အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း။ ၈၅
ဟွမ်လျန်၊ ကျောက်ရင်းနှင့် ကောင်းယွမ်တို့၏ ရင်ထဲတွင် စပ်စုလိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။
ကျောင်းအုပ်ကြီး: "..."
ယဲ့ဖျင်: "..."
"ကောင်းပြီလေ။ ဒါဆို သူတို့ကိုပဲ စောင့်လိုက်ကြတာပေါ့"
ငါးမိနစ်ခန့်အကြာတွင် ဟွမ်လျန်၊ ကျောက်ရင်းနှင့် ကောင်းယွမ်တို့သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး လူတိုင်း၏ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။
"အစ်ကိုဖိန်... ဘယ်ပါရမီရှင်က အိမ်မက်ဆိုးမိခင်ကို အနိုင်ယူလိုက်တာလဲ။ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ အရှိန်အဝါကို ကျွန်တော်တို့ကို မြင်တွေ့ခွင့်ပေးပါဦး"
ကျောင်းအုပ်ကြီး၊ ရွှီရန့်မိခင်၊ ယဲ့ဖျင်၊ ကျားမလေး၏မိခင်၊ ယွီဟန်၏မိခင်... ကျားမလေး၊ ကျူးယွီဟန်နှင့် ကျန်ရှိနေသူအားလုံး၏ အကြည့်များသည် ရွှီရန့်ထံသို့ စုပြုံရောက်ရှိသွားကြသည်။ ထိုသူသုံးဦးသည်လည်း လူတိုင်း၏ အကြည့်နောက်သို့ လိုက်ပါရင်း ရွှီရန့်ကို ကြည့်လိုက်ကြတော့သည်။
ဗဟုသုတ ရှာမှီးလိုစိတ် ပြင်းပြနေသော ကျောက်ရင်းက "ထိုးထွင်းသိမြင်မှုအခြေခံအရိုးလား။ မင်းက တကယ်ပဲ ကိုယ်ပျောက်နိုင်တာလား" ဟု မေးမြန်းလိုက်သည်။
ကောင်းယွမ်ကလည်း "အိမ်မက်ဆိုးမိခင်ကို မင်းဘယ်လို အနိုင်ယူခဲ့သလဲဆိုတာ ပြောပြပေးနိုင်မလား။ လူသားကျင့်ကြံသူတွေမှာ ဝိညာဉ်နတ်ဆိုးတွေကို တုံ့ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတွေက သိပ်ကို နည်းပါးလွန်းတယ်။ မင်းဆီကနေ နည်းစနစ်တချို့ကို ငါတို့ သင်ယူနိုင်ကောင်း သင်ယူနိုင်လိမ့်မယ်" ဟု ပြောလိုက်သည်။
ငါ့ဆီကနေ နည်းစနစ်တွေ သင်ယူမယ် ဟုတ်လား။
ရွှီရန်က ခေါင်းခါယမ်းလိုက်ပြီး "ဘယ်လိုပြောရမလဲ... ငါ့ရဲ့နည်းလမ်းက တခြားသူတွေ လိုက်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ပထမဆုံးအနေနဲ့ ငါက ကိုယ်ပျောက်နိုင်တယ်။ အဲဒီတော့ အိမ်မက်ဆိုးမိခင်ရဲ့ ဘေးနားကို ဘယ်သူမှမသိအောင် တိတ်တဆိတ် ကပ်သွားလို့ရတယ်"
သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီရန်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ဖောက်ထွင်းမြင်ရသည့်အထိ ပျောက်ကွယ်သွားတော့သည်။
ဆန့်ကျင်ဘက်တွင် ရပ်နေသော ကျားမလေးမှာ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိသည်။ သူမ၏ တောက်ပသော မျက်ဝန်းအစုံမှာ ထူးဆန်းသောအလင်းများဖြင့် ဝင်းလက်နေပြီး အားကျလွန်းသဖြင့် ပါးစပ်မှ သွားရည်ပင် ကျလုနီးပါးပင်။
"ဒါကို ငါ သင်ရမယ် သေချာပေါက် သင်ရမယ်"
သူမ စိတ်ထဲတွင် ကျုံးဝါးလိုက်သည်။
