← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

မေမေသည် လုံခြုံမှုမရှိဟု ခံစားနေရသည်မှာ အမှန်ပင်။

သူမကိုယ်တိုင် သေဆုံးသွားရသည်မှာ ကိစ္စမရှိသော်လည်း ရွှီရန်မှာမူ ရွှေမိသားစု၏ တစ်ဦးတည်းသော အမွေခံဖြစ်၏။ အန္တရာယ်များလှသော ဤကမ္ဘာလောကကြီးတွင် ရွှီရန် ဘေးကင်းလုံခြုံစွာ ကြီးပြင်းလာနိုင်ရန်အတွက်ဆိုလျှင် သူမ၏ သက်တမ်းနှစ်နှစ်ဆယ်နှင့် လဲလှယ်ရန်ပင် ဝန်လေးမည်မဟုတ်ပေ။

မေမေက ရွှီရန်ကို လှမ်းကြည့်လိုက်သည်။

ရွှီရန်က "မေမေ... မြန်မြန်သဘောတူလိုက်ပါ သား နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို သွားပြီး အဆင့်မြင့်ဆုံး ကျောက်သားသားရဲသားတွေကို အဝစားချင်တယ်" ဟု ပြောလိုက်သည်။

ကျားမလေးကလည်း ရွှီရန်၏နောက်မှနေ၍ ကြက်တူရွေးနှုတ်တိုက် လိုက်ပြောလေသည် "မေမေ... မြန်မြန်သဘောတူလိုက်ပါ သမီးလည်း နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို သွားပြီး အဆင့်မြင့်ဆုံး ကျောက်သားသားရဲသားတွေကို အဝစားချင်တယ်"

သူမသည် ချန်းလီကျန်းကို မျက်လုံးလေးများ တောက်ပလျက် ကြည့်နေရှာ၏။

"စားမယ်... စားမယ်... စားမယ် အားဝူး... အားဝူး"

သူမသည် ပါးစပ်လေးဟကာ အားရပါးရ ဟပ်စားပြသည့် အမူအရာလေး လုပ်ပြလိုက်သေးသည်။

ကျားမလေး၏ မိခင်က ခေါင်းငြိမ့်လိုက်၏။ သူမသည်လည်း နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း၏ ကမ်းလှမ်းချက်ကို များစွာ စိတ်ဝင်စားနေမိသည်။ လတ်တလော ဖြစ်ပျက်ခဲ့သည့် ကိစ္စက သူမကို အသိစိတ်လွတ်မတတ် ထိတ်လန့်သွားစေခဲ့သည် မဟုတ်ပါလား။

သူမသည် နတ်ဘုရားထံတွင် ဆုတောင်းခဲ့သော်လည်း မည်သည့်ထူးခြားမှုမျှ မရှိခဲ့ပေ။

အကယ်၍ ရွှီရန်သာ ဉာဏ်မကောင်းခဲ့လျှင် ဉာဏ်အလင်းပွင့် အရိုးစနစ်ကိုသာ မပိုင်ဆိုင်ခဲ့လျှင်... စာအုပ်တွေ အများကြီး မဖတ်ခဲ့လျှင် လျူလီလေးကို ယခုကဲ့သို့ အကျပ်အတည်းမှ ကယ်တင်ပေးနိုင်ခဲ့မည် မဟုတ်ပေ။

သာမန်အမျိုးသမီးတစ်ဦးအနေဖြင့် မည်မျှအထိ မျှော်လင့်ချက်ကင်းမဲ့နေမည်ကို သူမ မတွေးရဲတော့ပေ။ သူမကို စောင့်ကြိုနေမည့်အရာမှာ အေးစက်နေသော ကလေးအလောင်းငယ်လေးတစ်ခုသာ ဖြစ်နိုင်ပေသည်။

လျူလီလေးကို ထိုသို့သော အခြေအနေမျိုး နောက်တစ်ကြိမ် ထပ်မကြုံစေလိုတော့ပေ။ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းတွင်မူ ထိုကဲ့သို့သော ဘေးအန္တရာယ်များကို ဖယ်ရှားပေးနိုင်သည့် စွမ်းဆောင်ရည် ရှိပေသည်။

ထို့ကြောင့်ပင်...

