← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

ကျွမ်းကျင်မှုအသစ်များ၏ အဆင့်မြှင့်တင်မှု အချက်အလက်များကို မြင်လိုက်ရသောအခါ ရွှီရန်သည် တောက်ပစွာ ပြုံးလိုက်ပြီး… “ငါက တကယ်ကို ပါရမီရှင်ပဲ။ နောက်ထပ် ကျွမ်းကျင်မှုအသစ်တစ်ခုကို ထပ်ပြီး ရှာဖွေတွေ့ရှိပြန်ပြီ။ ဒီကျွမ်းကျင်မှုကိုလည်း ဒုတိယအဆင့်အထိ အလွယ်တကူ မြှင့်တင်နိုင်မှာပဲ”

ရွှီရန်သည် အလွန်ပင် ကျေနပ်သွားခဲ့ပြီး သူ၏မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးများ လွှမ်းခြုံနေတော့သည်။

ရေချိုးပြီးနောက် သူသည် ဧည့်ခန်းအတွင်း၌ လမ်းလျှောက်နေရင်း အလေးအနက် စဉ်းစားခန်းဖွင့်နေမိသည်။

ရုတ်တရက် သူ၏ မျက်ဝန်းများ တောက်ပသွားပြီးနောက် လှည့်ပတ်ခုန်ပေါက်ရင်း ကြောင်အော်သံ၊ ခွေးဟောင်သံ၊ ကြွက်သံနှင့် ကျားဟိန်းသံများကို အတုခိုး၍ အသံမျိုးစုံ စတင်ပြုလုပ်လေတော့သည်။

[သင်သည် တိရစ္ဆာန်များ၏ အသံကို အတုခိုးခဲ့သဖြင့် ကျွမ်းကျင်မှုအသစ် အသံတုပြုလုပ်

ခြင်းကို တတ်မြောက်ခဲ့သည်။ ဇွဲနပဲဖြင့် လေ့ကျင့်ပါက တိရစ္ဆာန်အသံတုပြုလုပ်ခြင်း တိုးတက်မှုတန်ဖိုးများ မြင့်တက်လာမည်ဖြစ်ပြီး အဆင့်အမြင့်ဆုံးသို့ ရောက်ရှိပါက ဒုတိယအဆင့်သို့ မြင့်တက်သွားမည်ဖြစ်သည်။ အဆင့်ဆင့် တိုးတက်မှုအစဉ်မှာ တိရစ္ဆာန်အသံတုပြုလုပ်ခြင်း၊ တိရစ္ဆာန်ဘာသာစကား ကျွမ်းကျင်ခြင်း၊ ဖိနှိပ်မှု အတုယောင်ဖန်တီးခြင်း အမည်မသိ...]

[တိရစ္ဆာန်ဘာသာစကား ကျွမ်းကျင်ခြင်း: သင်သည် တိရစ္ဆာန်မျိုးနွယ်စုများ၏ ဘာသာစကားကို နားလည်နိုင်စွမ်း ရှိမည်ဖြစ်သည်]

[ဖိနှိပ်မှု အတုယောင်ဖန်တီးခြင်း: သင်သည် မိစ္ဆာသားရဲများ သို့မဟုတ် ထူးဆန်းသော သတ္တဝါများ၏ ဖိနှိပ်မှုစွမ်းအားကို အတုယောင်ဖန်တီးနိုင်မည်ဖြစ်သည်။ အဆင့်အတန်း မြင့်မားလာပါက အစစ်နှင့် အတု ခွဲခြားမရနိုင်လောက်အောင်ပင် အခြားသူများကို လှည့်ဖြားနိုင်ပေလိမ့်မည်]

ဟင် ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒုတိယအဆင့်အထိ အလွယ်တကူ တိုးတက်နိုင်မယ့် ဒုတိယမြောက် ကျွမ်းကျင်မှုအသစ်ပေါ့။ ပြီးပြည့်စုံသော ကလေးငယ်ရွှေရောင်အောင်မြင်မှုဆုကို ရဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။

