← Chapters

အခန်း (၂၂၁)

Vol. 23 Ch. 221

အခန်း (၂၂၁)

Vol. 23 Ch. 221

"သူက တကယ်ပဲ သူ့ခေတ်သူ့အခါထက် သာလွန်တဲ့ စူပါပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တာလား"

"သုတေသနပညာရှင်တွေ နှစ်ပေါင်း ခုနစ်ဆယ်ကြာအောင် လေ့လာခဲ့ပေမဲ့ နားမလည်နိုင်ခဲ့တဲ့ ပဟေဠိကို သူက ဆယ်မိနစ်အတွင်းမှာပဲ အဖြေရှာနိုင်ခဲ့တာလား"

"ဒါက ဖြစ်နိုင်ပါ့မလား"

"ဖြစ်နိုင်ရင်လည်း ဖြစ်နိုင်မှာပေါ့"

စက္ကန့်အနည်းငယ်မျှသာ ကြာလိုက်သည်။ ကျွမ်းကျင်လှသော လက်ကွက်များ၊ ဆန်းကြယ်သော မျဉ်းကြောင်းများက လင်းရှိုး၏ သံသယများကို တဖြည်းဖြည်းချင်း လှုပ်ခါပစ်လိုက်တော့သည်။

သူ လုံးဝဥဿုံတော့ မယုံကြည်သေးပေ။

အတိအကျအားဖြင့် နှစ်မိနစ်ခန့် အာရုံစိုက် ထွင်းထုပြီးနောက်တွင် ပထမဆုံးသော ညစ်ညမ်းမှု သန့်စင်ခြင်း အဆောင်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

လက်စသတ်လိုက်ပြီ။

ဘယ်ဘက်လက်ဖြင့် အဆောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရွှီရန်က စူးစိုက်ကြည့်

လိုက်သည်။

"ရေးဆွဲဖို့ နှစ်မိနစ်တောင် ကြာတယ်ဆိုတော့... တကယ့်ကို အထူးဒြပ်စင် အဆောင်လက်ဖွဲ့ ပီသပါပေတယ်"

"ဒါပေမဲ့ အာနိသင်ကတော့ သိသာတယ်။ အသေးငယ်ဆုံးသော ညစ်ညမ်းမှု အမှုန်အမွှားလေးတွေကနေ စပြီးတော့ သူတို့ကို ဝါးမြိုပစ်ပြီး သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးလိုက်တယ်။ ဒါက အခြေခံအဆင့် အဆောင်ဖြစ်လို့ ပြောင်းလဲချိန် နည်းနည်းကြာပြီး ပမာဏ နည်းနိုင်ပေမဲ့..."

"ဒီလို အဆောင်မျိုး အခုတစ်သောင်း ဒါမှမဟုတ် တစ်သိန်းဆိုရင်ကော အကျိုးသက်ရောက်မှုကတော့ ပြောနေစရာတောင် မလိုတော့ဘူး"

အဆောင်လက်ဖွဲ့ ပညာရှင်များသာ နားလည်နိုင်သော အဆောင်ပေါ်ရှိ အချက်အလက်များကို ဖတ်ရှုရင်း ရွှီရန်က အသာအယာ ပြုံးလိုက်သည်။

တကယ့်ကို ကောင်းတယ်။

ရွှီရန်သည် ကောင်းကင်ဘုံတောင်ထိပ် နန်းဆောင်၏ မျှော်လင့်ချက်များကို အချည်းနှီး မဖြစ်စေခဲ့ဘဲ အကြီးအကျယ် အောင်မြင်သွားခဲ့ခြင်းပင်။ သူ့အား ဤကဲ့သို့သော တာဝန်မျိုး တစ်ခါမျှ မပေးအပ်ခဲ့ဖူးသော်လည်း ရွှီရန်သည် သူ၏ ပါရမီနှင့် ထိုးထွင်းသိမြင်မှုကို အခြေခံကာ သူတို့ အမှန်တကယ် လိုလားနေသည့်အရာကို ကြိုတင်ခန့်မှန်းလျက် အားလုံးထက် လက်ဦးမှုယူကာ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းပင်။

ရွှီရန်၏ နူးညံ့သောအပြုံးမှာ ဘေးလူကိုပါ ကူးစက်စေနိုင်သည့် စွမ်းအားရှိရာ လင်းရှိုးနှင့် ဦးလေးရဲဖျင်းတို့၏ အကြည့်များမှာ ရွှီရန်ထံသို့ ရောက်ရှိလာကြပါသည်။ လင်းရှိုး၏ သိချင်

