အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း။ ၇၃
အဝေးသို့ ငေးကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ခရမ်းစိမ်းရောင် အမျှင်တန်းများသည် နေအိမ်ထောင်ပေါင်းများစွာအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီး ကလေးငယ် အမြောက်အမြားကို ရစ်ပတ်ထားပုံရသည်။ အကယ်၍ အိမ်မက်ဆိုးနာကြည်းမှုမိခင် သာ ကလေးငယ်အားလုံး၏ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သွားပါက အကျိုးဆက်မှာ မှန်းဆ၍ပင် ရနိုင်မည်မဟုတ်ပေ။
ယဲ့ဖျင်သည် ကျောက်စိမ်းပုလွေကို ထုတ်ယူကာ နှုတ်ခမ်းတွင် တေ့၍ မှုတ်လိုက်လေသည်။
သာယာနာပျော်ဖွယ်ကောင်းသော ပုလွေသံစဉ်သည် မမြင်နိုင်သော ဝိညာဉ်စွမ်းအားများနှင့် ပေါင်းစပ်သွားပြီး လွင့်ပျံနေသော ပန်းပွင့်ချပ်လေးများအလား ကျင်းမြို့အနှံ့သို့ ပျံ့လွင့်သွားသည်။ ထိုအသံလှိုင်းများသည် နေအိမ်ထောင်ပေါင်းများစွာထဲသို့ တိုးဝင်သွားပြီး ကလေးငယ်တစ်ဦးချင်းစီ၏ နဖူးပြင်ထက်သို့ စိမ့်ဝင်သွားကြသည်။
ပုလွေသံစဉ်သည် မြို့အနှံ့ လွှမ်းခြုံသွားသည့်အခါ...
ရေမြောင်းဝရှိ ကလေးငယ်များထံတွင် အပြောင်းအလဲအချို့ကို ရွှီရန် မြင်လိုက်ရသည်။
တောက်ပသော အဖြူရောင်အလင်းတန်းများသည် ကလေးငယ်များ၏ နောက်စေ့မှ ထွက်ပေါ်လာပြီး ခရမ်းစိမ်းရောင် အမျှင်တန်းများတစ်လျှောက် ပျံ့နှံ့သွားသည်။ အဖြူရောင်အလင်းနှင့် ခရမ်းစိမ်းရောင်အလင်းတို့သည် တစ်ခုနှင့်တစ်ခု အားပြိုင်လုံးထွေးနေကြပြီးနောက် နောက်ဆုံးတွင် ခရမ်းစိမ်းရောင်အလင်းမှာ တစ်မီတာခန့် နောက်ဆုတ်သွားသည်။
ကလေးငယ်များမှာ တောင့်တင်းနေဆဲဖြစ်ပြီး မျက်လုံးများ ပိတ်ထားဆဲဖြစ်သော်လည်း အာရုံခံစားမှုအရ သူတို့သည် ယခင်ကထက် များစွာ ပိုမိုဘေးကင်းသွားပုံရသည်။
ရွှီရန်သည် စက္ကူအပိုင်းအစတစ်ခုကို သုံး၍ ခရမ်းစိမ်းရောင် အမျှင်တန်းများကို ဖြတ်တောက်ရန် ကြိုးစားကြည့်သည်။
“တကယ်လို့ ဒါကို ဖြတ်လိုက်ရင် အလိုအလျောက် ပြန်ဆက်သွားနိုင်မလား”
ရွှီရန်မှာ မျက်မှောင်ကြုတ်လျက် ဦးလေးရီ၏ ဘေးသို့ ခပ်ဖွဖွ ခုန်ဆင်းလိုက်သည်။
ယဲ့ဖျင်က သက်ပြင်းချရင်း “ရှောင်ရန်... အခြေအနေက တော်တော်လေး ဆိုးနေပြီ။ ငါ့ရဲ့ နတ်ဘုရားပုလွေသံက ဒါကို မနည်း ထိန်းထားရတာ”
“သူက လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက အိပ်မက်ဆိုးတွေကို မျိုးစေ့ချခဲ့တာ။ ပြီးတော့ စိတ်ဓာတ်ကြံ့ခိုင်မှု အားအနည်းဆုံးဖြစ်တဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားတာဆိုတော့ သူ့ရဲ့ ခြိမ်းခြောက်မှုက ပိုပြီး ကြီးမားနေတယ်”
“ငါ ခြောက်နာရီလောက်ပဲ တောင့်ခံထားနိုင်မယ်။ ဒီခြောက်နာရီအတွင်းမှာ တစ်ယောက်ယောက်က မြေအောက်ထဲကို ဆင်းသွားပြီး အဲဒီမိစ္ဆာကို သတ်ပစ်နိုင်မှ ဖြစ်မယ်...”
သူတို့ စကားပြောနေစဉ်မှာပင်...
