← Chapters

အခန်း (၁၈၇)

Vol. 19 Ch. 187

အခန်း (၁၈၇)

Vol. 19 Ch. 187

ရွှီရန်အနေဖြင့် စိတ်ဖိစီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

သို့သော်လည်း စိတ်ဖိစီးမှု ကင်းဝေးနေခြင်းကြောင့်ပင် ရွှီရန် အတွက် မမျှော်လင့်ထားသော အံ့အားသင့်ဖွယ်ရာတစ်ခု ရရှိခဲ့သည်။ ၎င်းမှာ ကျောက်တုံးကြီးပေါ်၌ ထွင်းထုထားသော အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား၏ သင်္ကေတများသည် ဘေးကင်းလုံခြုံရေးဇုန်အတွင်းရှိ ရတနာတိုက်ခုနစ်လွှာ၌ တည်ရှိသော အလင်းလိပ်ခွံပေါ်မှ သင်္ကေတအချို့နှင့် တူညီနေခြင်းပင်။

၎င်းတို့သည် တူညီသော စွမ်းအင်ပုံစံတစ်ခုကို ညွှန်ပြနေခြင်းလည်း ဖြစ်နိုင်သည်။ ဤအချက်မှာ အလွန်လေးနက်သော အဓိပ္ပာယ်ကို ဆောင်လျက်ရှိသည်။

ဆိုလိုသည်မှာ ဤလျှို့ဝှက်ဆန်းကြယ် အဆောင်လက်ဖွဲ့စနစ်သည် ရန်ငြိုးဖွဲ့နတ်ဘုရား၏ ကိုယ်ပိုင်ဖန်တီးမှု မဟုတ်ဘဲ အလင်းစွမ်းအင်သတ္တဝါများနှင့် လျှို့ဝှက်ဆန်းကြယ်သားရဲများပါ အသုံးပြုနိုင်သည့် သီးခြားလွတ်လပ်သော ကျင့်စဉ်စနစ်တစ်ခု ဖြစ်နေခြင်းပင်။

ယင်းစနစ်သည် ရန်ငြိုးဖွဲ့နတ်ဘုရား တစ်ဦးတည်းအတွက်သာ သီးသန့်မဟုတ်ဘဲ လူသားများပါ အသုံးပြုနိုင်မည့် အလားအလာရှိနေခြင်းမှာ အကြီးမားဆုံးသော အံ့အားသင့်ဖွယ်ရာပင်။ အကယ်၍ ဤအတတ်ပညာကို အသေအချာ သုတေသနပြုနိုင်မည်ဆိုပါက လူသားမျိုးနွယ်အတွက် နောက်ထပ် စွမ်းအားစနစ်သစ်တစ်ခုဖြစ်သော အဆောင်လက်ဖွဲ့အတတ်ကို ရရှိလာနိုင်မည်ပငါ။

ဤကဲ့သို့ ထူးခြားသော ရှာဖွေတွေ့ရှိမှုကြောင့် ရွှီရန်သည် နားလည်သဘောပေါက်သွားသည့် အပြုံးမျိုးဖြင့် ပြုံးလိုက်မိသည်။

“ဒါက မင်းတစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်မှတော့... ငါလည်း အများကြီး ထပ်မံစမ်းသပ်ကြည့်လို့ ရတာပေါ့”

“ပြီးခဲ့တဲ့တစ်ခေါက် ဒုက္ခပေးတဲ့ အဆောင်လက်ဖွဲ့ရဲ့ ဒုတိယပုံစံကို ပြန်ပြီး ပုံတူကူးယူတုန်းကတော့ ဘာမှော်စွမ်းရည်မှ နိုးထမလာခဲ့ဘူး။ အခု ဒီပုံစံက ပိုပြီးရိုးရှင်းနေတော့ ထပ်မံစမ်းသပ်ကြည့်ရမယ်... စွမ်းရည်အသစ်တစ်ခုခု ရလာနိုင်မလားလို့ပေါ့”

