← Chapters

[ဆယ်မိနစ်စော၍]

Vol. 13 Ch. 123

[ဆယ်မိနစ်စော၍]

Vol. 13 Ch. 123

ယွမ်လော့ရီတစ်ယောက် အခန်းထဲသို့ ဝင်လာရာ သူမ၏ နားထဲတွင် ကလေးငယ်တို့၏ အလွန် သိမ်မွေ့ကာ နားဝင်ချိုသော ရယ်သံများ ပဲ့တင်ထပ်လျက် ရှိချေ၏။

“မမ သမီး ပန်းချီဆွဲထားတဲ့ တောအုပ်ကို ကြည့်ပါဦး”

“ဝါး၊ လှလိုက်တာ”

“သမီးတို့ အားရင် တကယ့် တောအုပ်ကို သွားကြည့်ချင်တယ် မမ လိုက်ခဲ့မလားဟင်”

“လိုက်ခဲ့မှာပေါ့ အတူတူ သွားကြမယ်လေ မမတို့က မွေးကတည်းက အတူတူပဲဟာ အမြဲတမ်း အတူတူပဲပေါ့”

ကလေးမလေး နှစ်ယောက်သည် တင်းကျပ်စွာ လက်ချင်း ဆုပ်ကိုင်ထားကြ၏။ ပုံပန်းသဏ္ဌာန်ချင်း တူညီကြသော်ငြား သူတို့၏ ကိုယ်ဟန်အမူအရာများမှာ ဆန့်ကျင်ဘက် ဖြစ်နေ၏။ တစ်ဦးက လှုပ်ရှားတက်ကြွပြီး ရွှင်လန်းနေသော်လည်း အခြားတစ်ဦးကမူ ငြိမ်သက်အေးချမ်းပြီး သီးသန့်ဆန်သည်။

သူမ၏ စိတ်ထဲရှိ မြင်ကွင်းများက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရာ ထိုပျော်ရွှင်နေသော ကလေးငယ် နှစ်ဦးတို့သည်လည်း လုံးဝ ပျောက်ကွယ်သွားကြလေ၏။

ယွမ်လော့ရီက လက်ကို ဆန့်ထုတ်ကာ နံရံပေါ်ရှိ နံရံဆေးမှုတ်ပန်းချီများကို ထိလိုက်သည်။ အချိန်ကြာသည်နှင့်အမျှ ၎င်းတို့မှာ အရောင်မှိန်ဖျော့၍ ပျောက်ရှလုနီးပါး ဖြစ်နေသော်လည်း သူမသည် သူမ ကိုယ်တိုင် ရေးဆွဲခဲ့သည့် ရင်းနှီးနေသော စုတ်ချက်များကို သတိပြုမိခဲ့၏။

အစေခံ အမျိုးသား အချို့က ဝင်ရောက်လာကြပြီး အိပ်ရာခင်းများကို လျင်မြန်စွာ လဲလှယ်၍ စားပွဲ၊ ကုလားထိုင်တို့ကို သုတ်သင် ရှင်းလင်းကြ၏။

ယွမ်လော့ရီတစ်ယောက် ပျင်းနေမည်ကို စိုးရိမ်သဖြင့် ယွမ်စစ်မှ တစ်ယောက်ယောက်ကို ရုပ်မြင်သံကြားနှင့် စာအုပ်မျိုးစုံ ယူလာရန် အမိန့်ပေးခဲ့ချေသည်။ ချစ်ခြင်းမေတ္တာဟူသည် မည်သို့သော အရာဖြစ်သည်အား ယွမ်စစ်တစ်ယောက် နားမလည်သေးပေ။ သို့သော် သူ၏ ညီမငယ်ဖြစ်သူအား ကာလရှည်ကြာ စောင့်ရှောက်မည်ဟု ရည်ရွယ်ထားပြီး တစ်နေ့နေ့တွင် သူ နားလည်သွားကောင်း နားလည်သွားပေလိမ့်မည်။

အရာအားလုံး စီစဉ်ပြီးနောက် ယွမ်စစ်က အခန်းထဲမှ ထွက်ခွာသွားခဲ့၏။ “ညဉ့်နက်လာပြီ ညီမလေး နားသင့်တယ်”

ယွမ်လော့ရီက ဆိုလေသည်။ “ကောင်းသော ညချမ်းပါ စတုတ္ထကိုကို”

