← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

‎

‎

‎ယနေ့ အစ်ကိုကြီး ယွမ်အောင်း အိမ်တွင်မရှိပေ။

‎

‎ထို့ကြောင့် ဒုတိယအစ်ကို ယွမ်ဖာ့မှာ ယွမ်အိမ်တော်၏ အာဏာကို သိမ်းယူ၍ သခင်အသစ်ဖြစ်လာရန် အချိန်ကျရောက်လာပြီဖြစ်သဖြင့် အစွမ်းကုန် စိတ်လှုပ်ရှား ရွှင်လန်းနေပေသည်။

‎

‎ပုံမှန်ဆိုလျှင် အစ်ကိုကြီးသာ အိမ်၌ရှိနေပါက ယွမ်ဖာ့က လှုပ်ရှားခွင့်မရပေ၊ သူ၏ခေါင်းကို နံရံနှင့် ဆောင့်ခံရသည်၊ ရေထဲနစ်ခံရသည်။အတိုချုပ်ပြောရလျှင် သူ ဘယ်သောအခါကမှ အေးချမ်းသော အချိန်မျိုးကို မပိုင်ဆိုင်ခဲ့ရဖူးချေ။

‎

‎ကံကောင်းစွာပင် သူဟာ ပြန်လည် နာလန်ထူနိုင်စွမ်း အလွန်အမင်းရှိသူ ဖြစ်ပြီး အကောင်းမြင်စိတ်ရှိသူ တစ်‌ဦးလည်းဖြစ်၏။ ဆေးရုံခုတင်ပေါ် လဲနေရချိန်တောင်မှ သူက သူ့ရဲ့ မုန့်များကို ပျော်ရွှင်စွာ ထုတ်ကြွားပြနိုင်သူဖြစ်သည်။

‎

‎တစ်ချိန်တည်းမှာပင် ယွမ်ဖာ့ခေါင်းကို သူ့အစ်ကိုကြီးက အမြဲလိုလိုခေါက်နေခြင်းမှာ သူ၏ဉာဏ်ရည်ထက်မြက်မှုကို ကြောက်ရွံ့ခြင်းဖြစ်ပြီး၊သူ့ကို အရူးတစ်ယောက်ဖြစ်အောင် အကြမ်းဖက်ရိုက်နှက်ပြီး အနာဂတ်ခြိမ်းခြောက်မှုများကို အပြီးတိုင် ဖယ်ရှားပစ်ချင်သောကြောင့် ဖြစ်သည်။

‎

‎တတိယညီအစ်ကို ယွမ်ရုံ၊ စတုတ္ထညီအစ်ကို ယွမ်စစ်နှင့် ပဉ္စမညီအစ်ကို ယွမ်ကျွင်းတို့မှာ ထိုသို့သော ဆက်ဆံမှုများကို မခံစားကြရပေ။ သူတို့၏ အရည်အချင်းများမှာ ညံ့ဖျင်းလွန်းသောကြောင့် အစ်ကိုကြီးနှင့် အာဏာလုရန် အရည်အချင်းပင်မရှိဟု သတ်မှတ်ခံထားရ၏။

‎ယခုမူ အစ်ကိုကြီး ထွက်သွားပြီဖြစ်၍၊ မိဘများလည်း မရှိသောအခါ ယွမ်ဖာ့ဟာ မိသားစုတစ်ခုလုံးတွင် ကြောက်စရာအကောင်းဆုံးလူသား ဖြစ်လာခဲ့သည်။

‎

‎ဟားဟားဟား၊ ဒီနေ့တော့ သူ့ညီမလေးကို ခေါ်ထုတ်သွားရတော့မယ်။

‎

‎ယွမ်ဖာ့က နေမင်းကို ချီးကျူးသံပြု၍ ပျော်ရွှင်မြူးတူးစွာ သီချင်းတညည်းညည်းနဲ့ သူ့ညီမလေးအခန်းဆီသို့ ပြေးသွား၏။

‎

‎သို့သော် သူ၏ပျော်ရွှင်မှုများမှာ ညီဖြစ်သူ ယွမ်စစ်နှင့် တွေ့လိုက်သောအခါ ရုတ်တရက်ရပ်တန့်သွားရပေသည်။