အိပ်မက်ဆိုးအမျှင်တန်းများပေါ်ရှိ ခရမ်းစိမ်းရောင်အလင်းမှာ ရှေ့သို့ ပြန်လည်ကျူးကျော်လာပြန်သည်။ ဦးလေးရီသည် ကျောက်စိမ်းပုလွေကို အလျင်အမြန် ပြန်မြှောက်ကာ သူ၏ ဝိညာဉ်စွမ်းအားအားလုံးကို စုစည်း၍ အပြည့်အဝ အာရုံစိုက်ကာ မှုတ်ထုတ်လိုက်ရသည်။
“ရှူး”
ထိုစဉ် တောင်တန်းနယ်ပယ်အဆင့်မြင့် ပညာရှင်တစ်ဦး ယဲ့ဖျင်၏ နောက်ကွယ်တွင် ပေါ်လာသည်။
“အရာရှိရီ... အခု မြေအောက်ထဲကို ဝင်လို့မရတော့ဘူး။ အိမ်မက်ဆိုးနာကြည်းမှုမိခင်က ကလေးငယ်ပေါင်း သောင်းနဲ့ချီကို ထိန်းချုပ်ပြီး မြေအောက်ဝင်ပေါက်တွေကို ပိတ်ထားတယ်။ ကလေးတွေကို လူသားဒိုင်းအဖြစ် သုံးထားပြီးတော့ အဲဒီမိစ္ဆာမက မြေအောက်ထဲမှာ သူ့ရဲ့ နောက်ဆုံးအဆင့် အသွင်ပြောင်းလဲမှုကို လုပ်နေတာ ဖြစ်ရမယ်”
ဦးလေးရီက ခေါင်းညိတ်လိုက်ပြီး "နားလည်ပြီ။ ဒီနေရာကို တည်ငြိမ်အောင် ဆက်ထိန်းထားပေးပါ။ ငါ နည်းလမ်းတစ်ခုခု စဉ်းစားလိုက်မယ်" ဟု ပြောကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။
"ကျောက်ရင်၊ ဟွမ်လျန်၊ ကောင်းယွမ်... မင်းတို့ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ"
ပညာတတ်ဆန်သော အသွင်အပြင်ရှိသည့် ဟွမ်လျန်က "ကျွန်တော် မြေအောက်ထဲမှာ ရောက်နေတယ် ဒါပေမဲ့ အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို တိုက်ခိုက်လို့ မရဘူး။ သူက ကလေးတွေကို အကာအကွယ်ယူထားတော့ ကျွန်တော် လက်မရဲဘူး ဖြစ်နေတယ်" ဟု ပြန်ဖြေသည်။
"သူက ကျွန်တော့်ကို ဆုတ်ခွာခိုင်းနေတယ်။ မဆုတ်ရင် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက ကလေးတွေကို အိပ်မက်ဆိုးတွေနဲ့ သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်"
"ဒါကြောင့် ကျွန်တော် မြေအောက်ကနေ ဆုတ်ခွာပေးလိုက်ရတယ်..."
သူဌေးသားကပြားလေးကဲ့သို့ အသွင်ရှိသော ကျောက်ရင်ကလည်း မျက်မှောင်ကြုတ်လျက် "ကျွန်တော်လည်း ဆုတ်ပေးလိုက်ရတယ်... မထွက်ခင်မှာ သူက ဧရာမ အသားစိုင်အသိုက်ကြီးတစ်ခု တည်ဆောက်ပြီး အထဲမှာ အသွင်ပြောင်းဖို့ ပုန်းနေတာကို မြင်ခဲ့ရတယ်" ဟု ပြောလိုက်သည်။
ကျောက်ရင် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။
ခရမ်းစိမ်းရောင် အလင်းတန်းများထဲမှ ဖြူဖွေးသော အသားစိုင်များ လျှင်မြန်စွာ အပိုင်းပိုင်းအပြတ်ပြတ် ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ထိုအသားစိုင်များ စုစည်းသွားကာ ဧရာမ ပင်လယ်မျှော့မိစ္ဆာကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။
ထိုမိစ္ဆာ၏ ခန္ဓာကိုယ်မှာ ဖောင်းကားနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဟိုက်ဒရိုဂျင် မိုးပျံပူဖောင်းကြီးနှင့် တူလှသည်။ ပင်လယ်မျှော့ကြီး၏ ဦးခေါင်းနေရာတွင် အစိမ်းပုပ်ရောင်သန်းနေသော အမျိုးသမီးတစ်ဦး၏ မျက်နှာ ရှိနေပြီး မျက်လုံးများ ပြူးကျယ်လျက် ရက်စက်ယုတ်မာသော အပြုံးဖြင့် ပြုံးနေသည်။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင်မူ ခရမ်းရောင်သန်းနေသော ချက်ကြိုးပေါင်း သောင်းနှင့်ချီ၍ မြွေများအလား လိမ်တွန့်လှုပ်ရှားနေပြီး ချက်ကြိုးတစ်ခုချင်းစီ၏ အဆုံးတွင် ဇွန်ဘီကလေးတစ်ဦးစီကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
ထိုဇွန်ဘီကလေးများမှာ ပြာနှမ်းနှမ်း အသားအရေ စူးရှသော လက်သည်းများ သွေးစွန်းနေသော မျက်လုံးများဖြင့် ကြမ်းကြုတ်ရက်စက်လှပြီး ကျောက်ရင်ကို စုပေါင်း၍ စိုက်ကြည့်နေကြသည်။
"လာလေ... ငါ့ကို သတ်လိုက်စမ်းပါ။ ငါ့ကို ထိခိုက်တာနဲ့ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း က ပါရမီရှင်ကလေးတွေ ချက်ချင်း သေရမှာနော်"
ဇွန်ဘီကလေးများမှာ တစ်ပြိုင်နက်တည်း အရူးတပိုင်း ရယ်မောလိုက်ကြသည်။
ကျောက်ရင်မှာ တိတ်ဆိတ်စွာပင် ဆုတ်ခွာပေးလိုက်ရတော့သည်။
နှာခေါင်းကြီးကြီးနှင့် ကောင်းယွမ်က "အားလုံး ဆုတ်ပေးလိုက်ရတာလား။ ဟူး... သူ့ဆီမှာ ဓားစာခံတွေ အများကြီး ရှိနေတော့ ကျွန်တော်လည်း ဘာမှ မလုပ်ရဲဘူး။ တကယ်လို့ အဲဒီ မူကြိုက ကလေးတွေသာ အသတ်ခံလိုက်ရရင်..."
