← Chapters

အခန်း (၄၃)

Vol. 5 Ch. 43

အခန်း (၄၃)

Vol. 5 Ch. 43

"တတိယအကြိမ်မြောက် ဝိညာဉ်သောင်းကျန်းမှုပေါ့..."

ရွှီရန်က မျက်မှောင်ကြုတ်လိုက်သည်။

ဒီဝိညာဉ်ဖြစ်ရပ်ဆိုးကြီးက မနားမနေပဲ ထပ်ခါတလဲလဲ ပေါ်လာနေတာလား။

ပထမတစ်ကြိမ်တုန်းက သူသည် ကူးဟောင်ညိုခေါ် ဝိညာဉ်ကောင် ရှစ်ကောင်ကို ဝါးမျိုပစ်ခဲ့သည်။ ဒုတိယအကြိမ်မှာတော့ သူသည် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းတွင် ရှိနေပြီး လမင်းနယ်ပယ်ကျင့်ကြံသူများ၏ စောင့်ရှောက်မှုကို ခံယူနေရသဖြင့် ဘေးကင်းလုံခြုံမှုက အပြည့်အဝရှိခဲ့သည်။

မမျှော်လင့်ဘဲ တတိယအကြိမ်မြောက်မှာတော့ ဝိညာဉ်ကောင်တစ်ကောင် ဘာမှမရှိရာမှ ရှိရာသို့ ဖြစ်တည်လာပုံရေကန်အောက်ခြေမှာ ဝိညာဉ်ညစ်ညမ်းမှုတွေ ရုတ်တရက်ပေါ်လာပြီး စုစည်းသွားပုံကို သူကိုယ်တိုင် ခံစားလိုက်ရသည်။ ကျိုးကြောင်းဆီလျော်မှုမရှိသလို စည်းမျဉ်းစည်းကမ်းမရှိဘဲ ဝိညာဉ်သတ္တဝါအဖြစ် မွေးဖွားလာခြင်းက တကယ့်ကို ရွံရှာဖွယ်ကောင်းပြီး ဆန်းကြယ်လွန်းလှသည်။

"ဒါကြောင့်လည်း ဒါက ပျောက်ကင်းဖို့ခက်တဲ့ နာတာရှည် ရောဂါတစ်ခုလို ဖြစ်နေတာကိုး။ တစ်ကျော့ ရှင်းထုတ်လိုက်ရင် နောက်တစ်ကျော့ ပြန်ပေါ်လာတတ်တာပဲ။ ဟား..."

"ဒါပေမဲ့ မင်းက ငါ့ရှေ့မှာတင် လာမွေးဖွားမှတော့ ငါ့ရဲ့ လုပ်ကြံသတ်ဖြတ်သူ ပုစဉ်းရင်ကွဲအတွက် အစာပဲ ဖြစ်လိုက်ပါတော့"

ရွှီရန်သည် စိတ်ထဲမှ ခပ်ယဲ့ယဲ့ ရယ်လိုက်ရင်း ဆန်းကြယ်သော ခြေလှမ်းကို လေ့ကျင့်နေသည့် ပုံစံမျိုးဖြင့် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ချုံပုတ်များကြားထဲသို့ သူ၏ လုပ်ကြံသတ်ဖြတ်သူ ပုစဉ်းရင်ကွဲကို တိတ်တဆိတ် စေလွှတ်လိုက်သည်။

သေးငယ်လှသော ပုစဉ်းရင်ကွဲလေးသည် သစ်ပင်ရိပ်များကြားတွင် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ၎င်း၏ အရှိန်မှာ လုံခြုံရေးဝန်ထမ်းများပင် သတိမထားမိနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။

သေသေချာချာ ပြန်ရေတွက်ကြည့်လျှင် ရွှီရန်သည် သူ၏ အကြီးမားဆုံး လျှို့ဝှက်လက်နက်

ဖြစ်သော ပုစဉ်းရင်ကွဲကို အသုံးမပြုခဲ့သည်မှာ နှစ်နှစ်ခွဲခန့် ရှိပြီဖြစ်သည်။ ထိုအချိန်

