← Chapters

အခန်း (၂၅၆)

Vol. 26 Ch. 256

အခန်း (၂၅၆)

Vol. 26 Ch. 256

ညစ်ညမ်းမှုရဲ့ အရင်းအမြစ်နားကို ကပ်ချင်တာလား။ အိမ်မက်တောင် မမက်နဲ့ဦး။

ရွှီရန်က ရေအောက်ကြမ်းပြင်မှာ ငြိမ်သက်စွာ ဝဲပျံနေရင်း အခြေအနေကို အကဲခတ်လိုက်သည်။

“ဦးလေးဟဲနဲ့ ဦးလေးယွမ်တို့ ဒဏ်ရာရတာ မဆန်းပါဘူး။ ဒီကောင်တွေက ဘေးကနေ နှောင့်ယှက်နေတဲ့အပြင် ယွဲ့နယ်ပယ် အဆင့်ရှိတဲ့ မိစ္ဆာကလည်း ပုန်းအောင်းပြီး တိုက်ခိုက်နေတာဆိုတော့ ရေအောက်မှာ ကိုယ့်စွမ်းအားကို အပြည့်မထုတ်နိုင်တဲ့ အခြေအနေမျိုးမှာ အပြင်းအထန် အနှက်ခံရဖို့က သိပ်လွယ်တာပဲ”

“ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီ”

“အခု အရိပ်ထဲမှာ ပုန်းအောင်းနေမှာက ငါကွ”

ရွှီရန်၏ ခန္ဓာကိုယ်မှာ ရေလှိုင်းများကြား ဝေဝါးသွားပြီး ရေအောက်ကြမ်းပြင်မှာတင် ကိုယ်ပျောက်သွားတော့သည်။ ခေတ္တမျှ အသားကျအောင် လုပ်လိုက်ပြီးနောက် သူ၏တည်ရှိမှုမှာ ဘာမှမရှိသကဲ့သို့ ဖြစ်သွားပြီး ရေလှိုင်းများမှာ သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ဖောက်ထွင်း ဖြတ်သန်းသွားကြသည်။ အကယ်၍ အစွမ်းထက်သော ပညာရှင်တစ်ဦးက တစ်စုံတစ်ယောက် အနီးအနားမှာ ရှိနေသည်ကို ခံစားမိ၍ လက်မတင်မက လိုက်လံရှာဖွေလျှင်ပင် မြက်ပင်ပုံထဲမှာ အပ်ရှာရသလို ဖြစ်နေပေလိမ့်မည်။

ရွှီရန်၏ ကိုယ်ပျောက်အတတ်တစ်ခုတည်းနှင့်တင် ယွဲ့နယ်ပယ် အဆင့်ရှိ ပညာရှင်တစ်ဦးကို ဇဝေဇဝါဖြစ်အောင် လုပ်ရန် လုံလောက်သည်။

၎င်းအပြင် ရွှီရန်တွင် လှည့်ဖြားခြင်း နတ်ဘုရားအတတ်ပါ ရှိနေသေးရာ သူ၏ နှလုံးခုန်သံ၊ သွေးလေစီးဆင်းမှုနှင့် အသက်ရှူသံများမှာလည်း တခဏချင်းအတွင်း ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သူသည် သစ်သားမိစ္ဆာများကို စူးစမ်းကြည့်ရှုကာ ဖိနှိပ်ခြင်း အသွင်တူနည်းစနစ်ကို အသုံးပြု၍ သူ့အား တစ်ဖက်လူ သိရှိသွားနိုင်မည့် အခွင့်အရေးမှန်သမျှကို အမြစ်ဖြတ်ပစ်လိုက်သည်။

ယခုအခါ သူ၏ အငွေ့အသက်မှာ သစ်သားမိစ္ဆာတစ်ကောင်နှင့် လုံးဝတူညီသွားသည်။

ပို၍စိတ်ချရအောင် ရွှီရန်သည် ကိုယ်ပျောက် အဆောင်ငယ် နှစ်ခုကို ထုတ်ယူကာ သူ၏ခန္ဓာကိုယ်တွင် ထပ်မံကပ်လိုက်သေးသည်။

ဤအခိုက်အတန့်တွင် အရိပ်ထဲက ပုန်းအောင်းတိုက်ခိုက်သူထက် ပို၍ပါးနပ်သော လုပ်ကြံသူ တစ်ဦး ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

မင်းက အမှောင်ထဲမှာ တိတ်တဆိတ် ပုန်းအောင်းနေတာလား။

ဟက်...

