← Chapters

အခန်း (၁၉၀)

Vol. 19 Ch. 190

အခန်း (၁၉၀)

Vol. 19 Ch. 190

ဧရာမ မျောက်ဝံကြီးသည် လက်မောင်းနှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဟင်းလင်းပြင်ကို တိုက်ရိုက်ဆုပ်ဖြဲ ပစ်လိုက်သည်။ ထို့နောက် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ လက်နှိုက်ကာ တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်၏။

မိုင်ပေါင်း သိန်းချီ ဝေးကွာသော နေရာ၌ ဝူလင်သားရဲသည် ပိုင်ကျန့်ဝမ်ကို တင်ဆောင်ကာ အသည်းအသန် ထွက်ပြေးနေသည်။ သူတော်စင် ဒုတိယအဆင့်ရှိသော ဝူလင်သားရဲသည် အသိဉာဏ် အလွန်မြင့်မားလှသည်။

ရုတ်တရက် သူ၏ ရှေ့မှောက်ရှိ ဟင်းလင်းပြင်မှာ ကွဲထွက်သွားပြီး ဧရာမ မျောက်ဝံလက်ဝါးကြီး နှစ်ခုသည် အိတ်ကြီးတစ်လုံးကဲ့သို့ ပေါ်ထွက်လာပြီး ဆွဲခေါ်သွားသည်။

ကန်ဖုန်း၏ မျောက်ဝံကိုယ်ပွားသည် အေးစက်စွာ လှောင်ပြုံးပြုံးနေ၏။ သူသည် လက်ဝါးအတွင်းမှ နူးညံ့သောအထိအတွေ့ကို ခံစားရင်း ကျေနပ်နေခြင်းဖြစ်သည်။

ပိုင်ကျန့်ဝမ်သည် နောက်ဆုံးတွင် သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူပိုင်ဆိုင်ထားသော ယင်ဓာတ်စုပ်ယူခြင်းကျင့်စဉ်ကို အသုံးပြုလိုက်ပါက ပိုင်ကျန့်ဝမ်၏ ကျင့်ကြံမှုအားလုံးကို စုပ်ယူနိုင်မည် ဖြစ်ပြီး သူမ၏ ပြိုင်ဘက်ကင်းပါရမီရှင် ပါရမီကိုလည်း မိမိထံသို့ ကူးပြောင်းရယူနိုင်လိမ့်မည်။

ယင်နှင့်ယန်ကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် သူ၏ ပါရမီသည် မွေးရာပါသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

ဤအကြောင်းအရင်းကြောင့်ပင် ပိုင်ကျန့်ဝမ်ကို အသည်းအသန် လိုက်လံ ဖမ်းဆီးနေရခြင်း ဖြစ်သည်။ အလှအပကို ခံစားရခြင်းမှာအပိုဆုတစ်ခုသာ ဖြစ်၏။

ကြမ်းတမ်းလှသော လက်ဝါးကြီးကို ဖွင့်လိုက်လျှင် ဝူလင်သားရဲနှင့် ပိုင်ကျန့်ဝမ်တို့သည် သတိလစ် မေ့မြောနေကြဆဲ ဖြစ်သည်။ သူသည် ပိုင်ကျန့်ဝမ်ကို ဂရုတစိုက် မ၍ မျက်စိရှေ့တွင် ထားကာ ကြည့်ရှုလိုက်သည်။

ထို့နောက် သူမကို မျောက်ဝံကြီး၏ ဝမ်းဗိုက်ပိုင်းရှိ အမွှေးအမျှင်များကြားမှ အိတ်အတွင်းသို့ ထည့်လိုက်၏။ ယင်းအိတ်အတွင်း၌ ကိုယ်ပိုင်ဟင်းလင်းပြင်တစ်ခု ရှိနေပြီး မိစ္ဆာမျောက်ဝံနတ်ဘုရား၏ သူတော်စင်ကမ္ဘာစွမ်းအားဖြင့် ဖိနှိပ်ထားသဖြင့် ပိုင်ကျန့်ဝမ်ကို ချုပ်နှောင်ထားရန် အလွန်ပင် သင့်တော်လှသည်။

သူသည် ဝူလင်သားရဲကို ဆွဲမလိုက်ပြီး ပါးစပ်အတွင်းသို့ ထည့်ရန် ပြင်လိုက်သည်။ ဤကဲ့သို့သော သူတော်စင်အဆင့် ရှေးဦးမျိုးစိတ်သည် အလွန်ပင် အာဟာရဖြစ်စေသော အရာ ဖြစ်၏။

"ဘုန်း... ဘုန်း... ဘုန်း..."

