← Chapters

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း (၁၁၉)

Vol. 12 Ch. 119

Chapter - 119

ယွမ်လော့ရီ၏ နှလုံးသားမှာ လျင်မြန်စွာ ခုန်နေကာ သူမ၏ မျက်လုံးထဲတွင် ချက်ချင်း မျက်ရည်များ ဝဲလာခဲ့သည်။

လူဆိုးများက သူမကို သတ်တော့မည့် အချိန်မှာပင် သူမ မငိုခဲ့သော်ငြား သူမချစ်ရသော သူတစ်ဦးထွက်သွားမည်ဆိုသည့် အတွေးလေးကပင် သူ့ကို ထိန်းမနိုင်သိမ်းမရ မျက်ရည်များ ကျလာစေခဲ့၏။

ယွမ်ဖေဖေက အနည်းငယ် ရယ်မောကာ ပြောလိုက်၏။ “စိတ်မပူပါနဲ့ ဖေဖေ ကျည်ကာအင်္ကျီ ဝယ်ထားပါတယ်”

ယွမ်လော့ရီ မျက်တောင်ခတ်လိုက်ကာ “ဖေဖေနေ့တိုင်း ကျည်ကာအင်္ကျီ ဝတ်တာလား”

ယွမ်ဖေဖေက ပြန်ပြော၏။ “ဖေဖေ ဒီနေ့ဝတ်ဖို့ ဖြစ်သွားလို့ပါ”

“ဖေဖေ ဒီနေ့ ဘာလို့ဝတ်ထားတာလဲဟင်”

“ဘာလို့ဆို ဒီနေ့အတွက် ဖေဖေက သမီးမေမေရဲ့ မိတ်ကပ်အိတ်ကို မှောက်အောင် လုပ်လိုက်မိတယ်လေ ပေါင်ဒါတွေနဲ့ eye shadow တွေအကုန်လုံး ရောကုန်ပြီ ဖေဖေပြန်ထည့်ကြည့်ပေမဲ့ အရင်ကလိုမျိုး မဟုတ်တော့ဘူးလေ”

“မေမေ ပဲရစ်ကဝယ်လာခဲ့တဲ့ အရည်အသွေးမြင့်

အထူးထုတ် မိတ်ကပ်လား”

“ဟုတ်တယ်”

သူမ၏ အဖေလို သူငယ်ချင်းများနှင့် တွေ့ဆုံရသည်ကို မကြိုက်သောသူက အဘယ်ကြောင့် ယနေ့ သူငယ်ချင်းများနှင့် စောစောစီးစီး ညစာသွားစားရခြင်းကို နောက်ဆုံးတော့ သူမ နားလည်သွားခဲ့သည်။ သူက အရေးပေါ်ထွက်ပေါက် လုပ်နေခြင်းပေ။

တစ်ခါဏမျှ တုန့်ဆိုင်းပြီးနောက် ယွမ်ဖေဖေက နည်းနည်းထပ်ပြော၏။ “သမီးအ‌မေအခုထိ အပြင်မှာပဲ ရှိသေးတယ် ပြီးတော့ ဒီကိစ္စအခုထိမသိသေးဘူး အဲတာကြောင့် သူ့ကိုသွားမပြောနဲ့နော်”

သတင်းကောင်းမှာ ယွမ်လော့ရီ မျက်ရည်မကျခဲ့ပေ။ သတင်းဆိုးမှာ ဖေဖေယွမ်သည် အနာဂတ်တွင် မေမေယွမ်၏ လက်ထဲ၌ သေနိုင်၏။

ထိုထုတ်ကုန်မှာ သူမ၏ အသားအရေအတွက် အထူးထုတ်ထားသော ထုတ်ကုန်ဖြစ်ပြီး မေမေယွမ် နှစ်ဝက်လောက်အထိ စောင့်ခဲ့ရသည့် ထုတ်ကုန်ပင်။ သူမက ထိုထုတ်ကုန်ကို ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားပြီး ကုမ္ပဏီက အထူးထုတ်ကုန်များ ထပ်မံထုတ်လုပ်တော့မည် မဟုတ်သဖြင့် တစ်ကမ္ဘာလုံးတွင် တစ်ခုသာရှိသည်။

