← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း ( ၁၇ ) - ၁၉၈၂ခုနှစ်က လုံကျင်းလက်ဖက်ရည်

ရှန်းတန်နှင့် ဟော်ရင်ရင်က ခက်ခက်ခဲခဲနှင့် တောအုပ်ကို ဖြတ်ကျော်ခဲ့သည်။ ထိုနေရာတွင် လမ်းမရှိဘဲ သစ်ပင်ချုံပုတ်တွေသာရှိသဖြင့် သူတို့မျက်နှာတွေကို ခြစ်မိခဲ့သည်။

ရှန်းတန်က ရပ်တန့်ပြီးနောက် ပြောလိုက်သည်။ “ဒါက အလုပ်မဖြစ်ဘူး။”

ဟော်ရင်ရင်က မောပန်းနေကာ သစ်ပင်ကို မှီထားလျက် အသက်ရှူနေသည်။ “ဘယ်လိုလုပ်ကြမလဲ။”

လမ်းအကြာကြီးလျှောက်ပြီးသည့်နောက်တွင် သူမ ဗိုက်ဆာနေပြီဖြစ်သည်။

ရှန်းတန်က သစ်ပင်အကြီးကြီးကို ကြည့်ပြီးသည့်နောက်တွင် သူမရဲ့ ရှပ်အင်္ကျီစကို ဘောင်းဘီထဲ ထည့်လိုက်သည်။ “ကျွန်မ အရင်တက်ကြည့်လိုက်မယ်။”

ဟော်ရင်ရင်က ထိတ်လန့်သွားခဲ့ပြီး ရှန်းတန်က ခြေလက်ဗလာဖြင့် သစ်ပင်ပေါ် ကုတ်တက်သွားခဲ့သည်။

“နေဦး။” နင်က မင်းသမီး မဟုတ်ဘူးလား။

သစ်ပင်ပေါ် အနည်းဆုံး အကြိမ် ၁၈၀ မတက်ဖူးသည့်လူက ယခုလို လျင်မြန်စွာ သစ်ပင်တက်နိုင်မည်ဟု ဟော်ရင်ရင် မတွေးဖူးခဲ့ပေ။

အမြင့်ရောက်လေလေ ဟော်ရင်ရင်က ပိုစိတ်ပူလေဖြစ်သည်။ အကယ်၍ သူမသာ မတော်တဆ သစ်ပင်ပေါ်က ပြုတ်ကျပါက ချက်ချင်းသေနိုင်သည်။

သူမက အသံက ထိတ်လန့်မှုတွေ စွန်းထင်းနေလေသည်။ “တန်တန် ထပ်မတက်တော့နဲ့။”

“အေးဆေးပါ။” ရှန်းတန်၏အသံက အပေါ်မှ ပဲ့တင်ထပ်လာခဲ့သည်။

ရှန်းတန်က အမြင့်ကိုတက်ပြီးနောက် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှုခင်းက ပိတ်ဆို့တားဆီးထားခြင်း မရှိပေ။ ထောက်ပံ့ပစ္စည်းအိတ် ရှာကခြင်းက မခက်ခဲသော်လည်း လွယ်ကူနေခြင်းတော့ မရှိပေ။

သူမက ပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက် သံသယဝင်ဖို့ကောင်းသည့်အချက်ကို တွေ့လိုက်ပြီး ထိုနေရာကို မှတ်သားပြီးနောက်တွင် သစ်ပင်အောက်ကို ပြန်ဆင်းခဲ့သည်။

တစ်မီတာ အလိုလောက်တွင် သူမက မြေပေါ်သို့ တန်းခုန်ချခဲ့သည်။

ဟော်ရင်ရင်၏မျက်လုံးတွေက နီရဲနေခဲ့သည်။ “တန်တန် ကျွန်မကို လန့်သေအောင် လုပ်နေတာပဲ။”

ရှန်းတန် သစ်ပင်ပေါ်တက်နေသည့်အချိန်တုန်းက ရှန်းတန်ကို အနှောက်အယှက်ပေးမိကာ မတော်တဆ အပင်ပေါ်က ပြုတ်ကျမည်စိုးသဖြင့် ဟော်ရင်ရင်မှာ စကားပင် မပြောရဲခဲ့ပေ။

