← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

[မှောင်မည်းလှသော ညဉ့်နက်သန်းခေါင်တွင် သင်သည် အာရုံထွေပြားစရာအားလုံးကို လျစ်လျူရှု၍ ပစ်မှတ်ကို အတိအကျ ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။ စွမ်းရည်အသစ်တစ်ခုကို အောင်မြင်စွာ ရရှိခဲ့သည် ညဉ့်နက် အာရုံစူးစိုက်မှု။ အဆင့်တိုးတက်မှု အစီအစဉ်: ညဉ့်နက် အာရုံစူးစိုက်မှု၊ ညနက်မှောင်ရီ လုပ်ကြံသူ၊ အမှောင်နယ်ပယ်၊ အမှောင်ပင်မရင်းမြစ်...]

[ညဉ့်နက် အာရုံစူးစိုက်မှု: ညအချိန်တွင် သင်၏ အာရုံစူးစိုက်နိုင်စွမ်း မြင့်တက်လာမည်။ အခြေခံအဆင့်တွင် ၂၀ ရာခိုင်နှုန်း အဆင့်ငယ်တွင် ၄၀ ရာခိုင်နှုန်း အောင်မြင်မှုအဆင့်တွင် ၆၀ ရာခိုင်နှုန်းနှင့် ပြီးပြည့်စုံခြင်းအဆင့်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်မည်]

[ညနက်မှောင်ရီ လုပ်ကြံသူ: ညအချိန်တွင် သင်၏ ခံနိုင်ရည် ဖျက်ဆီးအား တုံ့ပြန်မှုနှုန်းနှင့် ပြန်လည်ကုစားနိုင်စွမ်းတို့သည် သာမန်ထက် ၃ ဆမှ ၁၀ ဆအထိ မြင့်မားလာမည်]

[အမှောင်နယ်ပယ်: သင်သည် အမှောင်ထုကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို ဝါးမြိုကာ သင့်ကို ဗဟိုပြုသည့် တိုက်ခိုက်ရေးနယ်ပယ်တစ်ခု ဖန်တီးနိုင်မည်]

[အမှောင်ပင်မရင်းမြစ်: သင်သည် အမှောင်ထု၏ မူလအစစွမ်းအင်ကို သိမ်းပိုက်၍ စိတ်ကြိုက်အသုံးပြုနိုင်မည်]

"ဟင်... ဒီတစ်ခါ စွမ်းရည်ပုံစံက တကယ့်ကို ကွဲထွက်နေပါလား"

ရွှီရန် အနည်းငယ် အံ့အားသင့်သွားသည်။ ဤစွမ်းရည်သစ်၏ ပထမအဆင့်မှာ ယခင်စွမ်းရည်များနှင့်ယှဉ်လျှင် အစပြုသည့် အမြင့်ချင်း လုံးဝမတူပေ။

သူ ရရှိထားသော ယခင်စွမ်းရည်များကို ပြန်လည်စဉ်းစားကြည့်လျှင် ပထမဆုံး စတင်ရရှိချိန်တွင် ၎င်းတို့မှာ အခြေခံ လူနေမှုစွမ်းရည်များသာ ဖြစ်သည်။ ဥပမာ အမြန်တက်ခြင်း၊ပုန်းတမ်းကစားခြင်း၊ အပြေးမြန်ခြင်း စသည်ဖြင့်... မည်သည့်ကလေးမဆို တတ်မြောက်နိုင်သော သာမန်အရည်အချင်းများသာ ဖြစ်သည်။ ရွှီရန်ကသာ တိုးတက်မှုမှတ် ၁၀,၀၀၀ ပြည့်အောင် ဇွဲနပဲဖြင့် လေ့ကျင့်ခဲ့သဖြင့် ဒုတိယအဆင့်သို့ ခုန်တက်ကာ စစ်မှန်သော နတ်ဘုရားအတတ်များ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုစွမ်းရည်မှာမူ... ပထမအဆင့်ကတည်းက နတ်ဘုရားအတတ် အဖြစ်နှင့် စတင်နေခြင်း မဟုတ်ပါလား။

"ငါ စာတွေအများကြီးဖတ်ပြီး နားလည်နိုင်စွမ်းမြင့်တက်လာလို့ အကျိုးကျေးဇူးတွေ စတင်

ခံစားနေရတာလား။ ဒါမှမဟုတ် တခြားအကြောင်းအရင်းတစ်ခုခု ရှိနေလို့လား"

"အကယ်၍ နားလည်နိုင်စွမ်းကြောင့်ပဲဆိုရင်လည်း တစ်ခုခုတော့ လွဲနေသလိုပဲ။ ဘာလို့လဲဆိုတော့ ခုနကရတဲ့ သေချင်ယောင်ဆောင်တဲ့အတတ်တောင် သာမန် သေချင်ယောင်ဆောင်ခြင်း ကနေပဲ စခဲ့တာလေ..."

