← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

"ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်က ကျူးယွီဟန်တို့နဲ့ တိုက်ခိုက်တုန်းက သူတို့ရဲ့ စွမ်းရည်တွေကို ကြည့်ပြီးမှသာ သူတို့မှာ ဘယ်လိုအရိုးဖွဲ့စည်းပုံရှိလဲဆိုတာကို ငါ ခန့်မှန်းနိုင်ခဲ့တာ။ သူတို့ဆီက ထွက်ပေါ်လာတဲ့ အလင်းတန်းကို တိုက်ရိုက်မမြင်ခဲ့ရဘူး"

ကျားမလေး၏ ထူးခြားချက်က ရွှီရန်ကို အလွန်အမင်း စပ်စုလိုစိတ် ဖြစ်ပေါ်စေသည်။ သို့သော် အဖြေရှာမရသဖြင့် အစကတော့ ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ... ကျားမလေးသည် ဒုတိယအကြိမ်မြောက် နိုးထလာပြန်လေပြီ။ ဤအချက်က သူ့ကို ပို၍ပင် စိတ်ဝင်စားသွားစေသည်။

လမ်းခုလတ်တွင် ရွှီရန်၏ အတွေးပေါင်းစုံသည် အကြိမ်ပေါင်းများစွာ လည်ပတ်နေတော့သည်။ သတိမထားမိခင်မှာပင် သူနှင့် မေမေသည် ညွှန်ကြားရေးမှူးချင်၏ သုတေသနရုံးခန်းသို့ ရောက်ရှိလာခဲ့သည်။

တံခါးကို တွန်းဖွင့်၍ အတွင်းသို့ ဝင်လိုက်သောအခါ အားလုံး၏ အကြည့်များသည် သူ့ထံသို့ ရောက်ရှိလာကြသည်။ ညွှန်ကြားရေးမှူးချင်ကပင် စတင်၍ "ရှောင်ရန် မြန်မြန်လာကြည့်ပါဦး အခုလို အခြေအနေမျိုးမှာ ပြီးခဲ့တဲ့တစ်ခါက နည်းလမ်းကိုပဲ သုံးသင့်သလားဆိုတာ သား ဘယ်လိုထင်သလဲ"

ရွှီရန်: "..."

အလိုလေး... နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းရဲ့ သုတေသန ညွှန်ကြားရေးမှူးတစ်ယောက်က လေးနှစ်သားလေးဖြစ်တဲ့ ငါ့ကို လာတိုင်ပင်နေတာလား။ ဒါက တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နေသလိုပဲ။

"ငါက တကယ်ကိုပဲ အံ့ဩဖို့ကောင်းနေတာကိုး"

သူ့စိတ်ထဲတွင် ရေရွတ်လိုက်ရင်း ရွှီရန်သည် ကုတင်ဘေးသို့ အမြန်လျှောက်သွားကာ ကျားမလေးကို စစ်ဆေးကြည့်လိုက်သည်။ ယခုအချိန်တွင် ကျားမလေး၏ ခန္ဓာကိုယ်လေးမှာ ပြုတ်ထားသည့် ပုစွန်ထုပ်လေးနှယ် ကွေးနေပြီး ချစ်စရာကောင်းသော မျက်နှာလေးမှာလည်း ဖြူဖျော့နေရှာသည်။ အမြဲတမ်း တက်ကြွလှုပ်ရှားနေတတ်သည့် မျက်နှာပေးလေးမှာ ယခုတော့ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး ချွေးများကြောင့် မျက်တောင်ရှည်များနှင့် နဖူးမှ ဆံစလေးများမှာ ကပ်နေတော့သည်။ တစ်ခေါင်းလုံးလည်း ချွေးများဖြင့် ရွှဲနစ်နေ၏။

"သူမရဲ့ နှလုံးသားက အလင်းတွေ ထွက်နေတာပဲ"

ရွှီရန်သည် အကြည့်ကို စုစည်းလိုက်သည်။ နှစ်နှစ်ခွဲအကြာတွင် ကျားမလေး၏ နှလုံးသားနေရာ၌ နီရဲရွှေရောင် အလင်းတန်းကို သူ တစ်ဖန်ပြန်၍ မြင်လိုက်ရပြန်သည်။

"ဒါပေမဲ့ ငါတစ်ယောက်တည်းပဲ မြင်ရတာ ထင်တယ်"

