← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း။ ၉၁

မိနစ်အနည်းငယ်မျှ စောင့်ကြည့်ပြီးနောက်တွင် ရွှီရန်သည်လည်း စတင်၍ တိုးတက်လာခဲ့လေသည်။ သူ၏ ကိုယ်ဟန်မှာ ဝေဝါးပျောက်ကွယ်သွားပြီးနောက် ထိုနေရာတွင်ပင် ပုံရိပ်ယောင်သဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကိုယ်ဖျောက်အတတ် ပညာရပ် တိုးတက်မှု +၁... ကိုယ်ဖျောက်အတတ် ပညာရပ် တိုးတက်မှု +၁... ကိုယ်ဖျောက်အတတ် ပညာရပ် တိုးတက်မှု +၁...

ထိုသို့ဖြင့် နံနက်ခင်း၏ ကိုယ်ပိုင်စည်းကမ်းလေ့ကျင့်မှုမှာ ပြီးဆုံးသွားခဲ့သည်။

နေ့လယ်စာ သုံးဆောင်ပြီးနောက်တွင်မူ ရွှီရန်သည် တိရစ္ဆာန်များကို အစာကျွေးခြင်း၊ စာဖတ်ခြင်းနှင့် နာရီဝက်ခန့် ရေကူးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ရေကူးပြီးချိန်တွင်လည်း စာဆက်လက်ဖတ်ရှုကာ ညဘက်တွင်မူ မြားတိုပစ်ခတ်ခြင်းအတတ်ကို လေ့ကျင့်ပြန်သည်။ ထိုသို့လေ့ကျင့်ခြင်းမှာ ညဘက်အာရုံစူးစိုက်မှုစွမ်းရည်ကိုပါ တစ်ပြိုင်နက်တည်း တိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်၏။

တစ်နေ့တာအတွင်း ရွှီရန်အချိန်အပေးဆုံးသော အလုပ်မှာ စာဖတ်ခြင်းပင်။ အကြောင်းမှာ သူသည် အဆင့်မြင့်ဉာဏ်အလင်းပွင့်မှု၏ သာယာမှုကို လက်တွေ့ခံစားနေရသောကြောင့် ဖြစ်၏။ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလေလေ အချိန်ကုန်သက်သာလေလေပင်။

အခြေခံအဆင့်ရှိသော အဆင့်မြင့်ဉာဏ်အလင်းပွင့်မှုစွမ်းရည်သည်ပင် သူ၏ လေ့ကျင့်အားထုတ်မှုများကို အနည်းငယ်မျှ အားစိုက်ရုံဖြင့် နှစ်ဆသော ရလဒ်ကို ရရှိစေခဲ့သည်။ သို့ဆိုလျှင် ထိုစွမ်းရည်မှာ အဆင့်တက်၍ အောင်မြင်မှုအဆင့်၊ ကြီးမြတ်သော အောင်မြင်မှုအဆင့်နှင့် ပြည့်စုံခြင်းအဆင့်များသို့ ရောက်ရှိသွားပါက မည်မျှအထိ ထိရောက်မှုရှိလာမည်ကို သူ မခန့်မှန်းနိုင်တော့ပေ။ တတိယဆင့်ကဲဖြစ်စဉ်ဖြစ်သော ဉာဏ်အလင်း ထိုးထွင်းသိမြင်ခြင်းအဆင့်မှာမူ ဘယ်လို မြင်ကွင်းမျိုး ဖြစ်မလဲ။

"အင်း... ဒီဉာဏ်အလင်း ထိုးထွင်းသိမြင်ခြင်းစွမ်းရည်နဲ့ဆိုရင်တော့ ဘဝက တကယ်ကို ပိုပြီး မွှေးပျံ့ချိုမြိန်လာတော့မှာပဲ"

ထို့ပြင် ထိုစွမ်းရည်ရှိမှသာ သူသည် လျှို့ဝှက်အင်းလက်ဖွဲ့၏ အကြောင်းအရာများကို နားလည်သဘောပေါက်နိုင်မည်ဖြစ်သလို ယင်း၏ အားနည်းချက်များကိုလည်း ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

သို့မဟုတ်ပါက သူသည် လျှို့ဝှက်အင်းလက်ဖွဲ့နှင့် ပတ်သက်၍ ဘာမျှသိရှိနိုင်မည်မဟုတ်

သကဲ့သို့ အင်းလက်ဖွဲ့ ကပ်ငြိနေသော ရန်ငြိုးနတ်ဘုရားကို ဘယ်လို တုံ့ပြန်ရမလဲ။

ထိုနတ်ဘုရားကို ဘဘ်လို သင်ခန်းစာပေးရမလဲ စသည်တို့ကိုလည်း နည်းလမ်းရှာနိုင်မည် မဟုတ်ပေ။

ရွှီရန်သည် သူ၏အကြည့်တို့ကို စူးစိုက်လိုက်သည်။

ထို့နောက်တွင်မူ သူသည် မျက်နှာကျက်တွင် ကပ်တွယ်လျက် ငြိမ်သက်စွာ အိပ်ပျော်သွားတော့သည်။

အိမ်မြှောင် နံရံကပ်အတတ် ပညာရပ် တိုးတက်မှု +၁...

အိမ်မြှောင် နံရံကပ်အတတ် ပညာရပ် တိုးတက်မှု +၁...

အိမ်မြှောင် နံရံကပ်အတတ် ပညာရပ် တိုးတက်မှု +၁...

...

တစ်ညတာလုံး ဆိတ်ငြိမ်စွာ ကုန်လွန်သွားခဲ့သည်။

နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ...

