← Chapters

အခန်း (၂၇၀)

Vol. 27 Ch. 270

အခန်း (၂၇၀)

Vol. 27 Ch. 270

လူတိုင်းနှင့် စကားစမြည်ပြောဆိုပြီး လူအများ၏ စိုးရိမ်စိတ်များကို ငြိမ်သက်အောင် ပြုလုပ်ပေးပြီးနောက် ရွှီရန်သည် သူ၏ ညစဉ်ပြုလုပ်မြဲဖြစ်သော မိမိကိုယ်ကိုယ် စည်းကမ်းတည်းဖြတ်သည့် ကျင့်ကြံခြင်းအချိန်ကို စတင်လိုက်သည်။

ညဦးယံ လုပ်ကြံသတ်ဖြတ်သူ တိုးတက်မှုနှုန်း +၁၀၀...

နတ်ဘုရားလက်နက် ပစ်လွှတ်ခြင်း တိုးတက်မှုနှုန်း +၁၀၀...

တစ်နာရီအကြာတွင် ကျင့်ကြံမှု ပြီးဆုံးသွားခဲ့သည်။

လူငယ်လေးသည် ရေချိုးသန့်စင်ပြီးနောက် သူ၏အခန်းရှိ ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ အဆောင်များ စတင်ရေးထွင်းတော့သည်။

သုံးနာရီတိုင်တိုင် အာရုံစိုက်ကာ ရေးထွင်းပြီးနောက်တွင်မူ အရောင်တလက်လက် တောက်ပနေသော အသေးစား သန့်စင်ခြင်း ရတနာအဆောင် ၁၃၅ ခုမှာ ရွှီရန်၏လက်ထဲတွင် သပ်ရပ်စွာ စီရီလျက် ရှိနေတော့သည်။ အဆောင်များ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသံမှာ ရတနာစက္ကူများကဲ့သို့ ကျယ်လောင်ပြတ်သားလှသဖြင့် စိတ်ချမ်းမြေ့စရာပင်။

ယုံကြည်ခြင်း အဆောင် တိုးတက်မှုနှုန်း +၁၀၀...

ယနေ့အတွက် တိုးတက်မှုနှုန်းများ စာရင်းဝင်သွားပြီ ဖြစ်သည်။

“ချက်ချင်းလက်ငင်း ရေးထွင်းနိုင်စွမ်းကို ရရှိဖို့အတွက် အဆောင်အရေအတွက် ၃,၀၀၀ ပြည့်ဖို့ လိုတယ်။ အဲဒီအချိန်ကျရင် အခု တစ်မိနစ်နဲ့ စက္ကန့်နှစ်ဆယ်လောက် ကြာအောင် ရေးထွင်းနေရတဲ့ အသေးစား သန့်စင်ခြင်း ရတနာအဆောင်ကို မျက်စိတစ်မှိတ်အတွင်းမှာတင် အပြီးသတ်နိုင်လိမ့်မယ်။ တစ်မိနစ်နဲ့ စက္ကန့်နှစ်ဆယ်အတွင်းမှာတင် အဆောင် ၁၂၀ လောက်အထိ ငါ ရေးထွင်းနိုင်သွားမှာ”

သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ရွှီရန်၏ စိတ်ကူးထဲတွင်မူ အဆောင်များကို တစ်ခဏချင်းအတွင်း အပြီးသတ် ရေးထွင်းလိုက်သည့် အလွန်ခန့်ညားသော မြင်ကွင်းတစ်ခု ပေါ်လာ၏။

တကယ်လို့သာ အခုသုံးနေတဲ့ အသေးစား သန့်စင်ခြင်း ရတနာအဆောင်ရဲ့ အစွမ်းက သိပ်မသိသာဘူးလို့ ထင်ရင် အဲဒီအစား မီးလျှံတွေ၊ ရေခဲတွေ၊ ဒါမှမဟုတ် မိုးကြိုးအဆောင်တွေနဲ့သာ လဲလိုက်မယ်ဆိုရင်ကော…

မဟုတ်သေးဘူး... ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ ကောင်းကင်ဘုရင် ဓားခင်းကျင်းချက် ဒါမှမဟုတ် ကောင်းကင်နတ်ဘုရား ဆင်းသက်ခြင်းအဆောင်တွေနဲ့သာ အစားထိုးလိုကမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။

တစ်ခဏချင်းမှာတင် တောက်ပနေတဲ့ ရွှေရောင်နတ်ဘုရားဓားပေါင်း သောင်းနဲ့ချီပြီး မြစ်တစစင်းလို စီးဆင်းသွားကာ ရန်သူကို အပြတ်အသတ် ချေမှုန်းမယ့် မြင်ကွင်း...

