← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

ရုတ်ချည်းပင်...

သူ့မျက်နှာထက်တွင် အတွေးပေါင်းစုံဖြင့် မေးခွန်းသင်္ကေတများ ပြည့်နှက်သွား၏။

ဟာသပဲ... ငါ့ရဲ့ သွေးစွမ်းအင် ၁၀၀၀ နဲ့တင် ဘယ်သူ့ကိုမဆို သတ်ဖြတ်ပစ်နိုင်တာပဲဟာ။

သူတို့တွေ ငါ့ရဲ့ ပင်ကိုယ်အရိုးစနစ်ကို ရှာမတွေ့ခဲ့ရင်တောင်မှ ဝင်ခွင့်စစ်ဆေးတဲ့သူတွေက ငါ့မှာ အဲဒီစနစ်ရှိတယ်လို့ပဲ ထင်ကြမှာပဲ။

ငါက ဘာလို့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေမိတာလဲ။

ရယ်စရာကောင်းလိုက်တာ။

ရွှီရန်သည် သူ့ဘာသာ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။

ထိုစဉ် သူသည် ချာ့ခ်ျပြည်ထောင်စုမှ ပါရမီရှင်ကလေးငယ် အာဒမ်အကြောင်း မကြာခဏ ဖော်ပြလေ့ရှိသည့် သတင်းများကို ပြန်လည်သတိရသွားသည်။

[မွေးရာပါ နတ်ဘုရားအစာအိမ်ပိုင်ရှင် အာဒမ်၏ ကျောက်သားသားရဲသားများကို စုပ်ယူနိုင်စွမ်းနှင့် အင်အားအဖြစ် ပြောင်းလဲနိုင်စွမ်းမှာ အနှိုင်းမဲ့အစာအိမ်ဟုပင် တင်စားရမည်။ တစ်ကမ္ဘာလုံးတွင် နံပါတ်တစ်ပင် ဖြစ်၏။ အသက်လေးနှစ်အရွယ်တွင် သွေးစွမ်းအင် ၅၄၆ မှတ်ရှိသဖြင့် လူသားအသွင်ဖြင့် နတ်သားရဲဟု ခေါ်ဆိုထိုက်ပေသည်။

နောက်ဆုံးရအချက်အလက်များအရ အသက်ငါးနှစ်အရွယ် အာဒမ်၏ သွေးစွမ်းအင်မှာ ၁၁၃၀ မှတ်ရှိနေပြီဖြစ်သည်။

အသက်ခြောက်နှစ်အရွယ် အာဒမ်၏ သွေးစွမ်းအင်မှာ ကောင်းကင်ကိုပင် စိန်ခေါ်နိုင်သော ၃၅၀၀ မှတ်အထိ ရောက်ရှိသွားပြီဖြစ်သည်။ သူသည် လူသားမှ ဟုတ်ပါလေစ။ နတ်ဘုရားများကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အနာဂတ်ဘုရင်ဟူသော ဘွဲ့ထူးနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။

ယခုအခါ အသက်ရှစ်နှစ်အရွယ်သို့ ရောက်ရှိလာပြီဖြစ်သော အာဒမ်၏ သွေးစွမ်းအင်မှာ ၅၇၀၀ မှတ်သို့ ရောက်ရှိသွားပြီဖြစ်၍ သူသည် သူ၏ကျင့်စဉ်လမ်းကို စတင်တော့မည် ဖြစ်သည်။ အသန်မာဆုံး ကျင့်ကြံသူဖြစ်လာဦးမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ချာ့ခ်ျပြည်ထောင်စုသည် အမှန်တကယ်ပင် ထာဝရ မီးရှူးတန်ဆောင်ကြီး ဖြစ်ပေတော့သည်]

အာဒမ်၏ ပါရမီနှင့်ဆိုလျှင် ရှမားနိုင်ငံအတွက် အန္တရာယ်ရှိနေပြီဖြစ်သည်။

အာဒမ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ပြည်တွင်းပြည်ပ မီဒီယာကြီးများကလည်း ဝိုင်းဝန်းချီးမွမ်းနေကြခြင်း ဖြစ်၏။

သို့သော် ရွှီရန်နှင့် နှိုင်းယှဉ်လိုက်လျှင်မူ အာဒမ်မှာ ကြက်ကလေးတစ်ကောင်ကဲ့သို့ အားနည်းလွန်းလှသည်။

အသက်ငါးနှစ်မှ သွေးစွမ်းအင် ၁၀၀၀ သာ ရှိသည့် အာဒမ်သည် ရွှီရန်၏ ခြေရာကိုပင် မှီနိုင်မည်မဟုတ်ပေ။

မှတ်သားစရာမှာ...

