ်သည်ကို သဘောပေါက်သွားခဲ့၏။
သူမ၏ အစ်ကိုများက ဖေဖေယွမ်၏ ဒေါသကို မဆွချင်ကြသည်မှာ အံ့ဩစရာမရှိပေ။
ယွမ်လော့ရီကို လက်တစ်ဖက်ဖြင့် ပွေ့ပိုက်ထားပြီး ဖေဖေယွမ်က တခြားလက်တစ်ဖက်ဖြင့် ထိုအမျိုးသားအား ဆံပင်မှဆွဲကာ ဆွဲမလိုက်ပြီး သူ၏ ခေါင်းအား နံရံနှင့် တိုက်ချလိုက်ကာ သူ၏ဦးခေါင်းခွံအား ချက်ချင်းကွဲကြေသွားစေခဲ့သည်။
ထိုအမျိုးသားမှာ အသက်ရှိနေဆဲဖြစ်ပြီး သူ၏ခေါင်းကို ကိုင်ထားရင်း အော်ဟစ်နေခဲ့သည်။
ဖေဖေယွမ်က သူ့ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကာ သူ့ရင်ဘတ်ပေါ်သို့ ခြေထောက်တင်လိုက်ပြီး ပြောလိုက်၏။
“ငါ့သမီးကို မင်းကများ
ထိရဲသေးတယ်”
ခြေထောက်ကို အားထည့်ကာ ဖိလိုက်ပြီး အရိုးများမှာ တစ်ချောင်းပြီးတစ်ချောင်း ကျိုးသွားပြီး ထိုအမျိုးသား၏ နှလုံးသားမကြေမွသွားခင်အထိ ထိုကဲ့သို့ ဖိချေနေကာ သူ့ကို အချိန်တိုင်အတွင်းပင် ရက်ရက်စက်စက်သတ်ဖြတ်သော်ကား အမြင့်မားဆုံးဝေဒနာအား ခံစားစေရ၏။
ဖေဖေယွမ်က ဒေါသတကြီးနှင့် သူတို့၏ အိမ်အား ဖောက်ထွင်းဝင်ရောက်ခဲ့သည့် သူများအား ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ချင်သော်ငြား သူ့အသိစိတ်လွတ်လို့မဖြစ်သေးပေ။ သူသည် ဖခင်တစ်ယောက်ဖြစ်ကာ သူ၏ အဓိကတာဝန်မှာ သူ့သမီးအား ကာကွယ်ရန်ပင်ဖြစ်သည်။
ယွမ်လော့ရီအား သူ၏ ရင်ခွင်ထဲ၌ တင်းကြပ်စွာ အကာအကွယ်ပေးထားကာ ဖေဖေယွမ်က သူ၏ခန္ဓာကိုယ်အား ဒိုင်းကာအနေနှင့်သုံးပြီး ဆုတ်ခွာနေသည်။
“ဘန်း”
အနီးအနားတွင် သေနတ်သံတစ်သံ ထွက်လာခဲ့သည်။
ယွမ်လော့ရီက သူ၏အင်္ကျီအား ဆုပ်ကိုင်ကာ မေးလိုက်၏။
“ဖေဖေ အဆင်ပြေရဲ့လား”
ဖေဖေယွမ်က ပြန်ဖြေ၏။
“အဆင်ပြေပါတယ်”
မှောင်နေသည့် လှေကားအဆုံးရှိ ဖယောင်းတိုင်မီး လင်းထိန်သွားပြီး နိုးလာကာ ဖယောင်းတိုင်မီးအား ကိုင်ထားသော ယွမ်ဖာ့မှာ ဖေဖေယွမ်နှင့် ယွမ်လော့ရီတို့၏ အခြေအနေကြောင့် လန့်ဖျပ်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