ဟင်း... အဲဒီတိုက်ကွက်က ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းပြီး အံ့ဩဖို့ ကောင်းလိုက်မလဲ။

ရွှီရန်သည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။

“မနက်ဖြန်နဲ့ သဘက်ခါဆိုရင် အချိန်ပိုရဦးမှာပဲ။ နည်းနည်းလောက်တော့ အားထုတ်ရမယ် တစ်နေ့ကို ၁၀ နာရီလောက် အချိန်ပေးပြီး ရေးထွင်းမယ်ဆိုရင် အသေးစား သန့်စင်ခြင်း ရတနာအဆောင်၉၀၀ လောက် ရနိုင်မှာပဲ။ မနေ့ကနဲ့ ဒီနေ့ ရေးထားတာတွေနဲ့ ပေါင်းလိုက်ရင် အားလုံး ၁,၂၀၀ ကျော်သွားပြီ”

“ဘေးကင်းဇုန်ထဲကို နောက်ထပ် အဆောင် ၁,၀၀၀ လောက် ထပ်ဖြည့်ပေးလိုက်မယ်ဆိုရင် သန့်စင်ခြင်း လုပ်ငန်းစဉ်က နှစ်ဆလောက် ပိုမြန်သွားမှာ သေချာတယ်”

အကယ်၍ အသေးစား သန့်စင်ခြင်း ရတနာအဆောင်၁,၀၀၀ ကိုသာ ပေးပို့လိုက်မည်ဆိုပါက အုပ်ချုပ်ရေးမှူး လင်ရှိုးတစ်ယောက် စိတ်လှုပ်ရှားသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ဘေးကင်းဇုန်အတွင်းရှိ ဆူပူသောင်းကျန်းမှုများကိုလည်း တဖြည်းဖြည်း နှိမ်နင်းသွားနိုင်ပေလိမ့်မည်။

နောက်ဆက်တွဲ ကိစ္စတွေအတွက်က ဘာကို စိုးရိမ်နေရဦးမှာလဲ။

နောက်ထပ် ဆယ်ရက်ကျော်ရုံမျှဖြင့် ရွှီရန်၏ အဆောင် ရေးထွင်းနိုင်စွမ်းမှာ ချက်ချင်းလက်ငင်း ရေးထွင်းနိုင်သည့်အဆင့်သို့ ထိုးတက်သွားတော့မည်ပင်။

ထိုအချိန်ကျရောက်ပါက အသေးစား သန့်စင်ခြင်း ရတနာအဆောင်များမှာ အလုံးအရင်းဖြင့် ထုတ်လုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။

ထိုအခါ သေးငယ်သော ဆူပူအုံကြွမှုများမှာ အလွယ်တကူပင် နှိမ်နင်းသွားနိုင်မည် ဖြစ်သည်။

မှန်ပါသည်။

ဤအတောအတွင်းမှာပင် ရွှီရန်သည် အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရား၏ ယဇ်ပူဇော်ခြင်း ခင်းကျင်းချက်ကိုလည်း လေ့လာရန် စီစဉ်ထားရာ ၎င်း၏ အစိတ်အပိုင်းအချို့ကို စတင်နားလည်နေပြီဖြစ်သည်။

သူသည် အခြေခံသဘောတရားများကို စတင်သဘောပေါက်လာပြီ ဖြစ်သည်။

၎င်းမှာ ခင်းကျင်းချက်၏ လုပ်ဆောင်ပုံဆိုင်ရာ စည်းမျဉ်းအခြေခံများကို သင်ယူနေရသကဲ့သို့ပင်။

