← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

ရွှီရန် အမှန်တကယ်ပင် ကောင်းမွန်လှသော အစီအစဉ်တစ်ခုကို စဉ်းစားမိသွားလေပြီ

ဤအစီအစဉ်သည် နောက်ဆုံးတွင် အောင်မြင်မည်လား မသေချာသော်လည်း စမ်းသပ်ကြည့်ရန်ကား ထိုက်တန်လှပေသည်။

တကယ်တော့ စိတ်ဝင်စားစရာကောင်းသည်မှာ ဤအစီအစဉ်၏ အစပြုရာသည် အာဒမ် ထံမှ ဖြစ်နေခြင်းပင်။ ဟုတ်ပါသည်... ဘုရားကျောင်းဂိုဏ်းပေါင်းစုံအဖွဲ့ချုပ်မှ ထိုပါရမီရှင် ကလေးငယ်ပင် ဖြစ်၏။

တစ်ခါက သတင်းတစ်ခုတွင် အာဒမ်အား "အစားအစာကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်း အလွန်မြင့်မားသူ အနှိုင်းမဲ့ နတ်ဘုရားအစာအိမ် ပိုင်ရှင်" ဟု ဖော်ပြခဲ့ဖူးသည်ကို ရွှီရန် မှတ်မိသွားခြင်း ဖြစ်သည်။

ထိုနတ်ဘုရားအစာအိမ်ဟူသော စကားလုံးက ရွှီရန်၏ အတွေးအမြင်ကို ရုတ်တရက် ပွင့်လင်းသွားစေခဲ့သည်။ ရဲတင်းလှသော အကြံတစ်ခုသည် သူ၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သကဲ့သို့ ပေါ်ပေါက်လာ၏။

ငါ့ရဲ့ အစာအိမ်ကိုလည်း တကယ့် နတ်ဘုရားအစာအိမ်အဖြစ် ဆင့်ကဲပြောင်းလဲလို့ ရမလား။

ဤအတွေးသည် စတင်ပေါက်ဖွားလာသည်နှင့် သူ၏စိတ်ထဲတွင် ဖျောက်ဖျက်မရအောင် စွဲထင်သွားတော့သည်။ အလျင်အမြန် ပြန်လည်နာလန်ထူခြင်းစွမ်းရည်ကိုတောင် ရခဲ့သေးတာပဲ အစာအိမ်ကရော ဘာလို့ မဖြစ်နိုင်ရမှာလဲ။

အောင်မြင်ဖို့ အခွင့်အလမ်း ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ရှိသည်။

ရှေ့ဆက်တိုးရုံသာ ရှိတော့သည်။

ရွှီရန်သည် စူးစိုက်သော အကြည့်တို့ဖြင့် ဆုံးဖြတ်ချက်ချလိုက်၏။ မနက်ဖြန်တွင် အစွမ်းကုန် ကြိုးစားကြည့်တော့မည်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူ ဘာမှမလုပ်ဘဲ အချိန်ကုန်ခံနေလို့ မဖြစ်ပေ။ အစီအစဉ်တစ်ခု စဉ်းစားမိလျှင် လက်တွေ့စမ်းသပ်ကြည့်ပြီး အမှားမှ သင်ခန်းစာယူရပေလိမ့်မည်။

မစမ်းသပ်ကြည့်ဘဲ မအောင်မြင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

ထို့ကြောင့် နောက်တစ်နေ့တွင်...

ရွှီရန်နှင့် သူ၏မေမေတို့သည် ထမင်းစားခန်းမသို့ စောစောစီးစီး ရောက်ရှိလာကြသည်။

"ဦးလေးကျောက်ရေ... ကျွန်တော် နှင်းကြံ့သား တစ်ပွဲလောက် စားချင်ပါတယ်"

ဦးလေးကျောက်၏ မျက်နှာထက်တွင် ကြင်နာသော အပြုံးများဖြင့် ပြည့်နှက်နေ၏။

"အော်... ရှောင်ရန်လေးပါလား။ ရော့... ဒီမှာ ကျောရိုးနားက အသားကို ယူသွား ဒါက ကြံ့တစ်ကိုယ်လုံးမှာ အာဟာရအရှိဆုံး အပိုင်းပဲ"