‎

‎ယွမ်ဖာ့က အေးတိအေးစက် မေးခွန်းထုတ်လိုက်၏။ "မင်းက ငါတို့ညီမလေးရဲ့ တံခါးဝမှာ ဘာလုပ်နေတာလဲ"

‎

‎ယွမ်စစ်က ပြောပါသည်။

"သူ့ကိုအပြင်ခေါ်သွားမလို့"

‎

‎ယွမ်ဖာ့က ပြန်ပြောလိုက်၏။

"ငါ လက်မပါခင် မင်း ပြန်ထွက်သွားတာ ကောင်းလိမ့်မယ်၊ ဒီနေ့ ငါသူ့ကို တက္ကသိုလ်ကိုခေါ်သွားမှာ ငါ့အတန်းဖော်တွေက သူ့ကို တအားတွေ့ချင်နေကြပြီ"

‎ယခုနှစ်မှ ယွမ်ဖာ့သည် ဥပဒေကျောင်းသို့ ဝင်ခွင့်ရထားသူဖြစ်ပြီး၊ သူ၏အတန်းဖော်များက ယွမ်အိမ်တော်တွင် ချစ်စဖွယ် သမီးငယ်လေးတစ်ဦးရှိသည်ဟု ကြားသောအခါ မယုံကြည်နိုင်ဖြစ်ကြပြီး ယွမ်အိမ်တော်နှင့် "ချစ်စဖွယ်" ဟူသော စကားလုံးမှာ အမြဲတမ်း ဝေးကွာနေခဲ့သည် မဟုတ်ပါလား။

‎

‎ယွမ်ဖာ့က သူ၏ညီမလေးကို ခေါ်ထုတ်ပြီး ညီမလေး၏ မျက်လုံးထဲတွင် သူ၏ ခန့်ညားထည်ဝါသော ပုံရိပ်ကို တည်ဆောက်ချင်၏။

‎

‎မည်သို့ပင်ဆိုစေကာမူ အိမ်၌ အစ်ကိုကြီးရှိလျှင် ခေါင်းမဖော်နိုင်သော်လည်း ဥပဒေကျောင်းတွင်မူ သူသည် လေးစားခံရသော အကျော်အမော် ပုဂ္ဂိုလ်တစ်ဦးပင်။

‎

‎ယွမ်စစ်က သူ၏ အသက်ရှင်သန်နိုင်ရေးအတွက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

‎

‎အဘယ်ကြောင့်ဆိုသော် ဒုတိယအစ်ကို ယွမ်ဖာ့မှာ သူ့အား အကြောင်းပြချက်မရှိဘဲ မကြာခဏ ရိုက်နှက်တတ်သောကြောင့်ပင်။

‎

‎သို့သော် တစ်သက်တွင် တစ်ခါသာ ရမည့် ဤအခွင့်အရေးကို လက်လွှတ်ရတော့မည်လော။

‎

‎ဒါဟာလုံးဝ မဖြစ်နိုင်တာပဲ။

‎

‎အစ်ကိုကြီးကလည်း ယွမ်စစ်ကို ညီမလေးနှင့် နီးကပ်ခွင့်ပေးလေ့မရှိပေ။ ယွမ်စစ်သာ အန္တရာယ်ပြုပါက အစ်ကိုကြီးသည် ဆေးရုံခုတင်ကို ကြိုတင်ဘွတ်ကင်လုပ်ပြီး သူ့အား နာကျင်အောင် ရိုက်နှက်ကာ ကိုယ်တိုင် ဆေးရုံသို့ ခေါ်သွားတတ်၏။

‎အစ်ကိုကြီးမှာ အမြဲတမ်း ဂရုဏာတရားကြီးမားသူပင်။ ညီဖြစ်သူ သူ၏လက်ချက်ဖြင့် မသေစေရန် သေချာစေသော်လည်း၊ အခြားသူများကြောင့် သေသေရှင်ရှင် ထိုကိစ္စကိုမူ သူ စိတ်မဝင်စားပေ။

‎

‎ထို့ကြောင့် ယွမ်စစ်၏ ဘေးနားရှိ ခုတင်တွင် ရက်စက်ကြမ်းကြုတ်သော ယွမ်ဖာ့မှာ မကြာခဏ နေရာယူထားရလေ့ရှိ၏။ ယွမ်ဖာ့သာ စိတ်ကောင်းရှိနေပါက ယွမ်စစ် စောစောဆေးရုံဆင်းနိုင်သော်လည်း စိတ်မကြည်ပါက ယွမ်စစ်အတွက် အလွန်ဆိုးရွားသော အချိန်များ စတင်ရတော့မည်။