ဝူလင်သားရဲကို ဝါးမြိုရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံထက်မှ လေထု ပွတ်တိုက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ယင်းက ကန်ဖုန်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။

ပေပေါင်း သောင်းချီ ကြီးမားလှသော လှေကြီးတစ်စင်း ကောင်းကင်ယံမှ ကျဆင်းလာခြင်း ဖြစ်၏။ ထိုလှေကြီးသည် ကောင်းကင်မှ ကျလာသော ဥက္ကာခဲကြီးတစ်ခုနှင့်ပင် တူလှပြီးအလွန်လျင်မြန်လှသောအရှိန်ဖြင့်ကျဆင်းလာသည်။

"ဒီလှေက..."

မျောက်ဝံကိုယ်ပွားအတွင်း၌ ဖုံးကွယ်နေသည့် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အသိစိတ် စတင် လှုပ်ရှားလာသည်။ နတ်ဘုရားတစ်ပါးအနေဖြင့် ဝမ်ချွမ်းလှေ၏ အမည်ကို သူ ကြားဖူးထားသလို ရှေးဟောင်း စာအုပ်များထဲတွင်လည်း ယင်း၏ ပုံသဏ္ဌာန်ကို မြင်ဖူးထားသည်။ ယခု သူ၏ ရှေ့မှောက်ရှိ လှေသည် စာအုပ်များထဲတွင် ဖော်ပြထားသည့်အတိုင်း တစ်ထပ်ထဲတူနေလေသည်။

"ဝမ်ချွမ်းလှေ... ဒါ ဝမ်ချွမ်းလှေပဲ..."

"ဝမ်ချွမ်းကမ်းတစ်ဖက်က တကယ်ပဲ တည်ရှိနေတာလား..."

'"မဟုတ်ရင် ဝမ်ချွမ်းလှေက ဘယ်လိုလုပ် ဒီနေရာမှာ ပေါ်လာမှာလဲ..."

မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အသိစိတ်သည် ကိုယ်ပွား၏ ထိန်းချုပ်မှုကို ချက်ချင်း ရယူလိုက်သည်။ ကန်ဖုန်းတစ်ယောက် ကိုယ်ပွားအတွင်း၌ ချုပ်နှောင် ခံလိုက်ရကာ မည်သို့ဖြစ်နေသည်ကို မသိနိုင်တော့ပေ။

မိစ္ဆာနတ်ဘုရားသည် လက်ထဲရှိ ဝူလင်သားရဲကို ဘေးသို့ ပစ်ချလိုက်ကာ လက်ထဲရှိ အစိမ်းရောင် သံတုတ်ကြီးကို မြေပြင်ပေါ်သို့ ထောက်လိုက်၏။ ပေပေါင်း တစ်သိန်းခန့်ရှိသော သူ၏ ခန္ဓာကိုယ်ကြီးသည် လေထဲသို့ ပျံတက်သွားပြီး ဝမ်ချွမ်းလှေထံသို့ ဦးတည်လိုက်သည်။

သို့သော် ဝမ်ချွမ်းလှေသည် သူ ရှိနေသည့် နေရာသို့ ဦးတည်ကျဆင်းလာသည်။ မိစ္ဆာမျောက်ဝံနတ်ဘုရားကိုယ်ပွားသည် စိတ်ထဲ၌ အလွန်ပင် ဝမ်းသာသွားရ၏။

'အခုလို ကမ္ဘာကြီး အပြောင်းအလဲ ဖြစ်လာတဲ့အချိန်မှာ... ငါ ယွမ်ဖေးရဲ့ ကံကောင်းခြင်းတွေရောက်လာတာများလား...'

'ဒီ ဝမ်ချွမ်းလှေနဲ့ ကံပါလာတဲ့သူက ငါပဲလား...'

မိစ္ဆာမျောက်ဝံနတ်ဘုရားသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ ဧရာမ လက်မောင်းကြီးများကို ဖြန့်လိုက်ကာ ဝမ်ချွမ်းလှေကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။ သို့သော် ဝမ်ချွမ်းလှေ နီးကပ်လာသောအခါ မိစ္ဆာနတ်ဘုရား၏ မျက်နှာမှာ ပြောင်းလဲသွား၏။ လှေပေါ်တွင် ပြည့်နှက်နေသော မိစ္ဆာသားရဲသူတော်စင်တစ်သိန်းကျော်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ထို့ပြင် လှေဦးတွင် ရပ်နေသော အရှိန်အဝါ ပြင်းထန်လှသည့် ပုဂ္ဂိုလ်အချို့မှာလည်း သူ့ကို စိုက်ကြည့်နေကြသည်။

