← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း။ ၇၉

ရူးသွပ်စွာ ဝါးမြိုခြင်း…..

ပြင်းထန်စွာ ဝါးမြိုခြင်း….

အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် စုတ်ယူခြင်းခံလိုက်ရပြီး စက္ကူကလေးငယ်များ၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်သွားတော့သည်။

စက္ကူကလေးငယ်များ၏ ခန္ဓာကိုယ်မှာ မျက်စိရှေ့တင်ပင် မိုးပျံပူဖောင်းများအလား ဖောင်းကားလာသည်။

သာမန်အခြေအနေတွင် ဝါးမြိုလိုက်သော ဝိညာဉ်စွမ်းအင်များကို စက္ကူရုပ်၏ ခန္ဓာကိုယ် ပိုမိုခိုင်မာလာစေရန် ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲပေးရမည်ဖြစ်သည်။

သို့သော် ရွှီရန်သည် သူတို့ကို အစာခြေရန် အချိန်မပေးခဲ့ပေ။

ရွှီရန်၏ အမိန့်မှာ တစ်ခုတည်းသာရှိသည်။

ရူးသွပ်စွာ ဝါးမြိုပစ်ရန် ဘာကိုမှ ဂရုမစိုက်ဘဲ ဝါးမြိုရန် ပေါက်ကွဲထွက်သွားသည့်တိုင်အောင် ဝါးမြိုပစ်ရန်ပင်။

ထို့ကြောင့် စက္ကူကလေးငယ်များသည် အဆက်မပြတ် ဝါးမြိုကြပြီး အကန့်အသတ်ကို ကျော်လွန်ကာ ဖောင်းကားလာရာ သူတို့၏ ခန္ဓာကိုယ်များမှာ အချိန်မရွေး ပေါက်ကွဲတော့မည့် ပြောင်ချောနေသော စက်လုံးကြီးများအလား ဖြစ်လာသည်။

ဤအရာအားလုံးမှာ အလွန်ပင် လျင်မြန်စွာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

စက္ကန့်သုံးဆယ်အတွင်းမှာပင် အိမ်မက်ဆိုးနာကြည်းမှုမိခင်သည် ချီစွမ်းအင် သန်း ၃၀ ခန့် ဆုံးရှုံးသွားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်မှာ ရှုံ့တွသွားပြီး လိပ်ထားသော အဝတ်အိတ်ဟောင်းကြီးတစ်ခုအလား တွန့်လိမ်သွားတော့သည်။

နောက်ဆုံးတွင်မှ သူမ တစ်ခုခုမှားနေပြီဆိုသည်ကို သတိပြုမိသွားသည်။

ဘာတွေဖြစ်နေတာလဲ။

နတ်ဘုရားအဖြစ် အသွင်ပြောင်းလဲခြင်းရဲ့ နာကျင်မှုက ဒီလိုမျိုး မဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်တစ်ခုလုံး အပေါက်ပေါင်း ထောင်ချီဖြစ်နေပြီး အဲဒီဒဏ်ရာတွေကနေ တစ်ဆင့် ငါ့ရဲ့ စွမ်းအင်တွေအကုန် အပြင်ကို လွင့်ထွက်ကုန်သလို ခံစားနေရတယ်။

နောက်တစ်စက္ကန့်တွင် ခရမ်းပြာရောင် မိစ္ဆာမ၏ မျက်နှာကြီးက မျက်လုံးများကို ဖြတ်ခနဲ ဖွင့်

လိုက်သည်။

"ကလေးတို့... ငါ့ရဲ့ကလေးတို့... မင်းတို့ ဘာလုပ်နေကြတာလဲ"

"မဟုတ်ဘူး မင်းတို့က ရန်သူတွေပဲ"

အိမ်မက်ဆိုးနာကြည်းမှုမိခင်မှာ ဆွံ့အသွားရသည်။ သူမ အလွန်ပင် ဂုဏ်ယူခဲ့ပြီး မည်သူမျှ မယှဉ်နိုင်ဟု ထင်မှတ်ထားခဲ့သော ကလေးငယ်များအပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းမှာ ကျရှုံးသွားလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးပေ။

သူမ၏ အစွမ်းထက်လှသော စွမ်းရည်မှာ ကျရှုံးရုံတင်မကဘဲ...

ကြောက်မက်ဖွယ်ကောင်းသော ကလေးငယ် သုံးထောင်သည် သူမ၏ ခံစစ်အလွှာပေါင်းများစွာကို ထိုးဖောက်ပြီး အနီးကပ် ပုန်းခိုနေခဲ့ကြခြင်းပင်။

ထိုထူးဆန်းသော ကလေးငယ်များသည် သူမ၏ အရေးကြီးဆုံး အသွင်ပြောင်းချိန်မှာမှ အလွန်ထူးဆန်းသော စွမ်းရည်များကို အသုံးပြုပြီး သူမ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို ရူးသွပ်စွာ ဝါးမြိုပစ်နေကြသည်။

ဒါတွေက ဘာတွေလဲ။

အိမ်မက်ဆိုးနာကြည်းမှုမိခင် အနေဖြင့် တစ်ခါမျှ မမြင်ဖူး မကြားဖူးသော အရာများပင်။

သူမ လုံးဝ နားမလည်နိုင်တော့ပေ။

သူမ အလွန်အမင်း ဒေါသထွက်သွားကာ ဇွန်ဘီကလေး သောင်းနှင့်ချီသည် စူးရှကြောက်မက်ဖွယ် အော်ဟစ်သံများနှင့်အတူ ရှေ့သို့ ခုန်အုပ်လာကြသည်။ အသားစိုင်အသိုက်ကြီးမှ အဆီခဲကြီးများသည်လည်း ရူးသွပ်စွာ လှုပ်ရှားလာပြီး ဂူတစ်ခုလုံးမှာ ပဲ့တင်သံများ ထပ်နေသဖြင့် နားကွဲမတတ် ခံစားရတော့သည်။