ရွှီရန်သည် နောက်တစ်ကြိမ် အလေးအနက် ထပ်မံစဉ်းစားပြန်သည်။

ထိုစဉ် သူသည် ဒိုင်ပစ်လက်နက်များကို မြင်တွေ့သွား၏။

ငါ တစ်ချက်လောက် စမ်းကြည့်လို့ ရမလား။

စကားအဆုံးတွင် ရွှီရန်သည် ဒိုင်ပစ်လက်နက်ကို ကောက်ယူကာ သူ၏ လက်မောင်းကို အနည်းငယ် ရှထွက်သွားအောင် လှီးဖြတ်လိုက်သည်။ ထို့နောက် သူ၏ စိတ်စွမ်းအင်အားလုံးကို စုစည်းလျက် ကြောက်မက်ဖွယ်ကောင်းသော ၅၀၉ သွေးစွမ်းအင်တန်ဖိုးကို အသုံးချကာ ထိုဒဏ်ရာကို အမြန်ဆုံး အသားတက်လာစေရန် အာရုံပြုလိုက်တော့သည်။

မျက်လှည့်ပြနေသလား သို့မဟုတ် သူ၏ သွေးစွမ်းအင်ကပင် အဆမတန် ကြွယ်ဝနေသလား မသိရပေ။

ဒဏ်ရာမှာ ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်အတွင်းမှာပင် အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့သည်။

၎င်းမှာ အနာဖေးတက်သွားပြီး ချက်ချင်းပင် ကွာကျသွားခဲ့ချေပြီ။

တစ်ပြိုင်နက်တည်းမှာပင် သူ၏ စိတ်ထဲ၌ အချက်ပေးသံတစ်ခု ဟိန်းထွက်လာခဲ့၏။

[သင်၏ စိတ်ဝိညာဉ် ထိန်းချုပ်မှုအောက်တွင် ဒဏ်ရာသည် အလိုအလျောက် ပျောက်ကွယ်သွားခဲ့သဖြင့် ကျွမ်းကျင်မှုအသစ် ဒဏ်ရာအနည်းငယ်ကို ကုသခြင်းကို တတ်မြောက်ခဲ့သည်။ ဇွဲနပဲဖြင့် လေ့ကျင့်ပါက တိုးတက်မှုတန်ဖိုးများ မြင့်တက်လာမည်ဖြစ်သည်။ အဆင့်ဆင့် တိုးတက်မှုအစဉ် ဒဏ်ရာအနည်းငယ်ကို ကုသခြင်း အလွန်လျင်မြန်သော ပြန်လည်နာလန်ထူမှု ခြေလက်အင်္ဂါ ပြန်လည်ပေါက်ဖွားခြင်း သွေးတစ်စက်မှ ပြန်လည်ရှင်သန်ခြင်း အမည်မသိ...]

[အလွန်လျင်မြန်သော ပြန်လည်နာလန်ထူမှု: ဒဏ်ရာရရှိပြီးနောက်တွင် ကုထုံးဆေးရည်များ၏ အာနိသင်ကဲ့သို့ပင် အလွန်လျင်မြန်သော ပြန်လည်ကောင်းမွန်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်]

[ခြေလက်အင်္ဂါ ပြန်လည်ပေါက်ဖွားခြင်း: အကယ်၍ သင်၏ လက်မောင်း ဖြတ်တောက်ခံရပါက ၎င်းကို လျင်မြန်စွာ ပြန်လည်ဆက်နိုင်မည်ဖြစ်သည်။ သို့သော် သင်၏ သွေးစွမ်းအင်ကုန်ခမ်းသွားပါက ဤအစွမ်းကို အသုံးမပြုနိုင်တော့ပေ။

[သွေးတစ်စက်မှ ပြန်လည်ရှင်သန်ခြင်း: သွေးတစ်စက်တည်းရှိရုံမျှဖြင့် သင်၏ ရုပ်ကလာပ်ကို ပြန်လည် တည်ဆောက်နိုင်မည်ဖြစ်သည်]