သူသည် ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးချင် မေမေ အန်တီချန်း လုံခြုံရေးဝန်ထမ်း လက်ထောက် ရှောင်လျူနှင့် အခြားဝန်ထမ်းများကို လှည့်ကြည့်လိုက်သည်။ သံသယဖြစ်စရာမလိုဘဲ သူတို့အားလုံးမှာ ကျားမလေး၏ နှလုံးသားမှ ထွက်ပေါ်နေသော စူးရှသည့် အလင်းတန်းကို လုံးဝ သတိမထားမိကြပေ။

"ငါတစ်ယောက်တည်းပဲ မြင်နိုင်တာ အမှန်ပဲ။ ဒါဆို ဘာလို့ တခြားပါရမီရှင်တွေရဲ့ အလင်းကိုကျတော့ ငါမမြင်ရတာလဲ"

ရွှီရန် အံ့အားသင့်သွားသည်။ သို့သော်လည်း အလေးအနက် စဉ်းစားနေရန် အချိန်မရှိပေ။ ကျားမလေးကို အရင်ဆုံး ကယ်တင်ရမည်ဖြစ်သည်။

"ညွှန်ကြားရေးမှူးချင်... လျူလီလေးရဲ့ အရိုးဖွဲ့စည်းပုံက စွမ်းအင်တွေ ထပ်လိုနေတာပါ။ အဆင့် ၇ နဲ့ အထက်ရှိတဲ့ ကျောက်သားသားရဲ စစ်မှန်သောသွေးကိုပဲ အရင်တစ်ခါကလို တိုက်လိုက်ပါခင်ဗျာ"

"ကောင်းပြီ... ရစေရမယ်"

ညွှန်ကြားရေးမှူးချင်က ခေါင်းညိတ်လိုက်ပြီး လက်ထောက် ရှောင်လျူကို အသင့်ပြင်ထားခိုင်းထားသည့် စစ်မှန်သောသွေးများကို ယူလာခိုင်းလိုက်သည်။ ကုသမှုသည် ချက်ချင်းပင် စတင်ခဲ့သည်။ ချွန်ထက်သော ခွဲစိတ်ဓားငယ်လေးက ကျားမလေး၏ ခြေမလေးကို အသာအယာ ခွဲလိုက်၏။ တစ်စက်ပြီးတစ်စက် ကျလာသော အဆင့် ၇ ကျောက်သားသားရဲ စစ်မှန်သောသွေးများသည် ဒဏ်ရာအတွင်းသို့ စီးဝင်သွားပြီး အရိုးဖွဲ့စည်းပုံ၏ စုပ်ယူမှုကြောင့် ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

"ကျောင်းအုပ်ကြီးခင်ဗျာ... စစ်မှန်သောသွေး အစက်နှစ်ဆယ်က မလုံလောက်ဘူး ထင်တယ်ဗျ"

ကျောင်းအုပ်ကြီးက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး "ဒါဆို အစက်ငါးဆယ် သုံးလိုက်။ လိုအပ်သမျှ အရင်းအမြစ်အားလုံးကို သုံးစွဲဖို့ ခွင့်ပြုတယ်" ဟု ပြတ်သားစွာ ပြောလိုက်သည်။

နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း၏ ဂုဏ်ဆောင်ဖြစ်ပြီး သူမထက် နှစ်နှစ်ကြီးသော ပါရမီရှင်များကိုပင် နှစ်နှစ်တိတိ ဖိနှိပ်ထားနိုင်ခဲ့သူ မဟုတ်ပါလား။ အရင်းမြစ်တန်ဖိုး သန်း ၃၀၀ ခန့် သုံးစွဲရခြင်းမှာ ကျောင်းအုပ်ကြီးအတွက် ဘာမှမဟုတ်ပေ။

လက်ထောက် ရှောင်လျူသည် စစ်မှန်သောသွေး အစက်ငါးဆယ်ကို ချက်ချင်း သွားရောက်ယူဆောင်လာပြီး မကြာမီမှာပင် အကုန်အစင် အသုံးပြုပြီးသွားခဲ့သည်။ စုစုပေါင်း စစ်မှန်သောသွေး အစက် ခုနစ်ဆယ်ကို စုပ်ယူပြီးနောက်တွင် ကျားမလေးမှာ ရေဝနေသော ရေမြှုပ်တစ်ခုကဲ့သို့ ဖြစ်သွားကာ ကွေးနေသော ခန္ဓာကိုယ်လေးမှာ ပြန်လည်ဆန့်ထွက်လာပြီး နာကျင်နေသော အမူအရာများ ပျောက်ကွယ်သွားတော့သည်။ သူမ၏ မျက်နှာလေးမှာလည်း ကျန်းမာသော နီမြန်းသည့် အရောင်အသွေး ပြန်လည်ရရှိလာခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ...