ထိုယဇ်ပူဇော်ခြင်း ခင်းကျင်းချက်မှာ အနည်းငယ် ရှုပ်ထွေးသည်ဟု ဆိုနိုင်သော်လည်း ၎င်းမှာ အလယ်တန်းအဆင့် သင်္ချာမှ အဆင့်မြင့်သင်္ချာသို့ ကူးပြောင်းလေ့လာရသကဲ့သို့ပင်။

ယင်းကို ပြောင်းပြန်အင်ဂျင်နီယာစနစ်ဖြင့် ပြန်လည်ဖော်ထုတ်နိုင်သည်။

ထိုအချိန်ကျလျှင်မူ...

ဟဲဟဲ…

ရွှီရန်သည်လည်း ခင်းကျင်းချက်ပညာရပ်ဖြင့် ကစားနိုင်တော့မည် ဖြစ်သည်။

“နောက်ရက်အနည်းငယ်အတွင်းမှာ သွားမယ့် ရတနာတိုက်ခရီးစဉ်ကနေ ခင်းကျင်းချက်တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတအချို့ ရမယ်ဆိုရင် ကောင်းမှာပဲ”

“ဒါနဲ့... ဘေးကင်းဇုန်ရဲ့ ရတနာတိုက်က ဘာလို့ ငါ့အိမ်လိုမျိုး ခံစားနေရတာပါလိမ့်”

ရွှီရန်က ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်မိသည်။

“ငါ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပါရမီတွေအရဆိုရင်တော့ ဘေးကင်းဇုန်ရဲ့ ရတနာတိုက်ကို ကိုယ့်အိမ်လို သဘောထားတာက လုံးဝကို ပြဿနာမရှိပါဘူး”

လုပ်စရာရှိသည်များကို အကုန်အစင် လုပ်ဆောင်ပြီးနောက် အိပ်စက်ကာ အနားယူလိုက်တော့သည်။

...

နောက်တစ်နေ့တွင် စောစောထကာ နံနက်ခင်း နေရောင်ခြည်အောက်တွင် သူသည် ထိုဒေသရှိ ကလေးငယ်များနှင့်အတူ လေ့ကျင့်ခန်း လုပ်ဆောင်သည်။

တိုးတက်မှုနှုန်း +၁၀၀...

တိုးတက်မှုနှုန်း +၁၀၀...

တိုးတက်မှုနှုန်း +၁၀၀...

လန်းဆန်းလိုက်တာ။

နေ့စဉ်နှင့်အမျှ သူ၏ စွမ်းအားများ တိုးတက်လာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရခြင်းပင်။

ဤသို့ တစိမ့်စိမ့် တိုးတက်လာမှုအပေါ် ရရှိသည့် ကျေနပ်မှုမှာ ရတနာများ ရုတ်တရက် ရရှိလိုက်သည့်အခါ ခံစားရသော ပြင်းထန်သည့် စိတ်လှုပ်ရှားမှုမျိုးနှင့်မူ မတူပေ။ ရတနာများ ရရှိခြင်းက ပို၍ ရင်ခုန်စရာ ကောင်းသလို တစ်စက်ချင်း စုဆောင်းရသော တိုးတက်မှုမှာမူ ကျောက်သားကို ရေစက်ကလေးများ ဖောက်သကဲ့သို့ မဆုတ်မနစ်သည့် ဇွဲလုံ့လဖြင့် မနက်ဖြန်ကို မျှော်လင့်စောင့်စားစေသည်။

ရွှီရန်သည် မျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေးဖြင့် သဘောကျနေမိစဉ်မှာပင် ကျောင်းအုပ်ကြီးက ဖုန်းဆက်လာခဲ့သည်။

"ရှောင်ရန်... ငါ့ရုံးခန်းကို ခဏလာခဲ့ဦး။ တခြား ကျောင်းအုပ်ကြီးတွေနဲ့ ငါတို့တိုင်ပင်ပြီး ပါရမီရှင်အချို့အတွက် နေရာတွေ ရွေးထားပြီးပြီ"

