← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

[အဆင့် ၁ သတိပေးချက်]: လွန်ခဲ့သောတစ်ပတ်အတွင်း ကျင်းပြည်နယ်၌ ကူးဟောင်ညိုဟု ယူဆရသော ဝိညာဉ်သတ္တဝါတစ်ကောင် ပေါ်ထွက်လာခဲ့သည်။ ထိုသတ္တဝါသည် ကလေးငယ်များကို ပြန်ပေးဆွဲလေ့ရှိပြီး ယခုအခါ အကြောင်းရင်းမရှိ ပျောက်ဆုံးသွားသော ကလေးငယ်ပေါင်း ၁၃ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ကလေးငယ်များ ပျောက်ဆုံးသွားပုံမှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ်ကောင်းလှ၏။ ကလေးငယ်မှာ တစ်နေကုန် အိမ်ထဲမှ မထွက်ဘဲ ရှိနေသော်လည်း မည်သည့်ခြေရာလက်ရာမျှ မကျန်စေဘဲ ဝိညာဉ်တစ်ခုအလား ပျောက်ကွယ်သွားခြင်းပင်။

[စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခန့်မှန်းချက်အရ အစွန်းရောက်အဖွဲ့အစည်းတစ်ခုသည် လောက၏ စည်းစနစ်ကို ဖျက်ဆီးရန်အတွက် ကူးဟောင်ညိုငှက်များကို တိတ်တဆိတ် မွေးမြူနေခြင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ထိုအဖွဲ့အစည်း၏ နည်းလမ်းများမှာ အလွန်လျှို့ဝှက်နက်ရှိုင်းလှသဖြင့် ထိန်းချုပ်ရေးအဖွဲ့မှာ ယခုထက်ထိ မည်သည့်ခြေရာကိုမျှ ရှာမတွေ့သေးပေ]

[ကလေးရှိသော မိခင်ဖခင်များအနေဖြင့် မိမိတို့၏ ကလေးများကို အထူးဂရုစိုက်စောင့်ရှောက်ကြရန်၊ ဘေးကင်းလုံခြုံသော နေရာများ၌သာ ထားရှိရန်၊ ကလေးကို တစ်ဦးတည်း မထားရန်နှင့် မျက်စိအောက်မှ အပျောက်မခံရန် အထူးသတိပေးအပ်ပါသည်]

သတင်းထုတ်ပြန်ချက်ကို ကြားလိုက်ရသည့်အခါ။

မိခင်ဖြစ်သူမှာ စိုးရိမ်တကြီးဖြင့် ထမင်းပန်းကန်ကို ချလိုက်မိတော့သည်။

“ဘာ ကျင်းပြည်နယ်မှာ ဝိညာဉ်သတ္တဝါ ပေါ်နေတာလား ကလေးတွေကို ပြန်ပေးဆွဲတဲ့ကူးဟောင်ညိုတဲ့လား... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ”

လင်းချန်းမှာ တစ်ကိုယ်လုံး တုန်ရီသွားရှာသည်။

“သားလေး... ဒီရက်ပိုင်းမှာ မေမေတို့ အထူးသတိထားမှ ဖြစ်တော့မယ်နော်”

ရွှီရန်သည် မျက်မှောင်ကို အသာအယာ ကြုတ်လိုက်ပြီး ချက်ချင်းပင် နိုးနိုးကြားကြား ရှိသွားတော့သည်။

ငါ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတဲ့ ရန်ငြိုးဖွဲ့သတ္တဝါဟာ ဒီကူးဟောင်ညိုများ ဖြစ်နေမလား။ ဖြစ်နိုင်ခြေ အတော်လေး များတယ်။၊

သူ့ရဲ့ အလေ့အထတွေနဲ့ နည်းလမ်းတွေကို ငါ သေသေချာချာ နားလည်ထားမှ ဖြစ်မယ်။

[လောလောဆယ်တွင် ထိန်းချုပ်ရေးအဖွဲ့သည်ကူးဟောင်ညိုနှင့် ပတ်သက်သော အချက်အလက်များကို အနည်းငယ်မျှသာ သိရှိထားသော်လည်း ကျင်းပြည်နယ်၏ နေရာအနှံ့အပြားသို့ ကျင့်ကြံသူများကို စေလွှတ်ထားပြီး ဖြစ်သည်။ သူတို့သည် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်သည်]

