← Chapters

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၈၇)

လေးယောက်သား စိတ်ညစ်နေစဉ်မှာပဲ သီးသန့်ခန်းတံခါးက ရုတ်တရက်ပွင့်သွားပြီး အော်သံတွေဆက်တိုက်ထွက်ပေါ်လာကာ အခန်းထဲကလူအားလုံးကို မင်သက်သွားစေခဲ့ပါတယ်။

"ရှန်ယန်ရှောင်ငတုံးမ နင့်ကိုယ်နင် ဘာထင်နေတာလဲ။ နင့်မျက်နှာဆိုးက အတော်အဖိုးတန်တယ်လို့ ထင်နေတာလား"

ရှန်ကျိယီတစ်ယောက် အခန်းထဲကို ပေါက်ကွဲဆူညံစွာ ဝင်လာခဲ့ပါတယ်။ ရှန်ယန်ရှောင်အနိုင်ရသွားတာကို သူမ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတာကြောင့် ရင်ထဲမှာ ဗလောင်ဆူနေပြီဖြစ်ကာ လမ်းပေါ်မှာ တန်နာဇီကိုတွေ့လိုက်ရတာနဲ့ နောက်ကနေ လိုက်လာခဲ့တာဖြစ်ပြီး ရှန်ယန်ရှောင်ဆီသွားမှန်း သိလိုက်ရပါတယ်။ တံခါးနားမှာ သူမရပ်နေခဲ့တာဖြစ်ပြီး အခန်းထဲကပြောဆိုမှုအားလုံးကို သူမ ကြားလိုက်ရပါတယ်။

သူမကို ကြူရှီယာတို့တစ်တွေ အလေးပေးနေခဲ့ခြင်းက ဒီမသာမကြောင့်ဖြစ်နေပါတယ်။

ဒီဖြစ်အင်က ရှန်ကျိယီလို မာနကြီးဘဝင်ခိုက်နေသူအဖို့ လက်မခံနိုင်စရာဖြစ်ပါတယ်။ သူမက ဇာမဏီမျိုးနွယ်ရဲ့ ပုလဲတစ်ပွင့်ဖြစ်ပြီး ရှန်ယန်ရှောင်ဆိုတာက မျိုးနွယ်ရဲ့ အရှက်ရစရာလူဖြစ်ပါတယ်။ သူ့မျက်နှာလေးကို အသုံးချပြီး လူတွေကို အနားဆွဲဆောင်ခေါ်ထားတာဖြစ်ကာ လက်သင့်မခံချင်စရာကောင်းလှပါတယ်။

"နင့်ကိုယ်နင် ဟုတ်လှပြီထင်မနေနဲ့ဟဲ့။ နင့်ကိုယ်နင် ဘာမှတ်နေတာတုန်း ငါဆိုတဲ့ ရှန်ကျိယီက နင့်မျက်နှာကို သောက်ဂရုတောင်မစိုက်ဘူး နင်က ဘယ်ကလာမှန်းမသိတဲ့ မျိုးမစစ်မဟဲ့။ ရုပ်လေးပြောင်းသွားတာနဲ့ ဘာမှဂုဏ်ဆာနေစရာမလိုဘူး။ အဲ့အပေါ်ယံကို ဆွဲချွတ်လိုက်ရင် ဘာဖြစ်မလဲသိလား နင်က ဇာမဏီမျိုးနွယ်ကို ကျက်သရေယုတ်စေတဲ့ကောင်မပဲဖြစ်သွားမှာဟဲ့ မျိုးမစစ်မရဲ့"

လွန်လွန်ကျူးကျူး စော်ကားပုတ်ခတ်မှုတွေကြောင့် တစ်ခန်းလုံး မျက်မှောင်ကြုတ်သွားကြပါတယ်။ ကြူရှီယာတို့လေးယောက်က ပိုလို့တောင် မယုံနိုင်ဖြစ်သွားရပါတယ်။

ရှန်ကျိယီရော ရှန်ယန်ရှောင်ရော နှစ်ယောက်လုံးက ဇာမဏီမျိုးနွယ်ဝင်တွေပါ။ သူတို့ရဲ့ ဆက်ဆံရေးက မကောင်းလှဘူးဆိုရင်တောင် ဒီလောက်ကြီးအထိ လွန်ကဲစရာမကောင်းပါဘူး။ အစကတော့ ရှန်ယန်ရှောင်ပြောတဲ့ အနိုင်ကျင့်မှုဆိုတာ ကလေးတွေကြား ရန်ဖြစ်တဲ့သဘောလောက်ပဲ သူတို့တွေထင်ထားတာဖြစ်ပြီး အခုပုံအရဆို တော်တော်ဆိုးရွားလောက်ပါတယ်။

ဒီလိုစကားရိုင်းရိုင်းစိုင်းစိုင်းသုံးနှုန်းပြီးတော့ မိန်းကလေးတစ်ယောက်အပေါ်မှာ စော်ကားပြောဆိုတဲ့ ရှန်ကျိယီ၏ စိတ်ထားက တော်တော်ပဲ့လှပါတယ်။

ဒီလိုမိန်းမယုတ်တစ်ယောက်နဲ့ မျိုးနွယ်စုကြီးရဲ့ သခင်မလေးတစ်ယောက်ကို ဘယ်သူက ဆက်စပ်တွေးကြည့်လို့ရမှာလဲ။

ကြူရှီယာတို့တစ်တွေ သူမကို အလေးပေးနေခြင်းက ရှန်ယန်ရှောင်မျက်နှာကို ငဲ့လို့ဖြစ်နေခဲ့ပြီး သူမက မှော်ပညာသင်တစ်ယောက်သာဖြစ်ပြီး အဆင့်ခြောက်ကိုရောက်ကာစအချိန်မှာ ရှန်ယန်ရှောင်က ဘာဖြစ်လို့ ကျောင်းပေါင်းစုံပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လာရတာလဲ။ ဘာလို့လဲ ဘာကြောင့်လဲ ဘာလို့ ရှန်ယန်ရှောင်က အရမ်းလှလာရတာလဲ။