ယဲ့ဖျင်: "..."
သူသည် သက်ပြင်းကို ပြင်းပြင်းတစ်ချက်ချလိုက်ပြီး "ကိစ္စမရှိဘူး လိုအပ်ရင် ဆုတ်လိုက်ကြ။ ကလေးတွေရဲ့ အသက်ကို ရင်းပြီး ငါတို့ အန္တရာယ် မပြုနိုင်ဘူး။ ငါ နောက်ထပ် ခြောက်နာရီလောက်တော့ တောင့်ခံထားပေးမယ်။ ဒီခြောက်နာရီအတွင်းမှာ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်"
"ဒါပေမဲ့ တကယ်လို့ ခြောက်နာရီအတွင်းမှာ အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို သတ်ဖို့ နည်းလမ်း ရှာမတွေ့ခဲ့ရင်တော့... ချီယွင်တောင်ပေါ်က နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း ဆီကို အခုချက်ချင်း သွားကြရလိမ့်မယ်"
"မင်းတို့ရဲ့ ကူညီပံ့ပိုးမှုက ဒီအခြေအနေကို ဆယ်နာရီအထိ ဆွဲဆန့်ပေးနိုင်လိမ့်မယ် ကလေးပေါင်း သုံးသိန်းရဲ့ အသက်ကို ကယ်တင်ဖို့အတွက် စက္ကန့်တိုင်းကို တန်ဖိုးရှိရှိ အသုံးချပေးကြပါ"
သူက ထိုသို့ပြောပြီးနောက်...
ဦးလေးရီသည် ရွှီရန်ကို ပွေ့ချီကာ မြို့ကောင်းကင်ယံထက်တွင် လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ပျံသန်းသွားတော့သည်။
ခြောက်မိနစ်တိုင်း တစ်ကြိမ်...
သူသည် ခေတ္တရပ်နားပြီး နတ်ဘုရားပုလွေသံစဉ်ကို မှုတ်ထုတ်ရသည်။
ဤသို့ဖြင့် ခြောက်ကြိမ်တိုင်တိုင် ရပ်နားလိုက် ပျံသန်းလိုက် ပြုလုပ်ပြီးနောက် သူတို့နှစ်ဦး နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း အတွင်းသို့ ဆင်းသက်မိကြသည်။
ကျောင်းအုပ်ကြီးမှာ ထိတ်လန့်တကြား ဖြစ်နေပြီး "ဖျင်လေး... မူကြိုထဲက ကလေးတွေရဲ့ နောက်စေ့မှာလည်း ခရမ်းစိမ်းရောင် အမျှင်တန်းတွေ ကပ်နေပြီ" ဟု အော်ပြောလိုက်သည်။
ယဲ့ဖျင်က အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "ကျွန်တော် သိပါတယ် အိပ်မက်ဆိုး ကျူးကျော်
ခံထားရတဲ့ ကလေးတိုင်းဟာ အိပ်မက်ဆိုးအမျှင်တန်းတွေနဲ့ ချိတ်ဆက်ခံထားရတာပဲ"
"အိမ်မက်ဆိုးနာကြည်းမှုမိခင်က နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက ပါရမီရှင်ကလေးတွေကိုတောင် အဓိက ဓားစာခံအဖြစ် သုံးပြီး ဝိညာဉ်ရေးရာ စစ်ကူသုံးယောက်လုံးကို အောင်
အောင်မြင်မြင် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ်။ သူတို့ ဆုတ်ခွါပေးလိုက်ရတာက ဒီမိစ္ဆာကို သုတ်သင်ဖို့ ခက်ခဲမှုက အဆပေါင်းများစွာ တက်သွားပြီဆိုတဲ့ သဘောပဲ"
တောက် ဒီ အိမ်မက်ဆိုးနာကြည်းမှုမိခင်ကတော့ တကယ့်ကို အနှောင့်အယှက် ပေးလှချည်လား။
ထိုစကားကို ကြားသောအခါ ကျောင်းအုပ်ကြီးနှင့် လီချင်းဟုန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
လီချင်းဟုန်က "ဒီလိုအကြောင်းပြချက်တွေကြောင့် ဆုတ်ခွာပေးလိုက်ရတယ်ဆိုရင်တော့... တခြားရွေးချယ်စရာ မရှိတော့ပုံပဲ။ ပါရမီရှင်ကလေးတွေရဲ့ အသက်ကို လျစ်လျူရှုပြီး စိတ်ထင်တိုင်း တိုက်ခိုက်လို့ မရဘူးလေ။ တကယ်လို့ တိုက်ခိုက်ခဲ့ရင်တောင် အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို တစ်ချက်တည်းနဲ့ အပြတ်သတ်နိုင်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး"
"အဲဒီအကောင်က ဝိညာဉ်ဓာတ်ဆိုင်ရာ နတ်ဘုရားတစ်ပါး ဖြစ်နေနိုင်တယ်။ ဒါကြောင့်လည်း ဒီလောက်ကိုင်တွယ်ရ ခက်ခဲနေတာ"
ထိုစကားကြောင့် ကျောင်းအုပ်ကြီးမှာ ချက်ချင်းပင် ဆယ်နှစ်ခန့် အိုမင်းသွားသည့်အလား "ဟူး... ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ။ ယဲ့ဖျင်... မင်းက ရှားးနိုင်ငံမှာ ဝိညာဉ်ဓာတ် ဆိုင်ရာ ကျွမ်းကျင်သူ ထိပ်သီးသုံးယောက်ထဲမှာ ပါတယ်။ ပြီးတော့ ယွဲ့နယ်ပယ်အဆင့်မြင့် ပညာရှင် စစ်ကူသုံးယောက်လည်း ရှိသေးတာပဲ။ သူတို့တောင် ဒီမိစ္ဆာကို မသတ်နိုင်ဘူးဆိုရင်... ဘယ်သူက သတ်နိုင်တော့မှာလဲ"
"သူ အခု မြေအောက်ထဲမှာ အသွင်ပြောင်းနေတာ သေချာတယ်။ သူ့ရဲ့ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားရင်တော့ ဒါဟာ ငါတို့ ကျင်းမြို့အတွက် ကပ်ဘေးကြီးပဲ ကလေးပေါင်း သုံးသိန်းကျော်တောင်..."