ရွှီရန်သည် အသက်သုံးနှစ်အရွယ်တွင်ပင် သွေးစွမ်းအင် ၁၀၀၀ သို့ ရောက်ရှိနေပြီဖြစ်ခြင်းပင်။

ထို့အပြင် နက်နဲသော ခြေလှမ်း၊ ရွှေမိသားစု ပျံလွှားဓားနှင့် စက္ကူဝိညာဉ် ဆက်သွယ်ခြင်းတို့တွင်လည်း ထူးချွန်သည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

အာဒမ်က ငါနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

"ဒါပေမဲ့ ငါ့ရဲ့ သွေးစွမ်းအင်က ၂၀၀ လို့ပဲ အပြင်ပန်းမှာ ဟန်ဆောင်ပြီး နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို တက်တာက အကောင်းဆုံးပဲ"

"ဘာပဲဖြစ်ဖြစ် အသက်သုံးနှစ်နဲ့ သွေးစွမ်းအင် ၁၀၀၀ ဆိုတာက လူတွေကို တုန်လှုပ်စေလွန်းတယ်"

"လောကကြီးက အန္တရာယ်များလှတယ်။ ကျောက်သားသားရဲတွေ၊ နာကြည်းနေတဲ့ နတ်ဘုရားတွေ၊ သရဲတစ္ဆေတွေ... ထင်ပေါ်လွန်းရင် မလိုလားအပ်တဲ့ ဒုက္ခတွေ ရောက်တတ်တယ်"

"ဒါ့အပြင် ငါ့နောက်ကွယ်မှာ အစောင့်အရှောက်လည်း မရှိသေးတော့ အစစအရာရာ ထိန်းထိန်းသိမ်းသိမ်း လုပ်ပြီးတော့ပဲ ထိပ်တန်းပါရမီရှင်တစ်ယောက်အဖြစ် နေတာက အကောင်းဆုံးပဲ"

"ငါ့မှာ အစောင့်အရှောက် အခိုင်အမာ ရှိလာမှသာ ငါ့ရဲ့ စွမ်းအားတွေကို အကန့်အသတ်မရှိ ပြသတော့မယ်"

"တစ်ဆင့်ချင်းစီပေါ့။ အရင်ဆုံး မူကြိုကျောင်းတက်မယ်။ ပြီးရင် အစောင့်အရှောက်ရှာမယ်။ အဲဒီနောက်မှာတော့ အနိုင်မခံအရှုံးမပေးတဲ့ အနေအထားနဲ့ အရာအားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်မယ်"

အဆင့်သုံးဆင့်ပါဝင်သော အစီအစဉ်ကို သူ၏ စိတ်ထဲတွင် ပဏာမ ဆုံးဖြတ်လိုက်သည်။

ရွှီရန်သည် သူ၏မျက်လုံးများကို အနည်းငယ် မှေးစပြုလာ၏။

တိုက်ဆိုင်လိုက်လေခြင်း။

လွန်ခဲ့သော ရက်ပေါင်းနှစ်ရာခန့်ကပင်...

လွန်ခဲ့သော ရက်ပေါင်းနှစ်ရာခန့်ကပင် သူသည် သာမန်အသွင်ဆောင်ခြင်းဟူသော စွမ်းရည်အသစ်ကို ရရှိခဲ့ပြီး ဖြစ်သည်။ ထိုစွမ်းရည်ကို ဒုတိယအဆင့်ဖြစ်သော ကိုယ်ရောင်ဖျောက်မြူမြုံအဆင့်အထိ ရောက်အောင်လည်း အပတ်တကုတ် လေ့ကျင့်ထားခဲ့သေး၏။

ကိုယ်ရောင်ဖျောက်မြူမြုံသည် မိမိ၏ သွေးစွမ်းအင်နှင့် ကျင့်စဉ်အဆင့်အတန်းတို့ကို ဖုံးကွယ်ထားနိုင်သည်။