ဖေဖေယွမ်၏ ကျည်ကာအင်္ကျီမှာ နောက်ထပ်ကျည်တစ်တောင့်အား တားနိုင်လောက်သည်အထိ အရည်အသွေးကောင်းဖို့သာ မျှော်လင့်သည်။

သူ့သမီး၏ လည်ပင်းဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရသည်ကို အတည်ပြုပြီးနောက် ဖေဖေယွမ်၏ တင်းမာနေသည့် အကြောများအနည်းငယ် ပြေလျော့သွားကာ သူပြောလိုက်သည်။

“သမီးနောက်ဆုံးတော့ ဖေဖေလို့ ခေါ်ပြီပေါ့”

ယွမ်လော့ရီက အနည်းငယ် အံ့ဩသွားခဲ့သည်။

အဲတာဆို သူသိနေတာပေါ့ သူတစ်လျောက်လုံး ဂရုစိုက်နေခဲ့တာပေါ့။

သူမ၏ ဆယ့်ရှစ်နှစ်အရွယ် ကံကြမ္မာအား မြင်ပြီးနောက် သူမအား မောင်းထုတ်ခဲ့သည့် ဖခင်အပေါ် ယွမ်လော့ရီ အငြိုးအတေး တချို့ရှိနေဆဲဖြစ်သဖြင့် သူတို့တွေ့ကြသည့်အချိန်တိုင်း ယွမ်လော့ရီ သူ့ကို တမင်တကာပင် ဖေဖေဟု မခေါ်ချေ။

သူက သူမကို မောင်းထုတ်ခဲ့သဖြင့် သူ သူမက သမီးအဖြစ်လည်း မလိုချင်လောက်ပေ။ အဲတာဆိုရင် သူမက သူ့ကို ဘာလို့ ဖေဖေလို့ ခေါ်ရမှာလဲ။

သူမက သူ၏ သမီးအရင်းလည်း မဟုတ်သကဲ့သို့ သူမ၏ အစ်ကိုများကဲ့သို့လည်း မထူးချွန်နေပေ။ ဖေဖေယွမ်အတွက် သူမက ပြဿနာတစ်ခုထက် မပို။

သို့ပေမဲ့ ယနေ့ဖေဖေယွမ်၏ အတိတ်ကို မြင်ပြီးနောက် ထိုအချိန်တွင် သူ သူမကို ကယ်ချင်ရုံသာဖြစ်ကြောင်း ယွမ်လော့ရီ နားလည်သွားခဲ့၏။

ကျောင်းထွက်ပြီးနောက် သူမ နှစ်နှစ်ကြာ အိမ်ထဲတွင်သာ နေကာ သူမကိုယ်သူမ အခန်းထဲတွင် ပိတ်လှောင်ထားပြီး သူတို့ သူမကို မည်သို့ပင် ခေါ်ပါစေ မထွက်လာခဲ့ချေ။ ဖေဖေယွမ်က သူမအတွက် ပတ်ဝန်းကျင်အသစ် တွန်းအား‌ပေးပြောင်းသည့် နည်းလမ်းကို အသုံးပြုခဲ့ပြီး ထိုအရာမှာ သူမကို နေကောင်းလာအောင်လုပ်ပေးနိုင်မည်ဟု ထင်ခဲ့သည်။

ထိုအကြံမှာ အဆင်မပြေခဲ့သော်ငြား သူမသာ အိမ်မှ မထွက်သွားခဲ့ဘူးဆိုလျှင် ယွမ်လော့ရီက မေမေယွမ်နှင့် တစ်ရက်တည်းမှာပင် သေသွားခဲ့မည် ဖြစ်ပြီး သူမထောင်ထဲရှိနေချိန်၌ အစ်ကိုကြီးယွမ်အောင်း၏ ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိခဲ့မည် မဟုတ်ပေ။

