← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း။ ၈၉

ထိုအခိုက်အတန့်တွင် ရွှီရန်သည် နည်းစနစ်များကို အသေးစိတ်ရှင်းပြပြီးနောက် လှည့်ကြည့်

လိုက်ရာ မြက်ခင်းပြင်ပေါ်တွင် လူမစုံတော့သည်ကို သတိပြုမိသွားသည်။

"ဟင် ဟိုကျောင်းသားကြီး သုံးယောက် ဘယ်ရောက်ကုန်ကြတာလဲ"

ကျားမလေးက ရယ်မောလျက် : "သူတို့ ထွက်ပြေးသွားကြပြီလေ"

ရွှီရန် : "..."

"အင်းလေ... နားမလည်ရင် မသင်တာကပဲ ပိုကောင်းပါတယ်။ နယ်ပယ်တစ်ခုချင်းစီမှာ သီးသန့်ကျွမ်းကျင်မှုတွေ ရှိကြတာပဲ။ အတင်းအကျပ် လုပ်စရာမလိုပါဘူး"

ဖုန်းရန်က ပြတ်သားသော်လည်း အားငယ်သောလေသံဖြင့် : "ဒါဆိုရင် ကျွန်တော်လည်း ထွက်ပြီဗျာ"

ကျူးကော့ဟွမ်ကျင်း : "ကျွန်တော်... ကျွန်တော်လည်း ထွက်ပြီ"

ပေ့ကျင့်ချူနှင့် ပိုင်ယွဲ့တို့ကလည်း ခါးသီးစွာ ပြုံးလိုက်ကြသည် : "ကျွန်တော်တို့ နှစ်ယောက်စလုံးလည်း ဘာမှနားမလည်ဘူး"

ရွှီရန်က ကျူးယွီဟန်နှင့် ကျားမလေးကို ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်ရော နားလည်ကြရဲ့လား"

ကျူးယွီဟန်က ခေါင်းကို အသာအယာညိတ်ကာ : "ကျွန်မ... နည်းနည်းတော့ နားလည်သလိုရှိတယ်"

ရွှီရန် : "ဒါဆို အရင်ဆုံး အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်ဦး။ နောက်မှ ငါ မင်းကို သီးသန့်လမ်းညွှန်ပေးမယ်"

"ညီမလေး လျိုလီရော ဘယ်လိုလဲ"

ကျားမလေးက ဝင်းပစွာ ပြုံးလိုက်ပြီး : "ကျွန်မ မနေ့ညကတည်းက လေ့ကျင့်နေတာ။ သေချာပေါက် တတ်မြောက်အောင် လုပ်ပြမယ်"

ရွှီရန် : "အိပ်မက်ထဲမှာ ထပ်ပြီး လေ့လာနေပြန်ပြီလား။ ဒါဆိုရင် မင်းရဲ့ တိုးတက်မှုကို ငါ့ကို ပြပါဦး"

ကျားမလေး ခေါင်းညိတ်လိုက်သည်။ သူမသည် ရွှီရန့်ကို အံ့အားသင့်သွားအောင် လုပ်ပြချင်သော်လည်း စောစောက ရွှီရန် မရောက်သေးသဖြင့် အောင့်ထားခဲ့ခြင်းဖြစ်သည်။

"သစ်ပင်ရိပ်အောက်မှာဆိုရင်တော့ အာနိသင်အနည်းငယ် ပြနိုင်တယ်..."

"စိတ်မပူပါနဲ့ စမ်းကြည့်လိုက်စမ်းပါ"

အားပေးမှုကို ရရှိသွားသော ကျားမလေးသည် ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်ခြေလှမ်းကို အသုံးပြုကာ အနီးနားရှိ သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်သို့ ရိပ်ခနဲ ရောက်သွားသည်။ သူမသည် ပတ်ဝန်းကျင်ကို ကြည့်ရှုကာ မျက်လုံးမှိတ်၍ အချိန်အတော်ကြာ အာရုံခံစားလိုက်သည်။ ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်ပုံရိပ်မှာ စတင်တုန်ခါလာပြီး တဖြည်းဖြည်းနှင့် ဖောက်ထွင်းမြင်ရသည့် အနေအထားသို့ ပြောင်းလဲသွားတော့သည်။