တစ်လျှောက်လုံးတွင် သူသည် သဋ၏ သွေးဖြင့် ၎င်းကို မွေးမြူစောင့်ရှောက်ခဲ့သည်။

သွေးဖြင့် မွေးမြူခြင်းနှင့်အတူ ပြီးပြည့်စုံခြင်းအဆင့်ကြောင့် ပုစဉ်းရင်ကွဲ၏ မီးနှင့် ရေဒဏ် ခံနိုင်ရည်မှာ အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အရှိန်နှင့် ကိုယ်ဖျောက်နိုင်စွမ်းမှာမူ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။

လမင်းနယ်ပယ်ကျင့်ကြံသူများကို လုပ်ကြံရန်မှာမူ သူ့အတွက် အပျော့လေးပင်။

ပုစဉ်းရင်ကွဲလေးသည် လေပေါ်သို့ ပျံတက်ချိန်မှ ရေမျက်နှာပြင်အတွင်းသို့ တိုးဝင်သွားချိန်အထိ တစ်စက္ကန့်၏ လေးပုံတစ်ပုံမျှသာ အချိန်ယူခဲ့သည်။

ပို၍ပင် အံ့ဩစရာကောင်းသည်မှာ ၎င်းသည် ရေထဲသို့ တိုးဝင်သွားသည့်အခါ ရေမျက်နှာပြင်ပေါ်တွင် အပ်တစ်ချောင်း ကျသွားသကဲ့သို့ သေးငယ်လွန်းလှသော လှိုင်းအစက်အပျောက်လေးသာ ဖြစ်ပေါ်စေခဲ့သည်။ ဤကဲ့သို့ သိသိသာသာ မရှိလှသော လှုပ်ရှားမှုမျိုးသည် ပြီးပြည့်စုံသော ချောင်းမြောင်းတိုက်ခိုက်မှုအား အကြိမ်ကြိမ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်စွမ်းရှိသည်။

ရေအောက်သို့ ဆင်းခြင်း…

ရေအောက်တွင် မြုပ်ဝင်သွားခြင်း…

"အမြင်အာရုံ ပြောင်းလဲခြင်း"

ရွှီရန်သည် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး သူ၏ စိတ်အာရုံကို ပုစဉ်းရင်ကွဲထံသို့ အပြည့်အဝ ပို့လွှတ်လိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်များ တုန်ခါနေသည့် အရပ်မျက်နှာဆီသို့ မြားတစ်စင်းကဲ့သို့ လွှတ်တင်လိုက်တော့သည်။

လူလုပ်အိုင်လေးမှာ အလွန်မကြီးမားလှပေ။

ပုစဉ်းရင်ကွဲလေးသည် ဝိညာဉ်သတ္တဝါ မွေးဖွားရာ ရေအောက်ခြေသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ ထိုနေရာတွင် နက်မှောင်သော စွမ်းအင်ထုကြီးတစ်ခုသည် မုန့်စိမ်းတုံးတစ်ခုကို ဆွဲဆန့်နေသကဲ့သို့ တွန့်လိမ်လှုပ်ရှားနေသည်ကို သူ မြင်လိုက်ရသည်။ ၎င်းသည် ချွန်ထက်သော ငှက်နှုတ်သီးတစ်ခုကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် လင်းတခေါင်း နှစ်လုံးကဲ့သို့ ပြူးထွက်နေသော ကြောက်မက်ဖွယ် မျက်လုံးကြီး လေးလုံးနှင့် မျောက်တစ်ကောင်ကဲ့သို့ ကုန်းနေသော ခန္ဓာကိုယ်တစ်ခုကို ပုံဖော်လိုက်သည်။

၎င်း၏ အရေပြားမှာလည်း အပြာရင့်ရောင်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး မျက်လုံးများကို ဖွင့်လိုက်ကာ နီရဲသော လျှာကြီးကို ထုတ်လိုက်သည်။ ၎င်းမျက်နှာပေးမှာ အလွန်ပင် ရွံရှာဖွယ်ကောင်းပြီး ဆိုးယုတ်လှသည်။

ဒါက အပြာရင့်ရောင် ကူးဟောင်ညိုလား။

ပထမတစ်ကြိမ် ငါမြင်တုန်းက သူတို့က မီးခိုးဖျော့ရောင်တွေ။ ဒုတိယအကြိမ် ဝိညာဉ်သောင်းကျန်းမှု သတင်းဓာတ်ပုံတွေထဲမှာတော့ သူတို့က အပြာနုရောင်တွေ ဖြစ်နေကြပြီ။ အခု တတိယအကြိမ်မှာတော့ အပြာရင့်ရောင်တွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...

