အခန်း (၅၃၅၆-၅၃၆၀)
Vol. 271 Ch. 5356-5360
Chapter 5356
"ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ အဘိုးကြီး... ခင်ဗျားရဲ့ အသက်အရွယ်ကြီးရင့်မှုက ခွေးစားသွားပြီထင်တယ်..."
လုယွီထံ၌ ဒေါသများဖြင့် ပြည့်နှက်နေပြီး ရှောင်ထျန်းယွမ်ကို ကြည့်လေလေ သူ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာလေလေပင်။
လူတစ်ယောက်က တစ်သက်မှာ မင်္ဂလာပွဲကို ဘယ်နှစ်ကြိမ် ကျင်းပနိုင်မှာမလို့လဲ...
လီစစ်သည် ဖေးထျန်ကွမ်းကဲ့သို့ ရှေးရိုးစွဲဆန်သော အရာရှိများနှင့် မတူဘဲ သူ၏လက်အောက်ရှိ အရည်အချင်းရှိသော လက်အောက်ငယ်သားပင်။ သူသည် ငယ်ရွယ်ပြီး တက်ကြွကာ ပို၍ရဲရင့်သည်။ လုယွီသည် သူ့အား ရှေ့သို့တွန်းပို့ပေးပြီး သူ၏ရှေ့ဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်စေရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် ထိုကဲ့သို့ ခမ်းနားထည်ဝါသော အခြေအနေမျိုးတွင် ရှောင်မိသားစုသည် ပြဿနာရှာပြီး မင်္ဂလာပွဲကို လုံးလုံးလျားလျား ပျက်စီးစေခဲ့သည်။
ဧကရာဇ်တစ်ပါး အမျက်ဒေါသထွက်လျှင် သွေးချောင်းစီးရစမြဲပင်။
ဒေါသစိတ်များ သူ၏စိတ်နှလုံးသားထဲတွင် တောက်လောင်လာသည်နှင့်အမျှ ပြင်းထန်သော ဖိအားတစ်ရပ် ချက်ချင်းထွက်ပေါ်လာသည်။ ဤအချိန်အခိုက်အတန့်တွင် လုယွီ၏တည်ရှိမှု တစ်ခုလုံးသည် အထွတ်အထိပ် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည့်အလားပင်။ ရှေးခေတ်ကာလမှ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးအလား သူ၏ ပြင်းထန်သော အရှိန်အဝါသည် ခမ်းနားထည်ဝါပေ၏။
သူသည် ထိုက်တောင်ကြီး ကျရောက်လာသည့်အလား မြင့်မားသော နေရာမှ တန်းတန်းမတ်မတ် ဆင်းသက်လာပြီး ရှောင်ထျန်းယွမ်ကို ခြေဆောင့်နင်းလိုက်သည်။ ဤခြေဆောင့်နင်းချက်သည် လျှပ်စီးထက် ပို၍လျှင်မြန်ပြီး ချက်ချင်းဆိုသလိုပင် ရောက်ရှိလာကာ ရှောင်ထျန်းယွမ်၏နံဘေးပတ်လည်ရှိ ငရဲချီစွမ်းအင်များကို ချက်ချင်းဖြိုခွင်းလိုက်သည်။ ထို့နောက် သူ့ကို မီတာရာပေါင်းများစွာအကွာသို့ လွင့်စင်သွားစေပေ၏။
ဘုန်း...
ရှောင်ထျန်းယွမ်သည် မြင့်မားသော နေရာမှ ပြုတ်ကျလာပြီးနောက် မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏ ခြေထောက်နှစ်ချောင်းသည် မြေကြီးထဲသို့ ပြင်းထန်စွာ နစ်မြုပ်သွားပြီး မီတာရာပေါင်းများစွာအကွာထိ အနောက်သို့ တရွတ်တိုက်ဆွဲသွားသည်။
သူတို့၏ အချိန်တခဏသာ ကြာမြင့်ခဲ့သောသော ထိပ်တိုက်တွေ့ဆုံမှုသည် အင်အားကွာခြားချက်ကို ဖော်ပြပြီး ဖြစ်သည်။
လုယွီသည် ရုပ်ခန္ဓာကိုယ်၌ဖြစ်စေ မှော်မန္တန်များ၌ ဖြစ်စေ မည်သည့် အားနည်းချက်မျှ မရှိတော့ပေ။ အနာဂတ်မျိုးဆက်ဖြစ်သော အတုအယောင် အင်မော်တယ်များကို ကိုင်တွယ်ရန်မှာ သူ့အတွက် အလွန်အမင်းလွယ်ကူသည်။
"ငါ ဒါကို လက်မခံဘူး... ကောင်းကင်နှင့် မြေပြင်ရဲ့ ငရဲချီစွမ်းအင်... ငါ့ရဲ့အသုံးပြုမှုကို ခံယူစမ်း... မြန်မြန်ထွက်လာခဲ့စမ်း..."
ရှောင်ထျန်းယွမ်၏မျက်လုံးများသည် ဒေါသကြောင့် ကျွတ်ထွက်လာလုနီးပါး ဖြစ်နေသည်။ သူ၏စိတ်နှလုံးသားတွင် ဒေါသများဖြင့် ပြည့်နှက်နေကာ ဤကဲ့သို့ အရှက်ရမှုကို လုံးဝသည်းမခံနိုင်တော့ချေ။
အကယ်၍ သူသည် ကာလကြာရှည် တည်ရှိခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ရှေ့တွင် ရှုံးနိမ့်ခဲ့လျှင် မည်သည့် စောဒကတက်စရာမျှ ရှိမည် မဟုတ်ချေ။ သို့သော် လုယွီ၏အသက်သည် မည်မျှ ရှိသေးသနည်း။ သူသည် ဂုဏ်သိက္ခာရှိသော ရှောင်မိသားစုဘိုးဘေးဖြစ်ကာ ကောင်းကင်ဘုံအင်ပါယာ၏မြို့စားတစ်ပါး ဖြစ်ခဲ့သည့်တိုင် သူသည် နောက်ပေါက်ဂျူနီယာလေးတစ်ယောက်၏ပြိုင်ဘက် မဟုတ်ကြောင်း မည်သို့ ဝန်ခံနိုင်မည်နည်း။
"သေစမ်း..."