“ဒါဆိုရင် ထိန်းချုပ်ရေးအဖွဲ့တွေတောင်ကူးဟောင်ညိုအကြောင်း ဘာမှ သေချာမသိသေးဘူးပေါ့ သိပ်ကြောက်စရာကောင်းတာပဲ”

“သားလေး... ဒီရက်ပိုင်းတော့ အပြင်ထွက်မဆော့ဘဲ နေရအောင်နော်”

လင်းချန်းသည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေမိ၏။ ထိုစဉ် ဖုန်းမြည်လာခဲ့သည်။

ကျန်းလျိုလီ၏ မိခင်မှာလည်း ထိတ်လန့်နေပုံရသည် “ရွှီရန်မေမေ... သတင်းကြည့်လိုက်လား အခုတလောကူးဟောင်ညို သတင်းတွေက အရမ်းပျံ့နေတာ...”

လင်းချန်းသည် စိတ်တည်ငြိမ်စေရန် ရေတစ်ငုံသောက်လိုက်ပြီး “ခုနကပဲ မြင်လိုက်ရတယ်ရှင်။ တကယ်ကို ကြောက်စရာကြီးပဲ”

လျိုလီမေမေ : “ဟုတ်ပရှင် အကယ်၍ တစ်စုံတစ်ယောက်က ဒီကူးဟောင်ညိုငှက်ကို တမင်သက်သက် လွှတ်လိုက်တာ ဒါမှမဟုတ် ထိန်းချုပ်ထားတာဆိုရင်... ကလေးတွေ အများကြီးရှိတဲ့ ကစားကွင်းတွေက အန္တရာယ်အရှိဆုံး နေရာတွေပဲပေါ့”

လင်းချန်း : “ဒီကူးဟောင်ညိုနောက်ကွယ်က အဖွဲ့အစည်းကို လုံးဝဖမ်းမိမှပဲ ရွှီရန်ကို အပြင်ခေါ်ထွက်ရဲတော့မယ်...”

ကျန်းလျိုလီ၏ မိခင်က သက်ပြင်းချလျက် “ကျွန်မတို့ မိသားစုနှစ်စုကတော့ အချင်းချင်း အပြန်အလှန် လည်ပတ်နေသင့်တယ်ရှင်။ ကျွမ်းကျွမ်းမေမေနဲ့ ထုံထုံမေမေတို့က အိမ်နီးနားချင်းတွေဆိုတော့ သူတို့လည်း အချင်းချင်း သွားလာနေကြတာပဲ။ ကျွန်မတို့ နှစ်အိမ်ကလည်း အနီးလေးပဲဆိုတော့ တစ်အိမ်နဲ့တစ်အိမ် သွားလည်ရအောင်လေ”

လင်းချန်းမှာမူ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေဆဲပင် “အချင်းချင်း သွားလည်တာကရော တကယ်ပဲ ဘေးကင်းပါ့မလားဟင် အခုဆိုရင် ရာဇဝတ်ကောင်တွေက ရန်ငြိုးဖွဲ့သတ္တဝါတွေကို အသုံးချပြီး ပြဿနာရှာနေကြတာ။ အခုလည်း ဝိညာဉ်သတ္တဝါတစ်ကောင် ထပ်ပေါ်လာပြန်ပြီ... စိတ်ပျက်စရာပဲရှင်...”