"အသက်သုံးနှစ်မှာ သွေးစွမ်းအင် ၂၀၀ ဆိုရင်... ထိပ်တန်းအဆင့်မှာ ရပ်တည်ဖို့ လုံလောက်နေပါပြီ။ ဒါတင်ပဲ တော်ပါပြီ"

အမှန်အတိုင်းဆိုရသော် ရွှီရန်တွင် လျှို့ဝှက်ချက်များလွန်းပြီး သူ၏စွမ်းအားမှာလည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။

ထို့ကြောင့် အရာအားလုံးကို ထုတ်ပြနေရန် မလိုပေ။ ရှေးလူကြီးများ၏ ဆိုရိုးစကားရှိသည်မဟုတ်ပါလား။ မိမိ၏စွမ်းအားကို အမြဲတမ်း တစ်ဝက်ချန်ထားရမည်ဟုပင်။

သူ၏စွမ်းရည်အနည်းငယ်ကို ထုတ်ပြရုံမျှနှင့်ပင် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်နေနိုင်ပြီဖြစ်သည်။ အတင်းအဓမ္မ ထင်ပေါ်အောင်လုပ်စရာ မလိုပေ။ ယင်းမှာ လူတော်တို့၏ လုပ်ရပ်မျိုး မဟုတ်ချေ။

ထိုသို့တွေးတောရင်း ရွှီရန်မှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။

...

နောက်တစ်နေ့ နံနက် ရှစ်နာရီ မနက်စာ စားပြီးချိန်တွင်ပင် မေမေ့ထံသို့ ဖုန်းတစ်ကောင် ဝင်လာ၏။ ကျားမလေးနေမကောင်းဖြစ်၍ ဆေးရုံတင်လိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည်။

မေမေသည် အံ့အားသင့်သွားပြီး ရွှီရန်ကို ခေါ်ဆောင်ကာ ဆေးရုံသို့ အပြေးအလွှား သွားရောက်ကြည့်ရှုလေတော့သည်။

"လျူလီ့အမေ... ဘာတွေဖြစ်ကုန်တာလဲ"

ကျားမလေး၏ မိခင်ဖြစ်သူမှာ စိုးရိမ်တကြီးဖြင့် နဖူးတွင်လည်း ချွေးစက်များ ထွက်နေရှာသည်။

"ကျွန်မလည်း မသိဘူးရှင်။ အကောင်းကြီး ဆော့နေရင်းနဲ့မှ ရုတ်တရက်ကြီး ပုစွန်ထုပ်လို ကွေးသွားပြီး နာကျင်လွန်းလို့ မြေပြင်ပေါ် လဲကျသွားတာ။ အဲဒီမှာတင် သတိလစ်သွားတော့တာပဲ..."

သူမက မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်ရင်း "ရွှေရန့်အမေရယ်... ကျွန်မ တကယ် ကြောက်နေမိတယ်။ ကျွန်မမှာ ဒီကလေး တစ်ယောက်တည်း ရှိတာပါ..."

လင်းချန်းက သူမ၏ ကျောကို ပွတ်ပေးရင်း အားပေးစကား ပြောလိုက်သည်။

"စိတ်အေးအေးထားပါဦး။ လျူလီလေးက အမြဲတမ်း ကျန်းမာတဲ့ကလေးပဲဟာ။ တစ်ခုခု မှားစားမိတာလည်း ဖြစ်နိုင်တာပဲ။ ဘာမှ မဖြစ်ပါဘူး"

ဖျားနာနေသူ၏ ကုတင်ဘေးတွင်...

ရွှီရန်သည် ကျားမလေးကို ကြည့်ရန် ခြေဖျားထောက်နေရှာ၏။ သူ၏အရပ်မှာ ၁ ဒသမ ၂ မီတာသာ ရှိသဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျားမလေးကို လုံးဝ မမြင်ရပေ။

"မေမေ... သားကို ချီပေးပါဦး။ ညီမလေးကို ကြည့်ချင်လို့"

"အို... ကလေးရယ်။ အဒေါ်ဖြစ်သူကို အရင် အားပေးစကား ပြောရမှာပေါ့"

