အခန်း (၃-၄)
Vol. 1 Ch. 3-4
၃ ) - ပြီးပြည့်စုံသော အမျိုးသား
အေးစက်နေသော ရုံးခန်းထဲတွင် ကုဟွိုင်အန်းသည် မေးရိုး ခပ်တင်းတင်း ၊ နှုတ်ခန်း စေ့ပိတ်လျက် ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့သည်။
ဝတ်ရုံပြည့် ဝတ်ဆင်ထားသော လူ အနည်းငယ်က အသက်တောင် ကျယ်ကျယ် မရှူရဲဘဲ ရုံးခန်း အလယ်မှာ ခေါင်းငိုက်စိုက်ချထားခဲ့ကြသည်။
လက်ရှိ အခြေအနေကို ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ စိတ်ဖြင့် တဒုတ်ဒုတ် ခုန်နေသော နားထင်သွေးကြောတွေကို သူ့လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်မိသည်။
သူ သေသွားခဲ့တာ မဟုတ်ဘူးလား။
သူ့အရင်ဘဝတုန်းက အက်ဆီးဒင့်အကြောင်း ပြန်တွေးမိတော့ ကုဟွိုင်အန်းရဲ့ မျက်လုံးတွေ ချက်ချင်း အေးစက်သွားသည်။
“ ထွက်သွားကြတော့။ ”
“ ဟုတ်ကဲ့။ ”
ခံစားချက်ကင်းမဲ့သော အသံက အေးစက်တင်းမာနေသော်လည်း လူ တချို့အတွက်တော့ ထိုအသံဟာ ကောင်းကင်ဘုံမှ လာတဲ့ တေးသံသာလိုပါပဲ။ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလိုပင် သူတို့ အလွန် ပျော်သွားကာ ချက်ချင်း ပြေးထွက်လာခဲ့လိုက်သည်။
သူတို့နောက်မှာ ရှိတဲ့ တံခါးကို ပိတ်ပြီးတော့မှ စိတ်အေးသွားတဲ့ သက်ပြင်းလေးကို နောက်ဆုံးမှာ မှုတ်ထုတ်နိုင်တော့သည်။
“ ဥက္ကဌကုရဲ့ အရှိန်အဝါက အခုတလော ပို,ပိုကြောက်စရာကောင်းလာတယ်လို့ မင်းတို့ မထင်ကြဘူးလား။ ”
“ ငါ အသက်ရှူကျပ်လွန်းလို့ သေတော့မလိုပဲ။ နောက်ဆုံးတော့ ငါတို့ကို ထွက်သွားခွင့်ပေးလို့ တော်သေးတယ်။ ”
“ ဥက္ကဌကုက တကယ့်ကို လူသားလေအေးပေးစက်ပဲ။ ဘာလို့ အပင်ပန်းခံပြီး လေအေးပေးစက်ခလုတ်ကို သွားဖွင့်နေရမှာလဲ။ ဥက္ကဌကုဘေးမှာ ရပ်နေရုံနဲ့တင် ကုမ္ပဏီ တစ်ခုလုံး မီတာခတွေ ချွေတာနိုင်လိမ့်မယ်။ ”
မျက်မှာချင်းဆိုင် ရပ်နေသော လူက သူတို့ဘက် လျှောက်လာတဲ့ လူတွေကို မြင်သောကြောင့် တခြား လူတွေကို ချက်ချင်းပဲ ချောင်းဟန့် သတိပေးလိုက်၏။
“ ဘာဖြစ်တာလဲ။ လည်ချောင်းနာလို့လား။ ”
ချောင်းဟန့် သတိပေးလိုက်တဲ့ လူ : “ … ”
သူ မျက်လုံးအကြည့်ဖြင့်သာ စိတ်ပျက်လက်ပျက် သတိပေးလိုက်တော့မှ ကျန်တဲ့ နှစ်ယောက်လည်း သဘောပေါက်သွားကာ နောက်လှည့်ကြည့်လိုက်တော့ အချိန်ကိုက် ရောက်လာသော လက်ထောက်ကန်းနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားလေသည်။
သူတို့ သုံးယောက်လုံး အလွန် ရှက်သွားမိသည်။
“ စကားပြောတာ ကြည့်ကြပ် ပြောကြစမ်း။ ” လက်ထောက်ကန်းက သူတို့ကို တည်တည်တင်းတင်း ကြည့်ကာ ဥက္ကဌကုရဲ့ ရုံးခန်းထဲ ဝင်သွားသည်။
သူတို့ထဲမှ တစ်ယောက်က နဖူးပေါ်က အေးစက်တဲ့ ချွေးတွေကို သုတ်လိုက်၏။ “ သူ ငါတို့အတင်း ပြောလိမ့်မယ်လို့ မင်းတို့ မထင်ဘူးလား … ”
“ ငါ ထင်တာတော့ … မပြောလောက်ပါဘူး … ”
ရုံးခန်းထဲမှာ ကုဟွိုင်အန်းက အေးစက်မှိုင်းညို့စွာ ရယ်မောလိုက်သည်။ အရင်ဘဝတုန်းက သူ သူတို့တွေကို အလျှော့ပေးခဲ့မိသည်။ အခု ကောင်းကင်ဘုံက သူ့ကို ပြန်လည် မွေးဖွားခွင့်ပေးလာချိန်မှာတော့ အလွယ်တကူ ကျော်သွားမပေးနိုင်တော့ပါ။
တစ်ယောက်ချင်းစီတိုင်း ပြန်ပေးဆပ်ရမည်။
အရင်ဘဝတုန်းက သူ့ကို ပီကေလို တွယ်ကပ်နေခဲ့သော ရှန်းတန်အကြောင်း တွေးမိတော့ ခေါင်းထဲမှာ ဘာမှ မကျန်တော့အောင် ခါယမ်းပစ်ရင်း ကုဟွိုင်အန်းရဲ့ မျက်လုံးထဲမှာ စိတ်မရှည်သည့် အရိပ်အငွေ့တွေ ပေါ်လာသည်။