ကျောင်းအုပ်ကြီး၏ မျက်ဝန်းများတွင် အရိပ်အယောင်များ ဖုံးလွှမ်းသွားပြီး "မဟုတ်သေးဘူး နတ်ဘုရားတုပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ချို့ယွင်းချက်တော့ ရှိရမှာပဲ။ သူ့ရဲ့ အားနည်းချက်ကို တကယ်ပဲ ရှာမတွေ့နိုင်ကြဘူးလား။ သူ့ကို သတ်ဖို့အတွက် ကလေးပေါင်း သုံးသိန်းကို စတေးရတော့မှာလား"
ယဲ့ဖျင်က "အားလုံးပဲ မစိုးရိမ်ကြပါနဲ့ဦး။ ကျွန်တော် နောက်ထပ် ငါးနာရီလောက် တောင့်ခံနိုင်ပါသေးတယ်။ ကျင်းမြို့မှာရှိတဲ့ ကျင့်ကြံသူအားလုံးကို စုစည်းပြီး အကြံထုတ်ကြရအောင် အားလုံးရဲ့ ဉာဏ်ပညာကို ပေါင်းစပ်ပြီး သူ့ရဲ့ အားနည်းချက်ကို ရှာကြစို့"
ဦးလေးရီ စကားပင် မဆုံးသေးမီ...
ဝေဟင်ထက်တွင် စူးရှသော လှောင်ရယ်သံကြီး ပဲ့တင်ထပ်သွားသည်။
"အားနည်းချက် ဟုတ်လား ဟဲဟဲ"
ရယ်သံနှင့်အတူ ခရမ်းစိမ်းရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ကောင်းကင်ကြီးမှာ လိမ်တွန့်သွားပြီး အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ ဧရာမ အာကာသယာဉ်ကြီးသဖွယ် ထူးဆန်းသော ခန္ဓာကိုယ်ကြီးမှာ လေထက်တွင် ဝဲပျံလာသည်။ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ခရမ်းရောင်သန်းသော ချက်ကြိုးများဖြင့် ချည်နှောင်ထားသည့် ဇွန်ဘီကလေးသောင်းနှင့်ချီ၍ လွင့်မျောနေကြသည်။
ပြာနှမ်းနှမ်း အသားအရေ၊ စူးရှသော လက်သည်းများနှင့် သွေးစွန်းနေသော မျက်လုံးများရှိသည့် ထိုဇွန်ဘီကလေးများသည် တစ်မြို့လုံးကို ကျိန်စာသင့်နေသည့်အလား ကြည့်နေကြသည်။ ထိုမြင်ကွင်းမှာ ကြည့်ရသူအဖို့ အရိုးထဲအထိ စိမ့်အောင် အေးစက်လှပေသည်။
"အိပ်မက်ဆိုး နတ်ဘုရားမှာ ဘာအားနည်းချက်မှ မရှိဘူး"
ခရမ်းပြာရောင် သန်းနေသော ဧရာမ အမျိုးသမီးမျက်နှာကြီးက ရက်စက်လှသော အပြုံးကို ဖော်ပြလျက် လျှာကြီးကို ဟိုဘက်ဒီဘက် ယမ်းခါနေသည်။
"ကလေးတို့... မင်းတို့အားလုံးက ငါ့ရဲ့ကလေးတွေပဲ။ ငါ့ရဲ့ကလေးတွေ ဖြစ်လာကြစို့... ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်လာကြစို့ ငါ့ရဲ့ ခန္ဓာကိုယ်ကသာ ထာဝရရှင်သန်ခြင်း နိဗ္ဗာန်ဘုံပဲ"
သူမထံမှ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းများ ထွက်ပေါ်လာပြီး ခရမ်းစိမ်းရောင် အမျှင်တန်းများသည် ရူးသွပ်စွာဖြင့် ရှေ့သို့ တိုးဝင်လာကြသည်။
ထိုအခါ...