မူကြိုကျောင်း၏ စားဖိုမှူး ဦးလေးကျောက်သည် ရွှီရန် ရောက်လာသည့် ဒုတိယမြောက်နေ့မှာတင် သူ၏နာမည်ကို မှတ်မိနေခဲ့သည်။ အမှန်တော့ သူသည် ကလေးများနှင့် မိဘအားလုံး၏ နာမည်များကို အသေအချာ မှတ်မိနေသူ ဖြစ်၏။

"ကျေးဇူးတင်ပါတယ် ဦးလေးကျောက်"

"ကျေးဇူးတင်စရာ မလိုပါဘူးကွယ် အေးအေးဆေးဆေး စားနော်"

စားပွဲတွင် ထိုင်လိုက်ချိန်၌...

ရွှီရန်၏ မျက်နှာမှာ အလွန်တည်ကြည်လေးနက်နေသည်။

ယခင်ကကဲ့သို့ အားရပါးရ ငုံ့စားနေခြင်းမျိုး မဟုတ်တော့ဘဲ အသားတစ်ဖဲ့ကို ကိုက်ဖဲ့ကာ ဖြည်းဖြည်းချင်း မြိုချလိုက်သည်။ ထို့နောက် သူ၏ စိတ်စွမ်းအားအားလုံးကို အသုံးချကာ သူ၏ အစာအိမ်သည် အရှိန်အဟုန်ဖြင့် လှုပ်ရှားနေသည် အပြင်းအထန် အစာချေဖျက်နေသည် အစွမ်းကုန် စုပ်ယူနေသည် ဟု ပြင်းပြင်းထန်ထန် စိတ်ကူးပုံဖော်နေတော့သည်။

အချိန်သည် တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသော်လည်း မည်သည့် အသိပေးသံမျှ ထွက်ပေါ်မလာခဲ့ပေ...

ရွှီရန်၏ မျက်နှာတွင် စိတ်ပျက်ရိပ်များ စတင်ယှက်သန်းလာသည်။

ဒုက္ခပဲ။ မှော်ဆန်တဲ့ စွမ်းရည်တွေကို အစပျိုးလို့ မရတာလား။

မဟုတ်ဘူး... မဟုတ်သေးဘူး ငါ သေချာပေါက် စွမ်းရည်တွေကို အစပျိုးနိုင်ရမယ် ကိုယ့်ကိုယ်ကိုယ် သံသယမဝင်စမ်းနဲ့။

ငါ့ရဲ့ နည်းလမ်းက တစ်ခုခု လွဲချော်နေတာ ဖြစ်နိုင်တယ်။

ရွှီရန်သည် သူ၏ စိတ်ခံစားချက်ကို အမြန်ထိန်းညှိလိုက်ပြီး ဦးနှောက်ကို အရှိန်အဟုန်ဖြင့် အလုပ်ပေးလိုက်သည်။

အလျင်အမြန် ပြန်လည်နာလန်ထူခြင်းကို အစပျိုးတုန်းက ငါ့အရေပြားကို ငါ ကုတ်ခဲ့တာ။ အခု အစာအိမ်ရဲ့ အစာချေစနစ်ကို မြှင့်တင်ချင်တာဆိုတော့... ချေဖျက်ရခက်တဲ့ အရိုးတွေနဲ့ စမ်းကြည့်ရမလား။

ဤသို့ တွေးတောနေမိရင်း...