တကယ်လို့ သူသာ ရက် နည်းနည်းလောက် ပိုစောပြီး ပြန်လည် မွေးဖွားလာခဲ့လျှင် စာချုပ်ကို အခုထိ လက်မှတ်ထိုးရလောက်ပြီးမှာ မဟုတ်ပါ။ သူ အပိုဆောင်း ခံစားခွင့် စာချုပ် တစ်စောင်ကို ထပ်ဖြည့်ပြီး လက်ထောက်ကန်းကို ပေးလိုက်သည်။
“ ဒီစာချုပ်ကို ရှန်းတန်ကို ပေးပြီး လက်မှတ်ထိုးခိုင်းလိုက်။ ”
သူ စဉ်းစားပြီးတော့ ထပ်ပြောလိုက်၏။ “ သူမ လက်မှတ်ထိုးချင်တယ် ဆိုရင် သူမကို တစ်လကို နောက်ထပ် တစ်သန်းစီ ထပ်ပေးလိုက်။ ”
ပိုက်ဆံနှင့် ဖြေရှင်းလို့ ရတဲ့ ပြဿနာတွေကို ပိုက်ဆံက ဖြေရှင်းသွားလိမ့်မည်။ ဒီပမာဏ နည်းနည်းလေးထက် ရှန်းတန် တွယ်ကပ်နေမှာကို သူ ပိုကြောက်သည်။
လက်ထောက်ကန်းက စာချုပ်ပါ အကြောင်းအရာတွေကို အံ့ဩစွာ ကြည့်လိုက်သည်။
သို့သော်လည်း လက်ထောက် တစ်ယောက်အတွက် အရေးကြီးဆုံး အလုပ်က စကား နည်းနည်းပဲ ပြောပြီး အလုပ် များများ လုပ်ဖို့ ဖြစ်သောကြောင့် စာချုပ်ကို သူ ယူသွားပြီးတော့မှပဲ စီးပွားရေးလုပ်ငန်းကိစ္စတွေအကြောင်း စတင် ပြောဆိုနိုင်ပါတော့သည်။
***
ရှန်းတန်သည် အစ်ကိုဝမ်၏ လမ်းညွှန်းမှုအတိုင်း နာမည်ကြီး အနုပညာရှင် တစ်ယောက်ရဲ့ ပရိသတ်တွေကို မတော်တဆ တမင်တကာ စော်ကားပြီးနောက် ထိုပရိသတ်တွေဆီမှာ အကြိမ်းမောင်းခံရရုံက လွဲလို့ လတ်တလော ဘာလုပ်စရာမှ မရှိတော့ပေ။ ထို့ကြောင့် တစ်နေ့ခင်းလုံး ဆိုဖာပေါ် လဲလျောင်းကာ ဂိမ်းဆော့နေခဲ့သည်။
သူမ အကြောအချင်ဆန့်ဖို့ မတ်တပ်ရပ်လိုက်တော့မှ ညရောက်သွားပြီ ဆိုတာ သိလိုက်သည်။
ပြတင်းပေါက်ဘေးမှာ ရပ်လိုက်လျှင် မီးရောင်တွေ တဖျတ်ဖျတ် တောက်ပနေသော မြို့ကြီးကို မြင်နိုင်သည်။
အိမ်အပြန်လမ်းတွင် ကုမ္ပဏီမှာ အချိန်ပိုဆင်းနေကြတဲ့ ဝန်ထမ်းတွေ အများကြီး ရှိတာကို သတိထားမိခဲ့သည်။ ထိုဝန်ထမ်းတွေ အတင်း ပြောနေကြတာကို ရှန်းတန် နားထောင်နေလိုက်၏။
ကုမ္ပဏီက အမျိုးသား အနုပညာရှင် တစ်ယောက်ဟာ အမျိုးသမီး ပရိသတ် တစ်ယောက်နှင့် အိပ်မိခဲ့ပြီး အခုတော့ ငွေညှစ်ခံနေရသည်တဲ့။ ပိုဆိုးတာက သူ့မှာ ဒီအနုပညာနယ်ပယ်ထဲကပဲ ချစ်သူကောင်မလေး တစ်ယောက် ရှိနေတာပါ။
ရှန်းတန် စုတ်သပ်လိုက်သည်။ ကိုယ့်ကျင့်တရား ဆိုတာ ယောက်ျား တစ်ယောက်ဘက်က ပေးနိုင်တဲ့ အကြီးမားဆုံး လက်ဆောင်ပဲ။ ကိုယ်ကျင့်တရားမကောင်းတဲ့ ယောက်ျား တစ်ယောက်က အချစ်ခံရဖို့ မထိုက်တန်ဘူး။
ဒရိုင်ဘာက အောက်ထပ်မှာ သူမကို စောင့်နေဆဲ ဖြစ်သည်။
သူမ မေးကြည့်လိုက်တော့ တစ်နေ့ခင်းလုံး သူမကို စောင့်နေခဲ့တာ ဖြစ်ကြောင်း သိလိုက်ရသည်။
ရှန်းတန်သည် အနည်းငယ် စိတ်မကောင်းဖြစ်သွားမိ၏။ “ နောက်တစ်ခါကျ ရှင် ကိုယ် လုပ်စရာရှိတာကိုယ် လုပ်နေလို့ ရပါတယ်။ ကျွန်မကို ဒီမှာ စောင့်နေစရာ မလိုပါဘူး။ ”
“ ကျွန်တော်က မဒမ် တစ်ယောက်တည်းရဲ့ ဒရိုင်ဘာပါ။ ကျွန်တော်ရဲ့ တာဝန်က မဒမ့်ဆီမှာ ( ၂၄ ) နာရီလုံး အမှုထမ်းဖို့ပါ။ ”
ရှန်းတန်သည် သူမရဲ့ အပေါစား ခင်ပွန်း၏ ရက်ရောမှုအပေါ် နောက်တစ်ခေါက် လက်ဖျားခါမိသွားသည်။ သူမတို့ နှစ်ယောက်က စာချုပ်ကြောင့် လက်ထပ်ထားတာ ဖြစ်သော်လည်း သူကတော့ သူမကို ပေးသင့်သော အဆောင်အယောင်တွေ မှန်သမျှ ပေးထားခဲ့သည်။
ရှစ်နာရီ မထိုးခင် သူမ အိမ်မပြန်တတ်ပါ။
ထိုအချိန်မှာ လက်ထောက်ကန်းကတော့ သူမကို စောင့်နေတာ အချိန် တချို့ ကြာသွားပြီ ဖြစ်သည်။
သူက သူမကို အိမ်မှာ ရှိနေမည်ဟု ထင်ထားတာ ဖြစ်ပြီး အပြင်မှာ အလုပ် လုပ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုအဖြစ်က လက်ထောက်ကန်းအား သူမအပေါ် အနည်းငယ် အထင်ကြီးသွားစေသည်။
