← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

ထိုသတ္တဝါ၏ လည်ပင်းတစ်ခုလုံးမှာ သွေးများဖြင့် စိုရွှဲနေပြီး တစ်စုံတစ်ခုက ပိုင်းဖြတ်ထားသည့်အလား ဖြစ်နေသည်။

“အား”

“အား”

၎င်းသည် အသည်းအသန် အော်ဟစ်လိုက်ပြီးနောက် ပြေးလွှားနေသော အမူအရာမှာ တန့်သွားခဲ့သည်။ ခန္ဓာကိုယ်မှာလည်း ဖယောင်းတိုင်တစ်တိုင် အရည်ပျော်ကျသွားသကဲ့သို့ တဖြည်းဖြည်းချင်း အရည်ပျော်ဆင်းသွားပြီး ခဏချင်းမှာပင် မီးခိုးရောင် အရည်အိုင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ဟင် ဒီအတိုင်းကြီး အရည်ပျော်သွားတာလား။

ရွှီရန် : “...”

သံချပ်ကာဝတ် စက္ကူစစ်သည်တော်သည် လျင်မြန်စွာ ပျံထွက်သွားပြီး ကလေးငယ်ကို ပွေ့ချီကာ မီတာနှစ်ရာအကွာရှိ ဘေးကင်းရာနေရာ၌ ချထားပေးလိုက်သည်။

ဒီအခြေအနေအရဆိုရင်တော့ ဒီသတ္တဝါရဲ့ နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့သူ ရှိပုံမရဘူး။

ဒါဆိုရင်... ဒီဝိညာဉ်နှစ်ကောင်က တကယ်တော့ တစ်ကောင်တည်းများလား။ နောက်တစ်

ကောင်က သူ့ရဲ့ အသွင်ပြောင်းထားတဲ့ ဦးခေါင်းဖြစ်ပြီး ငါက ခေါင်းကို ဖြတ်ချလိုက်တာ ဆယ်မိနစ်လောက် ကြာသွားတော့မှ သူ့မှာ ခေါင်းမရှိတော့တာကို သတိထားမိပြီး ချက်ချင်း အရည်ပျော်သွားတာလား။

ရွှီရန်သည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်မိ၏။

အခြေအနေအရဆိုရင်တော့ ဒါက အဖြစ်နိုင်ဆုံးပဲ။

သူသည် လုပ်ကြံသူ ပုစဉ်းရင်ကွဲကို လွှတ်တင်လိုက်ပြီး ယိုစိမ့်ထွက်လာသော စွမ်းအင်များကို ဝါးမြိုခိုင်းလိုက်သည်။

ဒါက ဆဋ္ဌမမြောက် တစ်ကောင်ပဲ။

စက္ကူပုစဉ်းရင်ကွဲသည် ဝိညာဉ်သတ္တဝါ ၆ ကောင်ကို ဝါးမြိုပြီးနောက်တွင် ၎င်း၏ စွမ်းအားမှာ နှစ်ဆခန့်အထိ မြင့်တက်လာခဲ့လေပြီ ၎င်း၏ ဓားသွားထက်မြက်မှုဖြစ်စေ ခြုံခိုတိုက်ခိုက်သည့် အရှိန်အဟုန်ဖြစ်စေ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင်။

ဒါဆိုရင် ဝိညာဉ်သတ္တဝါတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ မရှိဘူးပေါ့။ ဒါက ထူးဆန်းသော ကြယ်စုရဲ့ ကျူးကျော်မှုကြောင့် ဝိညာဉ်စွမ်းအင်တွေ ညစ်ညမ်းသွားပြီး ဝိညာဉ်သတ္တဝါတွေ အလိုအလျောက် ပေါ်ပေါက်လာတာပဲလား။