စိတ်မှာ အရင်ကထက် ပိုမိုပြင်းပြလာကာ “အောင်မြင်သွားပြီလား။ တကယ်ရော အာနိသင်ရှိရဲ့လား” ဟု မေးမြန်းလိုက်ပါသည်။

ရွှီရန်က ယုံကြည်မှုအပြည့်ဖြင့် “ဟားဟား... သေချာပေါက် အာနိသင်ရှိတာပေါ့။ ဒါပေမဲ့ လုံခြုံရေးဇုန်ထဲက ညစ်ညမ်းမှုတွေကို သန့်စင်ဖို့ဆိုရင် အနည်းဆုံး သန့်စင်ခြင်းရတနာအဆောင်ငယ်အခုရေ ငါးထောင်လောက်တော့ လိုလိမ့်မယ်” ဟု အဖြေပေးလိုက်ပါသည်။

ဦးလေးရဲဖျင်းက မျက်ခုံးပင့်လိုက်ရင်း “သန့်စင်ခြင်းရတနာအဆောင်ငယ်လား။ အခုရေ ငါးထောင်ပဲ လိုတာလား” ဟု အံ့ဩစွာ ရေရွတ်မိပါသည်။

ရိုးရိုးသားသား ပြောရလျှင် ဤသည်မှာ တကယ့်ကို မျှော်လင့်မထားသည့် အချက်ပင်။ လုံခြုံရေးဇုန်၏ ရတနာတိုက်အတွင်း ပထမခြောက်လွှာအထိ စူပါအဆင့် ညစ်ညမ်းပစ္စည်းပေါင်း နှစ်သိန်းကျော်ကို ဖိနှိပ်ထားခြင်း ဖြစ်ပါသည်။ သတ္တမမြောက်အလွှာရှိ ညစ်ညမ်းပစ္စည်း ငါးထောင်မှာမူ နတ်ဘုရားတစ်ပိုင်း အဆင့်နှင့် နတ်ဘုရားအဆင့် ပုံဆောင်ခဲသားရဲများထံမှ ရရှိထားသည့် ပစ္စည်းများဖြစ်ရာ ၎င်းတို့ကို နတ်ဘုရားအဆင့် ညစ်ညမ်းမှုဟု ခေါ်ဆိုလျှင်ပင် လွန်မည်မထင်ပေ။

အဆိုပါ ပစ္စည်းများမှ ထွက်ပေါ်လာသည့် ညစ်ညမ်းမှုများသည် လုံခြုံရေးဇုန်၏ နံရံများအတွင်း စုစည်းနေတတ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုညစ်ညမ်းမှုများမှတစ်ဆင့် ထူးဆန်းသော ဖြစ်ရပ်များ ပေါ်ပေါက်လာကာ ညစ်ညမ်းပစ္စည်းပေါင်း သောင်းနှင့်ချီ၍ ဝါးမြိုရှင်သန်လာသည့် ညစ်ညမ်းမှု မိစ္ဆာကောင်များ မွေးဖွားကာ ကြီးထွားလာတတ်ပါသည်။

ထို့ကြောင့် ကောင်းကင်ဘုံတောင်ထိပ်မှ အဆင့်မြင့်အရာရှိကြီးများအတွက်မူ ဤရတနာတိုက်မှာ ညစ်ညမ်းမှုကို ဖိနှိပ်ထားသည့်နေရာ ဆိုသည်ထက် အချိန်မရွေး ပေါက်ကွဲသွားနိုငသည့် ကြောက်စရာကောင်းသော အချိန်ကိုက်ဗုံး ကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

အကယ်၍သာ အဲဒီ အချိန်ကိုက်ဗုံး ကြီး ပေါက်ကွဲသွားခဲ့မယ်ဆိုရင်...

ဟွာရှ တစ်နိုင်ငံလုံး မှီခိုအားထားနေရသည့် ဤအံ့ဖွယ်လုံခြုံရေးဇုန်ကြီးတစ်ခုလုံး ပျက်စီးသွားနိုင်သော်လည်း မည်သူကမျှ ဤဗုံးကို မည်သို့ဖြုတ်ရမည်ကို မသိရှိခဲ့ကြပေ။ လုံခြုံရေးဇုန်ကြီးကို ဖျက်သိမ်းပစ်ရန်မှာလည်း မဖြစ်နိုင်သည့်ကိစ္စပင်။ ညစ်ညမ်းပစ္စည်းပေါင်း သောင်းနှင့်ချီ၍ ဇုန်အပြင်ဘက်သို့ ထုတ်ပစ်မည်ဆိုလျှင်လည်း အကျိုးဆက်မှာ ဗုံးပေါက်ကွဲခြင်းထက် မလျော့သော ဘေးအန္တရာယ်မျိုး ကြုံတွေ့ရနိုင်ပါသည်။