ဖေဖေယွမ်က ပြောလိုက်သည်။ “ဖေဖေက သမီးဖေဖေကို မကြိုက်ဘူးလို့ ထင်နေခဲ့တာ သမီး ငယ်ငယ်ကတည်းက မေမေအနားမှာပဲ နေပြီး ဖေဖေနဲ့ အချိန်သိပ်မဖြုန်းခဲ့ရဘူးလေ”

ယွမ်လော့ရီက ပြောလိုက်သည်။ “မဟုတ်ပါဘူး သမီးအခုကစပြီး ဖေဖေနားမှာလည်း ကော်လေးလို ကပ်နေတော့မှာ”

ယွမ်ဖေဖေက စိတ်သက်သာရာ ရသွားသည့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ကာ “အဲတာဆို တောင်းတာပေါ့”

သူ၏ အကြည့်မှာ အဖြူနှင့်အပြာစင်း ညအိပ်ဝတ်စုံဝတ်ထားသည့် သူ့သားယွမ်ဖာ့ ဆီသို့ ရောက်သွား၏။ ဖေဖေယွမ် ချက်ချင်းမျက်မှောင်ကြုတ်သွားကာ အရှေ့အာဖရိကရှိ မဟာချိုင့်ဝှမ်းကြီးကဲ့သို့ နက်နဲသော ချိုင့်ဝှမ်းများ ဖြစ်ပေါ်စေခဲ့သည်။

သူက ပြောလိုက်သည်။ “မင်းဘာတွေ ဝတ်ထားတာလဲ”

သူက အရွယ်ရောက်ပြီးသားလူ ဖြစ်သော်ငြား သူအဖေ၏ မေးခွန်းထုတ်တာကို ခံရချိန်တွက် ဒုတိယအစ်ကို ယွမ်ဖာ့မှာ အနည်းငယ် ထူးဆန်သလိုခံစားရပြီး သူငယ်ငယ်တုန်းက ဝိဥာဥ်ကွဲကြေမတတ် အဆူခံရခြင်းအား မှတ်မိသွားခဲ့သည်။

ယွမ်ဖာ့က အတည်ငြိမ်ဆုံးပြောလိုက်သည်။ “ဒါကဖက်ရှင်‌လေ”

ဖေဖေယွမ် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ဖြေးဖြေးချင်း ပြန်ရှူထုတ်လိုက်၏။ သူ၏ အသံကိုတိုးကာ “ဒါကဘယ်လို ဖက်ရှင်မျိုးလဲ မင်းဂတုံးလေးသာ တုံးလိုက်ရင် မင်းက အဖမ်းခံလိုက်ရတဲ့ သူနဲ့ တူနေလိမ့်မယ်”

ယွမ်ဖာ့က ပြော၏။ “ဒီလိုရှိတယ်လေ အဖေ အဖေမသိပါဘူး အများအမြင်တွေက အမြဲတမ်း ပြောင်းလဲနေပြီးတော့ ဘဝက အလုပ်ရှုပ်ပြီး မွဲခြောက်နေတာကြောင့်မလို့ ကျွန်တော်ရဲ့ ဘဝမှာ စိတ်လှုပ်ရှားစရာလေးတွေ ထပ်ဖြည့်ချင်တာလေ”

ဒုတိယအစ်ကို ယွမ်ဖာ့မှာ ထိုသွေးသားဆက်နွယ်မှုအား အမှန်တကယ်ပင် ကျေးဇူးတင်သင့်၏။

အဘယ်ကြောင့်ဆိုသော် ယွမ်ဖေဖေ၏ လက်သီးမှာ ပြင်ပြီးနေပြီဖြစ်သော်ငြား ယခုဆိုးရွားနေသည့် အခြေအနေအား စဥ်းစားရင်း သူတို့၏ တိုက်ခိုက်နိုင်အားကို မလျော့ကျစေချင်သဖြင့် သူ သူ့ကို မထိုးခဲ့ချေ။