ရွှီရန်သည် မျက်ခုံးပင့်လိုက်မိရင်း အလေးအနက် စဉ်းစားနေမိတော့သည်။

"သဘောပေါက်ပြီ ညဉ့်နက် အာရုံစူးစိုက်မှုကို ရရှိဖို့အတွက် လိုအပ်တဲ့ သတ်မှတ်ချက်တွေက တော်တော်လေး တင်းကျပ်ပြီး စတင်ဖို့ ခက်ခဲတဲ့အတွက်ကြောင့်မို့လို့ ပထမအဆင့်မှာတင် ဒီလောက်အထိ အစွမ်းထက်နေတာ ဖြစ်ရမယ်"

"ဘာပဲဖြစ်ဖြစ်... တကယ့်ကို အသုံးဝင်တဲ့ စွမ်းရည်တစ်ခု ထပ်ရလိုက်တာပဲ"

"တကယ်ကိုပဲ ဘဝဆိုတာ အံ့ဩစရာတွေနဲ့ ပြည့်နေတာပဲ။ တစ်နေကုန် စာဖတ်ပြီးတဲ့နောက် ညဘက်မှာ စွမ်းရည်သစ် နှစ်ခုတောင် ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

"စာဖတ်ခြင်းက လူတစ်ယောက်ကို တကယ်ပဲ ကံကောင်းစေတာများလား"

ရွှီရန်သည် ထိုစကားပုံကို ရုတ်တရက် သတိရသွားကာ ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။

"စာဖတ်တာက တခြားသူတွေကို ကံကောင်းစေသလားတော့ မသိဘူး။ ဒါပေမဲ့ စာဖတ်ခြင်းက ငါ့ကိုတော့ သေချာပေါက် အမြဲတမ်း ပိုပြီး သန်မာလာစေမှာပဲ"

"ဒါဆိုရင်တော့... စည်းကမ်းကို အရင်ကထက် ပိုပြီး မြှင့်တင်ရတော့မယ်။ နေ့ဘက်မှာ စာကြည့်တိုက်သွားပြီး စာအုပ်တွေ ငှားလာမယ်။ ညဘက်ကျရင် ဆက်ပြီး ဖတ်မယ်"

သူသည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်ရင်း...

ရွှီရန်မျက်လုံးများမှာ ရုတ်တရက် တောက်ပသွားသည်။

"တကယ့်ကို ကောင်းမွန်တဲ့ အကြံဉာဏ်ပဲ"

"အကယ်၍ ငါက နေ့ဘက်မှာပဲ စာအုပ် ငါးဆယ် ဖတ်မယ်ဆိုရင် စာအုပ်ပေါင်း ထောင်ချီဖတ်ရှုခြင်းကို ဒုတိယအဆင့်ဖြစ်တဲ့ အဆင့်မြင့် နားလည်နိုင်စွမ်းအဖြစ် ပြောင်းလဲဖို့ ရက်ပေါင်း ၁၄၅ ရက် ကြာလိမ့်မယ်။ ဒါပေမဲ့ ငါက တစ်နေ့ကို စာအုပ် ခုနစ်ဆယ်အထိ ရအောင်ဖတ်မယ်ဆိုရင်တော့ ၉၉ ရက်ပဲ ကြာတော့မှာ"

"ကိုးဆယ့်ကိုးရက်... တကယ့်ကို လှပပြီး ရင်းနှီးနေတဲ့ ဂဏန်းလေးပဲ"

"ကောင်းပြီ... ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်။ စည်းကမ်းရှိခြင်းဆိုတာ ငါ့အတွက် အသက်ရှူနေရသလိုမျိုး အသားကျနေပြီပဲ"

မွေးကတည်းက စည်းကမ်းအလွန်ရှိခဲ့သည့် ရွှီရန်သည် အခြားသူများ၏ ကိစ္စရပ်များကို ဂရုမစိုက်တော့ပေ။ သူသည် ယခင်ကထက် ပိုမိုပြင်းထန်လှသော စည်းကမ်းထိန်းသိမ်းမှု အစီအစဉ်သစ်တစ်ခုကို စိတ်ထဲတွင် တိတ်တဆိတ် ရေးဆွဲလိုက်တော့သည်။

ထို့နောက် လေ့ကျင့်ရေး လေးမြား ၁၀၀ ခန့်ကို ခြင်းတောင်းထဲသို့ အသာအယာ ထည့်လိုက်ပြီး ဧည့်ခန်းထဲသို့ အေးအေးဆေးဆေး လမ်းလျှောက်ဝင်ခဲ့သည်။

ဧည့်ခန်းထဲတွင်...