လုံးဝဥဿုံ ကိုယ်ပျောက်သွားခြင်းမျိုး မဟုတ်သေးသော်လည်း သူမသည် ကိုယ်ပျောက်အတတ်၏ အစပျိုးအဆင့်ကို ထိတွေ့နိုင်ခဲ့ပြီ ဖြစ်သည်။

ရွှီရန် အံ့အားသင့်သွားရသည်။

"တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ ကျားမလေးရာ အရမ်းတော်တယ်။ နောက်ထပ် တစ်နှစ်လောက်သာ အပြင်းအထန် လေ့ကျင့်လိုက်ရင် မင်း လုံးဝကို ကိုယ်ပျောက်နိုင်သွားလိမ့်မယ်"

ရွှီရန့်၏ ချီးကျူးမှုကို ရရှိလိုက်သောအခါ ကျားမလေးမှာ ပျော်လွန်းသဖြင့် လေထဲလွင့်နေသကဲ့သို့ ခံစားလိုက်ရသည်။

"တကယ်လား အစ်ကိုရှောင်ရန်၊ ဒါဆိုရင် ကျွန်မ အစွမ်းကုန် ကြိုးစားတော့မယ်"

သူမသည် စိတ်အားထက်သန်မှုအပြည့်ဖြင့် သစ်ပင်အောက်တွင် အရူးအမူး လေ့ကျင့်နေတော့သည်။

ဖုန်းရန်၊ ကျူးကော့ဟွမ်ကျင်း၊ ပိုင်ယွဲ့နှင့် ပေ့ကျင့်ချူတို့မှာမူ ရင်ထဲ၌ မကောင်းသော ခံစားချက်ကြီး ဝင်ရောက်လာကြသည်။

သေစမ်း….

သူတို့က ကိုယ်ပျောက်အတတ်ကို မသင်ယူနိုင်သော်လည်း ကျားမလေးကတော့ လျင်မြန်စွာ ရရှိသွားသည်။

နောင်တွင် သူမကို ပြန်လည်အနိုင်ယူရန် အခွင့်အရေးများ ဘယ်သောအခါမှ ရှိတော့မည်

မဟုတ်ဘူးဟု သူတို့ စိုးရိမ်နေကြတော့သည်။

သူတို့အားလုံးသည် ကျူးယွီဟန်တစ်ဦးတည်းကိုသာ မျှော်လင့်ချက်အဖြစ် အားကိုးတကြီး စိုက်ကြည့်နေကြတော့သည်။

ရွှီရန့်၏ အကြည့်ကလည်း ကျူးယွီဟန်ထံသို့ ရောက်ရှိသွားပြီး "မင်း နားမလည်တာရှိလား။ မင်း နားလည်ထားသလောက်ကို တစ်ချက်ပြကြည့်ပါဦး"

ကျူးယွီဟန် "ဟုတ်ကဲ့... ကျွန်မ..."

မလှမ်းမကမ်းတွင်မူ ဟွမ်လျန်၊ ကောင်းယွမ်နှင့် ကျောက်ရင်းတို့မှာ မှင်သက်စွာ ကြည့်နေကြသည်။

ကောင်းယွမ် "ရှောင်လျိုလီက... တော်တော်မြန်မြန် သင်ယူနိုင်တာပဲ အစပျိုးအဆင့်ကိုတောင် ထိတွေ့နေပြီ"

ဟွမ်လျန် "ကျူးယွီဟန်ကလည်း အချိန်အခြေခံအရိုးရှိတာဆိုတော့ အာရုံခံစားမှုက တကယ်ထူးခြားတယ်။ ချုံပုတ်တွေကြားထဲမှာ ပုတ်သင်ညိုတစ်ကောင်လို ပျောက်ကွယ်ဖို့ ကြိုးစားနေတာ။ အချိန်နည်းနည်းပေးလိုက်ရင် ရှောင်လျိုလီလိုပဲ အောင်မြင်လာလိမ့်မယ်။ နောက်တစ်နှစ်လောက်ဆိုရင် တကယ့် ကိုယ်ပျောက်အတတ်ကို တတ်မြောက်သွားနိုင်တယ်"

ကျောက်ရင်း "ဘုရားရေ ပါရမီရှင် နှစ်ယောက်တောင်ပဲ ကိုယ်ပျောက်အတတ်ကို တတ်မြောက်တာက ကောင်းကင်ဘုံကပေးတဲ့ နတ်ဘုရားအတတ်ကို ရရှိလိုက်တာနဲ့ အတူတူပဲ။ စူပါပါရမီရှင် ရွှီရန်နဲ့ပါ ပေါင်းလိုက်ရင် ငါတို့ကျင်းပြည်နယ်တော့ တိုးတက်တော့မှာပဲ"

