← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း။ ၅၇

ယဲ့ဖျင်က "အို... ကျောင်းအုပ်ကြီး ကျွန်တော့်ကို နောက်နေတာလား။ အသက်ရှစ်နှစ်အောက် ကလေးတွေက သူတို့ရဲ့ သွေးကြောမျှင်တွေထဲမှာ စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်အောင် မလုပ်နိုင်ကြသေးဘူးလေ" ဟု ပြောလိုက်သည်။

ကျောင်းအုပ်ကြီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ပါရမီနဲ့ နားလည်သဘောပေါက်မှု သက်သက်ကိုပဲ အခြေခံပြီး တခြားလမ်းကြောင်းတစ်ခုကနေ သွားနေတာပေါ့"

"ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ ကိုယ်ခံပညာက စနစ်တကျ ကျင့်ကြံတဲ့ နည်းစနစ်တွေကိုတော့ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဒါက သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ပါရမီကို သက်သေပြနေတာပဲ"

ယဲ့ဖျင်၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုများ ရိပ်ယောင်သွားသည်။ သို့သော် မကြာမီမှာပင် သူသည် ရွှီရန်ကိစ္စကို ဆက်လက်အာရုံမစိုက်တော့ပေ။

"ဒီဆံပင်ဖြူဖြူ၊ မျက်ခုံးဖြူဖြူနဲ့ ကလေးမလေးက အချိန် အခြေခံအရည်အချင်းရှိတဲ့ ကျူးယွီဟန် လား"

ကျောင်းအုပ်ကြီး: "ဟုတ်တယ်"

ယဲ့ဖျင်က ခေါင်းကို အသာအယာ ငြိမ့်လိုက်ပြီး "နားလည်ပါပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး တာဝန်က သူမရဲ့ အစောင့်အရှောက်အဖြစ် ဆောင်ရွက်ဖို့ပဲ။ ဒုတိယ တာဝန်ကတော့ အိပ်မက်ဆိုး နာကြည်းမှုမိခင်ကို ရှင်းလင်းဖို့ပေါ့။ ကျောင်းအုပ်ကြီး အကူအညီလိုတာရှိရင် ကျွန်တော့်ကို ပြောပါ"

ထိုသို့ ပြောဆိုပြီးနောက် ယဲ့ဖျင်သည် သူ၏ ရင်ခွင်ထဲမှ ကျောက်စိမ်းပုလွေတစ်လက်ကို ထုတ်ယူကာ ခေါင်မိုးပေါ်သို့ ခုန်တက်၍ အေးအေးလူလူ ထိုင်လိုက်သည်။

အေးချမ်းသာယာလှသော ပုလွေသံစဉ်သည် မြင်တွေ့၍မရသော စိတ်ဝိညာဉ်စွမ်းအားများနှင့် ပေါင်းစပ်သွားပြီး လေထဲတွင် ဝဲပျံနေသော ပန်းပွင့်များအလား ကျင်းမြို့တော်အနှံ့သို့ လွင့်ပျံသွားတော့သည်။ ထိုစွမ်းအားများသည် အိမ်ခြေထောင်သောင်းမကသော ကလေးငယ်များ၏ နဖူးထက်သို့ စီးဝင်သွားကြသည်။

ကလေးငယ်များသည် ချက်ချင်းပင် စိတ်တည်ငြိမ်သွားကြပြီး သူတို့၏ မျက်နှာလေးများမှာ ပျော်ရွှင်အေးချမ်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။

"ဝူး ဝူး ဝူး..."

သာယာနာပျော်ဖွယ် ပုလွေသံစဉ်မှာ ဆက်လက် ပျံ့လွင့်နေဆဲပင်...