အဖေတစ်ယောက်၏ အချစ်မှာ သူ၏ သတ်ဖြတ်ချင်စိတ်အား အချိန်မီ ထိန်းလိုက်နိုင်စေသည်။

ယွမ်ဖေဖေက ပြော၏။ “အဲတာဆိုရင်လည်း မင်းဒီနားကို လာပေးပါလား”

အနားသို့ တိုးလာရင်း ယွမ်ဖာ့က ပြောလိုက်၏။ “ဒီနားလား”

ဖေဖေယွမ်က ပြောလိုက်သည်။ “ဟုတ်တယ် သူတို့တွေ တံခါးဖျက်ပြီး မင်းညီမလေးကို ထိခိုက်အောင်လုပ်မှာစိုးလို့ တံခါးကိုမှီပြီး ကာထားလိုက်”

ယွမ်ဖာ့ တိတ်ဆိတ်စွာပင် တံခါးကို မှီလိုက်ပြီး သူ့ဖခင်မှာ ပေါက်ပွဲလုဆဲဆဲ ဖြစ်နေသဖြင့် ဘာမှ မပြောသည်မှာ အကောင်းဆုံးဖြစ်ကြောင်း သိ‌လေ၏။

ဖေဖေယွမ်က အသံဆွဲရင်း စောဒကတက်လိုက်သည်။။

“ငါဘယ်လိုဖြစ်ပြီး ဒီလိုထူးဆန်းတဲ့ သားမျိုးလာတာလည်း မသိဘူး မင်းတို့ငါးယောက်လုံးကို ငါတစ်ပုံစံတည်း ပျိုးထောင်ခဲ့တာပဲလေ”

ဖေဖေယွမ်နှင့် ဒုတိယအစ်ကိုယွမ်ဖာ့တို့ ပုံမှန်အတိုင်း ဆက်ဆံနေကြသည်ကို မြင်သောအခါ ယွမ်လော့ရီ နားမလည်နိုင်စွာပင် စိတ်သက်သာရာ ရသွားခဲ့သည်။

အပြင်ဘက်ရှိ လူဆိုးများထံမှ အသံထွက်မလာတော့ပေ။ သူတို့ယခုတွင် လျို့ဝှက်စွာသာ လုပ်ဆောင်နိုင်၏။ မိသားစုဝင်အားလုံး သတိထားနေချိန်တွင် သူတို့အောင်မြင်ဖို့ရာ ခက်ခဲသည်။

မကြာခင်မှာပင် အပြင်ဘက်တွင် အနီရောင်နှင့် အပြာရောင်မီးမှာ လင်းလက်လာပြီး ရဲအရာရှိများ အလျင်အမြန်ထွက်လာချိန်ရင်း ရဲကားသံမှာလည်း မရပ်သွားခဲ့ချေ။

ည၌ ကားတစ်စီး ခြံတံခါးဝတွင် ရပ်သွားကာ အစ်ကိုကြီး ယွမ်အောင်းပေါ်လာခဲ့သည်။

ဖေဖေယွမ်က ယွမ်ဖာ့ကို ပြောလိုက်သည်။ “မင်းတံခါးကို စောင့်ကြည့်နေစရာမလိုတော့ဘူး မင်းအစ်ကိုအတွက် တံခါးသွားဖွင့်ပေးလိုက်”

ဖေဖေယွမ်ထွက်သွားချိန်တွင် သူ၏ မကျေနပ်ချက်များ အားလုံးကို ဖြေဖျောက်ဖို့ရာ ရည်ရွယ်ရင်း ဥပဒေလောက၏ တက်သစ်စကြယ်ပွင့်လေး ယွမ်ဖာ့မှာ ဆူပုတ်နေသော အမူအယာနှင့် တံခါးသွားဖွင့်သည်။

တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးတစ်အုပ် အလျင်အမြန် ဝင်လာခဲ့သည်။ သူတို့မှာ ဖေဖေယွမ်ကို မှတ်မိကြပြီး ယဥ်ကျေးစွာ ဦးညွတ်ကြ၏။