ရှန်ယန်ရှောင်ထက် အဆတစ်ရာမကသာတယ်လို့ ကိုယ့်ကိုယ်ကိုမှတ်ယူထားတဲ့ ရှန်ကျိယီတစ်ယောက် တစ်ချက်ပြီးတစ်ချက် အထိနာခဲ့ရပြီး တစ်ကိုယ်လုံးမှာ ထိချက်တွေပြည့်နေပါတယ်။

ရှန်ယန်ရှောင် မျက်မှောင်ကြုတ်သွားကာ မိန်းမကြမ်းတစ်ယောက်လိုဖြစ်နေတဲ့ ရှန်ကျိယီကို အလင်းပြလိုက်ရကောင်းနိုးနိုးစဉ်းစားနေပါတယ်။

ငနာလေးကောင်လည်း ရှန်ကျိယီစကားတွေကြောင့် ဒေါပွသွားရကာ သင်ခန်းစာပေးဖို့ အသင့်ဖြစ်နေကြပါပြီ။

သို့ပေမယ့် ဘယ်သူမှ ဘာမှမလုပ်နိုင်ခင်မှာပဲ လူရိပ်တစ်ရိပ်က ရှန်ကျိယီရှေ့ကို သရဲတစ်ကောင်လိုမျိုး ဖြတ်ကနဲရောက်သွားပါတယ်။

ဒေါကန်နေသော ရှန်ကျိယီက ဆက်လက်ဆဲရေးမယ်ဟန်ပြင်လိုက်ချိန်မှာပဲ ချောမောသောမျက်နှာလေးတစ်ခုကို သူမမျက်စိရှေ့မှာ တွေ့လိုက်ရပါတယ်။

လန်ဖန်းလီရဲ့ ရုတ်ချည်းအပြုအမူက အားလုံးကို အလစ်အငိုက်မိသွားစေခဲ့ပြီး ရှန်ယန်ရှောင် စကားပြောချိန်မရခင်မှာဘဲ လန်ဖန်းလီက ဖြူဖွေးသွယ်လျသော သူ့လက်ကိုမြှောက်လိုက်ပြီဖြစ်ကာ လက်ချောင်းတွေက စွန်လက်သည်းကုပ်သဏ္ဍာန်ဖြစ်သွားပြီးနောက် ရှန်ကျိယီပုခုံးဆီကို လျှပ်ပြက်သလိုအရှိန်နဲ့ ကုပ်ထည့်လိုက်ပါတယ်။

ထို့နောက်မှာတော့ ရှန်ကျိယီ၏ စူးစူးဝါးဝါးအော်ဟစ်သံက ညံတက်သွားပါတယ်။

သူမရဲ့ပုခုံးက သွေးတွေစီးထွက်နေပြီး အသားစိုင်ကြီးတစ်ခုက ပုခုံးကနေဆွဲဖဲ့ကုပ်ယူခံလိုက်ရပါတယ်။

လန်ဖန်းလီကတော့ ထူးမခြားနားအမူအယာနဲ့သာ ရှန်ကျိယီရှေ့မှာရပ်နေလိုက်ပြီး လက်ထဲမှာတော့ သွေးတစ်စက်စက်ကျနေသော အသားတုံးတစ်တုံးကို ကုပ်ညှစ်ထားပါတယ်။

"နင်ကများ ငါ့မမကို စော်ကားရဲတယ် မင်းသေစေရမယ်"လို့ပြောလိုက်သော လန်ဖန်းလီမျက်လုံးတွေက နားမူးနားထိုင်းပုံမရှိတော့ဘဲ အလွန်အေးစက်နေပြီဖြစ်ကာ သတ်ဖြတ်မယ့်အရိပ်အယောင်တွေသာ ပြင်းထန်စွာထွက်ပေါ်နေပါတယ်။

ဒီအချိန်မှာ မူလကလို လူသတ်နတ်ဘုရားအဖြစ် ပြန်ပြောင်းသွားပုံပေါ်ပြီး ဘာခံစားချက်မှရှိမနေတော့ပါဘူး။

ရှန်ကျိယီဟာ ပုခုံးကိုလက်နဲ့အုပ်ကာ နာကြင်စွာအော်ဟစ်နေပြီး သူမရှေ့မှာရှိနေတဲ့ သူမနဲ့အရွယ်အစားတူလောက်ရှိမယ့် ကောင်လေးအား ကြောက်လန့်စွာစိုက်ကြည့်နေပါတယ်။ ကြမ်းပြင်ပေါ်ကို လဲကျသွားပြီးနောက် လန်ဖန်းလီ၏ အေးခဲသောမျက်နှာကိုမော့ကြည့်မိလိုက်တဲ့နောက် တစ်ကိုယ်လုံးကို ကြောက်လန့်မှုတွေပျံ့သွားခဲ့ပါတယ်။

"အစ်မ"

ရှန်ကျိယီနောက်ကနေ လိုက်လာခဲ့တဲ့ ရှန်ကျိဝေတစ်ယောက် အစ်မဖြစ်သူရဲ့ ပုခုံးကအသားစိုင်ပဲ့ပါသွားတာကို ဘာမှမတတ်နိုင်ဘဲ ဒီအတိုင်းကြည့်နေခဲ့ရပါတယ်။

