← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း။ ၅၁

ကျောင်းအုပ်ကြီးက မျက်မှောင်ကြုတ်လျက် "ကလေးတွေအားလုံး ငိုရင်းနဲ့ပဲ အားအင်ကုန်ခမ်းသွားကြတာလား ဟူး... ငါ့မူကြိုက ကလေးတွေကိုရော ဘယ်လိုလုပ်ရမလဲ။ အချို့ဆိုရင် အသက်ရှူမဝတဲ့အထိ ငိုနေကြတာ အကယ်၍များ... ဟူး" ဟု ပြောလိုက်သည်။

ကျောင်းအုပ်ကြီးမှာ အလွန်စိုးရိမ်နေသော်လည်း ယခုလောလောဆယ်တွင် မည်သည့်ဖြေရှင်းချက်မျှ မရှိသေးပေ။ အားအင်ကုန်ခမ်းနေသော ကျင့်ကြံသူများကို အတင်းအကျပ် ပြန်ဆွဲခေါ်လာဖို့ဆိုသည်မှာလည်း မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ပါလား။ သူသည် စိတ်မအေးနိုင်ဘဲ ဟိုဟိုဒီဒီ လျှောက်သွားနေမိသည်။

"ဒါနဲ့ လုယာ... မြို့တော်စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က ဒီအိပ်မက်ဆိုးရဲ့ အရင်းအမြစ်နဲ့ ပတ်သက်ပြီး သဲလွန်စတစ်စုံတစ်ရာ ရထားတာရှိလား"

လုယာက ခေါင်းခါယမ်းကာ "မရသေးဘူး။ ကလေးတွေက သူတို့မက်တဲ့ အိပ်မက်ဆိုးအကြောင်းကို လုံးဝမပြောပြနိုင်ကြဘူးလေ။ အဲဒါကြောင့် စုံစမ်းစစ်ဆေးရေးက စလို့မရသေးတာ။ တပ်ဖွဲ့က အခုထိ အိပ်မက်က ဘာအကြောင်းလဲဆိုတာတောင် မသိသေးဘူး..." ဟု ဖြေကြားသည်။

ကျောင်းအုပ်ကြီးက မျက်ခုံးပင့်လိုက်ရင်း "အဲဒါဆိုရင်တော့ ငါ့ဆီမှာ အိပ်မက်ဆိုးပုံရိပ်တွေကို ဆွဲနေတဲ့ ပါရမီရှင်ကလေးတစ်ယောက် ရှိတယ်။ မင်း အဲဒီပုံကို ဓာတ်ပုံရိုက်ပြီး စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့အတွက် သဲလွန်စအဖြစ် သွားပေးလို့ရတာပေါ့" ဟု အကြံပေးသည်။

လုယာ အံ့အားသင့်သွားသည်။

"အိပ်မက်ဆိုးမက်ခဲ့တဲ့ ကလေးက အဲဒီအိပ်မက်ရဲ့ အရင်းအမြစ်ကို ပုံဆွဲနေတာလား"

"ဟုတ်တယ်"

"တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပဲ"

ကျောင်းအုပ်ကြီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ဖုန်းယန်က တကယ့်ကို ထူးခြားတဲ့ကလေးပါ" ဟု ပြောလိုက်သည်။

"ဒါပေမဲ့... ပိုပြီးထူးဆန်းတာက ငါတို့မူကြိုမှာ ဒီအိပ်မက်ဆိုးရဲ့ ဒဏ်ကိုမခံရဘဲ ခုခံနိုင်စွမ်းရှိတဲ့ ကလေးသုံးယောက် ရှိနေတာပဲ"

လုယာ တုန်လှုပ်သွားရသည်။

"ဟင် အိပ်မက်ဆိုးကို ခုခံနိုင်စွမ်းရှိတာလား"

ကျောင်းအုပ်ကြီးက ခပ်ပြုံးပြုံးဖြင့် "ဟုတ်တယ်။ ကလေးသုံးယောက်က အိပ်မက်ဆိုး လုံးဝမမက်ဘူး။ ဟိုမှာကြည့်..."