စိတ်မမှန်တဲ့ အူကြောင်ကြောင် မိန်းကလေးအဖြစ်ကနေ စိတ်လည မမှန် ၊ အူကြောင်ကြောင်လည်း နိုင်ပေမဲ့ အလုပ်တော့ ကြိုးစားတဲ့ မိန်းကလေး တစ်ယောက်အဖြစ်ပေါ့။
ဟမ့် ၊ အဲ့ဒါက အရမ်း ကွာတာတော့လည်း မဟုတ်ပါဘူး။
ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတာကို မြင်တော့ လက်ထောက်ကန်းက စာရွက်စာတမ်း တချို့ကို ထုတ်ယူကာ သူမအား ပေးလိုက်သည်။ “ ကျေးဇူးပြုပြီး အဲ့စာချုပ်တွေကို တစ်ချက်လောက် ဖတ်ပေးပါ။ ဘာပြဿနာမှ မရှိဘူး ဆိုရင်တော့ မင်း လက်မှတ်ထိုးလို့ ရပါပြီ။ တစ်လကို နောက်ထပ် တစ်သိန်း အပို ပေးမယ်လို့ ဥက္ကဌကုက ပြောထားတယ်။ ”
အစတုန်းက စာချုပ်တွေကို ဖတ်ချင်နေသော ရှန်းတန်သည် “ တစ်သန်း ” ဟူသော စကားလုံးကို ကြားသည်နှင့် ချက်ချင်းပဲ ဘောပင် ကောက်ကိုင်ကာ လက်မှတ်ထိုးရမည့် နေရာလွတ်လေးမှာ လက်မှတ်ထိုးလိုက်လေသည်။
လက်ထောက်ကန်း ထိတ်လန့်သွားသည်။ “ မင်း အရင် မဖတ်တော့ဘူးလား။ ”
“ ဥက္ကဌကုကို ကျွန်မ ယုံပြီးသားပါ။ ဖတ်နေစရာ မလိုဘူး။ ”
ကုဟွိုင်အန်းက စိတ်ထားကောင်းတဲ့ လူ တစ်ယောက် ဆိုတာ သူမ အစကတည်းက သိသည်။ ပြီးတော့ တစ်လ တစ်သန်း ဆိုတဲ့ ပမာဏကို သူမ မငြင်းဆန်နိုင်ပေ။
ထိုပမာဏက သူမကို မနက်တိုင်း အကြိမ် နှစ်သိန်းလောက် လန့်နိုးလာစေဖို့ လုံလောက်သည်။ လူ အများစုဟာ တစ်နှစ်မှာ အဲ့လောက် ပမာဏ များများကို ရှာနိုင်မှာ မဟုတ်ပါ။ သူမမှာ ငြင်းဆန်စရာ အကြောင်းပြချက် ရှိမတဲ့လား။
လက်ထောက်ကန်းက ရှန်းတန်အား ဥက္ကဌကုကို ဒီလောက် ယုံကြည်လိမ့်မည်ဟု ထင်မထားပေ။ သူ စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။ “ မင်း တစ်ခေါက်လောက်တော့ ဖတ်ကြည့်သင့်တယ်။ ”
ရှန်းတန်သည် အဲ့ဒီတော့မှ အပိုဆောင်းခံစားခွင့်စာချုပ်ကို သေချာ ဖတ်ကြည့်လိုက်သည်။
၁ - မလိုအပ်လျှင် တစ်ဖက်လူအနား ၃ မီတာ အကွာအဝေးထက် ပို၍ ချဉ်းကပ်မလာရ။
ကိစ္စမရှိဘူး။ ၃ မီတာတည်း မဟုတ်ဘူး ၊ မီတာ ၃၀ ဆိုရင်တောင် အဆင်ပြေတယ်။
၂ - မလိုအပ်လျှင် အသားချင်း ထိတွေ့မှုအား ကန့်သတ်ထားသည်။
ရှန်းတန် : “ ??? ”
“ ဒီအချက် နှစ်ခုက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတာ မဟုတ်ဘူးလား။ ကျွန်မတို့ ၃ မီတာထက် ပိုပြီး အနားကပ်လို့ မရဘူး ဆိုရင် အသားချင်းလည်း ဘယ်လိုလုပ် ထိလို့ ရမှာလဲ။ ”
သူမ အရပ်ကတောင် ၃ မီတာ မရှိပါ။
လက်ထောက်ကန်းက ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ တကယ်တော့ သူလည်း ထို ထပ်တိုး အချက်အလက်တွေက အလွန် ထူးဆန်းသည်ဟု ခံစားရပါသည်။
ထိုအချက်တွေရဲ့ နောက်မှာတော့ သူမက ကိုယ့်နေရာကိုယ် သိရမည် ဖြစ်ကာ သူ့နားကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်မလာဖို့ ဖော်ပြထားသည်။
စာချုပ်ပါ အကြောင်းအရာကို တစ်ကြိမ် ချိုးဖောက်သည်နှင့် သူ့မှာ စာချုပ်ကို ရပ်စဲဖျက်သိမ်းပိုင်ခွင့် ရှိသည်။
စာချုပ်ကို ဖျက်သိမ်းမယ်တဲ့လား … ။
ထိုစကားကို ကြားတော့ ရှန်းတန်ရဲ့ နှလုံးသားက စည်းချက် တစ်ချက် လွတ်သွားသည်။ စာချုပ်သာ ဖျက်သိမ်းလိုက်ရင် ပိုက်ဆံတွေ အကုန်လုံးလည်း အငွေ့ပျံသွားမှာပဲ။
သန်း ၂၀၀ ဆိုတဲ့ ပိုက်ဆံတွေကို လက်လွှတ်ဆုံးရှုံးခံလိုက်ရမှာ … ။