ဦးလေးရီသည် ပုလွေကို အလျင်အမြန် မှုတ်လိုက်ပြန်သည်။ ပန်းပွင့်ချပ်လေးများသည် မြို့ထဲရှိ ကလေးငယ်အားလုံး၏ နဖူးပေါ်သို့ ကြွေကျသွားပြီး တောက်ပသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ထိုကြောက်မက်ဖွယ် ခရမ်းစိမ်းရောင်အလင်းနှင့် အားပြိုင်နေကြသည်။
လီချင်းဟုန်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာပြီး "ဒါက အိမ်မက်ဆိုးနာကြည်းမှုမိခင် ရဲ့ ရုပ်ပုံလွှာလား ဟက်... တော်တော်ကို မောက်မာတာပဲ သူနိုင်သွားပြီလို့ ထင်နေတာလား။ ငါတို့ကိုတောင် မျက်နှာပြပြီး လှောင်ပြောင်နေသေးတယ်" ဟု ပြောလိုက်သည်။
ကျောင်းအုပ်ကြီးက သက်ပြင်းချရင်း "လက်ရှိ အခြေအနေအရဆိုရင်တော့ သူနိုင်ဖို့ ၉၀ ရာခိုင်နှုန်း သေချာနေပြီလေ။ သူ မောက်မာတာလည်း မဆန်းပါဘူး" ဟု ပြန်ပြောသည်။
ကျင့်ကြံသူ လင်းချန်းက "သူ့မှာ ဓားစာခံတွေ ရှိနေသရွေ့ သူ့ကို အနိုင်တိုက်ဖို့ မဖြစ်နိုင်ဘူး။ ဓားစာခံတွေနဲ့ ခြိမ်းခြောက်နေတော့ ငါတို့က သတိထားနေရတာပေါ့။ တကယ်လို့ အဲဒီ ခရမ်းစိမ်းရောင် အမျှင်တန်းတွေကို ဖြတ်တောက်နိုင်ရင် အကုန်ပြေလည်သွားမှာပဲ။ အဲဒီအမျှင်တန်းတွေကို ဖြတ်လို့ရလား သန့်စင်လို့ကော ရလား"
သူတို့၏ နောက်ကွယ်မှ အန်တီလု၏ အသံထွက်ပေါ်လာသည်။
"မရဘူး။ သူ့ရဲ့ အိပ်မက်ဆိုး အမျှင်တန်းတွေက ဖြတ်လိုက်တာနဲ့ ချက်ချင်း ပြန်ဆက်သွားတာ။ သန့်စင်ပေးတာက ကျူးကျော်မှုကို နှေးကွေးစေရုံပဲ ရှိမယ်။ အမျှင်တန်းတွေကို အပြတ်မဖြတ်
နိုင်ဘူး"
"ငါ သံသယရှိတာက အဲဒီအမျှင်တန်းတွေဟာ သူ့ရဲ့ နတ်ဘုရားအဆင့် စွမ်းရည်ပဲ။ အမျှင်တန်းတွေကို ဖြတ်ဖို့ ကြိုးစားတာက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒါက သူ့ရဲ့ အားသာချက်။ ငါတို့က သူ့ရဲ့ အားနည်းချက်ကိုပဲ အာရုံစိုက်ရမယ်"
အားလုံး တိတ်ဆိတ်သွားကြသည်။
"သူ့ရဲ့ အားနည်းချက်"
"သူ့မှာ ဘာအားနည်းချက် ရှိလို့လဲ"
"မြေအောက်ထဲမှာ ပုန်းနေတဲ့ သူ့ရဲ့ ပင်မခန္ဓာကိုယ်က အားနည်းချက် ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ သူက ကလေးတွေကို ဒိုင်းအဖြစ် သုံးထားပြီး နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက ပါရမီရှင်တွေကို ဓားစာခံလုပ်ပြီး စစ်ကူတွေကို ခြိမ်းခြောက်ထားတာဆိုတော့... ဒီအားနည်းချက်ကို သူက သေချာ ကာကွယ်ထားပြီးသားပဲ"
အန်တီလုက "ရှောင်ရန်... မင်းမှာ ထိုးထွင်းသိမြင်မှု အရိုးရှိတာပဲ မင်းမှာ တစ်ခုခု အကြံရှိလား" ဟု မေးလိုက်သည်။
ကျောင်းအုပ်ကြီးကလည်း "ဟုတ်သားပဲ... အိမ်မက်ဆိုးနာကြည်းမှုမိခင် ကို ရှာတွေ့ဖို့ ဖြစ်လာတာက မင်းကြောင့်ပဲ မဟုတ်လား... မင်းရဲ့ စမတ်ကျတဲ့ ဦးနှောက်နဲ့ တစ်ခုခုလောက် စဉ်းစားပေးပါဦး"
ရွှီရန်: "ကျွန်တော်လား"
အခန်း။ ၇၄
ရွှီရန်က သူနားကြားမှားသလားဟုပင် ထင်လိုက်မိသည်။
"ကျောင်းအုပ်ကြီး... ကျွန်တော့်နာမည်က ရွှီရန်ပါ ရဆုတောင်းပြည့်သူမဟုတ်ပါဘူး...