ရှောင်ထျန်းယွမ်၏လက်ချောင်းငါးချောင်းသည် လက်သည်းများအသွင် ကွေးကောက်သွားသည်။ သူ၏နံဘေးပတ်ဝန်းကျင်တွင် မိုးထိအောင်မြင့်မားသော ငရဲချီစွမ်းအင်များ ရုတ်တရက် မြင့်တက်လာပြီး နှိုင်းယှဉ်၍မရအောင် ထက်မြက်သော ငရဲချီလှံတံတစ်ချောင်းအသွင် ပြောင်းလဲသွားကာ လုယွီကို တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သည်။
ငရဲချီလှံတံသည် မြွေနက်တစ်ကောင်အလား လေထုကို ဆုတ်ဖြဲသွားသည်။ ထိုလှံကို မြင်တွေ့လိုက်ရသည့် အချိန်အခိုက်အတန့်တွင် လုယွီ၏အနီးသို့ ရောက်ရှိနေလေပြီ။
လုယွီက သူ၏လက်ကို မြှောက်လိုက်ပြီး စွမ်းအားတစ်လှိုင်းကို ထုတ်လွှတ်လိုက်ရာ ထူထပ်သိပ်သည်းသော ရွှေရောင်အလင်းတန်းများ ရုတ်တရက် ကျဆင်းလာပြီး ငရဲချီလှံတံကို ပြင်းထန်စွာ ရိုက်ချိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုအရာထံမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းတစ်ရပ်သည် ရှောင်ထျန်းယွမ်ကိုလည်း ထိခိုက်စေခဲ့ပြီး သူ့ကို သွေးအန်စေကာ သူ၏မျက်နှာကို သေလူကဲ့သို့ ဖြူဖျော့သွားစေပေ၏။
ရှောင်ထျန်းယွမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။ ဤအဆင့်ထိ ကျင့်ကြံခဲ့ပြီး ဖြစ်သဖြင့် သူသည် နောက်ဆက်တွဲဆိုးကျိုးများကို ထည့်မတွက်ဘဲ သတ်ဖြတ်ရန်အတွက် မဆင်မခြင် ရှေ့တိုးလာမည့် တခြားလူများကဲ့သို့ မဟုတ်ချေ။
အထူးသဖြင့် လုယွီ၏နည်းစနစ်များကို မြင်တွေ့ပြီးနောက် ဤလူငယ်သည် ယခင်ကနှင့် မတူညီတော့ဘဲ သူ၏ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။
"လုယွီ... မင်း ဒီအဘိုးကြီးကို စောင့်နေလိုက်..."
ရှောင်ထျန်းယွမ်၏မျက်လုံးများတွင် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ရုတ်တရက် နောက်သို့ချာခနဲလှည့်ပြီး ရှောင်အိမ်တော်၏အနောက်ဘက်သို့ ပြေးထွက်သွားလေ၏။
ဤလုပ်ရပ်သည် လုယွီအတွက် မျှော်လင့်မထားသော အရာပင်။ သို့သော် ရှောင်အိမ်တော်၏ နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသည့် ထူထပ်သိပ်သည်းသော ငရဲချီစွမ်းအင်များကို လုယွီ မြင်တွေ့ချိန်၌ သူ၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။
ရှေးဟောင်းငရဲနယ်မြေ...
ထိုမသေမျိုးအဆင့် မှော်လက်နက်သည် ရှောင်အိမ်တော်၏အတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် ပုန်းအောင်းနေနိုင်ချေ အလွန်များသည်။
ရှောင်ထျန်းယွမ်သည် သရဲတစ္ဆေတစ်ကောင်ကို ဆင့်ခေါ်ပြီး ပူးကပ်စေခြင်းဖြင့် ဤမျှထိ အစွမ်းထက်သော စွမ်းအားကို ရရှိခဲ့သည်။ ရှေးဟောင်းငရဲနယ်မြေအတွင်း၌ ပို၍ အစွမ်းထက်သော သရဲတစ္ဆေများ ရှိမရှိဆိုသည်ကို လုယွီလည်း သေချာမသိချေ။
မဟာမိုးကောင်းကင် ရွှေအင်မော်တယ်၏ အလောင်းတစ်ခုတည်းနှင့်ပင် သူ အကျပ်ရိုက်စေရန် လုံလောက်နေပြီ။ အကယ်၍ ထိုကိစ္စမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာလျှင် လုယွီ၏ လက်ရှိ ကျင့်ကြံဆင့်နှင့်ပင် အလွန်အမင်း အန္တရာယ်ရှိလာနိုင်သည်။
"ခင်ဗျားမှာ ထွက်သွားဖို့ အခွင့်အရေး မရှိဘူး..."
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်အရိပ်တစ်ခုအသွင် ပြောင်းလဲသွားကာ ချက်ချင်းဆိုသလိုပင် လိုက်လံဖမ်းဆီးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သူသည် ရှောင်ထျန်းယွမ်၏အနောက်သို့ ရောက်ရှိလာပြီး သူ၏လက်ကို မြှောက်ကာ ရှောင်ထျန်းယွမ်၏ပခုံးကို ဖမ်းဆွဲလိုက်၏။
Chapter 5357
"ဂျွတ်..."
လုယွီ၏ ဖမ်းဆွဲလိုက်ခြင်းသည် ထူးခြားမှုမရှိဟု ထင်ရသော်လည်း ကြီးမားသော စွမ်းအားတစ်ရပ် ပါဝင်နေသည်။
ရှောင်ထျန်းယွမ်သည် လွတ်မြောက်လုဆဲဆဲ ဖြစ်နေသော်လည်း ရုတ်တရက် ဖမ်းဆုပ်ခံလိုက်ရသဖြင့် သူ၏အရိုးများ အက်ကွဲသွားတော့လုမတက် ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မရေမတွက်နိုင်သော အရိုးများ ကျိုးပဲ့သွားပြီး သူ့ထံမှ စူးရှသော အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
"ဗြစ်..."
သွေးများ ပေကျံနေသော လက်တစ်ဖက်ကို လုယွီက လက်ဗလာဖြင့် ဆွဲဖြုတ်လိုက်သည်။ ထိုလက်ကို အားဖြင့် ဆွဲဖြုတ်လိုက်ရာ ထင်ရှားသော အဖြူရောင် အဆစ်နှင့် သွေးသံရဲရဲ အသားစများသည် လုယွီ၏ရှေ့တွင် ထွက်ပေါ်လာပြီး ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ရှောင်ထျန်းယွမ်သည် ပြင်းထန်သောနာကျင်မှုကြောင့် အော်ဟစ်လိုက်၏။ ဤအချိန်တွင် သူသည် ပြတ်သွားသောလက်ကို ဂရုမစိုက်နိုင်တော့ဘဲ ရှောင်မိသားစု၏ အနောက်ဘက်တောင်ဆီသို့ အသည်းအသန် ပြေးသွားလေသည်။
ရှောင်မိသားစုခြံဝန်း၏ နောက်ဘက်တွင် ဆက်တိုက်တည်ရှိနေသော မြင့်မားသည့် တောင်တန်းများ ရှိသည်။
အတိတ်တွင် လုယွီသည် ရှောင်မိသားစုသို့ ပထမဆုံး ရောက်ရှိချိန်၌ သူသည် အနောက်ဘက်ခြံဝန်းမှတဆင့် စိတ်ဝိညာဉ်မီးနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့သည်။
နောက်ပိုင်းတွင် စိတ်ဝိညာဉ်မီးနယ်မြေ၌ လှုပ်ရှားရုန်းကန်မှုများ ဖြစ်ပွားခဲ့ပြီး မရေမတွက်နိုင်သော ဖုတ်ကောင်များ အတွင်းမှ ပျံသန်းထွက်လာခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ထိုဖုတ်ကောင်ကို နှိမ်နင်းနိုင်ခဲ့ပြီး နောက်ဆုံးတွင် ဤနေရာ၌ လူနေကျဲပါးသွားကာ သွားလာရဲသူ နည်းပါးသွားခဲ့သည်။
လုယွီ ခြေလှမ်းတစ်လှမ်းချင်း နီးကပ်လာသည်ကို မြင်တွေ့ချိန်၌ ရှောင်ထျန်းယွမ်သည် အံ့ကြိတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်လာသည်။ သူသည် လုယွီကို ကြည့်လိုက်ပြီး သူ၏ကြွင်းကျန်သော လက်တစ်ဖက်ကိုမြှောက်ကာ တိုက်ခိုက်လိုက်၏။
ဤတိုက်ခိုက်မှုဖြင့် သူသည် သတ်ဖြတ်နိုင်ရန် မရည်ရွယ်ဘဲ လုယွီ၏ရှေ့တိုလားမှုကို နှောင့်နှေးစေရန်သာ အဆုံးမဲ့ ငရဲချီစွမ်းအင်များကို အသုံးပြုလိုက်သည်။
"ဘုန်း..."