ရှန်းတန်သည် စာချုပ်ကို ရင်မှာ ကပ်ထားလိုက်ကာ လက်ထောက်အန်းအား လေးလေးနက်နက် ပြောလိုက်၏။ “ ကျွန်မ ဒီအချက်အလက်တွေကို သေသေချာချာ မှတ်မိအောင် ကျက်ထားပြီး မနက် အိပ်ရာနိုးတိုင်း ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် သတိပေးရင်း ကိုယ့်နေရာကိုယ် မမေ့အောင် အလွတ်ရွတ်နေပါ့မယ်လို့ ဥက္ကဌကုကို တစ်ချက် ပြန်ပြောပေးပါနော်။ ”
လက်ထောက်ကန်း : “ ….. ”
အဲ့လောက်ကြီးထိ လိုလို့လား။
“ သူမ တကယ် အဲ့လို ပြောလိုက်တာလား။ ”
“ ကောင်းပြီ။ ”
ကုဟွိုင်အန်းသည် ဖုန်းချလိုက်ပြီးနောက် စိုထိုင်းထိုင်း ဖြစ်နေသော သူ့ဆံပင်ကို ခြောက်အောင် သုတ်ရန် တဘက်ကို ယူလိုက်သည်။ အခုမှ ရေချိုးခန်းထဲကနေ ထွက်လာတာမို့ သူ့ခန္ဓာကိုယ်ပေါ်ကနေ ရေစက်ရေပေါက်တွေ စီးကျနေကာ စူးရှသော မျက်လုံး ၊ မျက်လုံးတို့ကတော့ ပိုလို့ စူးစူးရှရှ ဖြစ်နေခဲ့သည်။
သွားရလာရ အဆင်ပြေ လွယ်ကူစေရန်အတွက် ကုမ္ပဏီနားက တိုက်ခန်းမှာ သူ တစ်ခါတရံ လာနေတတ်သည်။
ရှန်းတန်ရဲ့ တုံ့ပြန်မှုက သူ့ကို အတော်လေး အံ့အားသင့်သွားစေသည်ဟု ပြောရပါမည်။
အရင်ဘဝတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်သတိရသွားတော့ ရှန်းတန် ကိစ္စကြီး တစ်ခုကို အစီအစဉ်ဆွဲနေတာ ဖြစ်ရမည်ဟု ကုဟွိုင်အန်း ခံစားလိုက်ရသည်။
ထိုအတွေးကြောင့် သူ အလုပ် စမလုပ်သေးခင်မှာ အိမ်အကူဆီ မက်ဆေ့ခ်ျ လှမ်းပို့လိုက်ပါသည်။
တချို့ လူတွေက တစ်ညလုံး မအိပ်ဘဲ အလုပ် လုပ်နေချိန်မှာ တချို့ လူတွေကတော့ အိပ်မက်ကမ္ဘာထဲမှာ သက်သောင့်သက်သာ ပျော်ပါးနေခဲ့သည်။ နောက်ဆုံးမှာ ဒုတိယဘဝကို ရခဲ့ပြီမို့ ဒီဘဝကို ရှန်းတန် တန်ဖိုးထားရမည် ဖြစ်ကာ သူမကိုယ်သူမ ကျန်းမာရေးနှင့် ညွီညွှတ်အောင် နေထိုင်ရပါမည်။ ထို့ကြောင့် ည ဆယ့်တစ်နာရီ ထိုးသည်နှင့် အိပ်ဖို့ အဆင့်သင့် အနေအထားဖြင့် အိပ်ရာထဲ ရောက်သွားသည်။
ဆယ့်တစ်နာရီနှင့် နှစ်နာရီကြား အချိန်က ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို အသည်းက ချေဖျက်သည့် အချိန် ဖြစ်သည်။ ကျန်းမာရေးနှင့် ညွီညွှတ်တဲ့ လမ်းညွှန်ချက်တွေကို ရှန်းတန် လိုက်နာသည်။
နောက်တစ်နေ့မနက် သူမ အိပ်ရာက နိုး,နိုးချင်း ပထမဆုံး လုပ်တဲ့ အရာက စာချုပ်ကို သူမရဲ့ စိတ်ထဲမှာ စွဲမြဲနေအောင် အပြန်ပြန် အလှန်လှန် ဖတ်တာပဲ ဖြစ်သည်။
ပြောရရင် ထိုစာချုပ်က သူမဘဝရဲ့ လက်ကျန်သက်တမ်း တစ်ဝက် ပျော်ရွှင်မှုနှင့် တိုက်ရိုက် အချိုးကျနေသည်။
ထို့နောက် သူမ ရေမိုးချိုးကာ Skin care လုပ်လိုက်၏။
ကံကောင်းချင်တော့ လက်ရှိ ရှန်းတန်ရဲ့ ပုံပန်းသဏ္ဍာန်က အရင်ဘဝတုန်းက ရှန်းတန်နှင့် တစ်ပုံစံတည်း တူနေသည်။ အဲ့ဒါကြောင့်ပဲ သူမရဲ့ ပုံစံ အသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ညှိယူဖို့ အဆင်သင့် ဖြစ်နေတာပါ။ သူမတို့ နှစ်ယောက်လုံးဟာ ပတ်သက်ဆက်နွှယ်မှု တစ်ခုတည်းကို မျှဝေထားသည်ဟု ခံစားရသည်။
အဲ့ဒါတွေ ပြီးတော့ မနက်စာ စား ၊ ဖျော်ရည် သောက် ၊ သူမကိုယ်သူမ အလိုလိုက် ၊ အလှအပ ကုထုံးတွေ ခံယူခြင်းဖြင့် အဆင်ပြေ လွယ်ကူသော နေ့ရက်တွေ တစ်ရက်ပြီး တစ်ရက် ကုန်လွန်လာခဲ့သည်။
ဆေးရုံတက်နေရတဲ့ သူမရဲ့ လူမမာ မောင်လေးကို သတိရသွားတော့ ရှန်းတန်သည် ဆေးရုံကို ကိုယ်တိုင် လူနာသွားတွေ့ခဲ့၏။ သနားစရာ ကလေးလေးဟာ လူနာခုတင်ပေါ်မှာ မျက်နှာဖြူလျော်စွာ လဲလျောင်းနေသော်လည်း အလွန် လိမ္မာရေးခြားရှိစွာဖြင့် သူမကို အစ်မတန်ဟု ချစ်ခင်စွာ ခေါ်ဝေါ်နေသေးရဲ့။ သူမရဲ့ နှလုံးသားလေး အရည်ပျော်ကျသွားပြီး သူ့ကို အထူး လူနာခန်းသို့ ရွေ့ပေးလိုက်ကာ အထူးနာ့စ် တစ်ယောက်ကိုလည်း ငှားရမ်းပေးခဲ့သည်။