အခြေအနေက ဒီအတိုင်းပဲ ဖြစ်ဖို့များတယ်။

ငါကတော့ အသက် ၅၀၂ ရက်သားအရွယ် ကလေးလေးဖြစ်ပေမဲ့ ကလေး ၃ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီဆိုတော့... အနှိုင်းမဲ့သူလို့တောင် ဆိုလို့ရနေပြီပဲ။

ရွှီရန်သည် ရှာဖွေမှုများကို ဆက်လက်မပြုလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤမျှငယ်ရွယ်သော ကလေးငယ်တစ်ဦးအနေဖြင့် အပြင်တွင် တစ်ယောက်တည်း လျှောက်သွားနေစဉ် စွမ်းအားကြီးသော ကျင့်ကြံသူတစ်ဦးဦးနှင့် တွေ့ဆုံမိပါက ဖမ်းဆီးခံရနိုင်သည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်ပေသည်။

ဝိညာဉ်သတ္တဝါများနှင့် ပတ်သက်သော ကိစ္စရပ်များကိုမူ အစွမ်းထက်သော ကျင့်ကြံသူများကသာ သဘာဝကျကျ ဖြေရှင်းသွားကြပေလိမ့်မည်။

ထို့ကြောင့် သူသည် အခင်းဖြစ်ပွားရာနေရာမှ ကျောခိုင်းထွက်ခွာလာခဲ့တော့သည်။

မိနစ်အနည်းငယ်အကြာတွင် ရွှီရန်သည် ဝရံတာ၌ ပြန်လည်ပေါ်ပေါက်လာပြီး အိမ်မြှောင်တစ်ကောင်အလား ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ တွားသွားဝင်ရောက်လိုက်၏။

သူ၏ မိခင်ဖြစ်သူမှာမူ သတိလစ်မေ့မြောနေဆဲပင်။

သူသည် စက္ကူလင်းနို့နှင့် ပုစဉ်းရင်ကွဲတို့ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဘေးနားရှိ စက္ကူအရုပ်များ ထည့်ထားသော သေတ္တာထဲသို့ ထည့်လိုက်သည်။

ထို့နောက် ရွှီရန်သည် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် လိမ္မာပါးနပ်စွာ နေလိုက်ပြီး သူ၏ လက်ကလေးများဖြင့် မိခင်ဖြစ်သူ၏ ပါးပြင်ကို အသာအယာ ပုတ်လိုက်တော့သည်။

“သားလေး မေမေ သားကို ကာကွယ်ပေးမယ်”

လင်းချန်းသည် တစ်ကိုယ်လုံး ချွေးစေးများ ထွက်လျက် ရုတ်တရက် လန့်နိုးလာခဲ့သည်။

“ရွှီရန်... သားလေး ဘာဖြစ်သွားသေးလဲ မေမေ သတိလစ်သွားတာလား”

သူမသည် ရွှီရန်၏ တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ရှုပြီး ဘာမှမဖြစ်သည်ကို သေချာမှသာ တုန်ရီနေသော လက်များဖြင့် လုံခြုံရေးကင်းလှည့်အဖွဲ့ထံသို့ ဖုန်းဆက်လိုက်တော့သည်။

“ဟုတ်ပါတယ်ရှင် ဝိညာဉ်သတ္တဝါတစ်ကောင်ပါ အရိပ်ထဲကနေ ရုတ်တရက် ထွက်လာတာ။ တကယ်ကို ကြောက်စရာကောင်းပါတယ်”

“အဆောက်အအုံ အမှတ် ၇ တတိယထပ်က ဒုတိယအခန်းပါရှင်”

“မြန်မြန်လေး လာပေးကြပါ။ ကျွန်မတို့နောက်ကို လိုက်လာမှာကို အရမ်းကြောက်နေလို့ပါ။ ကျွန်မသားလေးက တစ်နှစ်ကျော်ပဲ ရှိသေးတာမို့လို့ပါရှင်”