မိခင်နှစ်ဦးမှာ မဆိုင်းမတွဘဲ ဆုံးဖြတ်လိုက်ကြသည်။

"ကျွန်မတို့ တက်ရောက်ဖို့ သဘောတူပါတယ်ရှင်"

ကျောင်းအုပ်ကြီးက ခပ်တိုးတိုး ရယ်မောလိုက်ရင်း "ဒါဆိုရင် အခုချက်ချင်းပဲ ဝင်ခွင့်စာရွက်စာတမ်းတွေကို လုပ်ဆောင်လို့ ရပါပြီ"

"ရှောင်လျူ... ဒီကိစ္စကို မင်းပဲ တာဝန်ယူလိုက်ပါ"

"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး"

နာရီဝက်ခန့်အတွင်း...

မွေးစာရင်းများ ကျန်းမာရေးထောက်ခံချက်များ ကိုယ်ရေးအချက်အလက်များနှင့် ကျောင်းဝင်ရန် လိုအပ်သော မိသားစုနောက်ခံ အခြေအနေများအားလုံးကို မှတ်တမ်းတင်ပြီးစီးသွားခဲ့သည်။

"ကောင်းပါပြီ။ အခု အိမ်ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ကြပါ မူကြိုကျောင်းကို စောစောလာခဲ့ကြဖို့လည်း မှာချင်ပါတယ်"

ကျောင်းအုပ်ကြီးသည် လင်းချန်းနှင့် ကျားမလေး၏ မိခင်တို့ အိမ်ပြောင်းရန်အတွက် လိုက်လံပို့ဆောင်ပေးရန် လုံခြုံရေးဝန်ထမ်းနှစ်ဦးကို ခေါ်ယူပေးခဲ့ပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။

အာဇာနည်မိသားစုဝင်များ နေထိုင်ရာ ဝင်းအတွင်း၌...

အိမ်အောက်ရှိ သစ်ပင်ရိပ်တွင် ထုံထုံ ၏ မေမေနှင့် ကျွမ်းကျွမ်း ၏ မေမေတို့အပါအဝင် အိမ်နီးချင်း မိခင်တစ်စုမှာ စုဝေးရောက်ရှိနေကြသည်။

"လျူလီ့မေမေ... ဒီမနက်တင် ဆေးရုံကို အပြေးအလွှား သွားလိုက်ရတယ်လို့ ကြားတယ်..."

"ကလေးရော နေကောင်းရဲ့လား"

"ကျွန်မတို့လည်း သစ်သီးဝယ်ပြီး လာကြည့်မလို့ပါပဲ ဒါပေမဲ့ အနှောင့်အယှက် ဖြစ်မှာစိုးလို့ မလာဖြစ်တာ"

ကျားမလေး၏ မိခင်က ပြုံးပြလိုက်ရင်း "အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်"

"ဟင် ရှောင်ရန့်မေမေ... ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ ကြည့်ရတာ ကျင့်ကြံသူတွေနဲ့ တူတယ်နော်"

လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာ ယူနီဖောင်းအပြာရောင်များကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင်လည်း တံဆိပ်များ တပ်ဆင်ထားကြသည်။ သူတို့၏ မျက်နှာထားမှာ တည်ကြည်လေးနက်လှသဖြင့် ဘေးပတ်ဝန်းကျင်မှ မိခင်များနှင့် ကလေးငယ်များမှာ ဖိအားတစ်ခုကို ခံစားလိုက်ကြရသည်။

လင်းချန်းနှင့် ကျားမလေး၏ မိခင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"အရာရှိတို့... ကျွန်မတို့ ပြောပြလို့ ရမလားဟင်"

လုံခြုံရေးဝန်ထမ်းနှစ်ဦးက ခေါင်းငြိမ့်ပြကာ "မင်္ဂလာပါရှင်။ ကျွန်တော်တို့က နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက တာဝန်ရှိသူတွေပါ"

"ကျန်းလျူလီနဲ့ ရွှီရန်တို့ဟာ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို တက်ရောက်ခွင့် ရရှိသွားကြပြီ ဖြစ်တဲ့အတွက် သူတို့ရဲ့ အိမ်ပြောင်းရွှေ့မှုကိစ္စတွေကို ကူညီပေးဖို့ လိုက်လာတာ"

ထိုစကားကို ကြားလိုက်ရချိန်တွင်...