ယွမ်စစ်က “ကောင်းသောညပါ ကိုကိုရဲ့ ချစ်ရတဲ့ ညီမလေး” ဟု ပြန်ပြောခဲ့၏။

ဤရင်းနှီးသော မြင်ကွင်း၊ ရင်းနှီးသော စကားဝိုင်းနှင့် ဤနှုတ်ဆက်စကားမူ ကြိမ်ဖန်များစွာ မှတ်ဉာဏ်အပိုင်းအစများထဲ၌ ဖြစ်ပျက်ခဲ့သော်လည်း ပါဝင်သော လူပုဂ္ဂိုလ်များကသာ ကွဲပြားနေ၏။

ယွမ်ကျန်းဟိုင်က ဆို၏။ “ကောင်းသောညပါ သိပ်ချစ်ရတဲ့ ကလေးတွေ”

ကလေးမလေး နှစ်ဦးက တစ်ပြိုင်နက်တည်း ဆိုကြလေသည်။ “ကောင်းသော ညပါ အဘိုး”

သူတို့နှစ်ဦး၏ ကြောက်ရွံ့မှုဖြင့် အသံများက တိမ်ဝင်လျက်ရှိ၏။

လေးလံသော တံခါးသည် သတ္တုနှင့် သတ္တု အချင်းချင်း ပွတ်တိုက်မိသံဖြင့် စူးရှသော နားမခံသာဖွယ် ပွင့်လာခဲ့သည်။

“ဘန်း!”

တံခါးမှာ လုံးဝ ပိတ်သွားခဲ့ပြီး မျက်နှာကျက်ပန်ကာမူ လေထဲတွင် လိပ်ပြာတောင်ပံ ခပ်သံကဲ့သို့ ခပ်သဲ့သဲ့ အသံဖြင့် တဝီဝီမြည်လျက် လည်ပတ်နေ၏။ အခြား ခြေသံများ၊ အသံများ၊ အပြင်ဘက်မှ လှိုင်းသံများပင်လျှင် ပိတ်ဆို့ခံထားရလေသည်။

ယွမ်လော့ရီမှ အခန်းတစ်ဝိုက် လှည့်ပတ်၍ အရာဝတ္ထုများကို ကြည့်ရှုနေစဉ် မှတ်ဉာဏ် အပိုင်းအစများက ပို၍ ပို၍ ပေါ်ထွက်လာခဲ့၏။

[ဒင်!]

[အခြေအနေတွေ ပြည့်စုံပါပြီ Host ရဲ့သဲလွန်စ လုပ်ဆောင်ချက်ကို အသက်သွင်းနိုင်ပါတယ်]

ယွမ်လော့ရီက ထိုင်ချလိုက်ပြီး ရုတ်ချည်းဆိုသလို အလွန်အမင်း ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ ထိုဝမ်းနည်းမှုမှာ မွေးဖွားလာချိန်မှစ၍ သူမအား ခြောက်လှန့်နေခဲ့သည့်အလား၊ မှန်ထဲတွင် ကိုယ့်ကိုယ်ကို ကြည့်ရှုသည့်အခါတိုင်း မျက်ရည်များ ဝဲစေတတ်၏။

အခု လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ အချိန်ရောက်လာပြီမလား။

ယွမ်လော့ရီက ဆိုလိုက်၏။ “သဲလွန်စတွေကို အသက်သွင်းလိုက်”

အချိန်က နောက်ပြန်စတင် လည်ပတ်ရာ နာရီမှာ နောက်ပြန် တရွေ့ရွေ့ မြည်သံပေးနေခဲ့သည်။

အခန်းထောင့်ရှိ ဖုန်မှုန့်များက ဝဲပျံတက်လာပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ မှိန်ဖျော့နေသော နံရံဆေးမှုတ်ပန်းချီများက အလင်းရောင် ပြန်ရခဲ့ပြီး အဝါရောင် သမ်းနေသော မွှေးပွအရုပ်မှာလည်း အသစ်အတိုင်း ပြန်ဖြစ်လာခဲ့ချေသည်။

ကြမ်းပြင်ပေါ်၌ သွေးအိုင်ကြီးများ ပေါ်လာခဲ့၏။ သွေးစွန်းနေသော လက်ဗွေရာများမှာမူ နံရံပေါ်၌ ဖရိုဖရဲ ပေကျံနေခဲ့ပြီး ထိုးဖောက်နိုင်သော အော်ဟစ်သံများက အဆုံးမရှိ ပဲ့တင်ထပ်နေခဲ့သည်။

ယိချီသည် သေလုမြောပါး ဖြစ်နေသော လော့ရီကို ဖက်ထားလျက် အကူအညီကင်းမဲ့စွာ အော်ဟစ်နေခဲ့၏။ “တစ်ယောက်ယောက် ကူညီပါ၊ ကျေးဇူးပြုပြီး ညီမလေးကို ကယ်ပေးကြပါဦး”