သူသည် ရုပ်ရည်အလွန်ချောမောသော ရွှီရန်၊ မျက်ခုံးနှင့် ဆံပင်ဖြူဖြူဖြင့် ကျူးယွီဟန်နှင့် တက်ကြွလန်းဆန်းနေသော ကျန်းလျူလီတို့ကို ညွှန်ပြလိုက်သည်။

လုယာ မျက်ခုံးပင့်လိုက်မိသည်။

"တကယ်ပဲ သူတို့ကြည့်ရတာ အိပ်မက်ဆိုးကြောင့် ထိတ်လန့်နေတဲ့ပုံ မပေါ်ဘူး။ ဘာကြောင့်ပါလိမ့်။ ကျင်းမြို့တော်က ကလေးအားလုံး အိပ်မက်ဆိုးဒဏ် ခံနေရတာကို သူတို့သုံးယောက်က ဘာလို့ ဘာမှမဖြစ်ရတာလဲ။ သူတို့က အသက် ငါးနှစ် ခြောက်နှစ်ပဲ ရှိသေးတာ မဟုတ်လား"

ကျောင်းအုပ်ကြီး: "ကျူးယွီဟန်က ခြောက်နှစ်ကျော်ပြီ ရွှီရန်နဲ့ ကျန်းလျူလီကတော့ ငါးနှစ်ခွဲပေါ့"

လုယာ: "...ဒါက... ဒါက... ဘာကြောင့်ဖြစ်နိုင်မလဲ"

ကျောင်းအုပ်ကြီးက ခေါင်းခါယမ်းရင်း "ငါတို့လည်း လုံးဝစဉ်းစားမရဘူး။ ဘာပဲဖြစ်ဖြစ်... လာ ဖုန်းယန်ဆွဲထားတဲ့ အိပ်မက်ဆိုးရဲ့ အရင်းအမြစ်ကို သွားကြည့်ရအောင်"

"ကောင်းပါပြီ"

သူတို့နှစ်ဦးသည် ဆယ်လှမ်းခန့် လျှောက်လှမ်းသွားကြသည်။

ကျောင်းအုပ်ကြီးနှင့် လုယာတို့သည် ဖုန်းယန်အနီးသို့ တိုးကပ်လာကြသည်။

"ဟင်း... ဒီထူးဆန်းတဲ့ မိစ္ဆာကောင်က တစ်မြို့လုံးက ကလေးတွေရဲ့ အိပ်မက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာလား"

လုယာ၏ မျက်စိသူငယ်အိမ်များမှာ သိသိသာသာ ကျုံ့သွားပြီး ထိတ်လန့်သွားရသည်။

"ဖုန်းယန်... မင်းရဲ့ ပန်းချီကားက တကယ့်ကို အသက်ဝင်လွန်းတယ်"

"ဒီ... ဒီမိစ္ဆာက တကယ့်ကို ရွံစရာကောင်းတာပဲ။ ကြည့်ရုံနဲ့တင် စိတ်ထဲမှာ မသိုးမသန့် ဖြစ်လာစေတယ်"

လုယာက ဒေါသတကြီးဖြင့် ဆက်ပြောသည်။

"သူ့ရဲ့ ကိုယ်ပေါ်မှာ ကပ်နေတာတွေက ကလေးအလောင်းတွေလား။ ဒါဆိုရင် အရင်က ကူးဟောင်ညိုငှက်ဖြစ်ရပ် သုံးကြိမ်တုန်းက ရှာမတွေ့ခဲ့တဲ့ ကလေးတွေက ဒီကောင်ရဲ့ လက်ချက်နဲ့ ဇွန်ဘီကလေးတွေအဖြစ် ပြောင်းလဲခံလိုက်ရတာပေါ့။ ဒါ ကလေးပေါင်း သောင်းနဲ့ချီရှိတာပဲ တောက်….တောက်"

ကျောင်းအုပ်ကြီးက သက်ပြင်းချကာ "ဟူး... ဒီကူးဟောင်ညိုငှက်ဆိုတဲ့အကောင်က တစ်ခါသတ်လိုက်လည်း နောက်တစ်ခါ ပြန်ပေါ်လာတာပဲ။ အမြစ်ကို မဖြတ်နိုင်သရွေ့တော့ အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိတယ်"