ကျောင်းအုပ်ကြီး၊ ဒေါ်လေးလုနှင့် ကျင်းမြို့တော် အထွေထွေစီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး ဖုန်းထန်တို့သည် ရွှီရန်၏ အိမ်သို့ အတူတကွ ရောက်ရှိလာကြသည်။

"သား ရွှီရန်ရေ... အိပ်မက်ဆိုး နာကျည်းမှုမိခင်ကို နှိမ်နင်းပြီး မြို့ထဲက ကလေးငယ်တွေကို ကယ်တင်ခဲ့တဲ့အတွက် ချီးမြှင့်တဲ့ ဆုလာဘ်တွေကို ထွက်ယူပါဦးကွယ်"

ကျောင်းအုပ်ကြီးက လှမ်း၍ ခေါ်လိုက်သည်။

ရွှီရန်၏ မိခင်ဖြစ်သူကလည်း "ဆုတွေ အခုပဲ ပေးတော့မှာလား သား... အဝတ်အစားသစ်လေး ဘာလေး လဲလိုက်ဦးမလား" ဟု စိတ်လှုပ်ရှားစွာ မေးလေသည်။

ဒေါ်လေးလုကမူ "ထူးထူးခြားခြား ပြင်ဆင်နေဖို့ မလိုပါဘူး..." ဟု ပြန်လည်ပြောကြားလိုက်၏။

ထိုစဉ် ရွှီရန်သည် ကိုယ်လက်သန့်စင်ပြီးနောက် အခန်းထဲမှ ထွက်လာကာ "မင်္ဂလာပါ ကျောင်းအုပ်ကြီးနဲ့ ဒေါ်လေးလု... ဘယ်လို ဆုမျိုးတွေ ချီးမြှင့်မှာလဲခင်ဗျ" ဟု မေးမြန်းလိုက်သည်။

ကျောင်းအုပ်ကြီးက အသာအယာ ပြုံးလိုက်ပြီးနောက်

"ဒီပုဂ္ဂိုလ်ကတော့ အထွေထွေစီမံခန့်ခွဲရေးဌာနက ညွှန်ကြားရေးမှူး ဖုန်းထန်ပဲ။ ယွဲ့နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လို့ ဦးလေးဖုန်းလို့ပဲ ခေါ်နိုင်တယ်" ဟု မိတ်ဆက်ပေးလေသည်။

"ဦးလေးဖုန်း..."

ရွှီရန်က ခေါ်လိုက်၏။

ဖုန်းထန်က သဘောကျစွာ ပြုံးလိုက်ရင်း "ကောင်းတယ် ကောင်းတယ်... တကယ့်ကို ပါရမီထူးချွန်တဲ့ ပါရမီရှင်လေးပဲ။ တည်ငြိမ်တဲ့ အမူအရာကလည်း တကယ့်ကို ထူးခြားတာပဲ" ဟု ချီးကျူးစကား ပြောလိုက်သည်။

"ငါတို့ အထွေထွေစီမံခန့်ခွဲရေးဌာနက မင်းအတွက် ဆုသုံးမျိုး စီစဉ်ပေးထားတယ်"

ဆုသုံးမျိုးတောင်လား။

ရွှီရန်သည် ထိုလူသုံးဦး၏ လက်ထဲသို့ စူးစမ်းစွာ ကြည့်လိုက်မိသည်။

"ဆုက သုံးမျိုးတောင်ဆိုတော့... အခမ်းအနားသုံး လက်ဆောင်ဗူးတွေနဲ့ သေသေချာချာ ထုပ်ပိုးထားရမှာ မဟုတ်ဘူးလား။ ဘာလို့ ဘယ်သူမှ ဘာမှ ကိုင်မလာကြတာလဲ"

ကျောင်းအုပ်ကြီးက အားရပါးရ ရယ်မောလိုက်ပြီးနောက် "ငါတို့ ပြောတာကိုသာ ဆုံးအောင် နားထောင်ပါဦး" ဟု ပြောလိုက်သည်။

ညွှန်ကြားရေးမှူးသည် သူ၏ အိတ်ကပ်ထဲမှ ဆွဲကြိုးတစ်ကုံးကို ထုတ်ယူလိုက်ရာ ဆွဲကြိုးမှာ ငွေရောင်တလက်လက် တောက်ပနေပြီး အောက်ဘက်တွင် ထူးခြားဆန်းပြားသော စက်မှုပုံစံ ဖန်သားကျောက်တစ်ခု တွဲလောင်းကျနေ၏။

"ပထမဆုံး ဆုလာဘ်ကတော့ ကွပ်ကဲရေးမှူးသုံး ဆက်သွယ်ရေးကိရိယာပဲ"

"ဒါဟာ မင်းရဲ့ ဂုဏ်ဒြပ်နဲ့ အဆင့်အတန်းကို ဖော်ပြတဲ့ အမှတ်အသားတစ်ခုပဲ။ ဒီကိရိယာရှိရင် မင်းအနေနဲ့ ရှင်းလင်းရေးတပ်ဖွဲ့ နဲ့ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ တွေဆီကို စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သလို အထူးတပ်ဖွဲ့တွေကိုလည်း အမိန့်ပေး ကွပ်ကဲနိုင်ခွင့်ရှိတယ်။ အကယ်၍ မင်း အကူအညီလိုအပ်လာရင် ဒီကိရိယာကနေတစ်ဆင့် အမိန့်ပေးလိုက်ရုံနဲ့ စုံစမ်းစစ်ဆေးရေးနဲ့ ရှင်းလင်းရေးတပ်ဖွဲ့တွေက အထူးတပ်ဖွဲ့တွေကို စေလွှတ်ပြီး မင်းကို ကူညီပေးကြလိမ့်မယ်"

"အခြား နယ်နယ်ပယ်ပယ်တွေမှာတောင် ဒီကွပ်ကဲရေးမှူးသုံး ဆက်သွယ်ရေးကိရိယာက အာဏာသက်ရောက်မှု ရှိတယ်"

စကားပြောနေရင်းဖြင့် ညွှန်ကြားရေးမှူးသည် ထိုဆွဲကြိုးကို ရွှီရန်၏ လည်ပင်းတွင် ဆွဲပေးလိုက်၏။