ဘယ်သူက ပိုပြီး ပုန်းနိုင်မလဲဆိုတာ ယှဉ်ကြည့်ကြတာပေါ့။

ရွှီရန် ပြုံးလိုက်မိသည်။

စက္ကူရုပ်တပ်မတော်မှာ ရေအောက်ရောက်သည်နှင့် ငါးမန်းအုပ်ကြီးများအဖြစ် အသွင်ပြောင်းကာ ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

ဆယ်မိနစ်ခန့်အကြာတွင် မြစ်အောက်ခြေတစ်ခုလုံး သွေးချင်းချင်းနီကာ လှိုင်းလုံးများကို ပိုမိုနီရဲစေခဲ့သည်။ သို့သော်လည်း ယွဲ့နယ်ပယ်အဆင့်ရှိ မိစ္ဆာကြီးမှာမူ လှုပ်ရှားမှုမရှိသေးဘဲ အကောင်းဆုံးအခွင့်အရေးကိုသာ စောင့်ဆိုင်းနေပုံပင်။

“အတော်လေး စိတ်ရှည်တာပဲ။ မိစ္ဆာတစ်သောင်းကျော် သေသွားတာတောင် သူက မလှုပ်သေးဘူးလား”

“သူ့ရဲ့တာဝန်က ဟိုထူးဆန်းတဲ့ အလင်းတန်းထဲက အရာကို ကာကွယ်ဖို့ပဲ ဖြစ်ရမယ်”

“ဒါဆို အဲဒီနေရာကနေပဲ ဒီမိစ္ဆာတွေ အဆက်မပြတ် ထွက်ပေါ်လာနေတာပေါ့လေ”

ရွှီရန် အခြေအနေကို သဘောပေါက်သွားသည်။ သူသည် စက္ကူရုပ်တပ်မတော်ကို ရှေ့တိုးခိုင်းပြီး ပတ်ဝန်းကျင်ရှိ သစ်သားရုပ်တုမိစ္ဆာများကို ရှင်းလင်းခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်မှာမူ မနီးမဝေးတွင် ဝဲပျံနေရင်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

အရာအားလုံးမှာ သာမန်အတိုင်းပင် ဖြစ်သော်လည်း ထူးဆန်းသောအလင်းတန်းလေးတစ်ခုမှာ အလွန်အားနည်းစွာဖြင့် လက်ခနဲ လက်ခနဲ ဖြစ်နေသည်။ အကယ်၍ ကောင်းကင်ဘုံမျက်လုံးရတနာသာ မရှိပါက ဤနီရဲရဲ အလင်းတန်းကို မြင်တွေ့နိုင်ရန် မလွယ်ကူလှပေ။

“တစ်နေရာရာမှာ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားဖို့ သီးခြားဟင်းလင်းပြင်တစ်ခုခုကို သုံးထားတာ ဖြစ်နိုင်တယ်”

“ကွက်တိပဲ... အခုလေးတင် ရထားတဲ့ ပါရမီအရိုးအဆစ်ကို စမ်းသပ်ကြည့်ဖို့ အခွင့်ကောင်းပဲ”

မစမ်းသပ်ရဘဲ နေရသည်မှာ သူ့အတွက် လက်ယားသလို ရင်ထဲမှာလည်း တလှပ်လှပ် ဖြစ်

နေသည်။

ဒီလောက်အထိ အစွမ်းထက်တဲ့ ဖျက်ဆီးရေး လက်နက်ကြီးကို ပိုင်ဆိုင်ထားမှတော့... အနည်းဆုံးတော့ ဗုံးကြဲသလိုမျိုးတစ်ချက်လောက် စမ်းကြည့်ရမှာပေါ့။ ဒါက ဘယ်လောက်အထိ ပြင်းထန်မလဲဆိုတာကို….

“ဖျက်ဆီးခြင်း ကပ်ဘေးအလင်း”

ရွှီရန်သည် သူ၏အကြည့်ကို ထိုအလင်းတန်း၏ ဗဟိုချက်ဆီသို့ စိုက်ချလိုက်သည်။

စိတ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့်ပင် ဖျက်ဆီးလိုစိတ်နှင့် ရှေးဦးမူလ သွေးစွမ်းအင်တို့ ပြည့်နှက်နေသည့် ဖျက်ဆီးခြင်း ကပ်ဘေးအလင်းက ဝုန်းခနဲ ပွင့်ထွက်သွားတော့သည်။

အချင်း တစ်မီတာခန့်ရှိသော ထူထဲသည့် အလင်းတန်းကြီးသည် နဂါးတစ်ကောင်အလား ရှေ့သို့ ဟုန်ခနဲ ပြေးဝင်သွားသည်။