ကောင်းကင်ထက်တွင် လမင်းကြီးမှာ ထိန်ထိန်သာလျက်ရှိသည်။ ညလေပြေကလည်း အေးမြနေပြီး လရောင်မှာ ရေပြင်ကဲ့သို့ ကြည်လင်နေသည်။ ရွှီရန်သည် ပြတင်းပေါက်ကို ဖွင့်လိုက်စဉ် သူ၏ နဖူးထက်တွင် အေးမြမှုတစ်ခုကို ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။

ဘယ်သူက ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်တဲ့ ပုလွေသံကို တီးမှုတ်နေတာလဲ။ မြို့တော်ကလာတဲ့ စိတ်ဝိညာဉ် အခြေခံအရည်အချင်းရှိတဲ့ လူလား။

ကြည့်ရတာတော့ အိပ်မက်ဆိုး နာကြည်းမှုမိခင်ရဲ့ ဇာတ်လမ်းကတော့ ပြီးဆုံးတော့မှာပဲ။

ရွှီရန်သည် ရလဒ်ကို ကြိုတင်ခန့်မှန်းမိလိုက်ပြီးနောက် အိပ်စက်ရန် လှည့်ထွက်ခဲ့သည်။

သာယာလှသော ပုလွေသံစဉ်အောက်တွင် ကျင်းမြို့တော်ရှိ လူကြီး လူငယ်အားလုံးမှာ အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြတော့သည်။ တစ်နာရီကျော် ကြာပြီးနောက်တွင် ပုလွေသံစဉ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ယဲ့ဖျင်သည် ကျောက်စိမ်းပုလွေကို ပြန်သိမ်းလိုက်သည်။

ကျောင်းအုပ်ကြီးက ချီးကျူးစကား ပြောလိုက်သည်။

"ထိပ်တန်း စိတ်ဝိညာဉ် အခြေခံအရည်အချင်း ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ကျောက်စိမ်းပုလွေ နတ်သံစဉ်ပိုင်ရှင် ယဲ့ဖျင်ဆိုတာ တကယ်ကို လက်ဖျားခါလောက်ပါပေတယ်"ရ

"ဒါဆိုရင်... မင်း အိပ်မက်ဆိုး နာကြည်းမှုမိခင် ပုန်းအောင်းနေတဲ့နေရာကို ရှာတွေ့ခဲ့ပြီပေါ့ ဟုတ်လား"

ထိုသက်လတ်ပိုင်း အမျိုးသားသည် အနည်းငယ် တည်ကြည်လေးနက်သော အမူအရာဖြင့် သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း "ယုတ္တိဗေဒအရ ပြောရရင် ကျွန်တော့်ရဲ့ ပုလွေသံစဉ်လှိုင်းတွေဟာ တစ်မြို့လုံးကို လွှမ်းခြုံသွားခဲ့ပြီး ကျင်းမြို့တော်ရဲ့ ထောင့်အသီးသီး မိလ္လာပိုက်လိုင်းတွေရဲ့ အကြားအဟပ်တွေအထိ တုန်ခါသွားခဲ့တာပါ။ ဒါပေမဲ့ အိပ်မက်ဆိုး နာကြည်းမှုမိခင် ပုန်းအောင်းနေတဲ့နေရာကိုတော့ ရှာမတွေ့ခဲ့ဘူးဗျာ"

ကျောင်းအုပ်ကြီးမှာ အံ့အားသင့်သွားရသည် "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ တစ်မြို့လုံးကို အိပ်မက်ဆိုးတွေ ပေးနိုင်တဲ့အထိ စွမ်းအားကြီးတာတောင် ဘာအစအနမှ ချန်မထားခဲ့ဘူးလား အဲဒီလောက်တောင် လျှို့ဝှက်တာလား"

ယဲ့ဖျင်သည် မျက်မှောင်ကို အစွမ်းကုန် ကြုတ်လိုက်ပြီး "ကျွန်တော့်ကို ခဏလောက် ထပ်

စဉ်းစားခွင့်ပေးပါဦး။ ပြဿနာက ဘယ်မှာလဲ... တကယ့်ပြဿနာက ဘယ်နေရာမှာလဲဆိုတာ..."

အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်...