“ဟား... မရည်ရွယ်ဘဲနဲ့တောင် အဆင့်မြင့် ပြန်လည်နာလန်ထူမှုကျွမ်းကျင်မှုကို တတ်မြောက်သွားတာပဲ ကောင်းတယ်။ အရမ်းကောင်းတယ် ငါက တကယ်ကို ပါရမီရှင်ပဲ”

ရွှီရန်သည် အလွန်အမင်း စိတ်လှုပ်ရှားဝမ်းသာနေပြီး မျက်နှာတစ်ခုလုံး ဝင်းပနေတော့သည်။ ဤကုသခြင်းကျွမ်းကျင်မှုမှာ အံ့ဩစရာကောင်းလှပေသည် ထို့ပြင် အသစ်ရရှိထားသော ကျွမ်းကျင်မှုသုံးခုလုံးမှာလည်း လေ့ကျင့်ရန် အလွန်လွယ်ကူလှသည်။

ကြည့်ရတာ ဒုတိယမြောက် ရွှေရောင်အောင်မြင်မှုဆု ပြီးပြည့်စုံသော ကလေးငယ်ကို ရဖို့ကတော့... သိပ်မလိုတော့ဘူး။

ရွှီရန်၏ ရင်ထဲတွင် ပီတိများ ဝေဖြာနေတော့သည်။

“ကလောက် ကလောက်”

သူ၏မိခင်မှာ အစားအသောက်များ ထည့်ထားသော ပန်းကန်ကို ကိုင်လျက် ဧည့်ခန်းထဲသို့ လမ်းလျှောက်ဝင်လာ၏။ တစ်ဖက်တွင်လည်း သူမသည် တီဗွီကိုဖွင့်ကာ မျက်နှာပြင်ကို အနက်ရောင်ပြောင်းထားပြီး အသံသတင်းမုဒ်ကို ပြောင်းလဲထားလိုက်သည်။

သူမက ရွှီရန်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်၏။

“သားလေး... ဘာတွေ ဒီလောက်တောင် ပျော်နေတာလဲ”

ရွှီရန်က ခေါင်းမော့ကြည့်လိုက်ပြီးနောက် ကြောင်အော်သံ၊ ခွေးဟောင်သံနှင့် ကျားဟိန်းသံများကို တခိခိနှင့် ပျော်ရွှင်စွာ အတုခိုးပြနေတော့သည်။

သူမက သဘောကျစွာ ရယ်မောလိုက်ပြီး “ဝါး... သားလေးက အသံတုတာ တော်သားပဲ မနက်ဖြန်ကျရင် သားရဲ့ညီမလေး လျိုလီကိုလည်း သင်ပေးလိုက်ဦးနော်”

ရွှီရန် : “...”

သူသည် မိခင်ဖြစ်သူကို လျစ်လျူရှုကာ အသံတုခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေတော့သည်။

“ဝုဖ် ဝုဖ် ဝုဖ်”

“မြောင် မြောင် မြောင်”

“ဂါး ဂါး ဂါး”

[သင်သည် ခွေးဟောင်သံ၊ ကျားဟိန်းသံနှင့် ကြောင်အော်သံများကို ဇွဲနပဲဖြင့် လေ့ကျင့်ခဲ့သဖြင့် တိရစ္ဆာန်အသံတုပြုလုပ်ခြင်းတိုးတက်မှု +၁၀၀ မှတ်... လက်ရှိတိုးတက်မှု ၁၀၀ / ၁၀၀၀၀...]