မလှမ်းမကမ်းရှိ ဟွမ်လျန်၊ ကျောက်ရင်းနှင့် ကောင်းယွမ်တို့မှာလည်း အံ့အားသင့်တကြီးဖြင့် "ဟိုက် ဒါက ကောင်းကင်ဘုံကပေးတဲ့ နတ်ဘုရားအတတ်လား" ဟု အာမေဍိတ် ထွက်ကုန်ကြသည်။
ရွှီရန်: "ဒါက နတ်ဘုရားအတတ် မဟုတ်ပါဘူး ငါ့ရဲ့ မန္တန်တစ်ခုပါ"
ကောင်းယွမ်: "မင်းဘာသာ ထိုးထွင်းသိမြင်ခဲ့တဲ့ မန္တန်လား"
ရွှီရန်: "ဟုတ်ပါတယ်"
ဟွမ်လျန်: "အဲဒါ... ငါတို့ရော သင်လို့ရမလား။ တခြားကျင့်ကြံသူတွေရော သင်ယူနိုင်မလား"
ရွှီရန် ခေတ္တစဉ်းစားလိုက်ပြီး "မဖြစ်နိုင်လောက်ဘူး။ အရမ်းမြင့်မားတဲ့ ပါရမီရှိဖို့ လိုလိမ့်မယ်"
ဟွမ်လျန်က စမ်းသပ်လိုစိတ် ပြင်းပြစွာဖြင့် "နောက်ရက်အနည်းငယ်နေရင် ငါတို့ကို သင်ပေးပါဦးလား။ ငါတို့ သင်ယူလို့ မရရင်တောင်မှ အနည်းဆုံးတော့ စမ်းကြည့်ချင်သေးတယ်" ဟု ပြောလိုက်သည်။
ယဲ့ဖျင်က ဝင်ပြောလိုက်သည်။
"မကြိုးစားပါနဲ့တော့ ငါတောင် တစ်ခါ ကျရှုံးဖူးပြီးပြီ"
ဟွမ်လျန်၊ ကျောက်ရင်းနှင့် ကောင်းယွမ်တို့မှာ ဇွဲမလျှော့သော မျက်နှာပေးများဖြင့် "ငါတို့ စမ်းကြည့်ရမှာပဲ။ လမ်းဆုံးတဲ့အထိ မရောက်မချင်း ငါတို့ နောက်မဆုတ်နိုင်ဘူး" ဟု ခေါင်းမာစွာ ပြောလိုက်ကြတော့သည်။
ယဲ့ဖျင်: "ကောင်းပြီလေ ထားလိုက်ပါတော့"
ရွှီရန်က ခပ်ဖျော့ဖျော့ပြုံးကာ သူ၏ရှင်းပြချက်ကို ဆက်လက်ပြောကြားလိုက်သည်။
"ကျွန်တော့်ရဲ့ အစီအစဉ်ကို ဆက်ပြောရရင်တော့ ကျွန်တော့်မှာ ကိုယ်ပျောက်နိုင်တဲ့ စွမ်းရည်ရှိတဲ့အတွက် အိမ်မက်ဆိုးနာကြည်းမှုမိခင်ရဲ့ အနားကို ဘယ်သူမှမသိအောင် တိတ်တဆိတ် ကပ်သွားနိုင်ခဲ့တယ်။ ပြီးတော့ နောက်ထပ်တစ်ဆင့်ကို အကောင်အထည်ဖော်ခဲ့တာပေါ့"
"ဒါပေမဲ့ နောက်တစ်ဆင့်ကလည်း ကျွန်တော့်ရဲ့ သီးသန့်စွမ်းရည်ပဲ ဖြစ်နေပြန်တယ်"
ထိုသို့ပြောဆိုရင်း ရွှီရန်သည် စက္ကူခေါက်တစ်ခုကို ထုတ်ယူလိုက်ပြီး လျင်မြန်စွာ ခေါက်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းကို ကိုက်ကာ သွေးစအချို့ကို စက္ကူပေါ်တွင် သုတ်လိမ်းလိုက်ရာ ခဏချင်းမှာပင် ထိုစက္ကူမှာ ဖောင်းကြွလာပြီး အသက်ဝင်နေသော ကလေးငယ်တစ်ဦးအသွင်သို့ ပြောင်းလဲသွားတော့သည်။
ထိုကလေးငယ်သည် ကြမ်းပြင်ပေါ်တွင် လမ်းလျှောက်ခြင်း၊ တွားသွားခြင်းများကို ပြုလုပ်နေပြီး လူစစ်စစ်နှင့် လုံးဝခွဲခြား၍မရအောင် တူညီလှသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရောက်ရှိနေသည့် ကျင့်ကြံသူအားလုံးမှာ ပါးစပ်အဟောင်းသားနှင့် အံ့ဩမှင်သက်သွားကြတော့သည်။
"ဟင်"
"ဒါက ကောင်းကင်ဘုံကပေးတဲ့ နတ်ဘုရားအတတ်လား"
"ဘယ်မန္တန်ကမှ ဒီလောက်အထိ မစွမ်းဆောင်နိုင်ဘူး မဟုတ်လား"
"ကျန်းဟန့်ရဲ့ အခြေခံအရိုးစွမ်းရည်က ရုပ်သေးရုပ်တွေ ဖန်တီးတာလို့ ငါမှတ်မိနေတယ်..."