ယဲ့ဖျင်က သူ၏ နဖူးကို ပွတ်သပ်ရင်း "ကျောင်းအုပ်ကြီး ကျွန်တော့်ဦးနှောက်နဲ့တော့ မမီတော့ဘူး ထင်တယ်"

ကျောင်းအုပ်ကြီးသည် ခေတ္တမျှ ဆွံ့အသွားပြီးမှ ယဲ့ဖျင်ကို ပြန်လည်နှစ်သိမ့်ပေးလိုက်သည် "ဖြည်းဖြည်းချင်း စဉ်းစားပါ သူသာ ကျင်းမြို့တော်ထဲမှာ ရှိနေသေးတယ်ဆိုရင် နောက်ထပ် အိပ်မက်ဆိုးတစ်ခုကို သေချာပေါက် ထပ်ဖန်တီးဦးမှာပဲ။ အဲဒီအချိန်ကျရင်တော့ သူ့ရဲ့ ပုန်းခိုရာကို ငါတို့ သေချာပေါက် ရှာတွေ့နိုင်မှာပါ"

ယဲ့ဖျင်က သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဟူး... သူ အမှားတစ်ခုခု ပြုလုပ်မိမယ့် အချိန်ကိုပဲ စောင့်ရတော့မှာပေါ့"

ကျောင်းအုပ်ကြီးက ယဲ့ဖျင်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ တစ္ဆေဝိညာဉ် ဂြိုဟ်ပြင်ပကျူးကျော်သူတွေက ကျူးကျော်လာတာ နှစ်အနည်းငယ်ပဲ ရှိသေးတာလေ။ လူသားကျင့်ကြံသူတွေအတွက် သူတို့က အစိမ်းသက်သက်ပဲ ဖြစ်နေတော့ အခုလို အငိုက်မိသွားတာက ပုံမှန်ပါပဲ။ ငါတို့ဘက်က အစွမ်းကုန် ကြိုးစားပြီး မြို့သူမြို့သားတွေရဲ့ လုံခြုံရေးကို အာမခံနိုင်ရင်ပဲ လုံလောက်ပါပြီ"

ယဲ့ဖျင်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ဟုတ်ပါတယ် ကျွန်တော်တို့ တစ္ဆေဝိညာဉ် သတ္တဝါတွေအကြောင်း သိတာ နည်းလွန်းသေးတယ်။ သူတို့ရဲ့ မျိုးနွယ်စုတွေနဲ့ စွမ်းရည်တွေကို နားလည်ဖို့ အချိန်အများကြီး ယူရဦးမယ်။ အဲဒါတွေကို သိနားလည်ဖို့ ပေးဆပ်ရမယ့် တန်ဖိုးက... ကျင့်ကြံသူ ဘယ်နှယောက်ရဲ့ အသက်ကို ပေးရမလဲ မသိဘူး... စွမ်းအားအမြင့်ဆုံးသူတစ်ယောက်ရဲ့ အသက်တောင် ပါသွားနိုင်တယ်..."

ယဲ့ဖျင်က လေးပင်စွာ သက်ပြင်းချလိုက်ပြန်သည်။

သလင်းကျောက်သားရဲဂြိုဟ်၊ နာကြည်းမှုနတ်ဘုရားဂြိုဟ်နှင့် တစ္ဆေဝိညာဉ်ဂြိုဟ်စသည့် ဂြိုဟ်သုံးလုံး၏ ကျူးကျော်မှုကို ခံနေရသဖြင့် လူသားမျိုးနွယ်၏ အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာနေသည်။

ကျောင်းအုပ်ကြီးက ယဲ့ဖျင်၏ ပုခုံးကို အားရပါးရ ပုတ်လိုက်ပြီး တဟားဟား ရယ်မောလိုက်

သည်။

"အကောင်းမြင်စမ်းပါ ကောင်လေးရာ။ နောက်ထပ် တစ်နှစ် ရှင်သန်ခွင့်ရတာက တစ်နှစ်ပဲလေ လူသားတွေ သေချာပေါက် လမ်းစရှာတွေ့မှာပါ"

ယဲ့ဖျင်: "..."

ကျောင်းအုပ်ကြီးရဲ့ အကောင်းမြင်စိတ်က လူသားမျိုးနွယ်ရဲ့ လက်ရှိ အခြေအနေနဲ့တော့ လုံးဝကို မကိုက်ညီဘူးပဲ...