ရွှီရန်၏ မျက်ဝန်းအစုံမှာ ခေတ္တမျှ အရောင်တောက်ပသွားသည်။

"ငါကတော့ တကယ့်ကို ဉာဏ်ကောင်းလွန်းတာပဲ အရိုးတွေကို သုံးရမှာပေါ့"

သူသည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိ၏။

သူသည် မတ်တပ်ထရပ်ကာ ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားလိုက်သည်။

"ဦးလေးကျောက်... ကျွန်တော့်ကို အရိုးအတုံးသေးသေးလေးတွေ ပေးလို့ရမလားဟင် တိရစ္ဆာန်လေးတွေကို ကျွေးမလို့ပါ"

ဦးလေးကျောက်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။

"ဟင် အရိုးတွေကို တိရစ္ဆာန်လေးတွေကို ကျွေးမယ် ဟုတ်လား"

"ဟုတ်ကဲ့... လက်သည်းခွံလောက် အရွယ်အစားလေးတွေဖြစ်အောင် ခုတ်ပေးပါနော်"

ဦးလေးကျောက် "မရဘူးကွ... ဦးလေး အဲဒါတော့ မလုပ်ပေးနိုင်ဘူး။ ဦးလေးက မင်းတို့အတွက် တာဝန်ယူပေးရမှာလေ။ တကယ်လို့ မင်းက အမှတ်မထင် မျိုချမိလို့ နင်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီအခါကျရင် ဦးလေးက တာဝန်မယူနိုင်ဘူးကွ"

ဦးလေးကျောက်သည် ကြင်နာစွာပင် ခေါင်းခါလျက် ငြင်းပယ်လိုက်သည်။ ယခင်ကလည်း ဤကဲ့သို့ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသည် မဟုတ်ပါလား။ ကလေးငယ်များမှာ ဆော့ကစားရင်း အရိုးများကို မျိုချမိကာ လည်ပင်းတွင် နင်ပြီး သတိလစ်လဲကျသွားသည့် အဖြစ်အပျက်မျိုး ရှိဖူးပေသည်။

ကောင်းပြီလေ...

ရွှီရန်သည် မတတ်နိုင်သည့်အဆုံး မေမေ့ထံမှ အကူအညီတောင်းရတော့သည်။

"မေမေ... သားကို အရိုးအတုံးသေးသေးလေးတွေ ရအောင်လုပ်ပေးပါဦး သား တိရစ္ဆာန်လေးတွေကို ကျွေးချင်လို့ပါ"

ရွှီရန်ကို မွေးဖွားကတည်းက နှစ်နှစ်နှင့် ကိုးလတိုင်တိုင် ပြုစုစောင့်ရှောက်လာသည့် လင်းချန်းမှာ သားဖြစ်သူ၏ သဘာဝကို အသေအချာ နားလည်ပြီးသား ဖြစ်သည်။ သူသည် အသက်တစ်နှစ်သားအရွယ်ကတည်းက ထူးဆန်းသောအရာများကို ပါးစပ်ထဲသို့ တစ်ခါမျှ ထည့်လေ့မရှိခဲ့ပေ။ လျူလီလေးက အရုပ်အစိတ်အပိုင်းများကို ပါးစပ်ထဲ ထည့်တော့မည့်အချိန်တိုင်းပင် သူက အမြဲတမ်း တားဆီးပေးလေ့ရှိသည် မဟုတ်ပါလား။

ထို့ကြောင့် သူမသည် ရွှီရန်ကို လုံးဝယုံကြည်မှု ရှိနေသည်။

သူမသည် အဆင်သင့် ခုတ်ထစ်ထားသော အရိုးပန်းကန်ကို ချက်ချင်းပင် ယူလိုက်တော့၏။

ဦးလေးကျောက် "ကလေးကို ဂရုစိုက်ကြည့်ဦးနော်"

လင်းချန်းက အိုကေ ဟု လက်ဟန်ပြလိုက်ရင်း "လုံးဝ စိတ်မပူပါနဲ့ ဦးလေးကျောက်ရာ။ ကျွန်မသား ရှောင်ရန်က ဉာဏ်လည်းကောင်းတယ် တည်လည်းတည်ငြိမ်တယ်။ ငယ်ငယ်လေးကတည်းက ထူးဆန်းတာတွေ ဘာမှမစားဖူးဘူး အခုလည်း ပါးစပ်ထဲ လုံးဝထည့်မှာ မဟုတ်ပါဘူး"