‎

‎သူ့တွင် ယွမ်ဖာ့ကို အင်အားဖြင့် အနိုင်ယူရန် အခွင့်အရေးမရှိသော်လည်း ဉာဏ်ရည်ဉာဏ်သွေးဖြင့်မူ ပြောမရပေ။

‎

‎ယွမ်စစ်က ဤအခြေအနေကို ကြိုတင်မျှော်မှန်းထားပြီး သူ့အိတ်ကပ်ထဲမှ ကတ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။

"ငါ့မှာ ဝင်ခွင့်ကတ်ရှိတယ် ဒါမရှိရင် မင်း ငါတို့ညီမလေးကို ယွမ်အိမ်တော်ရဲ့ ဂိတ်တံခါးကနေတောင် ခေါ်ထုတ်သွားနိုင်မှာ မဟုတ်ဘူး"

‎

‎ယွမ်ဖာ့က ငါးမန်းတစ်ကောင်ကဲ့သို့ ဆိုးသွမ်းစွာ ပြုံးလိုက်၏။

"ရက်ရောလိုက်တာ မင်းရဲ့ စေ့စပ်သေချာမှုအတွက် ကျေးဇူးတင်ပါတယ်"

‎

‎သူ ရုတ်တရက် ရှေ့သို့တစ်လှမ်းတိုး၍ ညာလက်ကို အပေါ်သို့ မြှောက်လိုက်သည်။

‎

‎ဤ ဟန်ပန်မှာ ယွမ်စစ်အတွက် အလွန်ရင်းနှီးနေပြီးသားဖြစ်ပြီး ထိုအင်အားကြီးမားသော လက်ဝါးကြီးရိုက်ချက်က သူ့အား နံရံဆီသို့ ဆောင့်ကပ်သွားစေနိုင်ပြီး၊ တူးဖော်၍ပင် မရနိုင်လောက်အောင် ကွန်ကရစ်ထဲသို့ နက်ရှိုင်းစွာ မြှုပ်ပစ်နိုင်စွမ်းရှိ၏။

‎

‎ယွမ်စစ်က ဝင်ခွင့်ကတ်အား ရင်ဘတ်၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း သူရဲကောင်းဆန်စွာ အော်ဟစ်လိုက်၏။

"ငါ ဒီကတ်အတွက် အသက်ကို ရင်းထားရတာ မင်း ဒါကို လုယူချင်ရင်တော့ ငါ့အလောင်းကို ကျော်ဖြတ်ပြီးသွားမှ ရလိမ့်မယ်"

‎

‎ယွမ်ဖာ့ ခဏတာ တွေဝေသွားပြီး ယွမ်စစ်၏ အမူအရာကို ထောက်ရှုရလျှင် သူ အတည်ပြောနေခြင်းဖြစ်သည်ကို သိလိုက်၏။

‎

‎ဒါက အရမ်းရုတ်တရက်ကြီး ဖြစ်သွားတာပဲ။ယွမ်ဖာ့အလောင်းကို မည်သို့ စီမံရမည်ကို မစဉ်းစားရသေးပေ။ အဖမ်းခံရလျှင် ပြဿနာတက်လိမ့်မည်။ သူ ဘာပြင်ဆင်မှုမှ မရှိဘဲ လူသတ်မှု မကျူးလွန်နိုင်ပေ။

‎

‎ယွမ်ဖာ့က မေးလိုက်သည်။

"ဒါဆို မင်း ဘာလိုချင်လဲ"

‎

‎ယွမ်စစ်ကဖြေလိုက်၏။

"ဒီလိုလုပ် ငါတို့ အပြန်အလှန် အကျိုးရှိအောင် ပူးပေါင်းကြမယ် ငါ ညီမလေးကို နှစ်နာရီ အပြင်ခေါ်သွားပြီး တူတူကစားမယ်၊ ကျန်တဲ့အချိန်တွေတော့ မင်းခေါ်သွားလိုက်ပေါ့"

