← Chapters

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း (၁၃၉)

Vol. 14 Ch. 139

​ကျိုးထောင်ဟွားသည် တောင်တစ္ဆေဒင်္ဂါးကို ပစ်ချလိုက်၏။ သူမ၏ကျင့်ကြံခြင်းစွမ်းအားမှာ တစ်ကယ်လုံလောက်မှုမရှိသေးပေ။ ​သို့သော် သူမမော့ကြည့်လိုက်သောအခါ ရှန်းမင်သည် မနက်စာစားပြီး၍ အပြင်မှဝင်လာသည်ကို တွေ့လိုက်ရသည်။ တစ်ကယ်လို့ သူမသာရှန်းမင်ဆီမှနေ ဝိညာဉ်စွမ်းအင်ဖြည့်တင်းလိုက်ပါက အဆင်ပြေနိုင်၏။ ​ကျိုးထောင်ဟွားမျက်လုံးများ တောက်ပသွားပြီး သူ့ထံသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။

​"အစ်ကိုရှန်းမင်"

​ကျိုးထောင်ဟွားရှေ့တိုးသွားပြီး ရှန်းမင်လည်ပင်းကို သူမလက်မောင်းများဖြင့်သိုင်းဖက်ကာ ခြေဖျားထောက်ပြီး သူ့လည်ပင်းအားဆွဲချလိုက်သည်။ ​ကျိုးထောင်ဟွား၏ ရုတ်တရက်အပြုအမူကြောင့် ရှန်းမင်၏နှလုံးခုန်သံများ မြန်ဆန်လာပြီး သူမမျက်နှာသည် ရုတ်တရက် သူ့ရှေ့တွင်နီးနီးကပ်ကပ်ပေါ်လာလေ၏။

​"ညီမထောင်ဟွား ညီမ အွန်း"

​ရှန်းမင် စကားမဆုံးခင်မှာပင် ကျိုးထောင်ဟွားသည် သူ့နှုတ်ခမ်းကိုဖိကပ်နမ်းလိုက်ပြီး သူ့အားလုံးဝတိတ်ဆိတ်သွားစေသည်။ ​သူသည်အရပ်ရှည်လွန်းသဖြင့် အနမ်းကိုပိုမိုနက်ရှိုင်းစေရန် ကျိုးထောင်ဟွားမှာသူ့ကိုအသည်းအသန် ဆွဲချနေရ၏။ ​ကျိုးထောင်ဟွားကြောင့် သူ့တစ်ကိုယ်လုံးမီးလောင်နေသကဲ့သို့ ရှန်းမင် ခံစားလိုက်ရသည်။ ဇွန်လအစပဲရှိသေးတာလေ ပြီးတော့အပြင်မှာလည်း မိုးရွာနေတာကို ဒီလောက်ထိပူနေစရာ အကြောင်းမရှိပါဘူး။ အိမ်ခန်းမကြီးထဲရှိ နတ်ဆိုးငါးကောင်သည် သူတို့နှစ်ဦးနမ်းနေကြသည်ကို မြင်လိုက်ရသဖြင့် ဘာမှမမြင်သလို ဟန်ဆောင်ကာခေါင်းလွှဲလိုက်ကြသည်။ ​ရုတ်တရက် အပြင်ဘက်မှခြေသံများ ကြားလိုက်ရပြီး ချမ်ရှီ၏ခြေသံနှင့်တူလေ၏။

​"အဟမ်း"

​သူတို့ချက်ချင်းအသံပေးပြီး နှစ်ယောက်သားကို သတိပေးလိုက်ကြသည်။ ထို့နောက် အိမ်ခန်းမတံခါးပေါက်ဆီသို့လျှောက်သွားပြီး ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့နမ်းနေသည်ကို ချမ်ရှီမမြင်စေရန် သူတို့ခန္ဓာကိုယ်များဖြင့် ကာကွယ်လိုက်ကြ၏။ ​ကျိုးထောင်ဟွားသည် ရှန်းမင်နှင့် စေ့စပ်ထားပြီးဖြစ်သော်လည်း ကျိုးကျားရွာ၏စည်းကမ်းများအရ သူတို့၏ယခုလုပ်ရပ်များသည် စည်းကျော်နေခြင်းဖြစ်သည်။ ​ကျိုးထောင်ဟွားမှ ရှန်းမင်ကို ဘယ်လောက်ကြိုက်ကြိုက် ဤလုပ်ရပ်မှာလက်ခံနိုင်စရာမရှိပေ။

​"!!!"