"မင်းရဲ့ သင်ခန်းစာကတော့ သူတို့ကို ကိုယ်ဖျောက်အတတ်နဲ့ တခြား ကိုယ်ခံပညာရပ်တွေကို သင်ပေးဖို့ပဲ။ အဆင်ပြေရဲ့လား"

ရွှီရန်က ခေါင်းညိတ်လိုက်ပြီး "ပြေတာပေါ့ ကျွန်တော် လာကြည့်လိုက်ပါ့မယ်" ဟု ပြန်လည်ဖြေကြားကာ အပြင်ဘက်သို့ ခြေလှမ်းလိုက်သည်။

ကျားမလေးက စပ်စုလိုစိတ်ဖြင့် မေးလာသည်။

"အစ်ကိုရန်... ဘယ်သွားမလို့လဲ၊ ခဏနေရင် ကျွန်မကို တိုက်ခိုက်ရေးစွမ်းရည်တွေ သင်ပေးရဦးမှာ မဟုတ်ဘူးလား"

ရွှီရန်က လှည့်ကြည့်၍ လက်ယမ်းပြလိုက်ကာ "ကျောင်းအုပ်ကြီးဆီကို ငါနဲ့အတူ လိုက်ခဲ့မလား" ဟု မေးလိုက်သည်။

ကျားမလေးက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း "ဘာသွားလုပ်မှာလဲ စားစရာ ကောင်းကောင်းတွေ ရှိလို့လား"

ရွှီရန်က ကျားမလေးကို ဘေးစောင်းကြည့်လိုက်ပြီး... အမြဲတမ်း အစားအသောက်ပဲ တွေးမနေပါနဲ့ဦး ဟု စိတ်ထဲမှ ပြောလိုက်သည်။

"တခြား ပါရမီရှင်တွေကို ကိုယ်ဖျောက်အတတ်နဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေ သင်ပေးဖို့ အတန်းတစ်ခု စဖွင့်ရတော့မယ်"

ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာ ဝင်းခနဲ ဖြစ်သွားသည်။

"ဆရာကြီးအနေနဲ့လား"

ရွှီရန်က “အဲဒီသဘောမျိုးပါပဲ”

ကျားမလေးက အလေးအနက် ခေါင်းညိတ်ပြလျက် “အင်း... အစ်ကိုရန်ရဲ့ သင်ကြားရေးပါရမီ၊ တိုက်ခိုက်ရေးစွမ်းရည်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေအရဆိုရင်တော့ ဒီလို စူပါပါရမီရှင်တွေကို သင်ပေးဖို့က အေးဆေးပါပဲ”

ရွှီရန်မှာ မပြုံးဘဲ မနေနိုင်တော့ချေ။ ကျားမလေး၏ မြှောက်ပင့်စကားပြောဆိုသည့် အစွမ်းမှာ တဖြည်းဖြည်းနှင့် ပို၍ တိုးတက်လာပြီ ဖြစ်သည်။ သို့သော် သူကိုယ်တိုင်လည်း ထိုစကားများကို သဘောကျမိသည်မှာ အမှန်ပင်။

ကျားမလေးက လက်ယမ်းပြလိုက်ရင်း “မမယွီဟန်... အစ်ကိုရန်နောက်ကို လိုက်ပြီး ပျော်ပျော်ပါးပါး သွားကြရအောင်လေ”

ကျူးယွီဟန်ကလည်း ပြန်လည်ထူးလိုက်ကာ ပါးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ အလှလေးနှစ်ဦးမှာ ရွှီရန်၏ နောက်ကွယ်မှနေ၍ တစ်ဦးက တိတ်ဆိတ်လျက် တစ်ဦးကမူ ဆူညံဆူညံနှင့် ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ တက်ကြွစွာ လိုက်ပါလာခဲ့ကြသည်။

လမ်းခုလတ်တွင်မူ သူတို့သုံးဦးသည် ဒဏ်ရာရရှိထားသော လူအချို့နှင့် ဆုံမိကြရာ မှန်ရိပ်တူ မိတ္တူပိုင်ရှင် ချင်ယီဟောက်၊ ကမ္ဘာငယ်လေး ပိုင်ရှင် ချီမုံ့လီ၊ နတ်ဘုရား နဂါးတံဆိပ် နင်ရွှမ်း၊ သေခြင်းရှင်ခြင်းကို ကြောက်ရွံ့သူ ဟူတဲ နှင့် လက်ရှစ်ဖက် အခြေတည်ဝိညာဉ် ပိုင်ဖုန်းတို့ပင်။