အသံတုပြုလုပ်ပြီးနောက် ရွှီရန်သည် ဇလုံတစ်ခုကို ရှာဖွေကာ ရေဖြည့်လိုက်ပြီး ၎င်းထဲသို့ မျက်နှာနှစ်ကာ အသက်အောင့်နေပြန်သည်။

မိခင်ဖြစ်သူက သူ့ကို အကြိမ်ကြိမ် ဆွဲတင်ကာ “သားလေး... ဒါက ဆော့လို့ကောင်းလို့လား”

ရွှီရန်ကမူ ခေါင်းမာစွာဖြင့် ဇလုံထဲသို့ ရေပြန်ဖြည့်ကာ မျက်နှာနှစ်၍ အသက်ပြန်အောင့်နေပြန်သည်။ သူမက ရွှီရန်မှာ သူမစကားကို နားမထောင်ဘဲ ဇွတ်လုပ်နေသဖြင့် အနည်းငယ် စိတ်တိုသွားပြီး “ရွှီရန်... ရေထဲ အရမ်းမစိမ်နဲ့နော်။ အအေးမိသွားရင်တော့ သားရဲ့ ကလေးဘဝကို အမှတ်တရဖြစ်သွားအောင် မေမေ ဆုံးမရလိမ့်မယ်” ဟု ပြောလိုက်သည်။

သို့သော် ရွှီရန်မှာမူ တုန်လှုပ်ခြင်းမရှိပေ။

[သင်သည် ရေအောက်တွင် အသက်အောင့်ခြင်းကို ဇွဲနပဲဖြင့် လေ့ကျင့်ခဲ့သဖြင့် ရေအောက် အသက်အောင့်ခြင်းတိုးတက်မှု +၁၀၀ မှတ်... လက်ရှိတိုးတက်မှု ၁၀၀ / ၁၀၀၀၀...]

ခွေးဟောင်သံ အတုပြုလုပ်ခြင်းနှင့် ရေအောက် အသက်အောင့်ခြင်းတို့ကို လူအများရှေ့တွင် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နိုင်သော်လည်း ဒဏ်ရာအနည်းငယ်ကို ကုသခြင်းကိုမူ ထိုသို့လုပ်၍ မရပေ။ အကယ်၍ မိခင်ဖြစ်သူ မြင်တွေ့သွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ ခန့်မှန်းရခက်လှသည်။

ထို့ကြောင့် ရွှီရန်သည် လူသူကင်းမဲ့သော ထောင့်တစ်နေရာ၌ ပုန်းကွယ်ကာ မိမိကိုယ်ကိုယ် လှီးဖြတ်၍ ဒဏ်ရာပေးပြီးနောက် ထိုဒဏ်ရာကို စိတ်ဖြင့် အာရုံပြုကာ ပြန်လည်ကုသနေတော့သည်။ တစ်နေ့လျှင် ဒဏ်ရာပေါင်း တစ်ရာခန့် မိမိကိုယ်ကိုယ် ပေးနေရသဖြင့် နာကျင်မှုကြောင့် ရွှီရန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး နဖူးမှ ချွေးစေးများ စီးကျနေသော်လည်း နောက်ဆုံးတွင် ထိုနေ့အတွက် တိုးတက်မှုမှတ်များကို ရရှိခဲ့သည်။

[သင်သည် ဒဏ်ရာကုသခြင်း အကျိုးသက်ရောက်မှုကို အကြိမ်ကြိမ် လှုံ့ဆော်ခဲ့သဖြင့် ဒဏ်ရာအနည်းငယ်ကို ကုသခြင်းတိုးတက်မှု +၁၀၀ မှတ်... လက်ရှိတိုးတက်မှု ၁၀၀ / ၁၀၀၀၀...]

အမလေး... အမလေး။

ဒီဒဏ်ရာတွေကို ကုသရတာက တကယ်ကို နှိပ်စက်တာပဲ။ အသားကို ထပ်ခါတလဲလဲ လှီးဖြတ်ရတာ။ နာလွန်းလို့ နဖူးမှာ ချွေးထွက်ပြီး ကျောတောင် စိမ့်သွားတာပဲ။

ကံကောင်းတာက ဒဏ်ရာပျောက်သွားရင် အမာရွတ် မကျန်ခဲ့တာပဲ။

ကြည့်ရတာ ငါ့ရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းက အတော်လေး အားကောင်းနေပြီ။ အံကြိတ်ပြီးတော့ပဲ ဆက်တိုက်ရမယ် အလွန်လျင်မြန်သော ပြန်လည်နာလန်ထူမှုကျွမ်းကျင်မှုက တကယ်ကို အသုံးဝင်လွန်းလို့ပဲ။