နွေးထွေးသည့် အနွေးဓာတ်လေးက ရှန်းတန်၏ နှလုံးသားထဲ စီးဝင်သွားခဲ့သည်။ ဒါက စိုးရိမ်ခံရတဲ့ ခံစားချက်လား။

မဆိုးပါဘူး။

သူမက ဟော်ရင်ရင်၏ ဆံပင်တွေကို ဖွလိုက်သည်။ “တွေ့လား ကျွန်မ အဆင်ပြေပါတယ်။”

တစ်ဖက်က ဟဲယွမ်နှင့် အောင်းကျစ်ဖျစ်တို့က နေ့တစ်ဝက်လောက် ထောက်ပံ့ရေးပစ္စည်းအိတ် လိုက်ရှာခဲ့သော်လည်း အရိပ်အယောင်ပင် မတွေ့ခဲ့ပေ။

ဟဲယွမ်က ဒေါသထွက်လာခဲ့သည်။ “ထုတ်လုပ်ရေးအဖွဲ့က သေသေချာချာကို ဝှက်ထားတာပဲ၊ ငါတို့ကို ဗိုက်ဆာပြီး သေအောင်များလုပ်နေတာလား မသိဘူး။”

အောင်းကျစ်ဖျင်က သက်ပြင်းချလိုက်သည်။ “ဆက်ရှာရအောင်၊ သဲလွန်စတော့ ရှိမှာပါ၊ ငါတို့မတွေ့သေးတာပဲဖြစ်မယ်။”

ရုတ်တရက်ပင် တရှပ်ရှပ် အသံကြားလိုက်ရလေသည်။

သူတို့နှစ်ယောက်က အကြည့်ခြင်းဖလှယ်ပြီးနောက်တွင် အသံကြားသည့်ဘက်သို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

ကြက်ဖအိုကြီးတစ်ကောင်က မြေပေါ်က ပိုးကောင်တွေကို ကောက်စားနေသည်ကို တွေ့လိုက်ရလေသည်။

အောင်းကျစ်ဖျင်က ပျော်ရွှင်သွားသော်လည်း ကြက်ဖကို ခြောက်လန့်သလိုဖြစ်သွားမည်စိုးရိမ်သဖြင့် ရင်ထဲတွင် အသံတိတ်ကြိတ်အော်ဟစ်လိုက်လေသည်။

ဟဲယွမ်က ဘယ်ညာကြည့်လိုက်ပြီးနောက် တီးတိုးပြောလိုက်လေသည်။ “ဘယ်လိုဖမ်းကြမလဲ။”

“ဒီအတိုင်းပဲ ဖမ်းရအောင်၊ ဒါ ခြံမွေးကြက်ဖပဲဖြစ်မယ်၊ သိပ်ဖမ်းရမခက်ပါဘူး။”

နာရီဝက်လောက်ကြာပြီးသည့်နောက်တွင် ဟဲယွမ်နှင့် အောင်းကျစ်ဖျင်က ကြက်မွေးများဖုံးနေကာ ခြေကားယား လက်ကားယားဖြင့် မြေပေါ်လဲကျနေကြလေသည်။

ဟဲယွမ်က အမောတကော အသက်ရှူနေသည်။ “ဘယ် ဘယ်လိုလုပ် ဒီကြက်က ပျံတတ်နေတာလဲ။”

အောင်းကျစ်ဖျင်က မောပန်းစွာဖြင့် သူ့ဆံပင်ပေါ်က ကြက်မွေးကို ဖယ်လိုက်သည်။ အခု ထပ်ကြိုးစားကြည့်မလား။”

ညနေခင်း ရောက်ခါနီးနေပြီဖြစ်သည်။ မနေ့ညက အစာနည်းနည်းစားထားရုံမှလွဲ၍ ကျွန်းပေါ်သို့ ရိုက်ကူးရေး စကတည်းက ဘာမှမစားရသေးပေ။

သူတို့နှစ်ယောက်က ပျံသွားသည့် ကြက်ဖကိုကြည့်ကာ စိတ်ကူးထဲတွင် ကြက်သားဟင်းလျာမျိုးစုံကို မြင်ယောင်မိခဲ့ကြသည်။

တံတွေးကို မြိုချလိုက်ပြီးသည့်နောက်တွင် ပြိုင်တူ ပြောလိုက်‌ကြလေသည်။ “ဖမ်းမယ်။”