လုယာကလည်း ထောက်ခံသည်။

"ပိုပြီး ကြောက်စရာကောင်းတာက တစ်မြို့လုံးအတိုင်းအတာနဲ့ အိပ်မက်ဆိုးက ကျင်းမြို့တော်က ကလေးတွေဆီမှာပဲ ဖြစ်တာဆိုတော့ ဒီအိပ်မက်ဆိုးရဲ့ အရင်းအမြစ်က ကျင်းမြို့တော်ထဲမှာပဲ ပုန်းအောင်းနေတယ်ဆိုတာ သေချာသလောက်ရှိတယ်"

ကျောင်းအုပ်ကြီး: "ငါ သိတာပေါ့... အရင်းအမြစ်က ဒီမြို့ထဲမှာပဲ ရှိမှာ။ မြို့တော်ကနေ စိတ်ဝိညာဉ်စွမ်းအင် ကျွမ်းကျင်တဲ့ ထိပ်တန်းပညာရှင်တစ်ယောက် ဒီကိုလာနေပြီ နောက်တစ်ရက်ဆို ရောက်လာလိမ့်မယ်"

"ဒါပေမဲ့ အခုလောလောဆယ် ငါ့ကျောင်းက ကလေးတွေ ကြောက်လန့်နေကြတုန်းပဲ... သူတို့ ဒီအတိုင်း ဆက်ငိုနေရင် ပြဿနာကြီးလိမ့်မယ်။ အသက်ရှူမဝတဲ့အထိ ငိုတာက ဦးနှောက်ကို ထိခိုက်စေနိုင်တယ်"

ကျောင်းအုပ်ကြီးသည် အလွန်ပူပန်နေပြီး အိပ်မက်ဆိုး၏ အရင်းအမြစ်ကို ချက်ချင်းရှာဖွေကာ အမှုန့်ဖြစ်အောင် ချေဖျက်ပစ်ချင်နေတော့သည်။

ဖုန်းယန်: "..."

သူသည် တစ်စုံတစ်ခုကို ပြောရန် တွန့်ဆုတ်နေပြီး ရွှီရန်ကို လှည့်ကြည့်လိုက်သည်။ ထိုအကြည့်မှာ "ငါ ပြောပြလိုက်ရမလား" ဟု မေးနေသကဲ့သို့ပင်။

ရွှီရန်က ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင်...

လုယာနှင့် ကျောင်းအုပ်ကြီးတို့သည် တစ်ပြိုင်နက်တည်း ဖုန်းယန်ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။

"ဟင် မင်း ဘာဖြစ်တာလဲ မင်းက အိပ်မက်ဆိုးရဲ့ အရင်းအမြစ်ကို ပုံဖော်ပြီးသွားတာဆိုတော့ ပိုပြီးတောင် ကြောက်နေသင့်တာလေ"

"ဒါပေမဲ့ မင်းကြည့်ရတာ ဘာမှမဖြစ်တော့သလိုပဲ။ မင်းရဲ့ ကြောက်စိတ်တွေ အကုန်လုံး ပျောက်ကွယ်သွားသလိုမျိုးပဲ"

ကျောင်းအုပ်ကြီးသည် မျှော်လင့်ချက်အလင်းရောင်တစ်ခုကို ဆုပ်ကိုင်လိုက်သကဲ့သို့ "ဘာတွေဖြစ်နေတာလဲ တစ်ခုခု ထူးခြားတဲ့နည်းလမ်းများ ရှိနေလို့လား တခြားကလေးတွေအတွက်ရော အလုပ်ဖြစ်နိုင်မလား" ဟု အလောတကြီး မေးမြန်းလိုက်တော့သည်။

အခန်ူ။ ၅၂

ကျောင်းအုပ်ကြီး၏ မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် ဖုန်းယန်သည် ရွှီရန်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောသေးဘဲ ခွင့်ပြုချက်တောင်းခံနေသည့်အလား ငြိမ်နေခဲ့သည်။

ဖုန်းယန်သည် တကယ့်ယောက်ျားကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။ သူသည် အလုပ်ကို တာဝန်ကျေရုံတင်မကဘဲ နှုတ်လုံသူလည်း ဖြစ်သည်။ ခွင့်ပြုချက်မရဘဲ သူ တစ်ခွန်းမှ ထုတ်ပြောမည်မဟုတ်ပေ။