ရွှီရန်၏ မိခင်ဖြစ်သူက ထိုဆွဲကြိုးကို အထပ်ထပ်အခါခါ ကြည့်ရှုရင်း "ရွှီရန်ရေ... အံ့ဩစရာပဲ သားလေးရယ် ဒါဟာ တကယ့်ကို ထူးခြားဆန်းကြယ်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်ပဲ" ဟု ဝမ်းသာအားရ ပြောလိုက်သည်။

ရွှီရန်ကမူ အသာအယာ ပြုံးလိုက်ကာ "ကျန်တဲ့ ဆုနှစ်မျိုးကရော ဘာတွေလဲခင်ဗျ" ဟု မေးမြန်းလိုက်၏။

ညွှန်ကြားရေးမှူးက "ဒုတိယဆုကတော့ ဖန်သားသားရဲ ရတနာအရိုး ပေါ်မှာ ထွင်းထုထားတဲ့ အထူးအဆင့် မှော်အတတ်ပဲ။ တစ်ကြိမ် အသုံးချပြီးတိုင်း အရိုးပေါ်က ရှေးဟောင်းစာသားတစ်ခုက လျော့နည်းသွားတတ်တာမို့ တကယ့်ကို တန်ဖိုးကြီးတဲ့ အရာပဲ။ တတိယဆုကတော့ အထူးအဆင့် လက်နက် တစ်ခုပေါ့"

အထူးအဆင့် မှော်အတတ်နဲ့ လက်နက်တဲ့လား။

အမှန်တကယ်ပင် ဒုတိယနှင့် တတိယဆုများမှာ မှင်တက်လောက်စရာများ ဖြစ်ကြသည်။ ၎င်းတို့သည် လူသားတို့၏ အဆင့်မြင့်ဆုံး ရတနာများဖြစ်ကြပြီး အခြေခံ၊ အလယ်အလတ်နှင့် အဆင့်မြင့် အဆင့်များထက် များစွာ သာလွန်ထူးကဲလှပေသည်။

အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးကို အထူးအဆင့် မှော်အတတ်နှင့် လက်နက်များ ချီးမြှင့်ခြင်းမှာ အတွေ့အကြုံမရှိသေးသော အသစ်အသစ်တစ်ဦးကို နတ်ဘုရားသုံး လက်နက်နှစ်ခု တပ်ဆင်ပေးလိုက်ခြင်းနှင့် အလားသဏ္ဌာန်တူပေသည်။

ရွှီရန်သည် ဝမ်းမြောက်စွာဖြင့် ပြုံးလိုက်မိသည်။

"အဲဒီ ရတနာတွေက ဘယ်မှာလဲဟင် ကျွန်တော့်ကို ပြပါဦး"

ညွှန်ကြားရေးမှူးက ပုခုံးတွန့်ပြရင်း "အဲဒါတွေကိုတော့ အခု မယူလာသေးဘူး။ မင်း အသက် ရှစ်နှစ်ပြည့်မှ ကိုယ်တိုင် သွားရွေးရမှာ။ နောက်ဆုံးတော့ မင်းက ဘယ်လိုလက်နက်မျိုးမှာ ကျွမ်းကျင်လာမလဲ။ ဘယ်လို မှော်အတတ်မျိုးကို ရွေးချယ်မလဲဆိုတာ ငါတို့ မသိနိုင်သေးဘူးလေ။ ဒါကြောင့် ရွေးချယ်ခွင့်ကို မင်းဆီမှာပဲ ထားခဲ့တာပေါ့"

ရွှီရန်က ခပ်တိုးတိုး ရယ်မောလိုက်ရင်း "နားလည်ပါပြီ... အသက် ရှစ်နှစ်ပြည့်တဲ့အခါမှပဲ အဲဒီရတနာတွေကို ကျွန်တော် ကိုယ်တိုင် သွားရွေးတော့မယ်" ဟု ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဦးလေးဖုန်း၊ ကျောင်းအုပ်ကြီးနဲ့ ဒေါ်လေးလု။ ဒီဆုသုံးမျိုးလုံးကို ကျွန်တော် တကယ်ပဲ သဘောကျပါတယ်"

အခမဲ့ရရှိမည့် အရာများကို ဘယ်သူက မနှစ်သက်ဘဲ နေမှာလဲ။

မူလက အိပ်မက်ဆိုး နာကျည်းမိခင်ကို နှိမ်နင်းခဲ့ခြင်းမှာ သူရဲကောင်းလုပ်ရသည်ကို သဘောကျ၍သာ ဖြစ်သော်လည်း ယခုကဲ့သို့ ရွှေနီရောင် အောင်မြင်မှုနှင့် ရွှေနီရောင် ရတနာများကို တိုက်ရိုက်ရရှိလိမ့်မည်ဟု ဘယ်သူက ထင်မှတ်ထားမှာလဲ။ ဤသည်မှာပင် အဆမတန် မြတ်စွန်းနေချေပြီ။

ယခုမူ အထူးအဆင့် မှော်အတတ်နှင့် လက်နက်များပါ ထပ်မံရရှိဦးမည် ဖြစ်ရာ...

စကားတစ်ခွန်းတည်းနှင့် ဆိုရသော် အပြတ်အသတ် အနိုင်ရရှိခြင်းပင်။

ရွှီရန်တစ်ယောက် အတိုင်းမသိ ကျေနပ်ပီတိဖြစ်နေမိသည်။ အကယ်၍ ထိုအထူးအဆင့် မှော်အတတ်သည်လည်း ထူးခြားသော စွမ်းရည်များကို ဖြစ်ပေါ်စေနိုင်မည်ဆိုပါက...