သူသည် မုဆိုးတစ်ဦး၏ မျက်စိအောက်သို့ ရောက်ရှိနေသော မျောက်တစ်ကောင် ကဲ့သို့ ခံစားလိုက်ရ၏။ ဝမ်ချွမ်းလှေသည် ကံတရားနှင့် မသက်ဆိုင်သော ဂုဏ်သတ္တိ ရှိသဖြင့် ယခင်က မိစ္ဆာနတ်ဘုရား၏ နတ်ဘုရားအာရုံဖြင့် လှေပေါ်ရှိ အခြေအနေကို မသိရှိခဲ့ပေ။

ယခု မျက်မြင်တွေ့လိုက်ရသောအခါ သူ၏ ဝမ်းသာမှုများ ပျောက်ကွယ်သွားရတော့သည်။

"သောက်ကျိုးနည်း... ဒီ ဝမ်ချွမ်းလှေက ပိုင်ရှင်ရှိနေပြီလား..."

"ဘုန်း..."

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဝမ်ချွမ်းလှေသည် မိစ္ဆာမျောက်ဝံကိုယ်ပွားကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်သည်။ ပိုင်ရွှီနယ်မြေကို ဖြတ်ကျော်လာခဲ့သော ပြင်းထန်သည့် အရှိန်ကို သူ ခုခံနိုင်စွမ်း မရှိချေ။

သူ၏ ခန္ဓာကိုယ်မှာ မြေကြီးအတွင်းသို့ နစ်ဝင်သွားကာ မိုင်ပေါင်း သောင်းချီ နက်ရှိုင်းသော နေရာအထိ ရောက်ရှိသွားပြီး မြေအောက် ချော်ရည်များနှင့် စမ်းချောင်းများ ထွက်ပေါ်လာ၏။ မိစ္ဆာနတ်ဘုရား၏ သန်မာတောင့်တင်းသောခန္ဓာကိုယ်ကြီးသည်လည်း ချိုင့်ဝင်သွားရ၏။

ဝူကုန်းမြေတိုက် တစ်ခုလုံး ကပ်ဘေးကျခြင်းပင် ဖြစ်သည်။ မြေကြောများ အကြီးအကျယ် ပြောင်းလဲသွားကာ ပင်လယ်များ ကုန်းမြေဖြစ်ကုန်ပြီး ကုန်းမြေများ ပင်လယ်ဖြစ်ကုန်သည်။

ဝမ်ချွမ်းလှေသည် ဘေးတစ်ဖက်ရှိ မြေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်တန့်သွားသည်။ လှေပေါ်တွင် ရှိနေကြသူများသည် ရွေ့ဝူတီနှင့် မိစ္ဆာသားရဲသူတော်စင် တစ်သိန်းကျော်တို့ပင် ဖြစ်သည်။ သူတို့သည် မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည် မသိသော်လည်း ဝမ်ချွမ်းလှေကို ဝူကုန်းမြေတိုက်အတွင်းသို့ တိကျစွာ ဆင်းသက်နိုင်ခဲ့ကြ၏။

ကျွမ်းလီသည် ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးကုန်သောမြေကြောများကို ကြည့်ရင်း စိတ်မကောင်း ဖြစ်နေမိသည်။ သူမသည် လေပေါ်သို့ ပျံတက်လိုက်ပြီး တောက်ပသော နတ်ဘုရား ယန္တရား ဥဩငှက် အသွင်သို့ ပြောင်းလဲလိုက်၏။

“ချင်းထျန်းတောင်ထိပ်က သက်ရှိအားလုံး အမိန့်ကို နာခံကြစမ်း”

"ကိုယ်ပိုင် စွမ်းရည်အသီးသီးကို သုံးပြီး ဝူကုန်းမြေတိုက်ကို ကယ်တင်ရမယ်..."

"မြေကြောတွေကို ငြိမ်သက်အောင် လုပ်ပြီး သက်ရှိတွေကို ကယ်တင်ကြ..."