ရွှီရန်က ဇွတ်အတင်း ပူဆာလေတော့သည်။

"မေမေကလည်း... သားကို ချီပေးပါဆို မြန်မြန်၊ မြန်မြန်"

"အေးပါ။ အေးပါ... ချီပေးပါ့မယ်"

မေမေသည် ရွှီရန်ကို မနိုင်သဖြင့် ချီပေးလိုက်ရာ ဆရာဝန်များ ဝိုင်းနေသည့် အရေးပေါ်ကုတင်ပေါ်တွင် ကွေးကွေးလေး ဖြစ်နေသော ကျားမလေးကို မြင်လိုက်ရလေသည်။

ပုံမှန်ဆိုလျှင် ခွန်အားအပြည့်နှင့် တက်ကြွလှုပ်ရှားနေတတ်သော ကျားမလေး၏ ပုံရိပ်မှာ ယခုမူ လုံးဝ ပျောက်ကွယ်နေပြီဖြစ်သည်။

ကျန်ရစ်သည်မှာ ချက်ထားသည့် ပုစွန်ထုပ်ကြီးတစ်ကောင်ကဲ့သို့ ကွေးကွေးလေးဖြစ်နေသော ခန္ဓာကိုယ်နှင့် အဆမတန် ဖြူဖျော့အားနည်းနေသည့် မျက်နှာငယ်လေးသာ ဖြစ်၏။

ဆရာဝန်များမှာ သူမကို ပက်လက်လှဲခိုင်း၍ မရတော့သဖြင့် ဘေးတစောင်းသာ သိပ္ပံနည်းကျ လှဲထားရသည်။ သူမသည် ရံဖန်ရံခါတွင်လည်း တစ်ချက်နှစ်ချက် တုန်တက်သွားတတ်သေးရာ အလွန်အမင်း နာကျင်နေရသည်မှာ သိသာလှပေသည်။

ရွှီရန်က သူ၏မျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်ရင်း...

အသေးစိတ်အကဲခတ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။

ဒုတိယအဆင့်ရှိ အသေးစိတ်အကဲခတ်ခြင်းစွမ်းရည်ဖြင့်ဆိုလျှင် အားနည်းချက်များကိုပင် ထွင်းဖောက်မြင်နိုင်ရာ တစ်စုံတစ်ရာသော သဲလွန်စကိုတော့ သူ မြင်တွေ့နိုင်မည်သာ ဖြစ်၏။

မျက်လုံးများ စပ်ဖျဉ်းလာပြီး မျက်ရည်များပင် စီးကျလာသည့်တိုင် ရွှီရန် မြင်လိုက်ရပြီဖြစ်သည်

ကျားမလေး၏ ရင်ဘတ်ဆီမှ ကြက်သွေးနီရောင် အလင်းလုံးကြီးတစ်ခုမှာ ပြင်းပြင်းထန်ထန် ခုန်လှုပ်နေ၏။

ရွှေရောင်အလင်းတန်းတို့သည် ကျားမလေး၏ ခြေလက်အင်္ဂါများနှင့် ခန္ဓာကိုယ်အနှံ့မှ ရင်ဘတ်ဆီသို့ စီးဝင်နေကြသည်။

သို့သော် ၎င်းမှာ သွေးလှည့်ပတ်မှုကဲ့သို့ မဟုတ်ဘဲ နှလုံးအိမ်ရှိ ပင်ကိုယ်အရိုးစနစ်က နိုးထရှင်သန်ရန်အတွက် အပြင်ဘက်မှ အာဟာရနှင့် သွေးစွမ်းအင်တို့ကို လောဘတကြီး စုပ်ယူနေခြင်းသာ ဖြစ်သည်။

ကြက်သွေးနီရောင် ပင်ကိုယ်အရိုးစနစ်တစ်ခု ပေါက်ဖွားလာရန်အတွက် လိုအပ်သော အာဟာရဓာတ်မှာ အလွန်တရာမှ များပြားလှပေရာ ကျားမလေး၏ ခန္ဓာကိုယ်ငယ်လေးက ဘယ်လိုလုပ် လုံလောက်အောင် ပေးစွမ်းနိုင်မှာလဲ။

ထို့ကြောင့်ပင်... ထိုအရိုးစနစ်သည် ကျားမလေး၏ ခြေထောက်များမှစတင်ကာ ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများမှ အာဟာရနှင့် သွေးစွမ်းအင်များကို အတင်းအဓမ္မ စတင်ထုတ်ယူနေခြင်း ဖြစ်၏။

"ဒီလိုကိုး..."