"ဟင်း... ငါ့ရဲ့ အသက် ရှစ်နှစ်ပြည့်မွေးနေ့ကို တောင် ရုတ်တရက် မျှော်လင့်မိသွားပြီ။ အဲဒီအချိန်ကျရင် ငါက နတ်ဘုရားသူငယ်လေးတစ်ပါးအဖြစ် ပြောင်းလဲသွားမလားပဲ။ ဘဝက တကယ့်ကို ပိုပြီးတော့ မျှော်လင့်ချက်တွေ ပြည့်နှက်လာပြီ"

ရွှီရန်သည် စိတ်ထဲတွင် အလွန်အမင်း ဝမ်းမြောက်နေမိ၏။ ရလဒ်ကောင်းများ ရရှိလာခြင်းက သူ့ကို ကိုယ်ပိုင်စည်းကမ်းလေ့ကျင့်မှုများအပေါ် ပိုမို၍ နှစ်မြှုပ်အာရုံစိုက်လာစေသည်။

ပြိုင်ဆိုင်မှုများ ရှိနေသည့်အတွက် အချိန်ဖြုန်းနေ၍ မဖြစ်ချေ။

အချိန်တို့သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ရာ ရက်ပေါင်းသုံးဆယ်ဆိုသော ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

"သုံးထောင်သော မိုးကြိုးလှုပ်ရှားမှု သုံးထောင်သော မိုးကြိုးလှုပ်ရှားမှု သုံးထောင်သော မိုးကြိုးလှုပ်ရှားမှု"

ဖုန်းယန်၏ မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံမှာ မြက်ခင်းပြင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

သူ့အတွက် တိုက်ခိုက်ရေးမှော်အတတ်များ လေ့ကျင့်နိုင်ရန် ကျောင်းအုပ်ကြီးက သီးသန့်နေရာတစ်ခု သတ်မှတ်ပေးထားပြီး ဖျက်ဆီး၍မရနိုင်သော ထူးခြားသည့် ကျောက်တုံးကြီးတစ်တုံးကိုလည်း ရှာဖွေပေးထားခဲ့သည်။

ရက်ပေါင်းသုံးဆယ်တိုင်တိုင် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက်တွင်မူ ဖုန်းယန်သည် နောက်ဆုံး၌ အောင်မြင်မှုအဆင့်ကို စတင်ခြေချနိုင်ခဲ့သည်။

ယခုအချိန်တွင် သူသည် အံ့မခန်းသော အရှိန်အဟုန်နှင့် ထပ်ဆင့်ထားသော ရွှေရောင်ဒိုင်းလွှားများကို အားကိုးကာ ကျောက်တုံးကြီးအား ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။ ရွှေရောင်ဒိုင်းလွှားများနှင့် ကျောက်တုံးကြီး ရိုက်မိသံမှာ ဟိန်းထွက်သွားပြီး မီးပွားများ လွင့်စင်ကာ မြေပြင်ပင် တုန်ခါသွားရ၏။

ဟွမ်လျန်၊ ကျောက်ရင်းနှင့် ကောင်းယွမ်တို့မှာမူ "..."

သွားပြီ။

သူ တကယ်ပဲ တတ်မြောက်သွားပြီ။

ဒိုင်းလွှားနှင့် သုံးထောင်သော မိုးကြိုးလှုပ်ရှားမှု တို့ ပေါင်းစပ်ကာ အရှိန်ပြင်းထန်သော ကုန်တင်ကားတစ်စီးကဲ့သို့ ဝင်တိုက်လိုက်သည့် ပုံရိပ်မှာ ကြည့်ရသူအပေါင်းကို တုန်လှုပ်ခြောက်ခြားစေသည်။ အကယ်၍ သူသာ နောက်ထပ်တစ်နှစ်ခန့် ဆက်လက်လေ့ကျင့်ဦးမည်ဆိုပါက ရွယ်တူပါရမီရှင်များမှာ သူ၏ နဂါးတစ်ကောင်ကဲ့သို့ အရှိန်ပြင်းပြင်း ဝင်တိုက်မှုကို ခံနိုင်ရည်ရှိကြတော့မည် မဟုတ်ပေ။

တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ဒိုင်းလွှားပါရမီရှင်တစ်ဦး ပေါ်ထွန်းလာတော့မည်ပင်။

ထိုသူသုံးဦးမှာ ကျောက်တုံးကြီးကို ရူးသွပ်စွာ ဝင်တိုက်နေသည့် ဖုန်းယန်ကို ကြည့်နေမိကြသည်။

အခန်း။ ၉၂

"အရှိန်ပြင်း တွန်းကန်မှု အရှိန်ပြင်း တွန်းကန်မှု အရှိန်ပြင်း တွန်းကန်မှု"

ထိုအချိန်တွင်...

ကျူးကော်ဟွမ်ကျင်၌လည်း သူ့ကိုယ်ပိုင် တိုက်ခိုက်ရေးနည်းစနစ် ရှိနေပြီဖြစ်သည်။ ၎င်းမှာ လေဓာတ်၏ အရှိန်မြှင့်တင်နိုင်စွမ်းကို အသုံးချကာ ကျောက်စရစ်ခဲငယ်လေးများဖြင့် ပစ်ခတ်ခြင်းပင်။ ထိခိုက်ပျက်စီးမှု အားမကောင်းလှသော်လည်း ဤအတတ်မှာပင် ကျူးကော်ဟွမ်ကျင်ကို များစွာ စိတ်လှုပ်ရှားနေစေရန် လုံလောက်နေခဲ့ပြီ။

သူသည် ဖုန်းယန်နှင့် ဘယ်သူ့အသံက ပို၍ ကျယ်လောင်တာလဲဟု နေ့စဉ်နှင့်အမျှ ပြိုင်ဆိုင်နေလေသည်။

ကျောက်ရင်းက "အဲဒီ အရှိန်ပြင်း တွန်းကန်မှုက ဘာမှအသုံးမဝင်ဘူးဆိုတာကို ကျူးကော်ဟွမ်ကျင်ကို ပြောပြလိုက်ရမလား" ဟု မေးသည်။

ယဲ့ဖျင်ကမူ "ပြောမနေပါနဲ့တော့ သူ့ဘာသာ ဆော့ပါစေ။ ကလေးဆိုတော့လည်း မလွယ်ပါဘူး" ဟု ပြန်ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ...