ရွှီရန်၏ မျက်ဝန်းများသည် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပနေသည်။ သူသည် မှော်စွမ်းရည်များကို နိုးထလာစေရန် မည်သည့်အခါမျှ လက်မလျှော့ခဲ့ပေ။ ကံမကောင်းသည့်အချက်မှာမူ တောင်တက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းနှင့် စာဖတ်ခြင်းကဲ့သို့သော အခြေခံမှော်စွမ်းရည်များကိုသာ သူ နိုးထစေခဲ့ပြီးသား ဖြစ်နေခြင်းပင်။

ရေကူးခြင်း၊ စက္ကူခေါက်ခြင်းနှင့် ဓားကိုင်ခြင်းကဲ့သို့သော အဆင့်မြင့်စွမ်းရည်အချို့ကိုလည်း သူ နိုးထစေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မည်သို့သော ကျွမ်းကျင်မှုမျိုးမှ စွမ်းရည်သစ်များ ထပ်မံထွက်ပေါ်လာဦးမည်ကို သူ အတိအကျ မပြောနိုင်သကဲ့သို့ ပိုမို၍ စမ်းသပ်ကြည့်ရန်သာ ရှိသည်။

မအောင်မြင်လည်း ကိစ္စမရှိဘူးဆိုသည့် ပေါ့ပါးသော စိတ်ထားနှင့်အတူ ရွှီရန်သည် ကွင်းပြင်ကျယ်တစ်ခုကို ရှာဖွေလိုက်သည်။ သူသည် ဓားကို ဆွဲထုတ်လိုက်ကာ ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီးနောက် စိတ်အာရုံကို တစ်ချက်စုစည်းလျက် အဆောင်လက်ဖွဲ့ သင်္ကေတများကို စတင်ရေးဆွဲသည်။

ကျောက်တုံး ၄၉ တုံးပေါ်တွင် ထွင်းထုထားသော အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား ၏ သင်္ကေတအားလုံးကို မြေပြင်ပေါ်၌ တစ်သွေမတိမ်း ပုံတူကူးချလိုက်သည်။ ရွှီရန်သည် အဆိုပါ သင်္ကေတများက မည်သည့်အရာကို ဆိုလိုမှန်း မသိရှိသော်လည်း မှော်စွမ်းရည်တစ်ခုခု နိုးထလာနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် တစ်ခုချင်းစီကို ပုံတူကူးယူနေခြင်းသာ။

တကယ်လို့သာ မှော်စွမ်းရည်တစ်ခု နိုးထလာခဲ့မည်ဆိုလျှင် သူသည် လျှို့ဝှက်ဆန်းကြယ် အဆောင်လက်ဖွဲ့များကို ခက်ခဲစွာ အဓိပ္ပာယ်ဖော်နေရသည့် အဆင့်ကို ကျော်ဖြတ်ကာ အဆောင်လက်ဖွဲ့ အတတ်ပညာများကို တိုက်ရိုက်တတ်မြောက်သွားမည်ပင်။ ၎င်းမှာ ဂိမ်းတစ်ခုအတွင်း၌ အထူးစွမ်းရည်သုံးလိုက်သကဲ့သို့ပင် ဖြစ်ရာ မတရားသော နည်းလမ်းဟု ဆိုနိုင်သော်လည်း ရွှီရန်ကို မည်သူက တားဆီးနိုင်မှာလဲ။

“ဟင်... ဒီအတိုင်း ပုံတူကူးရုံနဲ့တောင် မရဘူးလား”

အာရုံစိုက်၍ အကြိမ်တစ်ရာခန့် စမ်းသပ်ပြီးနောက်တွင် ရွှီရန် အံ့အားသင့်သွားရသည်။

“ဘာမှ နိုးထမလာဘူးလား... ဘယ်လိုဖြစ်တာလဲ။ ရိုးရိုးလေး စက္ကူခေါက်တာတောင် စက္ကူရုပ်ဆက်သွယ်ခြင်းလိုမျိုး နတ်ဘုရားအဆင့် စွမ်းရည်ကို နိုးထစေနိုင်ခဲ့တာလေ”

ရွှီရန်မှာ ဘယ်လိုမှ နားမလည်နိုင်တော့ပေ။

သို့သော်လည်း...