လွန်ခဲ့သော နှစ်ရက်ခန့်က သူတို့သည် ရှိသမျှအင်အားကို အသုံးပြုကာ ဝိညာဉ်ရေးရာ တိုက်ခိုက်မှုများ၊ လှည့်စားမှု နည်းပညာများနှင့် မှန်ရိပ်တူပွားခြင်းများကို အသုံးပြု၍ နောက်ဆုံး၌ မီးခိုးရောင် ရွှီရန်အတုတစ်ဦးကို ဖန်တီးနိုင်ခဲ့ကြသည်။ ထိုမီးခိုးရောင် ရွှီရန်အတုကြောင့် ရွှီရန်မှာ အကျိုးကျေးဇူးများစွာ ရရှိခဲ့ခြင်းပင်။

သို့သော် သူတို့ပေးဆပ်လိုက်ရသည့် တန်ဖိုးမှာမူ ငါးဦးစလုံး အိပ်ရာထဲလဲ၍ နေ့စဉ် ဆေးကုသမှု ခံယူခဲ့ရခြင်းပင်။ အကောင်းဆုံး ကုသမှုများ ရရှိခဲ့သည့်တိုင်အောင် အိပ်ရာထဲတွင် နှစ်ရက်

တိတိ လှဲနေခဲ့ရပြီး ယခုမှ ပြန်လည်လမ်းလျှောက်နိုင်ကြခြင်းပင်။ သို့သော် သူတို့အားလုံးမှာ ရောဂါသည်များ ကျန်းမာစပြုလာသကဲ့သို့ မျက်နှာများ ဖြူဖျော့နေကြဆဲပင်။ အချိန်အခါမဟုတ်သည့် မာနနှင့် သိက္ခာကို ထိန်းသိမ်းလိုစိတ်မှာ အရင်းအနှီး များတတ်သည်ကို သူတို့ ကောင်းစွာ သဘောပေါက်သွားပုံပင်။

ကျားမလေးကမူ ပျော်ပျော်ပါးပါးပင် နှုတ်ဆက်လိုက်သည်။

“ဟိုင်း... ဟိုင်း... ဟိုင်း”

ဒဏ်ရာရနေသည့် အဖွဲ့မှာမူ “...”

ဒါက ဘယ်လိုမျိုးထူးဆန်းတဲ့ နှုတ်ဆက်နည်းလဲ။

ထူးဆန်းသော်လည်း တစ်မျိုးလေး စည်းချက်ကျနေသကဲ့သို့ ရှိသည်။ သူတို့ပင် လိုက်လံနှုတ်ဆက်ကြည့်လိုစိတ် ပေါက်သွားရသည်။ သို့သော် မိန်းကလေးတစ်ဦးက ဤသို့ပြုလုပ်သည်ကို မြင်သောအခါ တစ်မျိုးကြီး ဖြစ်နေမည်စိုး၍ ယဉ်ယဉ်ကျေးကျေးပင် ပြန်လည်ပြုံးပြလိုက်ကြသည်။

“မင်္ဂလာပါ အားလုံးပဲ”

စကားပြောရင်းနှင့် သူတို့သည် ရွှီရန်ကို အနည်းငယ် ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေမိကြသည်။

လွန်ခဲ့သော နှစ်ရက်က သူတို့ထက် နှစ်နှစ်နီးပါး ငယ်ရွယ်သည့် ဤအတန်းဖော်မှာ သူတို့ နာရီဝက်ခန့် တိုင်ပင်၍ ထုတ်ဖော်ခဲ့သော အပြင်းထန်ဆုံး ပေါင်းစပ်တိုက်ကွက်ကိုပင် အနှိုင်းမဲ့ အောင်နိုင်သူတစ်ဦး၏ အနေအထားဖြင့် အပြတ်အသတ် အနိုင်ယူသွားခဲ့သည်။

All Chapters