သူမ၏ အသံများမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့သည်။ သို့သော်လည်း သူမသည် စိတ်ထဲမှ ကြောက်စိတ်ကို အတတ်နိုင်ဆုံး အောင့်အည်းမျိုသိပ်လျက် ရွှီရန်၏ ကျောလေးကို အသာအယာ ပုတ်ပေးနေရှာ၏။

“သားလေး... မကြောက်နဲ့နော်။ မေမေ ရှိတယ်... မကြောက်နဲ့”

ရွှီရန်သည် ဖြူစင်သောအပြုံးလေးကို ပြသလိုက်ပြီး သူ၏ လက်ကလေးများဖြင့် မိခင်၏ ပုခုံးကို ပြန်လည်ပုတ်ပေးနေမိသည်။

“သားလေး... မေမေ့ကို ပြန်ပြီး နှစ်သိမ့်ပေးနေတာလား သားလေး... မကြောက်နဲ့နော် မကြောက်နဲ့”

ရွှီရန် : “...”

သားက မကြောက်ပါဘူး။ သားကတော့ ရန်သူတွေကို အပြတ်အသတ် နှိမ်နင်းပြီး အောင်ပွဲခံကာ ပြန်လာခဲ့တာပါ မေမေရာ...

ငါ့ကြောင့် ကလေးငယ်သုံးယောက် ဘေးကင်းသွားခဲ့ပြီ။

ဒါပေမဲ့ မေမေကတော့... တကယ်ကို ကြောက်လန့်တုန်ရီနေရှာတာပဲ။

ရွှီရန်သည် တခိခိရယ်မောလျက် ဆိုဖာပေါ်တွင် မှီထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်ပြီး အလေးအနက် စဉ်းစားခန်းဖွင့်နေတော့သည်။ သူသည် ဝိညာဉ်သတ္တဝါများနှင့် ပတ်သက်သော အချက်အလက်အားလုံးကို ပြန်လည်သုံးသပ်နေပြီး ၎င်းတို့နောက်ကွယ်တွင် ကြိုးကိုင်သူ တစ်စုံတစ်ယောက် ရှိမရှိကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားနေခြင်းပင်။

ငါးမိနစ်ခန့် ကုန်ဆုံးသွားပြီးနောက် အိမ်ရှေ့တံခါး ဘဲလ်တီးသံ ထွက်ပေါ်လာခဲ့သည်။

တံခါးအပြင်ဘက်တွင် လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေကြ၏။

“အစ်မ... ကျွန်တော်တို့က လုံခြုံရေးကင်းလှည့်အဖွဲ့ကပါ။ စုံစမ်းစစ်ဆေးမှုအချို့ ပြုလုပ်ဖို့အတွက် အိမ်ထဲကို ဝင်ခွင့်ပြုလို့ ရမလားခင်ဗျာ”

လင်းချန်းသည် သံသယစိတ်ဖြင့် မေးလိုက်၏ “ရှင်တို့က တကယ်ပဲ လုံခြုံရေးအဖွဲ့ကလား ဝိညာဉ်သတ္တဝါတွေ အသွင်ပြောင်းထားတာ မဟုတ်ဘူးလား”

“မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့က တကယ့်လူသားတွေပါ။ ဝိညာဉ်သတ္တဝါတွေ မဟုတ်ပါဘူး”

သို့သော်လည်း ပါးစပ်ပြောစကားကိုသာ ယုံကြည်ရန်မှာ ခက်ခဲလှပေသည်။

လင်းချန်းသည် အလွန်အမင်း သတိကြီးသူဖြစ်ရာ လွယ်လွယ်နှင့် မယုံကြည်ပေ “အပြင်မှာ ခဏလောက် စောင့်ပေးပါဦးရှင်။ ကျွန်မ အတည်ပြုချက် ရယူပါရစေဦး”