ရွှီရန် ခေတ္တစဉ်းစားလိုက်ပြီး အသေးစိတ် ထပ်မရှင်းပြတော့ဘဲ "ဒါက ထိုးထွင်းသိမြင်မှုအခြေခံအရိုး ရဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခု ဖြစ်နိုင်တယ်။ အတိုချုပ်ပြောရရင် ကျွန်တော်
ဖန်တီးလိုက်တဲ့ စက္ကူရုပ်တွေက ဝိညာဉ်နတ်ဆိုးတွေကို အလွယ်တကူ သတ်ဖြတ်နိုင်သလို သူတို့ရဲ့ စွမ်းအင်တွေကိုလည်း စုပ်ယူနိုင်စွမ်းရှိတယ်"
"အိမ်မက်ဆိုးမိခင်က ကလေးငယ်တွေကို ရင်သွေးဖုတ်ကောင်တွေအဖြစ် ပြောင်းလဲပစ်ရတာကို အရမ်းနှစ်သက်တာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့။ ဒါကြောင့် ကျွန်တော်က အတုအယောင်ကလေးငယ် သုံးထောင်လောက် ဘာလို့ မဖန်တီးနိုင်ရမှာလဲလို့ တွေးမိခဲ့တယ်"
"အဲဒီကလေးငယ် သုံးထောင်ကို အိမ်မက်ဆိုးမိခင်ရဲ့ ပတ်ပတ်လည်မှာ တိတ်တဆိတ် နေရာချထားခဲ့တယ်။ သူမရဲ့ ဆင့်ကဲပြောင်းလဲမှုအရေးကြီးဆုံး အခိုက်အတန့်မှာ အဲဒီကလေးတွေက သူမရဲ့ ကာကွယ်ရေးတွေကို ဖျက်ဆီးပြီး စွမ်းအင်တွေကို ဝါးမြိုပစ်လိုက်ကြတာပဲ"
"ကလေးငယ် တစ်ဦးချင်းစီက ချီစွမ်းအင် ၁၀,၀၀၀ စီ စုပ်ယူခဲ့ကြတာဆိုတော့ စုစုပေါင်း ချီစွမ်းအင်တန်ဖိုး သန်းသုံးဆယ်လောက် ရှိသွားတယ်။ အိမ်မက်ဆိုးမိခင်လည်း တစ်ခဏချင်းမှာတင် လေထဲမှာ ပျောက်ကွယ်သွားရတော့တာပေါ့..."
ရွှီရန်သည် အဓိကအချက်ကို ချန်လှပ်ထားကာ အကျဉ်းချုပ် ရှင်းပြလိုက်သည်။
အားလုံးက ထိုစကားကို ကြားရသောအခါ တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့ဩခြင်းများစွာ ဖြစ်သွားကြတော့သည်။
"ဒါ... ဒါက အိမ်မက်ဆိုးမိခင်အတွက် တကယ့်ကို အကြောက်ရဆုံး နည်းလမ်းပဲ။ ကလေးတွေကို အမြတ်တနိုးထားတဲ့ သူမရဲ့ အားနည်းချက်ကို အသုံးချပြီး အတုအယောင်ကလေးတွေနဲ့ သူမဘေးနားကို ထိုးဖောက်ဝင်ရောက်ပြီး အချိန်ကိုက် တိုက်ခိုက်ခဲ့တာပဲ"
"ပါရမီရှင်တစ်ယောက်ရဲ့ အတွေးအခေါ်ပဲ"
"သံသယဖြစ်စရာ မလိုပါဘူး။ အိမ်မက်ဆိုးမိခင်ဟာ ဒီလိုကပ်ဆိုးမျိုးနဲ့ ကြုံတွေ့ရဖို့ ကံပါလာတာပဲ ဖြစ်ရမယ်"
"သူမသာ တခြားမြို့မှာဆိုရင် အောင်မြင်သွားနိုင်ပေမဲ့..."