လျိုလီမေမေ : “မတတ်နိုင်ဘူးလေ။ အခုခေတ်မှာ စိတ်ဓာတ်မကောင်းတဲ့သူတွေက ပိုပိုများလာတာကိုး”

ရွှီရန်သည် ဆိုဖာပေါ်တွင် ထိုင်လျက် ထိုအချက်အလက်များကို အလေးအနက် နားထောင်နေတော့သည်။

ပထမဆုံးအကြိမ် ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်ဟာကူးဟောင်ညိုနဲ့ ဆက်စပ်နေမှာကို ငါ စိုးရိမ်တယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ကိုယ်ပိုင်စည်းကမ်းနဲ့ ဆက်ပြီး လေ့ကျင့်နေရမယ်။ အစွမ်းသတ္တိ ရှိတာကသာ အရာရာကို ကျော်လွှားနိုင်မယ့် နည်းလမ်းပဲ။၊

ထိုသို့တွေးတောရင်း ရွှီရန်သည် မြားကို ပစ်လွှတ်လိုက်၏။

ပစ်မှတ်ကို တည့်တည့်ထိမှန်သွားခဲ့သည်။ သို့သော်လည်း ကျွမ်းကျင်မှုအမှတ် တိုးမလာခဲ့ပေ။

ရွှီ၏ လျှို့ဝှက်ဓားမြှောင်အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင်မူ သူသည် မြားပစ်ကစားစရာများဖြင့် မည်မျှပင် လေ့ကျင့်စေကာမူ ကျွမ်းကျင်မှုအမှတ်များ ထပ်မံတိုးတက်ခြင်း မရှိတော့သည်ကို သူ သိလိုက်ရသည်။

ငါ အမှတ်တွေ ထပ်တိုးဖို့ဆိုရင် တကယ့်မြားတွေနဲ့ လေ့ကျင့်ဖို့ လိုနေပြီထင်တယ်။ အမေ့ကို ကစားစရာအသစ် ဝယ်ပေးဖို့ ပြောရမယ်။

ရွှီရန်သည် မိခင်ဖြစ်သူထံသို့ လျှောက်သွားပြီး “မေမေ မေမေ ပျံ... ပျံ...” ဟု ပူဆာလိုက်လေသည်။

စကားပြောရင်း သူသည် မြားကို ကောက်ယူကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ခြေထောက်ဖြင့် နှစ်ချက်ခန့် နင်းပြလိုက်၏။ ထို့နောက် မြား ပစ်နေသည့်ဟန်ကို ဗလုံးဗထွေး အသံလေးများထွက်ကာ သရုပ်ပြနေတော့သည်။

မိခင်ဖြစ်သူမှာမူ ဝေခွဲမရ ဖြစ်သွားခဲ့၏။ ရွှီရန်သည် ထိုအပြုအမူများကို အလေးအနက်ထား၍ အကြိမ်ကြိမ် ပြုလုပ်ပြနေပြီး မိခင်နားလည်စေရန် အတတ်နိုင်ဆုံး သရုပ်ဆောင်ပြနေရှာသည်။

“သားလေးက ဒီမြားပစ်တာကို မဆော့ချင်တော့ဘဲ ဒါ့ဒ်မြားတွေနဲ့ ဆော့ချင်တာလား”

ရွှီရန်သည် ခေါင်းကို တဗုန်းဗုန်း ညိတ်ပြလိုက်ပြီးနောက် မိခင်၏ဖုန်းကို လှမ်းယူကာ သစ်သားပစ်မှတ်နှင့် တကယ့်လျှို့ဝှက်ဓားမြှောင်များကို ရွေးချယ်ပြနေတော့သည်။

“ပြဿနာမရှိပါဘူး။ မေမေ သားအတွက် အွန်လိုင်းကနေ မှာပေးမယ်နော်။ နှစ်ရက်နေရင် ရောက်လာလိမ့်မယ်”

ထိုသို့ဖြင့် နောက်ထပ် နှစ်ရက်တာ ကာလအတွင်း မိခင်ဖြစ်သူမှာ ရွှီရန်နှင့်အတူ အိမ်၌ပင် ရှိနေခဲ့ပြီး ရံဖန်ရံခါတွင် ကျန်းလျိုလီ၏ အိမ်သို့ သွားရောက်လည်ပတ်တတ်သည်။