မိခင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများအတွင်းဝယ် အံ့အားသင့်မှုများ ကြီးထွားလာလေတော့သည်။

"နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း"

"ဒါက... အကျော်ကြားဆုံး မူကြိုကျောင်း မဟုတ်လား"

"ကျွန်မ သိတယ် အဲဒါ တကယ့် ပါရမီရှင်ထူးတွေကိုပဲ ပျိုးထောင်ပေးတဲ့ နေရာလေ"

"သာမန် ပါရမီရှင်တွေကိုဆိုရင် သူတို့က လှည့်တောင်မကြည့်ဘူး။ သူတို့ရဲ့ ရည်မှန်းချက်က နတ်ဘုရားတွေနဲ့ ရင်ပေါင်တန်းနိုင်မယ့် အားကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ပျိုးထောင်ပေးဖို့ပဲ"

"ဒီစီမံကိန်းက အရမ်းနာမည်ကြီးတာ။ နိုင်ငံခြားမှာ အာဒမ်တို့ ရှိသလိုမျိုးပေါ့။ ကျွန်မတို့ ရှမားနိုင်ငံမှာတော့ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း ရှိတာပေါ့"

"ပြည်နယ်တစ်ခုမှာ ဒီလိုမူကြိုကျောင်း တစ်ကျောင်းပဲ ရှိပြီး တစ်ပြည်နယ်လုံးမှာ ပါရမီအရှိဆုံး ကလေးတွေကိုပဲ ရွေးချယ်တာ။ ပြီးတော့ အဆင့်မြင့်ဆုံး ကျောက်သားသားရဲသားတွေကို နေ့တိုင်း ကျွေးတာလေ... အဲဒီကျောင်းက ကလေးတွေဆိုရင် အသက်သုံးလေးနှစ်မှာတင် သွေးစွမ်းအင်က ရာဂဏန်းအထိ ရှိနေပြီ အာဒမ်ထက် ဘာမှ မနိမ့်ဘူး"

"ဒါဆိုရင် ရှောင်ရန်နဲ့ လျူလီလေးတို့ နှစ်ယောက်လုံး နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို ရွေးချယ်ခံလိုက်ရတာပေါ့"

မိခင်များသည် အံ့အားသင့်တကြီးဖြင့် တစာစာ ပြောဆိုနေကြတော့သည်။

လင်းချန်းနှင့် ကျားမလေး၏ မိခင်တို့က ခေါင်းငြိမ့်ပြလိုက်ကြသည်။

ထိုအခါ မိခင်များမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ရွှီရန်နှင့် ကျားမလေးကို အားကျကြည်နူးသော မျက်ဝန်းများဖြင့် ဝိုင်းကြည့်နေကြတော့သည်။

"ငါပြောသားပဲ... ရှောင်ရန်နဲ့ လျူလီလေးက ငယ်ငယ်ကတည်းက တခြားကလေးတွေနဲ့ မတူတာ"

"ရှောင်ရန်က ဒီလောက်အရွယ်နဲ့ကို ထူးထူးခြားခြား ဉာဏ်ကောင်းတာ။ လျူလီလေးကလည်း ကျန်းမာသန်စွမ်းလိုက်တာမှ တကယ့်ကို ပါရမီရှင်လေးတွေပဲ"

"ရှောင်ရန့်မေမေနဲ့ လျူလီ့မေမေတို့ကို တကယ်ပဲ အားကျမိပါတယ်ရှင်"

"ဒါကတော့ တခြားသူတွေရဲ့ ကလေးတွေ တော်ပုံပေါ့ကွယ်... တကယ့်ကို ထူးချွန်လွန်းကြပါတယ်"