ရွှီရန်သည် ခေတ်သစ်ကျင့်စဉ်စွယ်စုံကျမ်းထဲမှ နတ်ဘုရား၏ အပြစ်ပေးမှုဟူသော ယူဆချက်ကို ပြန်လည်သတိရသွားသည်။

အချို့သော အထူးပင်ကိုယ်အရိုးစနစ်များသည် မနိုးထမီအချိန်အထိ မည်သို့မျှ စမ်းသပ်စစ်ဆေး၍ မရနိုင်ပေ။

သို့သော် တစ်ခါက နိုးထလာပြီဆိုပါကလည်း ပိုင်ရှင်ဖြစ်သူ၏ သွေးစွမ်းအင် မလုံလောက်လျှင် ခြေလက်များနှင့် အတွင်းကမ္ဘာ အင်္ဂါအစိတ်အပိုင်းများဆီမှ သွေးစွမ်းအင်နှင့် အာဟာရများကို အတင်းအဓမ္မ စုပ်ယူပြီး နိုးထရန် ကြိုးစားတတ်ကြသည်။

ထိုသို့သော အခြေအနေမျိုးတွင် နိုးထမှုမှာ များသောအားဖြင့် ကျရှုံးတတ်စမြဲ ဖြစ်၏။

အကယ်၍ ပင်ကိုယ်အရိုးစနစ် နိုးထမှု ကျရှုံးသွားခဲ့ပါက အရိုးစနစ်မှာ မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားရုံတင်မကဘဲ ပိုင်ရှင်ဖြစ်သူကိုပါ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ သို့မဟုတ် လေဖြတ်ဝေဒနာရှင်အဖြစ်သို့ ရောက်ရှိသွားစေနိုင်သည်။

ယင်းမှာ ဘဝတစ်သက်တာအတွက် ကြေကွဲစရာ ကပ်ဘေးကြီးပင် မဟုတ်ပါလား။

ကျားမလေးမှာ ယခု ထို နတ်ဘုရား၏ အပြစ်ပေးမှုအခြေအနေနှင့် ကြုံတွေ့နေရခြင်း ဖြစ်ဟန်တူသည်။

အကြောင်းစုံကို သိမြင်သွားသည့် ရွှီရန်အနေဖြင့် ကျားမလေးကို မသန်စွမ်းဖြစ်သွားခြင်း သို့မဟုတ် အသက်ဆုံးရှုံးသွားခြင်းတို့မှ လက်ပိုက်ကြည့်နေရန် မဖြစ်နိုင်ပေ။

"မေမေ... ပါရမီရှင်တန်းဝင်ခွင့်ရုံးကို မြန်မြန်ဖုန်းဆက်လိုက်ပါ လျူလီက အရိုးစနစ် နိုးထလာတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အခု နတ်ဘုရားရဲ့ အပြစ်ပေးမှုနဲ့ ကြုံနေရတယ်လို့ ပြောလိုက်ပါ။

ပြီးတော့ အဆင့် ၇ ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ ကျောက်သားသားရဲရဲ့ စစ်မှန်သောသွေးစက် အမြန်ဆုံးလိုနေတယ်လို့ ပြော။ အခြေအနေက အရမ်းအရေးကြီးနေတယ်လို့လည်း အလေးအနက်ထားပြောဦးနော် နှောင့်နှေးနေရင် ပါရမီရှင်တစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်လို့ပါ ပြောလိုက်ပါ"

မေမေမှာ ဝေခွဲမရဖြစ်သွားပြီး "ဟင် နတ်ဘုရားအပြစ်ပေးမှုဆိုတာ ဘာလဲ။ ပြီးတော့ စစ်မှန်သောသွေးဆိုတာကရော ဘာကြီးလဲ"

"ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး မေမေ။ မြန်မြန်ဖုန်းဆက်လိုက်ပါ။ ညီမလေးကို အရင်ကယ်ရမယ်"

မေမေသည် သံသယရှိနေသေးသော်လည်း ရွှီရန်၏ တည်ကြည်လေးနက်လှသော မျက်နှာထားနှင့် ယုံကြည်မှုအပြည့်ရှိသော စကားများကို မြင်လိုက်ရသဖြင့် ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပြီ... မေမေ အခုပဲ ဖုန်းဆက်လိုက်မယ်"

“တီ... တီ... တီ...”