"ကျောင်းအုပ်ကြီး ဘာလို့ နေ့တိုင်း စိတ်ကြည်နေသလဲဆိုတာ အခုမှ နားလည်တော့တယ်။ ငါသာ ကျောင်းအုပ်ကြီးဆိုရင်လည်း နေ့တိုင်း ပြုံးပျော်နေမှာပဲ"

သူတို့ သုံးဦးစလုံးသည် ထိုလူငယ်ပါရမီရှင်လေးများကို ပီတိမျက်ဝန်းများဖြင့် ငေးကြည့်နေမိကြသည်။ ယဲ့ဖျင်ကလည်း ဘေးနားတွင် ပြုံးနေသည်။

ထိုစဉ် ကျောင်းအုပ်ကြီးမှာ မည်သည့်အချိန်က ရောက်လာသည်မသိပေ။ သူတို့ လေးဦး၏ နောက်ကွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အနည်းငယ် အထီးကျန်ဟန်ဆောင်ကာ "မင်းတို့ ငါ့ကို ချီးမွမ်းနေကြတာ ငါကြားလိုက်သလိုပဲ" ဟု ပြောလိုက်သည်။

"ရှောင်ရန့်ကို အဲဒီတုန်းက ငါ ဘယ်လို အသည်းအသန် စုဆောင်းခဲ့ရသလဲဆိုတာ ပြောပြရဦးမယ်။ အဲဒီတုန်းက ငါက မျက်စိလျှင်လို့သာ ရှောင်ရန်က သာမန်လူမဟုတ်ဘူးဆိုတာ သိခဲ့တာ။ အခုတော့ သက်သေပြသွားပြီပေါ့။ ဂျင်းက အိုလေ စပ်လေဆိုတာ ဒါမျိုးပေါ့ကွာ"

ယဲ့ဖျင်၊ ဟွမ်လျန်၊ ကောင်းယွမ်နှင့် ကျောက်ရင်းတို့အားလုံး ဆွံ့အသွားကြသည်။

အဘိုးကြီးကတော့ အခုတလော ကြွားရတာကို အတော်လေး စွဲလမ်းနေပြီ... သူပြောတာကလည်း ငြင်းလို့မရအောင် အမှန်တွေ ဖြစ်နေတာက ခက်တယ်။

ကျောင်းအုပ်ကြီးက သက်ပြင်းချလိုက်ရင်း "ဒါပေမဲ့ ကိုယ်ပျောက်အတတ်က တကယ်ကို ခက်ခဲပါတယ်။ ဖုန်းရန်၊ ကျူးကော့ဟွမ်ကျင်း၊ ပိုင်ယွဲ့နဲ့ ပေ့ကျင့်ချူတို့လို ပါရမီရှင်လေး လေးယောက်တောင် ယုံကြည်မှုတွေ ပျောက်ဆုံးသွားရရှာပြီ..."

ကျောင်းအုပ်ကြီးသည် ထိုလေးဦးကို ကြည့်ကာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိသည်။

မြက်ခင်းပြင်ထက်တွင်မူ ရွှီရန်က ထိုလေးဦးကို ကြည့်လိုက်ပြီး "ကိုယ်ပျောက်အတတ်ကို မသင်ယူနိုင်လည်း ကိစ္စမရှိပါဘူး။ အနည်းဆုံးတော့ မင်းတို့ လျှို့ဝှက်ဆန်းကြယ်ခြေလှမ်းကို တတ်ထားကြတာပဲ"

"ဒါ့အပြင် ကိုယ်ပျောက်အတတ်က လူတိုင်းနဲ့ ကိုက်ညီတာမှ မဟုတ်တာ။ ဖုန်းရန်... မင်းရဲ့ အခြေခံအရိုးက နတ်လိပ်ဒိုင်းလွှားလေ။ မင်းက ဘာလို့ ကိုယ်ပျောက်ချင်တာလဲ။ မင်း ကိုယ်ပျောက်လိုက်ရင် မင်းရဲ့ အဖွဲ့ဖော်တွေက ရန်သူ့တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်ရမှာပေါ့"