ဖေဖေယွမ်က မြေညီထပ်အခန်းထဲသို့ အလျင်အမြန်ဝင်ကာ
"မြန်မြန် တခါးကိုပိတ်လိုက်"
စားပွဲပေါ်သို့ ဖယောင်းတိုင်အား အလျင်အမြန်တင်လိုက်ပြီး ယွမ်ဖာ့က
တံခါးကိုဆွဲပိတ်ကာ လော့ခ်ချလိုက်သည်။
ဖေဖေယွမ်က ယွမ်လော့ရီကို ချလိုက်ပြီး သူမ၏ လည်ပင်းပေါ်ရှိ အညိုအမဲများအား မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများမှာ လူသတ်ချင်စိတ်များနှင့် တောက်လောင်လာခဲ့၏။
သူ့သမီးလေးက သူ၏ပိုင်ဆိုင်မှုများစွာအား ယခင်က ဖျက်ဆီးဖူးခဲ့သော်ငြား သူက အလွန်ဆုံး သူမအား မာမာထန်ထန် ဆူပူရုံသာ ဆူပူတတ်ပြီး တစ်ခါမျှ မရိုက်နှက်ဘူးချေ။
ထိုလူဆိုးများမှာ သူမအပေါ်တွင် ထိုကဲ့သို့ ကြည့်ရဆိုးသည့် အမှတ်ကြီးအား ချန်ထားခဲ့သည်။
ဒုတိယအစ်ကို ယွမ်ဖာ့ကလည်း ထိုအမာအရွတ်ကို သတိပြုမိကာ ဒေါသတကြီးဖြင့်
"အဲဒီ ခွေးကောင်တွေ ဘယ်လိုဝင်လာကြတာလဲ"
ဖေဖေယွမ်က ရှင်းပြ၏။
"အဓိကမိန်းခလုတ်ကြီးက အပိတ်ခံထားရတယ် ပြီးတော့ ငါတို့ဖုန်းတွေအကုန်လုံး လိုင်းမရနေဘူး လုံခြုံရေးစနစ်ကလည်း အဟက်ခ်ခံထားရတယ် အိမ်အကူတွေထဲမှာ သစ္စာဖောက်ရှိနေတာပဲ ဖြစ်ရမယ်"
သူက အံဆွဲထဲသို့ မွှေနှောက်လိုက်ကာ အရေးပေါ်ဆက်သွယ်ရေးအတွက် ရှေးဟောင်းဂြိုလ်တုဖုန်းတစ်လုံးအား ရှာတွေ့သွားပြီး မကြာခင်ဖြေကြားလာခဲ့သော နံပါတ်တစ်ခုကို ခေါ်ဆိုခဲ့သည်။
"ဟယ်လို"
အကြီးဆုံးအစ်ကို ယွမ်အောင်း၏အသံ ထွက်လာခဲ့၏။
ဖေဖေယွမ်က ပြောလိုက်သည်။
"မင်းဘယ်မှာလဲ"
"ကျွန်တော် ကုမ္ပဏီမှာပါ"
"ကောင်းပြီ အခုချက်ချင်း တစ်ယောက်ယောက်ကို ကုမ္ပဏီရဲ့လုံခြုံရေးနဲ့ ဓါတ်အားစနစ်တွေကို အမြန်စစ်ဆေးခိုင်းလိုက် အိမ်မှာ သစ္စာဖောက်တစ်ယောက်ရှိနေတယ် ဖြစ်နိုင်တာကတော့ ယွမ်မိသားစုဟောင်းက ပို့လိုက်တာပဲ ဖြစ်ရမယ်"
"ကောင်းပါပြီ"
"ပြီးတော့ စစ်ကူတွေအတွက် ငါတို့ရဲ့ ယုံကြည်လို့ရတဲ့ အဆက်အသွယ်တွေကို ဆက်သွယ်လိုက် အိမ်ကဖောက်ထွင်းခံထားရပြီးတော့ ငါတို့တွေ မြေညီထပ်ဧည့်ခန်းမှာ ပိတ်မိနေတယ်"