​နတ်ဆိုးငါးကောင်၏လှုပ်ရှားသံကို ကြားလိုက်ရသဖြင့် ကျိုးထောင်ဟွား ရှန်းမင်ကို အလျင်အမြန်လွှတ်ပေးလိုက်သည်။ ​သူခိုးတစ်ယောက်လိုပင် သူမ နှုတ်ခမ်းကိုစေ့ပြီး ဘေးနားရှိ ကုလားထိုင်တစ်လုံးပေါ်တွင် အမြန်ဝင်ထိုင်လိုက်၏။ ဤသည်မှာ သူမအိမ်ဆိုသည်ကိုမေ့သွားပြီးနမ်းနေစဥ်၌ ချမ်ရှီ၏ခြေသံကိုလည်း လုံးဝမကြားလိုက်မိလိုက်ပေ။ ​ရှန်းမင်လည်း ချမ်ရှီနှင့်နတ်ဆိုးငါးကောင် စကားပြောနေသံကို ကြားလိုက်ရသည်။ ကျိုးထောင်ဟွားကို သူအရင်ကြည့်လိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ကာ ခုံပုလေးတစ်လုံးရှာပြီး ပေါ့ပေါ့ပါးပါးပင်ဝင်ထိုင်လိုက်၏။

​သို့သော် သူထိုင်လိုက်သည်နှင့် ကျိုးထောင်ဟွားကိုမကြည့်ဘဲ မနေနိုင်ဖြစ်သွားသည်။ ထင်မထားသည်မှာ သူ့အကြည့်များနှင့် ကျိုးထောင်ဟွား၏တောက်လောင်နေသော မျက်လုံးများဆုံမိသွားကြ၏။ ရှန်းမင်၏အသက်ရှူသံ ရပ်တန့်သွားပြီး နှုတ်ခမ်းများအလိုလိုကွေးညွှတ်သွားကာ ရင်ထဲတွင်လည်း ကြည်နူးမှုများဖြင့်ပြည့်နှက်သွားရလေသည်။ ​နတ်ဆိုးငါးကောင်နှင့်စကားပြောပြီး ချမ်ရှီဝင်လာသောအခါ ထောင်ဟွားနှင့်ရှန်းမင်တို့ အချင်းချင်း နူးညံ့စွာကြည့်နေကြသည်ကို တွေ့လိုက်ရ၏။ ​သူတို့မျက်ဝန်းများသည် နက်ရှိုင်းပြီး ရင်းနှီးသောသံယောဇဉ်တစ်ခုဖြင့် ချိတ်ဆက်နေသကဲ့သို့ပင်။ ​သူတို့၏ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို မြင်လိုက်ရသဖြင့် ချမ်ရှီလည်းပျော်ရွှင်သွားသည်။ ​သူတို့အချင်းချင်း ချစ်ကြတယ်ဆိုရင် သူတို့အနာဂတ်ကတော့ သေချာပေါက် သင့်မြတ်ပြီးလှပနေမှာပဲ။