"ငါ့သားလေးသာ သူတို့ရဲ့ ဆယ်ပုံတစ်ပုံလောက် တော်ရင် ငါသေပျော်ပါပြီအေ"

မိခင်များသည် အားကျစိတ် မနာလိုစိတ်တို့ဖြင့် ရောပြွမ်းကာ စိတ်လှုပ်ရှားနေကြတော့သည်။ လက်ရှိအခြေအနေမှာ သူတို့၏ ဘိုးဘေးဘီဘင်များကပင် ကောင်းချီးပေးလိုက်သကဲ့သို့ မိသားစုအတွက် ဂုဏ်ယူဝင့်ကြွစရာ ဖြစ်နေပြီး မဟာကံကောင်းခြင်းကို ရရှိလိုက်သကဲ့သို့ပင်။

"ချမ်းသာကြွယ်ဝပြီး ဂုဏ်ရှိလာတဲ့အခါ ကျွန်မတို့ကိုလည်း မမေ့ကြပါနဲ့ဦးနော် ရှောင်ရန့်မေမေတို့ရေ"

"ဂုဏ်ပြုပွဲ ဘယ်တော့လုပ်မလဲ ကျွန်မတို့ကိုလည်း ကံကောင်းခြင်းတွေ ဝေမျှပေးပါဦး ကျွန်မတို့လည်း ဘိုးဘေးတွေ မျက်နှာပွင့်ချင်လို့ပါ"

"လုပ်မှာပေါ့... အဆင်ပြေတဲ့အခါကျရင် သေချာပေါက် ပွဲလုပ်ပါ့မယ်"

ရွှေရန့်မေမေနှင့် ကျားမလေးမေမေတို့မှာ ရင်ထဲတွင် တိတ်တဆိတ် ကြည်နူးနေမိကြသည်။ သူတို့ကလေးတွေ၏ ပါရမီကြောင့် ယခုကဲ့သို့ လူတကာ၏ စိတ်ဝင်စားမှု အချက်အခြာဖြစ်လာမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ခန္ဓာကိုယ်ထဲရှိ ချွေးပေါက်ကလေးများအထိပင် ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားနေရသည်။

"အဟမ်း... အဟမ်း..."

လုံခြုံရေးဝန်ထမ်းများက နှစ်ချက်ခန့် ချောင်းဟန့်လိုက်ရင်း "အမျိုးသမီးတို့... ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ။ နေ့လယ်စာစားချိန် နောက်ကျလို့ မဖြစ်လို့ပါ"

လင်းချန်းနှင့် ချန်းလီကျန်းတို့က အကြိမ်ကြိမ် ခေါင်းငြိမ့်ပြလိုက်ကြသည်။

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့။ ကျောင်းအုပ်ကြီးလည်း ပြောထားတယ် ပါရမီရှင်တွေအတွက် ထမင်းတစ်နပ်စီတိုင်းက အဖိုးတန်တယ်ဆိုတာ..."

"ကျွန်မတို့ကလေးတွေက တစ်နှစ်တောင် နောက်ကျနေပြီဆိုတော့ ကျောက်သားသားရဲသား တစ်နပ်ချင်းစီတိုင်းကို တန်ဖိုးထားရမယ်လေ"

ထိုစကားကို ကြားသောအခါ မိခင်များက လမ်းဖယ်ပေးလိုက်ကြသည်။

"ဒါဆို ကျွန်မတို့ သွားတော့မယ်နော်။ အဆက်အသွယ်မပြတ်ပါနဲ့ဦး ရှောင်ရန့်မေမေ လျူလီ့မေမေ"

"ကောင်းပါပြီရှင်"

လင်းချန်းနှင့် ချန်းလီကျန်းတို့ သက်ပြင်းအသာချလိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် ယနေ့တွင် အိမ်နီးချင်းမိခင်များက အနည်းငယ် အဆမတန် တက်ကြွနေကြခြင်း ဖြစ်၏။