လူလတ်ပိုင်းအရွယ် လူတစ်ယောက်မှာ ဖေဖေယွမ်အနားသို့ ကပ်လာပြီး ပြော၏။ “မစ္စတာယွမ် ဒါဏ်ရာမရသွားဘူးမလား”

ဖေဖေယွမ်က ပြောလိုက်သည်။ “ငါအဆင်ပြေပါတယ် ဒါပေမဲ့ သမီးလေးကတော့ ထိခိုက်သွားတယ်”

ချက်ချင်းပင် အဖြူရောင်ကုတ်အင်္ကျီ ဝတ်ထားသော ဆရာဝန်များနှင့် သူနာပြုများက ယွမ်လော့ရီ အနားသို့ ဝိုင်းလာကြကာ အမြန်စစ်ဆေးခဲ့ကြသည်။

မီးအလင်းရောင်မှာ ယွမ်လော့ရီ၏ မျက်လုံးကို ထိုးထားကာ မျက်ရည်ဝဲစေ၏။ သူမ၏ ဒါဏ်ရာများမှာ ထိုမျှမဟုတ်ကာ ညအိပ်လိုက်ရုံနှင့် အဆင်ပြေသွားမည်ဟု ထင်သော်ငြား သူမကို တွေ့ချိန်တွင် လူကြီးများမှာ အတော်လေးရင်နာနေကြပုံရပြီး အချို့သူနာပြုငယ်လေးများဆိုလျှင် မျက်ရည်များပင် ဝဲလာကြ၏။

“အဲဒီလူတွေ ဘယ်လိုတောင် ရက်စက်ရတာလဲ”

“ကလေးငယ်လေးကို ဒီလောက်တောင် လုပ်ရက်ကြတယ်”

အစ်ကိုကြီးယွမ်အောင်း ယွမ်လော့ရီ၏ လည်ပင်းပေါ်ရှိ အညိုအမဲများကို တွေ့လိုက်ချိန်တွင် သူ၏ အမူအယာမှာ ချက်ချင်း မဲမှောင်သွားခဲ့သည်။ ကုမ္ပဏီ၏ လုံခြုံရေးစနစ် အဟက်ခ်ခံထားရသည်မှာ ကြာပြီဖြစ်ကြောင်း သူ သိရှိသွားခဲ့ပြီး ကျူးကျော်သူများက သူတို့၏ လှုပ်ရှားမှုများကို ကြည့်ရှူနိုင်ခဲ့သည်။

သူ ထိုသူလျှိုများကို ဖမ်းကာ ပြန်ပေးဆပ်ခိုင်းရမည်။

ရဲများ ထိုနေရာတစ်ဝိုက်အား ရှာဖွေ၏။ ကျူးကျော်သူများက လွတ်မြောက်သွားပြီ ဖြစ်ပြီး သူတို့၏အဖွဲ့သား အလောင်းကိုပါ သူတို့နှင့်အတူ ယူသွားခဲ့ပြီး လှေကားထစ်ပေါ်တွင် သွေးကွက်ကြီးသာ ကျန်နေသည်။

လုံခြုံရေးအတွက် ရဲဝန်ထမ်းများက ယွမ်မိသားစုကို လုံခြုံသည့်အိမ်အသစ်သို့ အထူးလုံခြုံရေးအစီအမံများနှင့် ပို့ဆောင်ပေးပြီး ယွမ်အိမ်တော်မှာမူ အမှုအတွက် ကျွမ်းကျင်သူများက သေချာစစ်ဆေးသွားမည်ပင်။

ကားထဲသို့ ဝင်ပြီးနောက် ဒုတိယအစ်ကိုယွမ်ဖာ့မှာ လူတိုင်းကို ဝန်ဆောင်မှုပေးနေရသော မကျေနပ်နေသည့် ကားမောင်းသမား ဖြစ်လာ