"အားမငယ်ပါနဲ့။ မင်း လုပ်ရမှာက မင်းရဲ့ ကာကွယ်ရေးစွမ်းရည်ကို အစွမ်းကုန် မြှင့်တင်ဖို့ပဲ"

ဖုန်းရန်က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ပြန်လည် ဝင်းလက်လာသည်။

"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ ရှောင်ရန် ကျေးဇူးတင်ပါတယ်"

ရွှီရန်သည် သူ့ကို အားပေးပြီးနောက် ပိုင်ယွဲ့ကို ဆက်လက် အားပေးရန် ပြင်လိုက်စဉ် ရုတ်တရက် ဆန်းသစ်သော အတွေးတစ်ခု ခေါင်းထဲဝင်လာသည်။

"ဒါပေမဲ့ မင်းက တိုက်ခိုက်ရေး စွမ်းရည်တစ်ခုခု လိုချင်တယ်ဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မင်းကို တိုက်ခိုက်ရေးနည်းလမ်းကောင်းတစ်ခု ရရှိစေမယ့် ကိုယ်ခံလှုပ်ရှားမှုတစ်ခု ငါသင်ပေးလို့ရတယ်"

ဖုန်းရန်မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။

"ဗျာ ကျွန်တော့်ကို တိုက်ခိုက်ရေးနည်းလမ်း ရစေမယ့် ကိုယ်ခံလှုပ်ရှားမှု သင်ပေးမယ် ဟုတ်လား"

အခန်း။ ၉၀

ဖုန်းရန်သည် သူ့နားသူပင် မယုံနိုင်အောင် ဖြစ်နေရသည်။

သူဖတ်ဖူးသမျှ စာအုပ်များတွင် ဒိုင်းလွှားအခြေခံအရိုးပိုင်ရှင်မှန်သမျှသည် ကာကွယ်ရန်

အတွက်သာ မွေးဖွားလာကြသူများ ဖြစ်သည်ဟု ပြောထားသည်။ သူတို့၏ နတ်ဘုရားပေးအတတ်များသည်လည်း ကာကွယ်ရေးအတွက်သာ ဖြစ်သောကြောင့် တိုက်ခိုက်ရေးပိုင်းတွင် သဘာဝအလျောက် အားနည်းချက် ရှိနေတတ်သည်။

တိုက်ခိုက်ရေး မန္တန်များကို အတင်းအကျပ် သင်ယူလျှင်ပင် တိုက်ခိုက်ရေးအခြေခံအရိုးရှိသည့် ပါရမီရှင်များလောက် ထိရောက်မှု မရှိနိုင်ပေ။ ဥပမာအားဖြင့် လျှပ်စီး၊ မီးတောက်၊ ရေခဲ နှင့် ဝိညာဉ်စွမ်းအား အခြေခံအရိုးရှိသူများသည် မွေးကတည်းက တိုက်ခိုက်ရေးဆိုင်ရာ နတ်ဘုရားပေးအတတ်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။

သူတို့၏ အခြေခံအရိုးများက သာလွန်နေသဖြင့် မန္တန်တစ်ခုကို သင်ယူရာတွင် လျှပ်စီး၊ မီးတောက် သို့မဟုတ် ရေခဲစွမ်းအင်များကိုပါ ပေါင်းစပ်ထည့်သွင်းနိုင်ပြီး ဖျက်ဆီးအားကို အဆမတန် မြှင့်တင်နိုင်ကြသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက ဒိုင်းလွှားစွမ်းအင်နှင့် ပံ့ပိုးကူညီရေး စွမ်းအင်ရှိသူများ၏ အခြေအနေမှာ အတော်ပင် သနားစရာကောင်းလှသည်။

ဒိုင်းလွှားစွမ်းအင်သည် အဖွဲ့အစည်းတစ်ခုတွင် အရေးပါသော နေရာ၌ ရှိသော်လည်း ဖုန်းရန်ကဲ့သို့ ထိပ်သီးပါရမီရှင်တစ်ဦးအတွက်မူ သူသည် တိုက်စစ်ပိုင်း၌လည်း ပါဝင်လိုသည့် ဆန္ဒပြင်းပြနေသူ ဖြစ်သည်။ သူ၏ စရိုက်က ရန်သူနှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်လိုသော်လည်း သူ၏ ပါရမီကမူ ထိုဆန္ဒနှင့် ထပ်တူမကျနေခဲ့ပေ။