လုယွီက သူ၏လက်ကို မြှောက်လိုက်ပြီး လက်သီးတစ်ချက်ထိုးနှက်ကာ ထိုတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ ခမ်းနားထည်ဝါသည့် နဂါးဟိန်းသံတစ်သံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။ အစွမ်းထက်သော လက်သီးချက်သည် အနည်းငယ်မျှ သနားညှာတာမှုမရှိဘဲ ရှောင်ထျန်းယွမ်၏အရွတ်များနှင့် အရိုးများအားလုံးကို ဆုတ်ဖြဲပစ်ခဲ့သည်။ ထိုမျှသာမက ထိုလက်သီးစွမ်းအားသည် သူ၏နှလုံးသားကိုလည်း ရိုက်ခတ်သွားသဖြင့် သွေးများအန်ထုတ်စေကာ သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေသည်။
အကယ်၍ ရှောင်ထျန်းယွမ်သည် တာအိုသခင် တစ်ယောက် မဟုတ်ခဲ့ပါက အစောပိုင်းက လုယွီ၏ လက်သီးချက်ကြောင့် သေဆုံးသွားပေလိမ့်မည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ရှောင်ထျန်းယွမ်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားဆဲပင်။ သူသည် သွေးများကို အန်ထုတ်လိုက်ရာ အတွင်းကလီစာအစအနများပင် ပါလာပြီး အတော်လေး ရုန့်ရင်းကြမ်းတမ်းသော မြင်ကွင်းတစ်ခု ဖြစ်နေလေ၏။
"မြန်မြန်... ငါ့ကို နတ်ဘုရားစွမ်းအားတွေ ငှားပေးစမ်း... ပြီးတော့ သရဲတစ္ဆေဝိညာဉ်တွေကို ငါ့ဆီ ပြန်ဆင့်ခေါ်ပေးစမ်း..."
ရှောင်ထျန်းယွမ် ထိတ်လန့်သွားသည်။ သူသည် သူ၏မူလတည်ငြိမ်မှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့လေပြီ။ သူ၏အဝတ်အစားများ စုတ်ပြတ်နေပြီး သူ၏ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေကာ သူတောင်းစားတစ်ယောက်နှင့် တူညီနေပေ၏။ သို့သော် ဤအချိန်တွင် သူ့ထံ၌ တခြားရွေးချယ်စရာ မရှိတော့ဘဲ ရှောင်မိသားစု အနောက်ဘက်တောင်ဆီသို့ကြည့်ကာ အော်ဟစ်ရန်သာ တတ်နိုင်တော့သည်။
ရှောင်ထျန်းယွမ်၏ အော်သံကို ကြားလိုက်ရသည့်အလား အနောက်ဘက်တောင် အတွင်း၌ ငရဲချီစွမ်းအင်များ တလိမ့်လိမ့်ထလာပြီး အလင်းရောင်များ တဖျပ်ဖျပ်လင်းလက်လာသည်။ သရဲတစ္ဆေများ၏ငိုကြွေးသံများနှင့် ဝံပုလွေအူသံများ ရောယှက်နေသော ငရဲချီစွမ်းအင်များသည် ကောင်းကင်အတွင်း၌ ပြည့်နှက်သွားသည်။
"ဝှစ်... ဝှစ်..."
အနက်ရောင်အလင်းတန်းများသည် လျှင်မြန်စွာ ပျံ့လွင့်၍ထွက်ပေါ်လာပြီး ရှောင်ထျန်းယွမ်ထံသို့ ပျံသန်းသွားကြသည်။
"ကောင်းတယ်... အရမ်းကောင်းတယ်... လုယွီ... မင်း သေပြီသာမှတ်... ဟား ဟား ဟား ဟား..."
ရှောင်ထျန်းယွမ် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။ သူ၏ပါးစပ်သည် လုံးဝ ပွင့်ဟနေပြီး သူ၏မျက်လုံးများသည် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေကာ သာမန်လူတစ်ယောက် ရှိသင့်သည့် အခြေအနေနှင့် အလှမ်းဝေးနေပေ၏။
လုယွီက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ပုံရိပ် လှုပ်ခတ်သွားကာ ရှောင်ထျန်းယွမ်၏ရှေ့တွင် ချက်ချင်းထွက်ပေါ်လာကာ တိုက်ခိုက်လိုက်သည်။ ဤသည်မှာ ဆန်းပြားသော နည်းစနစ်များ မရှိဘဲ ရိုးရှင်းသော လက်သီးတစ်ချက်ပင်။
"ဘုန်း..."
ဒေါသထွက်နေသော နတ်နဂါးတစ်ကောင် ဟိန်းဟောက်လိုက်သသည့်အလာစ လက်သီးချက်သည် အလွန်ကြီးမားသောသော အရှိန်အဝါဖြင့် ရုတ်တရက် ပွင့်အံ့ထွက်လာသည်။
ရှောင်ထျန်းယွမ်သည် သူ၏ကျန်ရှိနေသော လက်တစ်ဖက်ကို အသုံးပြုကာ လျှင်မြန်စွာ ကာကွယ်လိုက်သည်။ သို့ရာတွင် မမျှော်လင့်ဘဲ လုယွီ၏ လက်သီးချက်သည် အလွန်ပြင်းထန်လွန်းသဖြင့် သူ၏ကျန်ရှိနေသော လက်သည်လည်း ကျိုးပဲ့သွားလေ၏။
"ဂျွတ်..."
အရိုးများကျိုးပဲ့သွားသံ ထွက်ပေါ်လာပြီး ရှောင်ထျန်းယွမ်သည် အလွန်နာကျင်နေသဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့သော် လုယွီသည် ထိုမျှဖြင့် ရပ်တန့်ရန် ရည်ရွယ်ချက် မရှိချေ။ ပထမ လက်သီးချက်ပြီးနောက် နောက်ထပ်လက်သီးတစ်ချက်သည် ရှောင်ထျန်းယွမ်၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး သူ၏ ရင်ဘတ်ကို ချက်ချင်းချိုင့်ဝင်သွားစေသည်။ သူသည် သွေးများကို ပြင်းထန်စွာ အန်ထုတ်လိုက်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားပေ၏။
"ဝှစ်..."
ထို့နောက် သူသည် မဟာချင်ဓားကို ဆွဲထုတ်လိုက်ပြီး ရှောင်ထျန်းယွမ်၏ပေါင်ကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ သွေးများ တရှိန်ထိုးစီးကျလာပြီး သူ့ကို မြေကြီးပေါ်တွင် မြဲမြံစွာ ချုပ်နှောင်ထားလိုက်သည်။
သို့သော် နောက်ထပ်အချိန်တခဏတွင် အနက်ရောင် အလင်းတန်း အမြောက်အများသည် ရှောင်ထျန်းယွမ်၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားပြီး ချက်ချင်းပေါင်းစပ်သွားကြသည်။
"အရာအားလုံး နောက်ကျသွားပြီ... ငါ့မှာ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေရဲ့ အကူအညီ ရှိတယ်... ဒီနေ့ မင်း သေချာပေါက် သေရမယ်..."