မျက်စိ တစ်မှိတ်အတွင်းမှာပဲ ရက် အနည်းငယ် ကုန်လွန်သွားကာ သူမရဲ့ အသားအရေကလည်း ပိုလို့ နူးညံ့ချောမွတ်လာခဲ့သည်။
သို့သော်လည်း …
ရှန်းတန်သည် သူမရဲ့ နူးညံ့သော ဗိုက်လေးကို ဖျစ်ညှစ်ကြည့်လိုက်၏။ သူမ ဝိတ်တက်လာတာလား။
ရှန်းတန် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ “ ကျွန်မ ပိုဝလာတာလားဟင် ဦးလေးဟယ့်။ ”
ဦးလေးဟယ့်ရဲ့ မျက်လုံးထောင့်စွန်းတွေ ကော့တက်သွားသည်။ တစ်နေ့ တစ်နေ့ စားလိုက် အိပ်လိုက် လုပ်နေတာ ၊ သူမ ဝိတ်မတက်လာတာကမှ ထူးဆန်းတာ မဟုတ်လား။
ဒါပေမဲ့ သခင်မလေးအတွက်ကတော့ ထိုအရာကို လက်ခံဖို့ ခက်ခဲပါလိမ့်မည်။ ပြီးတော့ မိန်းကလေးတွေဟာ နည်းနည်းလောက်တော့ ပြည့်ပြည့်ဖြိုးဖြိုး ရှိမှ ပိုကြည့်ကောင်းသည်ဟု သူ ခံစားရသည်။
ဦးလေးဟယ့်က ဂရုတစိုက် စကားလုံး ရွေးပြီး ပြန်ပြောလိုက်၏။ “ နင် အရင်တုန်းက အရမ်း ပိန်ခဲ့တာလေ။ အခု အနေတော်လောက်ပါပဲ။ ”
ရှန်းတန် သက်ပြင်းချလိုက်သည်။ ဒါဆို သူမ တကယ်ကြီး ဝလာတာပဲ။ စားချင်စဖွယ် အစားအသောက်တွေ ပြည့်နှက်နေသော စားပွဲကို ကြည့်ပြီး သူမ နာကျင်စွယ တံထွေးမျိုချကာ ပြောလိုက်သည်။ “ အစ်မထောင်ကို ကျွန်မအတွက် ဝိတ်ကျစေမယ့် အစားအစာတွေပဲ ချက်ခိုင်းလိုက်ပါ ဦးလေးဟယ့်။ ”
“ ထားလိုက်ပါဦးမယ်။ ဒီနေ့ မလုပ်သေးဘဲနဲ့ မနက်ဖြန်မှ စလုပ်လည်း ရတာပဲ။ ”
ရှန်းတန် တစ်ယောက် စိတ်ထဲကနေ လက်သီးဆုပ်လိုက်သည်။ သူမ မနက်ဖြန်က စပြီး ကြိုးကြိုးစားစား ဝိတ်လျှော့မည်။
ဦးလေးဟယ့်က ခေါင်းတခါခါဖြင့် ပြုံးလိုက်၏။ သခင်မလေး ရောက်လာကတည်းက အိမ်မှာ ရှိတဲ့ အေးစက်မှုတွေ အကုန်လုံး ပျောက်ကွယ်ကာ အသက်ဝင် တက်ကြွမှုတွေက နေရာယူသွားခဲ့လေသည်။
အခန်း ( ၄ ) - သေလိုက်ပါတော့ဟယ် ၊ ဘာလို့ အဲ့နေရာက ကြီးထွားမလာရတာလဲ။
နောက်တစ်နေ့ ရောက်တော့ ရှန်းတန်သည် နေ့လယ်ရောက်မှ အိပ်ရာထခဲ့သည်။ အစ်မထောင်က အဆီနည်းသော စားကောင်းသောက်ဖွယ်တွေကို ပြင်ဆင်ထားသော်လည်း အရသာရှိလွန်းသောကြောင့် ရှန်းတန်သည် အများကြီး စားမိသွားကာ သူမ လိုချင်သလို ဝိတ်ကျတဲ့ အကျိုးသက်ရောက်မှုကို မရတော့ပေ။
ထို့နောက် သူမ အားကစားဖျာပေါ်မှာ လဲလျောင်းကာ အိပ်ထမတင် လုပ်ရင်း ဝေ့ပေါ်ကို ဖွင့်လိုက်သည်။ မက်ဆေ့ခ်ျတွေ အများကြီး ဝင်နေတာမို့ အချိန် အတော်ကြာသည်ထိ ဝင်မရဘဲ အဝိုင်းလည်နေသည်။ သူမကို ကျိန်ဆဲထားကြတဲ့ မက်ဆေ့ခ်ျ တချို့ကို မြင်လိုက်တော့ ရှန်းတန် နှုတ်ခမ်းစူလိုက်ကာ ထိုအကောင့်ထဲက ထွက်ပြီး ဘယ်သူမှ မသိတဲ့ အကောင့်လေး တစ်ခုကို ပြန်မှတ်ပုံတင်လိုက်သည်။ ထိုအကောင့်ထဲ ဝင်လိုက်သည်နှင့် ချောချောလှလှ အမျိုးသား ၊ အမျိုးသမီးတွေကို သူမ အရင်ဆုံး မြင်လိုက်ရ၏။
[ အား အား အား အား။ အစ်မရေ ၊ အစ်မက ကျွန်တော့်ကို သတ်နေတာပဲ။ ]
[ အစ်မရဲ့ ခါးသွယ်သွယ်လေးက ပိုးစိုးပက်စက်ကို လှတာဗျာ။ ]
[ ကျွန်တော် တစ်ခု ဝန်ခံစရာ ရှိတယ် အစ်မ။ ကျွန်တော် အရင်တုန်းက ( ၁၉၀ ) စင်တီမီတာ အရပ်ရှိတဲ့ အသားညိုညို အားကစားသမား တစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့ နေမကောင်းဖြစ်သွားတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက ကျွန်တော့်ကို အရပ် ( ၁၆၈ ) စင်တီမီတာပဲ ရှိတဲ့ ရည်မွန်ယဉ်ကျေးတဲ့ ကောင်မလေး တစ်ယောက် ဖြစ်သွားစေခဲ့တယ်။ အစ်မ စိတ်ဆိုးလားဟင်။ ]