‎

‎ယွမ်ဖာ့ကပြန်ပြောသည်။

"အရမ်းကြာလွန်းတယ် ငါ နာရီဝက်ပဲပေးနိုင်မယ်"

‎

‎ယွမ်စစ်ကလည်းထပ်ပြောပြန်သည်။

"အနည်းဆုံးတော့ တစ်နာရီထား၊ နာရီဝက်ဆိုတာ မျက်တောင်တစ်ချက်ခတ်ရင်တောင် ကုန်သွားမှာ၊ ငါ သူ့ကို ရဟတ်တို့ အပျော်စီးကားတို့ စီးစေချင်တယ်၊ တူရကီ ရေခဲမုန့်လည်း ကျွေးချင်သေးတယ်၊ အဲဒီ အံ့ဖွယ်အခိုက်အတန့်တွေကို မှတ်တမ်းတင်ဖို့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာအဖွဲ့ကိုပါ ငှားထားပြီးသား၊ နာရီဝက်က လုံးဝမလုံလောက်ဘူး"

‎

‎ခဏတာ စဉ်းစားပြီးနောက် ယွမ်ဖာ့က ပြောလိုက်သည်။

"ကောင်းပြီ၊ သဘောတူတယ်"

‎

‎ထိုနှစ်ဦး ခေတ္တမျှ လက်ဆွဲနှုတ်ဆက်ကာ မဟာမိတ်ဖွဲ့လိုက်ကြ၏။

‎

‎"ဒေါက် ဒေါက် ဒေါက်"

‎

‎ယွမ်ဖာ့က တံခါးခေါက်လိုက်သော်လည်း တံခါးမှာ သော့ခတ်ထားခြင်းမရှိသဖြင့် အနည်းငယ် ခေါက်လိုက်သည်နှင့် သူ့ဘာသာ ပွင့်သွား၏။

‎

‎အတွင်းသို့ ကြည့်လိုက်ရာ တတိယညီအစ်ကို ယွမ်ရုံက ပဉ္စမညီအစ်ကို ယွမ်ကျွင်းအား တိုက်ခိုက်နေခြင်းကို တွေ့လိုက်ရသည်။

‎

‎ထိုအချိန်တွင် ခုနစ်နှစ်အရွယ် ယွမ်လော့ရီလေးမှာ သန့်ရှင်းသော ဂါဝန်အဖြူရောင်ကို ဝတ်ဆင်ထားပြီး ယုန်အရုပ်လေးကို ပွေ့ဖက်ကာ ချစ်စဖွယ် မျက်နှာလေးနဲ့ အံ့သြထူးဆန်းသော အမူအရာများဖြင့် ရပ်နေ၏။

‎

‎ယွမ်ဖာ့ သက်ပြင်းချလိုက်ပြီး၊ အာ.. ဒီချစ်စဖွယ် ကလေးမလေးက နှလုံးသားကို အမြဲတမ်း ကုစားပေးနိုင်စွမ်းရှိသူလေးပါလား။

‎

‎သူမအတွက်ဆိုလျှင် အစ်ကိုကြီးကို အကြိမ်မရေမတွက်နိုင်အောင် စိန်ခေါ်၍ စက်ဆုပ်ဖွယ် နာကျင်မှုကို ခံနိုင်ရည်ရှိပါတကား။

‎

‎ထို့နောက် သူ၏အကြည့်များက ခိုက်ရန်ဖြစ်ပွားနေသော ညီများထံသို့ ရောက်ရှိသွား၏။ နူးညံ့သိမ်မွေ့သော ပညာတတ် ယွမ်ကျွင်းက စစ်ရူး ယွမ်ရုံးနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

‎

ညီငယ်များ၏ အသက်ရှင်သန်ရေးကို သေချာစေရန် ‎ဒုတိယအစ်ကိုအနေဖြင့် ယွမ်ဖာ့က တာဝန်ရှိ၏။ လက်ရှိတွင် ယွမ်ကျွင်းမှာ နှာခေါင်းမှ သွေးများ အလွန်အမင်း ထွက်နေသော်လည်း သူ့နှလုံးနှင့် အဆုတ်များ ကောင်းနေသေးသဖြင့် ခေတ္တမျှ လစ်လျူရှုထားနိုင်သေးသည်။