သန်မာလာစေရန်နှင့် ရွှေရောင်အောင်မြင်မှုဆုကို ရရှိရန်အတွက် ရွှီရန်သည် မည်သည့်အခက်အခဲကိုမဆို သည်းခံနိုင်စွမ်း ရှိပေသည်။

ဒဏ်ရာတစ်ရာလောက် လှီးဖြတ်ရတာက ဘာများ ခက်ခဲလို့လဲ။

တိုက်စစ်ဖွင့်စမ်း။

ကိုယ်ပိုင်စည်းကမ်းဖြင့် အရူးအမူး ကျင့်ကြံအားထုတ်နေရင်း အချိန်တို့သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းတစ်ရာမှာ လွင့်စင်သွားခဲ့ချေပြီ။

ယခုအခါ ရွှီရန်၏ အသက်မှာ ၇၀၇ ရက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ထူးခြားသော အချိန်ကာလတစ်ခု မဟုတ်သေးသဖြင့် သူသည် စည်းကမ်းတကျ ဆက်လက်ကျင့်ကြံနေဆဲပင်။

ည ၁၀ နာရီအချိန်။

ကျင့်ကြံအားထုတ်မှု၏ အသီးအပွင့်များကို ရိတ်သိမ်းရမည့်အချိန် ဆိုက်ရောက်လာခဲ့ပြီ

သူ၏ စိတ်အာရုံထဲတွင် အောင်မြင်မှု အချက်ပေးသံများမှာ တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် မြည်ဟည်းလာတော့သည်။

[သင်သည် တိရစ္ဆာန်အသံတုပြုလုပ်ခြင်းကို ဇွဲနပဲဖြင့် လေ့ကျင့်ခဲ့သဖြင့် တိုးတက်မှု +၁၀၀ မှတ်... လက်ရှိတိုးတက်မှု ၁၀၀၀၀ / ၁၀၀၀၀... အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိသွားသဖြင့် တိရစ္ဆာန်ဘာသာစကား ကျွမ်းကျင်ခြင်းအဆင့်သို့ အလိုအလျောက် မြင့်တက်သွားသည်...]

[သင်သည် ရေအောက်တွင် အသက်အောင့်ခြင်းကို ဇွဲနပဲဖြင့် လေ့ကျင့်ခဲ့သဖြင့် တိုးတက်မှု +၁၀၀ မှတ်... လက်ရှိတိုးတက်မှု ၁၀၀၀၀ / ၁၀၀၀၀... အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိသွားသဖြင့် ရေရှောင်အတတ်အဆင့်သို့ အလိုအလျောက် မြင့်တက်သွားသည်...]

[သင်သည် ဒဏ်ရာကုသခြင်း အကျိုးသက်ရောက်မှုကို အကြိမ်ကြိမ် လှုံ့ဆော်ခဲ့သဖြင့် ဒဏ်ရာအနည်းငယ်ကို ကုသခြင်းတိုးတက်မှု +၁၀၀ မှတ်... လက်ရှိတိုးတက်မှု ၁၀၀၀၀ / ၁၀၀၀၀... အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိသွားသဖြင့် အမြန်နာလန်ထူခြင်းအဆင့်သို့ အလိုအလျောက် မြင့်တက်သွားသည်...]