ကျွမ်းလီသည်လည်း ကျုံးရှန်နှင့် အနီးကပ်ဆုံးသော သက်ရှိများအနက် တစ်ဦး ဖြစ်သဖြင့် သူမ၏ အဆင့်အတန်းသည် အလွန် မြင့်မားလှသည်။ ထို့ကြောင့် သူမ အမိန့်ပေးလိုက်သည်နှင့် မိစ္ဆာသားရဲသူတော်စင်များ အားလုံး နာခံလိုက်ကြ၏။

သူတို့သည် ဝူကုန်းမြေတိုက် အနှံ့အပြားသို့ ပျံသန်းသွားကြပြီး ကပ်ဘေးများကို နှိမ်နင်းကာ သက်ရှိများကို ကယ်တင်ရန် တန်ခိုးစွမ်းအားများကို အသုံးပြုလိုက်ကြတော့သည်။

“ဝူတီ... အဲ့ဒီမျောက်ကို အပြတ် ရှင်းလိုက်တော့... မင်းရဲ့ ဇနီးက သူ့ရဲ့ ဝမ်းဗိုက်က အိတ်ထဲမှာ ရှိနေတယ်”

ကျွမ်းလီသည် နောက်ဆုံး မှာကြားလိုက်၏။ သူမသည် အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်း ရှိသဖြင့် မိစ္ဆာမျောက်ဝံ လုပ်ခဲ့သမျှသည် သူမ၏ အကြည့်မှ လွတ်ကင်းခြင်း မရှိချေ။ ရွေ့ဝူတီသည် တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအခါမှ ကျွမ်းလီသည်အခြားသူများကိုကူညီရန် ထွက်ခွာသွားတော့၏။

ယခုအချိန်၌ ရွေ့ဝူတီသည် အတိုင်းအဆမရှိ ဒေါသထွက်နေသော်လည်း အပြင်ပန်း၌မူ အလွန်တည်ငြိမ်နေသည်။ နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ တက်လှမ်းပြီးနောက် ယခင်က ဓားလမ်းစဉ်နှင့် ကံဆိုးခြင်း ကျင့်စဉ်များ၌ နားမလည်ခဲ့သော အပိုင်းများမှာ အလိုအလျောက် ဉာဏ်အလင်းပွင့်နားလည်သွားလေသည်။

ထို့ပြင် ကံဆိုးခြင်း ကျင့်စဉ်နှင့် သူ၏ ဓားလမ်းစဉ်တို့မှာလည်း ပေါင်းစပ်သွားပြီး တစ်မူထူးခြားလှသော ကံဆိုးခြင်းဓားတာအိုလမ်းစဉ် အဖြစ် ပြောင်းလဲသွားသည်။

“သူတော်စင်ကမ္ဘာတံခါး... ဓားသူတော်စင်ကမ္ဘာ... ပွင့်စမ်း”

“ဓားတစ်သောင်းကျင့်စဉ်”

မရေမတွက်နိုင်သော ဓားဆန္ဒများသည် သူတော်စင်ကမ္ဘာအတွင်းမှ အလုံးအရင်းနှင့် ထွက်ပေါ်လာသည်။ ထိုအထဲတွင် သူတော်စင်အဆင့် လက်နက်များနှင့် နတ်ဘုရားအဆင့် လက်နက်များစွာ ပါဝင်နေ၏။ ယခင်က ရွှယ်ဝူရွှမ်း ထံမှ ကျုံးရှန်ရယူခဲ့သော ရေခဲဝိညာဉ် နတ်ဘုရားဓားသည်ပင် ပါဝင်နေခဲ့သည်။

ရွေ့ဝူတီသည် နတ်ဘုရားလက်နက်များကို သူတော်စင်ဘုံအတွင်း၌ ထည့်သွင်း၍ အမြဲမပြတ် ပြုစုပျိုးထောင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားအဆင့်ရောက်ရှိပြီးဓားသူတော်စင်ကမ္ဘာဖြစ်သွားသောအခါ သူ၏အရှိန်အဝါသည် အတိုင်းအဆမရှိ ပြင်းထန်လာ၏။

ထိုအချိန်တွင် မိစ္ဆာမျောက်ဝံကိုယ်ပွားသည် သတိ ပြန်လည်လာသည်။

“အဲ့ဒီ မိစ္ဆာသားရဲတွေကို အကုန် သတ်ပစ်ကြ... ဝမ်ချွမ်းလှေကို လုယူကြစမ်း”

သူသည် ထိုမိစ္ဆာသားရဲများ၏ ကျင့်ကြံမှုကို မသိရှိသေးသဖြင့် ထိုသို့ ပြောဆိုနေခြင်း ဖြစ်သည်။ မိစ္ဆာမျောက်ဝံကြီးသည် မိုင်ပေါင်း သောင်းချီ နက်ရှိုင်းသော ကျင်းကြီးအတွင်းမှ ပြန်လည် ထွက်ပေါ်လာ၏။