“အဘိုး၊ သမီး ကောင်းကောင်းနေပါ့မယ် ထပ်လည်း ထွက်မပြေးတော့ပါဘူး အဘိုး ပြောတာ မှန်သမျှ လုပ်ပါ့မယ်”

“ကျေးဇူးပြုပြီး ညီမလေးကို ကယ်ပေးပါနော်”

ယိချီ၏ လက်များက ညီမဖြစ်သူ၏ ဒဏ်ရာများကို ဖိထားကာ သွေးစီးဆင်းမှုကို တားဆီးရန် ကြိုးစားနေခဲ့၏။ ညီမဖြစ်သူ၏ အသက် ဆုတ်ယုတ်လာသည်ကို ကြည့်လျက် နွေးထွေး၍ စေးကပ်ကပ် ခံစားမှုထဲသို့ စိတ်ပျက်စွာ နစ်မြုပ်နေလေတော့သည်။

ယွမ်ကျန်းဟိုင်သည် ယိချီကို မည်သည့်အခါကမျှ မထိခိုက်စေခဲ့ပေ။ အကြောင်းမူ ထိုသို့ လုပ်ခြင်းက အသုံးမဝင်ကြောင်းကို သိသောကြောင့်ပင်။ သူမသည် ထုံးစံအတိုင်း ယွမ်မျိုးနွယ်ဝင် သွေးသား ဖြစ်ရာ ဉာဏ်ကောင်းသည်၊ သွေးအေးသည်၊ အညံ့ခံလိုစိတ် မရှိဘဲ နာကျင်မှုကို အာရုံခံစားနိုင်စွမ်းနည်းသည်။

သူမ၏ လက်ဖဝါးများကို ဓားဖြင့် ထိုးသွင်းခံရလျှင်ပင် သူမ၏ မျက်နှာအမူအရာက ပြောင်းလဲမည်မဟုတ်ချေ။

ထို့ကြောင့် ယွမ်ကျန်းဟိုင်က သူမ၏ ညီမဖြစ်သူ လော့ရီကိုသာ နာကျင်အောင် လုပ်သည်။

သူမ၏ စိတ်ဝိညာဉ်ကို နာကျင်စေခြင်းက ယိချီအား နာခံမှုအား သင်ယူတတ်စေရန် နည်းလမ်းပင်ဖြစ်၏။

နောက်ဆုံး၌ တံခါးပွင့်လာပြီး ယွမ်ကျန်းဟိုင်တစ်ယောက် ပေါ်လာခဲ့၏။ သူသည် သူ၏ နာရီကို ကြည့်လိုက်ပြီး ညင်သာစွာပြောလေသည်။ “အခု မနက်ရှစ်နာရီထိုးပြီ”

ယိချီက တုန်ယင်လျက် ခေါင်းငုံ့ကာ ဆို၏။

“မင်္ဂလာနံနက်ခင်းပါ၊ အဘိုး”

ယွမ်ကျန်းဟိုင်က ပြောသည်။ “တော်သားပဲ ကလေး မင်း အကြီးအကဲတွေကို လေးစားတတ်အောင် နောက်ဆုံးတော့ သင်ယူနိုင်ခဲ့ပြီ”

ယွမ်ကျန်းဟိုင်မှ လက်ဝှေ့ယမ်းလိုက်ရာ အဖြူရောင် ဝတ်စုံဝတ် ဆရာဝန်များနှင့် သူနာပြုများက ဝင်လာကြ၏။ သူတို့သည် လော့ရီ၏ မျက်လုံးများထဲသို့ မီးထိုးကြည့်လိုက်ရာ သူမ၏ သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားသည်ကို တွေ့လိုက်ကြရသည်။

“သူငယ်အိမ် တုံ့ပြန်မှု ရှိသေးတာမလို့ သူ အသက်ရှိနေပါသေးတယ်၊ ကယ်တင်ဖို့ ကြိုးစားလိုက်ရမလား ယွမ်သခင်ကြီး”

ယွမ်ကျန်းဟိုင်က ဆို၏။ “ဒါပေါ့ သူက အဖိုးတန် စမ်းသပ်ခံပစ္စည်းပဲ သူ အသက်ရှင်ကို ရှင်ရမယ် သေသွားရင် ငါ့အတွက် ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မယ်”