ဒီလူငယ်ကဘယ်သူလဲ။ သူ့ကို ဘာလို့တစ်ခါမှ မမြင်ဖူးရတာလဲ။

လူသတ်လိုစိတ်တွေ မြင့်တက်လာနေသော လန်ဖန်းလီကိုကြည့်ကာ ရှန်ယန်ရှောင် အံ့အားသင့်သွားပါတယ်။ ငနာလေးကောင်လှုပ်ရှားမယ်လို့ သူမ တွေးထားခဲ့မိတယ် ဇာမဏီငှက်က ကိုင်တော့မှာပဲလို့ သူမတွေးမိခဲ့တယ် ယန်းချီကတောင် ရှန်ကျိယီကို ဆုံးမကောင်းဆုံးမနိုင်တယ်လို့ သူမ တွေးမိခဲ့ပေမယ့် အရင်ဆုံးအရေးယူလှုပ်ရှားမယ့်သူဟာ လန်ဖန်းလီဖြစ်လိမ့်မယ်လို့တော့ တွက်ဆမထားခဲ့မိပါဘူး။

ငနဲသားလေးကောင်လည်း အံ့အားသင့်သွားရပါတယ်။ ရှန်ယန်ရှောင်ရဲ့ မောင်ငယ်လေးက အရင်ဆုံးလှုပ်ရှားမယ်လို့ ထင်မထားခဲ့မိတဲ့အပြင် လန်ဖန်းလီကိုယ်ကနေပြီး လူသတ်ငွေ့တွေပြင်းထန်စွာ ထွက်ပေါ်နေတာကို သူတို့ခံစားမိနေပါတယ်။

ဒီလိုသတ်ဖြတ်မှုအငွေ့အသက်မျိုးက သူတို့ဆီမှာတောင် မရှိပါဘူး။

"မင်းကိုယ်မင်း ဘာထင်နေလို့ ငါ့မမနဲ့ လာယှဉ်နေတာတုန်း"လို့ လန်ဖန်းလီက မျက်စိကျဉ်းမြောင်းကာပြောလိုက်ပြီး တုန်ရီနေသော ရှန်ကျိယီကိုငုံ့ကြည့်လိုက်သည်။

ရှန်ကျိယီ စကားမပြောနိုင်ခင်မှာဘဲ သူ့ညာဖက်လက်မြောက်တက်သွားပါတယ်။

နီစွေးသောသွေးတွေက လေထဲမှာ လက်သည်းကုပ်ပုံမျိုးဖြစ်သွားပြီး ရှန်ကျိယီဘယ်ဖက်ပုခုံးမှာ နောက်ထပ်အပေါက်တစ်ခုဖြစ်ပေါ်လာပါတယ်။

သနားစဖွယ်အော်ဟစ်သံက ရှန်ကျိယီပါးစပ်ကနေ အဆက်မပြတ်ထွက်နေပါတယ်။

လန်ဖန်းလီကတော့ အမူအယာတစ်စက်မပြောင်းဘဲ သူ့ခြေထောက်အောက်မှာ လဲနေတာက မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ဝက်သေတစ်ကောင်အလား သတ်မှတ်ထားပုံရပါတယ်။

လန်ဖန်းလီက နောက်တစ်ခေါက် လှုပ်ရှားမယ်အလုပ် ရှန်ယန်ရှောင် လှမ်းတားလိုက်ပါတယ်။

"ဖန်းလေးရေ ဆက်မလုပ်နဲ့တော့"

လန်ဖန်းလီရဲ့ လက်က လေထဲမှာတင် တန့်ကနဲရပ်သွားပါတယ်။ သူကခေါင်းကိုလှည့်ပြီး ဇဝေဇဝါအသွင်နဲ့လှမ်းကြည့်လိုက်သလို သူ့မျက်လုံးထဲက သတ်ဖြတ်လိုသောအငွေ့အသက်တွေလည်း ပျောက်သွားပါတယ်။

"မမ"

"ခွေးတစ်ကောင်က မမကိုလာကိုက်ရင် မမက ပြန်ကိုက်လို့မဖြစ်ဘူးလေ။ မောင်လေးက သူတို့ကို နည်းနည်းလောက်ဆုံးမပေးလိုက်ရင်ရပါပြီ ပြီးရင် သူတို့ကို ထွက်သွားခိုင်းလိုက်ပေါ့"လို့ ရှန်ယန်ရှောင်ကပြောလိုက်သည်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၈၈)

လန်ဖန်းလီက ရှန်ကျိယီရဲ့ နှလုံးသားကို ဆွဲထုတ်ယူတော့မှာဖြစ်တာကို ရှန်ယန်ရှောင် တွေ့လိုက်ရပါတယ်။ သူမရယ်ဒီမောင်နှမနှစ်ယောက်ရယ်တို့က တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ချင်တော့လောက်အောင် ဖြစ်နေကြပေမယ့် သုံးယောက်လုံးက ရှန်ဖန်မြေးတွေချည်းပါပဲ။ သူမသာ ဒီနှစ်ကောင်ကို တစ်ကယ်သတ်လိုက်မယ်ဆိုရင် ရှန်ဖန်ရင်ကွဲရပါလိမ့်မယ်။

သူမ အလေးထားဂရုစိုက်သူတွေ ဝမ်းနည်းကြေကွဲရမှာကို သူမ မမြင်တွေ့ချင်ပါဘူး။ နောက်ပြီး လန်ဖန်းလီရဲ့ တိုက်ခိုက်မှုတွေက တော်တော်လေးကို ပြင်းထန်ခဲ့ပါတယ်။ သူတို့အတွက် မှတ်လောက်သားလောက်တော့ ရှိလောက်ပါပြီ။

ရှန်ယန်ရှောင်စကားဆုံးတာနဲ့ လန်ဖန်းလီဟာ မောင်နှမနှစ်ယောက်ကို ပြန်လှည့်ကြည့်မနေတော့ဘဲ ရှန်ယန်ရှောင်အနားကို ပြန်လာခဲ့ပါတယ်။