ဖုန်းခေါ်ဆိုသံမှာ တစ်ချက်ချင်း ထွက်ပေါ်နေသည်။

ထိုစောင့်ဆိုင်းနေရသော အချိန်အတွင်းဝယ်...

ဝင်ခွင့်ရုံးက လာရောက်ခြင်းမရှိမှာကို စိုးရိမ်သဖြင့် ရွှီရန်သည် ကျားမလေး၏ မိခင်ဖြစ်သူထံသို့ သွားကာ လေးလေးနက်နက် မှာကြားလိုက်ပြန်သည်။

“အဒေါ်ချန်း... ဆေးရုံမှာရှိတဲ့ ကျင့်ကြံသူတွေကို ကုသပေးနိုင်တဲ့ ဝါရင့်ကျွမ်းကျင် ဆရာဝန်ကြီးတစ်ယောက်ကို အမြန်သွားပင့်ပါ။ ဝါရင့်သူတစ်ယောက်ပဲ ဒီအခြေအနေကို သိနိုင်လိမ့်မယ်။ သူရောက်လာမှ ဖြစ်မယ်။ သူသာ အခြေအနေကို နားလည်သွားပြီဆိုရင် ဆေးရုံရဲ့ အဖိုးတန်အရင်းအမြစ်တွေကို အသုံးချပြီး ကူညီပေးနိုင်လိမ့်မယ်”

ကျားမလေး၏ မိခင်မှာမူ ဘာကိုမှ သံသယမဝင်တော့ဘဲ မျောနေသူ အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်ရသကဲ့သို့ စစ်ဘက်ဆိုင်ရာ ဆေးရုံရှိ ဝါရင့်ကျွမ်းကျင်သူကို အပြေးအလွှား သွားရောက်ရှာဖွေလေတော့သည်။

အခြားတစ်ဖက်တွင်မူ...

မေမေသည် ဖုန်းထဲသို့ အလေးအနက် ပြောကြားနေ၏။

“ဟုတ်ပါတယ်။ ပင်ကိုယ်အရိုးစနစ် နိုးထလာတာမို့လို့ အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။ အခု ကျင်းမြို့ စစ်ဘက်ဆိုင်ရာဆေးရုံ အရေးပေါ်ခန်း ၁၀၅ မှာ ရောက်နေပါတယ်။ ပါရမီရှင်

တစ်ယောက်ကို အဆုံးရှုံးမခံပါနဲ့ရှင်”

“စစ်ဘက်ဆိုင်ရာ ဆေးရုံမှာ ဟုတ်လား”

ပါရမီရှင်တန်း ဝင်ခွင့်ရုံးဘက်မှ လူမှာ အံ့အားသင့်သွားပြီး သိသိသာသာပင် အလေးအနက်ထားလာသည်။

“ကျွန်တော် ညွှန်ကြားရေးမှူးချင်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်...”

ဖုန်းကျသွားလေသည်။

မေမေသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း “သားလေး... သား မေမေ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ မေမေတော့ ဒီမှာ အကုန်ပုံအောပြီး ပြောလိုက်ပြီ”

ရွှီရန်ကမူ တည်ငြိမ်နေဆဲပင်။

ဝင်ခွင့်ရုံးက လူတွေနှင့် ဝါရင့်ကျွမ်းကျင်သူတွေသာ အသုံးမကျလွန်းသူများ မဟုတ်ကြပါက ဤအခြေအနေကို သေချာပေါက် ရိပ်မိကြပေလိမ့်မည်။

ဆယ်မိနစ်မျှအကြာတွင်...