ကျောက်ကျဲ့က တစ်ဖက်က ထောက်ပံ့ရေးပစ္စည်းအိတ်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က ထော့နဲ့ထော့နဲ့ဖြစ်နေသည့် ကျိုးဟောက်ကို တွဲထားသည်။

ယာယီတဲသို့ ပြန်ရောက်သည့်အခါ ရှန်းတန်နှင့် ဟော်ရင်ရင်က ကမ်းခြေတွင်လဲလျောင်းကာ နေပူဆာ လှုံနေသည်ကို တွေ့လိုက်လေသည်။

ကျိုးဟောက်က ဘဝင်မြင့်စွာ မျက်ခုံးပင့်လိုက်သည်။ “အစ်မတန်တန် အစောကြီး ပြန်ရောက်နေတာပဲ၊ ဘာမှ ရှာမတွေ့ခဲ့ဘူး။”

ပြန်ဖြေသံကိုမစောင့်ဘဲ သူကဆက်ပြောခဲ့သည်။ “ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ ထောက်ပံ့ပစ္စည်းအိတ် ရှာတွေ့ခဲ့တယ်၊ မျှဝေသုံးစွဲကြတာပေါ့။”

တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ထက်တွင် ချက်ချင်းပင် မှတ်ချက်များ ပလုံစီသွားခဲ့သည်။

[လေသံက ဘာလို့ စိတ်အချဉ်ပေါက်သလိုဖြစ်နေတာလဲ။]

[၁၉၈၂ ခုနှစ်က လုံကျင်းလက်ဖက်ရည်ကိုသောက်လိုက်ရတော့ ငါနိုးထသွားပြီ ဟားဟား။]

ရှန်းတန်က ထရပ်လိုက်ပြီးနောက် ပြုံးမလိုလိုနှင့် မပြုံးခဲ့ပေ။ “ကျွန်မတို့ ဘာမှရှာမတွေ့ဘူးလို့ ဘယ်သူပြောလဲ။”

သူမက အကာအောက်ကို ညွှန်ပြလိုက်သည်။ “အဲ့မှာ ကျွန်မတို့ ရှာတွေ့ခဲ့တဲ့ဟာတွေ။”

ယာယီတဲအောက်တွင် သပ်သပ်ရပ်ရပ်ရှိနေသည့် ထောက်ပံ့ပစ္စည်းအထုတ် သုံးထုတ် ရှိနေလေသည်။

ကျိုးဟောက်က အရင်တုံ့ပြန်ခဲ့သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ။”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။” ရှန်းတန်က မျက်ခုံးပင့်ခဲ့သည်။

ကျိုးဟောက်က ရှန်းတန်ကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ပြီဟုထင်ခဲ့ကာ သူမ ယခုလောက် လုပ်နိုင်စွမ်းရှိမည်ဟု မထင်ခဲ့ပေ။

သူက ပါးစပ်ပိတ်ကာ သွားထိုင်နေတော့‌သည်။

ကျောက်ကျဲ့က အထင်ကြီးနေခဲ့သည်။ “အစ်မတန်တန်တို့က သိပ်တော်တာပဲ၊ ကျွန်တော်တို့တော့ တစ်ခုပဲရှာတွေ့ခဲ့တယ်။”

ထို့အပြင် ထိုတစ်အိတ် ရှာတွေ့ခြင်းမှာလည်း ကျိုးဟောက်က ပိုးကောင်ကို ထိတ်လန့်ကာ တောင်စောင်းပေါ်မှ ခြေချော်ကျသွားမှာသာ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ကျောက်ကျဲ့က ထောက်ပံ့ပစ္စည်းအိတ် ရှာတွေ့ခဲ့သည့် အသေးစိတ်ကိုတော့ ချန်လှန်ခဲ့လေသည်။

“ကံကောင်းလို့ရတာပါ။”

ဟော်ရင်ရင်က ရှန်းတန် ထောက်ပံ့ပစ္စည်းအထုတ် မည်သို့ ရှာတွေ့ခဲ့ပုံကို တက်ကြွစွာ ပြန်ပြောပြခဲ့သည်။