"အခုတော့ အကြောက်ရဆုံးမြို့ကိုမှ ရွေးချယ်မိသွားတာကိုး"
"ဟားဟားဟားဟား"
လူတိုင်းက အားရပါးရ ရယ်မောလိုက်ကြပြီး ရွှီရန့်ကို အံ့ဩလေးစားစွာ ကြည့်လိုက်ကြသည်။
"တကယ့်ကို ပါရမီရှင်ပဲ မင်းကြောင့်သာ မဟုတ်ရင် ကျင်းမြို့တော်ရဲ့ အနာဂတ်ကြယ်ပွင့်တွေ အများကြီး ဆုံးရှုံးသွားနိုင်တယ်"
"ပါရမီရှင်ကလေးတွေ ဆုံးရှုံးရမှာက ကျောင်းအုပ်ကြီးအတွက်တော့ ဘယ်လိုမှ မခံစားနိုင်တဲ့ ဒဏ်ရာကြီး ဖြစ်လာမှာလေ"
ကျောက်ရင်းက "အကယ်၍သာ ပါရမီရှင်တွေ အစုလိုက်အပြုံလိုက် ဆုံးရှုံးခဲ့ရင် ကျောင်းအုပ်ကြီး ဘယ်လောက်တောင် စိတ်ဓာတ်ကျသွားမလဲဆိုတာ ကျွန်တော် စိတ်ကူးတောင် မယဉ်ရဲဘူး..."
ကျောင်းအုပ်ကြီးက တည်ကြည်သောအမူအရာဖြင့် "အဓိပ္ပာယ်မရှိတဲ့ အရာတွေကို တွေးမနေကြပါနဲ့တော့။ ငါတို့မှာ တစ်မြို့လုံးကို ကယ်တင်ပေးမယ့် ပါရမီရှင်အစီအစဉ်နဲ့ သူရဲကောင်းလေး တစ်ယောက် ပေါ်ထွက်လာခဲ့ပြီ မဟုတ်လား"
ကျောင်းအုပ်ကြီးသည် ရွှီရန့်ကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်။ သို့သော် သူသည် မနှစ်မြို့ဖွယ်ရာ အတိတ်တစ်ခုကို ပြန်လည်သတိရသွားပုံရပြီး ရွှီရန့်ကို ထူးဆန်းသော အကြည့်တစ်ခုဖြင့် ရုတ်တရက် ကြည့်လိုက်တော့သည်။
အခန်း။ ၈၆
"တစ်ခုခုတော့ လွဲနေပြီ ငါ ပြန်စဉ်းစားလေလေ ပိုပြီး သံသယဖြစ်စရာ ကောင်းလေလေပဲ"
ကျောင်းအုပ်ကြီးသည် ရွှီရန့်ကို စူးစိုက်ကြည့်ရှု စစ်ဆေးနေရင်း သူ၏ရင်ထဲ၌ သံသယရိပ်များ ပိုမိုထင်ဟပ်လာသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ဖြစ်ပွားခဲ့သည့် ထုတ်ဖော်မပြောပြနိုင်သောအတွေ့အကြုံတစ်ခုမှာ သူ၏ အာရုံထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ထိုစဉ်က ရန်ငြိုးနတ်ဘုရား၏ တတိယအကြိမ်မြောက် ကျူးကျော်မှု ဖြစ်ပွားနေချိန်ဖြစ်သည်။
သူနှင့် အခြားဆရာ သုံးဦးသည် ရန်ငြိုးသတ္တဝါ ၁၆ ကောင် ပေါ်ထွက်လာသည်ကို ဦးဆုံးသတိပြုမိခဲ့ကြသည်။ သူတို့ လေးဦးသည် တာဝန်များကို ခွဲဝေယူခဲ့ကြပြီး ကျောင်းအုပ်ကြီးသည် စက္ကန့်နှစ်ဆယ်အတွင်းမှာပင် သတ္တဝါ သုံးကောင်ကို သုတ်သင်နိုင်ခဲ့သည်။
သို့သော် ရွှီရန်က ပါရမီရှင်ကလေးများကို ကိုယ်ခံပညာ သင်ကြားပေးနေသည့် ရေကန်အနီးတွင်မူ... ရန်ငြိုးသတ္တဝါတစ်ကောင်မှာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့သည်။ ညစ်ညမ်းမှု အစအနလေးမျှပင် မကျန်ခဲ့ပေ။
ထိုစဉ်က သူသည် အလွန်အမင်း ဇဝေဇဝါဖြစ်ခဲ့ရပြီး အလွန်တော်သော ကိုယ်ဖျောက်အတတ်ရှိသည့် အဆင့်မြင့်ဝိညာဉ်နတ်ဆိုးတစ်ကောင် ဖြစ်ရမည်ဟု ထင်မှတ်ခဲ့သည်။ ကျောင်းသားများကို အန္တရာယ်မှ ကာကွယ်ရန်အတွက် သူသည် ထိုပန်းခြံအတွင်း၌ မျက်စိမမှိတ်ဘဲ နှစ်လတိုင်တိုင် မနားတမ်း ကင်းလှည့်စောင့်ရှောက်ခဲ့ရသည်။
ဝိညာဉ်နတ်ဆိုးကို ထိန်းချုပ်ပြီး ညစ်ညမ်းမှု တစ်စက်လေးမျှပင် မကျန်အောင် အမြစ်ပြတ် သုတ်သင်ရှင်းလင်းလိုက်ခြင်း...