"ဝှစ်"

"ဝှစ်"

"ဝှစ်"

စက္ကူကလေးငယ်များသည် ဇွန်ဘီကလေးများ၏ ဆွဲဖြဲမှုကြောင့် တစ်ကိုယ်လုံး ဒဏ်ရာဗရပွ ဖြစ်ကုန်ကြသည်။

သို့သော် သူတို့က ဂရုမစိုက်ကြပေ။

သူတို့၏ တစ်ခုတည်းသော တာဝန်မှာ အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို မြဲမြံစွာ တွယ်ကပ်ထားပြီး သူမ၏ စွမ်းအင်များကို ရူးသွပ်စွာ ဝါးမြိုရန်သာ ဖြစ်သည်။

အစကတည်းက ရွှီရန်သည် အသေခံတိုက်ပွဲဝင်မည့် ဗျူဟာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ စက္ကူကလေးငယ် သုံးထောင်သည် ဆုတ်ခွာခြင်း၊ နာကျင်ခြင်းဟူသည်ကို မသိကြပေ။

ရွှီရန်၏ အမိန့်တစ်ခုတည်းဖြင့် သူတို့သည် အိမ်မက်ဆိုးနာကြည်းမှုမိခင် ၏ ခန္ဓာကိုယ်ပေါ်တွင် မျှော့များအလား တွယ်ကပ်ကာ စက္ကန့်မလပ် ဝါးမြိုနေကြသည်။ စက္ကူကလေးငယ် သုံးထောင်၏ ပြင်းထန်လှသော ဝါးမြိုမှုမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

တစ်စက္ကန့် ကုန်ဆုံးတိုင်း ချီစွမ်းအင်သန်းနှင့်ချီ၍ အတင်းအကျပ် စုပ်ယူခံနေရသည်။

စက္ကူကလေးငယ်များ၏ ခန္ဓာကိုယ်မှာ ပိုမိုဖောင်းကားလာသလို သူတို့၏ ခံနိုင်ရည်မှာလည်း ပိုမိုမြင့်တက်လာသည်။ ဇွန်ဘီကလေးများ ဆွဲဖြဲထားသော ဒဏ်ရာများသည်လည်း ဖြည်းဖြည်းချင်း ပြန်လည်ကျန်းမာလာပြီး သူတို့သည် ပို၍ပင် ကြောက်စရာကောင်းသော စက်လုံးကြီးများအဖြစ် ပြောင်းလဲသွားကြသည်။

"ဖယ်ကြစမ်း"

အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ အသံမှာ တုန်ရီနေပြီဖြစ်သည်။ မိစ္ဆာမ၏ မျက်နှာထက်တွင် ဒေါသမီးများ တောက်လောင်နေသည်။ သူမသည် အသွင်ပြောင်းလဲခြင်း၏ အရေးကြီးဆုံး အချိန်ကို ရောက်နေခြင်း ဖြစ်သည်။ သန်းနှင့်ချီသော ချီစွမ်းအင်များ ဆုံးရှုံးရခြင်းမှာ သူမ၏ အဆင့်တက်လှမ်းမှုကို ကျရှုံးသွားစေနိုင်သည်။

ထူးဆန်းသော ခရမ်းရောင် မီးတောက်များမှာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်စွာ တောက်လောင်လာပြီး ချက်ကြိုးအမျှင်တန်းများမှာ အဆိပ်ပြင်းမြွေများအလား စက္ကူကလေးငယ် သုံးထောင်ကို ရိုက်နှက်ကာ ရစ်ပတ်လိုက်သည်။

စက္ကူကလေးငယ်များ၏ ခန္ဓာကိုယ်များမှာ မီးတောက်များ စွဲကပ်ကုန်ကာ သူတို့မှာ အသိစိတ်ဟူ၍ မြူတစ်မှုံစာမျှ မရှိကြပေ။ သူတို့သည် အရူးများအလား ရက်စက်စွာ ဆွဲထုတ်ဝါးမြိုနေကြဆဲပင်။ သူတို့၏ ခန္ဓာကိုယ်များမှာ ထပ်မံ၍ မဖောင်းကားနိုင်တော့သည့်အဆုံးတွင်မူ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြတော့သည်။

"ဘုန်း"

"ဘုန်း"

"ဘုန်း"

စက္ကူကလေးငယ်များသည် အချက်ပေးသံကြားရသည့်အလား တစ်ဦးပြီးတစ်ဦး ပေါက်ကွဲကုန်ကြသည်။ အပိုင်းအစများသည် ဂူအတွင်းတွင် ပျံနှံ့သွားပြီး ဝိညာဉ်စွမ်းအင် အစုအဝေးများသည် မီးရှူးမီးပန်းများအလား ပွင့်အံထွက်လာသည်။

အိမ်မက်ဆိုးနာကြည်းမှုမိခင်သည် သူမ၏ ခန္ဓာကိုယ်မှ ထွက်သွားသော စွမ်းအင်များကို အသည်းအသန် ပြန်လည် ဝါးမြိုရန် ကြိုးစားလိုက်သည်။

သို့သော် နောက်တစ်ခဏတွင် သူမ မှင်တက်သွားပြီး အစွန်းကုန် ဒေါသထွက်သွားရတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုကလေးငယ်များ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များက ညစ်ညမ်းသွားပြီ ဖြစ်ကြောင်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် သိရှိလိုက်ရသောကြောင့် ဖြစ်သည်။

ထိုညစ်ညမ်းမှုမှာ ထူးဆန်းပြီး ရက်စက်လှရာ သူမ၏ ဝိညာဉ်ကို လောင်မြိုက်စေပြီး အကြီးအကျယ် နာကျင်ခံစားရစေသည်။