ရှောင်ထျန်းယွမ်က အော်ဟစ်ရယ်မောလိုက်ပြီး သူ၏မျက်လုံးများတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။
Chapter 5358
အနက်ရောင်အလင်းတန်းများသည် သူ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားသည်နှင့်အမျှ ရှောင်ထျန်းယွမ်၏ခန္ဓာကိုယ်သည် ပြင်းထန်စွာတိုက်မိသကဲ့သို့ စတင်လှုပ်ရှားလာပြီး အန္တရာယ်ရှိသော အရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုအရာများသည် သရဲတစ္ဆေအမြောက်အများ၏စိတ်ဝိညာဉ်များ ဖြစ်ကြပြီး ရုပ်ခန္ဓာအခွံတစ်ခုတည်းထဲသို့ တိုးဝင်နေကြခြင်းပင်။
ရှောင်ထျန်းယွမ်၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါလာပြီး သူ၏မျက်လုံးများသည် အပေါ်သို့ လန်တက်သွားကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးချီစွမ်းအင်နှင့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါသည် ပို၍အားကောင်းပြီး ကြောက်မက်ဖွယ် ကောင်းလာလေ၏။
သရဲတစ္ဆေဝိညာဉ်များ သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်နှင့်အမျှ ရှောင်ထျန်းယွမ်၏ မူလက ရှုံ့တွပြီးအိုမင်းနေသော အရေပြားသည် ပြန်လည်၍ စိုပြေလာသည်။ သူ၏သွေးချီစွမ်းအားများသည် ပြည့်ဝလာကာ ကြွက်သားများ ဖောင်းကားလာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ လျှင်မြန်စွာ ပြန်လည်၍ ကောင်းမွန်သွားသည်။
"ကောင်းပြီလေ... ဒီစွမ်းအားနဲ့ဆိုရင် ငါ မင်းကို ဆုတ်ဖြဲပစ်နိုင်ပြီ..."
ရှောင်ထျန်းယွမ်က ဒေါသတကြီး ရယ်မောလိုက်ရာ သူ၏ရယ်သံတွင် အမျိုးသား အမျိုးသမီး အဘိုးအိုနှင့်ကလေးများကဲ့သို့သော မတူညီသည့် လူများ၏အသံများ ရောနှောပါဝင်နေသည်။ ထိုလူများအားလုံးသည် စကားတစ်ခွန်းတည်းကို ပြောဆိုနေကြသဖြင့် အတော်လေး ထူးဆန်းနေပေ၏။
"ခင်ဗျား ပိုင်ဆိုင်တာ မဟုတ်တဲ့ အင်အားက နောက်ဆုံးကျရင် ခင်ဗျားရဲ့အရာ မဟုတ်နိုင်ဘူး..."
လုယွီ၏အကြည့်သည် မိုးကောင်းကင်တွင် ထွက်ပေါ်လာသော နေမင်းကြီးကဲ့သို့ တည်ငြိမ်နေပြီး တောက်ပကာ မျက်စိကျိန်းစရာကောင်းသော အလင်းတန်းများကို ထုတ်လွှတ်ထားသည်။ မြင့်မြတ်ပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ်က သူ၏နံဘေးပတ်ဝန်းကျင်တွင် လွှမ်းခြုံနေသည်။ ဤအချိန်အခိုက်အတန့်တွင် သူသည် ကောင်းကင်နှင့်မြေပြင်ကြားမှ အကြီးမြတ်ဆုံး ဧကရာဇ်ပင်။
လုယွီက သူ၏လက်ကို မြှောက်ပြီး ညွှန်ပြလိုက်သည်နှင့် ကောင်းကင်အုပ်စိုးသူ အရှင်သခင်၏ ကြီးမားကျယ်ပြန့်သော အင်မော်တယ်စွမ်းအားသည် ချက်ချင်းပွင့်အံ့ထွက်လာပေ၏။
မူလက ရှောင်ထျန်းယွမ်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်နေခဲ့ကြသော ထိုသရဲတစ္ဆေဝိညာဉ်များသည် သဘာဝရန်သူနှင့် တွေ့ဆုံရသည့်အလား စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး တစ်ကောင်ပြီးတစ်ကောင် ထွက်ပြေးသွားကြသည်။
"ဒါ... ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ရှောင်ထျန်းယွမ်၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် အစွမ်းထက်သော သရဲတစ္ဆေစိတ်ဝိညာဉ်များကို သူ၏ခန္ဓာကိုယ်ထဲသို့ ဆင့်ခေါ်ခဲ့သော်လည်း ဤအချိန်တွင် တစ်စုံတစ်ခု မှားယွင်းသွားခဲ့လေပြီ။
"မဖြစ်ဘူး... ဒီလို မဖြစ်သင့်ဘူး... မင်းတို့အားလုံး ပြန်လာခဲ့ကြစမ်း..."
ရှောင်ထျန်းယွမ် ရူးသွပ်တော့မည့်အလား ဖြစ်နေပြီး သူ၏အနောက်ရှိ အမှောင်ထုထံသို့ကြည့်ကာ ထပ်ခါတလဲလဲ အော်ဟစ်လိုက်သည်။
သို့သော် လုယွီကမူ ဂရုစိုက်ခြင်း မရှိချေ။ ကောင်းကင်အုပ်စိုးသူ အရှင်သခင်၏ အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံဖြင့် သူသည် သာမန်သရဲတစ္ဆေများကို အနားမကပ်ရဲအောင် ပြုလုပ်နိုင်ခဲ့ပြီးဖြစ်သည်။
"သာမန် ယင်သရဲတစ္ဆေတွေက ကောင်းကင်ဘုံရဲ့ အရှိန်အဝါကို စော်ကားရဲသလား..."
လုယွီ၏အသံသည် အေးစက်နေပြီး သူ၏ ဆံပင်နက်များသည် ရေတံခွန်တစ်ခုအလား ဖြာကျနေသည်။ သူသည် သူ၏ခြေထောက်ကို မြှောက်ပြီး ရှောင်ထျန်းယွမ်၏ရင်ဘတ်ကို နင်းချေလိုက်သည်။
သရဲတစ္ဆေများဝိညာဉ်များ၏ ကောင်းချီးပေးမှု မရှိတော့သဖြင့် ရှောင်ထျန်းယွမ်သည် သာမန် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။ သူသည် တာအိုသခင် တစ်ဦး ဖြစ်သော်လည်း လုယွီ၏ ရှေ့တွင် မယုံနိုင်လောက်အောင် အားနည်းနေပုံရသည်။
"ငါ သဘောမတူဘူး... ငါ့မှာ မပြည့်စုံသေးတဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိသေးတယ်... ဒီကောင်းကင်ဘုံက လူတိုင်းကို ငါ့ရဲ့ခြေရင်းမှာ ဒူးထောက်စေချင်တယ်..."