ဖုန်းယန်က အကြည့်ဖြင့် ခွင့်ပြုချက်တောင်းသည်ကို မြင်သောအခါ ရွှီရန်ကလည်း ခေါင်းညိတ်ပြလိုက်သည်။ ဤကဲ့သို့သော အထောက်အကူပြုစွမ်းရည်အသေးအမွှားလေးအတွက် လျှို့ဝှက်ထားစရာ မလိုသလို ယခုကဲ့သို့ အရေးကြီးနေသော အချိန်တွင် ပို၍ပင် မလိုအပ်တော့ပေ။

ထိုအခါမှ ဖုန်းယန်က ချောင်းတစ်ချက်ဟန့်ပြီး "ကျောင်းအုပ်ကြီး... ဒါတွေအားလုံးက ရွှီရန်ကြောင့်ပါ။ သူ ကျွန်တော့်ကို ခဏလောက် နှစ်သိမ့်ပေးလိုက်တာနဲ့ စိတ်ထဲက ကြောက်စိတ်တွေ ချက်ချင်း ပျောက်သွားတာပဲ။ တုန်တာတွေ ချွေးပြန်တာတွေလည်း မရှိတော့ဘူး"

ကျောင်းအုပ်ကြီးက သူ နားကြားမှားသလားဟုပင် ထင်မှတ်သွားသည်။

"ဟင်"

အန်တီလုယာကလည်း သူမ၏ မျက်ခုံးပါးလေးများကို ပင့်လိုက်ရင်း "ဘာလဲ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပုံမှန်ဆိုရင် အဆင့်မြင့် စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက် လိုအပ်တာလေ။ ရွှီရန်က အသက် ငါးနှစ်ကျော်လေးပဲ ရှိသေးတာ မဟုတ်လား။ သူ့ရဲ့ အခြေခံအရည်အချင်းက ဘယ်လောက်ပဲ ကောင်းနေပါစေ စိတ်ဝိညာဉ်ကျင့်ကြံသူရဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား"

ကျောင်းအုပ်ကြီးကလည်း လုယာ၏ စကားကို အပြည့်အဝ ထောက်ခံသည်။

"ခဏလောက် နှစ်သိမ့်ရုံနဲ့ သက်သာသွားတယ် ဟုတ်လား။ ဒါ ရွှီရန်ကြောင့် မဖြစ်နိုင်ပါဘူး။ ငါ မင်းကို ဒီမှာ စိတ်ဓာတ်အမာဆုံးကလေးလို့ အမြဲမြင်ခဲ့တာ။ မင်းရဲ့ စိတ်ဓာတ်ခိုင်မာမှုက ကြောက်စိတ်ကို ကျော်လွှားသွားတာပဲ ဖြစ်ရမယ်"

ဖုန်းယန်က ခိုင်မာသောလေသံဖြင့် "မဟုတ်ဘူး... ဒါ ရွှီရန် လုပ်လိုက်တာ သေချာတယ်။ ဘာကြောင့်လဲဆိုတာ ကျွန်တော် မသိပေမဲ့ သူ့ရဲ့ နှစ်သိမ့်မှုက ထူးခြားတဲ့ အာနိသင်ရှိတယ်"

ဖုန်းယန်က အတင်းအကျပ် ပြောနေသည်ကို မြင်သောအခါ ကျောင်းအုပ်ကြီးမှာ တစ်ဝက်ယုံ တစ်ဝက်မယုံ ဖြစ်သွားရသည်။ အမှန်အတိုင်းပြောရလျှင် သူ၏ ဘဝသက်တမ်းတစ်လျှောက် ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ရွှီရန်၏ နှစ်သိမ့်မှုက ထူးခြားသော အာနိသင်ရှိသည်ဆိုသည်ကို သူ လက်မခံနိုင်သေးပေ။ ၎င်းမှာ သာမန်အသိဉာဏ်ကို ဆန့်ကျင်နေသကဲ့သို့ပင်။

ရွှီရန်က ခေါင်းခါယမ်းလိုက်ရင်း "ကျောင်းအုပ်ကြီး၊ အန်တီလု... ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး။ ကျွန်တော် ကလေးတွေကို အမြန်ဆုံး စိတ်အေးအောင် လုပ်ပေးရမယ်" ဟု ပြောလိုက်တော့သည်။