သူ၏ ဦးခေါင်း ထွက်ပေါ်လာသည်နှင့် အနှိုင်းမဲ့သော ဓားဆန္ဒများကျဆင်းလာသည်။ ထိုအထဲတွင် အစွမ်းထက်လှသော သူတော်စင်အဆင့် ဓားများနှင့် ဖန်ဆင်းခြင်းအဆင့်ရှိနတ်ဘုရား ဓားများစွာ ပါဝင်နေသဖြင့် မိစ္ဆာမျောက်ဝံကိုယ်ပွား၏ ဦးခေါင်းသည် ချက်ချင်းပင် အမှုန်အမွှား ဖြစ်သွားရသည်။

အဆုံးမဲ့ ဓားအသိစိတ်များသည် မိစ္ဆာမျောက်ဝံ ကိုယ်ပွား၏ လေးလံသော ခန္ဓာကိုယ်ကြီးကို ပင့်မလိုက်ကာ ဝမ်းဗိုက်ပိုင်းရှိ အိတ်ကြီးကို ဖြတ်တောက်လိုက်၏။ရွေ့ဝူတီသည် ကံဆိုးခြင်း နတ်ဘုရားဓားတစ်လက်အဖြစ် အသွင်ပြောင်းသွားပြီး အိတ်အတွင်းသို့ တိုးဝင်သွား‌လေသည်။ သူသည် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ သူတော်စင်ကမ္ဘာနှင့် ဆက်သွယ်ထားသော လမ်းကြောင်းကို ဖြတ်တောက်လိုက်ကာ အိတ်အတွင်းရှိ ဖိနှိပ်မှုများကိုဖယ်ရှားလိုက်၏။

ထို့နောက် ပြင်းထန်စွာ ဒဏ်ရာရ၍ သတိလစ်နေသော ပိုင်ကျန့်ဝမ်ကို ကယ်တင်ထုတ်လာခဲ့သည်။

မိစ္ဆာမျောက်ဝံကိုယ်ပွားသည် ဦးခေါင်း အဖြတ်ခံလိုက်ရသော်လည်း သေဆုံးသွားခြင်း မရှိသေးပေ။ မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အကြွင်းအကျန် အသိစိတ်သည် မီးခိုးတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကန်ဖုန်း၊ ကန်ကျန်းနှင့်မော်ယဲ့ ဓားနှစ်လက်ကို ရစ်ပတ်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ မူလခန္ဓာကိုယ်မှာလည်း မြောက်ပိုင်း လူရိုင်းနယ်မြေမှနေ၍ အရှိန်ဖြင့် လာနေပြီ ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ ယဇ်ပူဇော်မှုများကို လက်ခံထားသောစစ်မှန်သည့် ဒုတိယအဆင့် အထွတ်အထိပ် နတ်ဘုရား တစ်ပါးဖြစ်ပြီး နတ်ဘုရားအမြုတေ မရှိသော နတ်ဘုရားအဆင့် ကျင့်ကြံသူများကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိ လေသည်။

ရွေ့ဝူတီသည် ပိုင်ကျန့်ဝမ်ကို ဝမ်ချွမ်းလှေပေါ်၌ အသာအယာ ချထားလိုက်သည်။ ထို့နောက် သူသည် ကံဆိုးခြင်းနတ်ဘုရားဓားအဖြစ် ပြန်လည်ပြောင်းလဲလိုက်ကာ မီးခိုးတန်း၏ နောက်သို့ အသည်းအသန် လိုက်လံ ဖမ်းဆီးတော့သည်။

ထိုသို့ လိုက်လံ ဖမ်းဆီးနေစဉ်အတွင်း ကောင်းကင်မှ ကံဆိုးခြင်း အငွေ့အသက်များ အဆက်မပြတ် ကျဆင်းလာစေကာ မိစ္ဆာနတ်ဘုရား၏ မီးခိုးတန်းကို ရစ်ပတ်ရန်စေခိုင်းလိုက်သည်။

မမျှော်လင့်ထားသော ကံဆိုးမှုများ စတင် ဖြစ်ပေါ်လာသည်။ ထွက်ပြေးနေသည့်မိစ္ဆာ‌မျောက်ဝံနတ်ဘုရား၏ မီးခိုးတန်းသည် ဟင်းလင်းပြင် မုန်တိုင်းများ၊ရှေးဟောင်း အစီရင်များစွာနှင့် ဆက်တိုက် တိုးဝင်မိကာ အရှိန်နှုန်း လျော့ကျသွားတော့၏။ သို့နှင့် မကြာမီပင် ရွေ့ဝူတီ၏ အမီလိုက်ခြင်းကို ခံလိုက်ရလေသည်။

All Chapters