အခန်း။ ၅၈

ကျောင်းအုပ်ကြီး၏ အလွန်အမင်း အကောင်းမြင်တတ်သော စိတ်ဓာတ်ကြောင့် ယဲ့ဖျင်မှာ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရသည်။

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူသည် ကျောက်စိမ်းပုလွေကို တစ်ဖန်ပြန်ထုတ်၍ နှုတ်ခမ်းတွင် တေ့ကာ မှုတ်လိုက်ပြန်သည်။ မမြင်ရသော လှိုင်းတွန့်များသည် ကျင်းမြို့တော်၏ ထောင့်အသီးသီးသို့ ရိုက်ခတ်ပျံ့လွင့်သွားပြီး အိပ်မက်ဆိုး နာကြည်းမှုမိခင်၏ အငွေ့အသက်ကို ရှာဖွေနေတော့သည်။

"ကျောင်းအုပ်ကြီး... မြို့ထဲမှာတော့ အိပ်မက်ဆိုး နာကြည်းမှုမိခင်ရဲ့ အစအနကို ရှာမတွေ့ဘူးဗျာ..."

ကျောင်းအုပ်ကြီးက စဉ်းစားဟန်ဖြင့် "မြို့ပြင်မှာ ပုန်းနေတာမျိုး ဖြစ်နိုင်မလား"

ယဲ့ဖျင်: "ဖြစ်နိုင်ပါတယ်။ မြို့ပြင်မှာ ပုန်းနေရင်တောင် တစ်မြို့လုံးကို သက်ရောက်မှု ပေးနိုင်စွမ်း ရှိတာကိုး။ မြို့ပြင်ဘက်ကို သွားစစ်ကြည့်ကြမလား"

ကျောင်းအုပ်ကြီးက ခေါင်းခါပြသည်။

"ဒီညတော့ အနားယူလိုက်ပါဦး မနက်ဖြန်ကျမှပဲ အေးအေးဆေးဆေး ဆက်ရှာကြတာပေါ့။ မင်းလည်း အတော်လေး ပင်ပန်းနေပြီပဲ"

ယဲ့ဖျင်က နဖူးမှချွေးကို သုတ်လိုက်ရင်း "ကောင်းပါပြီဗျာ" ဟု ပြောလိုက်သည်။

နောက်တစ်နေ့တွင် နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်း၌ အရာရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်။ နေ့လယ်ပိုင်းတွင် ကျောင်းအုပ်ကြီးသည် ယဲ့ဖျင်အား စိန်ခေါ်မှုရှိသော နေရာအချို့နှင့် မိတ်ဆက်ပေးပြီးနောက် နှစ်ဦးသား မြို့ပြင်သို့ ပျံသန်းထွက်ခွာကာ အိပ်မက်ဆိုး နာကြည်းမှုမိခင်ကို လိုက်လံရှာဖွေကြတော့သည်။

ရက်အတော်ကြာ ရှာဖွေခဲ့သော်လည်း... ဘာမှ ရှာမတွေ့ခဲ့ပေ။

စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ ခေါင်းဆောင် ယွမ်ယန်၏ အသံမှာ ပျာယာခတ်နေသည်။

"စစ်ဆေးရေးမှူးယဲ့... ဒါက တကယ့်ကို အခက်တွေ့နေပြီဗျ"

ယဲ့ဖျင်က ယွမ်ယန်၏ ပုခုံးကို ပုတ်ကာ "မကြောက်ပါနဲ့ ဒီအိပ်မက်ဆိုး နာကြည်းမှုမိခင်ဆိုတာ တစ္ဆေဂြိုဟ်မှာတောင် ရှားပါးတဲ့ အဆင့်မြင့်မိစ္ဆာမျိုးပါ။ သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်းက သိပ်မကြီးမားလို့သာ ဒီနှစ်တွေတစ်လျှောက် လျှို့ဝှက်စွာ ပုန်းအောင်းနေနိုင်တာ ဖြစ်မယ်"