သူတို့သုံးဦးမှာ အသာအယာ ပြုံးလိုက်ကြသော်လည်း သူတို့အထဲတွင် အတော်ဆုံးဖြစ်သည့် ကျားမလေးနှင့် ကျူးယွီဟန်တို့ထံသို့သာ အလေးအနက် အကြည့်ပို့လိုက်ကြသည်။

တစ်လတာ ကာလအတွင်းမှာပင်...

ကျားမလေး၏ ကိုယ်ဖျောက်အတတ်မှာ အတော်ပင် ကျွမ်းကျင်လာခဲ့ပြီ ဖြစ်သည်။ သူမသည် နေရောင်အောက်တွင်ပင် လုံးဝ ပျောက်ကွယ်သွားနိုင်ကာ ကြည်လင်သော ပုံရိပ်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိနေသည်။

အားနည်းချက်တစ်ခုမှာ တစ်ခါတစ်ရံတွင် မသိသာသော အပြစ်အနာအဆာလေးများ ပေါ်လာတတ်ခြင်းပင်။ ထိုကဲ့သို့သော အမှားမျိုးသည် အသက်အန္တရာယ်ရှိနိုင်သဖြင့် ယင်းကို ကျော်လွှားနိုင်ရန် နောက်ထပ် လအနည်းငယ်ခန့် ပြင်းပြင်းထန်ထန် ဆက်လက်လေ့ကျင့်ဖို့ လိုအပ်ပေဦးမည်။

ကျူးယွီဟန်မှာမူ ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ အကောင်အထည် ပျောက်ရုံမျှသာ မဟုတ်တော့ဘဲ အရိပ်ထဲတွင် လုံးဝ ပျောက်ကွယ်သွားနိုင်ပြီ ဖြစ်သည်။ သူမသည် လွန်ခဲ့သော တစ်လက ကျားမလေး ရောက်ရှိခဲ့သည့် အဆင့်သို့ ရောက်ရှိလာခြင်းပင်။

သို့သော် ကျူးယွီဟန်၏ ပါရမီမှာ ဟွမ်လျန်၊ ကောင်းယွမ်နှင့် ကျောက်ရင်းတို့ မက်လောက်စရာ ဖြစ်နေဆဲပင်။

ကုန်လွန်ခဲ့သော တစ်လအတွင်း...

သူတို့သည် နံနက်တိုင်း အနီးအနားတွင် ရပ်လျက် ခိုးယူလေ့လာခဲ့ကြသည်။ ထိုသို့ လေ့လာခြင်းဖြင့် သူတို့၏ သိက္ခာကို ပြန်လည် ဆယ်တင်နိုင်ရန် မျှော်လင့်ခဲ့ကြသော်လည်း တစ်လကြာ စောင့်ကြည့်ပြီးနောက်တွင်မူ သူတို့ကိုယ်သူတို့ လူပြက်များသဖွယ် ဖြစ်နေသည်ကို လုံးဝ နားလည်သွားကြတော့သည်။

ကျောက်ရင်းက "ငါတို့ လက်လျှော့လိုက်ရအောင်လား သူငယ်ချင်းတို့။ ဒီအတတ်ကို ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်မင်း နဲ့ အချိန်အမြုတေ အရိုး ပါရမီရှင်တွေပဲ တတ်မြောက်နိုင်မှာ ထင်တယ်" ဟု ပြောလိုက်သည်။

ကောင်းယွမ်ကလည်း သူ၏ ခံစားချက်ကို ရင်ဖွင့်လိုက်၏။

"ကိုယ်ဖျောက်အတတ်ဟာ ကောင်းကင်ဘုံက ပေးတဲ့ နတ်ဘုရားအတတ်ပညာနဲ့ တူပေမဲ့ အဆင့်က အရမ်းမြင့်လွန်းတယ်။ အဆင့်အတန်းတစ်ခုအထိ ပါရမီ မရှိရင်တော့ တတ်မြောက်ဖို့ လုံးဝ စိတ်မကူးနဲ့။ နားလည်ဖို့တောင် ခက်ခဲလှတာ။ ငါတို့တစ်လလုံး ခိုးကြည့်နေတာတောင် အခြေခံသဘောတရားကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီနှစ်ယောက်ကတော့ အရှိန်အဟုန်နဲ့ တိုးတက်နေကြတာပဲ"

ဟွမ်လျန်က သူ့ကိုယ်သူ လှောင်ပြောင်သည့်အလား ရယ်မောရင်း "ရွှေအဆင့်ပါရမီချင်းတောင် ကွာဟချက်က တကယ်ကြီးမားတာပဲ" ဟုပြောလိုက်သည်။

သူတို့သုံးဦးစလုံး တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်မိကြ၏။

အနီးအနားတွင် ကိုယ်ဖျောက်အတတ် ပညာရပ်တိုးတက်မှုအတွက် လေ့ကျင့်နေသော ရွှီရန်သည် ထိုစကားကို ကြားသောအခါ အသာအယာ ပြုံးလိုက်မိသည်။

ရွှေအဆင့်ပါရမီချင်း ကွာဟချက်ရှိတယ် ဟုတ်လား... မှားနေပြီ။ ကျားမလေးမှာက ရွှေနီရောင်ပါရမီ ရှိတာ ပြီးတော့ ကျူးယွီဟန်ရဲ့ အချိန်အမြုတေအရိုးကလည်း ရွှေနီရောင်ပါရမီ ဖြစ်ဖို့များတယ်။

ရွှေနီရောင်အဆင့်ရှိသော အမြုတေအရိုး၏ သင်ယူနိုင်စွမ်းနှင့် တိုးတက်မှုအရှိန်အဟုန်မှာ နောက်တစ်ဆင့်သို့ မြင့်တက်သွားပြီဖြစ်ရာ သာမန်ရွှေအဆင့်အမြုတေအရိုးများ နောက်