သံသယဖြစ်စရာမလိုဘဲ ဤသတ္တဝါများသည် အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေကြပြီး အဆင့်အတန်းမြင့်လာသလို ခွန်အားများလည်း ပိုမိုသန်မာလာကြသည်။ သို့သော်လည်း မွေးကတည်းက စည်းကမ်းတကျနှင့် အပြင်းအထန် ကျင့်ကြံလာခဲ့သည့် ရွှီရန်နှင့် ယှဉ်လျှင်မူ ၎င်းတို့၏ ဆင့်ကဲပြောင်းလဲမှုနှုန်းမှာ ပြောပလောက်စရာ မရှိဘဲ အလွယ်တကူ သတ်ဖြတ်ခြင်း ခံရမည့် အဆင့်သာ ရှိတော့သည်။

"သူတို့ တကယ်တမ်း ဘာတွေလုပ်နေကြတာလဲ"

"ခဏခဏ ပေါ်လာတယ်။ အကြိမ်တိုင်းမှာ ပိုပြီး အဆင့်မြင့်လာတယ်။ အကြိမ်တိုင်းမှာလည်း ကလေးပေါင်း သောင်းနဲ့ချီပြီး ပြန်ပေးဆွဲသွားတတ်ကြတယ်။ အဲဒီကလေးတွေကို နောက်ဆုံးမှာ အလောင်းတောင် ရှာမတွေ့တော့ဘူး..."

ရွှီရန် ဇဝေဇဝါ ဖြစ်နေမိသည်။

"သူတို့ရဲ့ စည်းမဲ့ကမ်းမဲ့ အပြုအမူတွေကို ကြည့်ရတာ တစ်စုံတစ်ဦးက စနစ်တကျ ခိုင်းစေနေတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလောက် အတိုင်းအတာကြီးမားပြီး ထပ်တလဲလဲ ပေါ်ပေါက်နေတာကတော့ တကယ့်ကို ထူးဆန်းလွန်းတယ်။ တစ်ခုခုတော့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် ရှိနေမှာပဲ"

ရွှီရန် အလေးအနက် စဉ်းစားလိုက်သည်။ သူ၏ အသစ်စက်စက် မြင့်မားလာသော ဉာဏ်ရည်စွမ်းပကားက အတွေးများကို အရှိန်အဟုန်ဖြင့် လည်ပတ်စေသည်။

ရုတ်တရက် မှောင်မိုက်နေသော အတွေးကမ္ဘာထဲသို့ အလင်းတန်းတစ်ခု ဖြတ်စီးသွားသကဲ့သို့ ရွှီရန်၏ စဉ်းစားပုံ နည်းစနစ်များ ပွင့်ထွက်သွားပြီး တစ်ခုခုကို သူ ရိပ်မိသွားတော့သည်။

"ဒါက... သူတို့ရဲ့ စိတ်အစွဲအရ လုပ်ဆောင်နေတဲ့ ယဇ်ပူဇော်မှုများလား"

"ဟုတ်တယ်... ဒါက ယဇ်ပူဇော်နေတာပဲ ဖြစ်ရမယ်"

ရွှီရန် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

"စည်းမဲ့ကမ်းမဲ့ မွေးဖွားလာကြတဲ့ ကူးဟောင်ညိုတွေဟာ သူတို့ရဲ့ ပင်ကိုယ်ဗီဇအတိုင်း ကလေးတွေကို လိုက်ဖမ်းကြတယ်။ ပြီးတော့ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ဦးသော အားကောင်းတဲ့ သက်ရှိထံကို ယဇ်ပူဇော်လိုက်ကြတာပဲ။ ကလေးတွေရဲ့ အလောင်းကို ရှာမတွေ့တာဟာလည်း အဲဒီလို ယဇ်ပူဇော်ခံလိုက်ရလို့ပဲ ဖြစ်ရမယ်"

"ဒါက ကျိုးကြောင်းဆီလျော်တဲ့ ခန့်မှန်းချက်ပဲ"

ထိုသို့တွေးမိလိုက်သည်နှင့် ရွှီရန် တစ်ကိုယ်လုံး စိမ့်ခနဲ အေးသွားရသည်။ သူသည် အမှန်တရားကို ဆုပ်ကိုင်မိလိုက်ပြီဟု ခံစားလိုက်ရသည်။

သို့သော်လည်း ထိုအချိန်မှာပင်...

All Chapters