ကျားမလေး၏ မိခင်မှာ စိတ်အေးသွားရပြီး "ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး ကျေးဇူးပါ ညွှန်ကြားရေးမှူးချင်... ကျေးဇူးပါပဲ ရှောင်ရန်..." ဟု လှိုက်လှိုက်လှဲလှဲ ပြောတော့သည်။

ညွှန်ကြားရေးမှူးချင်က "ကျေးဇူးတင်စရာ မလိုပါဘူး သူမ ဘာမှမဖြစ်တော့ရင်ပဲ ပြီးတာပါပဲ" ဟု ပြန်ပြောသည်။

ကျောင်းအုပ်ကြီးကမူ စိုးရိမ်တကြီးဖြင့် "တကယ်ပဲ ဘာမှမဖြစ်တော့တာ သေချာလား။ သေသေချာချာ ထပ်စစ်ဆေးပေးဦး ဘေးထွက်ဆိုးကျိုး တစ်ခုခု ကျန်မနေပါစေနဲ့" ဟု ညွှန်ကြားလိုက်သည်။

လက်ထောက် ရှောင်လျူက "စိတ်ချပါ အခုချက်ချင်း တစ်ကိုယ်လုံးကို အသေးစိတ် စစ်ဆေးပေးပါ့မယ်" ဟု ပြောလိုက်သည်။

အားလုံး၏ စိုးရိမ်တကြီး ကြည့်ရှုမှုအောက်တွင် ကျားမလေးသည် သူမ၏ နက်မှောင်သော ကျောက်မျက်ရတနာသဏ္ဌာန် မျက်ဝန်းလေးများကို ဖွင့်ကြည့်လိုက်ပြီး "ကျောင်းအုပ်ကြီး၊ မေမေ၊ အန်တီလင်း၊ကိုကိုရှောင်ရန်၊ အန်တီချင်၊ မမရှောင်လျူ..." ဟု နာမည်များကို တန်းစီခေါ်ကာ "သမီး ထပ်ပြီး သတိလစ်သွားတာလားဟင်" ဟု အူကြောင်ကြောင်လေး မေးလိုက်သည်။

ညွှန်ကြားရေးမှူးချင်က ကျားမလေး၏ ရှုပ်ပွနေသော ဆံပင်လေးများကို သပ်ပေးရင်း "သမီး ပိုပြီး သန်မာလာဦးမှာပါ။ ကိုယ့်ကိုယ်ကိုယ် ဘာတွေများ ထူးခြားသွားတယ်လို့ ခံစားရလဲ" ဟု မေးရာ ကျားမလေးက ခေါင်းလေးကို ရမ်းလျက် "သမီး မသိဘူး။ ဗိုက်ပဲ ဆာတယ်... အသားစားချင်တယ်" ဟု ပြန်ဖြေတော့သည်။

အားလုံးက ရယ်မောလိုက်ကြပြီး "ကောင်းပြီ ကောင်းပြီ။ စစ်ဆေးမှုတွေ ပြီးရင် အသားသွားစားကြတာပေါ့" ဟု ပြောရာ ကျားမလေးမှာ ကုတင်ပေါ်မှ ခုန်ဆင်းကာ "ယေး" ဟု အော်ဟစ်တော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ...

ကျားမလေး၏ မိခင်မှာ ရယ်ရမလို ငိုရမလိုပင်။ ခုနလေးတင် ကြုံတွေ့ခဲ့ရသော အန္တရာယ်နှင့် နာကျင်မှုများကို မျက်စိတစ်မှိတ်အတွင်း မေ့သွားသည့် သမီးဖြစ်သူ၏ အူကြောင်ကြောင် ပုံစံလေးကြောင့် ဖြစ်သည်။

လက်ထောက် ရှောင်လျူက သေချာစွာ စစ်ဆေးပြီးနောက် "အားလုံး ပုံမှန်ပါပဲ။ ဒါပေမဲ့ အရိုးဖွဲ့စည်းပုံ နေရာကနေ ထွက်ပေါ်နေတဲ့ နျူကလီးယားစွမ်းအင် သံလိုက်စက်ကွင်း တုန်ခါမှုကတော့ အရင်ကထက် အဆပေါင်းများစွာ မြင့်တက်လာပါတယ်" ဟု အစီရင်ခံသည်။

သူမသည် အချက်အလက်များကို တစ်ခုချင်း ပြန်လည်စစ်ဆေးနေစဉ် သွေးစွမ်းအင်တန်ဖိုးကို မြင်လိုက်ရသောအခါ မျက်နှာမှာ အံ့ဩတုန်လှုပ်မှုကြောင့် အေးခဲသွားရသည်။