"လုပ်လိုက်ပါပြီ သူတို့တွေ နောက်ဆယ်မိနစ်အတွင်းမှာ ရောက်လာလိမ့်မယ်လို့ စာပြန်ပို့ပါတယ်"
"ကောင်းပြီ မင်းကိုယ်မင်းလည်း ဂရုစိုက်ဦး"
"အဖေ လော့ရီကော အဆင်ပြေရဲ့လား"
ယွမ်ဖေဖေက သေလုနီးပါးဖြစ်ခဲ့သည့် ယွမ်လော့ရီအား ကြည့်လိုက်ချိန်တွင် သူမ၏ မျက်နှာက ပြာနှမ်းနေပြီး လေကိုရှူရှိုက်ရဆဲဖြစ်သော်ငြား အံ့ဩစရာကောင်းသည်မှာ သူမ၏ ကြောက်စရာအတွေ့အကြုံဖြင့်တောင်မှ သူမက အတော်လေးတည်ငြိမ်ကာ သတ္တိရှိ၏။
ဖေဖေယွမ်က ပြောလိုက်သည်။
“သူနည်းနည်း ထိခိုက်သွားတယ် ငါတို့တွေ သူ့ကိုဆေးရုံပို့မှရမယ် ကုမ္ပဏီက ကိစ္စတွေကို ဖြေရှင်းပြီးသွားရင် မင်းမြန်မြန်ပြန်လာခဲ့”
“နားလည်ပါပြီ”
ဖုန်းခေါ်ဆိုမှုမှာ ပြီးဆုံးသွားခဲ့သည်။
ထိုမထင်ထားသည့် တိုက်ခိုက်မှုမှာ ယွမ်လော့ရီ တွေးထားသည်ထက်ပင် ကျော်လွန်နေကာ သူမအား ခံစားရစေခဲ့သော်ငြား ကောင်းကျိုးများလည်း ရှိ၏။
ဖေဖေယွမ်က ယွမ်ကျန်းဟိုင်၏ တည်ရှိမှုအား ယခင်ဘဝကထက် ပိုစော၍ ရှာတွေ့သွားခဲ့သည်။ လုံခြုံရေးစနစ်များကို စစ်ဆေးကာ သူလျိုများက ဖယ်ရှားခံလိုက်ရပြီးနောက် ယွမ်ကျန်းဟိုင်သည် ယခင်ကလောက် လူတိုင်းကို သေချာမစောင့်ကြည့်နိုင်တော့ပေ။
ဤသည်မှာ ကံဆိုးမှုမှ ရလာသည့် ကောင်းချီးကဲ့သို့ပင်။
သို့သော်ငြား ယွမ်လော့ရီ၏ လည်ပင်းမှာ အမှန်တကယ်ပင် နာနေ၏။ သူမ သတိမထားမိပဲ ထိုနေရာကို ပွတ်ဖို့ လက်လှမ်းမိလိုက်သော်ငြား သူမ၏ လက်ချောင်းများ အရေပြားကို ထိလိုက်သည်နှင့် သူမနာကျင်သွားခဲ့သည်။
ဖေဖေယွမ်က သူမအတွက် အလွန်ပင် စိတ်မကောင်းဖြစ်နေသည်။ သူသည် သူမဆီသို့ လျှောက်လာကာ
သူမနှင့်တစ်ပြေးညီ ထိုင်လိုက်ပြီး သူမ၏ ဒါဏ်ရာများကို စစ်ဆေးလိုက်သည်။
သူက ပြောလိုက်သည်။
“အဖေဒီည မအိပ်ပဲနဲ့ သမီးရဲ့အသံကို ကြားလိုက်တာ တော်သေးတာပေါ့”
ယွမ်လော့ရီ ခုနက သေနတ်သံကို မှတ်မိသွားခဲ့သည်။
သူမစိတ်ပူကာ မေးလိုက်သည်။
“ဖေဖေ သေနတ်ကဖေဖေကို ထိသွားသေးလားဟင်”
ယွမ်ဖေဖေက တစ်ခဏမျှ ပြောစရာစကားမေးသွားပြီးနောက် ပြောလိုက်သည်။
“ထိသွားတယ်”