ပြီးတော့ ကျွန်တော့်ရဲ့ ထိုးထွင်းသိမြင်မှုအရိုးက ဆုတောင်းပေးရုံနဲ့ အရာရာဖြစ်လာစေတဲ့ ဆုတောင်းအရိုးလည်း မဟုတ်ဘူးလေ"
ကျောင်းအုပ်ကြီးက ပြုံးလျက် ရွှီရန်၏ ပုခုံးကို ပုတ်ကာ "ဒါက ဆုတောင်းတာ မဟုတ်ပါဘူး။ မင်းအပေါ်မှာ အပြည့်အဝ ယုံကြည်လို့ပါ"
"တစ်ခါတုန်းကလည်း အိမ်မက်ဆိုးနာကြည်းမှုမိခင် ပေးခဲ့တဲ့ ကြောက်ရွံ့မှုတွေကို ကလေးတွေရဲ့ ရင်ထဲကနေ မင်း ဖယ်ရှားပေးခဲ့ဖူးတယ်။ အိမ်မက်ဆိုးနာကြည်းမှုမိခင်က ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဗိုက်ထဲမှာ ပုန်းနေတယ်ဆိုတာကိုလည်း မင်းပဲ တွေးဆဖော်ထုတ်ပေးခဲ့တာ မဟုတ်လား"
"တကယ်တော့ ကလေးတစ်ယောက်ရဲ့ စိတ်ကူးက အကန့်အသတ်မရှိဘူး။ အဲဒါကို မင်းရဲ့ ထူးခြားတဲ့ ထိုးထွင်းသိမြင်မှုအရိုးနဲ့ ပေါင်းစပ်လိုက်ရင် နောက်ထပ် အံ့ဖွယ်တစ်ရပ်ကို မင်း ဖန်တီးနိုင်ဦးမှာပါ"
ကျောင်းအုပ်ကြီးက ရွှီရန်ကို မေတ္တာဖြင့် ကြည့်လျက် "ဘာပဲဖြစ်ဖြစ်... မင်းရဲ့ ခန့်မှန်းချက်တွေကို ရဲရဲဝံ့ဝံ့သာ ထုတ်ဖော်ပြောလိုက်စမ်းပါ။ မှားသွားလည်း ကိစ္စမရှိဘူး ဘာကိုမှ ထိခိုက်သွားမှာ မဟုတ်ဘူး။ အားလုံး ဝိုင်းဝန်းစဉ်းစားပြီး အကြံထုတ်ကြရင်းနဲ့ပဲ နည်းလမ်းကောင်းတစ်ခု ထွက်လာနိုင်တာလေ"
ဆရာလင်းချန်းကလည်း ထောက်ခံကာ "ဟုတ်တယ်... လူသုံးယောက်ပေါင်းရင် နတ်ဘုရားတစ်ပါးရဲ့ ဉာဏ်ကို ရနိုင်တယ်တဲ့။ တစ်ယောက်တည်း ကြိတ်ကြံနေတာထက် အားလုံး ဝိုင်းစဉ်းစားတာက ပိုထိရောက်ပါတယ်။ ပြီးတော့ ကလေးတွေရဲ့ စိတ်က လူကြီးတွေထက် ပိုပြီး လိုက်လျောညီထွေရှိတယ် ပိုရဲတင်းတယ် စိတ်ကူးယဉ်နိုင်စွမ်းလည်း ပိုမြင့်မားတယ်လေ"
ကျောင်းအုပ်ကြီးနှင့် ဆရာတို့၏ စကားကို နားထောင်ပြီးနောက် အားလုံးက ရွှီရန်ကို လှည့်ကြည့်လိုက်ကြသည်။
အိမ်မက်ဆိုးနာကြည်းမှုမိခင်က ကိုယ်ဝန်ဆောင်ဗိုက်ထဲမှာ ပုန်းနေတာကို ရွှီရန်က တွေးခဲ့တာလား
လူတိုင်း၏ အကြည့်များမှာ မျှော်လင့်ချက်အရောင်အဝါများဖြင့် ချက်ချင်း ပြောင်းလဲသွားကြသည်။
သူ့မေမေက ရွှီရန်၏ ဆံပင်များကို ဖွကာ "သားလေး... သေချာစဉ်းစားကြည့်ဦး။ သားသာ နည်းလမ်းတစ်ခုခု ရှာတွေ့ရင် တစ်မြို့လုံးမှာရှိတဲ့ ကလေးပေါင်း သုံးသိန်းကျော်ရဲ့ အသက်ကို ကယ်တင်နိုင်မှာနော်။ နောက်တစ်ခေါက်လောက် သူရဲကောင်း ထပ်လုပ်ပေးပါဦး သားရဲ့"
ကျားမလေး: "အစ်ကိုရွှီ... အစ်ကို လုပ်နိုင်ပါတယ်။ သူရဲကောင်းကြီး ဖြစ်အောင်လုပ်"
ကျူယွီဟန်: "ကြိုး... ကြိုးစားကြည့်ပါ"
ရွှီရန်: "..."
နောက်တစ်ခေါက် သူရဲကောင်း လုပ်ရမယ် ဟုတ်လား။ နောက်ဆုံးတစ်ခေါက် ငါ သူရဲကောင်း လုပ်ခဲ့တာ ဘယ်တုန်းကပါလိမ့်... အော်... မူကြိုက ကလေးတွေရဲ့ ရင်ထဲက အိပ်မက်ဆိုး ကြောက်ရွံ့မှုတွေကို ဖယ်ရှားပေးခဲ့တုန်းကပဲ...
ထိုစဉ်က သူ အလွန်ပင် မိုက်ခဲ့သည်ကို ရွှီရန် မှတ်မိနေသည်။
နောက်တစ်ခေါက် ထပ်စမ်းကြည့်ရင်ကော ဘာဖြစ်မှာမို့လို့လဲ။
ရွှီရန် အာရုံစူးစိုက်လိုက်သည်။ ဤနေရာတွင် သူနေထိုင်ခဲ့သည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်ရာ သူနှင့် ထိတွေ့ဖူးသည့် ကလေးတိုင်းနှင့် သံယောဇဉ် တွယ်နေမိပြီဖြစ်သည်။
အထူးသဖြင့် စကားပင် ပီပီသသ မပြောနိုင်သေးဘဲ သူ့နောက်ကို တကောက်ကောက်လိုက်ကာ "အစ်ကိုရွှီ... အစ်ကိုရွှီ" ဟု အာလေးလျှာလေးဖြင့် ခေါ်တတ်ကြသည့် ကလေးလေးတွေကို ပိုသတိရမိသည်။
ထိုမျှ ချစ်စရာကောင်းသော ကလေးငယ်လေးများမှာ ယခုအခါ ကြိုးဆွဲရုပ်များသဖွယ် အသုံးချခံနေရပြီး သေမင်းနှင့် လက်တစ်ကမ်းအကွာသို့ ရောက်နေကြပြီ...