"ကျန်းလျူလီ အသက် ၄ နှစ် နဲ့ ၁၀ လ သွေးစွမ်းအင်တန်ဖိုးက ၁၂၉၉.၆၆ မှတ်"

ညွှန်ကြားရေးမှူးချင်မှာ မယုံနိုင်အောင် ဖြစ်သွားရသည်။

"မင်း သေချာရဲ့လား။ ဒါက အသက် ငါးနှစ်အရွယ် ကျူးယွီဟန်ထက်တောင် အမှတ် ၁၀၀ ကျော် ပိုများနေတာပဲ အာဒမ်တောင် ငါးနှစ်တုန်းက ၁၁၃၀ မှတ်ပဲ ရှိတာလေ"

ရှောင်လျူက "အတည်ပြုပါတယ် စက်ကိရိယာတွေက မမှားနိုင်ပါဘူး" ဟု ပြောလိုက်သည်။

ညွှန်ကြားရေးမှူးချင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "ဒါဆိုရင် လျူလီလေးရဲ့ အရိုးဖွဲ့စည်းပုံက ဘယ်လိုအဆင့်အတန်းမျိုး ဖြစ်နေတာလဲ" ဟု အံ့အားသင့်စွာ ရေရွတ်မိသည်။ အချက်အလက်များနှင့် စွမ်းဆောင်ရည်များအရ ကြည့်လျှင် လျူလီလေး၏ အရိုးဖွဲ့စည်းပုံမှာ အချိန်စွမ်းရည်ပိုင်ရှင် ကျူးယွီဟန်နှင့်ပင် ယှဉ်နိုင်နေပြီ မဟုတ်ပါလား။

ခေတ္တမျှတွင် ညွှန်ကြားရေးမှူးချင်သည် အလွန်အမင်း စပ်စုချင်စိတ်ကြောင့် ကျားမလေးကို ခွဲစိတ်စမ်းသပ်ကြည့်ချင်စိတ်ပင် ပေါက်သွားသော်လည်း သူမကိုယ်သူမ ပြန်လည်ထိန်းချုပ်လိုက်ရသည်။

အချက်အလက်များကို ကြားလိုက်ရသော ကျောင်းအုပ်ကြီးမှာမူ အပျော်လွန်ပြီး မရပ်မနား ရယ်မောနေတော့သည်။

"ကောင်းတယ် သိပ်ကောင်းတယ် ကျူးယွီဟန်၊ ရွှီရန်၊ ကျန်းလျူလီ... ငါ့မှာ တကယ့် ရတနာတွေ တစ်ပြိုင်တည်း အများကြီး ရှိနေတာပဲ"

သူသည် မျက်နှာတစ်ခုလုံး ပြုံးဖြီးနေပြီး အမြဲတမ်းရှိနေကျ တည်ကြည်မှုများပင် ပျောက်ကွယ်နေသည်။

ရွှီရန်မေမေကလည်း စိတ်လှုပ်ရှားစွာဖြင့် ကျားမလေး၏ မိခင်လက်ကို ကိုင်ကာ "လီကျန်း... စိတ်ကို အရမ်းမလှုပ်ရှားစေနဲ့ဦးနော်" ဟု ပြောရာ အန်တီချန်းက "မဟုတ်ဘူး... ရှောင်ရန့်မေမေရယ် ရှင့်ကြည့်ရတာ ကျွန်မထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသလိုပဲ ကျွန်မလက်ကို နာအောင် ဆွဲထားတယ်လေ" ဟု ပြန်ပြောသဖြင့် မေမေမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

တစ်ဖက်တွင်မူ ရွှီရန်သည် အခြေအနေကို သေချာစွာ လေ့လာနေသည်။ ဒုတိယအကြိမ်

မြောက် နိုးထလာနိုင်သည့် အရိုးဖွဲ့စည်းပုံဆိုသည်မှာ ဘယ်လိုမျိုး ထူးခြားသည့် အရာဖြစ်နိုင်

မလဲဟု သူ သိလိုလှသည်။ သို့သော် အူကြောင်ကြောင်ဖြစ်နေသော ကျားမလေး၏ မျက်နှာကို ကြည့်ရသည်မှာ သူမကိုယ်တိုင်လည်း သိပုံမရပေ။ အားလုံးကို သိရှိနိုင်ရန်မှာမူ သူမ အသက် ခြောက်နှစ်ပြည့်သည်အထိ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

All Chapters