သူ၏အသက်သည် အဆုံးသတ်သို့ ရောက်ရှိသွားသဖြင့် ရှောင်ထျန်းယွမ်သည် မလိုလားသော အော်ဟစ်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။
သူ မည်သို့ ကျေနပ်နိုင်မည်နည်း။ ရှောင်မိသားစု တိုးတက်အောင်မြင်ရေးဟူသော ကြီးမားသော အကြောင်းပြချက်အတွက် သူသည် လေးနှစ်ကြာ စီစဉ်ခဲ့ပြီး အထွတ်အထိပ်သို့ ရောက်ရှိနေသော ရှောင်မိသားစုကို ပုန်းအောင်းနေစေခဲ့သည်။
ရှောင်မိသားစုဝင်များအားလုံးသည် လူမဟုတ် သရဲမဟုတ် ဖြစ်လာခဲ့ကြ၏။ သရဲတစ္ဆေများကို ခန္ဓာကိုယ်ထဲသို့ ဆင့်ခေါ်ကာ ပူးကပ်စေခြင်း၏ အကျိုးဆက်များကို သူ သိထားသော်လည်း ကောင်းကင်ဘုံနယ်မြေကို လွှမ်းမိုးချင်သော အိပ်မက်အတွက် သူသည် ထိုအရာအားလုံးကို ဘေးဖယ်ထားခဲ့သည်။
ဤမျှထိများပြားစွာ စွန့်လွှတ်အနစ်နာခံပြီးနောက် အဆုံးသတ်တွင် သူသည် သေခြင်းတရားနှင့် သူ၏တာအို ပျောက်ကွယ်သွားခြင်းဟူသော ရလဒ်ကိုသာ ရရှိခဲ့သည်။ ရှောင်ထျန်းယွမ်၏အော်ဟစ်တွင် ကြီးမားသော မလိုလားမှုများဖြင့် ပြည့်နှက်နေပေ၏။
"ခင်ဗျားလုပ်ခဲ့တဲ့ အရာတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်..."
လုယွီ၏လက်ချောင်းထိပ်တွင် အဖြူရောင် ဓားချီအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူသည် ထိုအရာကို ထုတ်လွှတ်လိုက်ရာ ထက်ရှသောဓားချီသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး ရှောင်ထျန်းယွမ်၏စိတ်ဝိညာဉ်ကို ချက်ချင်းသတ်ဖြတ်လိုက်၏။
"ငါ မုန်းတယ်... ငါ အရမ်း မုန်းတယ်..."
ရှောင်ထျန်းယွမ်၏ရေရွတ်သံသည် လေထုထဲတွင် အချိန်တခဏကြာ မျောလွင့်နေသော်လည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။ ရှောင်မိသားစုဝင် အမြောက်အများသည် ရှောင်ထျန်းယွမ် သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် အချိန်တခဏကြာမျှ ကြက်သေသေနေကြသည်။
သူတို့၏မာန်မာန သူတို့၏မောက်မာထောင်လွှားမှုများသည် ဤအချိန်အခိုက်အတန့်တွင် ဆုတ်ဖြဲခံလိုက်ရပြီး သူတို့ကို လုံးလုံးလျားလျား ဖိနှိပ်လိုက်သည့်အလားပင်။
လုယွီက ဝေ့ဝိုက်၍ ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ရှောင်မိသားစုဝင်များအားလုံးသည် ဆောင်းဦးပေါက်ကာလမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ပုံမှန်အားဖြင့် မာနအကြီးဆုံး လူများပင်လျှင် ဤသတ်ဖြတ်ခြင်းနတ်ဘုရားကို ရန်စမိမည် စိုးသဖြင့် ဤအချိန်တွင် စကားတစ်ခွန်းမျှ မပြောရဲကြပေ။
Chapter 5359
လုယွီက ဤယင်ကောင်ငယ်လေးများကို လျစ်လျူရှုထားလိုက်သည်။ သူသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ရှောင်မိသားစု၏အနောက်ဘက်တောင်သို့ ရောက်ရှိသွားသည်။
ရှောင်မိသားစု၏အနောက်ဘက်တောင်ကို တားမြစ်နယ်မြေအဖြစ် အစဥ်အမြဲ သတ်မှတ်ထားခဲ့သည်။ ဤနေရာတွင် လျှို့ဝှက်ချက်များစွာ ပုန်းအောင်းနေပြီး ရှောင်မိသားစုဝင်အများစုပင်လျှင် အနီးသို့ ချဥ်းကပ်သွားခွင့် မရှိချေ။
ရှောင်မိသားစု အနောက်ဘက်တောင်၏ အပြင်ဘက်တွင် အကာအကွယ်ဝင်္ကပါတစ်ခု ရှိသည်။ မသမာသော ရည်ရွယ်ချက်ရှိသူတစ်ဦး ဝင်ရောက်ရန် ကြိုးစားလျှင်ပင် ဤအကာအကွယ်ဝင်္ကပါနှင့် ကြုံတွေ့ရချိန်၌ အောင်မြင်နိုင်မည် မဟုတ်ချေ။
"ခရက်..."
လုယွီ ချဥ်းကပ်လာသည်နှင့်အမျှ ထိုအကာအကွယ်ဝင်္ကပါသည် သူ့ကို အနည်းငယ်မျှ အဟန့်အတား မဖြစ်စေနိုင်ဘဲ ချက်ချင်းကြေမွှပျက်စီးသွားသည်။
သူ၏မျက်စိရှေ့တွင် အကန့်အသတ်မရှိသော အမှောင်ထုကြီး ရှိနေသည်။ အနောက်ဘက်တောင်သည် ခြောက်ကပ်ပြီး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုများဖြင့် ပြည့်နှက်နေပုံရသည်။ ဤနေရာတွင် သစ်ပင်များနှင့်ပန်းများအားလုံး ညှိုးနွမ်းသွားကြပြီး သေခြင်းတရား အငွေ့အသက်များဖြင့် ပြည့်နှက်နေလေ၏။
အနက်ရောင်မြူခိုးများက အနောက်ဘက်တောင်ကို ဖုံးလွှမ်းထားသည်။ သာမန်မျက်စိဖြင့်ကြည့်လျှင် တောင်တန်းတစ်ခုလုံး၏ ပုံသဏ္ဍာန်ကို ရှင်းလင်းစွာမြင်တွေ့နိုင်ရန်ရန် ခက်ခဲလှသည်။ အနက်ရောင်မြူခိုးများအတွင်း၌ အဆုံးမဲ့သော အငြိုးကြီးစိတ်ဝိညာဉ်များ ရှိနေသကဲ့သို့ ဖြစ်ပြီး ရံဖန်ရံခါ၌ ကျောချမ်းဖွယ်ရာ အော်ဟစ်သံများကို ထုတ်လွှတ်နေကြသည်။
"ထွက်သွားစမ်း..."
လုယွီ၏မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ ဖြတ်ပြေးသွားပြီး သူ၏အင်မော်တယ် အရှိန်အဝါသည် ကြီးမားကျယ်ပြန့်ကာ သူ၏အသံသည် မိုးခြိမ်းသံအလားပင်။
အနက်ရောင်မြူခိုးများသည် ပြင်းထန်သော အရှိန်အဝါကြောင့် ချက်ချင်းကွဲထွက်သွားကာ လုယွီ လျှောက်လှမ်းရန် လုံလောက်သော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။
သူ၏ရှေ့မှ အတားအဆီးများအားလုံး ဖယ်ရှားခံလိုက်ရသည်။ ခရမ်းရောင်ချီစွမ်းအင်များသည် လုယွီ၏မျက်လုံးများတွင် မြင့်တက်လာပြီး အနက်ရောင် မြူခိုးများအတွင်း၌ ပုန်းအောင်းနေသော တည်ရှိမှုတစ်ခုကို ချက်ချင်းမြင်တွေ့လိုက်ရသည်။
"ရှေးဟောင်းငရဲနယ်မြေ..."