ထို့ပြင် ရှန်းမင်၏မိသားစုမှာလည်း ရွာထဲ၌သာနေပြီးသိပ်မဝေးလှရာ ထောင်ဟွားအား သူမလွမ်းသည့်အချိန်တိုင်း သွားတွေ့လို့ရသည်။ ​ဆဌမလတစ်ရက်နေ့ ရောက်နေပြီဖြစ်ရာ ထောင်ဟွားမှာတစ်လကျော်ကျော်လေးသာထပ်နေလျှင် မင်္ဂလာဆောင်ရတော့မည်ပင်။ ​စေ့စပ်သည့်နေ့ကတည်းမှ ထောင်ဟွားမင်္ဂလာပွဲအတွက် သူမပြင်ဆင်နေခဲ့ပေသိ ပြင်ဆင်စရာအများကြီးကျန်သေးသလို မပြီးသေးသည်တို့လည်းအများကြီးကျန်နေသည်။ ​သူမ၏ထောင်ဟွား မကြာခင် အိမ်ထောင်ပြုတော့မည်ကို တွေးမိလိုက်တိုင်း ချမ်ရှီရင်ထဲမှာ မခွဲနိုင်မခွာရက်ဖြစ်မှုများဖြင့် ပြည့်နှက်လာရ၏။

​ချမ်ရှီသည် အထည်စများကို မီးဖိုချောင်သို့ယူသွားပြီး နတ်ဆိုးငါးကောင်ကိုလည်း ခေါ်ထုတ်သွားလိုက်သည်။ သို့မှသာ သူတို့လည်း ပင်။ ​သူတို့အားလုံး ထွက်သွားပြီးနောက် အိမ်ခန်းမထဲတွင် ကျိုးထောင်ဟွားနှင့်ရှန်းမင်တို့သာ ကျန်ရစ်ခဲ့သည်။

​ရှန်းမင်နားရွက်များ လှုပ်ရှားသွား၏။ သူတို့အားလုံး မီးဖိုချောင်ထဲဝင်သွားသည်ကိုကြားလိုက်ရသဖြင့် သူမတ်တတ်ရပ်လိုက်ပြီး ကျိုးထောင်ဟွားထံလျှောက်သွားလိုက်သည်။ ​သူ့ခါးကို ကိုင်းလိုက်ပြီး ကုလားထိုင်လက်တန်းများပေါ် လက်ထောက်ကာ ကျိုးထောင်ဟွားအပေါ် လုံးဝအုပ်မိုးထားလိုက်၏။

"ညီမထောင်ဟွား"

​ကျိုးထောင်ဟွား ခေါင်းမော့လိုက်ရာ သူမနှုတ်ခမ်းအား သူနမ်းရှိုက်လိုက်လေသည်။ ဤအကြိမ်တွင်တော့ သူ့အနမ်းမှာ အလွန်ကြမ်းတမ်းလှပြီး သူမအားဝါးမြိုပစ်ချင်နေသလိုမျိုး ကျိုးထောင်ဟွား ခံစားလိုက်ရ၏။ ဤအချက်မှာ ကျိုးထောင်ဟွားကို ထိတ်လန့်သွားစေသလို တစ်ချိန်တည်းမှာပင် ယခင်ကမကြုံဖူးသော ကြောက်ရွံ့မှုတစ်ခုအား ရုတ်တရက်ဖြစ်ပေါ်လာစေသည်။ ​ရှန်းမင်ထံမှ ယခင်၌မကြုံဖူးသော ဖိအားတစ်ခု ထွက်ပေါ်နေပြီး သူမကိုတစစီဝါးမြိုပစ်ချင်နေသကဲ့သို့ ခံစားချက်မှာသူမကို ထိတ်လန့်သွားစေ၏။ ​ပထမဆုံးအကြိမ်အဖြစ် သူတို့၏အသားချင်းထိတွေ့ချိန်တွင် သူမနောက်ဆုတ်ချင်စိတ်ပေါက်သွားသည်။

​သူမ မျက်လုံးပြူးလေးဖြင့်ကြည့်လိုက်ရာ ရှန်းမင်သည် မျက်လုံးများကိုတင်းတင်းမှိတ်ထားပြီး အနမ်းထဲတွင်နစ်မြောနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။ ​ကျိုးထောင်ဟွား သူ့ကိုအလျင်အမြန်တွန်းထုတ်လိုက်ရာ ရှန်းမင်မျက်လုံးဖွင့်ကြည့်လာသည်။ သူ့မျက်ဝန်းများထဲတွင် လိုအင်ဆန္ဒများဖြင့်ပြည့်နှက်နေလေ၏။ ​ထိုအခိုက်အတန့်တွင် ကျိုးထောင်ဟွားသည် ပြဿနာကြီးတစ်ခုကို သဘောပေါက်လိုက်သည်။ သူမသည် တဖြည်းဖြည်းနှင့် ရှန်းမင်ကို သူမနှင့်ပိုပိုပြီးရင်းနှီးလာအောင်လုပ်မိနေပုံရ၏။ သူ့ဆီမှနေတွန်းလှန်မရနိုင်သော အလိုဆန္ဒများကို သူမရှင်းရှင်းလင်းလင်းခံစားနေရသည်။