ထို့နောက် သူမက တောအုပ်ထဲကြည့်ပြီးနောက် ပြောခဲ့သည်။ “အောင်းကျစ်ဖျင်နဲ့ ဟဲယွမ် ဘာလို့ ပြန်မလာသေးတာလဲ။”

ယခုက အချိန်နောက်ကျနေပြီဖြစ်သဖြင့် ထိုနှစ်ယောက် ပြန်ရောက်သင့်ပြီ မဟုတ်လား။

လူတိုင်းက စိုးရိမ်သွားခဲ့သည်။

ယခုကျွန်းက တိရိစ္ဆာန် များများစားစား မရှိကြောင်း ဒါရိုက်တာက ပြောခဲ့သော်လည်း ယခုနေရာက လူသူကင်းမဲ့သည့်ကျွန်းဖြစ်သည်။

အကယ်၍ ထိုနှစ်ယောက်သာ အဝေးကြီးသွားလိုက်ပါကာ တစ်ခုခုဖြစ်‌ေနပ‌ါက မည်သူကသိမည်နည်း။

ရှန်းတန်က ကောင်းကင်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “သိပ်မကြာခင် ရာသီဥတု ပြောင်းလဲတော့မယ်။”

[အာ ဒီမိန်းမက ဆန်းဆန်းပြားပြား ကြွားလုံးထုတ်နေပြန်ပြီ။]

[သူပြောတာမှန်မယ်ထင်တယ်။]

[မဖြစ်နိုင်ဘူး၊ ဗဟုသုတကြွယ်တဲ့အမျိုးသမီးလို သူ့ပုံရိပ်ကို မြင့်တင်ချင်နေ‌တာနေမှာ၊ ပညာရေးနိမ့်ပါးပြီး သူ့ခေါင်းထဲ ဘာမှမရှိတာကို လူတိုင်းသိတယ်။]

ကျိုးဟောက်က ကြည့်လိုက်သည်။ “ဒါပေမယ့် နေသာနေတယ်လေ။”

ရှန်းတန်က အဝေးတစ်နေရာက တိမ်မည်းတွေကို ညွှန်ပြလိုက်သည်။ “အဲ့တိမ်က ဒီလမ်းအတိုင်း ရွေ့လာမှာ၊ မိုးရွာဖို့ သိပ်မကြာတော့ဘူး။”

ကျိုးဟောက်က သဘောလည်းမတူသလို ငြင်းလည်းမငြင်းခဲ့ပေ။ ထိုတိမ်တွေက အဝေးကြီးတွင် ရှိနေဆဲဖြစ်သည်။

သို့သော် ဟော်ရင်ရင်က စိတ်ပူသွားခဲ့သည်။ “ဘယ်လိုလုပ်ကြမလဲ၊ ကျွန်မတို့ တဲက တံခါးတောင် မရှိဘူးလေ။”

သူတို့ တစ်နေရာရာကို ပြောင်းရွှေ့ဖို့ လိုသည်ဟု ရှန်းတန် ခံစားမိသည်။

ပစ္စည်းများ ဖောက်စစ်သည့်အခါ ထောက်ပံ့ပစ္စည်းအိတ်ထဲက ပစ္စည်းအများစုက တူညီနေသည်။

ကျန်သည့်လူ‌တွေကို စောင့်ဆိုင်းနေရင်း သူတို့က အရင်ဆုံး ဗိုက်ထဲအစာဖြည့်ခဲ့ကြသည်။

သို့သော် သူတို့စားသောက်ပြီးသည်အထိ အောင်းကျစ်ဖျင်နှင့် ဟဲယွမ်က ပြန်မရောက်သေးပေ။

ရှန်းတန်က မတ်တပ်ထရပ်လိုက်သည်။ “ကျွန်မ သူတို့ကို သွားရှာလိုက်မယ်။”

“အတူတူ သွားရအောင်။”

“ရှင်တို့နှစ်ယောက် ဒီမှာ နေခဲ့၊ ကျောက်ကျဲ့ ကျွန်မနဲ့လိုက်ခဲ့။”

ရှန်းတန်၊ ကျောက်ကျဲ့နှင့် တခြားလူတို့ သွားသည့်နေရာသို့ ထွက်ခဲ့ကြသည်။

သူတို့ထွက်သွားပြီး သိပ်မကြာခင်တွင် ကောင်းကင်ကြီး မည်းမှောင်လာခဲ့သည်။

ကျောက်ကျဲ့က အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ “မှောင်တာ မြန်လိုက်တာ။”