သူမသည် မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိနေသည်။

"မေမေ့ကို ကျေးဇူးတင်ပါတယ် ချစ်တယ်နော်"

ရွှီရန်သည် ပျော်ရွှင်စွာ ပြုံးပြလိုက်ပြီး ကျန်နေသည့် နှင်းကြံ့သားများကို ပြောင်စင်အောင် စားပွဲတင်လိုက်သည်။

[သင်သည် စွမ်းအင်မြင့်မားသော အစားအစာကို စားသုံးခဲ့သည် သွေးစွမ်းအင် +၀.၅... လက်ရှိသွေးစွမ်းအင်: ၁၀၂၇.၅...]

နံနက်စာ စားပြီးနောက်...

သူသည် ကျောက်သားသားရဲ မွေးမြူရေးခြံရှိ တိရစ္ဆာန်များကို အစာကျွေးရန် မေမေ့ကို အတင်းခေါ်သွားလေတော့သည်။

[သင်သည် တိရစ္ဆာန်များကို အစာကျွေးခဲ့သည် တိရစ္ဆာန်အစာကျွေးမှု တိုးတက်မှုအမှတ် +၅၀ လက်ရှိတိုးတက်မှုအမှတ်: ၁၀၀/၁၀၀၀၀...]

နောက်ဆုံးတော့ တိရစ္ဆာန်အစာတွေကို အခမဲ့ ကျွေးခွင့်ရပြီပဲ အဆင့်မြင့် သားရဲလေ့ကျင့်သူစွမ်းရည်ကို ရဖို့ဆိုတာ လက်တစ်ကမ်းမှာပဲ မဟုတ်လား။

ရွှီရန်က ပြုံးဖြဲဖြဲဖြင့် ကျေနပ်နေသလို တစ်ဖက်တွင်လည်း အရိုးအတုံးသေးသေး ၁၀ တုံးခန့်ကို ခပ်တည်တည်ပင် အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

"ကျွေးလို့ ပြီးပြီလား သား"

ရွှီရန်က ခေါင်းငြိမ့်ပြကာ "ပြီးပြီ မေမေ လာ... အစာကြေအောင် လမ်းလျှောက်ကြရအောင်"

"ကောင်းပြီလေ"

မေမေသည် စိတ်ပျော်ရွှင်စွာဖြင့် ရှေ့မှ လမ်းလျှောက်သွားသည်။

မေမေ အာရုံလွဲနေခိုက် ရွှီရန်သည် အရိုးတစ်တုံးကို အမြန်ပင် မျိုချလိုက်လေသည်။ ထို့နောက် သူ၏ စိတ်စွမ်းအားအားလုံးကို အသုံးချကာ သူ၏ အစာအိမ်သည် အပြင်းအထန် လှုပ်ရှားနေသည် အပြင်းအထန် အစာချေဖျက်နေသည် အပြင်းအထန် စုပ်ယူနေသည်ဟု စိတ်ကူးပုံဖော်နေတော့သည်။

အမှန်အတိုင်းပြောရလျှင်... အဆင့် ၇ ကျောက်သားသားရဲ၏ အရိုးကို အစာအိမ်ထဲ ထည့်ထားရသည့် ခံစားချက်မှာ လုံးဝကို မသက်သာလှပေ မာကျောလှသော အရိုးကြောင့် အစာအိမ်မှာ အောင့်ကာ နာကျင်လာရသည်။

ရွှီရန်၏ နဖူးပေါ်တွင် ချွေးစက်များ စတင်ကျဆင်းလာတော့သည်။

သို့သော် သူသည် အံကို တင်းတင်းကြပ်ကြပ် ကြိတ်ကာ အာရုံစိုက်ထားပြီး အစာအိမ်အတွင်းမှ မသက်မသာဖြစ်မှုနှင့် နာကျင်မှုတို့ကို အသည်းအသန် အောင့်အည်းသည်းခံနေ၏။

အမှန်တကယ်ပင် လောကကြီးသည် ကြိုးစားအားထုတ်သူတို့ကို ဘယ်သောအခါမှ ပစ်ပယ်ခြင်း မရှိပေ။

နာရီဝက်ခန့် ပြင်းပြင်းထန်ထန် အားထုတ်ပြီးနောက်...