"ကျွန်တော့်အထင်တော့ သူ့ရဲ့ အားအသာဆုံးစွမ်းရည်က ပုန်းအောင်းတာပဲ ဖြစ်လိမ့်မယ်။ တခြားအပိုင်းတွေမှာတော့ သူ့ကို ကြောက်နေဖို့ မလိုပါဘူး"

ယဲ့ဖျင်၏ ခွဲခြမ်းစိတ်ဖြာမှုမှာ အလွန်တိကျလှသည်။ ယွမ်ယန်လည်း ရုတ်တရက် စိုးရိမ်စိတ် လျော့ပါးသွားကာ "စစ်ဆေးရေးမှူးယဲ့ ပြောမှပဲ အမှန်တရားကို မြင်ရတော့တယ်" ဟု ပြောလိုက်သည်။

ယဲ့ဖျင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

"ဟက်... ငါတို့ ရှာမတွေ့ရင်လည်း သူကိုယ်တိုင် ထွက်လာမယ့်အချိန်ကို စောင့်ပြီးမှပဲ အသေအလဲ တိုက်ခိုက်ရတော့မှာပေါ့"

"မေးစရာရှိတာက နောက်တစ်ကြိမ် သူထွက်လာတဲ့အခါမှာ သူ့ရဲ့ အင်အားက ဘယ်လောက်အထိ ရှိနေမလဲ ဆိုတာပါပဲ။ တခြားဒေသက ကျွမ်းကျင်သူတွေရဲ့ ပြောပြချက်အရ မနေ့ညက ကျင်းမြို့တော်ဘက်ကို ဦးတည်လာတဲ့ အနက်ရောင် မြူခိုးတန်းတွေကို မြင်ခဲ့ရတယ်တဲ့။ အဲဒါက အိပ်မက်ဆိုး နာကြည်းမှုမိခင်ရဲ့ တကယ့်ကိုယ်ထည်ဟာ ပိုပြီး အားကောင်းလာနေတယ်ဆိုတာကို ပြနေတာပဲ"

ယွမ်ယန်: "ဗျာ"

"ပူမနေပါနဲ့ ကျင်းမြို့တော်မှာ လက်ရှိ ယွဲ့အဆင့်ကျင့်ကြံသူ ခုနစ်ယောက် ရှိတယ် ပြီးတော့ တခြားမြို့က စိတ်ဝိညာဉ်စွမ်းအား ကျွမ်းကျင်သူ နှစ်ယောက်ကိုလည်း ကျွန်တော် ဖိတ်ထားဦးမယ်။ အဲဒါဆိုရင်တော့ သူ့ကို ကိုင်တွယ်ဖို့ လုံလောက်မှာပါ"

ယဲ့ဖျင်သည် တိုက်ပွဲအတွက် အစွမ်းကုန် ပြင်ဆင်ထားသည်။ အကယ်၍ မြို့ကို ရွှေ့ပြောင်းလို့ရနိုင်မည်ဆိုပါက သူ သေချာပေါက် ရွှေ့ပြောင်းမိမည်ဖြစ်သည်။ သို့သော် အိပ်မက်ဆိုး နာကြည်းမှုမိခင်သည် ကျင်းမြို့တော်တွင် အသံတိတ် ပုန်းအောင်းနိုင်စွမ်း ရှိနေသဖြင့် မြို့ကို ရွှေ့ပြောင်းလျှင်ပင် တစ္ဆေဝိညာဉ်ကဲ့သို့ လိုက်ပါလာနိုင်ပေသည်။ ထို့ကြောင့် ရွှေ့ပြောင်းခြင်းမှာ ထူးခြားမည်မဟုတ်ပေ။

အိပ်မက်ဆိုး နာကြည်းမှုမိခင်ကို သတ်ဖြတ်နိုင်မှသာ ပြဿနာအားလုံး ပြေလည်သွားမည် ဖြစ်သည်။ သို့သော် အိပ်မက်ဆိုး နာကြည်းမှုမိခင်သည် အမှန်တကယ် ဘယ်နေရာတွင် ပုန်းအောင်းနေသလဲဆိုသည်မှာ လုံးဝ နက်နဲဆဲပင်...