သူသည် လက်မလျှော့ဘဲ ဓားကို တင်းတင်းဆုပ်ကာ အလေးအနက် စဉ်းစားနေမိသည်။

နေရောင်ခြည်အောက်တွင် ယဲ့ဖျင်သည် စဉ်းစားနေသော လူငယ်လေးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

လူငယ်လေး၏ တစ်ကိုယ်လုံးတွင် ချွေးများ စိုရွှဲနေသော်လည်း သူသည် ဝင်ရောက် မနှောင့်ယှက်ခဲ့ပေ။

ရွှီရန်: “အရေးကြီးတဲ့ အချက်အချာတစ်ခုခု လိုနေတာ ဖြစ်ရမယ်... အဲဒီ အချက်အချာမပါဘဲနဲ့တော့ သာမန်မျဉ်းကြောင်းတွေက စွမ်းအားရှိလာမှာ မဟုတ်သလို အဆောင်လက်ဖွဲ့တစ်ခုလည်း ဖြစ်မလာနိုင်ဘူး...”

“ဟင်း... အဆောင်လက်ဖွဲ့ရဲ့ စွမ်းရည်ကို အသက်သွင်းဖို့အတွက် ကြားခံနယ်တစ်ခုအနေနဲ့ အထူးစွမ်းအား တစ်မျိုးမျိုး လိုအပ်တာပဲ”

“ဒီစွမ်းအားက သွေးစွမ်းအင်၊ စိတ်ဝိညာဉ်နဲ့ စိတ်ဆန္ဒအားလုံးကို လွှမ်းခြုံထားဖို့ လိုတယ်...”

“နေဦး”

သူသည် တစ်ဦးတည်း ရေရွတ်ရင်း စဉ်းစားနေသည်။

ရွှီရန်သည် ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားတော့သည်...

“မကြာသေးခင်ကမှ ဒီလိုစွမ်းအားမျိုးကို ငါ သင်ယူခဲ့ဖူးတယ် ထင်တယ်”

“ဒီကမ္ဘာပေါ်မှာ ဒီလောက်တောင် တိုက်ဆိုင်မှုတွေ ရှိနိုင်လို့လား”

ရွှီရန်မှာ အံ့အားသင့်သွားမိသည်။ သူကိုယ်တိုင်ပင် မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ သို့သော် အမှန်စင်စစ်အားဖြင့် သူ မကြာသေးမီကမှ သင်ယူခဲ့သော မှော်ဆန်သည့် စွမ်းအားမှာ အဆောင်လက်ဖွဲ့၏ အချက်အချာအဖြစ် အသုံးပြုရန် အကောင်းဆုံး ဖြစ်နေသည်။

အဲဒီစွမ်းအားကတော့ ယုံကြည်ခြင်းမျိုးစေ့ပဲ။

ရွှီရန်သည် ရုတ်တရက် ပြုံးလိုက်မိသည်။ သူ၏ မျက်ဝန်းများမှာ ရှေ့တွင် ပွင့်လင်းနေသော လမ်းမကြီးတစ်ခုကို မြင်လိုက်ရသည့်အလား တောက်ပနေသည်။

“ကောင်းပြီ... ငါ နားလည်သွားပြီ”