ရွှီရန်တစ်ယောက် အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေချိန်တွင်မှ...

သူ၏ စိတ်ထဲ၌ သူမျှော်လင့်စောင့်စားနေသော အသိပေးချက်သံသည် နောက်ဆုံးတွင် ထွက်ပေါ်လာလေတော့သည်

[သင်သည် ကျောက်သားသားရဲအရိုးကို ပထမဆုံးအကြိမ် အစာချေဖျက်ရန် ကြိုးစားခဲ့သည်။ သင်၏ စိတ်ဝိညာဉ်ထိန်းချုပ်မှုအောက်တွင် ရလဒ်ကောင်းများ ရရှိခဲ့ပြီး စွမ်းရည်အသစ်တစ်ခုဖြစ်သော သာမန်အစာချေစနစ်ကို အစပျိုးနိုင်ခဲ့ပြီ။ ကြိုးစားအားထုတ်မှုဖြင့် တိုးတက်မှုနှုန်းကို မြှင့်တင်နိုင်သည်။ အဆင့်ဆင့်ပြောင်းလဲမှု သာမန်အစာချေစနစ်၊ အာဟာရထုတ်ယူခြင်း၊ မဟာလဟာပြင်ကျမ်းစာ၊ မူလစွမ်းအင်ဝါးမြိုခြင်း...]

"ဟင်း... ထိရောက်သွားပြီဟေ့"

ရွှီရန်သည် အတိုင်းမသိ ဝမ်းသာသွားရသည်။ သူ၏ စိတ်အာရုံဖြင့် စွမ်းအင်အသစ်၏ အသေးစိတ် အချက်အလက်များကို ချက်ချင်းပင် စစ်ဆေးလိုက်၏။

[သာမန်အစာချေစနစ်: သင်၏ အစာချေဖျက်နိုင်စွမ်းမှာ တည်ငြိမ်စွာ တိုးတက်နေပြီး သာမန်

လူသားများထက် သာလွန်နေပြီဖြစ်သည်]

[အာဟာရထုတ်ယူခြင်း: သင် မည်သည့်အစားအစာကို စားသုံးသည်ဖြစ်စေ ၎င်းတွင်ပါဝင်သော အာဟာရတန်ဖိုးထက် အဆပေါင်းများစွာကို ထုတ်ယူနိုင်သည်]

[မဟာလဟာပြင်ကျမ်းစာ: အထူးအခြေအနေတစ်ခုကို အစပျိုးနိုင်ပြီး မိုင်တစ်ထောင်အတွင်းရှိ သက်ရှိစွမ်းအားများကို မိမိကိုယ်ကိုယ် အားဖြည့်ရန် ဆွဲယူနိုင်သည်]

[မူလစွမ်းအင်ဝါးမြိုခြင်း: သင်သည် အရာအားလုံးကို ဝါးမြိုနိုင်ပြီး ၎င်းတို့ကို အခြေခံအကျဆုံး မူလစွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်]

"ကောင်းပြီ... ကောင်းပြီလေ။ အသက်ငါးနှစ်မတိုင်ခင် သွေးစွမ်းအင် ၁၀,၀၀၀ ပြည့်ဖို့ဆိုတာ အလှမ်းဝေးတဲ့ အိပ်မက်မဟုတ်တော့ဘူး"

ရွှီရန်သည် သက်ပြင်းအသာချလိုက်ရင်း မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့လိုက်ရသည်။

[သင်၏ အစာအိမ်သည် ကျောက်သားသားရဲအရိုးကို မနားမနေ အစာချေဖျက်နေသည် သာမန်အစာချေစနစ် တိုးတက်မှုအမှတ် +၁ လက်ရှိတိုးတက်မှုအမှတ်: ၂/၁၀၀၀၀...]