ရှန်းတန်၏ အမူအရာက စိုးရိမ်နေသည်။ “မြန်မြန်သွားပြီး မြန်မြန်ပြန်ရအောင်၊ မကြာခင် မုန်တိုင်းလာတော့မယ်။”

ကျောက်ကျဲ့က အသက်ရှူရခက်သွားလေသည်။ ဘယ်လိုလုပ် သေချာသိနေတာလဲ။

အကယ်၍ တကယ် မုန်တိုင်းတိုက်မည်ဆိုပါက သူတို့တော့ ဒုက္ခရောက်ပြီဖြစ်သည်။

သူတို့နေသည့် တဲက နေနှင့် မိုးကိုတောင် လုံအောင် မကာပေးနိုင်ပေ။

“ဟဲယွမ်”

“အောင်းကျစ်ဖျင်”

သို့သော် ပြန်ဖြေသံ မရှိခဲ့ပေ။

ကောင်း‌ကင်က ပို၍မှောင်မည်းလာပြီး မုန်တိုင်းမလာခင် ငြိမ်သက်နေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေသည့် ပရိသတ်တွေ၏ ခံစားချက်ကလည်း ထိုထဲ နစ်မြုပ်နေသည်။

[အို တကယ်ကြီး မုန်တိုင်းတိုက်တော့မှာလား။]

[အာ ဟဲယွမ်က အဝေးကြီး သွားလိုက်တာပဲ၊ ရှန်းတန် သူတို့ကို ရှာတွေ့ပါ့မလား။]

[အူဝါး ရှန်းတန်ရေ ငါ့ရဲ့ အရူးလေးကို ရအောင် ပြန်ခေါ်လာပေးပါနော်။]

ရှန်းတန်တို့ လျှောက်ပတ်ရှာနေသော်လည်း သူတို့ကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။

ရှန်းတန်က အပေါ်၌ ပျံသန်းနေသည့် ရိုက်ကူးရေးကင်မရာကိုကြည့်ကာ ပြောလိုက်သည်။ “ဒါရိုက်တာ အောင်းကျစ်ဖျင်နဲ့ ဟဲယွမ်ရှိတဲ့နေရာကို ခေါ်သွားပေးလို့ရမလား၊ တကယ်လို့ မုန်တိုင်းဝင်လာရင် အဲနှစ်ယောက်အတွက် အန္တရာယ်ရှိတယ်။”

ဒါရိုက်တာက တုံ့ဆိုင်းမနေဘဲ ပျံသန်းသည့် ရိုက်ကူးရေးကင်မရာကို ထိန်းချုပ်သည့်ဝန်ထမ်းကို လမ်းပြခိုင်းလိုက်သည်။

ရိုက်ကူးရေး မစခင်က ရာသီဥတုအခြေအနေကို စစ်ဆေးခဲ့ကာ မုန်တိုင်း မရှိသည်ကို တွေ့ခဲ့ရသော်လည်း ယခုအခြေအနေတွင် ရှန်းတန် မှန်နိုင်ခြေ ရှိသည်။

ထိုလူတွေကို ယခုနေရာမှာ မစွန့်စားစေလိုပေ။

ဧည့်သည်တော်တွေ တစ်ခုခုဖြစ်သွားပါက သူ့အသက်မွေးဝမ်းကြောင်းပညာရပ် အဆုံးသတ်သွားသည်ကို ထည့်မတွေးသေးနှင့် သူတို့၏ လုံခြုံရေးက အဓိက ဖြစ်သည်။

“အသက်ကယ်လှေ‌တွေ မြန်မြန်အသင့်ပြင်ထား။”

တကယ်ကို အောင်းကျစ်ဖျင်နှင့် ဟဲယွမ်က အဝေးကြီးရောက်သွားခဲ့ခြင်းဖြစ်သည်။ ရှန်းတန်နှင့် ကျောက်ကျဲ့က နာရီဝက်ကျော် လမ်းလျှောက်ခဲ့ရသည်။

တောအုပ်ကြီးက ကြောက်ဖို့ကောင်းအောင် မည်းမှောင်နေသည်။

“ဟဲယွမ်”

“အောင်းကျစ်ဖျင်”