ယခုအချိန်တွင် ကလေးများကို ကယ်တင်ရန်မှာ အရေးကြီးဆုံးကိစ္စဖြစ်သည်။

ရွှီရန်သည် အပိုစကားပြောနေရသည်ကို မနှစ်သက်သဖြင့် မေ့မြောလုနီးပါးဖြစ်နေသော ကလေးငယ်တစ်ဦး၏ ဘေးတွင် ချက်ချင်းပင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကြောက်ရွံ့ခြင်းကို နှင်ထုတ်ခြင်းဂါထာကို ကလေး၏နားနားတွင် တိုးတိုးလေး ရွတ်ဆိုပေးလိုက်သည်။

အကြိမ်နှစ်ဆယ်ခန့် ရွတ်ဆိုပြီးနောက်တွင် ထိုကလေးငယ်မှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး စူးရှသော ငိုသံများ ရပ်တန့်သွားကာ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် အေးချမ်းစွာ အိပ်ပျော်သွားတော့သည်။

ထိုကလေး၏မိခင်သည် ဝမ်းသာအားရဖြင့် ရွှီရန်ကို ဖက်ကာ နမ်းလိုက်ပြီး "ကျေးဇူးပါပဲ ရွှီရန်လေးရယ်" ဟု ပြောရှာသည်။

ရွှီရန်: "..."

အန်တီ... ကျွန်တော့်ကို အခွင့်ကောင်းယူနေတာလားမသိဘူး။

သူသည် မတတ်သာသလို ခေါင်းခါယမ်းလိုက်ပြီးနောက် နောက်ထပ်ကလေးငယ်များ၏ ကြောက်ရွံ့မှုများကို ဆက်လက်ဖယ်ရှားပေးရန် လှည့်ထွက်ခဲ့သည်။

ကျောင်းအုပ်ကြီး: "တကယ်ပဲ အလုပ်ဖြစ်တာလား"

လုယာ: "ဒါကတော့ တကယ်ကို မျက်စိပွင့်သွားစေတာပဲ။ ဒီကလေးရဲ့ နားလည်

သဘောပေါက်မှု အခြေခံက တကယ်ပဲ ဒီလောက်အထိ ကြောက်စရာကောင်းတာလား"

သူတို့နှစ်ဦးစလုံးသည် သူတို့၏ အသိအမြင်များကို အသစ်ပြန်လည် ရေးဆွဲလိုက်ရသကဲ့သို့ ရွှီရန်၏ လုပ်ဆောင်ချက်များကို အံ့အားသင့်စွာ ကြည့်နေမိကြသည်။

ကျောင်းအုပ်ကြီးက ဇဝေဇဝါဖြင့် "ဒါက ရိုးရိုးလေးပဲဟာကို... ငါလည်း ရွတ်တတ်တာပဲ"

ထိုသို့ပြောပြီးနောက် ကျောင်းအုပ်ကြီးသည် ကလေးတစ်ယောက်အနားသို့သွားကာ ရွှီရန်ရွတ်ဆိုသော ဂါထာကို တစ်လုံးမကျန် အကြိမ်နှစ်ဆယ်တိတိ လိုက်လံရွတ်ဆိုပြသည်။

သို့သော် ထိုကလေးငယ်မှာ ပို၍ပင် အားကိုးတကြီးနှင့် အသည်းအသန် ငိုကြွေးလာတော့သည်။

ကျောင်းအုပ်ကြီးသည် ရှက်ကိုးရှက်ကန်းဖြင့် နောက်ဆုတ်လိုက်ရသည်။

"ထူးဆန်းလိုက်တာ... ဂါထာချင်းက အတူတူပဲကို ရွှီရန်ရွတ်မှပဲ အလုပ်ဖြစ်တာလား"

ကျောင်းအုပ်ကြီးသည် မျက်မှောင်ကြုတ်လျက် ရွှီရန်၏ ခန့်ညားသော ဘေးတိုက်ပုံရိပ်ကို ကြည့်ကာ အလေးအနက် စဉ်းစားခန်း ဝင်နေတော့သည်။