သို့သော် ရွှီရန်ကမူ သန့်စင်ခြင်းရတနာအဆောင်ငယ်အခုရေ ငါးထောင်မျှဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်မည်ဟု ပြောလိုက်လိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားခဲ့ကြပေ။ ရွှီရန်အပေါ် အမြဲတမ်း ယုံကြည်မှုအပြည့်ရှိသော ဦးလေးရဲဖျင်းတောင်မှ ယခုအခါတွင်မူ အနည်းငယ် သံသယဝင်လာမိသည်။

"ဒါနဲ့... လုံခြုံရေးဇုန်ရဲ့ ရတနာတိုက်ထဲမှာ ညစ်ညမ်းပစ္စည်းတွေ သောင်းနဲ့ချီ ရှိနေတာနော်။ အခုရေ ၅,၀၀၀ က တကယ်ပဲ လုံလောက်ပါ့မလား"

ရွှီရန်၏ အကြည့်မှာ ခိုင်မာပြတ်သားနေသည်။

"အကြမ်းဖျင်းအားဖြင့်တော့ လုံလောက်ပါတယ်။ တကယ်လို့ မလုံလောက်ဘူးဆိုရင်လည်း ရိုးရှင်းပါတယ်။ ကျွန်တော် ဒီအဆောင်တွေကို ဆက်ပြီး ရေးဆွဲနေရုံပါပဲ"

"အဆောင်တစ်စောင်ကို နှစ်မိနစ်နဲ့ ရေးမယ်ဆိုရင် တစ်နာရီမှာ အစောင် ၃၀၊ ဆယ်နာရီမှာ အစောင် ၃၀၀၊ ဆယ်ရက်ဆိုရင် ၃,၀၀၀၊ ရက်ပေါင်း ၃၀ ဆိုရင် ၁၀,၀၀၀ ရပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အလုပ်ကြိုးစားမှုနှုန်းနဲ့ဆိုရင် ရက်ပေါင်း ၂၀ အတွင်းမှာတောင် ပြီးသွားနိုင်ပါတယ်"

ယဲ့ဖျင်က စိတ်ထဲကနေ အမြန်တွက်ချက်ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။

"မင်းပြောတာ မှန်တယ်။ အဆောင်ပေါင်း တစ်သောင်း ရေးဖို့တောင်မှ မင်းအတွက် တစ်လပဲ ကြာမှာပဲကိုး"

သူတို့နှစ်ယောက် ပြောနေတာကို နားထောင်ရင်း လင်းရှိုးမှာတော့ ပိုပြီး ဇဝေဇဝါ ဖြစ်နေရသည်။

ဘာတွေ ဖြစ်နေတာလဲ ငါပဲ သူတို့နဲ့ အဆက်ပြတ်နေတာလား။ မင်းတို့တွေ တစ်ခုခုကို ကျော်ပြောနေကြတာလား။

"နေပါဦး... အဆောင်တွေကို ရေးပြီးသွားရင် အရင်ဆုံး အာနိသင် ရှိမရှိ အတည်ပြုရမှာ မဟုတ်ဘူးလား"

လင်းရှိုးက စိတ်ထဲကနေ မေးခွန်းထုတ်နေမိသည်။

လက်တွေ့စမ်းသပ်မှု မရှိဘဲနဲ့...

ဒါက အာနိသင်ရှိတယ်လို့ ဘယ်လိုများ အခိုင်အမာ ပြောနိုင်ရတာလဲ။

လင်းရှိုးအနေဖြင့် နားမလည်နိုင်တော့ပေ။

ဒါက သိပ္ပံနည်းကျ တိကျမှု လုံးဝမရှိဘူးလို့ ငါ ခံစားနေရတယ်။

နောက်ဆုံးမှာတော့ သူ ဖွင့်ပြောလိုက်ရသည်။

"ရွှီရန်... မင်းခုနက ရေးဆွဲလိုက်တဲ့ သန့်စင်ခြင်းရတနာအဆောင်ငယ်ကို ငါ့ကို ပေးလို့ရမလား ရတနာတိုက်ရဲ့ အောက်ထပ်မှာ သွားပြီး စမ်းသပ်ကြည့်ချင်လို့ပါ"

"ငါ တကယ်ကို သိချင်နေပြီ... ဒါက တကယ်ပဲ အလုပ်လုပ်ရဲ့လားဆိုတာ..."