​ဒါပေမယ့် ဒါပေမယ့် သူက.....

​ကျိုးထောင်ဟွား ခြေထောက်အချင်းချင်းပွတ်မိပြီး စိတ်လှုပ်ရှားနေသည်။ ​သူမနဲ့ရှန်းမင်က ပန်းချီကားထဲကလို ဖြစ်သွားကြမှာလား။ ​ပထမဆုံးအကြိမ်ဆိုလျှင်နာကျင်ရသည်ဟု သူမ ကြားဖူးသည်။ ​ဒါမှမဟုတ် ပထမဆုံးအကြိမ်က မနာဘူးလို့ကြားဖူးတာများလား။

​"ညီမထောင်ဟွား ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

​ကျိုးထောင်ဟွား၏ ရုတ်တရက်တွန်းထုတ်မှုကိုခံလိုက်ရသဖြင့် ရှန်းမင်အသံတွင် ဝမ်းနည်းသံအနည်းငယ် ပါဝင်နေသည်။ သို့သော် သူ့အနမ်းမှာသူမကို စိတ်မကျေနပ်ဖြစ်စေခဲ့မည်အား စိုးရိမ်သဖြင့် သူဘာအမှားလုပ်မိသည်အား နှိမ့်ချဟန်ဖြင့်မေးလာ၏။ ​ကျိုးထောင်ဟွား ခေါင်းအားဆက်တိုက်ယမ်းပြလိုက်သည်။ ​သူမနှင့် ရှန်းမင်မှာတစ်လကျော်ကျော်လေးနေရင် လက်ထပ်ရတော့မည်ဟုတွေးမိပြီး စိတ်လှုပ်ရှားသလို ပါးပြင်များမှာလည်း မှည့်ဝင်းနေသော တည်သီးကဲ့သို့ နီရဲလာလေ၏။

​"အစ်ကိုရှန်းမင် ညီမ အခုမှသတိရတယ်၊ အဆောင်လက်ဖွဲ့တွေ ကုန်နေပြီမလို့ အခန်းထဲပြန်ပြီးသွားရေးလိုက်ဦးမယ်"

​ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားသည် သူမအနောက်ဘက်အခန်းဆီသို့ ထွက်ပြေးသွားလေသည်။ ​သို့သော် တံခါးပိတ်ပြီး စက္ကူဝါများကိုဖြန့်ခင်းလိုက်သော်လည်း အဆောင်လက်ဖွဲ့ရေးဆွဲရန် စိတ်ကူးမရှိပေ။ ​ဝိညာဉ်စွမ်းအင်မလုံလောက်သေးသော်လည်း သူမ ရှန်းမင်ကို ထပ်မနမ်းရဲတော့ချေ။ လက်ချင်းကိုင်ရုံလောက်နှင့်လည်း လုံလောက်သည့်ဝိညာဉ်စွမ်းအင်အားမရနိုင်ပေ။ ​ကျိုးထောင်ဟွား ဤအကြပ်အတည်းနှင့် ရုန်းကန်နေစဉ် နေ့လည်ခင်းသို့ရောက်ရှိလာပြီး မိုးသည်းထန်စွာရွာသွန်းမှုသည်လည်း နောက်ဆုံးရပ်တန့်သွားလေသည်။ ရွာသားများ တစ်ယောက်ပြီးတစ်ယောက် အပြင်ထွက်လာကြ၏။

​"ကြည့်လိုက်ကြစမ်း သက်တန့်ကြီးဟေ့"