ရွှီရန်သည် သူ၏ လုပ်ဆောင်ချက်များကို သိသိသာသာ အရှိန်မြှင့်လိုက်သည်။

သို့သော် သူရွတ်ဆိုလိုက်သော စကားလုံးတိုင်းမှာမူ ရှင်းလင်းပြတ်သားနေဆဲပင်။ ဂါထာကို အကြိမ်နှစ်ဆယ်စီ ရွတ်ဆိုရာတွင် အလွန်မြန်လွန်းခြင်း သို့မဟုတ် နှေးလွန်းခြင်း မရှိဘဲ တစ်ဦးလျှင် တစ်မိနစ်နှင့် စက္ကန့်နှစ်ဆယ်ခန့်သာ ကြာမြင့်သည်။

နာရီဝက်ကျော်ခန့် ကြာပြီးနောက်တွင်တော့ မူကြိုကျောင်းရှိ ကလေးငယ် ၃၀ လုံးမှာ ပြန်လည်တည်ငြိမ်သွားပြီး အေးချမ်းသွားကြတော့သည်။

"ကျေးဇူးပါပဲ ရွှီရန်လေးရယ်... သားက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ"

"အစ်ကိုရွှီရန်ကို အမြန်ကျေးဇူးတင်လိုက်ဦးလေ။ သူ့ဆီကနေ အတုယူစမ်းပါ သူ ဘယ်လောက်တောင် ထူးချွန်လဲဆိုတာ ကြည့်ဦး"

အားအင်အနည်းငယ် ကျန်ရှိနေသေးသော ကလေးအချို့မှာလည်း သူတို့၏ နုနယ်သောအသံလေးများဖြင့် "အစ်ကိုရွှီရန်က စူပါဟီးရိုးကြီးပဲ ကျွန်တော်တို့က အစ်ကိုရွှီရန်ကို အချစ်ဆုံးပဲ" ဟု အော်ဟစ်နှုတ်ဆက်ကြသည်။

မိခင်များ၏ ဝမ်းသာမျက်ရည်များဖြင့် ကျေးဇူးတင်စကားများကြားတွင် ရွှီရန်သည် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့၏။

ငါ့ရဲ့ စွမ်းရည်တိုးတက်မှုအမှတ်တွေကိုလည်း မြှင့်တင်နိုင်သလို ဂုဏ်သတင်းကိုလည်း ဖြန့်နိုင်ခဲ့ပြီ။ ငါကတော့ တကယ်ကို မဆိုးပါလား...

ရွှီရန်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။

ထို့နောက် သူသည် သူနှင့်အတန်းတူ ပါရမီရှင်ကလေးငယ် ၁၇ ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုကလေးများမှာ အသက်ခြောက်နှစ်ကျော်ရှိကြပြီး သူတို့၏ အခြေခံအရည်အချင်းများကို စတင်ထိန်းချုပ်နိုင်သူများ ဖြစ်ကြသဖြင့် အိပ်မက်ဆိုးနှင့် ကြောက်ရွံ့မှုများကို ပို၍ခုခံနိုင်ကြသည်။ သူတို့မှာ မေ့မြောမသွားကြသော်လည်း မိခင်ဖြစ်သူများ၏ ရင်ခွင်ထဲတွင် တုန်ယင်ကာ ရှိုက်ကြီးတငင် ငိုနေကြဆဲပင်။

သို့သော်လည်း သူတို့၏ အခြေအနေမှာ စိုးရိမ်ရဆဲပင်။

ရွှီရန် အချိန်ဆွဲမနေဘဲ တစ်ယောက်ချင်းစီအတွက် ဂါထာကို စတင်ရွတ်ဆိုပေးတော့သည်။ အကြိမ်နှစ်ဆယ်ကျော်စီ ရွတ်ဆိုပေးပြီးနောက် ကလေးတစ်ဦးချင်းစီမှာ တဖြည်းဖြည်း တည်ငြိမ်မှု ပြန်လည်ရရှိလာပြီး အိပ်မက်ဆိုး၏ ခြောက်လှန့်မှုများမှ လွတ်မြောက်သွားကြတော့သည်။

"ကျေးဇူးပါပဲ ရွှီရန်..."

"တကယ်ကို ကျေးဇူးတင်ပါတယ် ရွှီရန်လေးရယ်။ သားသာမရှိရင် အန်တီတို့ ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး အားလုံးက သားကြောင့်ပါပဲ..."