ယဲ့ဖျင်၏ မျက်ဝန်းများ အေးစက်နေသည် သူသည် ဤကဲ့သို့သော ခံစစ်အနေအထားဖြင့် စောင့်ဆိုင်းရသည့် တိုက်ပွဲမျိုးကို အလွန်ပင် မုန်းတီးလှသည်။

...

ရက်များစွာ ကုန်လွန်သွားခဲ့သည်။

အိပ်မက်ဆိုး နာကြည်းမှုမိခင်နှင့် ပတ်သက်သည့် သတင်းများသည် ရုပ်မြင်သံကြား သတင်းစာနှင့် လူမှုမီဒီယာများပေါ်တွင် အဆက်မပြတ် ဖော်ပြနေကြပြီး ဆူညံပွက်လောရိုက်နေသော်လည်း စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှာမူ တိုးတက်မှု မရှိသေးပေ။ သူတို့ မြေလှန်ရှာဖွေခဲ့သော်လည်း အစအနပင် မတွေ့ရချေ။ အားကောင်းလှသော ယဲ့ဖျင်ပင်လျှင် ဘာသဲလွန်စမှ မရရှိဘဲ ဖြစ်နေတော့သည်။

တစ်မြို့လုံးကို အိပ်မက်ဆိုးများ ပေးခဲ့သည့် ထိုမိစ္ဆာကြီးမှာ တစ်ခါမှ တည်ရှိမနေခဲ့ဘဲ ခဏတာမြင်မက်ခဲ့သည့် အိပ်မက်တစ်ခုအလားပင်။

သို့သော်လည်း အိပ်မက်ဆိုး နာကြည်းမှုမိခင်ကိစ္စကို အဖြေမရှာနိုင်သေးခြင်းက ကျင်းမြို့တော်တစ်ခုလုံးအပေါ်တွင် မှောင်မိုက်သော အရိပ်အယောင်တစ်ခုကို စွဲထင်နေစေခဲ့သည်။ မြို့သူမြို့သားများ၏ စိတ်ထဲတွင်လည်း ထိုစိုးရိမ်စိတ်များ ကိန်းအောင်းနေကြလေသည်။

ရွှီရန်စိတ်ထဲတွင်လည်း ထိုအတိုင်းပင်။ ဒုတိယအကြိမ်မြောက် ပြန်ပေးဆွဲမှုသည် ဤ အိပ်မက်ဆိုး နာကြည်းမှုမိခင်နှင့် သေချာပေါက် ဆက်စပ်နေလိမ့်မည်ဟု သူ အမြဲခံစားနေရသည်။

နောက်တစ်ကြိမ် ပြန်ပေးဆွဲမှု မတိုင်ခင် ငါ့ရဲ့ ထူးခြားဆန်းကြယ်တဲ့ စွမ်းရည်တွေ တတိယအဆင့်ကို ရောက်မှရမယ်။

ထိုသို့သော စိုးရိမ်စိတ်များကြောင့် ရွှီရန်သည် မိမိကိုယ်ကိုယ် စည်းကမ်းတကျ လေ့ကျင့်ရာတွင် ယခင်ကထက် ပိုမိုပြင်းထန်စွာ အားထုတ်လာခဲ့သည်။

နံနက်ခင်းတွင် ဓားပစ်ခြင်း၊ နံနက်စာစားပြီးနောက် တိရစ္ဆာန်များကို အစာကျွေး၍ အာဟာရဓာတ်များ ထုတ်ယူခြင်း၊ မနက်ပိုင်းတွင် ကိုယ်ခံပညာ လေ့ကျင့်ခြင်း၊ မွန်းလွဲပိုင်းတွင် ထိတ်လန့်ဖွယ် တိုးတိုးဆိုခြင်းနှင့် ကြောက်ရွံ့ခြင်းကို နှင်ထုတ်ခြင်း…..