ဆရာဝန်များက သွေးထွက်မှုအား အလျင်အမြန် တားဆီး၍ လော့ရီ၏ ပျော့ခွေနေသော ခန္ဓာကိုယ်အား သယ်ဆောင်သွားပြီး ခွဲစိတ်ခန်းသို့ သုတ်ခြေတင်သွားကြ၏။ ယွမ်ကျန်းဟိုင်က လော့ရီ အသက်ရှင်ရမည်ဟု ပြောခဲ့သည်ဖြစ်ရာ သူတို့သည် ထိုတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်သင့်သည်။ မဟုတ်ပါက သူတို့၏ ကံကြမ္မာမူ ကြမ်းကြုတ်ပေလိမ့်မည်။

သူမ၏ ညီမဖြစ်သူမှ ဆေးကုသမှု ခံယူနေသည်ကို သိသောအခါ ယိချီတစ်ယောက် သက်ပြင်းချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ယွမ်ကျန်းဟိုင်က သူမအား လှမ်းခေါ်လိုက်၏။ “ယိချီ၊ ဒီကိုလာခဲ့”

ယိချီသည် သွေးအိုင်ထဲမှ တွားထွက်လာပြီး ယိုင်တိယိုင်တိုင်ဖြင့် ရောက်လာခဲ့၏။

ယွမ်ကျန်းဟိုင်က မေးသည်။ “ပြီးခဲ့တဲ့ တစ်ပတ်က မင်း ကြောင်တစ်ကောင်ကို ဘာလို့ သတ်လိုက်တာလဲ”

ယိချီက ပြန်ဖြေခဲ့၏။ “အရမ်း ဆူလို့ပါ”

“အဲဒီတုန်းက မင်း ဘာကိုခံစားရလဲ”

“စွမ်းအား သမီးက သူ့ထက် အများကြီး သန်မာတာမလို့ သတ်ပိုင်ခွင့်ရှိတာ”

“ခုနတုန်းက မင်းညီမလေး သေလုနီးပါး ဖြစ်နေတုန်းကရော မင်း ဘာခံစားရလဲ”

ယိချီ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ခန္ဓာကိုယ်မူ အထိန်းအကွပ်မဲ့စွာ တုန်ယင်နေခဲ့ကာ ဆိုလေသည်။ “နာကျင်မှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု”

ယွမ်ကျန်းဟိုင်က ကျေနပ်စွာ ပြုံးလိုက်၏။ “ဘာကြောင့် ဒီလောက် ကွာခြားမှုကြီး ရှိနေလဲ သိလား”

ယိချီက ဆိုသည်။ “မသိပါဘူး”

ယွမ်ကျန်းဟိုင်က ပြော၏။ “ဘာလို့လဲဆိုတော့ မင်းမှာ မင်းညီမလေးအပေါ် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ရှိနေလို့ပဲ”

ယိချီက ယွမ်ကျန်းဟိုင်၏ ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ပေ။ ယခင်က သူသည် ကြင်နာတတ်သော အဘိုးအိုကြီးတစ်ဦး ဖြစ်ခဲ့၏။ သူတို့၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားသော်လည်း လုံလောက်မှုရှိသော ပြုစုစောင့်ရှောက်မှုကို ပေးခဲ့သည်။

သို့သော် ယမန်နေ့က ယိချီမှ လော့ရီနှင့်အတူ ထွက်ပြေးရန် ကြိုးစားပြီးနောက် ယွမ်ကျန်းဟိုင်မှာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ ငွေရောင်ဓားတစ်ချောင်းက လော့ရီ၏ ဝမ်းဗိုက်အား ထိုးဖောက်ဝင်ရောက်ခဲ့ရာ ပန်းထွက်လာသော သွေးများကြောင့် ယိချီတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်သွားခဲ့ရသည်။

သူတို့သည် အခန်းထဲတွင် ပိတ်ခံထားရပြီး သွေးများက အဆုံးမဲ့ စီးဆင်းနေခဲ့၏။ မူလ၌ လော့ရီမှာ အနည်းငယ် အသိရှိနေသေးသော်လည်း နောက်ပိုင်းတွင် မေ့မြောသွားခဲ့သည်။

ယိချီမှ အကူအညီ ဆက်လက်တောင်းခံနေခဲ့သော်လည်း သူမ၏ အသံမှာ အခန်းထဲ၌သာ ပဲ့တင်ထပ်နေခဲ့ပြီး မည်သူမျှ ပြန်လည် ဖြေကြားခြင်းမရှိချေ။