ရှန်ယန်ရှောင် သက်ပြင်းချလိုက်ကာ သွေးအလူးလူးစွန်းပေနေသော လန်ဖန်းလီ၏ လက်ကိုကြည့်လိုက်ပါတယ်။ သူမရင်ထဲမှာတော့ ခံစားချက်တွေမျိုးစုံနေပါတယ်။ ချစ်စဖွယ်ကောင်းတဲ့ အတတနဲ့ လူသတ်နတ်ဘုရားက သူမကို အစ်မအရင်းအဖြစ် တစ်ကယ်မြတ်နိုးချစ်ခင်တဲ့အပြင် တစ်ပါးသူတွေက သူမကို ပုတ်ခတ်ပြောဆိုတာကိုတောင် သည်းမခံနိုင်အောင်ထိ ဖြစ်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ သူမသာ မတားမြစ်လိုက်ရင် မောင်နှမနှစ်ယောက်လုံး မသာပေါ်နေလောက်ပါပြီ။

သွေးအလူးလူးဖြစ်နေတဲ့ လန်ဖန်းလီလက်ကို သူမက သုတ်ပေးမယ်လုပ်လိုက်တော့ လန်ဖန်းလီတစ်ယောက် ပျာယာခတ်သွားပြီး လက်တွေကို နောက်သို့ပို့လိုက်သလို မျက်နှာကလည်း ရဲတက်သွားကာ ရှက်တက်တက်ဖြစ်သွားသည်။

"ကျနော့်လက်က ညစ်ပတ်နေတာ"

အတိတ်မေ့သွားသော်လည်း သွေးဆိုတာ ပေလို့စွန်းလို့ ကောင်းတဲ့အရာမဟုတ်မှန်းတော့ သိသေးတဲ့ လန်ဖန်းလီဟာ အစ်မဖြစ်သူကို သွေးပေသွားမှာ စိုးရိမ်နေတာပါ။

ရှန်ယန်ရှောင် ရယ်လိုက်ပါတယ်။

"မပူပါနဲ့ကွာ မင်းလက်သာပေးလိုက်ပါ ဟုတ်ပြီလား"

လန်ဖန်းလီ ခဏတာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီးမှ လက်ကိုဆန့်ထုတ်ပေးလိုက်ပါတယ်။ လက်ဆန့်မပေးခင်မှာ သူ့အင်္ကျီနဲ့တတ်နိုင်သမျှ သုတ်လိုက်ပါသေးတယ်။

ရှန်ယန်ရှောင်က သူ့လက်ကိုဆွဲယူလိုက်ပြီးတော့ စားပွဲပေါ်က လက်သုတ်ပုဝါကိုယူကာ ညင်သာစွာသုတ်ပေးလိုက်ပါတယ်။

လန်ဖန်းလီရဲ့ အတိတ်က ဘယ်လိုပဲဖြစ်ခဲ့ပါစေ အခုချိန်မှာတော့ ကလေးငယ်တစ်ယောက်လို အားကိုးရာမဲ့နေသူဖြစ်ပါတယ်။ စကားတစ်ခွန်းပြောချင်မှပြောမှာဖြစ်ပေမယ့် သူမနောက်ကိုတော့ အရိပ်လိုမျိုး တစ်ကောက်ကောက်လိုက်ပါနေပါတယ်။ စကားတောင်လွယ်လွယ်နဲ့မပြောချင်သူက သူမအတွက်နဲ့ လူကိုတောင်သတ်ပေးမယ့်စိတ်ရှိသူပါ။ နောက်တွန့်မှာမဟုတ်သလို တွေဝေစဉ်းစားနေမှာလည်း မဟုတ်သူဖြစ်ပါတယ်။

သူမရဲ့ ရင်ထဲနက်နက်ရှိုင်းရှိုင်းနေရာမှာ သံယောဇဉ်တစ်ခုနှောင်ဖွဲ့ခံစားမိလိုက်ပါတယ်။ လူသတ်နတ်ဘုရားဆိုသောပုံရိပ်က သူမစိတ်ထဲကနေ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီး မောင်ငယ်ဆိုးလေးတစ်ယောက်အဖြစ်သာ ပြောင်းလဲနေရာယူသွားပါတယ်။

သတိမေ့မြောသွားတဲ့ ရှန်ကျိယီကို ဖေးမထားသော ရှန်ကျိဝေဟာ လန်ဖန်းလီကို ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ကြည့်နေဆဲဖြစ်ပြီး တုတ်တုတ်မှမလှုပ်ရဲဖြစ်နေပါတယ်။ ရှန်ယန်ရှောင်ကို ဘာလို့မမလို့ခေါ်တာလဲ။ ရှန်ကျိယီက ရှန်ယန်ရှောင်ကို စော်ကားပြောဆိုတာနဲ့ သူက ဘာဖြစ်လို့ခုန်ထပြီး သတ်မယ်ဖြတ်မယ်လုပ်ရတာလဲ။

ရှန်ယန်ရှောင်က ရှန်ကျိဝေကို စိတ်မရှည်ဟန်နဲ့ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်ပါတယ်။

"သွေးထွက်လွန်ပြီး မသေသွားစေချင်ရင် နင့်အစ်မကို သမားတော်ဆီခေါ်သွားလိုက်တော့။ လမ်းတစ်ဝက်မှာတင် သေသွားရင်တော့လည်း ငါ့ကိုအပြစ်မတင်နဲ့ပေါ့"

ရှန်ကျိေ၀ တံတွေးမြိုချလိုက်ပြီး ဘာမှပြန်မပြောရဲတော့တာကြောင့် အစ်မဖြစ်သူကို ပွေ့ချီကာ နောက်ကိုလှည့်မကြည့်တော့ဘဲ သုတ်ခြေတင်လိုက်ပါတော့သည်။

သီးသန့်ခန်းတံခါးနားက သွေးကွက်တွေကတော့ စောစောလေးကမှ ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်က တစ်ကယ်ဖြစ်ခဲ့တာပါဆိုသော သက်သေအဖြစ်ကျန်ရစ်နေခဲ့ပါတယ်။