တိုးတက်မှုအမှတ် +၁...

တိုးတက်မှုအမှတ် +၁...

အရိုးက လုံးဝအစာမကြေမချင်း သူ၏ အစာအိမ်ကတော့ အလုပ်လုပ်နေဦးမည်ဖြစ်သည်။ အနှိုင်းမဲ့ အစာအိမ်ကြီးဆိုတာ ဒါမျိုးပေါ့။

"ခဏလောက်တော့ သည်းခံပေးဦးနော် အစာအိမ်ကြီးရေ"

ရွှီရန်သည် နဖူးမှ ချွေးများကို သုတ်လိုက်၏။ အလွန်ပင် ပင်ပန်းနေသော်လည်း သူ၏မျက်နှာထက်တွင်မူ ပျော်ရွှင်ကြည်နူးသော အပြုံးများ ယှက်သန်းနေသည်။

ဗီလာသို့ ပြန်ရောက်သောအခါ...

ဧည့်ခန်းထဲတွင် ရွှီရန်သည် အစာအိမ်ထဲမှ မသက်မသာဖြစ်မှုကို အောင့်အည်းကာ တခြားသော စွမ်းရည်များကို စတင်လေ့ကျင့်တော့သည်။ စည်းကမ်းရှိသော ဘုရင်တစ်ပါးသည် အချိန်တစ်စက္ကန့်ကိုမျှ အလဟဿ အကုန်ခံမည် မဟုတ်ပေ။

ရှောင်ရန့်၏ လွှတ်ဓား၊ စက္ကူဝိညာဉ် ဆက်သွယ်ခြင်းအား သူသည် တစ်ခုပြီးတစ်ခု လေ့ကျင့်နေတော့သည်...

[ရှောင်ရန့်၏ လွှတ်ဓား မဟာအောင်မြင်မှုအဆင့် တိုးတက်မှုအမှတ်: ၆၀၅/၅၀၀၀၀...]

မှန်ပေသည်။

မဟာအောင်မြင်မှုအဆင့်သို့ ရောက်ရှိပြီးနောက် တိုးတက်မှုအမှတ်မှာ တစ်သောင်းမှ ငါးသောင်းအထိ မြင့်တက်သွားခဲ့သည်။ တစ်ရက်လျှင် အမှတ် ၁၀၀ သာ အကန့်အသတ်ဖြင့် ရနိုင်သဖြင့် ရက်ပေါင်း ၅၀၀ ခန့် ကြာမြင့်ပေလိမ့်မည်။

ထိုအချိန်ပိုကိုမူ ရွှီရန် ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် မဟာအောင်မြင်မှုအဆင့်ရှိ ရှောင်ရန့်၏ လွှတ်ဓားသည် အလွန်ပင် ထိတ်လန့်စရာကောင်းသော ဖျက်ဆီးအား ရှိနေသောကြောင့် ဖြစ်၏။ သွေးစွမ်းအင်ကို အသုံးချ၍ ပစ်လွှတ်လိုက်မည်ဆိုပါက အဆင့်မြင့် ရိုင်ဖယ်သေနတ်တစ်လက်၏ စွမ်းဆောင်ရည်နှင့် မခြားနားတော့ပေ။

တတိယမြောက် အဆင့်ဆင့်ပြောင်းလဲမှုဖြစ်သည့် နတ်ဘုရားလက်နက် ပစ်လွှတ်ခြင်းဆိုသည်မှာလည်း နာမည်ကို ကြားရရုံနှင့်ပင် ခန့်ညားလှသည်ဖြစ်ရာ အချိန်ပိုပေး၍ လေ့ကျင့်ရခြင်းမှာ သဘာဝကျလှပေသည် မဟုတ်ပါလား။

ထိုသို့ဖြင့် ရွှီရန်သည် အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်ဆောင်သည့် စည်းကမ်းအရှိဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

သူ၏ အစာအိမ်ကြီးမှာ အမြဲတမ်း စည်းကမ်းတကျ အစာချေဖျက်နေသလို... ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများမှာလည်း မနားမနေ အလုပ်လုပ်နေကြသည်။

တစ်ရက်ကုန်လွန်သွားပြီးနောက်...