ရွှီရန်က ခပ်ဖွဖွ ခေါင်းညိတ်ပြပြီး အဆောင်ကို အသက်သွင်းလိုက်သည်။ ထို့နောက် လင်းရှိုးထံသို့ ပေါ့ပေါ့ပါးပါးပင် ကမ်းပေးလိုက်၏။

"ယူသွားပြီး သုံးကြည့်လိုက်ပါ။ မှန်ဗီရိုပေါ်မှာပဲ ကပ်လိုက်နော် ညစ်ညမ်းပစ္စည်းပေါ် တိုက်ရိုက်သွားမကပ်နဲ့ဦး။ ဒီအဆောင်က ညစ်ညမ်းပစ္စည်းတွေကို တိုက်ရိုက် ဖိနှိပ်နိုင်စွမ်းတော့ မရှိသေးဘူး"

ဝူး…

အဆောင်ကို လက်ပြောင်းပေးလိုက်သည့် တစ်ခဏမှာပင် ရုတ်တရက် တောက်ပသော ရွှေရောင်အလင်းတန်းများ ဝင်းခနဲ ထွက်ပေါ်လာသည်။ ဆန်းကြယ်ပြီး အံ့ဖွယ်ကောင်းလှသော စွမ်းအင်တစ်ခု စီးဆင်းလာသည်မှာ လူတိုင်းကို အံ့အားသင့်သွားစေတော့သည်။

"ကျေးဇူးပဲ"

လင်းရှိုး၏ မျက်တောင်များ တဆတ်ဆတ် တုန်သွားပြီး အဆောင်ကို ဂရုတစိုက် လက်ခံလိုက်သည်။ ထို့နောက် သူသည် အတည်ပြုရန်အတွက် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။ သူ၏ သိချင်စိတ်မှာ ဘယ်လိုမှ ထိန်းမရတော့သည့် အခြေအနေသို့ ရောက်နေသည်။

ထွက်ခွာသွားသော လင်းရှိုး၏ ကျောပြင်ကို ကြည့်ရင်း ယဲ့ဖျင်က မွှေးရနံ့သင်းပျံ့သော လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပြုံးလိုက်သည်။

"ဟားဟား... တကယ့်ကို တိကျလွန်းတဲ့လူပဲ။ ဒါပေမဲ့ တိကျလွန်းခြင်းရဲ့ အားနည်းချက်ကတော့... စိတ်ကူးစိတ်သန်း မကြွယ်ဝတော့တာပဲ"

"ဒါပေါ့လေ အမှန်တရားကတော့... မင်းလို ကောင်လေးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေက ဒီခေတ်က လူသားတွေရဲ့ စိတ်ကူးစိတ်သန်းထက် အများကြီး ကျော်လွန်နေတာကိုး"

ယဲ့ဖျင်၏ ချီးကျူးစကားများကို ရွှီရန်က ပြန်မဖြေဘဲ အဆောင်ရေးဆွဲခြင်းကိုသာ အာရုံစိုက်နေလိုက်သည်။

ဆယ်မိနစ်အကြာတွင် အလွန်တရာ ရှုပ်ထွေးနက်နဲသော အဆောင်လက်ဖွဲ့တစ်ခုသည် အပြာရောင်ကြယ်ပေါ်တွင် ပထမဆုံးအကြိမ် ပေါ်ထွက်လာခဲ့သည်။

[ဒုတိယအသွင်ပြောင်း အဆောင်]

၎င်းသည် အဆောင်အခြေခံများစွာကို ပေါင်းစပ်ထားခြင်းဖြစ်သည် ဝိညာဉ်စုဆောင်းခြင်း၊ သန့်စင်ခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း...

ဝိညာဉ်စုဆောင်းခြင်း အခြေခံများ ပေါင်းစပ်သွားသည့်အခါ ဆန်းကြယ်သော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးစွမ်းအင်များကို မမြင်ရသော အင်အားဖြင့် ဆွဲယူလိုက်သည်။ သူတို့သည် အဆောင်ပေါ်တွင် တဖြည်းဖြည်း စုစည်းလာပြီး ဝိညာဉ်စွမ်းအင် မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။

သန့်စင်ခြင်း အခြေခံက ထိုမြူခိုးများထဲတွင် ပါဝင်နေသော ညစ်ညမ်းမှုများကို ဖယ်ရှားပေးကာ စစ်မှန်ပြီး အန္တရာယ်ကင်းသော ဝိညာဉ်အရည်အဖြစ် ပြောင်းလဲပေးလိုက်ပြန်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အခြေခံကမူ ထိုဝိညာဉ်အရည်များကို ရွှီရန်၏ ခြေလက်အင်္ဂါများထဲသို့ ဖိသွင်းပေးလိုက်ပြီး ဆဲလ်ပေါင်း သန်းပေါင်းများစွာကို ထိုစွမ်းအင်များ စုပ်ယူစေကာ သွေးစွမ်းအင်အဖြစ် ပြောင်းလဲပေးလိုက်တော့သည်။

All Chapters