ငနာလေးကောင် လန်ဖန်းလီအကြောင်းကို ပိုသိချင်သွားကြပါတယ်။

"ရှောင်လေး သူက တစ်ကယ်ပဲ နင့်မောင်လားဟင်"

တန်နာဇီက လေသံလေးနဲ့ပြောလိုက်တာဖြစ်သည်။ ဒီကောင်လေးရဲ့ မဟုတ်မခံစိတ်က ရှန်ယန်ရှောင်ဆီကနေ သေချာပေါက်အမွေရထားတာဖြစ်ရမယ်လို့ တွေးရင်းနဲ့ပြောလိုက်တာဖြစ်ပါတယ်။

"ဟုတ်တယ်လေ သူက ငါ့မိသားစုဝင်ပဲကို ဖန်းလေးဆိုတာ ငါ့မောင်ပဲဟ"လို့ ရှန်ယန်ရှောင်က ဂုဏ်ယူစွာပြောလိုက်ပါတယ်။

သူ့ကိုမောင်အဖြစ် ပထမဆုံးခေါ်ဝေါ်ပြောဆိုလိုက်သော ရှန်ယန်ရှောင်စကားကိုကြားလိုက်ရသော လန်ဖန်းလီရဲ့မျက်နှာလေး သွေးရောင်လွှမ်းကာ ရဲတက်သွားပါတော့သည်။ ရှက်ရွံစွာနဲ့ခေါင်းငုံ့လိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ ပျော်ရွှင်နေသလို ကြည်နူးနေမိပါတယ်။ မမက ငါ့ကို မောင်လေးလို့ ခေါ်ပြီကွ.....

ကျောင်းပေါင်းစုံပြိုင်ပွဲကြီးရဲ့ ဂယက်တွေလည်း ငြိမ်သက်သွားခဲ့ပါပြီ။ ရှန်ယန်ရှောင်တစ်ယောက် အထုတ်အပိုးတွေကို သိမ်းဆည်းပြီးပြီဖြစ်ကာ နေပြည်တော်ကို ခရီးဆက်ဖို့ အသင့်ဖြစ်နေပါပြီ။

သူမကို ပြင်ဆင်ချိန်သုံးလပေးထားပေမယ့်လည်း နည်းနည်းစိတ်လောနေပါတယ်။ အကြောင်းကတော့ ဒီကိစ္စဟာ သူမတစ်ယောက်ထဲအတွက်သာ မကတော့ဘဲ ယန်းချီနဲ့ပါသက်ဆိုင်နေလို့ဖြစ်ပါတယ်။

မထွက်ခွာခင်မှာ ပြင်ဆင်မှုအချို့ကို ပြုလုပ်ခဲ့ပါတယ်။ စာနှစ်စောင်ရေးသားခဲ့ပြီး ရဲချင်နဲ့တူလန်းတို့အား တစ်စောင်စီပေးအပ်ဖို့ ယန်းချီအား ပေးအပ်ခဲ့ပါတယ်။

မြို့ကြီးတစ်မြို့တည်ဆောက်ဖို့ဆိုတာ သူမတစ်ယောက်ထဲ လုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဆောက်လုပ်ရေးပစ္စည်းအများအပြားနဲ့ လူအင်အားတွေလိုအပ်ပြီး စနစ်တကျ စီမံပေးဖို့လိုအပ်ပါသေးတယ်။

ဂူဝံပုလေအဖွဲ့ရဲ့ အရည်အချင်းကို သူမယုံတာကြောင့် သူမလက်အောက်ကို ဆွဲခေါ်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။

ယန်းချီနဲ့လမ်းခွဲအပြီးမှာ ဇာမဏီ၊ ဖီးနစ်ပေါက်၊ လန်ဖန်းလီနဲ့ ငနာလေးကောင်တို့အပြင် ထပ်တိုးမိသားစုဝင်တစ်ယောက်ဖြစ်သော လီရှောင်ဝေတို့ပါဝင်သော ရှန်ယန်ရှောင်တို့တစ်သိုက်က စူပါဇိမ်ခံလှည်းတစ်စီးကို ဝယ်ယူ၍ နေပြည်တော်သို့ အပြန်ခရီးစတင်ခဲ့ပါတယ်။

နှင်းသက်လေမြို့နဲ့နေပြည်တော်က တော်တော်လှမ်းသလို လှည်းထဲမှာ လူအများကြီးလည်း ပါတာကြောင့် လမ်းမှာအကြိမ်ရေမနည်း ရပ်နားခဲ့ရသဖြင့် လဝက်ကြာမှသာ နေပြည်တော်မြို့တံခါးကို မြင်တွေ့ခဲ့ရပါတယ်။

နေပြည်တော်ကို ပြန်ရောက်တာနဲ့ ကြူရှီယာတို့လေးဦးက အိမ်ကိုပြန်ပြီး မိခင်တွေကို သွားတွေ့ကြပါတယ်။ တန်နာဇီက မျက်နှာပုပ်သိုးသိုးဖြစ်နေတဲ့ လီရှောင်ဝေကိုဆွဲ၍ လိပ်နက်မျိုးနွယ်ဆီ သွားလိုက်ပါတယ်။

ရှန်ယန်ရှောင်ကတော့ ချစ်ဖို့ကောင်းလှသော ကြောင်တောင်တောင်သုံးကောင်နဲ့အတူ ဇာမဏီမျိုးနွယ်ဆီသွားပါတယ်။

ဇာမဏီမျိုးနွယ်ရဲ့ အိမ်တော်တံခါးဝမှာရပ်နေတဲ့ ရှန်ယန်ရှောင် အသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းလိုက်သည်။ ဒီနေရာဟာ သူမ တစ်ဖန်ပြန်လည်ဝင်စားခဲ့သောနေရာဖြစ်သလို သူမ ပေါက်ဖွားမြင့်တက်ရာနေရာလည်းဖြစ်ပါတယ်။