ဖုန်းရန်မှာ ဘာမှမတတ်နိုင်ဘဲ မျှော်လင့်ချက် ကင်းမဲ့နေခဲ့ရာမှ ရွှီရန်က ဖြစ်နိုင်သည်ဟု ပြောလာသောအခါ ဖုန်းရန်သည် ရွှီရန့်ထံသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

သူ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများသာမက မျှော်လင့်ချက်ရောင်ခြည်များပါ သန်းနေတော့သည်။

"ဒါ တကယ် ဖြစ်နိုင်တာလား ရွှီရန်"

ရွှီရန်က ခေါင်းညိတ်ပြလျက် "ငါ မင်းကို လျှပ်စီးသုံးထောင် လှုပ်ရှားမှုလို့ ခေါ်တဲ့ အရမ်းမြန်တဲ့ အရှိန်မြှင့် ကိုယ်ခံလှုပ်ရှားမှုတစ်ခုကို သင်ပေးမယ်။ အရင်ဆုံး ငါလုပ်ပြတာကို ကြည့်လိုက်ဦး" ဟု ပြောလိုက်သည်။

ထိုသို့ ပြောဆိုပြီးနောက် ရွှီရန့်ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသောအလင်းတန်းများ စီးဆင်းသွားပြီး လျှပ်စီးလက်သကဲ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားရာ ကောင်းကင်ယံတွင် သက်တန့်ရောင် လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။

ဖုန်းရန်မှာ ကြောင်ကြည့်နေမိရင်း "မြန်လိုက်တာ" ဟု အော်ဟစ်လိုက်မိသည်။

ဟွမ်လျန်၊ ကောင်းယွမ် နှင့် ကျောက်ရင်းတို့ပင်လျှင် "ဒါက အဆင့်မြင့်မန္တန်ရဲ့ အကြမ်းထည် ပုံစံမျိုးပဲ မဟုတ်လား" ဟု အံ့ဩဘနန်း ချီးကျူးလိုက်ကြသည်။

ကျောက်ရင်းက သက်ပြင်းချရင်း "ဒါက ကိုယ်ပျောက်အတတ်လောက်အထိ အဆင့်မမြင့်သေးလို့ တော်သေးတာပေါ့။ မဟုတ်ရင်တော့ ထိုးထွင်းဉာဏ်အခြေခံအရိုးဆိုတာ နတ်ဘုရားပေးအတတ်တွေကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့ အရိုးလို့တောင် ငါ သံသယဝင်မိတော့မယ်" ဟု ပြောလိုက်သည်။

ကောင်းယွမ်က သူ၏ သူငယ်ချင်းနှစ်ဦးကို ကြည့်ကာ "မဟုတ်ဘူး... ငါတို့ရဲ့ လက်ခံနိုင်စွမ်းက အဆပေါင်းများစွာ တိုးလာတာ ဖြစ်ရမယ်။ ခြောက်နှစ်သားလေးက အဆင့်မြင့်မန္တန်တစ်ခုကို ကိုယ်တိုင် တီထွင်လိုက်တယ်ဆိုတာကို ငါတို့က အေးအေးဆေးဆေး လက်ခံနေကြပြီ မဟုတ်လား" ဟု ပြောလိုက်သည်။

ဟွမ်လျန်က ခေါင်းညိတ်လျက် "အရင်က စက္ကူရုပ်တွေ ဖန်တီးတာနဲ့ ကိုယ်ပျောက်အတတ်တွေကို မြင်ဖူးထားတော့ ဒီအဆင့်မြင့်မန္တန်ကိုလည်း အလွယ်တကူ လက်ခံနိုင်သွားတာပေါ့" ဟု ပြောလိုက်သည်။

ထိုသုံးဦးမှာ လျှပ်စီးအသွင်ဖြင့် ပြေးထွက်သွားပြီး ဖုန်းရန့်ရှေ့သို့ ပြန်လည် ဆင်းသက်

လိုက်သော ရွှီရန့်ကို ကြည့်ကာ သူတို့၏ အမူအရာများကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ကြသည်။

မြက်ခင်းပြင်ထက်တွင် ရွှီရန်က သူ၏ ချောမောသော မျက်နှာကို ဘေးသို့ လှည့်ကြည့်လိုက်ပြီး "ငါ ဘာလို့ မင်းကို ဒါသင်ပေးသလဲဆိုတာ သိလား"