အိမ်မက်ဆိုးနာကြည်းမှုမိခင်မှာ အသိစိတ်လွတ်မတတ် ဒေါသချောင်းချောင်း ထွက်သွားတော့သည်။

ဒါက လုံးဝကို အောက်တန်းကျလွန်းတဲ့ လုပ်ရပ်ပဲ။

တစ်စုံတစ်ယောက်က သူမကို ကျောခိုင်းပြီး အဆိပ်ခတ်ခဲ့တာလား။

"တောက် နှလုံးနာဖို့ ကောင်းလိုက်တာ"

ခရမ်းပြာရောင် မိစ္ဆာမကြီး၏ မျက်နှာမှာ အကြီးအကျယ် ဒေါသထွက်နေပြီး သူမ၏ ကြောက်မက်ဖွယ် မျက်နှာပြင်တစ်ခုလုံးတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ဗရပွ ဖြစ်နေတော့သည်။

ထိုထူးဆန်းသော အဆိပ်သည် အိမ်မက်ဆိုးနာကြည်းမှုမိခင် ပြင်ဆင်ထားသမျှ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

သုမ၏ နည်းလမ်းများ အားလုံး ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူမသည် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အငွေ့အသက်များမှာလည်း ပြင်းထန်စွာ ပြိုကွဲပျက်စီးလာတော့သည်။

ဟဲဟဲ... သူမ ပျာယာခတ်နေပြီး ကြောက်လန့်နေပြီ။

ရွှီရန်သည် အေးစက်စွာ ပြုံးလိုက်ရင်း မီတာတစ်ရာကျော်ခန့် နောက်သို့ ဆုတ်လိုက်ကာ အိမ်မက်ဆိုးနာကြည်းမှုမိခင် တစ်ယောက်တည်း အားကိုးရာမဲ့စွာ ဒေါသထွက်နေသည်ကို ကြည့်နေလိုက်သည်။

ထိုအချိန်တွင် မြို့အထက် ကောင်းကင်ယံ၌ ကျင့်ကြံသူအားလုံးသည် ဘာဖြစ်နေမှန်း မသိဘဲ ကြောင်တောင်တောင်ဖြင့် ခေါင်းမော့ကြည့်နေကြသည်။

ကောင်းကင်ယံရှိ တစ်မြို့လုံးကို လှောင်ပြောင်နေသော ဧရာမ ပုံရိပ်ယောင်ကြီးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။ ခရမ်းပြာရောင် မိစ္ဆာမကြီး၏ မျက်နှာမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး သူမ၏ ဒေါသတကြီး အော်ဟစ်သံများမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ သို့သော် ထိုဒေါသများမှာ ဘာမှ အရာမထင်တော့ပေ။

သူမ လုပ်နိုင်သည်မှာ ခဏတာ ဒေါသထွက်နေရုံသာ ရှိတော့သည်။

ဓားစာခံများကိုပင် သူမ ဆက်ပြီး မထိန်းချုပ်နိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ခရမ်းရောင် အိပ်မက်ဆိုး အမျှင်တန်းများအားလုံး ပြတ်တောက်သွားပြီ ဖြစ်သောကြောင့်ပင်။

"ရက်စက်လိုက်တာ"

ပုံရိပ်ယောင်ကြီး၏ နာကျည်းလှသော အော်ဟစ်သံနှင့်အတူ ဖိအားပေးနေသော မိစ္ဆာရုပ်ကြီးမှာ ဘုန်းကနဲ အသံနှင့်အတူ ပေါက်ကွဲပျက်စီးသွားတော့သည်။

ကျောက်ရင်: "..."

ကောင်းယွမ်: "..."

ဟွမ်လျန်: "..."

"အလို... ဘယ်လိုပါရမီရှင်မျိုးကများ ဒါကို လုပ်လိုက်တာလဲ။ ဘယ်သူက တိတ်တဆိတ် အိပ်မက်ဆိုးအမျှင်တန်းတွေကို ဖြတ်လိုက်တာလဲ"

သူတို့ သုံးဦးလုံး ထိတ်လန့်တုန်လှုပ်လျက် မှင်တက်သွားကြသည်။

"အဲဒါ ဘယ်သူလဲ"

"ဘာလို့ ဘာသတင်းမှ မကြားရတာလဲ"

ဟွမ်လျန်: "ညီအစ်ကိုယဲ့... မင်းပဲ တိတ်တဆိတ် စွမ်းဆောင်လိုက်တာလား"

ဟွမ်လျန်သည် ချီယွန်းတောင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရင်း ညီအစ်ကိုယဲ့သည် တကယ့်ကို အံ့မခန်းပဲဟု တွေးတောနေတော့သည်။

ဤအချိန်တွင် ချီယွန်းတောင်ထက်၌ စိုးရိမ်ပူပန်နေသော မိခင်ဖြစ်သူ၏ စိတ်နှလုံးမှာ အတန်ငယ် သက်သာရာရသွားပြီး "ကျောင်းအုပ်ကြီး... ဒါဆိုရင် ကျွန်မသားလေး ရှောင်ရန်ရဲ့ အစီအစဉ် အောင်မြင်သွားပြီလို့ ပြောလို့ရမလားရှင်" ဟု မေးမြန်းလိုက်သည်။

ကျောင်းအုပ်ကြီးက ခေါင်းညိတ်ပြလျက် "ဟူး... အောင်မြင်သွားပြီ။ အိပ်မက်ဆိုး အမျှင်တန်းတွေ အကုန်ပြတ်တောက်သွားပြီ။ အင်အားကြီး ကျင့်ကြံသူတွေကိုတောင် ခေါင်းခဲစေခဲ့တဲ့ ပြဿနာကြီးကို နောက်ဆုံးတော့ အဖြေရှာနိုင်ခဲ့ပြီ" ဟု ပြန်လည်ဖြေကြားသည်။