ဤသည်မှာ လေထုထဲတွင် ဆိုင်းငံ့နေသော မျှော်စင်တစ်ခု ဖြစ်ပြီး ထိုအရာပေါ်တွင် ရှေးဟောင်းအဆောင်လက်ဖွဲ့ အမြောက်အများကို ချိတ်ဆွဲထားသည်။ ထိုမျှော်စင်မှနေ၍ လောကဓံ၏အနိမ့်အမြင့် သဘောတရား အရှိန်အဝါကို ထုတ်လွှတ်နေပေ၏။
ကြီးမားကျယ်ပြန့်သော ယင်ချီစွမ်းအင်များသည် ရှေးဟောင်းငရဲနယ်မြေမှ ထွက်ပေါ်လာပြီး မယုံနိုင်လောက်အောင် အေးစိမ့်မှုကို ဖြစ်ပေါ်စေသည်။
"ဒီကို လာခဲ့စမ်း... ငါ့ကို အတင်းအကြပ် လှုပ်ရှားရအောင် မလုပ်နဲ့..."
လုယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်ရာ သူ၏ အသံတွင် ကြီးမားကျယ်ပြန့်သော အင်မော်တယ် အရှိန်အဝါများ ပါဝင်နေသည်။
ရှေးဟောင်းငရဲနယ်မြေအတွင်းမှ ဉာဏ်ရည်ရှိသော တည်ရှိမှုကို သူ အာရုံခံမိပြီး ဖြစ်သည်။ ထိုအရာသည် ဤမသေမျိုးအဆင့် မှော်လက်နက်၏ လက်နက်စိတ်ဝိညာဉ်ပင်။
မူလက စိတ်ဝိညာဉ်မီးနယ်မြေ အတွင်း၌ သရဲတစ္ဆေဧကရာဇ်၏ မသေမျိုးအဆင့် မှော်လက်နက်နှစ်ခု ရှိခဲ့သည်။ တစ်ခုမှာ ရှေးဟောင်းငရဲနယ်မြေ ဖြစ်ပြီး တခြားတစ်ခုမှာ သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်ပင်။
သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်၏ လက်နက်စိတ်ဝိညာဉ်သည် သေဆုံးခဲ့ရသော်လည်း နောက်ပိုင်းတွင် လက်နက်စိတ်ဝိညာဉ်အသစ်တစ်ခု မွေးဖွားလာပြီး လုယွီက ရရှိခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုအချိန်က လုယွီ၏ကျင့်ကြံခြင်းသည် အစွမ်းထက်သော ရှောင်မိသားစုကို ယှဉ်ပြိုင်ရန် မလုံလောက်သဖြင့် ရှေးဟောင်းငရဲနယ်မြေသည် နောက်ဆုံးတွင် ရှောင်မိသားစုနှင့်သာ ကျန်ရစ်ခဲ့သည်။
ဤလက်နက်စိတ်ဝိညာဉ်သည် ရှေးဟောင်းခေတ်အချိန်ကာလမှ ဆင်းသက်လာခဲ့ခြင်းပင်။ ခွေးနက်ကြီးကဲ့သို့ပင် သူသည် အလွန် ရှေးကျသော တည်ရှိမှုတစ်ခုဖြစ်ပြီး နက်နဲသော အကြံအစည်များနှင့် အဆုံးမဲ့တွက်ချက်မှုများကို ပြုလုပ်နိုင်သည်။ ရှောင်မိသားစု ဘိုးဘေးကို သူ့ရှေ့တွင် ဂျူနီယာတစ်ယောက်အဖြစ်သာ သတ်မှတ်နိုင်သည်။
"မင်းက သေချင်ယောင်ဆောင်ဖို့ ရွေးချယ်မယ်ဆိုရင်... ငါက မင်းရဲ့ လက်နက်စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပြီးတော့ အသစ်တစ်ခု ဖန်တီးလိုက်မယ်..."
လုယွီက ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့တက်လိုက်ပြီး အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။
လုယွီ၏အမြင်အရ ရှောင်ထျန်းယွမ်သည် ယခင်စရိုက်လက္ခဏာနှင့်မညီဘဲ ပြုမူရဲပြီး အလွန်မောက်မာထောင်လွှားစွာ ထွက်ပေါ်လာခြင်းသည် နောက်ကွယ်မှ ရှေးဟောင်းငရဲနယ်မြေ၏ တိုက်တွန်းမှုကြောင့်သာ ဖြစ်ပေမည်။
လုယွီ ရှေ့တိုးလာသည်နှင့်အမျှ ရှေးဟောင်းငရဲနယ်မြေသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပေ၏။
အနက်ရောင်မြူခိုးများသည် ပြင်းထန်စွာ လှုပ်ခတ်လာပြီး နတ်ဘုရားစိတ်အာရုံတစ်ခုက အတွင်းမှ ထွက်ပေါ်လာသည်။
"မင်းက တကယ်ပဲ ကောင်းကင်အုပ်စိုးသူ အရှင်သခင် ဖြစ်လာခဲ့တာပဲ... ပြီးတော့ ရုပ်ခန္ဓာကိုယ်... မင်းက သိုင်းပညာအင်မော်တယ် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါလား.. သိုင်းပညာအင်မော်တယ်ရော ကောင်းကင်အုပ်စိုးသူ အရှင်သခင်ရော... ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ရှေးဟောင်းငရဲနယ်မြေသည် ယခုချိန်မှသာ လုယွီ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိသည်။
အမှန်တကယ်တော့ လုယွီ၏ လက်ရှိစွမ်းအားဖြင့် သူသည် ရှေးခေတ်ကာလသို့ ပြန်သွားလျှင်ပင် ပြိုင်ဘက်ရှားပါးပေလိမ့်မည်။
ရှေးဟောင်းငရဲနယ်မြေသည် ထွက်ပြေးရန် ရွေးချယ်လိုက်၏။ လုယွီကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ရှေ့တွင် မသေမျိုးအဆင့်မှော်လက်နက်တစ်ခု၏ လက်နက်စိတ်ဝိညာဥ်သည် အရေးမပါသလောက်နီးပါးဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
"မင်းကြောင့် လူလောက်ထိများများ ပျက်စီးခဲ့ရပြီလဲ... မင်းက ဒီအတိုင်း ထွက်သွားဖို့ ကြံရွယ်နေတာလား..."
လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏အသံသည် အရပ်မျက်နှာအဘက်ဘက်၌ ပဲ့တင်ထပ်နေသော မိုးခြိမ်းသံအလားပင်။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်က ခုန်ထွက်လာသည်။ သူ လက်ညှိုးညွှန်ပြလိုက်သည်နှင့် ထူထပ်သော သံကြိုးများသည် ရှေးဟောင်းငရဲနယ်မြေ၏နံဘေးပတ်လည်တွင် ချက်ချင်းထွက်ပေါ်လာပြီး သူ့ကို ချည်နှောင်လိုက်သည်။
"ကောင်စုတ်လေး... မင်းကပါ ငါ့ကို တားရဲတယ်ပေါ့..."