ဝင်ခွင့်ရုံးမှ ညွှန်ကြားရေးမှူး ချင်သည် ဓာတ်ခွဲခန်းဝတ်စုံအဖြူနှင့် ဖရိန်အနက်ရောင် မျက်မှန်ကို တပ်ဆင်လျက် အမြန်ခြေလှမ်းများဖြင့် ရောက်ရှိလာသည်။

“ကျွန်မက ပါရမီရှင်တန်းက သုတေသနပညာရှင် ချင်လုပါ။ နိုးထလာတဲ့ ပါရမီရှင်ကလေးက ဘယ်မှာလဲ”

မေမေက “အရေးပေါ်ခန်းထဲမှာပါ။ ကျွန်မ လိုက်ပို့ပေးပါ့မယ်” ဟု ပြောကာ ခေါ်ဆောင်သွားသည်။

“တောက်... တောက်... တောက်...”

အလျင်စလို လျှောက်လှမ်းလာသော ခြေသံများပင်။

အရေးပေါ်ခန်း အပြင်ဘက်၌ ညွှန်ကြားရေးမှူး ချင်သည် တံခါးဝတွင် ရပ်ကာ လူခေါ်ဘဲလ်ကို တီးလိုက်သည်။

တာဝန်ကျ ဆရာဝန်သည် ညွှန်ကြားရေးမှူး ချင်၏ ဝတ်စုံကို ကြည့်ကာ ဝေခွဲမရဖြစ်နေရင်း “မင်္ဂလာပါ ဘာကိစ္စရှိလို့ပါလဲ”

ညွှန်ကြားရေးမှူးချင်က သူမ၏လည်ပင်းတွင် ဆွဲထားသော ကတ်ပြားကို လှန်ပြလိုက်သည်။

“အခြေအနေက ထူးခြားနေလို့ ဒီကလေးကို ကျွန်မ လွှဲယူပါ့မယ်”

သူမသည် အပိုရှင်းပြချက်များ မပြုလုပ်တော့ဘဲ ကျန်းလျူလီ၏ ဘေးသို့ အမြန်လျှောက်သွားသည်။

သို့သော် ကျန်းလျူလီ၏ အခြေအနေကို မြင်လိုက်ရသောအခါ သူမ၏မျက်မှောင်များမှာ မလိုလားဘဲ တင်းတင်းကြပ်ကြပ် ကြုတ်သွားလေတော့သည်။

“ဒါက နတ်ဘုရားရဲ့ အပြစ်ပေးမှုဖြစ်စဉ် အစစ်အမှန်ပဲ။ ဒီလိုမျိုး မြင်ဖူးတာ ဒါနဲ့ဆို ခြောက်ကြိမ်မြောက်ရှိပြီ။ ဒါပေမဲ့ ဘယ်လိုကုသရမလဲဆိုတာတော့ ကျွန်မလည်း မတတ်နိုင်ဘူး...”

“သူ့အတွက် အဆမတန်များပြားတဲ့ သွေးစွမ်းအင် လိုအပ်နေတာ။ ဒါပေမဲ့ လက်ရှိနည်းပညာနဲ့တော့ ဒီလောက်များတဲ့ သွေးစွမ်းအင်ကို ထောက်ပံ့ပေးဖို့ နည်းလမ်းမရှိသေးဘူး။

သူ့ဘာသာ နိုးထလာပြီး အဆင့် ၇ ကျောက်သားသားရဲသား တစ်တန်လောက်ကို တစ်ထိုင်တည်း စားပစ်နိုင်ရင်တော့ တစ်မျိုးပေါ့...”

“ဒါနဲ့... အဆင့် ၇ ကျောက်သားသားရဲရဲ့ စစ်မှန်သောသွေးဆယ်စက် ယူလာခဲ့ဖို့ ပြောလိုက်တဲ့ လူကြီးမင်းက ဘယ်သူလဲ။ သူ့မှာ ကုသနည်းရှိလို့လား။ ကျွန်မ စစ်မှန်သောသွေးချက်ယူလာခဲ့ပါပြီ။ သူ့ကို ကယ်နိုင်မယ့် နည်းလမ်းကို ပြောပြပေးကြပါဦး”

သူမသည် လင်းချန်းဘက်သို့ လှည့်၍ မေးလိုက်သည်။

မေမေ “...”

ရွှီရန် “...ဒါဆို နင်က ဘာမှလည်း မသိဘဲနဲ့ ဒီအတိုင်း အပြေးအလွှား ရောက်လာတာပေါ့”

ဒီသိပ္ပံပညာရှင်ကတော့ ကောင်းကင်ကို ပြောင်းပြန်လှန်ချင်နေတာပဲ။

All Chapters