ကောက်ကျန်ခဲ့သည်မှာ သဘာဝပင်။

သို့သော် သံသယဖြစ်ဖွယ်မရှိဘဲ အလျင်မြန်ဆုံး တိုးတက်နေသူမှာ ရွှီရန်ပင်။

သူ၏ နေ့စဉ်တိုးတက်မှုများကို ကိန်းဂဏန်းဖြင့် တိကျစွာ မြင်တွေ့နိုင်သည်။သွေးအင်အား တန်ဖိုးမှာ တစ်နေ့လျှင် ၂၁ မှတ်နှုန်း တိုးတက်နေပြီး ရက်ပေါင်း ၃၀ အတွင်း စုစုပေါင်း ၆၃၀ မှတ် ရရှိခဲ့ရာ၊ သွေးအင်အား အမှတ် ၂၀,၀၀၀ အဆင့်အတားအဆီးကို ကျော်ဖြတ်ပြီး ၂၀,၁၁၄ မှတ်သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့ပြင် သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာလည်း တစ်နေ့လျှင် ၅ မှတ်နှုန်းဖြင့် မှန်မှန်တိုးတက်နေသည်။ ရက်ပေါင်း ၃၀ အတွင်း အမှတ် ၁၅၀ အထိ လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး အမှတ် ၁၀၀ ပြည့်သည့်အခါတွင်လည်း မည်သည့် အဟန့်အတားမျှမရှိဘဲ ချောမွေ့စွာပင် နောက်တစ်ဆင့်သို့ ကူးပြောင်းနိုင်ခဲ့သည်။

ကြည့်ရသည်မှာ သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သော ပင်ကိုယ်သဘာဝ သန့်စင်ခြင်းအစီအစဉ်က သူ၏ အနာဂတ်လမ်းစများကို ကြိုတင်၍ ပွင့်လင်းစေခဲ့ပုံပင်။

ယင်းတို့အပြင် သန်းခေါင်ယံလုပ်ကြံသူနှင့် အာဟာရ ထုတ်ယူခြင်းစွမ်းရည်တို့မှာလည်း မဟာလေဟာပြင်ကျမ်းစာအဖြစ်သို့ အဆင့်မြင့်သွားခဲ့ပြီ ဖြစ်သည်။

သန်းခေါင်ယံလုပ်ကြံသူ စွမ်းရည်မှာမှောင်မိုက်သော ပတ်ဝန်းကျင်တွင် ခံနိုင်ရည်ရှိမှု၊ တိုက်ခိုက်မှုစွမ်းအား၊ တုံ့ပြန်မှုအရှိန်နှင့် ပြန်လည်ကုစားနိုင်စွမ်းတို့မှာ သာမန်ထက် သုံးဆမက မြင့်တက်သွားမည်ဖြစ်သည်။ ပညာရပ် တိုးတက်လာလေလေ ထိုအဆပေါင်းမှာ ဆယ်ဆအထိပင် မြင့်တက်သွားနိုင်ပေသည်။

မဟာလေဟာပြင်ကျမ်းစာမှာမူ အထူးအခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ပြီး မိုင်တစ်ထောင်အတွင်းရှိ သက်ရှိတို့၏ စွမ်းအင်များကို စုပ်ယူကာ မိမိ၏ စွမ်းအားကို မြှင့်တင်နိုင်စွမ်း ရှိသည်။

ထို့ပြင် သေဟန်ဆောင် ပုံရိပ်ယောင်၊ အဆင့်မြင့်ဉာဏ်အလင်းပွင့်မှု၊ မျက်မှန်စုံ ရတနာအတတ်၊ အင်္ဂါအစိတ်အပိုင်း ပြန်လည်ရှင်သန်ခြင်း၊ အဆင့်မြင့် သားရဲယဉ်ပါးစေခြင်း၊ သုံးထောင်သော မိုးကြိုးလှုပ်ရှားမှုနှင့် နတ်ဆိုးစကားသံ အစရှိသည့် မှော်အတတ်များမှာလည်း တစ်နေ့လျှင် အမှတ် ၁၀၀ နှုန်းဖြင့် ပိုမိုမြင့်မားသော အဆင့်များသို့ လျင်မြန်စွာ တိုးတက်နေသည်။

မျက်ဝါးထင်ထင် မြင်တွေ့နေရသော တိုးတက်မှုများက ရွှီရန်ကို ပိုမိုကြီးမားသော ရည်မှန်းချက်များဆီသို့ ဦးတည်စေခဲ့သည်။

"နောက်တစ်ခါ နတ်ဘုရားတစ်ပါး ကျူးကျော်လာခဲ့ရင်တော့ တစ်ချက်တည်းနဲ့ ချေမှုန်းပစ်

ချင်တယ်။ အဲဒီနတ်ဘုရားကို စစ်မှန်တဲ့ ထိတ်လန့်မှုကို မြည်းစမ်းစေရမယ်"

"ရန်သူကို တိုက်ရိုက် ထိုးဖောက်ချေမှုန်းရတာက... အားရကျေနပ်ဖို့ အကောင်းဆုံးပဲ"

ထိုသို့ တွေးတောရင်း...