ရှေးဟောင်းငရဲနယ်မြေသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အသည်းအသန် ရုန်းကန်နေသည်။
ရှေးဟောင်းငရဲနယ်မြေကို ကိုင်တွယ်ရန်အတွက် သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်သည် သူ၏စွမ်းအားကို အသုံးပြုခြင်းမှာ အလွန်ပင်ပန်းပေ၏။ ကောင်လေးသည် အစွမ်းကုန် အားထုတ်ကာ ကြာစွယ်ကဲ့သို့ သူ၏လက်လေးများဖြင့် ရှေးဟောင်းငရဲနယ်မြေကို ပြင်းပြင်းထန်ထန် ဆွဲထားလေ၏။
"ထွက်သွားစမ်း..."
ရှေးဟောင်းငရဲနယ်မြေသည် နောက်ထပ်အချိန်တခဏတွင် လွတ်မြောက်သွားတော့မည့်အလား အော်ငေါက်လိုက်သည်။
သို့သော် ဤအချိန်တွင် ဓားချီအလင်းတန်းနှစ်တန်းက လေတိုးသံနှင့်အတူ ရောက်ရှိလာသည်။ ဓားချီအလင်းတန်းများ တဖျပ်ဖျပ်လင်းလက်သွားပြီး ရှေးဟောင်းငရဲနယ်မြေကို ချက်ချင်းလွှမ်းခြုံနေသည်။
"ငြိမ်ငြိမ်နေစမ်း..."
"မင်း ထပ်လှုပ်ရင်... ငါ မင်းကို ခုတ်ပိုင်းပစ်မယ်..."
ဝိုးတဝါးနတ်ဘုရားစိတ်အာရုံများက ဓားကိုယ်ထည်များမှ ထွက်ပေါ်လာသည်။
လူသားဧကရာဇ်ဓားနှင့် ထိုက်အမ်းဓားတို့သည် အထွတ်အထိပ် အင်မော်တယ် အရှိန်အဝါကို သယ်ဆောင်ကာ ရုတ်တရက် ကျဆင်းလာပြီး ရှေးဟောင်းငရဲနယ်မြေကို ဝန်းရံထားလိုက်သည်။
Chapter 5360
"ထိုက်အမ်းဓား... လူသားဧကရာဇ် ဓား... ဒါတွေက ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့လက်ထဲကို ရောက်နေနိုင်မှာလဲ..."
ရှေးဟောင်းငရဲနယ်မြေသည် အော်ဟစ်လိုက်ပြီး မျှော်စင်ပေါ်ရှိ အနက်ရောင်အလင်းတန်းသည် နက်ရှိုင်းသော ငရဲဘုံအောက်ခြေမှ မီးတောက်များ မြင့်တက်လာသကဲ့သို့ တောက်ပနေသည်။
ကြီးမြတ်သော မသေမျိုးအဆင့် မှော်လက်နက်သုံးခုမှ အတူတကွ ဖိနှိပ်လိုက်ရာ ရှေးဟောင်းငရဲနယ်မြေသည် ချက်ချင်းဆိုသလိုပင် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားသည်။ ပတ်ဝန်းကျင်ရှိ ငရဲချီစွမ်းအင်များသည် ဆက်လက်၍ မြင့်တက်နေသော်လည်း နောက်ဆုံးတွင် မသေမျိုးအဆင့် မှော်လက်နက်သုံးခု၏ ဝန်းရံပိတ်ဆို့မှုကို ဖောက်မထွက်နိုင်ခဲ့ချေ။
"လုယွီ... ငါတို့က မတော်တဆ တွေ့ဆုံခဲ့ကြတာပါ... ဘာအငြိုးအတေးမှ မရှိပါဘူး... မင်းက သရဲတစ္ဆေဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံထားမှတော့... ငါ့ကို ဘာလို့ အလွတ်မပေးတာလဲ... ရှေးဟောင်းခေတ်ကာလရဲ့ လျှို့ဝှက်ချက်တချို့ကို ငါ ပြောပြနိုင်တယ်..."
ရှေးဟောင်းငရဲနယ်မြေသည် ရုတ်တရက် တည်ငြိမ်သွားပြီး လုယွီထံသို့ အသံသတင်းစကား ပေးပို့လိုက်သည်။
အခြေအနေသည် ကြီးမားသော ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့လေပြီ။ အကယ်၍ အတိတ်က လုယွီသာ ဖြစ်ခဲ့လျှင် ရှေးဟောင်းငရဲနယ်မြေကဲ့သို့ တည်ရှိမှုမျိုးသည် သူ့ကို အလေးထား၍ ဆက်ဆံမည် မဟုတ်ပေ။
သို့သော် ယခုချိန်၌ လုယွီ ပိုင်ဆိုင်ထားသော စွမ်းအားကို လျှော့တွက်၍ မရနိုင်တော့ချေ။ ကောင်းကင်နှင့်မြေပြင်ကြားရှိ အစွမ်းထက်သော မသေမျိုးအဆင့် မှော်လက်နက်များပင်လျှင် လုယွီ၏နည်းလမ်းများကို ကြောက်ရွံ့ရသည်။
"အငြိုးအတေး မရှိဘူးတဲ့လား... မင်းက ငါ့ရဲ့ထီးနန်းကို လုယူဖို့ ရည်ရွယ်ချက်နဲ့ ရှောင်မိသားစုကို ထွက်လာခိုင်းခဲ့တာလေ... မင်းနဲ့ ငါ့ကြားမှာ အငြိုးအတေး မရှိဘူးလို့ မင်း ထင်နေတာလား..."
လုယွီ၏အသံသည် အေးစက်တင်းမာနေပြီး သူ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် အနည်းငယ်မျှ လျော့နည်းသွားခြင်း မရှိချေ။
ရှေးဟောင်းငရဲနယ်မြေသည် ချက်ချင်းဆိုသလိုပင် မတရားခံရသောလေသံမျိုးဖြင့် အော်ဟစ်လိုက်သည်။ ဤသည်က ရှောင်မိသားစု ဘိုးဘေး၏ ကိုယ်ပိုင်ရည်ရွယ်ချက်သာဖြစ်ပြီး သူနှင့်မသက်ဆိုင်ကြောင်း အလျင်စလို ပြောဆိုလိုက်သည်။
"ငါ့ကို သနားစရာကောင်းအောင် ဟန်ဆောင်ပြနေစရာ မလိုဘူး... မင်းသာ နောက်ကွယ်ကနေ မီးလောင်ရာ လေပင့် မလုပ်ပေးရင် ရှောင်ထျန်းယွမ်က အရူးမဟုတ်ဘူး... သူ့ရဲ့ စိတ်နေသဘောထားက ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက်ကြီး ဒီလောက်ထိ ပြောင်းလဲသွားပြီး အရမ်း မောက်မာထောင်လွှားလာနိုင်မှာလဲ..."