ထို့နောက် ရေကူးခြင်း ညနေပိုင်းတွင်မူ အရှိန်အဟုန်မြှင့် ကုသခြင်းနှင့် ပုတ်သင်ညို နံရံတက်

ပညာတို့ကို မနားတမ်း လေ့ကျင့်လေတော့သည်။

ကြောက်စရာကောင်းလောက်အောင် စည်းကမ်းကြီးသူတစ်ဦး၏ ဇွဲမှာ မလျော့ပါးခဲ့ပေ။ သူ၏ လေ့ကျင့်မှုများကြောင့် လျူလီနှင့် အခြားကလေးများပင်လျှင် ပိုမိုကြိုးစားလာကြသည်။

ထိုသို့ဖြင့် အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းတစ်ရာ ကုန်လွန်သွားခဲ့သည်။ အိပ်မက်ဆိုး နာကြည်းမှုမိခင်၏ သတင်းမှာမူ အစအနပင် မရှိသေးချေ။

သို့သော် ရွှီရန်အတွက်မူ နယ်ပယ်အသီးသီးတွင် အကြီးအကျယ် တိုးတက်လာခဲ့သည်။ အလွန်ခက်ခဲသော စွမ်းရည်အချို့မှလွဲ၍ ကျန်စွမ်းရည်များမှာ တိုးတက်မှုအမှတ် ၁၀,၀၀၀ စီ ရရှိခဲ့ပြီး သူ၏ ချီစွမ်းအင်တန်ဖိုးမှာလည်း ၁,၆၃၂ မှတ် ထပ်တိုးလာသဖြင့် ၁၅,၇၄၄ မှတ်အထိ ရောက်ရှိသွားခဲ့သည်။

နေ့စဉ်နေ့တိုင်း တိုးတက်နေရခြင်းက အမှန်တကယ်ပင် ကျေနပ်စရာ ကောင်းလှသည်။ အချိန်ကို တွက်ချက်ကြည့်လျှင် သူသည် အသက်ခြောက်နှစ်ပြည့်ရန်နှင့် စကြာဝဠာက လူသားမျိုးနွယ်အပေါ် ပိတ်ပင်ထားသည့် ဒုတိယမြောက် အနှောင်အဖွဲ့ကို ချိုးဖျက်ရန် ရက်ပေါင်း ၉၀ သာ လိုတော့သည်။

ထို့ပြင် သူ၏ ထူးခြားစွမ်းရည်များ တတိယအဆင့်သို့ ရောက်ရှိရန်မှာ ရက်ပေါင်း ၂၃၀ သာ လိုတော့သည်။ ရွှီရန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "ဒီရက်ပေါင်း ၂၃၀ အတွင်း ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ... အိပ်မက်ဆိုး နာကြည်းမှုမိခင်လည်း အဲဒီအချိန်အထိ စောင့်နေပေးပါစေ..."

သူ၏ ဆုတောင်းကြောင့်လော သို့မဟုတ် အိပ်မက်ဆိုး နာကြည်းမှုမိခင်က အင်အားစုဆောင်းရင်း ပုန်းအောင်းနေ၍လော မသိရသော်လည်း ကျင်းမြို့တော်သည် အချိန်အတော်ကြာ အေးချမ်းနေခဲ့သည်။

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ခြံထဲရှိ သစ်ပင်များမှာ စိမ်းလန်းရာမှ အဝါရောင်ပြောင်းကာ အရွက်များ ကြွေကျခဲ့ပြီး နောက်တစ်ဖန် အဖူးအပွင့်များဖြင့် ပြန်လည်ဝေဆာလာပြန်သည်။

ထိုသစ်ပင်အောက်တွင် ချောမောခန့်ညားသော ကောင်လေးတစ်ဦးသည် ဓားများကို အရှိန်အဟုန်ဖြင့် ပစ်လွှတ်နေပြီး ပစ်မှတ်တိုင်းကို တိကျစွာ ထိမှန်နေလေသည်။ သူသည် တိမ်တိုက်လှေကား ခုန်ပျံခြင်းဖြင့် သစ်ပင်ထက်သို့ ပေါ့ပါးစွာ ခုန်တက်ပြသကဲ့သို့ ဆန်းကြယ်သော ခြေလှမ်းပညာကိုလည်း လေ့ကျင့်နေသည်။