[ အစ်မတို့ရေ ၊ တစ်ယောက်ယောက်များ နားလည်ကြရဲ့လားဗျာ။ ကျွန်တော့်လိင်တံက သိပ်ကို မာတောင်နေတာ။ ]
ရှန်းတန်ရဲ့ မျက်နှာက သူတို့ ပြောထားတဲ့ စာတွေကို ဖတ်ကြည့်ရင်း စတော်ဘယ်ရီသီးလေးလို နီရဲသွားလျက် အပြည့်အဝ စိတ်ကျေနပ်သွားပြီးမှ သူမရဲ့ ဖုန်းလေးကို စိတ်မပါလက်မပါ ဘေးချထားလိုက်လေသည်။
ထိုညီမလေးတွေက လှပလွန်းသည်ဟု သူမ ခံစားရသည်။ ရှန်းတန်သည် သူမရဲ့ စိတ်မကျေနပ်ချင်စရာ ရင်ဘတ်ကို ငုံ့ကြည့်လိုက်မိသည်။ သေလိုက်ပါတော့ဟယ် ၊ ဘာလို့ အဲ့နေရာက ကြီးထွားမလာရတာလဲ။
ရှန်းတန်သည် တစ်နေ့ခင်းလုံး အမျိုးသား ( ၈၆ ) ယောက် ၊ အမျိုးသမီး ( ၁၂၃ ) ယောက်တို့ကို ချစ်မိသွားခဲ့လေသည်။ အစ်မထောင်ရဲ့ အသံ ထွက်ပေါ်လာတော့မှ ညစာ စားဖို့ အချိန်ရောက်ပြီမှန်း ရှန်းတန် သိလိုက်သည်။
စားချင်စဖွယ် ညစာကို ကြည့်ကာ ရှန်းတန် ခေါင်းမခါချင်ဘဲ ခေါင်းခါလိုက်ရသည်။ “ ကျွန်မ ဝိတ်ချနေတာလေ ၊ ဒါတွေ စားလို့ မဖြစ်ဘူး။ ”
အစ်မထောင်က အသုတ် တစ်ပွဲကို ယူလာခဲ့သည်။ “ ဒါကမှ မဒမ့်အတွက် ကျွန်မ ပြင်ထားတာပါ။ ”
ရှန်းတန် ခဏတာ ဆွံ့အသွားမိသည်။ “ ဒါဆို ကျန်တဲ့ ဟင်းတွေက ဘယ်သူ့အတွက်လဲ ”
“ သခင်လေးအတွက်ပါ။ သခင်လေးက ဒီည အိမ်ပြန်လာမှာတဲ့။ ”
သူတို့ဘေးမှာ ရပ်နေတဲ့ ဘဏ္ဍာစိုးရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်သော အပြုံး တစ်ပွင့် ရှိနေကာ သူ့နှုတ်ခမ်းထောင့်စွန်းတွေကတော့ ခါတိုင်းထက် ပိုမို ကော့တက်နေလေသည်။
ထိုအပေါစား ခင်ပွန်းနှင့် အခုထိ ရှန်းတန် မဆုံရသေးပါ။ စာအုပ်ထဲမှာတော့ သူ့ကို အသောက်အစားကင်း ၊ ရုပ်ချောပြီး အဘက်ဘက် ပြည့်စုံတဲ့ ယောက်ျား တစ်ယောက်အဖြစ် ပုံဖော်ထားသည်။ လက်တွေ့မှာ သူ့ပုံစံက ဘယ်လို ဖြစ်မလဲ ဆိုတာတော့ သူမ မသိ။
သူမ အလွန် စိတ်လှုပ်ရှားသွားမိသည်။ ဒါက သကြားဖေဖေပဲ။ သူမ သူ့ကို စိတ်ပျက်အောင် လုပ်လို့ မဖြစ်ဘူး … ။ စာချုပ်ထဲက အချက်အလက်တွေကို စိတ်ထဲကနေ အလျင်အမြန် အလွတ်ရွတ်ကြည့်ပြီးမှ စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။
ကုဟွိုင်အန်း ဒီမှာ မနေတာ ရက်ပေါင်းများစွာ ကြာခဲ့ပါပြီ။ လုပ်စရာရှိတဲ့ အလုပ်တွေကို လက်စသတ်ပြီးသွားသောကြောင့် သူ အောက်ဆင်းပြီး ညစာ စားဖို့ လုပ်နေစဉ်မှာပဲ တစ်ယောက်ယောက်က သူ့ကို ဘေးကနေ စူးစူးစိုက်စိုက် ကြည့်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်တော့ စင်္ကြံမှာ ရပ်လျက် သူ့ကို မျက်လုံး အပြူးသားဖြင့် ကြည့်နေသည့် ရှန်းတန်ကို မြင်လိုက်ရသည်။
“ မင်း အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ ” သူ့အသံက တယောသံလိုပင် တိုးလျပြီး သံလိုက်ဓာတ်အပြည့် ရှိသည်။ ရှန်းတန်သည် သူမရဲ့ နားထဲမှာ ကျင်ခနဲ ဖြစ်သွားတာကိုသာ ခံစားလိုက်ရ၏။ သူမက ဆွဲဆောင်မှုရှိတဲ့ အသံတွေကို သဘောကျသူ တစ်ယောက် ဖြစ်သည်။
ဒီလောက် ချောတဲ့ ယောက်ျား တစ်ယောက်ကို ရှန်းတန်ရဲ့ ဘဝမှာ ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။ ရှည်လျားသော မျက်ခုံး ၊ ခပ်မြင့်မြင့် နှာတံ ၊ ပြီးတော့ နက်ရှိုင်းတဲ့ မျက်လုံးတွေ။ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကျစ်လစ်တောင့်တင်းသော သူ့ပုံစံက အလွန် ကြည့်ကောင်းသည်။