ရွှီရန်က နူးညံ့စွာ ပြုံးလိုက်သည်။

ဓားကိုကိုင်ရင်း ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

နောက်ဆုံးတွင် သူ၏အကြည့်တို့သည် သိုင်းသင်္ကေတလေ့ကျင့်ရေးကွင်း၏ အစွန်းရှိ သစ်ပင်ကြီးဆီသို့ ကျရောက်သွားသည်။ သူသည် သစ်ပင်ရိပ်အောက်တွင် ရပ်လိုက်ပြီး ယုံကြည်ခြင်းမျိုးစေ့၏ စွမ်းအားကို ဓားဦးဖျားတွင် စုစည်းလိုက်သည်။ ထို့နောက် ပန်းခြံဘောင်ဘေးရှိ အထူးကျောက်ခင်းမြေပြင်ပေါ်တွင် မျဉ်းကြောင်းတစ်ကြောင်းကို စတင်ရေးဆွဲလိုက်သည်။

ထိုမျဉ်းကြောင်းများက ဘာကိုကိုယ်စားပြုသည် မည်သို့အသုံးချရမည်ကို သူ မသိသေးသော်လည်း ရေးဆွဲခြင်းအပေါ်၌သာ အာရုံအပြည့်အဝ နှစ်မြှုပ်ထားလိုက်သည်။ အရှိဆုံးသော နည်းလမ်းကိုအသုံးပြုကာ ပုံသဏ္ဌာန်၊ လမ်းကြောင်းနှင့် အတိမ်အနက်တို့ကို ကျောက်တုံးကြီးပေါ်ရှိ အဆောင်လက်ဖွဲ့များအတိုင်း စေ့စေ့စပ်စပ် ပုံတူကူးချနေခြင်းပင်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူသည် ယုံကြည်ခြင်းစွမ်းအားကို ထည့်သွင်းထားခြင်းပင်။

“ခုထိ မရသေးဘူးလား ဘယ်လိုဖြစ်လို့လဲ”

ရွှီရန် မှင်သက်သွားသည်။

“ငါ့ရဲ့ အာရုံခံစားမှုအရတော့ ဒီသီအိုရီက လုံးဝမှန်ကန်နေတာပဲ။ ဘာလို့ မှော်စွမ်းရည်က နိုးထမလာရတာလဲ”

သူ ဇဝေဇဝါ ဖြစ်နေရသည်။

“ဒါမှမဟုတ် အဆောင်လက်ဖွဲ့စနစ်က ယုံကြည်ခြင်းမျိုးစေ့လိုပဲ မှော်စွမ်းရည် နိုးထတာမျိုး မရှိဘဲ ကိုယ့်ဘာသာကိုယ်ပဲ သင်ယူရမှာလား”

ရွှီရန် မျက်မှောင်ကြုတ်ကာ အသည်းအသန် စဉ်းစားနေစဉ် ရုတ်တရက် အခြားနည်းလမ်းတစ်ခုကို တွေးမိသွားသည်။ အလင်းလိပ်ခွံပေါ်ရှိ မျဉ်းကြောင်းများမှာ သူ၏အာရုံထဲတွင် ပေါ်လာသည်။

ဟုတ်ပြီ... အဲဒီအလင်းလိပ်ခွံပေါ်က မျဉ်းကြောင်းတွေကို စမ်းကြည့်ရမယ်။

ရွှေရောင်ဝင်းပနေသော ယုံကြည်ခြင်းမျိုးစေ့စွမ်းအားသည် ဓားဦးဖျားမှတစ်ဆင့် မြေပြင်ပေါ်ရှိ မျဉ်းကြောင်းများထဲသို့ စီးဝင်သွားသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ရွှီရန်သည် ရွှေရောင်တဖျတ်ဖျတ် တောက်ပနေသော လျှို့ဝှက်ဆန်းကြယ်သည့် စာလုံးတစ်လုံးကို အဆုံးသတ် ရေးဆွဲပြီးသွားချိန်တွင်...