ပြောပြောဆိုဆိုပင် သူမသည် ဖုန်းခေါ်ဆိုလိုက်တော့သည်။

“အခု ကျွန်မအိမ်ရှေ့ကို ယူနီဖောင်းဝတ်ထားတဲ့ လူငယ်နှစ်ယောက် ရောက်နေလို့ပါ။ သူတို့ရဲ့ ရုပ်ရည်က ဘယ်လိုမျိုးလဲဟင် သူတို့ဆီကို ဖုန်းခေါ်ပေးလို့ ရမလား ကျွန်မ အရမ်းကြောက်နေလို့ တံခါးမဖွင့်ရဲသေးလို့ပါရှင်”

မကြာမီမှာပင် တံခါးအပြင်ဘက်ရှိ လုံခြုံရေးအဖွဲ့မှ ကျင့်ကြံသူနှစ်ဦးထံသို့ ဖုန်းဝင်လာခဲ့သည်။

သူတို့သည် ဖုန်းကို စပီကာဖွင့်လိုက်ကြ၏။

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့။ ကျွန်တော်တို့ အစ်မရဲ့ အိမ်ရှေ့မှာ ရောက်နေပါပြီ။ အစ်မ စိုးရိမ်တာကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ အစ်မ သိချင်တာမှန်သမျှကို ကျွန်တော်တို့ စိတ်ရှည်

လက်ရှည် ဖြေကြားပေးပါ့မယ်”

“အစ်မ... ကြည့်ပါဦး။ ကျွန်တော်တို့က တကယ် ဝိညာဉ်သတ္တဝါတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းကတ်တွေကို တံခါးက မှန်ဘီလူးကနေ ကြည့်လို့ရအောင် ပြပေးထားပါ့မယ်”

လင်းချန်းသည် သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်ပြီးနောက် “နားလည်ပါပြီရှင် အခုပဲ တံခါးဖွင့်ပေးပါ့မယ်” ဟု ဆိုကာ တံခါးကို ဖွင့်ပေးလိုက်တော့သည်။

“ကျေးဇူးတင်ပါတယ် အစ်မ”

တံခါးပွင့်သွားပြီး ကင်းလှည့်အရာရှိနှစ်ဦး အိမ်ထဲသို့ ဝင်လာကြပြီး နှစ်ဦးစလုံးမှာ နားကြပ်များကို တပ်ဆင်ထားကြ၏။

“အစ်မက ပါဆယ်လ်ပစ္စည်းသွားယူဖို့ အောက်ဆင်းတဲ့အချိန်မှာ မတော်တဆမှုတစ်ခု ကြုံခဲ့ရတာလား အဲဒီမှာ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲဟင်”

ရွှီရန်သည် ဆိုဖာပေါ်တွင် မှီလျက် မျက်လုံးမှိတ်၍ အနားယူနေသော်လည်း ဤအချိန်တွင် သူ အမှန်တကယ် အိပ်ပျော်သွား၍ မဖြစ်နိုင်ပေ။

သူ၏မိခင်က ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည်ပြောပြနေတော့သည်။

လုံခြုံရေးကင်းလှည့်အဖွဲ့မှ ကျင့်ကြံသူနှစ်ဦးမှာမူ “...”

“အစ်မက ဖြစ်စဉ်အလယ်မှာ ခဏလောက် သတိလစ်သွားတာပေါ့။ ဘယ်လောက်ကြာကြာ သတိလစ်သွားလဲဆိုတာ သိလားခင်ဗျာ”

လင်းချန်းမှာ ဝေခွဲမရဖြစ်လျက် “ကျွန်မလည်း မသိဘူးရှင်...”