[ကျွမ်းကျင်မှုအဆင့်အတန်း နှင့် တိုးတက်မှု]

[တိမ်လွှာလှေကားခုန်ခြင်း အစဦးအဆင့် ၅၀၀ / ၁၀၀၀၀ ]

[မြက်ခင်းပေါ်ပျံ ကိုယ်ဖော့အတတ် အစဦးအဆင့် ၅၀၀ / ၁၀၀၀၀]

[အိမ်မြှောင် နံရံကပ်အတတ်အခြေခံအောင်မြင်မှု ၅၀၀ / ၁၀၀၀၀ ]

[ချို့ယွင်းချက်ကို ထိုးဖောက်မြင်ခြင်း အစဦးအဆင့် ၁၅၀၀ / ၁၀၀၀၀]

[လျှို့ဝှက်ခြေလှမ်း အခြေခံအောင်မြင်မှု ၅၀၀၀ / ၁၀၀၀၀]

[ရွှီ၏ လျှို့ဝှက်ဓားမြှောင် အခြေခံအောင်မြင်မှု ၅၀၀၀ / ၁၀၀၀၀]

[စက္ကူဝိညာဉ် ဆက်သွယ်ခြင်း အခြေခံအောင်မြင်မှု ၅၀၀၀ / ၁၀၀၀၀]

[စာအုပ်ပေါင်းသောင်းခြောက်ထောင် ဖတ်ရှုခြင်း ၃၀ / ၁၀၀၀၀]

[တိရစ္ဆာန်အစာကျွေးခြင်း ၁၀၀ / ၁၀၀၀၀]

[ကလေးငယ်၏ ခြိမ်းခြောက်မှု ၅၀၀၀ / ၁၀၀၀၀]

[သွေးစွမ်းအင်တန်ဖိုး ၆၀၉ / ၁၀၀၀]

[ဂုဏ်ယူပါသည် သင်သည် ဆန်းကြယ်သော ကျွမ်းကျင်မှု ၁၃ ခုကို တတ်မြောက်ခဲ့ပြီး ၎င်းတို့အနက် ၁၀ ခုကို ဒုတိယအဆင့်သို့ မြှင့်တင်နိုင်ခဲ့သဖြင့် ရွှေရောင်အောင်မြင်မှုဆု ပြီးပြည့်စုံသော ကလေးငယ်ကို ရရှိသွားပြီ ဖြစ်သည်]

[ပြီးပြည့်စုံသော ကလေးငယ် ရွှေရောင်အောင်မြင်မှုဆု: အရိုးအခြေခံတစ်ခုကို ကျပန်းထုတ်ယူခွင့် ရရှိမည်။ ကောင်းချီးမင်္ဂလာ ကံတရား +၃၀]

[ကောင်းချီးမင်္ဂလာ ကံတရား မြင့်မားလေလေ ရွှေရောင် အရိုးအခြေခံရရှိနိုင်ခြေ ပိုများလေလေ ဖြစ်သည်။ လက်ရှိ ရွှေရောင်အရိုးအခြေခံ ရရှိနိုင်ခြေမှာ ၁၀% ဖြစ်ပြီး ကောင်းချီးမင်္ဂလာ ကံတရား ၃၀၀ ကျော်ပါက ကြက်သွေးနီရောင် အရိုးအခြေခံကို ရရှိနိုင်သည့် အခွင့်အရေး ရှိပါသည်]

“ရက်ပေါင်း ၄၁၁ ရက်ကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ ဒုတိယမြောက် ရွှေရောင်အောင်မြင်မှုကို ငါ နောက်ဆုံးတော့ ရရှိခဲ့ပြီ တကယ်ကို မလွယ်ကူခဲ့ပါဘူး”

“ဒီရွှေရောင်အလင်းတန်း တိုင်းဟာ ငါ့ရဲ့ ကိုယ်ပိုင်စည်းကမ်းရှိတဲ့ ကျင့်ကြံမှုက ထွက်လာတဲ့ ချွေးစက်တွေနဲ့ ပေါင်းစပ်ထားတာပဲ”

တောက်ပနေသော ရွှေရောင်အလင်းတန်းများကို ကြည့်ရင်း ရွှီရန်၏ မျက်နှာထက်တွင် ထိန်းမနိုင်သိမ်းမရသော အပြုံးများ ပြန့်လွင့်လာတော့သည်။ ကြည်နူးပီတိဖြစ်မှုသည် သူ၏ ဦးနှောက်အာရုံကြောများအထိ စီးဝင်သွားပြီးနောက် ဟားတိုက်၍ ရယ်မောလိုက်လေသည်။