သူ၏ လေးစားရသော ဆက်ခံသူအစ်ကိုကြီးအား သူကား မောင်းခိုင်း၍ မရသကဲ့သို့ သူ့အဖေကိုလည်း ဒေါသထွက်စေလို့ မဖြစ်ချေ။ သူ၏ညီမလေးမှာလည်း ကားမမောင်းတတ်သေးပေ။

ယွမ်ဖာ့က မကျေမနပ်တွေးလိုက်သည်။

ဘာဖြစ်လို့သူက ဒီမိသားစုထဲမှာ အမြဲတမ်းအလုပ်ကြမ်းလုပ်ရတဲ့သူ ဖြစ်နေတာလဲ။

ထိုအချိန်တွင် သူ၏ အစ်ကိုကြီးယွမ်အောင်းမှာမူ ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ အချက်အလက်များမှ တစ်ဆင့် သူလျှိုအား ရှာဖွေနေကာ ယွမ်ဖာ့ကို လုံးဝဂရုမစိုက်ချေ။

ဖေဖေယွမ်ကလည်း ယွမ်လော့ရီဘေးတွင် ထိုင်ကာ အပြင်ဘက်ကို တစ်ချိန်လုံး သေချာကြည့်နေ၏။

သူတို့မိသားစုဝင်များသာ ကျန်တော့ချိန်တွင် ယွမ်လော့ရီ ပြောလိုက်၏။ “ဖေဖေ ခုနတုန်းက အိမ်ထဲမှာ သမီးနဲ့ တစ်ပုံစံတည်းတူတဲ့ ကောင်မလေး တစ်ယောက်ရှိတယ် သူပြောတာ သူကသမီးကို အစားထိုးပစ်မှာတဲ့”

သူမ၏ အစ်ကိုများမှာ နားမလည်နိုင်သော်ငြား ထိုအကြောင်းအား ကြားပြီးနောက် ဖေဖေယွမ်၏ အမူအယာမှာ ချက်ချင်းပြောင်းသွားခဲ့သည်။ သို့သော်ငြား ဖေဖေယွမ်က နားလည်ပေး အချက်အလက်အား သေချာစဥ်းစားကာ တန်ပြန်လုပ်ဆောင်ချက်များကို စဥ်းစားနေသည်။ သူ၏ လက်ကြီးအား ယွမ်လော့ရီ၏ ပခုံးပေါ် တင်လိုက်၏။

“မကြောက်ပါနဲ့ သူက သမီးကို ဘယ်တော့မှာ အစားထိုးလို့ မရနိုင်ပါဘူး”

ယွမ်လော့ရီ သူ့ကို မှီလိုက်သည်။

စနစ်၏ လွှမ်းမိုးမှုအောက်၌ သူမ အချက်အလက်များစွာအား မပြသနိုင်သော်ငြား ယခုတစ်ခေါက်တွင်တော့ သူမ အားလုံးကို အန္တရာယ်ရှိသော အခြေအနေအား သိအောင် လမ်းပြနိုင်ခဲ့သည်။ သူမ၏ လည်ပင်းမှာ သေလုမတတ်နာကျင်နေသော်ငြား ထိုက်တန်ပါသည်။

ပြီးလျှင် ယိချီဘေးတွင် ဆန်းကြယ်သည့် အရာများနှင့် ပြည့်နေသဖြင့် ယွမ်လော့ရီ ယုတ္တိကျသည့် ကွင်းဆက်တစ်ခုအဖြစ် မဆက်နိုင်သေးပေ။

သို့ပေမဲ့ ခုနက မှတ်ဥာဏ်အပိုင်းအစများအရ သူမခန့်မှန်းထားသည့် အရာတချို့ရှိကာ ယခုတွင် သူမထိုအရာများကို အတည်ပြုဖို့ရာ စနစ်ကို မေးဖို့လိုလေသည်။

ယွမ်လော့ရီ နှလုံးသားထဲမှ မေးလိုက်သည်။ “စနစ် ငါအခုဘယ် အချိန်စက်ဝန်းမှာ ရောက်နေတာလဲ”