မိခင်ဖြစ်သူက "ဒါဆို ဘာလို့ ကျွန်မသားလေးက အခုထိ သတိမရသေးတာလဲဟင်" ဟု ထပ်မံမေးမြန်းရာ ကျောင်းအုပ်ကြီးက သက်ပြင်းသာသာချကာ "မကြာခင် နိုးလာမှာပါ စိတ်မပူပါနဲ့။ ဒီကလေးရဲ့ ထိုးထွင်းသိမြင်မှုအရိုးကတော့ တကယ့်ကို တုနှိုင်းမဲ့ပဲလို့ ငါသတ်မှတ်လိုက်ပြီ။ သူ ဘာမှမဖြစ်စေရပါဘူး။ ဒီကလေးက အရမ်းကို အစွမ်းထက်လွန်းတယ်" ဟု နှစ်သိမ့်လေသည်။

သူတို့၏ ဘေးနားတွင် ရှိနေသော အန်တီလုက ပြာအဖြစ် ပြောင်းလဲသွားသည့် အိပ်မက်ဆိုး အမျှင်တန်းများကို စိုက်ကြည့်ရင်း "ဒါက ထိုးထွင်းသိမြင်မှုအရိုးရဲ့ အစွမ်းပေါ့လေ။ အစ်ကိုကြီးချန်... အစ်ကိုကြီးတော့ ရတနာတစ်ပါးကို ရှာတွေ့ထားတာပဲ" ဟု ပြောလိုက်သည်။

ကျောင်းအုပ်ကြီးမှာ ဝမ်းသာအားရဖြစ်လျက် "ဟားဟား ဟားဟား ဟားဟား" ဟုသာ အဆက်မပြတ် ရယ်မောနေတော့သည်။ သူသည် အခြားမည်သည့် စကားကိုမျှ ပြန်လည်ဖြေကြားခြင်း သို့မဟုတ် နှိမ့်ချခြင်းမျိုး မပြုတော့ဘဲ ကျေနပ်စွာသာ ရယ်မောနေမိသည်။

ကောင်းကင်ယံထက်တွင် ပုလွေကို အမြဲတမ်း မှုတ်နေသော ယဲ့ဖျင်မှာမူ သံသယဝင်လာသည်။ "လေးနာရီ ကြာမယ်လို့ ပြောထားတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး တစ်နာရီတည်းနဲ့ အောင်မြင်သွားတာလဲ။ ဘုရားရေ... ငါ့ကိုတောင် လှည့်စားသွားတာလား။ အစီအစဉ်က ဒီလောက်အထိ တိကျသေချာနေမှတော့ အောင်မြင်တာလည်း မဆန်းပါဘူးလေ" ဟု တွေးတောနေမိသည်။

ထိုစဉ် ဆက်သွယ်ရေးစက်အတွင်းမှ ဟွမ်လျန်၏ အသံထွက်ပေါ်လာသည်။

"ညီအစ်ကိုယဲ့... ဒါ မင်း တိတ်တဆိတ် စွမ်းဆောင်လိုက်တာ မဟုတ်လား"

ယဲ့ဖျင်က "စကားများမနေနဲ့တော့။ မင်းတို့အားလုံး မြန်မြန် မြေအောက်ထဲ ဆင်းကြ။ မလှုပ်ရှားခင် သေချာချိန်ရွယ်ဖို့ သတိရပါ။ ပြီးတော့... ကိုယ်ပျောက်နေတဲ့ ကလေးတစ်ယောက်ကို မြင်ရင် သူ့ရဲ့ ဘေးကင်းရေးကို အဓိကထားပြီး ကာကွယ်ပေးဖို့ မမေ့နဲ့ဦး" ဟု ညွှန်ကြားလိုက်သည်။

ကျောက်ရင်က "ဟင် ဘယ်က ကိုယ်ပျောက်နေတဲ့ ကလေးလဲ" ဟု မေးရာ ယဲ့ဖျင်က "ဘာပဲဖြစ်ဖြစ် အရပ် ၁.၄ မီတာလောက်ရှိမယ် ရုပ်ရည်ချောမောပြီး ကိုယ်ပျောက်နိုင်စွမ်းရှိတယ်။ အဲဒါ မင်းတို့ရဲ့ အဓိက ကာကွယ်ရမယ့် ပစ်မှတ်ပဲ" ဟု ပြောလိုက်သည်။

ကောင်းယွမ်ကလည်း "မင်းပြောတာကို နားမလည်ပေမဲ့ ငါတို့ သူ့ကို သေချာပေါက် ကာကွယ်ပေးပါ့မယ်" ဟု ကတိပေးသည်။

ကျောက်ရင်က "သွားကြစို့ မြေအောက်ထဲ ဆင်းမယ်။ အဲဒီ အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို သတ်ပစ်ကြမယ်။ တောက် ရှေ့တန်းမှာတောင် ဒီလောက်အထိ စိတ်မကျဉ်းကျပ်ခဲ့ဖူးဘူး။ သတိထားနေရလွန်းလို့ ငါ့အရည်အချင်းရဲ့ ဆယ်ပုံတစ်ပုံတောင် ထုတ်မသုံးရသေးဘူး" ဟု ဒေါသတကြီး ပြောလိုက်သည်။

စကားပြောနေစဉ်မှာပင် ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်နေသည့် ထိပ်တန်းကျင့်ကြံသူ သုံးဦးသည် ရေမြောင်းအတွင်းသို့ ခုန်ဆင်းသွားကြသည်။

ဤအချိန်တွင် အသားစိုင်အသိုက်ကြီးအတွင်းရှိ အသားစိုင်များ ဇွန်ဘီကလေးများနှင့် အိမ်မက်ဆိုးနာကြည်းမှုမိခင်က လူသားဒိုင်းအဖြစ် သုံးထားသော ကလေးများအားလုံးသည် သူမ၏ ဝမ်းဗိုက်အတွင်းသို့ ဝါးမြိုခြင်း ခံလိုက်ရပြီဖြစ်သည်။ ထိုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် ရွှီရန်၏ နှလုံးသားမှာ တုန်ယင်သွားရသည်။