ထိုအလင်းတန်းကြီးအတွင်း၌ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းများမှာ တရိပ်ရိပ် ပေါ်ထွက်နေသည်။ အရာခပ်သိမ်းသည် ညှိုးနွမ်းပျက်စီးကုန်ကြကာ မိုးကြိုးလျှပ်စီးများ၊ တောင်တန်းများ၊ အိုင်များ၊ မြစ်ချောင်းများနှင့် ကုဋေကုဋာမကသော ကြယ်တာရာများအားလုံးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမှုန်အမွှားလေးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ကြယ်တစ်လုံးစီသည် အချည်းနှီးဖြစ်သွားကာ စကြာဝဠာတစ်ခုစီက နတ္ထိဖြစ်သွားပြီး ယင်နှင့်

ယန်တို့၏ သံယဇာတဖြစ်မှုများသည်လည်း ဘာမှမဟုတ်သော အရာများအဖြစ်သို့ ကူးပြောင်းသွားကြတော့သည်။

တစ်ချက်မျှ ကြည့်လိုက်ရုံနှင့်တင် အဆုံးမဲ့ စိတ်ပျက်အားငယ်မှုကို ပေးစွမ်းနိုင်သော စွမ်းအားပင်။

၎င်းမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသည်။ ထို့ထက် ပို၍ ကြောက်စရာကောင်းသည်မှာ ကပ်ဘေးအလင်း၏ ပစ်မှတ်ကို ထိမှန်သည့် အရှိန်ပင်။ ရွှီရန် စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် ပစ်မှတ်မှာ ထိမှန်ပြီးသား ဖြစ်နေသည်။

ရွှီရန်၏ စိတ်အာရုံက စေခိုင်းလိုက်၍ ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ဘဲ ရွှီရန် စိတ်မကူးခင်ကတည်းကပင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကြိုတင်ပစ်ခတ်လိုက်သကဲ့သို့ပင်။

ရလဒ်အနေဖြင့် ရန်သူသည် မည်သို့မျှ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ချေ။

ဤပါရမီအရိုးအဆစ်၏ ပိုင်ရှင်ကိုယ်တိုင်ဖြစ်သော်လည်း ရွှီရန်မှာ ထိတ်လန့်သွားရသည်။ သူကိုယ်တိုင်ပင် ထိုစွမ်းအားကြောင့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

“ဘုန်း”

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မြစ်အောက်ခြေတွင် ပုန်းကွယ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ဟင်းလင်းပြင်မှာ ဟက်တက်ကွဲထွက်သွားပြီး အတွင်းဘက်ရှိ မှောင်မည်းနေသော ဧရိယာကြီးမှာ ပေါ်ထွက်လာတော့သည်။

ပေါက်ပြဲသွားသော နေရာနှစ်ခုမှတစ်ဆင့် မြစ်ရေများမှာ ဝေါခနဲ တိုးဝင်သွားကြသည်။ ထိုမှတစ်ဆင့် ဖြစ်ပေါ်လာသော ဧရာမ ရေဝဲကြီးသည် ရွှီရန်၏ အဝတ်အစားများနှင့် ဆံပင်များကိုပါ ဆွဲငင်နေပြီး သူ့ကိုပါ အတွင်းသို့ စုပ်ယူရန် ကြိုးစားနေတော့သည်။

သို့သော်လည်း ရွှီရန်မှာမူ ရေအောက်ကြမ်းပြင်တွင် ကျောက်ဆောင်တစ်ခုအလား တည်ငြိမ်စွာပင် ဆက်လက်ဝဲပျံနေသည်။

ဟင်းလင်းပြင်အတွင်းမှ မိစ္ဆာများ မည်သို့တုံ့ပြန်မည်ကို ရွှီရန်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် အတော်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ ရှိမလာခဲ့ပေ။

“ထွက်မလာဘူးပေါ့လေ... ဟက် မင်းရဲ့ သည်းခံနိုင်စွမ်းကတော့ ကြောက်စရာပဲ။ ငါ့ရဲ့ကိုယ်ကို မမြင်မချင်း မလှုပ်ဘူးဆိုတော့လည်း... ကောင်းပြီလေ မင်းကစားချင်သလို ငါကစားပေးရတာပေါ့”