ဖုန်းရန်က ခေတ္တစဉ်းစားလိုက်ပြီး သူ၏ မျက်ဝန်းများ ရုတ်တရက် ဝင်းလက်လာသည်။

"ငါ နားလည်သွားပြီ ထင်တယ်။ ငါ့ရဲ့ အပြင်ဘက်က ဒိုင်းလွှားကို ချွန်ထက်တဲ့ ဆူးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ရန်သူကို အရှိန်အပြင်းနဲ့ ဝင်တိုက်လိုက်ရင် အရှိန်နဲ့ မောင်းလာတဲ့ ထရပ်ကားကြီး တစ်စီးလိုပဲ ဖျက်ဆီးအားက အတော်လေး ကြီးမားသွားမှာပဲ"

ရွှီရန်က ခေါင်းညိတ်လျက် "မှန်တာပေါ့။ ခေါင်းမာတဲ့ ကောင်လေးတစ်ယောက်မှာ ဖျက်ဆီးအား မရှိဘူးလို့ ဘယ်သူပြောလဲ။ လျိုလီ ငယ်ငယ်တုန်းကဆိုရင် သူ့ရဲ့ ခေါင်းနဲ့ တိုက်လိုက်တာ ငါတောင် လွင့်ထွက်သွားမတတ်ပဲ"

ထိုစကားကို ကြားသောအခါ ကျားမလေးမှာ သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် သူမ၏ နှာခေါင်းလေးကို ပွတ်သပ်ရင်း "အဲဒါ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ" ဟု တိုးတိုးလေး မေးလိုက်တော့သည်။

ရွှီရန်က "မင်း အသက် တစ်နှစ်ခွဲလောက်တုန်းကပေါ့။ မင်း မှတ်မိမှာ မဟုတ်ပါဘူး" ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် ဖုန်းရန့်ဘက်သို့ ပြန်လှည့်ကာ ဆက်လက်သင်ကြားပေးသည်။

"မင်းရဲ့ ဒိုင်းလွှားက လုံလောက်အောင် မာကျောနေမယ်။ မင်းရဲ့ဆူးက လုံလောက်အောင် ချွန်

ထက်မယ် ပြီးတော့ မင်းရဲ့အရှိန်ကလည်း လုံလောက်အောင် မြန်မယ်ဆိုရင်... ရန်သူကို တိုက်ရိုက်ဝင်တိုက်ပြီး သတ်ပစ်လို့ရတယ်"

"ဩော်... ဒါနဲ့ မင်းရဲ့ဒိုင်းလွှား အတိုက်ခံရတဲ့အခါ တုန်ခါမှုက မင်းကို ပြန်ပြီး ထိခိုက်စေတာမျိုးတော့ မရှိဘူးမလား"

ဖုန်းရန်က ဂုဏ်ယူစွာဖြင့် ခေါင်းကိုမော့ကာ "ကျွန်တော့်ရဲ့ဒိုင်းက အရမ်းတောင့်တင်းပါတယ်။ ဒိုင်းမကွဲမချင်း အတွင်းကလူက ဘာဒဏ်ရာမှ မရဘူး ဒါ့အပြင် ဒိုင်းက ကျွန်တော့်ကိုယ်ပေါ်မှာ ကပ်နေတာဆိုတော့ ကာကွယ်ရေးအာနိသင်က နှစ်ဆပဲ။ ရန်သူကို အရင်ဆုံး ဝင်တိုက်သတ်ဖို့ကတော့ သေချာပေါက် ဖြစ်နိုင်ပါတယ်"

ရွှီရန် "ဒါဆိုရင် အဆင်ပြေပြီ။ ဟိုဘက်မှာသွားပြီး လျှပ်စီးသုံးထောင် လှုပ်ရှားမှုကို လေ့ကျင့်တော့။ နတ်ဘုရားသတ်အဖွဲ့ရွေးချယ်ပွဲ မတိုင်ခင်အထိ မင်းမှာ နှစ်နှစ်ခွဲ အချိန်ရှိသေးတယ် အပြင်းအထန် ကျင့်ကြံလိုက်ဦး"

"ဟုတ်ကဲ့ပါ ဆရာ"