မီတာ သုံးရာအကွာတွင် ရှိနေသော်လည်း ရွှီရန်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်လျက် ဘေးအန္တရာယ်ကြီးမားလှကြောင်း ခံစားနေရသည်။

ပျားငယ်နံပါတ်တစ်၏ အမြင်အာရုံမှတစ်ဆင့် ရွှီရန်သည် အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ ခန္ဓာကိုယ်အတွင်း၌ မှိန်ပျပျ မြင်နေရသော ထူးဆန်းသည့် ခရမ်းရောင် မျက်လုံးကြီးတစ်လုံးကို သတိပြုမိလိုက်သည်။ ထိုမျက်လုံးကြီးမှာ ဝဲကတော့တစ်ခုကဲ့သို့ ဟင်းလင်းပြင် အမြင်အာရုံ အလင်းတန်းနှင့် ဝိညာဉ်စွမ်းအားများကိုပါ လိမ်တွန့်သွားစေသည်။

အလွန်အမင်း ထူးဆန်းသော အငွေ့အသက်များမှာ ထိုမျက်လုံးမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ ရွှီရန်၌သာ စင်ကြယ်သော ဝိညာဉ်ခန္ဓာကိုယ်နှင့် မကောင်းသော ခံစားချက်များကို မောင်းထုတ်နိုင်သည့် စွမ်းရည်မရှိပါက သူ၏ ဝိညာဉ်မှာ ထိုမျက်လုံးကြီး၏ ဖမ်းစားမှုကို ခံလိုက်ရလောက်ပြီ ဖြစ်သည်။

ရွှီရန် ဇဝေဇဝါဖြစ်သွားသည်။

"ဒါက ဘာကြီးလဲ"

အဆိုပါ ရှုပ်ထွေးနေသည့် အခိုက်အတန့်မှာပင် သူ၏ စိတ်ထဲ၌ စောင့်မျှော်နေသော အသိပေးသံကြီး ပဲ့တင်ထပ်လာသည်။

[အောင်မြင်မှုဆိုင်ရာ လုပ်ငန်းတာဝန်: သင်သည် နတ်ဘုရားတစ်ပါး မွေးဖွားလာမှုကို မြင်တွေ့ခဲ့ရသည်။ သို့သော် သင်၏ လုပ်ဆောင်ချက်များကြောင့် သူ၏ နတ်ဘုရားဖြစ်မည့် ဖြစ်စဉ်မှာ အတင်းအကျပ် ရပ်တန့်ခြင်း ခံလိုက်ရသည်]

[သူ၏ နတ်ဘုရားအူတိုင်ကို မြင်ပါသလား။ ထိုအူတိုင်မှာ အလွန်နုနယ်လှသည်။ သင်သည် အိမ်မက်ဆိုးနာကြည်းမှုမိခင်ကို ဒေါသထွက်အောင် ထပ်မံပြုလုပ်ပြီး သူမကို အသည်းအသန် တိုက်ခိုက်လာအောင် ဖိအားပေးနိုင်ပါက ထိုအူတိုင်၌ အက်ကြောင်းများ ပေါ်ပေါက်လာလိမ့်မည်]

[သွားရောက်၍ သူမ၏ နတ်ဘုရားအူတိုင် ကို ဖျက်ဆီးလိုက်ပါ။ ဖျက်ဆီးနိုင်ခဲ့ပါက သင်သည် ရွှေနီရောင် အောင်မြင်မှု ဖြစ်သော နတ်ဘုရားတို့၏ ဆည်းဆာကို ရရှိမည်ဖြစ်သည်]

အခန်း။ ၈၀

[နတ်ဘုရားတို့၏ ဆည်းဆာ (ရွှေနီရောင် အောင်မြင်မှု): ကံတရားကောင်းချီး+၁၀၀ မှတ် ဝိညာဉ်စွမ်းအား +၅ မှတ်]

[နတ်ဘုရားအဆီအနှစ် တစ်စက်: (သင်၏ အခြေခံအရိုးမှာ လွှမ်းမိုးနိုင်စွမ်းရှိပြီး တစ်ဦးတည်းသော ထူးခြားသည့် အမျိုးအစားဖြစ်သဖြင့် အာဟာရဖြစ်စေရန် နတ်ဘုရားအဆီအနှစ် လိုအပ်ပါသည်။ ထို့ကြောင့် နောင်အခါတွင် နတ်ဘုရားတစ်ပါးကို သုတ်သင်တိုင်း ထိုနတ်ဘုရား၏ အရာအားလုံးကို ချေမှုန်းပြီး ၎င်း၏ ညစ်ညမ်းမှု စွမ်းအင်နှင့် မကောင်းသော ခံစားချက်အားလုံးကို နတ်ဘုရားအဆီအနှစ် အဖြစ် လုံးဝဥဿုံ ပြောင်းလဲပေးမည် ဖြစ်သည်။ နတ်ဘုရား ပိုမိုအစွမ်းထက်လေ နတ်ဘုရားအဆီအနှစ် ပိုမိုရရှိလေ ဖြစ်သည်...)]