ဤနည်းလမ်းများမှာ ယခုနှင့် ပို၍ ဆင်တူလာခဲ့ပြီဖြစ်သည်။
ရွှီရန်သာ မဟုတ်ရင် အခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
ဒီကလေးက အသက် ၂၀၀ အရွယ် လူအိုကြီးတစ်ယောက်ကို တိတ်တဆိတ် အလုပ်ပေးခဲ့တာပေါ့ ဟုတ်လား။
ကျောင်းအုပ်ကြီးသည် ရွှီရန်၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး : "ရှောင်ရန်... ငါ မင်းကို တစ်ခုလောက် မေးပါရစေ။ ရေကန်အောက်ခြေမှာ ရန်ငြိုးသတ္တဝါတစ်ကောင် ရုတ်တရက် ပျောက်ကွယ်သွားလို့ ငါ့မှာ နှစ်လတိုင်တိုင် အိပ်မပျော်ခဲ့ရတဲ့ အဖြစ်အပျက်ကို မင်း မှတ်မိသေးလား"
ရွှီရန်က ဘာမှမသိဟန် ဆောင်လိုက်ရင်း : "ကျွန်တော် မသိဘူးလေ ကျောင်းအုပ်ကြီး။ ကျွန်တော် နည်းနည်း ပင်ပန်းနေလို့..."
ကျောင်းအုပ်ကြီးကမူ ဇွဲမလျှော့ဘဲ : "ဒါပေမဲ့ အဲဒီတုန်းကလည်း အဲဒီရန်ငြိုးသတ္တဝါဟာ လုံးဝဥဿုံ သုတ်သင်ခံလိုက်ရပြီး ညစ်ညမ်းမှု တစ်စက်မှ မကျန်ခဲ့ဘူး။ အခု အိမ်မက်ဆိုးမိခင် အသတ်ခံလိုက်ရတာနဲ့ လုံးဝကို ထပ်တူကျနေတာပဲ"
"အခု ဖြစ်ပျက်သွားတဲ့ အခြေအနေက အဲဒီတုန်းကနဲ့ တစ်ပုံစံတည်းပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဆင်တူနိုင်ရတာလဲ"
ရွှီရန်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ပြီး : "ကျွန်တော်လည်း မသိဘူးလေ"
ရွှီရန်၏ အမူအရာကို မြင်လိုက်ရသောအခါ ကျောင်းအုပ်ကြီးတင်မကဘဲ ဘေးနားရှိ ယဲ့ဖျင်၊ ဟွမ်လျန်နှင့် အခြားသူများပါ တကယ့်တရားခံမှာ မည်သူဖြစ်ကြောင်း ရိပ်မိသွားကြလေသည်။
သံသယဖြစ်စရာမလိုဘဲ ဤကိစ္စ၏ လက်သည်မှာ တစ်ဦးတည်းသာရှိသည် ထိုသူမှာ ရွှီရန်ပင်။
ကျောင်းအုပ်ကြီးသည် အဓိပ္ပာယ်ပါသော အပြုံးဖြင့် ရွှီရန်၏ခေါင်းကို အသာအယာပွတ်သပ်
ရင်း "အေးလေ... မင်းကတော့ တကယ့်ကောင်လေးပဲ..." ဟု ပြောကာ သက်ပြင်းချလိုက်သည်။ သူ ဘာတတ်နိုင်ဦးမှာလဲ။
ကလေးကိုလည်း ဆူလို့မရပေ။
"မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုမရှိဘူးလို့ ခံစားနေရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပန်းခြံထဲမှာတော့ ငါတို့က ဘေးကင်းအောင် အမြဲဂရုစိုက်ပေးထားတာပဲ မဟုတ်လား"