သို့သော်လည်း သူတို့ကလေးများ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း သို့ တက်ရောက်ရခြင်းမှာ တကယ့်ကို ဟိုးလေးတကျော် ဖြစ်စရာကိစ္စ မဟုတ်ပါလား။ ဤကျောင်းသို့ ဝင်ရောက်နိုင်ခြင်းမှာပင် အောင်မြင်မှု လမ်းစပေါ်သို့ စတင်တက်လှမ်းလိုက်ခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။

"ပြောင်းကြရအောင်... အရာရှိတို့လည်း ပင်ပန်းရကျိုးနပ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်"

“မပင်ပန်းပါဘူးဗျာ ဒါ ကျွန်တော်တို့ရဲ့ တာဝန်ပဲဥစ္စာ"

အိမ်ပြောင်းရွှေ့သည့်ကိစ္စမှာ တစ်နာရီမျှသာ ကြာမြင့်ခဲ့သည်။

သို့သော် ထိုတိုတောင်းလှသော တစ်နာရီအတွင်းမှာပင် အာဇာနည်မိသားစုဝင်များ နေထိုင်ရာဝင်းအတွင်းရှိ အိမ်နီးချင်းများမှာ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှ ပါရမီရှင်ထူးနှစ်ဦး ရှိနေသည်ဟု ကြားသိရသဖြင့် အပြေးအလွှား လာရောက်ကြည့်ရှုကြတော့သည်။

“သူပဲ... ငါအမှတ်ရသေးတယ် အဲဒီတုန်းက သူက ဆယ်ရက်သားလေးပဲ ရှိသေးတာ။ ငါ့ကိုကြည့်ပြီး အားရပါးရ ပြုံးပြနေတာလေ ငါကတော့ မချီရဲပါဘူး"

“နှမြောစရာပဲ အဲဒီတုန်းကသာ ချီခဲ့ရင် ခုလောက်ဆို ကံကောင်းခြင်းတွေ ရနေမှာ"

“ငါလည်း သူ့ကိုမှတ်မိတယ် ငယ်ငယ်ကတည်းက တကယ့်ကို ဉာဏ်ကောင်းပြီး ချောမောတဲ့ကလေးပဲ...”

အိမ်နီးချင်းများမှာ တမြုံ့မြုံ့ဖြင့် ဆွေးနွေးနေကြသည်။

“ကလေးမေမေရေ... ကလေးတွေ မဆော့တော့တဲ့ အရုပ်လေးတွေရှိရင် ကျွန်မတို့ကို ပေးခဲ့ပါလားဟင် ပါရမီရှင်လေးတွေရဲ့ ကံကောင်းခြင်းတွေကို ဝေမျှချင်လို့ပါ”

“အိမ်ထဲမှာ ယူမသွားတဲ့ အရုပ်တချို့ ကျန်ခဲ့ပါတယ် စိတ်ကြိုက်ယူသွားကြပါရှင်"

လင်းချန်း ကျားမလေးမေမေ ရွှီရန်နှင့် ကျားမလေးတို့သည် ကားပေါ်သို့တက်ကာ အပေါ်ထပ်ဆီသို့ လက်ညှိုးညွှန်ပြလိုက်ကြသည်။

အိမ်နီးချင်းများမှာ အပေါ်ထပ်သို့ အပြေးအလွှား တက်သွားကြတော့သည်။

အင်ဂျင်သံ ဟိန်းထွက်လာပြီး...

ကားလေးသည် ထွက်ခွာသွားလေပြီ။

ဦးတည်ရာမှာ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း ဆီသို့ပင်...

...

နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းသည် ကျင်းမြို့၏ ဗဟိုချက်မရှိ ပင်လယ်ရေမျက်နှာပြင်

အထက် မီတာတစ်ထောင်မြင့်သော ချီယွန်းတောင်ပေါ်တွင် တည်ရှိသည်။ တောင်ကုန်းများအကြားတွင် ဝှက်ဖုံးနေသော ဗီလာများ ရေကူးကန်များ အပြေးလမ်းများ ဖျော်ဖြေရေးခန်းမများနှင့် ကျောက်သားသားရဲခန်းမတို့ကို မြင်တွေ့နေရသည်။

ကျယ်ပြန့်သော ကတ္တရာလမ်းအတိုင်း တက်လှမ်းလာပြီးနောက်...