"ဟင်"

"ငါ့ဘဝရဲ့ ပထမဦးဆုံး ရွှေနီရောင် အောင်မြင်မှုကို မတော်တဆပဲ အသက်သွင်းမိလိုက်တာလား"

"ဒီအံ့သြစရာက ရုတ်တရက်ကြီး ရောက်လာပါလား"

ဤသည်မှာ အတန်ငယ် မျှော်လင့်မထားသော အခြေအနေပင်။

ရွှီရန်မှာ အံ့အားသင့်သွားပြီး အသေးစိတ်ကို သေချာစွာ ထပ်မံကြည့်ရှုလိုက်သည်။

"ကံတရားကောင်းချီးက တိုက်ရိုက် +၁၀၀ မှတ်တောင်လား"

"ဒီတန်ဖိုး တိုးမြင့်မှုက ပထမဦးဆုံး ရရှိခဲ့တဲ့ ရွှေရောင်အောင်မြင်မှုဖြစ်တဲ့ နတ်ဘုရားပုံသဏ္ဌာန် ပြီးရင် ဒုတိယအများဆုံးပဲ"

လက်ရှိ အသက်အရွယ်အရ နတ်ဘုရားပုံသဏ္ဌာန် ကံတရားကောင်းချီး +၅၀ မှတ် ပြီးပြည့်စုံသော ကလေးငယ် +၃၀ မှတ် စင်ကြယ်သော ဝိညာဉ်ခန္ဓာကိုယ် +၃၀ မှတ် တို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ နောက်ထပ် နှစ်နှစ်ကြာ၍ လူငယ်အရှင်သခင်၏ +၈၀ မှတ်သာ ထပ်တိုးပါက ကံတရားကောင်းချီး စုစုပေါင်း ၃၀၀ မှတ်သို့ အလွယ်တကူ ရောက်ရှိသွားမည် ဖြစ်သည်။

ကံတရားကောင်းချီး ၃၀၀ မှတ် ကျော်လွန်သွားခြင်းမှာ အခြေခံအရိုးထုတ်ယူသည့် အချိန်တွင် ရွှေနီရောင် နတ်ဘုရားရတနာ ရရှိနိုင်ခြေကို သိသိသာသာ မြင့်တက်စေခြင်းပင်။

"ဒါပေမဲ့... နတ်ဘုရားအဆီအနှစ် နောက်က ဖော်ပြချက်က ဘာကို ဆိုလိုတာလဲ"

"ငါ့ရဲ့ အခြေခံအရိုးကိုတောင် ထုတ်မယူရသေးဘူး မဟုတ်လား။ အဲဒါက လွှမ်းမိုးနိုင်စွမ်းရှိပြီး တစ်ဦးတည်းသော ထူးခြားတဲ့ ထိပ်တန်း အခြေခံအရိုး ဖြစ်နေပြီလား"

"အနာဂတ်က ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေတာလား။ အကျိုးက အကြောင်းရဲ့ ရှေ့ကို ရောက်နေသလိုပဲ"

"မဟုတ်ဘူး... အနာဂတ်ဆိုတာ ကြိုတင်သတ်မှတ်ထားလို့ မရဘူး။ ငါ့ရဲ့ ခံစားချက်အရတော့ အခုအချိန်မှာ အခြေခံအရိုး ထုတ်ယူမယ်ဆိုရင် လွှမ်းမိုးနိုင်စွမ်းရှိပြီး တစ်ဦးတည်းသော ထူးခြားတဲ့ အမျိုးအစားကို ရမှာမဟုတ်ဘူး"

"ဒါက ငါ့ရဲ့ စရိုက်ကို ယုံကြည်မှုထားတာနဲ့ တူတယ်။ ငါက ကံတရားကောင်းချီးတွေကို သေချာပေါက် စုဆောင်းနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ထားနေတာပဲ"

စရိုက်က ကံကြမ္မာကို ဆုံးဖြတ်သည်။

ရွှေရောင်အောင်မြင်မှု စင်ကြယ်သော ဝိညာဉ်ခန္ဓာကိုယ်ကို ရရှိရန်အတွက် ရွှီရန်သည် နေ့စဉ် သားရဲပုံဆောင်ခဲအရိုး လေးခုကို ရက်ပေါင်း ၆၀၀ တိတိ မနားတမ်း စားသုံးခဲ့ပြီး အာဟာရထုတ်ယူခြင်းလုပ်ငန်းစဉ်ကို မယိုင်လဲသော ဇွဲလုံ့လဖြင့် တွန်းအားပေးခဲ့သည်။

ဤသည်မှာ စရိုက်ဖြစ်သလို ကံတရားဖြစ်ပြီး ကံကြမ္မာလည်း ဖြစ်သည်။

ထို့ကြောင့် အကောင်းဆုံးသော ရွှေနီရောင် အခြေခံအရိုးကို ရရှိနိုင်မည့် အခွင့်အရေးရှိနေပါက ရွှီရန်သည် အဆင့်နိမ့်သောအရာများဖြင့် မည်သည့်အခါမျှ တင်းတိမ်လိမ့်မည်မဟုတ်ပေ။

ရွှေရောင် အခြေခံအရိုးလား။

ထိုအရာကို တစ်ချက်မျှ လှမ်းကြည့်ရုံပင် သူ၏ ရှုံးနိမ့်မှုကို ဝန်ခံရာရောက်ပေလိမ့်မည်။

ကံတရားကောင်းချီး ၃၀၀ မှတ် စုဆောင်းပြီးမှ ရွှေနီရောင် အခြေခံအရိုးကို ဆွဲယူရန် ကြိုးပမ်းခြင်းက ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်။

ဤသည်မှာ သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်ဖြစ်ပြီး မည်သူမျှ မလှုပ်ခါနိုင်သော ခိုင်မာသည့် စိတ်ဓာတ်ပင်။

ရွှီရန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး "အခုလောလောဆယ် နတ်ဘုရားတို့၏ ဆည်းဆာအောင်မြင်မှုကို အရယူရမယ်။ ပြီးရင်တော့ ပါရမီရှင်တစ်စုကို နှိမ်နင်းပြီး ကံတရားကောင်းချီး ၃၀၀ ပြည့်စေမယ့် လူငယ်အရှင်သခင်ဘွဲ့ကို ရယူရမယ်"

"ဒါက လွယ်လွယ်လေးပဲ အချိန်နည်းနည်း ပိုပေးရုံပဲလေ"