"ဒါပေမဲ့ မင်းရဲ့စွမ်းအားကို အနည်းငယ် ဖုံးကွယ်ထားတာကလည်း မမှားပါဘူး။ ဒီနေ့ခေတ်က အလွန်အန္တရာယ်များတယ်။ သူတစ်ပါးကို အလွယ်တကူ ယုံကြည်လို့မရဘူး။ အမှန်တရားရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကိုပဲ ပြောပြီး ကိုယ့်ရဲ့အစွမ်းအစ သုံးဆယ်ရာခိုင်နှုန်းကိုတော့ အမြဲချန်ထားရမယ်"
ကျောင်းအုပ်ကြီး၏ စကားကို ကြားသောအခါ ရွှီရန်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
သူက ရည်ရွယ်ချက်ရှိရှိဖြင့် အရည်အချင်းများကို ဖုံးကွယ်နေခြင်းမဟုတ်ပေ။ ထိုစဉ်က အခြေအနေအရ သူ၏စွမ်းအား ငါးဆယ်ရာခိုင်နှုန်းခန့် ပြသလိုက်ရုံဖြင့် လုံလောက်နေသောကြောင့် ဖြစ်သည်။ ထို့ထက်ပို၍ ထုတ်ပြရန်လည်း မလိုအပ်ပေ။
ဘာလို့ အစွမ်းကုန် ထုတ်ပြနေတော့မှာလဲ။
အခြားသော ပါရမီရှင်များကိုလည်း ထင်ပေါ်ခွင့်ပေးပြီး အားလုံးစုပေါင်းကာ တောက်ပကြသည်က ပို၍ကောင်းသည်။
ရွှီရန် : "နားလည်ပါပြီ ကျောင်းအုပ်ကြီး"
ကျောင်းအုပ်ကြီးက ခေါင်းညိတ်ပြလျက် "ကောင်းပြီ အခုဆိုရင် မနက် ၃ နာရီတောင် ရှိနေပြီ။ ကလေးတွေကို ခေါ်ပြီး ပြန်နားကြတော့။ ကျန်တာတွေကိုတော့ မနက်ဖြန်မှပဲ ဆက်ပြောကြတာပေါ့"
"အိမ်မက်ဆိုးမိခင်ကတော့ လုံးဝဥဿုံ သုတ်သင်ခံလိုက်ရပြီဆိုတော့ ဘာမှ စိုးရိမ်စရာမရှိတော့ဘူး"
အခြားသော မိခင်များလည်း နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။ ရွှီရန်လည်း ပြန်ရန် ပြင်ဆင်လိုက်သည်။
ယွီဟန်၏မိခင်နှင့် ကျူးယွီဟန်တို့သည် ရွှီရန့်ကို အထူးတလည် လာရောက်နှုတ်ဆက်ကြသည်။
"နှုတ်ဆက်ခဲ့ပါတယ် ရှောင်ရန်"
ရွှီရန် : နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ
ကျားမလေး : "နှုတ်ဆက်ခဲ့ပါတယ် အစ်ကိုရန်။ နှုတ်ဆက်ခဲ့ပါတယ် အန်တီလင်း"
ရွှီရန် : "နှုတ်ဆက်ခဲ့ပါတယ်နော်"
ကျောက်ရင်း : "ရှောင်ရန်... မနက်ဖြန်ကျရင် ငါတို့ကို ကိုယ်ပျောက်အတတ်ကို ဘယ်နေရာမှာ သင်ပေးမှာလဲ"
ရွှီရန် ခဏမျှ စဉ်းစားလိုက်ပြီး "စာကြည့်တိုက်ရှေ့က ရေကန်အတုဘေးက မြက်ခင်းပြင်မှာပေါ့" ဟု ဖြေလိုက်သည်။
ထိုရေကန်အတုမှာ ကျောင်းအုပ်ကြီး သူ၏ဂုဏ်သိက္ခာကို လက်လွှတ်ရလုနီးပါး ဖြစ်ခဲ့ရသော နေရာဖြစ်သလို... ကျားမလေး၊ ကျူးယွီဟန်၊ ဖုန်းရန်၊ ပိုင်ယွဲ့၊ ပေ့ကျင့်ချူနှင့် ကျူးကော့ဟွမ်ကျင်းတို့ နေ့စဉ် ကိုယ်ခံပညာ လေ့ကျင့်ရာ နေရာလည်း ဖြစ်သည်။