နောက်တစ်နေ့တွင် ယိချီသည် သူမ၏ ညီမငယ်အား သွားရောက် ကြည့်ရှုနိုင်ခဲ့၏။ ခွဲစိတ်ကုသမှု ခံယူထားရသဖြင့် လော့ရီမူ အလွန်ပင် အားနည်းနေသော်လည်း ယိချီကို မြင်သောအခါ ပြုံးပြခဲ့သေးသည်။

လော့ရီက ပြော၏။ “မမ သမီး အခု နေကောင်းသွားပါပြီ”

ယိချီသည် အလွန် ဆိုးရွားစွာ ခံစားနေခဲ့ရပြီး လော့ရီ၏ ဘေးတွင် ထိုင်လျက် ပြောသည်။ “မမ တောင်းပန်ပါတယ် အားလုံးက မမအမှားပဲ မမတို့ ထွက်မပြေးခဲ့ရင် ကောင်းမှာ မမက အစ်မကြီးပေမဲ့ ညီမလေးက အမြဲတမ်း မမကို နှစ်သိမ့်ပေးနေရတယ်”

လော့ရီက ဆို၏။ “မမက ညီမလေးထက် ဆယ်မိနစ်ပဲ စောမွေးတာလေ”

ယိချီက ပြောသည်။ “ဆယ်မိနစ် စောမွေးလည်း အစ်မကြီးပဲ ညီမလေးက မမရဲ့ ညီမငယ်လေး”

ယိချီ၏ အတွေးများက ရှုပ်ထွေးနေခဲ့၏။ အဘိုးမှာ ရက်စက်သော အာဏာရှင်တစ်ဦး ဖြစ်သည်။ စွန့်ပစ်ထားသော အစမ်းသပ်ခံပစ္စည်းများကို တစ်နေရာတည်း၌ စုပုံပြီး အစုလိုက် အပြုံလိုက် မီးသင်္ဂြုလ်လေ့ရှိ၏။ သူတို့အားလုံးမှာ မိဘများမှ စွန့်ပစ်ထားသည့် ကလေးများ ဖြစ်ကြချေသည်။

ညဏ်ရည် မပြည့်စုံခြင်း သို့မဟုတ် မလှပခြင်း၊ သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ ရောဂါများ ပါရှိခြင်းတို့ကြောင့် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူတို့သည် လုံလောက်စွာ မပြည့်စုံကြပေ။ မည်သူမျှ သူတို့အား ပြုစုပျိုးထောင်ခြင်း မရှိဘဲ သူတို့သည် မိဘများအတွက် ငွေကုန်ကြေးကျများပြားသူများ ဖြစ်ကြပြီး အခြား ကလေးတစ်ယောက် ထပ်မံ ရယူခြင်းက ပိုကောင်းပေလိမ့်မည်။ ထိုအတောအတွင်း ယွမ်ကျန်းဟိုင်က အကောင်းဆုံး ကလေးကို ရွေးချယ်၍ ပြုစုပျိုးထောင်ပေးလိမ့်မည်။

ပင်လယ်ရေငန်မှ လေပြေသည် သွေးနံ့ကို အမြဲတမ်းလိုလို သယ်ဆောင်လာတတ်၏။

ယွမ်ကျန်းဟိုင်၏ စကားများက ယိချီ၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ “ယိချီ၊ မင်းရဲ့ မျိုးရိုးဗီဇကို ငါ သေချာ ရွေးချယ်ခဲ့တာ မင်းက သိပ်လှပြီး ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပဲ ငါ့ကို ဘယ်လို ကျေနပ်အောင် လုပ်ရမလဲဆိုတာ မင်း သိတယ် မဟုတ်လား မင်း သူတို့လို အဆုံးသတ်မှာမဟုတ်ဘူးမလား”

ဆေးရုံအခန်းထဲ၌ ယိချီသည် သူမ၏ ညီမဖြစ်သူ လော့ရီအား တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့၏။

သူတို့ ထွက်မပြေးပါက နောက်ဆုံးတွင် သေဆုံးကြရမည် ဖြစ်သည်။ သို့သော် သူတို့သည် ငယ်ရွယ်လွန်ကာ အောင်မြင်ရန် အခွင့်အရေးက အလွန်နည်းပါးလှ၏။

ထို့ကြောင့် သူမ နည်းလမ်းတစ်ခုခုကို ရှာဖွေရမည်ဖြစ်ပြီး ထိုနည်းလမ်းက လော့ရီ တစ်ယောက်တည်းသာ လွတ်မြောက်ခွင့် ရမည်ဆိုလျှင်ပင် အရေးမကြီးပေ။

All Chapters