ရွှီရန်သည် ပုံသေနည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည် ကျောက်သားသားရဲအရိုး လေးတုံးကို အစာချေဖျက်ခြင်းဖြင့် တိုးတက်မှုအမှတ် ၁၀၀ ကို အပြည့်အဝ ရရှိနိုင်သည်ဟူသောအချက်ပင်။

ဆိုလိုသည်မှာ နောက်ပိုင်းတွင် သူသည် အရိုးဆယ်တုံးအထိ တိတ်တဆိတ် သိုလှောင်ထားရန် မလိုတော့ဘဲ အရိုးသေးသေးလေး လေးတုံးရှိရုံဖြင့် တိုးတက်မှုအမှတ် ၁၀၀ ရနိုင်ပြီဖြစ်ရာ တကယ့်ကို ကျေနပ်စရာပင်။

[သင်၏ အစာအိမ်သည် တစ်နေ့တာလုံး ပင်ပင်ပန်းပန်း အစာချေဖျက်ခဲ့သည် သာမန်အစာချေစနစ် တိုးတက်မှုအမှတ်: ၁၀၀/၁၀၀၀၀...]

ကြည့်ရသည်မှာ ရက်ပေါင်း ၁၀၀ အတွင်း သူ၏ဘဝတွင် နောက်ထပ် အောင်မြင်မှု အသီးအပွင့်တစ်ခုကို ဆွတ်ခူးနိုင်ဦးမည် ဖြစ်သည်။

စည်းကမ်းရှိလှသော နေ့ရက်များအတွင်း...

အချိန်တို့သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့၏။

...

ကလေးဘဝ၏ ၁၁၁၃ ရက်မြောက်နေ့။

နံနက်ခင်း နိုးထလာချိန်တွင်...

ရွှီရန်သည် ကြည်နူးဖွယ်ကောင်းသော အသိပေးချက် အစီအစဉ်များကို ဆက်တိုက် ကြားလိုက်ရတော့သည်။

[သင်၏ အစာအိမ်သည် ရက်ပေါင်း ၁၀၀ တိုင်တိုင် ကျောက်သားသားရဲအရိုးများကို ကြိုးစားအားထုတ်၍ အစာချေဖျက်ခဲ့သည် သာမန်အစာချေစနစ် တိုးတက်မှုအမှတ်: ၁၀၀၀၀/၁၀၀၀၀... အမြင့်ဆုံးသို့ ရောက်ရှိသွားသဖြင့် ဒုတိယအဆင့်ဖြစ်သော အာဟာရထုတ်ယူခြင်း အခြေခံအဆင့်သို့ အလိုအလျောက် မြှင့်တင်ပြီးပါပြီ...]

[အာဟာရထုတ်ယူခြင်း အခြေခံအဆင့် တိုးတက်မှုအမှတ်: ၀/၁၀၀၀၀...]

[သင်သည် ရက်ပေါင်း ၁၀၀ တိုင်တိုင် တိရစ္ဆာန်များကို အစာကျွေးခဲ့သည် တိရစ္ဆာန်အစာကျွေးမှု တိုးတက်မှုအမှတ်: ၁၀၀၀၀/၁၀၀၀၀... အမြင့်ဆုံးသို့ ရောက်ရှိသွားသဖြင့် ဒုတိယအဆင့်

ဖြစ်သော အဆင့်မြင့် သားရဲလေ့ကျင့်ခြင်း အခြေခံအဆင့်သို့ အလိုအလျောက် မြှင့်တင်ပြီးပါပြီ...]

[အဆင့်မြင့် သားရဲလေ့ကျင့်ခြင်း အခြေခံအဆင့်: ၀/၁၀၀၀၀...]