သတင်းထုတ်ပြန်ချက်များတွင်မူ ကူးဟောင်ညိုနှင့် ပတ်သက်သော သတင်းများကို နေ့စဉ် တိုးမြှင့်ထုတ်ပြန်နေရပြီး ပျောက်ဆုံးသွားသော ကလေးငယ်အရေအတွက်မှာ ၁၃ ဦးမှ ၅၇ ဦးအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့လေပြီ။

ဘေးအန္တရာယ်၏ တိုးပွားနှုန်းမှာ အလွန်ပင် လျင်မြန်လှပေတော့သည်။

တစ်ရက်အတွင်း ပျောက်ဆုံးသွားသော ကလေးအရေအတွက်မှာ ယခင်တစ်ပတ်စုစုပေါင်းထက် နှစ်ဆကျော်ပင် ရှိနေခဲ့သည်။

ဤအချက်မှာကူးဟောင်ညိုများသည် အလွန်အမင်း သောင်းကျန်းလာနေပြီး ၎င်းတို့၏ ဝိညာဉ်သတ္တဝါမျိုးစိတ်များကို ပိုမိုပွားများအောင် ပြုလုပ်နေခြင်း ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။

သို့ရာတွင် ထိန်းချုပ်ရေးအဖွဲ့ များမှာမူကူးဟောင်ညိုတို့၏ ပုန်းအောင်းရာနေရာကို ယခုထက်တိုင် ရှာမတွေ့သေးပေ။

ပြည်သူများမှာမူ ထိတ်လန့်တုန်ရီနေကြတော့သည်။

သူတို့တွေကကူးဟောင်ညို စစ်တပ်ကြီးကို မွေးမြူပြီး မြို့ကြီးတစ်မြို့လုံးကို ဖျက်ဆီးပစ်မယ့် ဘေးအန္တရာယ်ကြီးတစ်ခု ဖန်တီးတော့မှာလား။

ရွှီရန်မှာ အတော်လေး စိုးရိမ်ပူပန်နေမိသည်။

သို့သော်လည်း သူသည် ဘာမှမတတ်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မွေးဖွားပြီးနောက် ရက်ပေါင်း ၅၀၀ မျှသာ ရှိသေးသော ကလေးငယ်တစ်ဦး မဟုတ်ပါလော။

...

နှစ်ရက်အကြာ မွေးဖွားပြီးနောက် ၅၀၂ ရက်မြောက်နေ့။

ညနေခင်းအချိန်တွင် ပါဆယ်လ်ပစ္စည်း ရောက်ရှိလာကြောင်း အကြောင်းကြားစာ ရောက်ရှိလာခဲ့၏။

မိခင်ဖြစ်သူသည် ရွှီရန်ကို ခေါ်ဆောင်ကာ လူနေအိမ်ရာဝန်း၏ ဂိတ်ပေါက်သို့ ပစ္စည်းသွားယူခဲ့သည်။

ဒါ့ဒ်မြားပစ်ကစားစရာမှာ အတော်လေး လေးလံလှသဖြင့် မိခင်ဖြစ်သူက ပစ်မှတ်ကို ပုခုံးပေါ်တွင် ထမ်းထားရပြီး ရွှီရန်ကမူ လက်တစ်ဖက်ဖြင့် မြားအိတ်ကို ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် မိခင်၏လက်ကို ဆွဲ၍ လိုက်ပါလာခဲ့သည်။

“မြန်မြန်လေး လျှောက်ရအောင် သားလေးရေ။ ဒီရက်ပိုင်း အပြင်မှာ မလုံခြုံဘူးကွဲ့”

လင်းချန်းမှာကူးဟောင်ညိုကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်နေဆဲပင်။

သို့သော်လည်း တစ်ခါတစ်ရံတွင်... စိုးရိမ်လေလေ မကောင်းသောအမှုက ပို၍ ကြုံတွေ့ရလေလေပင် ဖြစ်တတ်သည်။