တော်ဝင်ရိုလန်ကျောင်းကိုတက်ဖို့ အိမ်တော်ကနေထွက်လာတာ ခြောက်လကျော်ခဲ့ပြီဖြစ်သည်။ အချိန်အတန်ကြာအောင် ခွဲခွာနေခဲ့ပြီးနောက်မှာတော့ သူမ တော်တော်ကြီးရင့်လာခဲ့ပါတယ်။ အရပ်ပိုရှည်လာသလို မျက်နှာကလည်း ကလေးမျက်နှာပေါက်မဟုတ်တော့ပါဘူး ပြောရမယ်ဆိုရင် မိန်းမပျိုလေးတစ်ဦးလို အသွင်အပြင်မျိုးဖြစ်နေပါပြီ။[လေယာဉ်ပြေးလမ်းကများ]

သူမတူအောင် ထိုးထွက်လှပနေတဲ့ ရှန်ယန်ရှောင်က ဇာမဏီမျိုးနွယ်အိမ်တော်တံခါးဝမှာ ရပ်နေတော့ ဖြတ်သွားဖြတ်လာတွေရဲ့ အာရုံကိုဆွဲခေါ်မိသွားပါတယ်။

"မမ ဒါက မမရဲ့အိမ်လားဟင်"

လန်ဖန်းလီက ပိတ်ထားသောတံခါးကိုကြည့်ပြီး စိတ်မသက်မသာခံစားမိရင်း ပြောလိုက်ပါတယ်။

"ဒါက မမတို့ရဲ့အိမ်ပဲလေ"လို့ ရှန်ယန်ရှောင်က ပြုံးကာဖြေလိုက်သည်။

မသိလိုက်မသိဖာသာနဲ့ပဲ ဒီကောင်ချောလေးကို သူမရဲ့ မောင်အရင်းတစ်ယောက်အဖြစ် မှတ်ယူမိနေပါပြီ။

သူမရဲ့အစ်ကိုကြီး ရှန်စီယူရှိနေပြီး အခုဆိုရင် သူမနဲ့သက်တူရွယ်တူ မောင်ငယ်လေးတစ်ယောက်ကိုပါ ပိုင်ဆိုင်နေပါပြီ။ သူမရဲ့ အတိတ်ဘဝတုန်းက ခံစားခဲ့ရတာတွေအတွက် မိုးနတ်မင်းကြီးက ကြည့်မနေနိုင်လို့ အတိုးပါပေးနေတာများလား။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၈၉)

နားလည်သလိုလို နားမလည်သလိုလိုနဲ့ လန်ဖန်းလီခေါင်းညိတ်လိုက်ပါတယ်။ ဇာမဏီက မျက်စောင်းထိုးလိုက်သည်။ သူ့နေရာကို အပိုင်သိမ်းသွားတဲ့ လူသတ်နတ်ဘုရားဟောင်းကို ဇာမဏီက အံတကြိတ်ကြိတ်နဲ့ကြည့်နေရပါတယ်။

ဒါပေမယ့်လည်း ရှန်ယန်ရှောင်က သူတို့ကို ရန်မဖြစ်ဖို့ တားမြစ်ထားလို့ ဒေါသတွေကို ပြန်မြိုချနေရပါတယ်။

ရှန်ယန်ရှောင်က ရှေ့ကိုလှမ်းလိုက်ပြီးတော့ တံခါးခေါက်လိုက်ပါတယ်။

ခဏအကြာမှာပဲ တံခါးပွင့်သွားကာ ဇာမဏီမျိုးနွယ်ရဲ့ အစေခံတစ်ယောက်က ခေါင်းပြူပြီးကြည့်လိုက်ပါတယ်။ ဒီအကြည့်က သူ့တစ်ကိုယ်လုံးကို တောင့်ကနဲအေးခဲသွားစေပါတယ်။

သူ့ရှေ့ကသုံးယောက်လုံးဟာ လှပချောမောပြီး ဆွဲဆောင်မှုရှိသူတွေချည်းဖြစ်ပါတယ်။ ဒီလိုလှပချောမောတဲ့အငယ်လေးသုံးယောက် အတူတကွရပ်နေကြတာဟာ မြင်သူအပေါင်းကို မတ်တတ်မေ့စေနိုင်ပါတယ်နော်။

ဒါက လုံးဝလုံးဝကို ချစ်ဖို့ကောင်းလွန်းတာထက်တောင် လျှံထွက်နေတဲ့အဖြစ်ပါ။

အစေခံဖြစ်သူက တံတွေးမြိုလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ မေးလိုက်ပါတယ်။

"ဘယ်သူ့ကိုတွေ့ချင်တာလဲဆိုတာ သိလို့ရမလားဗျ"

ရှန်ယန်ရှောင် ရယ်လိုက်သည်။ ဇာမဏီအိမ်တော်ကနေ သူမထွက်လာတုန်းက သူမရဲ့ ရုပ်ရည်က ဆိုးဆိုးပဲရှိသေးတာကို မေ့သွားခဲ့ပါတယ်။ ပြိုင်ပွဲအတွင်းမှာ ရုပ်ရည်အမှန်ကို ဖော်ထုတ်ပြသပြီးနောက် ရုပ်ပြန်ဖျက်ဖို့ရာကို သူမ မေ့သွားခဲ့ပြန်ပါတယ်။ အစေခံက သူမကို မမှတ်မိတာ အံ့သြစရာမရှိပါဘူး။

"သေအောင်တုံးအနေလိုက်...ငါ့အတွက် တံခါးကိုမြန်မြန်ဖွင့်စမ်းကွာ ငါ အထဲသွားချင်တယ်ဟေ့"လို့ ရာသီဥတုမသာယာနေတဲ့ ဇာမဏီက အစေခံကို အော်ပြောလိုက်ပါတယ်။