အမျိုးသမီးကင်းလှည့်အရာရှိမှာ မျက်မှောင်ကြုတ်လိုက်ပြီး အခြေအနေကို မည်သို့မျှ အစရှာမရ ဖြစ်နေတော့သည်။

“လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ ဒီနေ့ ကျွန်မတို့ရဲ့ လူနေရပ်ကွက်ထဲမှာ ဝိညာဉ်

သတ္တဝါတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိခင် စုစုပေါင်း လေးဦး ရှိပါတယ်”

“ကံကောင်းထောက်မစွာနဲ့ပဲ အားလုံးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် ဘေးကင်းခဲ့ကြပါတယ်။ ကလေးတွေဟာလည်း မီတာအနည်းငယ်ကနေ အဝေးဆုံး မီတာသုံးထောင်လောက်

အကွာမှာ ပြန်ပြီး ပေါ်လာခဲ့ကြတယ်လေ”

“ကျွန်မတို့ရဲ့ ကနဦးသုံးသပ်ချက်အရတော့ ဒီရပ်ကွက်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက်က ဒီဝိညာဉ်သတ္တဝါတွေကို နှိမ်နင်းပေးလိုက်ပုံရတယ်။ ဒါပေမဲ့ စောင့်ကြည့်ကင်မရာတွေထဲမှာတော့ အဲဒီပညာရှင်ရဲ့ ခြေရာလက်ရာကို ဘာမှရှာမတွေ့ဘူး ဖြစ်နေတယ်”

ကင်းလှည့်အရာရှိများမှာလည်း ဘာမှမတတ်နိုင်ကြသဖြင့် နားထဲရှိ ကြိုးမဲ့နားကြပ်ကိုသာ ဖိ၍ အစီရင်ခံနေကြရသည်။

“ခေါင်းဆောင်... အခြေအနေကတော့ ဒါပါပဲ။ မိခင်ရော ကလေးပါ အလွန်ဘေးကင်းပါတယ်”

နားကြပ်၏ တစ်ဖက်ခြမ်းမှ အသံထွက်ပေါ်လာ၏ “မစ္စစ်ရွှီတို့ကို သုံးနာရီကြာအောင် စောင့်ရှောက်ပေးလိုက်ပါ။ ဝိညာဉ်သတ္တဝါတွေကို လိုက်လံနှိမ်နင်းဖို့ကတော့ အထက်လူကြီးတွေကို လွှတ်ထားလိုက်။ အမြဲတမ်း နိုးနိုးကြားကြားရှိဖို့လည်း သတိရကြဦး။ ဒီဝိညာဉ်သတ္တဝါတွေက တကယ်ကို ထူးဆန်းလွန်းတယ်”

“နားလည်ပါပြီ ခေါင်းဆောင်”

ရွှီရန်သည် နားကိုစွင့်လျက် အနီးကပ် နားထောင်နေမိသည်။

သို့သော်လည်း လုံခြုံရေးကင်းလှည့်အဖွဲ့ထံတွင်လည်း အရေးကြီးသည့် အချက်အလက်တစ်စုံတစ်ရာ မရှိသည်မှာ ထင်ရှားလှပေသည်။

ငါတော့ အိပ်တော့မယ်။၊

ရွှီရန် မျက်လုံးမှိတ်လိုက်၏။

သုံးနာရီတာ ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်ထံမှ ဖုန်းဝင်လာခဲ့သည် “ဒီရပ်ကွက်တစ်ခုလုံး လုံးဝဘေးကင်းသွားပါပြီ။ မင်းတို့ ပြန်လာလို့ရပြီ”

လူငယ်အမျိုးသားနှင့် အမျိုးသမီးတို့က “အစ်မ... အခုတော့ ဒီမှာ အန္တရာယ်မရှိတော့ပုံရပါတယ်။ ကျွန်တော်တို့ ပြန်ခွင့်ပြုပါဦးခင်ဗျာ”

လင်းချန်း : “...”

သူမသည် စိုးရိမ်စိတ်များ ရှိနေသေးသော်လည်း ထိုလူငယ်နှစ်ဦးကို ဆက်လက် ဒုက္ခပေးရန်မှာလည်း မသင့်တော်လှပေ။

All Chapters