ခန့်မှန်းချေ ၁.၉ မီတာလောက်တော့ အရပ်ရှည်မည်ဟု ထင်ရသည်။ ပေါ့ပေါ့ပါးပါး အိမ်နေရင်း အဝတ်အစား ခပ်ပွပွကို ဝတ်ဆင်ထားတာတောင်မှ သူ့ရဲ့ ပခုံးကျယ်ကျယ်တွေ ၊ ခြေတံရှည်တွေကို ဖုံးကွယ်မထားနိုင်ပေ။ သူက ကောမစ်ထဲကနေ ထွက်လာတဲ့ ဇာတ်ကောင် တစ်ယောက်လိုပဲ။
အမျိုးသမီး ဇာတ်လိုက်ရဲ့ ကံကောင်းမှုကို မျှော်လင့်ထားသလိုပင် သူက တကယ့်ကို ရုပ်ချောလွန်းသည်။
ရှန်းတန်က သူမရဲ့ သဘောကျသလို ကြည့်နေသော အကြည့်ကိုလွှဲဖယ်ကာ သူတို့ နှစ်ယောက်ကြားမှ အကွာအဝေးကို လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။ “ သုံးမီတာ ကွာတယ်နော်။ ”
သူမကို တကယ့်ကို အသေးစိတ်ကျတဲ့ လူ တစ်ယောက်ပဲ။
ကုဟွိုင်အန်း : “ … ”
သူ သူမကို ခေါင်းစခြေဆုံး သေချာ ကြည့်လိုက်ပြီး ဒီ ရှန်းတန်းဟာ အရင် ရှန်းတန်နှင့် တူတူပဲဟု ခံစားရပေမဲ့ တစ်ခုခု ပြောင်းလဲသွားသလိုပဲလို့လည်း ခံစားရပါသည်။
အနီးကပ် ကြည့်လိုက်တော့ ပြောင်းလဲသွားတာက သူမရဲ့ အကြည့် ဆိုတာ နားလည်သွားသည်။ သူမအကြည့်က ကပ်တွယ်ချင်ဟန် ၊ အချစ်မှာ အရူးအမူး ဖြစ်နေဟန် မပေါ်တော့သလို စိတ်မသက်မသာဖြစ်ချင်စရာလည်း မကောင်းတော့ပါ။
ကုဟွိုင်အန်းက အောက်ထပ်ကို အရင် ဆင်းလာခဲ့လိုက်သည်။ ရှန်းတန်က စည်းကမ်းလိုက်နာစွာဖြင့် သူ့နောက် သုံးမီတာ အကွာကနေ ကပ်လိုက်လာသည်။
ကုမိသားစုက လူချမ်းသာ မိသားစု တစ်စု ဖြစ်သော်လည်း ထမင်းစားပွဲကတော့ သုံးမီတာထက် ပိုမရှည်ပါ။ ထိုအဖြစ်က ရှန်းတန်ကို အခက်တွေ့စေသည်။ သူမက သူမရဲ့ အရွက်သုပ်ပန်းကန်ကို ယူပြီး ဆိုဖာပေါ်မှာ ထိုင်စားဖို့ ခပ်သွက်သွက် လျှောက်သွားလိုက်၏။
ကုဟွိုင်အန်းက သူမရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားပါသည်။
“ ဒီမှာ လာစား။ ” ဟု သူ ပြောလိုက်သည်။ သူ သူမမျက်နှာကို မမြင်ချင်သော်လည်း ဆိုဖာပေါ်မှာ ထမင်းစားခိုင်းတဲ့အထိတော့ လုပ်မှာ မဟုတ်ပါ။
ရှန်းတန်က ဆတ်ခနဲ လှမ်းကြည့်ပြီး သူမရဲ့ မျက်လုံးတွေကို သုံးလျက် ‘ ဒါက ရှင့်နားကို ကပ်ဖို့ လိုအပ်တဲ့ အခြေအနေလား ’ ဟု မေးလိုက်သည်။
ကုဟွိုင်အန်းသည် သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို ဘာ့ကြောင့် နားလည်နေမှန်း သူ့ကိုယ်သူတောင် မသိတော့ဘဲ ခပ်ယဲ့ယဲ့ ခေါင်းညိတ်လိုက်၏။
ရှန်းတန်က ထမင်းစားပွဲဆီ စိတ်လှုပ်ရှားစွာ ပြန်ပြေးလာပြီး ကုဟွိုင်အန်းနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး သူမရဲ့ အရွက်သုပ်ကို ခပ်တည်တည် စားနေလိုက်သည်။
သို့သော် ပါးစပ်က အစာ စားနေသော်လည်း သူမရဲ့ မျက်လုံးတွေကတော့ ကုဟွိုင်အန်းရဲ့ တူကိုသာ စွဲစွဲမြဲမြဲ ကြည့်နေလေသည်။ အသား တစ်ဖတ် ၊ အသား နှစ်ဖတ် …။
ကုဟွိုင်အန်း : “ … ”
သူ့ရဲ့ တူကိုင်ထားသော လက်က နှေးကွေးသွားသည်။
ရှန်းတန်က ချက်ချင်း အကြည့်လွှဲသွားသော်လည်း သူ့ကို မကြာခဏ လှမ်းကြည့်နေဆဲပင်။
ကုဟွိုင်အန်း တစ်ယောက် နားမလည်နိုင် ဖြစ်နေစဉ်မှာ အစ်မထောင်က ပြုံးလိုက်ပြီး ပင်လယ်စာပန်းကန်ကို သူမဆီ တွန်းပို့ပေးလိုက်သည်။ “ ပင်လယ်စာက အဆီနည်းတော့ သခင်မလေး စားလို့ ရတယ်။ ”
ရှန်းတန်က ထိုစကားကို ကြားရဖို့ စောင့်ဆိုင်းနေတာ ဖြစ်သည်။
လတ်ဆတ်သော ပင်လယ်စာ တစ်ဖတ်ကို တူနှင့် ယူပြီး သူမပါးစပ်ထဲ ထည့်လိုက်သည်။ ရင်းနှီးနေတဲ့ အရသာက လတ်ဆတ်လွန်းလို့ သူမကို ငိုချင်စိတ်ပေါက်သွားစေတဲ့အထိပဲ။
ဝါး ၊ အရမ်း အရသာရှိတယ်။
ကုဟွိုင်အန်းက အမြဲတမ်း စည်းစနစ်တကျ နေထိုင်တာမို့ ညစာကို ၇၀ % လောက်ထိပဲ ဗိုက်ဝအောင် စားတတ်သည်။