"သိသိသာသာ တိုးတက်လာပြီဟေ့"

ရွှီရန်သည် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။ သူသည် အခြားသော မှော်ဆန်သည့် စွမ်းရည်များကိုလည်း တစ်ချက်ကြည့်လိုက်၏။

[သားရဲဘာသာစကား ကျွမ်းကျင်မှု အခြေခံ: ၁၀၀၀၀/၁၀၀၀၀... အမြင့်ဆုံးသို့ ရောက်ရှိ အလတ်တန်းစားအဆင့်သို့ မြှင့်တင်ပြီး]

[ရေလွှဲအတတ်ပညာ အလတ်တန်းစား: ၀/၁၀၀၀၀...]

[အားနည်းချက်ကို ထိုးဖောက်ခြင်း အလတ်တန်းစား: ၀/၁၀၀၀၀...]

[မိုးတိမ်လှေကား ခုန်ခြင်း အလတ်တန်းစား: ၀/၁၀၀၀၀...]

[အိမ်မြှောင် နံရံကပ်အတတ် အလတ်တန်းစား: ၂၀၀၀/၁၀၀၀၀...]

[အလျင်အမြန် ပြန်လည်နာလန်ထူခြင်း အခြေခံ: ၈၀၀၀/၁၀၀၀၀...]

[ဆန်းကြယ်သော ခြေလှမ်း မဟာအောင်မြင်မှု: ၁၀၅၀၀/၅၀၀၀၀...]

[မြက်ဖျားပေါ် ပျံဝဲသည့် ပေါ့ပါးအတတ် မဟာအောင်မြင်မှု: ၁၁၀၀၀/၅၀၀၀၀...]

[ရှောင်ရန့်၏ လွှတ်ဓား မဟာအောင်မြင်မှု: ၁၀၆၀၀/၅၀၀၀၀...]

[စက္ကူခေါက်ဝိညာဉ် ဆက်သွယ်ခြင်း မဟာအောင်မြင်မှု: ၁၀၂၀၀/၅၀၀၀၀...]

[ကလေးခြောက်လှန့်ခြင်း: ၈၆၀၀/၁၀၀၀၀...]

[စာအုပ်တစ်သောင်း ဖတ်ရှုခြင်း: ၁၀၀၀/၁၀၀၀၀...]

"မဟာအောင်မြင်မှုအဆင့်ရောက်နေတဲ့ စွမ်းရည် လေးခုတောင် ရှိနေပြီပဲ ကိုယ်ခံပညာ၊ ပေါ့ပါးအတတ်၊ တိုက်ခိုက်ရေးစွမ်းရည် ၂ ခု... တကယ့်ကို ပြည့်စုံလွန်းတယ်"

သို့သော်လည်း...

စည်းကမ်းရှိမှု၏ အသီးအပွင့်များစွာထဲတွင် ရွှီရန် စိတ်အစွဲလမ်းဆုံးနှင့် အာရုံအစိုက်ဆုံးအရာမှာ အာဟာရထုတ်ယူခြင်းပင်။

သူသည် ငါးတစ်ကောင်ကဲ့သို့ အိပ်ရာပေါ်မှ ဖျတ်ခနဲ ခုန်ထလိုက်သည်။ သွားတိုက် မျက်နှာသစ်ပြီးနောက်တွင်မူ မေမေ့ကိုဆွဲကာ ထမင်းစားခန်းမဆီသို့ ဦးတည်လိုက်တော့သည်။

“အများကြီး မမျှော်လင့်ပါဘူး... အခြေခံအဆင့် အာဟာရထုတ်ယူခြင်းဆိုတော့ စုပ်ယူမှုနှုန်း ဆယ်ဆလောက် တိုးသွားရင်ပဲ ကျေနပ်ပါပြီ ဒါက သိပ်များလွန်းတဲ့ တောင်းဆိုမှု မဟုတ်ပါဘူးနော်”

သူ့ရှေ့မှ အဆင့် ၇ နှင်းကြံ့သားပန်းကန်ကို ကြည့်ရင်း ရွှီရန်သည် အသက်ကို ပြင်းပြင်းရှူလိုက်မိတော့သည်။

All Chapters