မေမေသည် လျှော်ဖွတ်သန့်စင်ထားသော အဝတ်အစားများကို သေသေသပ်သပ် ခေါက်၍ ဆိုဖာပေါ်တွင် တင်ပေးထားသည်။

"သားလေး... ရေသွားချိုးတော့ ပြီးရင် အိပ်တော့နော်။ အခု သားအရပ်က ၁.၄ မီတာ ရှိနေပြီဆိုပေမဲ့ အရမ်းနောက်ကျမှအိပ်ရင် အရပ်မရှည်ဘဲ နေလိမ့်မယ်။ အရပ်က ၁.၅ မီတာအောက်ပဲ ရှိနေရင် တကယ့်ပြဿနာပဲ"

ရွှီရန်က ခန့်ညားသော မျက်နှာလေးဖြင့် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည် "...မေမေကလည်း အလကား စိုးရိမ်နေတာပဲ။ သားအရပ်က ၁.၅ မီတာမှာတင် ရပ်မနေပါဘူး။ ၁.၈ မီတာအထိ အသာလေး ရှည်လာမှာပါ"

မေမေက အားရပါးရ ရယ်မောလိုက်ပြီး "မနက်ဖြန်လည်း ဒီလိုမျိုး နောက်ကျမှအိပ်နေဦးမယ်ဆိုရင်တော့ ၁.၈ မီတာဖြစ်ဖို့ ခက်လိမ့်မယ် သားလေးရေ" ဟု စနောက်လိုက်သည်။

"ဒါဆိုရင်တော့ မနက်ဖြန်ကျရင် သားစောစောအိပ်မယ်လေ"

ရွှီရန်က လက်မထောင်ပြလိုက်ပြီး အဝတ်အစားများကိုယူကာ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။

ရေချိုးပြီးနောက်...

ရွှီရန်သည် သဋ၏ အိပ်ခန်းထဲသို့ ဝင်ခဲ့သည်။ အိပ်ရာမဝင်မီ မေမေ့ကို ပြုံးပြလျက် "မေမေ... ကောင်းသောညပါ" ဟု နှုတ်ဆက်လိုက်သည်။

"ကောင်းသောညပါ သားလေး"

ဖျတ်….

မီးများ ပိတ်သွားခဲ့၏။

မှောင်မည်းနေသော အခန်းထဲတွင် ခန့်ညားသော မျက်နှာလေးသည် အိပ်ရာပေါ်မှ မျက်နှာကြက်ဆီသို့ ရွေ့လျားသွားတော့သည်။

အိမ်မြှောင် နံရံကပ်အတတ် တိုးတက်မှု +၁...

အိမ်မြှောင် နံရံကပ်အတတ် တိုးတက်မှု +၁...

အိမ်မြှောင် နံရံကပ်အတတ် တိုးတက်မှု +၁...

ရက်အနည်းငယ်အတွင်း အသားကျသွားပြီးနောက် ရွှီရန်၏ သံလိုက်ဆွဲငင်မှုအတတ်မှာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားသဖြင့် သူသည် မျက်နှာကြက်ပေါ်မှ ပြုတ်မကျတော့ပေ။

တစ်ညတာမှာ အေးအေးလူလူပင် ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့တွင်... စာအုပ်ပေါင်း ထောင်ချီဖတ်ရှုခြင်း တိုးတက်မှု +၇၀... သွေးစွမ်းအင်တန်ဖိုး +၁၆ မှတ်...

နောက်ထပ် တစ်နေ့ ကုန်လွန်ပြန်သည်... စာအုပ်ပေါင်း ထောင်ချီဖတ်ရှုခြင်း တိုးတက်မှု +၇၀... သွေးစွမ်းအင်တန်ဖိုး +၁၆ မှတ်...