သူ၏ ကြိုးစားအားထုတ်နေမှုများမှာ နေထွက်နေဝင် ရာသီဥတုအပြောင်းအလဲနှင့်အတူ အရှိန်မြှင့်ထားသော ရုပ်ရှင်ပြကွက်များအလား တရစပ် ရှိနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်း ၂၃၀ ကုန်လွန်သွားခဲ့သည်။

ရွှီရန်၏ ငယ်စဉ်ဘဝ ၂,၃၂၄ ရက်မြောက်နေ့ (အသက် ၆ နှစ်နှင့် ၅ လအရွယ်)…..

ညအချိန်တွင် တစ်နေ့တာ လေ့ကျင့်ခန်းများ ပြီးဆုံးသွားချိန်တွင် သူ၏ ထူးခြားစွမ်းရည်များမှာ မကြုံစဖူးသော ခုန်ပျံတိုးတက်မှုကြီး ဖြစ်ပေါ်လာတော့သည်။

တိမ်တိုက်လှေကား ခုန်ပျံခြင်း၊ ဆန်းကြယ်သော ခြေလှမ်းပညာ၊ မြက်ဖျားနင်း ပျံသန်းခြင်း၊ ရွှီရန်၏ ပျံလွှားဓား၊ စက္ကူဝိညာဉ် ဆက်သွယ်ခြင်း၊ ကိုယ်ရောင်ဖျောက်မြူ အားနည်းချက်ကို ဖောက်ထွင်းမြင်ခြင်း၊ တိရစ္ဆာန်စကား နားလည်ခြင်း... အစရှိသည့် ပညာရပ်အားလုံးမှာ တတိယအဆင့်သို့ တက်လှမ်းသွားကြပြီ ဖြစ်သည်။

[တိမ်လွှာကူးပြောင်းခြင်း: ခြေတစ်လှမ်း ခုန်လိုက်ရုံမျှဖြင့် တိမ်တိုက်များရှိရာ ကောင်းကင်ယံအထိ ရောက်ရှိနိုင်သည်။ ကျွမ်းကျင်မှု အထွတ်အထိပ်သို့ ရောက်ရှိပါက လေဟာနယ်အတွင်း တိမ်တိုက်များကို နင်းလျှောက်၍ အကြိမ်ကြိမ် ခုန်ပျံသွားလာနိုင်သည်]

[ကိုယ်ရောင်ဖျောက်ခြင်း: မိမိ၏ ရုပ်အဆင်းနှင့် အငွေ့အသက်ကို အစအနမကျန် ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်သည်။ သို့သော် ဤအတတ်ကို အလွဲသုံးစားပြုခြင်းမှ ဆင်ခြင်ရန် လိုအပ်သည်]

[လျှပ်စီးခြေလှမ်း သုံးထောင်: မိုးကောင်းကင်မှ လျှပ်စီးတန်းတစ်ခုကဲ့သို့ လျင်မြန်လှသဖြင့် ရန်သူများအနေဖြင့် လိုက်လံဖမ်းဆီးရန် သို့မဟုတ် အာရုံခံရန် အလွန်ခက်ခဲသည်]

[နတ်ဘုရားလက်နက် ပစ်လွှတ်ခြင်း: အလွန်ဝေးကွာသော အကွာအဝေးမှနေ၍ လက်နက်များကို တိကျစွာ ပစ်လွှတ်ကာ ရန်သူကို ပြင်းထန်သော ဒဏ်ရာများ ရရှိစေနိုင်သည်]

[စက္ကူဝိညာဉ် ချည်နှောင်ခြင်း: ရန်သူ၏ ဝိညာဉ်ကို ထုတ်ယူ၍ စက္ကူရုပ်အတွင်း ပိတ်လှောင်နိုင်ရုံသာမက မိမိဖန်တီးထားသော စက္ကူရုပ်များ၏ စွမ်းပကားကိုလည်း ဘက်စုံ မြှင့်တင်ပေးနိုင်သည်]

All Chapters