“နေလို့ကောင်းလိုက်တာ”

“ပြင်းထန်တဲ့ ကိုယ်ပိုင်စည်းကမ်း ကျင့်ကြံမှုတွေအပြီးမှာ ရလာတဲ့ အသီးအပွင့်တွေကို ငါ တကယ်မြတ်နိုးတယ်”

၄၀၀ ကျော်သော နေ့ရက်များနှင့် ညပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးစားခဲ့ရသည်များကို ပြန်လည်အောက်မေ့ရင်း သူဘယ်လိုလုပ် မပျော်ဘဲနေနိုင်မှာလဲ။

“တစ်ခုပဲ နှမြောဖို့ကောင်းတာက ငါ့ရဲ့ လက်ရှိ ကောင်းချီးမင်္ဂလာ ကံတရားက ၅၃ မှတ်ပဲ ရှိသေးတာပဲ... ဒါက တော်တော်လေး မြင့်မားနေပြီဆိုပေမဲ့ ကြက်သွေးနီရောင် အရိုးအခြေခံကို ရဖို့အတွက်တော့ အဝေးကြီး လိုနေသေးတယ်”

ရွှီရန်သည် ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်မိတော့သည်။

“ငါ့ရဲ့ ကောင်းချီးမင်္ဂလာ ကံတရားကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ရှာရမယ်။ အမှတ် ၃၀၀ ကျော်အထိ ရအောင် လုပ်ရမယ်”

“ကြက်သွေးနီရောင် ပြီးပြည့်စုံသော အရိုးအခြေခံကို ရယူနိုင်မှသာ ငါ့ရဲ့ အရည်အချင်းနဲ့ ဂုဏ်သိက္ခာနဲ့ ထိုက်တန်မှာ ဖြစ်တယ်”

ရွှီရန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

မိမိလက်ထဲတွင် စနစ်တစ်ခု ရှိနေပါလျက်နှင့် အကောင်းဆုံးနှင့် အမွန်မြတ်ဆုံးကို မရယူနိုင်ပါက ၎င်းမှာ အမှန်တကယ်ပင် နှမြောစရာကောင်းလှပေသည်။

ရွှီရန်၏ တောက်ပသော မျက်ဝန်းများမှာ စိတ်အားထက်သန်မှုနှင့် ယုံကြည်မှုများဖြင့် အရောင်တောက်နေတော့သည်။ သူ၏ အစီအစဉ်များမှာ အလွန်ပင် ရှင်းလင်းပြတ်သားပြီး မျှော်မှန်းချက်မှာလည်း ဝေးလံလှပေသည် ကြက်သွေးနီရောင် အရိုးအခြေခံမှလွဲ၍ အခြားမည်သည့် အရည်အသွေးရှိသော အရိုးအခြေခံကိုမျှ သူ မလိုချင်ပေ။

စကားလုံးလေးလုံးတည်းဖြင့် ဆိုရလျှင် “ပြီးပြည့်စုံမှု သက်သက်သာ”

“ဒါပေမဲ့ ဒီ ကောင်းချီးမင်္ဂလာ ကံတရားကို မြှင့်တင်ရတာက တော်တော်လေး စိန်ခေါ်မှုကြီးမားတာပဲ”

“ပထမဆုံး ရွှေရောင်အောင်မြင်မှုဆု နတ်လူသားအသွင်ကနေ အသက်နှစ်ဆယ်အရောက်မှာ စုစုပေါင်း ကံတရား ၁၂၀ မှတ် ပေးခဲ့တယ်။

ဒုတိယမြောက် ရွှေရောင်အောင်မြင်မှုဆု ပြီးပြည့်စုံသော ကလေးငယ်ကတော့ ကံတရား ၃၀ မှတ်ပဲ ထပ်တိုးပေးခဲ့တာ...”

All Chapters