ရွှီရန်တစ်ယောက် မွေးကင်းစကလေးဘဝဖြင့် အခြားကမ္ဘာတစ်ခုတွင် ဝိညာဉ်ကူးပြောင်းဝင်စားလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် တာအိုအရှင်သခင်စနစ် ပါလာခဲ့၍ ဘဝမှတ်တိုင်သစ်များကို စိုက်ထူနိုင်ခဲ့သကဲ့သို့ ထူးကဲသော အစွမ်းများကိုလည်း ပိုင်ဆိုင်ခွင့်ရခဲ့၏။ …… [အပြေးမြန်စွမ်းရည် - မြက်ဖျားနင်း ကိုယ်ဖော့ပညာ - မိုးကြိုးသုံးထောင် ရွေ့လျားခြင်း - ခွန်ပန်နတ်ငှက်အစွမ်း] [ပုန်းကွယ်စွမ်းရည် - လျှို့ဝှက်ခြေလှမ်း - ကိုယ်ယောင်ဖျောက်ခြင်း - အချိန်မြစ်ပြင်ဝယ် ခြေရာမကျန်ခြင်း] [စာဖတ်စွမ်းရည် - အဆင့်မြင့်ဉာဏ်အလင်း - သိမြင်နားလည်မှု ပေါက်မြောက်ခြင်း - တာအို၏ မူလအစကို တိုက်ရိုက်သိမြင်ခြင်း] [ကလေးများကို ခြောက်လှန့်ခြင်း - ခြောက်လှန့်စွမ်းရည် - ကြောက်ရွံ့ခြင်းနယ်မြေ...] …… ဤသို့ဖြင့်..။ ရွှီရန်သည် မွေးဖွားလာသည့် ပထမဆုံးနေ့ကတည်းက စပြီး မိမိကိုယ်ကိုယ် စည်းကမ်းတကျ လေ့ကျင့်ပျိုးထောင်ရင်း အနန္တတရားတို့၏ တာအိုအရှင်သခင်အဖြစ်သို့ တဆင့်ချင်း တက်လှမ်းလာခဲ့တော့၏။