ရွှီရန်သည် ခေါင်းကို အသာအယာ ငြိမ့်လိုက်ကာ မြက်ခင်းပြင်ပေါ်တွင် ကိုယ်ထင်ပြလိုက်တော့သည်။

ရွှီရန်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ကျားမလေးသည် သူမ၏ လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီးနောက် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် "အစ်ကိုရန် ကျွန်မ ကိုယ်ဖျောက်အတတ်ကို ကျွမ်းကျင်သွားပြီ။ ဒီနေ့တော့ တစ်ရက်လောက် နားကြမလားဟင်။ မြို့ထဲသွားပြီး ဈေးဝယ်

ရအောင်လေ ကျွန်မကို ဈေးဝယ်ဖို့လိုက်ပို့မယ်လို့ အစ်ကို ကတိပေးထားတယ်လေ" ဟုပြောလိုက်သည်။

ရွှီရန်က "... မင်းက ဈေးဝယ်ချင်တာလား မုန့်စားချင်တာလား" ဟု မေးလိုက်၏။

"မဟုတ်ပါဘူး... မဟုတ်ပါဘူးဆို"

သူမ၏ အကြံအစည်ကို လူမိသွားသောအခါ ကျားမလေးသည် တည်ငြိမ်ချင်ယောင်ဆောင်လိုက်သော်လည်း သူမ၏ တောက်ပသော မျက်ဝန်းအစုံက ရွှီရန်နှင့် ဒေါ်လေးချန်တို့ထံသို့ တစ်လှည့်စီ ကြည့်နေမိသည်။ ထို့နောက် သူမ၏ နီရဲသော နှုတ်ခမ်းလေးကို အပြစ်ကင်းစင်စွာဖြင့် ဆူလိုက်လေသည်။

ထိုပုံစံကို မြင်သောအခါ ရွှီရန်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။

"ကောင်းပြီလေ ငါ ကတိပေးထားဖူးတာဆိုတော့လည်း ကတိမဖျက်ပါဘူး။ ဒီနေ့ မွန်းလွဲပိုင်းကျရင် ဈေးဝယ်ထွက်ကြတာပေါ့။ မင်းတို့အားလုံးရော လိုက်ကြမလား"

သူသည် ကျူးယွီဟန်၊ ပိုင်ယွဲ့၊ ပေ့ကျင့်ချိုး၊ ဖုန်းယန်နှင့် ကျူးကော်ဟွမ်ကျင်တို့ဘက်သို့ လှည့်၍ မေးလိုက်သည်။

ယွီဟန်၏ မိခင်က "လိုက်မှာပေါ့။ လျှိုလီက နားချင်တယ်ဆိုမှတော့ တခြားကလေးတွေလည်း နားကြမှာပါ။ လျှိုလီလို ကလေးမျိုးက အနားယူချင်စိတ် ရှိလာဖို့ဆိုတာ မလွယ်ဘူးလေ။ အားလုံးပဲ အတူတူသွားပြီး ပျော်ပျော်ပါးပါး လည်ပတ်ကြတာပေါ့" ဟု ပြောလိုက်သည်။

ယွီဟန်၏ မိခင်သည် သူမသမီး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေအတွက် အနည်းငယ် စိုးရိမ်နေမိသည်။ ဤမျှ ငယ်ရွယ်သော အရွယ်ကပင် မိမိကိုယ်ကိုယ် ဤမျှအထိ တွန်းအားပေး လေ့ကျင့်နေကြသည် မဟုတ်ပါလော။

ရွှီရန်၏ မိခင်ကလည်း "အလုပ်နဲ့ အနားယူခြင်းကို မျှတအောင် လုပ်ရမှာပေါ့။ ငါ့သား ရွှီရန်ကြိုးစားနေတာတွေကို မြင်ရတာတောင် ငါက ပိုပြီး ကြောက်နေမိတယ်" ဟု ပြောရာ အခြားမိခင်များကလည်း တစ်ခဲနက် ထောက်ခံကြလေသည်။

ထို့ကြောင့် ဦးလေးယဲ့၏ စောင့်ရှောက်မှုဖြင့် မိခင်ဖြစ်သူ၊ ကျားမလေး၏ မိခင်၊ ယွီဟန်၏ မိခင်၊ ပိုင်ယွဲ့၏ မိခင်နှင့် ဖုန်းယန်၏ မိခင်တို့သည် ကလေးများကို ခေါ်ဆောင်ကာ မြို့ထဲသို့ ပျော်ပျော်ပါးပါး လည်ပတ်ရန် ထွက်ခွာခဲ့ကြတော့သည်။

ကျားမလေးအတွက် ဈေးဝယ်ထွက်ခြင်းဆိုသည်မှာ စကားလုံး တစ်လုံးတည်းနှင့် အဓိပ္ပာယ်

ဖွင့်ရလျှင် စားခြင်းပင်။ သူမသည် အစားအသောက် အလွန်မက်သူဖြစ်ပြီး အထူးသဖြင့် အချိုမုန့်များကို မြင်လျှင် မနေနိုင်မထိုင်နိုင် ဖြစ်တတ်သည်။ အချိုမုန့်ဆိုင်ကို မြင်လျှင် သူမ၏ ခြေလှမ်းများမှာ အလိုအလျောက် ရပ်တန့်သွားတတ်ပြီး ခဏမျှ မစားရလျှင်ပင် ညဘက် အိပ်ပျော်နေစဉ် သွားရည်များ ကျတတ်လေသည်။

လမ်းတစ်ဝက်မျှပင် မရောက်သေးသော်လည်း ကျားမလေး၏ ဗိုက်ကလေးမှာ လုံးဝန်းနေပြီ ဖြစ်သည်။

ကျားမလေး၏ မိခင်က "လျှိုလီ... တော်တော့ ထပ်မစားနဲ့တော့" ဟု တားမြစ်ယူရသည်။

"နောက်ထပ် နည်းနည်းလောက်တော့ ဆန့်ပါသေးတယ်မေမေ"

ကျားမလေးက ပြန်ပြော၏။

"အိမ်ရောက်မှ စားဖို့ ဝယ်သွားလေ တစ်ခါတည်း အများကြီး မစားနဲ့ဦး။ ငါတော့ မင်းကို ကြည့်ပြီး ကြောက်တောင် ကြောက်လာပြီ... တစ်နေ့ကို နည်းနည်းစီပဲ စားရမယ် ဟုတ်ပြီလား"