မိခင်များမှာ မျက်ဝန်းများ နီမြန်းလျက် ရွှီရန်ကို ဖက်ကာ နမ်းရှုံ့ပြီး ကျေးဇူးတင်စကား ဆိုကြသည်။

ကျေးဇူးတင်တယ် ဟုတ်လား။

ရွှီရန် စိတ်လှုပ်ရှားမိသည်။ မိခင်များ၏ မျက်ဝန်းထဲမှ စစ်မှန်သော ကျေးဇူးတင်ရိပ်များသည် နွေဦးနေရောင်ခြည်ထက်ပင် ပို၍ နွေးထွေးနေသကဲ့သို့ ခံစားရသည်။

သူ၏ တက်ကြွမှုမှာလည်း မသိလိုက်ဘဲ သိသိသာသာ မြင့်တက်လာခဲ့သည်။ မိနစ်နှစ်

ဆယ်ကျော် ကြာပြီးနောက်တွင် နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်း ရှိ ကလေးအားလုံးမှာ ရွှီရန်ဂါထာ၏ ကျေးဇူးကြောင့် အိပ်မက်ဆိုး၏ အကြောက်တရားများမှ ကင်းဝေးသွားကြပြီ ဖြစ်သည်။

တစ်ချိန်က ဆူညံနေသော သင်ကြားရေးစင်တာမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး ကလေးငယ်များမှာလည်း မှန်မှန်အသက်ရှူရင်း တဖြည်းဖြည်း အိပ်ပျော်သွားကြသည်။

[လက်ရှိ ကြောက်ရွံ့ခြင်းကို နှင်ထုတ်ခြင်း တိုးတက်မှုအမှတ်: 47/10000...]

မူကြိုကျောင်းမှာရှိတဲ့ ကလေးအားလုံး အန္တရာယ်ကင်းသွားပြီ။

ရွှီရန် သက်ပြင်းချလိုက်ရင်း လူအုပ်ကြားတွင် အသာအယာ ပြုံးလျက် ရပ်နေသည်။

လျူလီသည် ရွှီရန်ထံသို့ သဘက်တစ်ထည် ယူလာပေးပြီး ချွေးသုတ်ပေးသည်။

"အစ်ကိုရွှီရန်... အစ်ကိုက တကယ့်ကို အံ့ဩစရာကောင်းတာပဲ"

ရွှီရန် ပြုံးလိုက်သည်။

"ဒါပေါ့"

ဆံပင်ဖြူဖြူနှင့် ကျူးယွီဟန် ကလည်း လက်ဖက်ရည်တစ်ခွက် ယူလာပေးသည်။

"ရော့... ဒါ သောက်လိုက်ဦး"

"ကျေးဇူးပါပဲ"

ရွှီရန် မျက်ခုံးပင့်လိုက်ရင်း လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး မျက်နှာသုတ်လိုက်သည်။

"တော်လိုက်တာ ငါ့သားလေးရယ်"

မေမေသည် အရပ်သိပ်မရှည်သော်လည်း စိတ်ဓာတ်ခိုင်မာသည့် သူမ၏ သားငယ်လေးကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးနေသည်။ သူမ၏ မျက်ဝန်းများတွင်လည်း ဝမ်းသာမျက်ရည်များ ဝဲနေသည်။

တကယ့်ကို ရွှီဟယ်ချင်းရဲ့ သားပဲ နူးညံ့သိမ်မွေ့ပုံက တစ်ပုံစံတည်းပဲ။

မေမေက ရွှီရန်ကို ဖက်ထားလိုက်ရင်း "သား တစ်နာရီလုံး အလုပ်ရှုပ်နေတာ ပင်ပန်းနေပြီလား" ဟု မေးသည်။

ရွှီရန် ခေါင်းခါပြသည်။

"မပင်ပန်းပါဘူး မေမေ။ ပိုပြီးတောင် ပျော်နေမိတယ်"

မေမေက နွေးထွေးစွာ ပြုံးလျက် "ပျော်နေရင် ပြီးတာပါပဲသားရယ်။ လူတိုင်းက သားလုပ်သလို မလုပ်နိုင်ကြဘူး။ သား ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသင့်တယ်။ သားက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ"

All Chapters