တင်းကြပ်လှသော လုံခြုံရေးစစ်ဆေးမှုများအပြီးတွင်မှ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခွင့် ရရှိတော့သည်။

သို့သော် စစ်ဆေးမှုများပြီးသည်နှင့် ကျောင်းအုပ်ကြီးကိုယ်တိုင် အဖွဲ့ဝင်အသစ်များကို လာရောက်ကြိုဆိုလေသည်။

“ကျင်းပြည်နယ် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကနေ ကြိုဆိုပါတယ်ဗျာ"

“နေ့လယ်စာစားချိန် နီးနေပြီဆိုတော့ အရင်ဆုံး ထမင်းစားခန်းမကို သွားကြတာပေါ့။ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှာတော့ အစားအသောက်က ပထမဦးစားပေးပဲ။

အသက်တစ်နှစ်သားမှာ ပါရမီရှိတဲ့ကလေးတွေဟာ ကျွန်တော်တို့ ကျွေးမွေးတဲ့ ကျောက်သားသားရဲသားတွေကြောင့် အသက်လေးနှစ်အရွယ်မှာ သွေးစွမ်းအင် ၃၀၀ ကနေ ၄၀၀ အထိ ရှိလာကြတာပါ"

ကျောင်းအုပ်ကြီးက ဂုဏ်ယူစွာ ပြောဆိုနေသော်လည်း ရွှီရန်မှာမူ တစ်ခုခုမှားယွင်းနေသည်ကို ရိပ်မိသွားသဖြင့် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်မိသည်။

ဒါက ယုတ္တိမရှိဘူး မဟုတ်လား။

အသက်တစ်နှစ်ကနေ လေးနှစ်အထိဆိုတာ အကြမ်းဖျင်း ရက်ပေါင်း ၁၁၀၀ ရှိတယ်။ သွေးစွမ်းအင် ၄၀၀ ပဲ တိုးလာတယ်ဆိုတော့ တစ်ရက်ကို သွေးစွမ်းအင် ၀.၄ မှတ်တောင် မပြည့်ဘူးပေါ့။

ဒါဆို ဒီကျောက်သားသားရဲသားက ငါ့အတွက် ဘာထူးမှာလဲ။

ငါက တစ်ရက်ကို ၀.၄ တိုးဖို့ လိုတာမဟုတ်ဘူး။ တစ်ရက်ကို ၁၂ မှတ် တိုးဖို့ လိုတာ

ငါ့ရဲ့ စင်ကြယ်သော ဝိညာဉ်ခန္ဓာအတွက် သတ်မှတ်ရက် ပြည့်ဖို့ ရက်ပေါင်း ၈၂၄ ရက်ပဲ ကျန်တော့တယ်။ သွေးစွမ်းအင် ၁၀၀၀၀ ကျော် လိုအပ်နေတာဆိုတော့ ပျမ်းမျှ တစ်ရက်ကို ၁၂ မှတ်ထက်မနည်း တိုးရမှာ။

မဟုတ်ရင်တော့ မစ်ရှင်က ရှုံးနိမ့်သွားလိမ့်မယ်။

ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက တခြားပါရမီရှင်တွေကို ကြည့်ရတာ တစ်ရက်ကို ၀.၄ ပဲ တိုးကြတာလား။

ရွှီရန်၏ မျက်မှောင်မှာ ပိုမိုတင်းကြပ်သွားသည်။

“ဖြစ်နိုင်တာက အဲဒီပါရမီရှင်တွေမှာ အရည်အချင်း မရှိလို့နေမှာပါ။ ငါသာ ဒီကျောင်းက ကျောက်သားသားရဲသားတွေကို စားရမယ်ဆိုရင် တစ်ရက်ကို ၂၀ မှတ်လောက် သေချာပေါက် တိုးလာမှာပဲ”

All Chapters