[ဒင်]

[Host ကအခု အချိန်စက်ဝန်းသုံးမှာ ရောက်နေတာပါ]

သူမ၏ ခန့်မှန်းချက်မှာ မှန်၏။

အချိန်စက်ဝန်း သုံးခုရှိသည်။

ယခုအချိန်စက်ဝန်းမှာ အချိန်စက်ဝန်းနံပါတ်သုံးဖြစ်ပြီး လူတိုင်း အသက်ရှင်ကာ အဆင်ပြေနေကြချိန်ပင်။

ယခက်အချိန်စက်ဝန်းမှာ အချိန်စက်ဝန်းနံပါတ်နှစ်ဖြစ်ပြီး ယွမ်မိသားစုသေဆုံးကာ ညီအစ်ကိုများအားလုံး သေခြင်းတရားနှင့် ဆုံရမည့် အချိန်စက်ဝန်းဖြစ်သည်။

နောက်ထပ် စက်ဝန်းတစ်ခုလည်းရှိကာ မူလစက်ဝန်းဖြစ်လောက်ပြီး ယိချီက သူမ၏ အစ်မဖြစ်ကာ သူတို့အတူ ဓါတ်ခွဲခန်းတစ်ခုအတွင်း၌ ကြီးပျင်းလာသောကြောင့် သူမ ယိချီနှင့် ပတ်သက်သည့် မှတ်ဥာဏ်အပိုင်းအစများကို မြင်နိုင်ခြင်းဖြစ်လောက်သည်။

သူမ အမှန်တရားကို သိလာတော့မည်ဖြစ်ပြီး ယွမ်လော့ရီ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှု နှစ်ခုလုံးခံစားနေရ၏၊

အချိန်စက်ဝန်းသုံးဆိုလျှင် ထိုဆိုးရွားသည့် အဆုံးသတ် နှစ်ကြိမ်တိတိဖြစ်ဖူးသည်ဟု ဆိုလို၏။ တတိယအကြိမ်မှာကော သူမအောင်မြင်နိုင်ပါ့မလား။

သူမ၏ စိတ်ခံစားချက်များ တည်ငြိမ်သွားစေဖို့ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ယွမ်လော့ရီ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်တွေးလိုက်၏။

မျိုးရိုးလိုက်သော မျိုးရိုးဗီဇရောဂါမှာ ယွမ်မိသားစု အဆက်ဆက်ရှိခဲ့ခြင်း၊ ယွမ်ကျားဟိုင်၏ ရူးသွပ်သော စမ်းသပ်မှုများ၊ စုစုံတွဲ၏ သတ်သေမှုနှင့် ယိချီရုတ်တွက် ပေါ်ပေါက်လာမှု။

သူမ၏ တစ်ခါမှာ ရှုပ်ထွေးနေခဲ့သော အတွေးများမှာ ယခုတွင် ရှင်းလင်းသည့် အဖြေတစ်ခုဖြစ်သွားခဲ့သည်။

တရားခံအားဖမ်းလိုက်ရုံနှင့် သူတို့၏ သတ်မှတ်ထားသည့် ကံကြမ္မာများမှာ လွတ်မြောက်ကြမည် မဟုတ်ချေ။ သူမပိုပြီးလုပ်ဖို့ လိုအပ်ကာ ဤသည်မှာ သူမ နှစ်တစ်ထောင်နှင့် မရေတွက်နိုင်သည့် အမှောင်ထုများကို ခရီးသွားခဲ့ခြင်း၏ ရည်ရွယ်ချက်ပင်။

သူမ အချိန်အကြာကြီး မေ့လျော့နေခဲ့သော်ငြား နောက်ဆုံးတွင် သူမ မှတ်မိသွားခဲ့ပြီဖြစ်သည်။

ယွမ်လော့ရီစနစ်ကို နောက်ဆုံးနှင့်အရေးအကြီးဆုံး မေးခွန်းတစ်ခုသာ မေးဖို့ ကျန်တော့သည်။

All Chapters