လုယွီသည် ဤမသေမျိုးအဆင့်မှော်လက်နက်၏ လက်နက်စိတ်ဝိညာဉ်ကို အလွတ်ပေးရန် ပြင်ဆင်မထားပေ။
ဤလက်နက်စိတ်ဝိညာဉ်သည် ရှေးခေတ်ကာလကတည်းက လက်ဆင့်ကမ်းဆင်းသက်လာခဲ့ခြင်း ဖြစ်ပြီး နာကျည်းမှုနှင့် မကောင်းသောစိတ်ဆန္ဒများ အလွန်အမင်း စုစည်းမိနေသဖြင့် ကောက်ကျစ်သော မွန်းစတားတစ်ကောင် ဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ လုယွီပင်လျှင် ထိုကဲ့သို့ ရှေးဟောင်းမွန်းစတားနှင့် ရင်ဆိုင်ရချိန်၌ သတိထားရပြီး သူ လှည့်စားခံရမည်ကို စိုးရိမ်နေရသည်။
"ရှောင်မိသားစုလည်း မင်းရဲ့လက်ချက်နဲ့ ပျက်စီးလုနီးပါး ဖြစ်နေပြီဆိုတော့ မင်းရဲ့ ဒေါသတွေ ပြေပျောက်သင့်ပြီ... လောကကြီးမှာ သက်ရှိတွေက အကျိုးအမြတ်အတွက် လှုပ်ရှားနေတာပါ... အခု မင်းမှာ လုံလောက်တဲ့စွမ်းအား ရှိနေပြီဆိုတော့ ငါတို့ ပူးပေါင်းလို့ ရတယ်... အော်ဟစ်ပြီး သတ်ဖြတ်နေစရာ မလိုပါဘူး..."
ရှေးဟောင်းငရဲနယ်မြေသည် စိတ်ဓာတ်မကျဘဲ လုယွီကို ဆက်လက်၍နားချရန် ကြိုးစားနေသည်။
လုယွီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"မင်းက အိုးထဲက လိပ်တစ်ကောင် ဖြစ်နေပြီ... ငါနဲ့ ညှိနှိုင်းဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ..."
သူတို့၏သခင် အမျက်ဒေါသထွက်သည်ကို အာရုံခံမိသည့်အလား မသေမျိုးအဆင့် မှော်လက်နက်သုံးခုသည် တုန်ခါသံများ ထုတ်လွှတ်လိုက်ရာ ကောင်းကင်နှင့်မြေပြင်ကြားတွင် ထူးဆန်းသော သဘာဝလွန်ဖြစ်ရပ်များ မကြာခဏ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းသုံးတန်းသည် အထက်သို့ တန်းတန်းမတ်မတ် မြင့်တက်သွားပြီး တောင်များနှင့် မြစ်များကို လွှမ်းခြုံလိုက်၏။
ပတ်ဝန်းကျင်ရှိ ငရဲချီစွမ်းအင်များသည် ရုတ်တရက် ကျဲပါးသွားပြီး ရှေးဟောင်းငရဲနယ်မြေ၏ မိုးထိအောင် မြင့်မားသော အရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် ဖိနှိပ်ခံလိုက်ရသည်။
"မင်း ဘာလုပ်ချင်တာလဲ..."
ရှေးဟောင်းငရဲနယ်မြေ ထိတ်လန့်ကြောက်ရွံသွားသည်။ လုယွီ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို သူ အမှန်တကယ် ခံစားမိပေ၏။
"ဒါကလား..ငါ မင်းကို သတ်မလို့လေ..."
ဤရှေးဟောင်းမွန်းစတားနှင့် ဆွေးနွေးနေရန် သူ့ထံ၌ မည်သည့်အကြောင်းအရင်းမျှ မရှိတော့ပေ။ လုယွီသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူ၏လက်ဖြင့် ဖိနှိပ်လိုက်သည်။
ရှေးဟောင်းငရဲနယ်မြေ၏ ရည်ရွယ်ချက်အမှန်ကို သူ သိရှိပြီးဖြစ်သည်။
ရှေးဟောင်းငရဲနယ်မြေသည် လျှို့ဝှက်ချက် တချို့ကို အသုံးပြုပြီး လုယွီကို လှည့်စားချင်ခဲ့သည်။ သို့ရာတွင် လုယွီသည် ထိုကဲ့သို့ အရာများဖြင့် မည်သည်ကြောင့် သွေးဆောင်ခြင်းခံရမည်နည်း။
ထိုလှည့်စားသော စကားလုံးများအားလုံးသည် ကိုးဆယ်ရာခိုင်နှုန်း မှန်ကန်ပြီး တစ်ဆယ်ရာခိုင်နှုန်းသာ မှားယွင်းတတ်သည်။ သို့ရာတွင် သရဲတစ္ဆေဧကရာဇ်၏ မသေမျိုးအဆင့် မှော်လက်နက်နှင့် ယှဉ်လိုက်လျှင် ထိုကိုးဆယ်ရာခိုင်နှုန်းသော အမှန်တရားများသည် ထည့်တွက်နေရန် မလိုချေ။
လုယွီသည် ရှေးဟောင်းငရဲနယ်မြေ၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ သူ လှုပ်ရှားလိုက်သည်နှင့် တစ်ဖက်လူ၏အသက်ကို ယူဆောင်တော့ပေမည်။
"မင်းက ဘယ်လိုတောင် အတင့်ရဲတင်းလဲ... ငါက မင်းနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးနေတာကို... မင်းက ငါ့ကို တကယ်ကြီး တိုက်ခိုက်ချင်တယ်ပေါ့... မင်းက ခြင်္သေ့အသည်းနဲ့ ကျားသစ်သည်းခြေကို စားထားတာပဲဖြစ်မယ်..."
ရှေးဟောင်းငရဲနယ်မြေသည် အော်ငေါက်လိုက်ပြီး မျှော်စင်ပေါ်ရှိ ငရဲချီစွမ်းအင်များသည် အေးစက်နေပေ၏။
ဤသည်မှာ သရဲတစ္ဆေဧကရာဇ် ပိုင်ဆိုင်ခဲ့သည့် အစွမ်းထက်ဆုံး မသေမျိုးအဆင့် မှော်လက်နက် ပင်။ ဤအချိန်အခိုက်အတန့်တွင် သူသည် စွမ်းအားအပြည့်အဝကို ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်နေရာတဝိုက်ကို အဆုံးမဲ့ အမှောင်ထုကြီးက ချက်ချင်းလွှမ်းခြုံသွားပေ၏။ သရဲတစ္ဆေများ၏ညည်းတွားသံသည် လေဟာနယ်ထဲတွင် ပြည့်နှက်နေပြီး အပူချိန်ပင်လျှင် အဆများစွာ ကျဆင်းသွားသည်။ အရာအားလုံးသည် ငရဲနယ်မြေကဲ့သို့ ဖြစ်နေလေ၏။
ဤသည်မှာ လုံလောက်အောင် အစွမ်းထက်သော်လည်း လူသားဧကရာဇ်ဓားနှင့်ထိုက်အမ်းဓားတို့သည်လည်း ထပ်တူထပ်မျှ ကြောက်မက်ဖွယ် ကောင်းသည်။
ဤဓားနှစ်လက်သည် ရှေ့သို့ ပြင်းထန်စွာ တိုးဝင်သွားကာ ဓားစိတ်ဆန္ဒများသည် မျှော်စင်၏အတွင်းပိုင်းသို့ ချက်ချင်းဝင်ရောက်သွားတော့သည်။