ကြာမြင့်စွာ ဝေးကွာနေခဲ့သော ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ်ကောင်းသော အသိပေးသံက သူ၏စိတ်ထဲတွင် မြည်ဟည်းသွားတော့သည်။ ထိုအသံကြောင့် ရွှီရန်၏မျက်နှာမှာ ချက်ချင်း ဝင်းပသွားပြီး စိတ်ထဲတွင်လည်း ပေါ့ပါးသွားရသည်။

[ဂုဏ်ယူသည်။ သင်သည် အဆောင်လက်ဖွဲ့အတတ်ကို သင်ယူရန် ကြိုးပမ်းခဲ့သည်။ ရေးဆွဲမှုဖြစ်စဉ်အတွင်း ယုံကြည်ခြင်းမျိုးစေ့၏ စွမ်းအားကို ပါးနပ်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး လျှို့ဝှက်

ဆန်းကြယ်သော အဆောင်လက်ဖွဲ့တစ်ခုကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့သည်။ သင်သည် မှော်

စွမ်းရည်ယုံကြည်ခြင်းအဆောင်လက်ဖွဲ့ကို နိုးထစေခဲ့ပြီဖြစ်သည်]

(တိုးတက်မှု အအဆင့် ယုံကြည်ခြင်းအဆောင်လက်ဖွဲ့ မြေကမ္ဘာစိတ်ဆန္ဒအဆောင်လက်ဖွဲ့ ကောင်းကင်ဘုံစိတ်ဆန္ဒအဆောင်လက်ဖွဲ့ အမည်မသိ...)

[ယုံကြည်ခြင်းအဆောင်လက်ဖွဲ့: မိမိ၏ ယုံကြည်ခြင်းကို အဓိကအချက်အချာအဖြစ် အသုံးပြုကာ အဆောင်လက်ဖွဲ့ကို တည်ဆောက်ပြီး ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်စေကာ ကြီးမားသောစွမ်းအားကို ရရှိစေသည်။ အထွတ်အထိပ်သို့ ရောက်ရှိပါက အရှိန်မြှင့်

အဆောင်လက်ဖွဲ့၊ နုပျိုခြင်းအဆောင်လက်ဖွဲ့၊ ကုသခြင်းအဆောင်လက်ဖွဲ့၊ ဝဇီရအဆောင်

လက်ဖွဲ့စသည်ဖြင့် ပြည့်စုံသော အဆောင်လက်ဖွဲ့များကို ဖန်တီးနိုင်မည်ဖြစ်သည်]

(သင်၏အဆောင်လက်ဖွဲ့သည် ထူးခြားပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါ။ သွေးစွမ်းအင်ကို အသုံးပြုကာ တစ်ခုပေါ်တစ်ခု ထပ်ဆင့်အသုံးပြုနိုင်ပြီး အခြေခံအဆောင်လက်ဖွဲ့ကို ၂ ကြိမ်၊ အလယ်အလတ်ကို ၅ ကြိမ်၊ အဆင့်မြင့်ကို ၁၀ ကြိမ်အထိ ထပ်ဆင့်စွမ်းအားမြှင့်တင်နိုင်ပါသည်)

[မြေကမ္ဘာစိတ်ဆန္ဒအဆောင်လက်ဖွဲ့: တောင်တန်းများ၏ ယင်နှင့်ယန်၊ မြစ်ချောင်းများ၏ နဂါးစွမ်းအင်တို့ကို စုစည်းကာ အရာခပ်သိမ်းကို ပြောင်းလဲမွေးဖွားပေးသည်။ တောင်၊ ပင်လယ်နှင့် ကန်များ၏ နိယာမများကို အသုံးပြုကာ မြေကမ္ဘာကို အချက်အချာထားပြီး ပိုမိုအားကောင်းသော ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်စေကာ ပိုမိုမြင့်မားသောအဆင့်ရှိ တောင်တန်းပိတ်ဆို့အဆောင်လက်ဖွဲ့၊ နတ်မင်းဓားခင်းအဆောင်လက်ဖွဲ့၊ နတ်ဘုရားဆင်းသက်ခြင်းအဆောင်လက်ဖွဲ့စသည်တို့ကို ရေးထိုးနိုင်မည်ဖြစ်သည်]

All Chapters