နေမဝင်သေးသော်လည်း မြင့်မားသော အဆောက်အအုံကြီးများ၏ အရိပ်အောက်သို့ ရောက်ရှိသွားသောအခါ ပတ်ဝန်းကျင်မှာ ရုတ်တရက် ကျောစိမ့်ဖွယ်အေးစက်သွားခဲ့၏။ တစ်စုံတစ်ယောက်က သူမ၏ ကျောပေါ်သို့ ရေခဲတုံးကြီး တင်လိုက်သကဲ့သို့ ပြင်းရှသော အအေးဓာတ်ကြောင့် လင်းချန်းမှာ ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီးနောက် သူမ ကိုယ်ကို ပြန်လည်ထိန်းလိုက်နိုင်၏။

“သားလေး”

လင်းချန်းသည် ရွှီရန်၏ လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အနောက်သို့ အမြန်လှည့်ကြည့်လိုက်သည်။

ရွှီရန် : “...ဟင်”

တစ်ခုခုတော့ မှားနေပြီ။ ဒါပေမဲ့ ဘယ်အရာက မှားနေလဲဆိုတာ ငါ အတိအကျ ပြောလို့မရသေးဘူး။၊

နောက်တစ်စက္ကန့်မှာပင် အရိပ်များအတွင်းမှ ထူးဆန်းခြောက်ခြားဖွယ် မျက်နှာကြီးများ ရုတ်တရက် ထွက်ပေါ်လာပြီး ဝိညာဉ်သရဲများ၏ အူသံများကြောင့် လင်းချန်းမှာ လန့်ဖျပ်သွားရတော့သည်။ သူမသည် ပုခုံးပေါ်မှ ပစ်မှတ်ပြားကို ချက်ချင်းချလိုက်ပြီး ရွှီရန်ကို ပွေ့ချီကာ ရှေ့သို့ အသားကုန် ပြေးတော့သည်။

“သားလေး... မျက်လုံးမှိတ်ထားနော်။ မေမေတို့ ပြေးမှဖြစ်မယ်။ မြန်မြန်ပြေးမှ….”

မိခင်ဖြစ်သူက ရွှီရန်၏ မျက်လုံးများကို လက်ဖြင့် အုပ်ထားလိုက်၏။

ရွှီရန် : “...ဟင် ဘာလို့ အမြဲတမ်း တစ်ခုခု မှားနေသလို ခံစားနေရတာလဲ ပြီးတော့ ပုပ်စပ်စပ် အနံ့တစ်ခု ရနေတယ်”

ဒါ့အပြင် အမေက ဒီလောက်တောင် မြန်လို့လား။

တစ်ခုခုတော့ လွဲနေပြီ။

ဒါ အိမ်ပြန်တဲ့ လမ်းကြောင်း မဟုတ်ဘူး။

ငါ့ကို ပွေ့ထားတဲ့သူကလည်း အမေ မဟုတ်ဘူး။

ရွှီရန်မှာ ရုတ်တရက် ကျောစိမ့်သွားပြီး ချွေးစေးများ ထွက်လာခဲ့သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ချက်ချင်းပင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်နိုင်၏။

စိတ်အာရုံကို အသုံးချလိုက်သည်နှင့် ကိုယ်ပွါးစက္ကူရုပ်တစ်ရုပ် ပေါ်ထွက်လာခဲ့ပြီး လျှို့ဝှက်

ခြေလှမ်းကို အသုံးပြုကာ ထိုအတုအယောင်မိခင်၏ အရိပ်အတွင်းသို့ တိတ်တဆိတ် လျှောတိုက်ဝင်ရောက်သွားသည်။ ထို့နောက် အိမ်မြှောင် နံရံကပ်အတတ်ကို အသုံးပြုကာ တတိယထပ် နံရံပေါ်သို့ အရှိန်အဟုန်ဖြင့် တက်သွားပြီးနောက် ကျိန်စာသင့်နေသော ကလေးငယ်တစ်ဦးအလား နံရံပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် အောက်ဘက်တွင် အတင်းပြေးလွှားနေသော မိခင်အတုကို အပေါ်စီးမှ ကြည့်နေတော့သည်။