အဓိက ပြဿနာက... ကောင်းကင်ယံမှ မိစ္ဆာမကလည်း မကြာခဏဆိုသလို စူးစူးဝါးဝါး လှောင်ပြောင်နေခြင်းပင်။
"မင်းကိုယ်မင်း တကယ်ပဲ နတ်ဘုရားလို့ ထင်နေတာလား"
ရွှီရန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ အမြဲတစေ တောင့်တခဲ့သည့် ဆန္ဒတစ်ခုကို မအောင့်နိုင်ဘဲ သတိရမိသွားသည်။
"ငါ အရာအားလုံးကို အမှုန့်ခြေပစ်ချင်တယ်"
"ငါ ပြောခဲ့သမျှ စကားတွေကို အလကားဖြစ်ခွင့် မပေးနိုင်ဘူး"
ထိုသို့တွေးရင်း ရွှီရန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
ထိုခဏတွင် မိစ္ဆာမ ကလေးငယ်များ ယဇ်ပူဇော်မှုများ အိပ်မက်ဆိုးအမျှင်တန်းများနှင့် မြေအောက်ကမ္ဘာ... မြင်တွေ့ခဲ့သမျှ အချက်အလက်အားလုံးသည် သူ၏ဦးနှောက်ထဲတွင် ပုံရိပ်ယောင်များအဖြစ် တရိပ်ရိပ် ဖြတ်ပြေးသွားပြီး အခြေအနေကို ချိုးဖောက်ဖျက်ဆီးနိုင်မည့် အားနည်းချက်ကို ရှာဖွေနေမိသည်။
သူ့မေမေက "သားလေး ရွှီရန်... ကြိုးစားထား သားက အတော်ဆုံးပဲ" ဟု အားပေးနေသည်။
ကျောင်းအုပ်ကြီးက စဉ်းစားခန်းဝင်နေသော ရွှီရန်၏ မျက်နှာကိုကြည့်ကာ "ဒီ ထိုးထွင်းသိမြင်မှုအရိုးက ငါတို့ကို အံ့အားသင့်အောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်..."
"ရွှီရန်ကို အနှောင့်အယှက်မပေးကြနဲ့။ ငါတို့ အနောက်ကို ခပ်လှမ်းလှမ်းဆုတ်ပြီး သူ့ကို အေးအေးဆေးဆေး စဉ်းစားခွင့်ပေးရအောင်"
သို့နှင့် လူတစ်စုမှာ မီတာငါးဆယ်ခန့် နောက်သို့ ဆုတ်ပေးလိုက်ကြသည်။
သို့သော် သူတို့သည် ဒီအတိုင်း ငိုင်တိုင်တိုင် စောင့်ကြည့်နေကြသည်တော့ မဟုတ်ပေ။ လူတိုင်း မျက်မှောင်ကြုတ်လျက် ကိုယ်စီကိုယ်ငှ အကြံဉာဏ်များ ထုတ်နေကြသည်။
ကျောင်းအုပ်ကြီး: "လက်ရှိအခြေအနေကို ငါ အကြမ်းဖျင်း ပြန်ပြောပြမယ်... အခု ပြဿနာက အိမ်မက်ဆိုးနာကြည်းမှုမိခင်က သူ့ရဲ့ အိပ်မက်ဆိုးအမျှင်တန်းတွေနဲ့ ကလေးပေါင်း သုံးသိန်းကို ပြန်ပေးဆွဲထားတာပဲ။ အဲဒီကလေးတွေကို တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ဒိုင်းအဖြစ် သုံးထားတယ်။ အစွမ်းထက်တဲ့ ပညာရှင်တွေက သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင်တောင် ကလေးတွေရဲ့ ဘေးကင်းရေးကို အရင်ထည့်တွက်နေရတယ်"
"ဆိုလိုတာက ဒီကိစ္စကို ရိုးရိုးတိုက်ခိုက်ရုံနဲ့ ဖြေရှင်းလို့မရဘူး။ အရင်ဆုံး ကလေးသုံးသိန်းကို ကယ်ထုတ်နိုင်မယ့် နည်းလမ်းကို ရှာရမယ်..."
ဆရာလင်းချန်း: "ကလေးတွေကို ဓားစာခံအဖြစ် မသုံးနိုင်တော့ဘူးဆိုရင် အိမ်မက်ဆိုးနာကြည်းမှုမိခင် နှစ်ကောင် ရှိနေရင်တောင် ငါတို့အတွက် အရေးမကြီးဘူး။ သူ့ရဲ့ ပါးနပ်မှုက ဓားစာခံ သုံးသိန်းကို ဖမ်းထားပြီး ငါတို့ရဲ့ ပညာရှင်တွေကို ဘာမှမလုပ်နိုင်အောင် လက်ခြေတုပ်ထားတာပဲ..."