အတွေးသစ်တစ်ခု ရသွားသော ဖုန်းရန်သည် စိတ်လှုပ်ရှားစွာဖြင့် ဘေးသို့ ပြေးထွက်သွားပြီး ရွှီရန်သင်ပေးသော လျှပ်စီးလှုပ်ရှားမှုများကို စတင်ထိုးထွင်းသိမြင်ရန် ကြိုးစားတော့သည်။

ဖုန်းရန်၏ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ကျူးကော့ဟွမ်ကျင်းက "ဟာ... ဖုန်းရန်တော့ အစွမ်းတွေ တက်တော့မှာပဲ"

"ဆရာရွှီရန်... ကျွန်တော်ရော ကျွန်တော်ရောပဲ ကျွန်တော့်ရဲ့ အခြေခံအရိုးကလည်း ပံ့ပိုးကူညီရေးအမျိုးအစားပဲလေ။ ကျွန်တော့်ကိုလည်း တိုက်ခိုက်ရေးစွမ်းရည်တစ်ခုခု ရအောင် ကူညီပေးလို့ ရမလား"

ရွှီရန်: "..."

အေးလေ... ပံ့ပိုးကူညီပေးရတဲ့သူတွေ အားလုံးက တိုက်စစ်ပိုင်းမှာ ပါဝင်ချင်ကြတာပဲ မဟုတ်လား။

သူ ခဏမျှ စဉ်းစားလိုက်သည်။

"မင်းရဲ့ အခြေခံအရိုးက အဖွဲ့ဖော်တွေကို အရှိန်မြှင့်ပေးနိုင်တယ်။ ပြီးတော့ သန့်စင်ခြင်းနဲ့ ကုသခြင်းစွမ်းရည်တွေလည်း ရှိတယ်။ မီးတောက်တွေရဲ့ ဖျက်ဆီးအားကိုလည်း မြှင့်တင်ပေးနိုင်တယ်... ဟုတ်တယ်မလား"

ကျူးကော့ဟွမ်ကျင်း "ဟုတ်တယ် ဟုတ်တယ် ကျွန်တော့်မှာလည်း တိုက်ခိုက်ရေး နည်းလမ်းလေးတစ်ခုလောက် ရနိုင်မယ့် နည်းလမ်းရှိမလား"

ရွှီရန်က အလွန်ပွင့်လင်းစွာပင် ပြန်ဖြေလိုက်သည်။

"အမှန်အတိုင်း ပြောရရင်တော့... မရှိဘူး"

ကျူးကော့ဟွမ်ကျင်း၏ ဖောင်းအိနေသော မျက်နှာလေးမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။

"တကယ်လား ဟူး..."

ရွှီရန်က ဆက်ပြောသည်။

"ဒါပေမဲ့ မင်းက ဖုန်းရန့်အတွက် အရှိန်မြှင့်စက်အဖြစ် ပူးပေါင်းပေးလို့ရတယ်။ မင်းရဲ့ အရှိန်

မြှင့်တင်မှုနဲ့ သူ့ရဲ့ လျှပ်စီးသုံးထောင် လှုပ်ရှားမှုရဲ့ အရှိန်ပြင်း တိုက်ခိုက်မှုတွေ ပေါင်းစပ်လိုက်ရင် တစ်ဦးချင်းစီထက် ပိုမိုပြင်းထန်တဲ့ အစွမ်းသတ္တိကို ရလာလိမ့်မယ်။ သူ့ရဲ့ ဝင်တိုက်မှုက ပိုပြီးတော့ ဟန့်တားလို့မရအောင် ဖြစ်လာမှာပဲ။ အဲဒါကလည်း တိုက်စစ်စွမ်းရည် တစ်မျိုးပဲ မဟုတ်ဘူးလား"

ကျူးကော့ဟွမ်ကျင်းက ဖုန်းရန့်ဘက်သို့ လှမ်းကြည့်လိုက်ပြီး : "အဲဒါကလည်း ပံ့ပိုးကူညီမှု တစ်မျိုးပဲ မဟုတ်လား"

ရွှီရန်က ထပ်မံ စဉ်းစားပေးပြန်သည်။

"အကယ်၍ မင်းရဲ့လက်ထဲက ဓားကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ပစ်လွှတ်နိုင်ရင်တော့ အဆင်ပြေတယ်။ ဓားတင်မကဘူး လျှို့ဝှက်လက်နက်တွေ ဖြစ်ဖြစ် အဆိပ်တွေ ဖြစ်ဖြစ်ပေါ့။ အဲဒီအရာတွေကို ရန်သူ့ဆီကို အလွန်မြန်တဲ့ အရှိန်နဲ့ ရောက်သွားအောင် တွန်းပို့နိုင်သရွေ့ မင်းမှာ တိုက်စစ်စွမ်းရည် ရှိနေပြီလို့ သတ်မှတ်လို့ရတယ်"