ဒါပေမဲ့ ဒီတစ်ခေါက်တော့ ရှန်းတန်က သူ့ရှေ့မှာ အားရပါးရ စားပြနေလို့လား မပြောတတ် ၊ သူ သတိဝင်လာချိန်မှာတော့ ပုံမှန် စားနေကျထက် ထမင်းပန်းကန်လုံး တစ်ဝက် ကျော်အောင် စားမိသွားပြီမှန်း သိလိုက်လေသည်။
ကုဟွိုင်အန်းရဲ့ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။ သူ ရှန်းတန်ရဲ့ လွှမ်းမိုးမှုအောက်ကို အမှန်တကယ် ကျရောက်သွားတာ ဖြစ်သည်။ သူ ထမင်းစားပွဲကနေ ချက်ချင်းပဲ မျက်နှာ မည်းမှောင်စွာ ထထွက်လာခဲ့လိုက်သည်။
ရှန်းတန်ကတော့ သူ့ကို ဂရုမစိုက်ဘဲ ညစာ စားပြီးသည်နှင့် ဆိုဖာပေါ် လှဲအိပ်ကာ ဂိမ်းဆော့တော့သည်။ ဂိမ်းဆော့ဖော် ဂိမ်းဆော့ဖက် ကောလိပ်ကျောင်းသူ တစ်ယောက်ကို မကြာသေးခင်တုန်းက သူမ ရှာတွေ့ထားသည်။
သူမက အရမ်းကြီး မဆော့တတ်သော်လည်း အပြောကတော့ အလွန် ချိုပြီး ရှန်းတန်ကို ချီးကျူးရင် ချီးကျူး ၊ မဟုတ်ရင် ရှန်းတန် ဂိမ်းဆော့တာကို ချီးကျူးနေလေ့ရှိသည်။
ထိုကောင်မလေးကို ဦးဆောင်ပေးရတာ ရှန်းတန် ပျော်သည်။
အချိန်ကို ကြည့်လိုက်တော့ သူမရဲ့ ဂိမ်းဆော့ဖော် ဂိမ်းဆော့ဖက် ကောင်မလေး အွန်လိုင်းတက်လာတော့မည့် အချိန် ဖြစ်သည်။
ရှန်းတန်ရဲ့ ဂိမ်း ID က “ အချစ်နာကျနေတဲ့ မျောက်အဒေါ်ကြီး ” ဖြစ်ပြီး ဂိမ်းဆော့ဖော် ကောင်မလေးရဲ့ ID ကတော့ “ ချစ်စရာ ကြောင်မလေး ” ဖြစ်သည်။ အရမ်း ချစ်စရာကောင်းတဲ့ ကောင်မလေးပါပဲ။
ထို ID လှလှလေးကို အစ်မထောင် ပထမဆုံး မြင်တုန်းက အံ့ဩသွားခဲ့သော်လည်း အခုတော့ ဘာမှ မထူးဆန်းသလို မျက်နှာတည်ဖြင့် နေနိုင်ပြီ ဖြစ်သည်။
“ ဒီမှာ သခင်မလေးအတွက် အာဟာရဖြည့် နို့လက်ဖက်ရည်ပါ သခင်မလေး။ ”
“ ကျေးဇူးပါ အစ်မထောင်ရေ။ အာဘွား။ ” ရှန်းတန်က နှုတ်ခမ်းကို လက်လေးဖြင့် ထိကပ်ကာ ထိုလက်ကလေးအား အစ်မထောင်ဆီသို့ လှုပ်ယမ်းပြလိုက်သည်။
အစ်မထောင် ရှက်သွား၏။
သခင်မလေးက တကယ့်ကို … ချစ်စရာကောင်းလွန်းတယ်။
အစ်မထောင်က ဒီမှာ နေလာတာ ဆယ်နှစ်ကျော်ပြီမို့ ကုမိသားစုရဲ့ လူရင်း တစ်ယောက်ဟု ပြောလို့ ရသည်။ အရင်တုန်းကတော့ ဒီအိမ်ဟာ ခြောက်ကပ်အေးစက်နေခဲ့သော်လည်း အခုတော့ သခင်မလေး ရှိနေပြီမို့ နောက်ဆုံးမှာ အသက်ဝင်လာပြီး အိမ်နှင့် တူလာသည်။
သူမရဲ့ နှလုံးသားထဲမှာ အလွန် ပျော်ရွှင်သွားမိသည်။ တကယ်လို့ အုတ်ဂူထဲမှာ ရှိနေတဲ့ သခင်မကြီးကုသာ ဒီအကြောင်းကို သိသွားရင် သူမလည်း သေချာပေါက် ပျော်မှာပဲ။
ညဘက်မို့ ဗီလာ တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။
ရှန်းတန်က မအိပ်ခင် နို့လက်ဖက်ရည်တွေ အများကြီး သောက်ထားတာမို့ ညသန်းခေါင် ရောက်တော့ ရေဆာပြီး အိပ်ရာနိုးလာခဲ့သည်။ အိမ်ထဲမှာ စီးသည့် ကွင်းထိုးဖိနပ် အပါးလေးကို စီးပြီး အောက်ထပ် ဆင်းလာခဲ့လိုက်လျှင် ချိုးချိုးချွတ်ချွတ် အသံတွေကို ရုတ်တရက် ကြားလိုက်ရလေသည်။
ဖောက်ထွင်းသူခိုးတွေများလား … ။
သူမ တိတ်တိတ်လေး ဖိနပ်ချွတ်ပြီး ဟိုဒီ ကြည့်လိုက်တော့ စားပွဲပေါ်က အလှပန်းအိုးလေးကို တွေ့သွားသဖြင့် ကောက်ကိုင်ပြီး အသံလာရာ မီးဖိုချောင်ဘက်သို့ ခြေဖော့နင်းလာခဲ့လိုက်သည်။
မီးဖိုချောင်နှင့် တဖြည်းဖြည်း နီးလာလေ ၊ အသံက ပိုပီသလာလေပါပဲ။ ရှန်းတန် နှလုံးခုန်မြန်လာပြီး အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
အဲ့ဒီနောက် မီးဖိုချောင်ထဲကနေ လူရိပ် တစ်ခု ထွက်လာချိန်မှာ သူမ ပန်းအိုးကို မြှောက်ပြီး ထိုလူ့ကို ရိုက်ချပစ်လိုက်၏။
“ အား။ ”