ကျောက်ရင်း : "ကောင်းပါပြီ ဆရာရန်"
ကျောက်ရင်းသည် သူ၏ လူငယ်ဆန်သော ပုံစံအတိုင်း ရွှီရန့်ကို လေးစားသောအားဖြင့် အလေးပြုလိုက်သည်။
ရွှီရန် : "သင်တော့ သင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သင်ယူနိုင် မသင်ယူနိုင်ကတော့ မင်းတို့အပေါ်မှာပဲ မူတည်လိမ့်မယ်"
ဟွမ်လျန်က ခပ်ဖျော့ဖျော့ ပြုံးကာ "ငါတို့ သင်ယူလို့မရခဲ့ရင် အဲဒါက ငါတို့ရဲ့ ပါရမီ ညံ့ဖျင်းလွန်းလို့ပဲ ဖြစ်မှာပါ။ ဆရာနဲ့တော့ ဘာမှမဆိုင်ပါဘူး" ဟု ပြောလိုက်သည်။
ရွှီရန်က ခေါင်းညိတ်လျက် "ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် သင်ပေးပါ့မယ်" ဟု ကတိပေးလိုက်သည်။
ထို့နောက်တွင် သူသည် ကျောင်းအုပ်ကြီး၊ ဦးလေးယဲ့၊ ဟွမ်လျန်၊ ကျောက်ရင်း၊ ကောင်းယွမ်နှင့် အခြားသူများကို လက်ပြနှုတ်ဆက်ကာ သူ၏မိခင်နှင့်အတူ အိမ်သို့ ပြန်ခဲ့တော့သည်။
...
အားလုံးက ရွှီရန် ထွက်ခွာသွားသည်ကို ကြည့်ကာ ကျန်ရစ်ခဲ့ကြလေသည်။
ရွှီရန်၏ စွမ်းဆောင်ချက်ကြောင့် ကျင်းမြို့တော်တစ်ခုလုံး ဘေးကင်းသွားခဲ့ပြီ ဖြစ်သည်။
ကျောင်းအုပ်ကြီးသည် ခါးကိုထောက်လျက် တမင်တကာပင် နှိမ့်ချဟန်ဆောင်ကာ "ကဲ... နောက်ထပ် နှစ်နှစ်ခွဲကြာရင် ငါတို့ကျင်းမြို့မှာ နိုင်ငံတော်အဆင့် နတ်ဘုရားသတ်အဖွဲ့ရွေးချယ်ပွဲ ကျင်းပတော့မယ်။ မင်းတို့အထင် ငါတို့ကျင်းမြို့က နောက်တစ်ကြိမ် တောက်ပနိုင်ဦးမလား" ဟု မေးမြန်းလိုက်သည်။
ယဲ့ဖျင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ဖြေကြားသည်။
"ရွှီရန်ကတော့ ပထမနေရာကို သေချာပေါက် ရည်မှန်းနိုင်တယ်။ လျိုလီ၊ ယွီဟန်၊ ပိုင်ယွဲ့၊ ပေ့ကျင့်ချူ၊ ဖုန်းရန်တို့ရဲ့ လက်ရှိကိုယ်ခံပညာတွေကလည်း တကယ်ကို အံ့ဩစရာပဲ။ ငါ့ခန့်မှန်းချက်အရ ဒီပါရမီရှင်တစ်သုတ်က ထိပ်သီးအယောက် ၅၀ စာရင်းမှာ အများစု ပါဝင်လိမ့်မယ်"
"သူတို့ရဲ့ တစ်ခုတည်းသော အားနည်းချက်က အသက်ပဲ။ အသက် ၁၀ နှစ်အုပ်စုမှာ ဝင်ပြိုင်ရမှာဆိုတော့ သူတို့က တခြားသူတွေထက် ကျင့်စဉ်လေ့ကျင့်ချိန် နှစ်နှစ်လောက် လျော့နည်းနေတာပေါ့"
ကျောက်ရင်း : "ဗျာ"
ကောင်းယွမ် : "ဗျာ"
ဟွမ်လျန် : "ဗျာ"
"ရွှီရန်က ပထမနေရာကို ရည်မှန်းနိုင်တယ် ဟုတ်လား"