​မိုးတိတ်ပြီးနောက် သက်တန့်ကြီးအားမြင်လိုက်ရသဖြင့် လူတိုင်းစိတ်ဓာတ်တက်ကြွလာကြသည်။ ​ဖုန်းရှီမှာကြောက်ရွံ့မှု မပြယ်သေးသောအသံဖြင့် ပြောလိုက်၏။

"မနေ့ည တောင်ပေါ်ကနေဆူညံသံတွေ ကြားရတုန်းကဆို ငါတော့အသက် ၆၆နှစ်မှာ သေရတော့မယ်ထင်နေတာ"

​ချောင်ချွင်းရှန်လည်း ထောက်ခံပြောဆိုလိုက်သည်။

"ဘယ်သူက မထင်ဘဲနေမှာလဲ၊ ငါလဲအသက်ရှင်လို့မဝသေးဘူး"

​ချန်ရုန်ရုန်သည် မနေ့ည၌ဖြစ်ပျက်ခဲ့သည်များအား တွေးမိပြီးငိုချင်စိတ်ပေါက်သွားရသည်။ ​ကံကောင်း၍သာ ရှန့်ချိုးနှင့်အဖေတို့ အချိန်မီဝင်တားနိုင်ခဲ့၏။ ထိုသို့မဟုတ်ပဲ သူမသာ ကလေးနှစ်ယောက်ကို ခေါ်ပြီး မိုးထဲလေထဲထွက်သွားခဲ့လျှင် သူတို့လေးတွေ အပြင်းအထန်ဖျားနာပြီး မတွေးရဲစရာအကျိုးဆက်များဖြစ်လာမည်မှာသေချာသည်။ ဤအဖြစ်အပျက်ပြီးသွားချိန်တွင် ချန်ရုန်ရုန်သည် ကျိုးထောင်ဟွားကို အမှန်တကယ်လေးစားအားကျသွားခဲ့၏။

​"ညီမထောင်ဟွားက တစ်ကယ်တော်တာပဲ၊ ရွာမှာမိုးသည်းကြီးမည်းကြီးရွာမယ်ဆိုတာကိုသုံးလကြိုဟောကိန်းထုတ်နိုင်ခဲ့ရုံတင်မကဘူး တောင်စောင်းကာကွယ်ရေးစီမံကိန်းကိုပါ အရမ်းတိကျပြီး ခိုင်ခံ့အောင်တည်ဆောက်နိုင်ခဲ့တယ်"

​ချန်ရုန်ရုန် စိတ်လှုပ်ရှားဟန်ဖြင့်ပြောလိုက်သည်။ ​မုန်တိုင်းအားဘေးကင်းကင်းဖြင့် ကျော်ဖြတ်နိုင်ခဲ့သဖြင့် လူတိုင်းမှာ ပိုက်ဆံရှာရန် ပန်းထိုးအလုပ်ရုံသို့ ပြန်သွားနိုင်ကြပြီဖြစ်သလို ရွာလုံခြုံရေးအဖွဲ့မှရွာသားများလည်း သူတို့တာဝန်ကို ဆက်လက်၍ တည်ကြည်စွာထမ်းဆောင်နေကြ၏။ ​မုန်တိုင်းကြောင့်ဖြစ်ပေါ်လာမည့် မြေပြိုခြင်းနှင့် ရွှံ့ခဲပြိုကျခြင်း ဘေးအန္တရာယ်များကို အောင်မြင်စွာရှောင်လွှဲနိုင်ခဲ့သဖြင့် ကျိုးထောင်ဟွား သက်ပြင်းချနိုင်သွားသည်။ ​တစ်ချိန်တည်းမှာပင် မုန်တိုင်းပြီးနောက် တောနက်ထဲမှနေ ဘာတွေထွက်ပေါ်လာမည်အား သူမ အလွန်တရာမျှော်လင့်နေမိ၏။

​"ဟေ့ လူသန်ကြီး ငါနဲ့အတူတောင်ပေါ်လိုက်ခဲ့ဦး"

All Chapters