ရွှီရန်က စိတ်ထဲမှ ခနဲ့တဲ့တဲ့ ရေရွတ်လိုက်ရင်း သူ၏ ကိုယ်စားထိုး စက္ကူရုပ်ကို ထုတ်လိုက်သည်။ ထိုစက္ကူရုပ်သည် ရွှီရန်၏ သွေးစွမ်းအင်၊ ခန္ဓာကိုယ်နှင့် သက်စောင့်အားတို့ကို ပုံတူကူးထားရာ နတ်ဘုရားများပင် ခွဲခြားနိုင်ရန် ခဲယဉ်းသည်။

ထိုအခိုက်အတန့်မှာပင် မြန်ဆန်လှသော အရိပ်မည်းကြီးတစ်ခု ဝုန်းခနဲ ပြေးထွက်လာပြီး ရွှီရန်၏ ကိုယ်စားထိုးစက္ကူရုပ်ကို ပြင်းထန်စွာ ပိုင်းဖြတ်ပစ်လိုက်သည်။

ကိုယ်ပျောက်နေသော ရွှီရန်၏ နှုတ်ခမ်းအစုံမှာ ကော့ညွှတ်သွားပြီး အကွက်ကောင်းတစ်ခုမှနေ၍ ထိုသစ်သားရုပ်တုမိစ္ဆာကို အေးဆေးစွာ အကဲခတ်နေလိုက်သည်။

“ယွဲ့နယ်ပယ်မိစ္ဆာ... သွေးစွမ်းအင် ၁.၂ သန်း။ ကောင်းပြီ မင်းပဲပေါ့... ကံဆိုးတဲ့ကောင်လေး”

ထိုမိစ္ဆာကြီးမှာ ကိုယ်ပျောက်နေသော ရွှီရန်၏ တည်ရှိမှုကို လုံးဝရိပ်မိခြင်းမရှိဘဲ စက္ကူရုပ်ကိုသာ အစစ်အမှန်မှတ်ကာ အသားစများကို တစ်စစီဖြစ်အောင် ရူးသွပ်စွာ တိုက်ခိုက်နေတော့သည်။ သွေးနံ့များက ၎င်း၏ ရက်စက်မှုကို ပိုမိုလှုံ့ဆော်ပေးနေပြီး ၎င်း၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းနယ်ပယ်တစ်ခု လွှမ်းခြုံလာနေသည်ကို လုံးဝသတိမထားမိချေ။

ထိုနယ်ပယ် ပြန့်နှံ့သွားသည်ကို ခံစားမိသည့်အခါ ရွှီရန်ကိုယ်တိုင်ပင် အံ့ဩသွားရသည်။

“ငါ့ရဲ့ ဖျက်ဆီးခြင်းနယ်ပယ်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား ပြန့်နှံ့သွားတဲ့အချိန်မှာ ရန်သူက လုံးဝ သတိမထားမိနိုင်ဘူးပဲ”

အသုံးပြုကြည့်မှသာ သူ၏ ပါရမီအရိုးအဆစ်သည် မည်မျှအထိ အစွမ်းထက်သည်ကို သိရှိရတော့သည်။ ရွှီရန်၏ အရိုးအဆစ်သည် ထူးခြားသောအရာများထဲတွင်ပင် အထူးခြားဆုံးဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ အဓိကအားဖြင့် အလစ်အငိုက်ကို တိတ်တဆိတ်နှင့် မ

တားဆီးနိုင်အောင် တိုက်ခိုက်နိုင်ခြင်းပင်။ သူ၏ရန်သူများမှာ တကယ့်ကို ကံဆိုးလွန်းသည်။

“မြင့်မြတ်သောဝိညာဉ်ကို နှိမ်နင်းခြင်းရဲ့ အာနိသင်ကို စမ်းကြည့်ရအောင်”

ရွှီရန်သည် နတ်ဘုရားမူလဓာတ်သုံးစက်ကို အသုံးပြုကာ ထိုစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။

စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာနေသော မြင့်မြတ်သောဝိညာဉ်တစ်ခုသည် ထိုမိစ္ဆာကြီး၏ နောက်ကျောတွင် ပေါ်ပေါက်လာပြီး ဝုန်းခနဲ ခုန်အုပ်လိုက်တော့သည်။

သစ်သားမိစ္ဆာကြီးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို ရုတ်တရက် လိမ်ကျစ်ကာ ၎င်း၏ ချွန်ထက်သော လက်သည်းများဖြင့် ခုခံတော့သည်။ ရေလှိုင်းဖြူများ ထကြွလာစေလျက် လက်သည်းတစ်ချက်တည်းနှင့်ပင် ထိုမြင့်မြတ်သောဝိညာဉ်ကို ဆွဲဖြဲပစ်ရန် ကြိုးစားကာ ခုန်အုပ်လိုက်သည်။

All Chapters