ယဲ့ဖျင် : "ဟုတ်တယ် အခွင့်အရေးက အလွန်များတယ်။ တခြားသူတွေက နှစ်နှစ်လောက် ပိုပြီးလေ့ကျင့်ထားတယ်ဆိုရင်တောင် သူကတော့ အဲဒီကွာဟချက်ကို လျစ်လျူရှုနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်"
"ဟင်"
ယဲ့ဖျင်က ရယ်မောလိုက်ပြီး "ယုံချင်ယုံ မယုံချင်နေ။ နောက်နှစ်နှစ်ကြာရင် စောင့်ကြည့်လိုက်
ပေါ့"
သူသည် ရွှီရန့်အပေါ်တွင် အပြည့်အဝ ယုံကြည်မှုရှိနေသည်။
"တကယ်တော့ ငါက သူ့ကို လျှော့တောင် ခန့်မှန်းနေမိတာ။ ရွှီရန်က သူ့ရဲ့ ထိုးထွင်းဉာဏ်
အခြေခံအရိုးကြောင့် လျှို့ဝှက်ဆန်းကြယ်ခြေလှမ်းကို ပထမဆုံး ထိုးထွင်းသိမြင်ခဲ့တာ။ အဲဒီနောက်မှာတော့ ရှောင်လျိုလီက သူ့ရဲ့ အခြေခံပုံစံကို တိတ်တဆိတ် သင်ယူခဲ့တယ်"
"အဲဒီအချိန်ကစပြီး ဒီပါရမီရှင်တွေက ရွှီရန့်ဆီမှာ ကိုယ်ခံပညာတွေကို သင်ယူနေကြတာ။ ပိုပြီးထူးခြားတာက ရွှီရန့်ရဲ့ လမ်းညွှန်မှုအောက်မှာ သူတို့တစ်ယောက်ချင်းစီက သူတို့နဲ့ကိုက်ညီတဲ့ ကိုယ်ပိုင် လျှို့ဝှက်ဆန်းကြယ်ခြေလှမ်းတွေကို ဖော်ထုတ်နိုင်ခဲ့ကြတာပဲ"
"နောက်ထပ် အချိန်အနည်းငယ်ကြာရင် ရွှီရန်က ဘာတွေဆက်ပြီး သင်ပေးဦးမလဲဆိုတာ ငါတောင် စိတ်ကူးယဉ်လို့ မရတော့ဘူး"
ဟွမ်လျန်၊ ကျောက်ရင်းနှင့် ကောင်းယွမ်တို့ သုံးဦးစလုံး တပြိုင်နက်တည်း အာမေဍိတ် ထွက်သွားကြသည်။
"ဗျာ…."
အားလုံး၏ အံ့ဩမှင်သက်မှုကို မြင်ရသောအခါ ယဲ့ဖျင်က လက်ကို ဘေးသို့ဖြန့်လျက် "ဘာမှတတ်နိုင်ဘူးလေ။ ထိုးထွင်းဉာဏ်အခြေခံအရိုးဆိုတာက အဲဒီလိုမျိုးပဲလေ" ဟု ပြောလိုက်သည်။
သုံးဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဟွမ်လျန် : "မင်းပြောတာကြားရတော့ နောက်နှစ်နှစ်ခွဲမှာ ကျင်းပမယ့် ရွေးချယ်ပွဲကို ငါတောင် မျှော်လင့်မိသွားပြီ"
ကျောက်ရင်းက သူ၏လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်လိုက်ရင်း "ငါကတော့ အဲဒီလောက်အထိ အဝေးကြီး မတွေးသေးဘူး။ အခုလောလောဆယ် ကိုယ်ပျောက်အတတ်ကိုပဲ အမြန်ဆုံး သင်ချင်နေပြီ"
ဘေးနားတွင်မူ ကျောင်းအုပ်ကြီးသည် တစ်ချိန်လုံး ပြုံးနေခဲ့သည်။ သူသည် စကားဝိုင်းထဲသို့ ဝင်မပါတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် စကားပြောရန်မလိုဘဲ ဤပျော်ရွှင်စရာ အခိုက်အတန့်ကိုသာ ဇိမ်ခံခံစားနေရန် လိုအပ်သောကြောင့် ဖြစ်သည်။