‎

‎ယွမ်အိမ်တော်၏ ပဉ္စမသား ယွမ်ကျွင်းက အခြေအနေကို မြင်သည်နှင့် သူ၏စိတ်ထဲတွင် လျင်မြန်စွာ တွေးတောနေလေ၏။

‎

‎တတိယအစ်ကိုကို အနိုင်ယူရန် မဖြစ်နိုင်၊ ဒီတစ်သက် လုံးဝ မဖြစ်နိုင်။ တစ်ခုတည်းသော ရွေးချယ်မှုမှာ ညီမလေး၏ လူသားဒိုင်းကာတစ်ခုအဖြစ်ဖြစ်စေ၊ အခြားတစ်စုံတစ်ရာအဖြစ် ဖြစ်စေ ကပ်ပါသွားရန်သာဖြစ်သည်။

‎

‎သူသည် ဒုတိယအစ်ကို၏ အကူအညီကို ရရန်အတွက် တစ်နည်းနည်းဖြင့် နည်းလမ်းရှာရတော့မည်၊ မဟုတ်ပါက မနက်ဖြန်နေကို မြင်ရတော့မည် မဟုတ်ပေ။

‎

‎ဒုတိယအစ်ကိုက ဘာကို အတန်ဖိုးထားဆုံးလဲ

‎

‎ညီမလေးကို

‎

‎တတိယအစ်ကိုကရော ဘာကို အတန်ဖိုးထားဆုံးလဲ

‎

‎ညီမလေးကိုပဲ

‎

‎သူတို့နှစ်ဦးကြား ပဋိပက္ခကို သူ ဆွပေးရမည်

‎

‎ယွမ်ကျွင်းက အော်ဟစ်လိုက်တော့သည်။

"ဒုတိယအစ်ကို မြန်မြန် လာကူပါဦး၊ ယွမ်ရုံက အစ်ကို့ကိုသင့်တော်တဲ့အစ်ကိုတစ်ယောက်ဖြစ်ဖို့ အရမ်းအတ္တကြီးလွန်းတယ်လို့ ပြောနေတယ်၊ ညီမလေးကို ပေါ်တင်ကြီး ပြန်ပေးဆွဲသွားဖို့ လုပ်နေတာ"

‎

‎ဒါကို သူဘယ်လို သည်းခံနိုင်မှာလဲ

‎

‎ယွမ်ဖာ့က လှမ်းသွားကာ ယွမ်ရုံအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

‎

ယခုလို လူမှုဆက်ဆံရေးနားမလည်သော၊ သစ်သားဦးနှောက်နှင့် အမှိုက်ကောင်က သူတို့ညီမလေးရှေ့တွင် အကြမ်းဖက်မှု ပြသနေပြန်ပြီး သူ့ညီမလေးကို ပြန်ပေးဆွဲရန်ပင် ကြိုးစားနေသေးသည်။

‎

‎လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ တိုးချဲ့လာမှုကြောင့် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွား၏။ ယွမ်ရုံက ချက်ချင်းပင် သူ၏ နည်းဗျူဟာကို ပြောင်းလဲကာ ယွမ်ကျွင်း၏ ကော်လာကို လွှတ်ချလိုက်ပြီး ယွမ်လော့ရီရဲ့နောက်သို့ လျင်မြန်စွာ သွားရပ်လိုက်ကာ သူ့လက်ကို သူမ၏ သေးငယ်သော ပခုံးလေးပေါ်သို့ တင်လိုက်သည်။

‎

‎ယွမ်ရုံက သူ၏ညီအစ်ကိုများကို မာန်နဲ့မဲနဲ့ စစ်ဆေးကြည့်ရှုလိုက်ပြီး

"ညီမလေးက ငါနဲ့ Firefly ပန်းခြံကိုသွားဖို့ သဘောတူပြီးသား ဒီနေ့ တော့ မင်းတို့အားလုံးက အပိုတွေပဲ"

‎

‎တတိယအစ်ကို ယွမ်ရုံ၏ စကားတစ်ခွန်းတည်း‌ကြောင့် ညီအစ်ကိုများအားလုံး ဒေါသထွက်သွား၏။

‎

‎ဒုတိယအစ်ကို ယွမ်ဖာ့က ပြောသည်။

"ငါ့ညီ၊ မင်း ငါ့အတွက် ဆုတောင်းပေးရင် မင်းရဲ့ အလောင်း‌လောက်တော့ ချန်ထားပေးဖို့ အခွင့်အရေးရှိမယ်"