အစေခံဖြစ်သူ တစ်စက္ကန့်ခန့် ကြောင်သွားပြီးနောက် ဇာမဏီကို အမြန်လေးကြည့်လိုက်တော့ မှတ်မိသွားပါတယ်။ ဒါက လူ့အသွင်ယူထားတဲ့ ဇာမဏီငှက်ပဲဟ။ အဲ့ဒီနေ့တုန်းက ရှန်ယန်ရှောင်ဟာ ဇာမဏီငှက်နဲ့ပြန်လာတော့ ရှန်ဖန်ဟာ ဇာမဏီတစ်မျိုးနွယ်လုံးနဲ့အတူ ဇာမဏီငှက်ကို အရိုအသေပေးခဲ့ပါတယ်။ ဒါကို အစေခံဖြစ်သူ ကောင်းကောင်းမှတ်မိနေပါတယ်။

ဇာမဏီငှက်ပြန်လာတာကို တွေ့လိုက်ရတဲ့ အစေခံဖြစ်သူက တံခါးပေါက်ကို ဖွင့်ပေးခဲ့ပါတယ်။ ဇာမဏီငှက်ကို ယဉ်ယဉ်ကျေးကျေး နှုတ်ခွန်းဆက်ကြိုဆိုလိုက်သလို ဇာမဏီငှက်ပြန်ရောက်လာတဲ့ အကြောင်းကိုလည်း သရဲငိုသံ ဝံပုလွေအူသံမျိုးနဲ့ အမောတကော ကြေငြာလိုက်ပါတယ်။

"သခင်ကြီးဇာမဏီငှက် ပြန်လာပါပြီ"

ငါ အိမ်ကိုပြန်ရောက်ပြီကွ။ ရင်းနှီးလှသော မြက်ခင်းတွေနဲ့သစ်ပင်ပန်းမန်တွေကို လှည့်ပတ်ကြည့်လိုက်ပြီး စိတ်ထဲတွင် အေးချမ်းသွားပါတယ်။ ဒါက အိမ်ရဲ့ ခံစားချက်အစစ်အမှန်ပဲပေါ့....

အစေခံဖြစ်သူရဲ့ ကြေငြာမောင်းခတ်သံကို ကြားလိုက်တဲ့ ရှန်ဖန်က ချက်ခြင်းအမောတကောပြေးလာခဲ့ပါတယ်။ ဇာမဏီငှက်ဆီကို တစ်လေးတစ်စားနဲ့သွားလိုက်ပြီး ပြောလိုက်ပါတယ်။

"သခင်ကြီးဇာမဏီငှက် ပြန်ရောက်လာတာကို ဒီတစ်ယောက်မှ ရိုသေလေးစားစွာ ကြိုဆိုပါတယ်ခင်ဗျာ။ ကျနော့်အနေနဲ့ သခင်ကြီးဇာမဏီငှက်က ဘာအတွက်ကြောင့် အခုလိုပြန်လာတာကို မသိသလို ရှောင်လေးကလည်း သခင်ကြီးအနားမှာ ဘာလို့မရှိနေတာလဲလည်း မသိပါခင်ဗျာ"

ရှန်ဖန်က အလွန်ယဉ်ကျေးစွာ ပြောဆိုလိုက်ပေမယ့် သူ့မြေးမလေးအကြောင်းကိုတော့ မမေ့မလျော့ဘဲ မေးလိုက်ပါတယ်။

ရှန်ယန်ရှောင် ရယ်လိုက်ပါတယ်။ ဇာမဏီက သူ့သခင်ဖြစ်သူအား ကြည့်လိုက်ပြီးနောက် ပြောလိုက်တာက "နင်ကိုယ်တိုင်ပြောလိုက်"ဟုဖြစ်ပါတယ်။

ရှန်ယန်ရှောင်က ရှေ့ကိုတက်လိုက်ပြီး ရှန်ဖန်ကိုပြောလိုက်ပါတယ်။

"ဘဘ ကျနော်က ရှောင်လေးပါ ဘဘရဲ့ မြေးမလေးပါ"

ရှန်ဖန် ကြောင်ထွက်သွားပါတယ်။ မျက်စိပသာဒရှိလှပြီး ချစ်စရာကောင်းလှသော ကောင်မလေးကို ကြည့်လိုက်ပြီးနောက် ချက်ခြင်းမတုံ့ပြန်နိုင်ခဲ့ပါဘူး။

"ဒါက...ဘာတွေဖြစ်နေတာလဲ"လို့ သတိပြန်ဝင်လာသော ရှန်ဖန်ကပြောလိုက်ပါတယ်။

ရှန်ယန်ရှောင်က ရယ်လိုက်ရင်းဖြေလိုက်ပါတယ်။

"ဘဘရေ ဒါက ကျနော့်ရုပ်အမှန်ပါဗျာ ကျောင်းကိုမသွားခင်တုန်းက ကျနော့်ရုပ်အမှန်ကိုပြရင် ပြဿနာတွေရှုပ်ကုန်မှာစိုးလို့ ရုပ်ဖျက်ထားခဲ့တာ"

ဒီအသံမြင်ဖူးပါတယ်ဖြစ်သွားသော ရှန်ဖန်တစ်ယောက် သူ့ရှေ့ကတစ်ယောက်ဟာ သူ့မြေးမမှန်းသိသွားပါတယ်။ ဘိုးတော် နည်းနည်းစိတ်လှုပ်ရှားပျော်ရွှင်သွားခဲ့ပါတယ်။ မြေးဖြစ်သူကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီးနောက် နဖူးကိုကြည့်လိုက်တော့ ချွေးမဖြစ်သူနဲ့တူနေတာကို တွေ့လိုက်ပါတယ်။ အံ့အားသင့်ဟန် နည်းနည်းဖြစ်သွားပါသည်။