ထိုစဉ်မှာပင် သူ၏ အနောက်မှ လုပ်ကြံသူ ပုစဉ်းရင်ကွဲစက္ကူရုပ်တစ်ရုပ်သည်လည်း မြားတစ်စင်းအလား ပြေးထွက်သွားပြီး မိခင်အတုနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားတော့သည်။

၎င်း၏ ထက်မြက်လှသော လက်လက်ထနေသည့် ဓားသွားမှာ သွေးနီရောင်အလင်းတန်းများ ဖြာထွက်နေပြီး ဆည်းဆာအချိန်၌ကူးဟောင်ညို၏ ခန္ဓာကိုယ်ကို သွေးစွန်းသော စက်ဝန်းအလား ပိုင်းဖြတ်ပစ်လိုက်လေသည်။

“ဂါး”

စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီးနောက် စက္ကူပုစဉ်းရင်ကွဲသည်ကူးဟောင်ညို၏

အလောင်းထံမှ ထွက်ပေါ်လာသော စွမ်းအင်များကို ငမ်းငမ်းတက် ဝါးမြိုလိုက်တော့သည်။

မကြာမီမှာပင် ကူးဟောင်ညိုငှက်မှာ လုံးဝ ဝါးမြိုခံလိုက်ရပြီး စက္ကူပုစဉ်းရင်ကွဲပေါ်တွင် အစိမ်းရောင် အဆင်တန်ဆာများ ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ပုစဉ်းရင်ကွဲ၏ ခန္ဓာကိုယ်ပေါ်တွင် အသေးစိတ် ပုံဖော်ထားသည့်အလားပင်။

ဤသည်မှာ စက္ကူဝိညာဉ် ဆက်သွယ်ခြင်းပင်။

၎င်းသည် ဆန်းကြယ်သော လျှို့ဝှက်စွမ်းအင်ဖြစ်ရာ ဝိညာဉ်စွမ်းအင် အခြေခံသောကူးဟောင်ညိုကို နှိမ်နင်းရန် အကောင်းဆုံး လက်နက်ပင်။ ဝိညာဉ်သတ္တဝါကို သတ်နိုင်ရုံသာမက ၎င်းတို့၏ စွမ်းအင်များကိုပါ စုပ်ယူနိုင်စွမ်း ရှိပေသည်။ အကယ်၍ စွမ်းအင်များ လုံလောက်စွာ ရရှိသွားပါက ထိုစက္ကူပုစဉ်းရင်ကွဲသည် တကယ့်သက်ရှိ ပုစဉ်းရင်ကွဲတစ်ကောင်အလား ဖြစ်လာပေလိမ့်မည်။

ဟက်... ဒါကကူးဟောင်ညိုဆိုတာလား။ ခြောက်ခြားစရာကောင်းတဲ့ မျက်လှည့်အစွမ်းကလွဲရင် သူတို့ရဲ့ ခွန်အားက တကယ်ကို အားနည်းလွန်းတယ်။

ရွှီရန်သည် အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ အနောက်မှ စက္ကူလင်းနို့တစ်ကောင် ပျံသန်းထွက်ခွာသွားကာ မီတာ ၃၀ အမြင့်မှနေ၍ မီတာ ၅၀၀ ပတ်လည်ကို စောင့်ကြည့်နေလိုက်သည်။

သူ၏ ကိုယ်မှန်မှာမူ နံရံတစ်လျှောက် လျင်မြန်စွာ ကူးခတ်သွားရင်း အိမ်ပြန်လမ်းဘက်သို့ ဦးတည်နေတော့သည်။

အောက်ဘက်တွင်မူ ရွှီရန်ကို ပွေ့ချီလျက် အတင်းပြေးလွှားနေသော သူ၏ မိခင်ကို သူ မြင်နေရဆဲပင်။

သို့သော်လည်း သူမသည် သူမ ပွေ့ချီထားသော ကလေးမှာ အသွင်ပြောင်းထားသည့် ထူးဆန်းသောကူးဟောင်ညိုတစ်ကောင် ဖြစ်နေသည်ကို လုံးဝ မရိပ်မိသေးဘဲ...

All Chapters