ထိုစကားကို ကြားသောအခါ ကျူးကော့ဟွမ်ကျင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။

"ဝါး... ဒါက တကယ်ဖြစ်နိုင်တာပဲ ကျေးဇူးတင်ပါတယ် ရွှီရန်"

သူသည် ဘေးသို့ပြေးသွားကာ ချက်ချင်းပင် အသည်းအသန် စမ်းသပ်တော့သည်။ သို့သော်လည်း သက်မဲ့အရာဝတ္ထုများကို တွန်းပို့ခြင်းမှာ သက်ရှိများကို အရှိန်မြှင့်ပေးခြင်းနှင့် လုံးဝကွဲပြားသဖြင့် အလွန်ခက်ခဲလှသည်။ သို့သော် ကျူးကော့ဟွမ်ကျင်းက လက်မလျှော့ဘဲ ချွေးသံရဲရဲဖြင့် ကြိုးစားနေတော့သည်။

ကျူးကော့ဟွမ်ကျင်း လေ့ကျင့်မှုထဲ စိတ်ရောက်သွားသည်ကို မြင်သောအခါ ရွှီရန်က ခေါင်းညိတ်လိုက်ပြီး အားကျစွာ စောင့်ကြည့်နေသော ပိုင်ယွဲ့နှင့် ပေ့ကျင့်ချူတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်းတို့ နှစ်ယောက်ကတော့ မွေးရာပါ တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိပြီးသားဆိုတော့ အဲဒါက တကယ့်အားသာချက်ပဲ။ ကိုယ်ပျောက်အတတ်ကို မတတ်တာက နောင်တရစရာ မဟုတ်ဘူး။ လျှို့ဝှက်ဆန်းကြယ်ခြေလှမ်းကိုပဲ ဆက်ပြီး အပြင်းအထန် လေ့ကျင့်ကြ ဒီခြေလှမ်းကို ကျွမ်းကျင်ပိုင်နိုင်သွားရင် တကယ့်တိုက်ပွဲတွေမှာ အစွမ်းပြလာလိမ့်မယ်။ နောက်နောင်မှာ ပိုကောင်းတဲ့ ကိုယ်ခံလှုပ်ရှားမှုတွေကို သင်ယူတဲ့အခါမှာလည်း ပိုပြီး မြန်မြန်ဆန်ဆန် တတ်မြောက်လာတာကို တွေ့ရလိမ့်မယ်"

ပေ့ကျင့်ချူနှင့် ပိုင်ယွဲ့တို့က ခေါင်းညိတ်လိုက်ကြသည်။

"ကောင်းပါပြီ ရွှီရန်"

ထို့ကြောင့်ပင် ပါရမီရှင်ကလေးတစ်စုမှာ အပြင်းအထန် ကျင့်ကြံခြင်းစစ်ပွဲကို စတင်လိုက်ကြတော့သည်။

ဖုန်းရန် : "လျှပ်စီးသုံးထောင် လှုပ်ရှားမှု လျှပ်စီးသုံးထောင် လှုပ်ရှားမှု လျှပ်စီးသုံးထောင် လှုပ်ရှားမှု"

ကျူးကော့ဟွမ်ကျင်း : "အရှိန်ပြင်း တွန်းပို့မှု အရှိန်ပြင်း တွန်းပို့မှု အရှိန်ပြင်း တွန်းပို့မှု"

သူတို့၏ အော်ဟစ်သံများကြားတွင် ပိုင်ယွဲ့နှင့် ပေ့ကျင့်ချူတို့ကလည်း လျှို့ဝှက်ဆန်းကြယ်ခြေလှမ်းကို ခေါင်းမဖော်တမ်း လေ့ကျင့်နေကြသည်။

ကျားမလေးက သစ်ပင်အောက်တွင် ကိုယ်ပျောက်ရန် ကြိုးစားနေသလို ကျူးယွီဟန်ကလည်း မြက်ခင်းထဲတွင် ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ ကိုယ်ဖျောက်ရန် စမ်းသပ်နေတော့သည်။

All Chapters