ထိုသို့တွေးတောရင်း သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး နတ်ဘုရားအဆီအနှစ်နှင့် ပတ်သက်သော စာသားကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်သည်။

ကွင်းစကွင်းပိတ်အတွင်းရှိ သာမန်ကာလျှံကာ ဖော်ပြချက်များကို အထင်မသေးသင့်ပေ။ ဤ နတ်ဘုရားအဆီအနှစ် ထုတ်ယူနိုင်စွမ်းမှာ အဆမတန် အစွမ်းထက်လှသည်။

[နောင်အခါတွင် နတ်ဘုရားတစ်ပါးကို သုတ်သင်တိုင်း ထိုနတ်ဘုရား၏ အရာအားလုံးကို ချေမှုန်းပြီး ၎င်း၏ ညစ်ညမ်းမှု စွမ်းအင်နှင့် မကောင်းသော ခံစားချက်အားလုံးကို နတ်ဘုရားအဆီအနှစ်အဖြစ် လုံးဝဥဿုံ ပြောင်းလဲပေးမည်ဖြစ်သည်]

ဒါကဘာကို ဆိုလိုတာလဲ။

၎င်းသည် အကြွင်းမဲ့ သန့်စင်ခြင်း နတ်ဘုရားစွမ်းရည်နှင့် ညီမျှသည်။

အမှန်စင်စစ် သာမန်ဖြစ်သော ရန်ငြိုးသားရဲပင်လျှင် သေဆုံးသွားချိန်၌ ၎င်းရှိရာနေရာတွင် ညစ်ညမ်းမှုများကို ချန်ထားခဲ့လေ့ရှိရာ ကျင့်ကြံသူများသည် ထိုအညစ်အကြေးများကို ရှင်းလင်းရန် အသက်ဘေးနှင့် ရင်ဆိုင်ကြရသည်။

ဥပမာအားဖြင့် ရွှီရန်၏ ဖခင်ဖြစ်သူသည်လည်း ထိုကဲ့သို့သော ရှင်းလင်းရေး တာဝန်တစ်ခုကို ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရခြင်းပင်...

သာမန် ရန်ငြိုးသားရဲတစ်ကောင်၏ ညစ်ညမ်းမှုပင် ဤမျှပြင်းထန်ပါက ရန်ငြိုးနတ်ဘုရားတစ်ပါး၏ ညစ်ညမ်းမှုမှာ အဆပေါင်း သိန်းသန်းချီ၍ ကြောက်မက်ဖွယ်ကောင်းမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ရန်ငြိုးနတ်ဘုရားတစ်ပါး ပေါ်ထွက်လာတိုင်း လူသားကျင့်ကြံသူ ထိပ်သီးပညာရှင်များမှာ များစွာ အခက်တွေ့ကြရစမြဲပင်။

သို့သော် ယခုမူ နတ်ဘုရားတို့၏ ဆည်းဆာစွမ်းရည်ရှိနေပြီ ဖြစ်သည်။

ရွှီရန်အနေဖြင့် ရန်ငြိုးနတ်ဘုရားနှင့် ရင်ဆိုင်ရာတွင် ညစ်ညမ်းမှုပြဿနာကို စိုးရိမ်ရန် မလိုတော့ပေ။ ရွှေနီရောင်အောင်မြင်မှုဖြစ်သော နတ်ဘုရားတို့၏ ဆည်းဆာသည် ဝန်ဆောင်မှုအပြည့်ပေးထားရာ ရန်ငြိုးနတ်ဘုရား၏ ညစ်ညမ်းမှုအားလုံးကို သန့်စင်ပေးရုံသာမက နတ်ဘုရားအဆီအနှစ်ကိုပါ ထုတ်ယူပေးမည်ဖြစ်သဖြင့် အလေအလွင့်မရှိ အသုံးချနိုင်မည် ဖြစ်သည်။

"ဒီလောက်ကောင်းတဲ့ အခွင့်အရေးကိုမှ လက်လွတ်ခံလိုက်ရင်တော့ ငါ့မှာ အမြော်အမြင်မရှိဘူးလို့ပဲ ပြောရတော့မယ်"

ရွှီရန်က အေးစက်စွာ ရယ်မောရင်း ရွံရှာဖွယ်ကောင်းလှသော အိမ်မက်ဆိုးနာကြည်းမှုမိခင် ကို ရင်ဆိုင်ရန် နည်းဗျူဟာတစ်ခုကို စဉ်းစားလိုက်သည်။ ထိုနည်းဗျူဟာမှာ ရန်သူ့ရှေ့သို့ ထွက်၍ ထိပ်တိုက်စိန်ခေါ် လှောင်ပြောင်ရန်ပင်။

ထို့နောက် သူ၏ ပုံရိပ်မှာ လျှပ်စီးပမာ လက်ခနဲ ဖြစ်သွားပြီး အသားစိုင်အသိုက်ကြီး၏ အထက်တွင် ပေါ်လာတော့သည်။

အိမ်မက်ဆိုးနာကြည်းမှုမိခင်၏ ခရမ်းပြာရောင်သန်းကာ အက်ကြောင်းများ ဗရပွဖြစ်နေသော မိစ္ဆာမျက်နှာကြီးမှာ ရုတ်တရက် အပေါ်သို့ မော့တက်လာသည်။

နာကျည်းမှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေသော မျက်ဝန်းအစုံက ရွှီရန်ကို သေမတတ် စိုက်ကြည့်နေတော့သည်။

"အဆင့်မရှိတဲ့ အိမ်မက်ဆိုးနာကြည်းမှုမိခင်..."