ထိုစကားကို ကြားသောအခါ ကျားမလေး၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားပြီး "ဟုတ်ကဲ့ ဟုတ်ကဲ့။ ဒါဆိုရင် ဆယ်ခုလောက် ဝယ်သွားရအောင်။ အစ်ကိုရန်၊ အစ်မယွီဟန်၊ အစ်မပိုင်ယွဲ့၊ အစ်မကျင့်ချိုးတို့အတွက် တစ်ခုစီ ပေးရမယ်... ဟုတ်သားပဲ။ ဖုန်းယန်နဲ့ ကျူးကော်ဟွမ်ကျင်အတွက်လည်း ပါရမယ်နော်။ ပြီးတော့ ကျွန်မရဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေအတွက်လည်း ဝယ်ဦးမယ်။ သူတို့လည်း ဒါကို သိပ်ကြိုက်ကြတာ"

ကျားမလေး၏ မိခင်ကမူ "ဒီကလေးမလေးကတော့... မင်းကိုယ်တိုင် စားချင်လို့ ဆင်ခြေပေးနေတာ မဟုတ်လား" ဟု ပြောကာ စနောက်လိုက်လေတော့သည်။

ကျားမလေးက မျက်နှာလေးပင် မနီတော့ဘဲ "ကျွန်မက သူငယ်ချင်းတွေကို ဝေမျှပေးချင်ရုံတင်ပါ" ဟု ပြန်လည် ချေပလေသည်။

ရွှီရန်မှာမူ ထိုစကားကို ကြားကာ အားရပါးရ ရယ်မောမိတော့သည်။ အချိုမုန့်စားချင်သည့်အတွက် ကျားမလေးမှာ သူမ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချနေရှာသော်လည်း ထိုအကြံမှာ အပေါ်ယံမျှသာ ဖြစ်နေပေသည်။

နောက်ဆုံးတွင်မူ ကျားမလေး၏ မိခင်သည် သမီးဖြစ်သူအတွက် မုန့်တစ်ခုသာ ဝယ်ပေးခဲ့၏။ အဓိကမှာ ထိုမုန့်ကိုလည်း အချိုးအစားခွဲကာ ရွှီရန်၊ ကျူးယွီဟန်တို့နှင့်အတူ ဝေမျှစားသုံးရမည် ဖြစ်သည်။

သို့သော်လည်း ကျားမလေးသည် စိတ်မပျက်သွားချေ။ အိမ်တွင် အချိုမုန့်အချို့ ရှိနေရုံနှင့်ပင် သူမအတွက် အပျော်ဆုံးအရာ ဖြစ်နေခဲ့သည်။

အချိန်တို့သည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ညနေ ခြောက်နာရီသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ မြင့်မားသော အဆောက်အဦးများကြားတွင် နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာခဲ့သည်။

မိခင်များသည် ပစ္စည်းအများအပြား ဝယ်ယူခဲ့ကြရာ ကားနောက်ခန်းများပင် ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။ သူတို့အားလုံးမှာ အားရပါးရ လည်ပတ်နိုင်ခဲ့ကြ၏။ ကြည့်ရသည်မှာ ကျားမလေး တစ်ယောက်တည်း ဈေးဝယ်ချင်နေသည်မဟုတ်ဘဲ မိခင်များကလည်း ဈေးဝယ်ထွက်ချင်နေကြပုံပင်။

"ကဲ... အိမ်ပြန်ကြစို့"

မိခင်ဖြစ်သူက ပြောလိုက်သည်။

ဦးလေးယဲ့သည်လည်း နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီဟု တွေးတောကာ သက်ပြင်းအရှည်ကြီးကို ချလိုက်မိတော့သည်။

ယာဉ်တန်းသည် နတ်ဘုရားတစ်ပိုင်း ရင်သွေးငယ်ကျောင်း ဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။

ရွှီရန်သည် ကားပြတင်းပေါက်ကို ဖွင့်ကာ ပြင်ပရှုခင်းများကို ကြည့်နေမိ၏။ ယနေ့တစ်ရက်တာသည် အေးအေးချမ်းချမ်းနှင့် လှလှပပပင် ကုန်ဆုံးသွားတော့မည်ဟု သူ ထင်မှတ်ထားခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် စည်ကားလှသော လူနေအိမ်ခြေများအနီးသို့ ရောက်သောအခါ စိတ်ဝိညာဉ်စွမ်းအား ၁၈၂ မှတ်အထိ ရောက်ရှိနေပြီဖြစ်သော ရွှီရန်သည် အကြောင်းပြချက်မရှိဘဲ စိမ့်ကနဲ ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။

သူသည် ချက်ချင်းပင် ခေါင်းကို လှည့်ကြည့်လိုက်ရာ လမ်းလျှောက်သွားနေသော ကျင့်ကြံသူ ငါးဦးကို မြင်လိုက်ရ၏။ သူတို့တစ်ဦးချင်းစီ၏ သွေးအင်အား တန်ဖိုးမှာ ၁,၀၀၀ ခန့်စီသာ ရှိကြသည်။

သွေးအင်အား ၁,၀၀၀ ပဲရှိတဲ့ ကျင့်ကြံသူတွေက ငါ့ကို ကြောက်လန့်အောင် လုပ်နိုင်တာလား... မဖြစ်နိုင်တာ။

သူတို့ရဲ့ အိတ်ကပ်ထဲမှာ တစ်ခုခု ရှိနေတာလား။

ရွှီရန်၏ အာရုံခံစားမှုမှာ ယခင်ကထက် အဆပေါင်းများစွာ သန်မာနေပြီဖြစ်ရာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်းပင် သတိပြုမိသွားသည်။

အဲဒီ အိတ်ကပ်ထဲကနေ ထွက်ပေါ်လာတဲ့ ထိတ်လန့်စရာ ခံစားချက်က လျှို့ဝှက်အင်းလက်ဖွဲ့ရဲ့ ခံစားချက်နဲ့ လုံးဝကို ထပ်တူကျနေတာပဲ

ဒီလူတွေက အင်းလက်ဖွဲ့ ရန်ငြိုးနတ်ဘုရား ရဲ့ နောက်လိုက်တွေများလား။

All Chapters