"မြေးလေး တစ်ကယ်ပဲ မြေးလေးလား။ ဘာလို့ မြေးကပြန်လာတာတုန်း"လို့ပြောလိုက်တဲ့ ရှန်ဖန်မျက်နှာမှာ မဖုံးနိုင်မဖိနိုင်သော အပျော်ရိပ်တွေသန်းနေပါတယ်။

"ပြောရရင် အရှည်ကြီးပဲ ဘဘရ ကျနော်တို့ အထဲအရင်ဝင်ပြီးမှပြောရင် ပိုကောင်းမယ်"

"ဟုတ်တာပေါ့...ဟုတ်တာပေါ့...မြန်မြန်လူလွှတ်ပြီးတော့ စားကောင်းသောက်ဖွယ်တွေပြင်ခိုင်းလိုက်စမ်းဟေ့ ရှောင်လေးက ခရီးရှည်ကြီးထွက်ခဲ့ရတော့ သေချာပေါက်ကို ပင်ပန်းနေရှာမှာ။ သတ္တမသခင်မလေးရဲ့ အခန်းကို လူတွေလွှတ်ပြီး မြန်မြန်ပြင်ဆင်ခိုင်းထားစမ်း"

ရှန်ဖန်ဟာ အတောမသတ်နိုင်အောင် ကျေနပ်ပျော်ရွှင်နေကာ ရှန်ယန်ရှောင်ကို ကြိုဆိုစကားပြောနေရင်းနဲ့ အစေခံတွေကို အမိန့်တွေ ဆက်တိုက်ထုတ်နေခဲ့ပါတယ်။

ဘေးမှာရှိနေတဲ့ အစေခံအားလုံးက ရှေ့ကမြင်ကွင်းကြောင့် ရူးမလိုလိုဖြစ်သွားရပါတယ်။ အရမ်းရုပ်ဆိုးဆိုးနဲ့ငထုံငနာ သတ္တမသခင်မလေးကနေပြီး ရုတ်ချည်းဆိုသလို ပြိုင်ဖက်ကင်း အလှပဂေးလေးဖြစ်သွားတယ်တဲ့။

ရှန်ယန်ရှောင်နားက လန်ဖန်းလီကို သတိပြုမိသွားတဲ့ ရှန်ဖန်က မေးလိုက်ပါတယ်။

"သူက"

ရှန်ယန်ရှောင် ပြန်ဖြေလိုက်တာက"သူက အပြင်လောကမှာတုန်းက ကျနော့်မောင်လေးအဖြစ် ကျနော်အသိအမှတ်ပြုထားသူပါ။ ဒီအတောအတွင်းမှာ အများကြီးဖြစ်ပျက်ခဲ့လို့ ဘဘကို ဖြည်းဖြည်းချင်း ပြန်ပြောပြရမှာ"

လန်ဖန်းလီကို ရှန်ဖန် အကဲခတ်လိုက်တော့ ကလေးဟာ နည်းနည်းကြောင်တက်တက်ဖြစ်နေတာကလွဲရင် မွန်ရည်ပုံရှိကာ ရုပ်လည်းပြေပြစ်တာကြောင့် ခေါင်းသာညိတ်လိုက်ပြီး ဘာမှမပြောတော့ပါဘူး။

အသေးသုံးကောင်ကို စာဖတ်ခန်းဆီသို့ ရှန်ဖန်ခေါ်သွားလိုက်ပါတယ်။ သူ့မြေးမလေးက သူ့အတွက် ဘာတွေ အံ့အားသင့်အောင် လုပ်ဆောင်ခဲ့သလဲဆိုတာကို သူ မစောင့်နိုင်တော့ဘဲ သိချင်နေပါပြီ။

ရှန်ယန်ရှောင် ထွက်သွားကတည်းက ရှန်ဖန်ရင်ထဲမှာ တစ်စက်မှ မအေးချမ်းခဲ့ပါဘူး။ စိတ်ပြန်ကောင်းကာစပဲရှိသေးတဲ့ မြေးဖြစ်သူက အိမ်ကနေချက်ခြင်းထွက်သွားခဲ့ရတာကို သူ့စိတ်ထဲမှာ မလွှတ်ချင်လွှတ်ချင်နဲ့ပဲ လွှတ်လိုက်ရတာဖြစ်ပါတယ်။ အတွင်းအားရော မှော်အားရောပါ မလေ့ကျင့်နိုင်တဲ့ ရှန်ယန်ရှောင်ကို ဇာမဏီငှက်က သခင်အဖြစ် အသိအမှတ်ပြုကာ လက်ခံလိုက်ပေမယ့် ဘာပညာမှ မတတ်မြောက်ရင် တစ်ခြားသူတွေကို သူမအား လက်ခံလာအောင် သိမ်းသွင်းဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အခုအချိန်မှာ သားဖြစ်သူတွေကို သူ ထိန်းထားလို့ရသေးပေမယ့် သူမရှိတော့ရင် ရှန်ယန်ရှောင်တစ်ယောက်ပဲ တာဝန်ယူရတော့မှာဖြစ်ပါသည်။

ဒါက ရှန်ဖန်ဖြစ်ချင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဖီးနစ်မောင်နှံပေါ်လာတဲ့အတွက် ရှန်ဖန် တော်တော်ကြီးအံ့အားသင့်ခဲ့ရပါတယ်။ ဘယ်လိုလေ့လာဆည်းပူးမှုမျိုးလုပ်နေခဲ့လို့ မြေးဖြစ်သူက ဒဏ္ဍာရီသတ္တဝါနှစ်ကောင်ကိုတောင် အိမ်ကိုခေါ်လာနိုင်ရသလဲဆိုတာကို သူ သိချင်နေပါတယ်။

All Chapters