‎

‎စတုတ္ထအစ်ကို ယွမ်စစ်ကလည်း ပြောပြန်သည်။

"တတိယအစ်ကိုရဲ့ ဘာသာစကားအနုပညာက သူ့ရဲ့ လူမှုဆက်ဆံရေးအတိုင်းပဲ ဆိုးရွားလိုက်တာ ဝါးပိုးကောင်ထက်တောင် နည်းနည်းလေးပဲ ပိုကောင်းတယ်၊ ဒီလို လူမှုဆက်ဆံရေးမရှိတဲ့ ကလေးကတော့ တကယ်ကို ပြုပြင်လို့မရနိုင်တော့ဘူးပဲ သူ့ကို နောက်ဘဝ သွားပို့လိုက်တာ ပိုကောင်းမယ်"

‎

‎ပဉ္စမအစ်ကို ယွမ်ကျွင်းက ခဏတာ စဉ်းစားလိုက်၏။ သူ့အစ်ကိုများအားလုံးက သူ့ကို သတ်နိုင်စွမ်းရှိနေသောကြောင့် သူ မည်သူ့ကိုမျှ မထိပါးရန် ဆုံးဖြတ်လိုက်ပြီး တိတ်ဆိတ်စွာနေလိုက်ကာ အနာဂတ်တွင် ထပ်မံတွေ့ဆုံနိုင်ရန် သူ့အတွက် လွတ်မြောက်ရာလမ်းကို ချန်ထားလိုက်သည်။

‎

‎ခွန်အားပိုင်းအရပြောရလျှင် ယွမ်ရုံမှာ လက်ဖြင့် အနီးကပ် တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော်လည်း ပြိုင်ဘက်နှစ်ဦးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန်မှာတော့ အတော်လေး ခက်ခဲနေလိမ့်မည်။

‎

‎ဒုတိယအစ်ကို ယွမ်ဖာ့နှင့် စတုတ္ထအစ်ကို ယွမ်စစ်တို့က သူ့ကို ဝိုင်းထားပြီး၊ ပဉ္စမအစ်ကို ယွမ်ကျွင်းကမူ ဘေးမှ ရပ်ကြည့်လျက် တိတ်တဆိတ် လက်မထောင်ကာ သူတို့အားလုံး အတူတူ ပျက်စီးသွားရန် မျှော်လင့်နေသည်။

‎

‎ဤ လူသတ်အခိုးအငွေ့အသက်နှင့်ဆိုလျှင်တော့တစ်စုံတစ်ဦး အသက်ဆုံးရှုံးသွားနိုင်၏။

‎

‎ယွမ်လော့ရီက ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်လိုက်ပြီး သူမက ပြောလိုက်သည်။

"ဒီနေ့ သမီး ကိုကိုတို့နဲ့အတူ အပြင်ထွက်ပြီး ကစားချင်တယ်"

‎

‎အမဲလိုက်ချိန် ကုန်ဆုံးသွားပြီး အစ်ကိုလေးယောက်စလုံး သူတို့၏ လူသတ်အငွေ့အသက်များကို ဖယ်ရှားလိုက်ကြကာ ညီမဖြစ်သူရှေ့တွင် သူတို့၏ အမှောင်ဘက်ခြမ်းများကို ဖုံးကွယ်လိုက်ကြ၏။

‎

‎သူတို့ တစ်ယောက်နှင့်တစ်ယောက် မရိုးသားသော ရည်ရွယ်ချက်များ စတင် ကြံစည်လာကြပြီး အချင်းချင်း ပရိယာယ်ဆင်ကြတော့သည်။

‎

‎အခြားသူများကို အကြမ်းဖက်မှုမပါဘဲ၊အကျိုးကြောင်းရှိရှိ တရားဝင်ဥပဒေနဲ့ ဘယ်လိုဖယ်ထုတ်ရမလဲ၊ ကိုယ်တစ်ယောက်တည်း ညီမလေးကို အပြင်ခေါ်သွားဖို့ ဘယ်လိုဖန်တီးရမလဲ။

‎

All Chapters