ရွှီရန်က တည်ငြိမ်စွာ ပြုံးလျက် သူ၏ ကြည်လင်ပြတ်သားသော အသံကို အသားစိုင်အသိုက်တစ်ခုလုံး ပဲ့တင်ထပ်သွားအောင် ပြောလိုက်သည်။

"မင်းပဲကိုး"

"အဲဒါ မင်းကိုး"

"မင်းပဲ ငါ့ကို မိခင်ဝမ်းဗိုက်ထဲကနေ အတင်းထွက်လာအောင် လုပ်ခဲ့တာ။ ငါ့ရဲ့ အသွင်ပြောင်းလဲမှုအတွက် နောက်ထပ် နှစ်နာရီလောက် ပိုပြီး အချိန်ပေးခဲ့ရအောင် လုပ်ခဲ့တာ မင်းပဲ"

"ပြီးတော့... ထူးဆန်းတဲ့ စက္ကူကလေးငယ် ထောင်ပေါင်းများစွာကို သုံးပြီး ငါ့ရဲ့ နတ်ဘုရားဘွဲ့နှင်းသဘင် အခမ်းအနားကို ဖျက်ဆီးခဲ့တာလည်း မင်းပဲ"

အိမ်မက်ဆိုးနာကြည်းမှုမိခင်သည် ရွှီရန်ကို အရိုးထဲကနေ နာကျည်းနေမိသည်။

ရွှီရန်သည် လေထုထဲတွင် လွင့်မျောနေလျက် အိမ်မက်ဆိုးနာကြည်းမှုမိခင် ကို အပေါ်စီးမှ ငုံ့ကြည့်ကာ "ဘယ်လိုလဲ... မင်း ခုခံနိုင်စွမ်း ရှိသေးရဲ့လား" ဟု မေးမြန်းလိုက်သည်။

အိမ်မက်ဆိုးနာကြည်းမှုမိခင် : "..."

ဤကဲ့သို့ အထင်အမြင်သေးခံရခြင်း လုံးဝဥပေက္ခာပြုခြင်း ခံရသည့် ခံစားချက်မှာ တကယ့်ကို ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသည်။

ငါက နတ်ဘုရားတစ်ပါးပဲ။

ငါက နတ်ဘုရားတစ်ပါးပဲလို့….

ငါ ငါးနှစ်တိုင်တိုင် ကလေးငယ် သုံးသိန်းကို ဓားစာခံလုပ်ပြီး လူသားကျင့်ကြံသူတွေကို ရက်ရက်စက်စက် ကိုင်တွယ်ဖို့ အပြစ်ဆိုဖွယ်မရှိတဲ့ အစီအစဉ်ကြီးကို ရေးဆွဲခဲ့တာလေ။ ဘာလို့ အခုမှ အားကိုးရာမဲ့တဲ့ ခွေးအိုကြီးတစ်ကောင်လို ဖြစ်သွားရတာလဲ။

နောက်ထပ် မိနစ်သုံးဆယ်လောက်သာ အချိန်ရရင် ငါ နတ်ဘုရား ဖြစ်လာတော့မှာ။

ဒါပေမဲ့ ငါ့ရဲ့ နတ်ဘုရားဖြစ်မယ့် ဖြစ်စဉ်ကို အတင်းအကျပ် ရပ်တန့်ခြင်း ခံလိုက်ရပြီ။

ဒါက အဆုံးစွန်ထိ မရောက်ခင်မှာ အတင်းအဓမ္မ အဟန့်အတား ခံလိုက်ရတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

အဟန့်အတား ခံရရုံတင်မကဘဲ အဲဒီကလေးက ငါ့ခန္ဓာကိုယ်ထဲကို အဆိပ်တွေနဲ့ ညစ်ညမ်းမှုတွေပါ ထည့်ခဲ့သေးတယ်။ အခု နိုင်သွားတော့လည်း ငါ့ခေါင်းပေါ်မှာ ဝဲပျံပြီး လာလှောင်ပြောင်နေသေးတယ်ပေါ့လေ။

အိမ်မက်ဆိုးနာကြည်းမှုမိခင် ၏ ဒေါသများမှာ အရှိန်အဟုန်ဖြင့် တောက်လောင်လာပြီး သူမ၏ ကြောက်မက်ဖွယ် မိစ္ဆာမျက်နှာကြီးမှာ ပြင်းထန်စွာ တွန့်လိမ်ရှုံ့တွသွားကာ သွေးကြောကြီးများမှာလည်း ဖောင်းတက်လာတော့သည်။

ရုတ်တရက်ပင် ထိုမိစ္ဆာမ၏ မျက်နှာမှာ နဖူးမှ မေးစေ့အထိ ဒေါင်လိုက် ကွဲအက်သွားပြီး သွားများ အစီအရီရှိသော ပါးစပ်ကြီးမှာ အပြင်ဘက်သို့ လန်ထွက်လာသည်။

ထို့နောက် ကားဘီး အရွယ်အစားခန့်ရှိသော ခရမ်းစိမ်းရောင် အလင်းလှိုင်းတစ်ခုသည် လျှပ်စီးပမာ မြန်ဆန်လှသော အရှိန်ဖြင့် ပစ်ထွက်လာပြီး ခဏချင်းမှာပင် ရွှီရန်၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။

အလွန်မြန်လွန်း၍ ခုခံရန်ပင် အချိန်မရလိုက်ပေ။

တစ်ခဏအတွင်းမှာပင် ရွှီရန်၏ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ သွေးစက်များအဖြစ် လွင့်စင်သွားပြီး သွေးများမှာ ရေပန်းပမာ ပန်းထွက်လာတော့သည်။

"ဟီးဟီး... မိုက်မဲတဲ့ လူသား ငါ့မှာ နောက်ဆုံးလက်နက် မရှိဘူးလို့ မင်းထင်နေတာလား"

"ငတုံးလေး မင်း သေသွားရင်တော့ အရာအားလုံး ပြီးဆုံးသွားပြီ။ မြင့်မြတ်တဲ့ နတ်ဘုရားဖြစ်တဲ့ ငါကတော့ တစ်နေ့မှာ ပြန်လည် နိုးထလာဦးမှာပဲ"

All Chapters