တတိယမြောက်နေ့တွင် ရွှီရန် စာကြည့်တိုက်၌ စာဖတ်နေစဉ် မေမေ့အနားတွင် လိုက်ပါနေစဉ် သူမ၏ ဖုန်းမှာ ရုတ်တရက် တုန်ခါလာသည်။

သူမ ဖုန်းဖြေလိုက်သည်။ ဖုန်းအခြားတစ်ဖက်မှ ကျားမလေး၏ မေမေက အလောတကြီး ပြောဆိုနေသည်မှာ "ရွှီရန်မေမေ... လျူလီလေး ထပ်ပြီး သတိလစ်သွားပြန်ပြီ လွန်ခဲ့တဲ့ တစ်ခါကအတိုင်းပဲ။ ရှောင်ရန့်ကို ဒီကို လာပေးဖို့ ပြောပေးလို့ ရမလား။ သားလေးရဲ့ အကူအညီ လိုနေလို့ပါ"

လင်းချန်း ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး "ရှောင်ရန်... မြန်မြန် မြန်မြန်လာ လျူလီလေး သတိလစ်သွားပြန်ပြီတဲ့ အခြေအနေက အရင်တစ်ခါကအတိုင်းပဲ"

"သိပါပြီ အခုချက်ချင်း သွားကြရအောင်"

ရွှီရန်သည် ဖတ်လက်စ စာအုပ်ကိုပင် မပိတ်အားဘဲ ထိုင်ခုံမှ ခုန်ထလိုက်ကာ အမြန်

လမ်းလျှောက်ရင်း စဉ်းစားနေမိသည်။

ထူးဆန်းလိုက်တာ ကျားမလေးက ဘာလို့ ထပ်ပြီး သတိလစ်ရတာလဲ။ သူမရဲ့ အရိုးဖွဲ့စည်းပုံက ဖြစ်တည်ပြီးသား မဟုတ်ဘူးလား။

လွန်ခဲ့သော တစ်ခါက ကျားမလေး သတိလစ်စဉ်က ဆေးရုံတွင် ကျောက်သားသားရဲ၏ စစ်မှန်သောသွေးအစက် ၂၀ ကို စုပ်ယူပြီးနောက်တွင် သူမ၏ ရင်ဘတ်အတွင်းမှ နီရဲရွှေရောင် အလင်းတန်းများကို လုံးဝ မတွေ့ရတော့ဘဲ နှစ်နှစ်ခွဲတိတိ ကုန်လွန်ခဲ့ခြင်း ဖြစ်သည်။

ရွှီရန်သည် ဤကိစ္စကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။ ကျားမလေးကို စောင့်ကြည့်နေစဉ် အခြားသော မူကြိုပါရမီရှင်များကိုလည်း လေ့လာခဲ့ဖူးသည်။ သို့သော် နှစ်နှစ်ခွဲလုံးလုံး လေ့လာခဲ့သော်လည်း အခြားကလေးများထံမှ ထိုကဲ့သို့ အလင်းတန်းမျိုး ထွက်ပေါ်လာသည်ကို တစ်ခါမျှ မတွေ့ခဲ့ရပေ။

ဆိုလိုသည်မှာ ကျားမလေး၏ အရိုးဖွဲ့စည်းပုံမှ အလင်းတန်းကို ရွှီရန်တစ်ဦးတည်းသာ မြင်နိုင်ခြင်း ဖြစ်သည်။

ဤနေရာတွင် မေးစရာတစ်ခု ပေါ်လာသည်။

ငါက ဘာလို့ ကျားမလေးရဲ့ အလင်းတန်းကိုပဲ မြင်နိုင်ရတာလဲ

သူ နားမလည်နိုင်ပေ။

သံယောဇဉ်ကြောင့်များလား။

သို့သော် သူနှင့် ကျားမလေးမှာ သွေးသားမတော်စပ်သလို သူတို့၏ မေမေနှစ်ဦးမှာလည်း ကလေးများ ရှစ်လနှင့် ဆယ်လသားအရွယ်မှသာ စတင်သိကျွမ်းခဲ့ကြခြင်း ဖြစ်ရာ ဘယ်လိုလုပ် သံယောဇဉ် ရှိနိုင်မှာလဲ။

"အကယ်၍ ဒါက စနစ်ကြောင့်ဆိုရင်... ကျားမလေးရဲ့ အရိုးဖွဲ့စည်းပုံကို ငါ မြင်နိုင်ရမယ်။ ဒါဆို စနစ်ကို အားကိုးပြီး တခြားပါရမီရှင်တွေရဲ့ အရိုးဖွဲ့စည်းပုံတွေကိုလည်း ငါ မြင်နိုင်ရမှာပေါ့"

All Chapters