"ဓားစာခံတွေကို မထိခိုက်ဘဲ တိုက်ခိုက်နိုင်တဲ့ နည်းလမ်းကလည်း မရှိသလောက်ပဲ... ဒါက လုံးဝ အဖြေမရှိတဲ့ ပုစ္ဆာလို ဖြစ်နေပြီ..."
"ဒါဆို ကလေးသုံးသိန်းလုံးကို ကျင်းမြို့ထဲကနေ တခြားနေရာကို ပို့လိုက်ရင်ကော အိမ်မက်ဆိုးနာကြည်းမှုမိခင် ရဲ့ ပင်မခန္ဓာကိုယ်နဲ့ ဝေးရာကိုပေါ့"
အန်တီလု: "သန့်စင်ရေးအဖွဲ့က အဲဒါကို စမ်းကြည့်ပြီးပြီ။ အိမ်မက်ဆိုးနာကြည်းမှုမိခင်က အဲဒီကလေးတွေကို နေရာမှာတင် သတ်ပစ်လိုက်တယ်။ ပြီးတော့ ကလေးတွေကို နေရာရွှေ့ဖို့ မကြိုးစားကြဖို့ ကျင့်ကြံသူအားလုံးကို သတိပေးထားတယ်"
"တောက် အဲဒီ ခရမ်းစိမ်းရောင် အမျှင်တန်းတွေသာ မရှိရင် ဘယ်လောက်ကောင်းမလဲ"
ကျောင်းအုပ်ကြီး: "ဟုတ်တယ်... ကလေးတွေကို အိပ်မပျော်အောင် အတင်းအကျပ် နိုးနေအောင် လုပ်နိုင်မယ့် ဂါထာမန္တန်မျိုး မရှိဘူးလား။ အဲဒီမိစ္ဆာမက ကလေးတွေရဲ့ အိပ်မက်ကမ္ဘာကို ကျူးကျော်ပြီး ထိန်းချုပ်ထားတာဆိုတော့ ငါတို့က သူတို့ကို နိုးနေအောင် လုပ်ထားရမှာပေါ့"
ယဲ့ဖျင်က သက်ပြင်းချကာ "နှိုးစက် ဂါထာတွေလား။ အဲဒါတွေက အလကားပဲ"
"သန့်စင်ရေးအဖွဲ့က တစ်ယောက် ခုနကပဲ စမ်းကြည့်သေးတယ်။ ကလေးတွေက လုံးဝ နိုးမလာဘူး"
ကျောင်းအုပ်ကြီး: "..."
လီချင်းဟုန်: "ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်။ အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို မျက်လှည့်ပြရအောင်... သူ့ကို ဗဟုသုတအမှားတွေနဲ့ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ပိတ်လှောင်ထားပြီး အဲဒီအချိန်မှာ ကလေးသုံးသိန်းကို ကယ်ထုတ်ကြမယ်"
လူတိုင်း၏ မျက်လုံးများ တောက်ပသွားကြသည်။
ကျောင်းအုပ်ကြီး: "ဒါ ကောင်းတဲ့အကြံပဲ"
ယဲ့ဖျင်က မတတ်သာသလို ပုခုံးတွန့်ပြကာ "ဒါကလည်း ခက်ခဲပါတယ်။ ဟွာရှားနိုင်ငံတစ်ခုလုံးမှာ ယွဲ့နယ်ပယ်ထက် အဆင့်မြင့်တဲ့ ပုံရိပ်ယောင်ကျင့်စဉ် ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး။ အဲဒီအောက် အဆင့်တွေနဲ့ဆိုရင် မအောင်မြင်နိုင်ဘူး။ အိမ်မက်ဆိုးနာကြည်းမှုမိခင်က ဝိညာဉ်ရေးရာပိုင်းမှာ အထူးပြုတဲ့သူလေ သူက အလွယ်တကူ အလှည့်စားခံပါ့မလား"
"ဒါပေမဲ့ ပုံရိပ်ယောင် ကျင့်ကြံသူတွေကိုတော့ စမ်းခိုင်းကြည့်ပါ့မယ်။ တကယ်လို့ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက ကလေးတွေကိုသာ ကယ်ထုတ်နိုင်ရင်... အဲဒါ အကောင်းဆုံးပဲ"
ဦးလေးရီသည် ချက်ချင်းပင် ဖုန်းဆက်လိုက်တော့သည်။
လီချင်းဟုန်၊ ဆရာလင်းချန်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာစုန်ယွီတို့သည် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှ ပါရမီရှင်ကလေးများကို အမြန်ဆုံး နေရာရွှေ့ပြောင်းနိုင်ရန် အပြည့်အဝ ပြင်ဆင်လိုက်ကြသည်။
သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် အရှုံးပေးလိုက်ရသည့် သတင်းစကား ဖုန်းထဲမှ ရောက်လာသည်။
"စစ်ဆေးရေးမှူးချုပ်... ပုံရိပ်ယောင် ကျင့်ကြံသူ ခြောက်ယောက်လုံး နေရာမှာတင် မေ့လဲသွားကြပါတယ်။ ဒီနည်းလမ်းက လုံးဝ မဖြစ်နိုင်ပါဘူး..."
ယဲ့ဖျင်က အားလုံးကို အားကိုးရာမဲ့စွာ ကြည့်လိုက်ပြီး "ငါတို့ တခြားနည်းလမ်းပဲ ထပ်စဉ်းစားကြရအောင်..."
"အားလုံးပဲ ဆက်စဉ်းစားပေးကြပါ။ ငါတို့ အကြံတွေ ပိုထုတ်နိုင်ရင် ဒီအကျပ်အတည်းကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ငါ ခံစားနေရတယ်"