အော်ခေါ်သံတွေကိုကြားတော့ လူစုကွဲသွားသည့် ထိုနှစ်ယောက်က အသံကုန်ဟစ်ကာ အသံပြန်ပေးခဲ့သည်။

“ဒီမှာ။”

“ကျွန်တော်တို့ ဒီမှာ...။”

“ကယ်ကြပါဦး။”

အခန်း ( ၁၈ ) - မင်းရဲ့ မိတ်ဆွေတွေကိုပဲ အရူးလုပ်လို့ရမယ်

ရှန်းတန်နှင့် ကျောက်ကျဲ့ ပြေးသွားလိုက်တော့ ဟဲယွမ်က ခြေထောက်တွေ တုန်ယင်နေသည့် အောင်းကျစ်ဖျင်ကို ကျောပိုးထားသည်အား တွေ့လိုက်လေသည်။

“ဘာဖြစ်ကြတာလဲ။”

သူတို့နှစ်ယောက်၏ မျက်နှာထက်တွင် မသက်မသာဖြစ်နေသည့် အမူအရာရှိနေသည်။ ကြက်ဖမ်းရင်း ခြေထောက်ထိခိုက်မိသွားတဲ့အကြောင်း ပြောပြလိုက်သင့်လား။

အောင်းကျစ်ဖျင်က ရှက်ရွံ့စွာဖြင့် ဟဲယွမ်၏ ပုခုံးကြားထဲ ခေါင်းဝှက်ထားလေသည်။

ဟဲယွမ်က ချောင်းခပ်ဖွဖွဆိုးပြီးနောက် ပြောလိုက်သည်။ “ကြက်ဖမ်းရင်း မတော်တဆဖြစ်တာ။”

ကျောက်ကျဲ့က ဘယ်ပြန်ညာပြန်ကြည့်လိုက်သည်။ “ကြက်က ဘယ်မှာလဲ။”

ဟဲယွမ်က မျက်နှာကို တစ်ဖက်လှည့်လိုက်သည်။ “ကြက်က ဖမ်းမမိခဲ့ဘူး။”

ကျောက်ကျဲ့။ “....”

ဒီတော့ ကြက်ဖမ်းမမိဘဲ ကိုယ့်ဘာသာကိုယ် ထိခိုက်အောင်ပဲလုပ်ခဲ့မိတာပေါ့။

ရှန်းတန်က အလောတကြီးပြောလိုက်သည်။ “မြန်မြန်သွားရအောင်၊ မကြာခင် မိုးကြီးတော့မှာ။”

ကျောက်ကျဲ့က အောင်းကျစ်ဖျင်ကို လက်လွှဲကာ သယ်လိုက်ပြီး သူတို့ အမြန်ပြန်ထွက်ခဲ့ကြသည်။

သို့သော် သူတို့တောထဲက မထွက်နိုင်သေးသည့်အချိန်မှာပဲ မိုးစတင်ရွာသွန်းခဲ့သည်။

မိုးက အလွန်ကြီးသဖြင့် သူတို့လေးယောက်က မိုးရေတွေစိုကုန်ကာ ကြွက်စုတ်လေးတွေနှင့် တူသွားခဲ့သည်။

မြင်ကွင်းတွေ မရှင်းတော့သဖြင့် တောအုပ်ထဲကနေ ထွက်ရန် ခက်ခဲနေသည်။

ရှန်းတန်က မျက်နှာထက်က မိုးရေတွေကိုသုတ်ပြီး အဝေးတစ်နေရာက ဂူတစ်လုံးကို ညွှန်ပြလိုက်သည်။ သူမက အော်ပြောလိုက်သည်။ “ဟိုမှာ မိုးသွားခိုရအောင်။”

ထိုအချိန်တွင် တစ်ဖက်က ယာယီတဲစခန်းတွင်ရှိနေသည့် ဟော်ရင်ရင်နှင့် ကျိုးဟောက်၏ဘဝကလည်း လွယ်ကူမနေပေ။ ယာယီတဲလေးက မိုကြီးလေကြီးဒဏ်ကို မခံနိုင်ခဲ့ပေ။

ကံကောင်းချင်တော့ ကယ်ဆယ်ရေးအိတ်ထဲတွင် အိပ်ရာအိတ်များပါသည်။ သူတို့နှစ်ယောက်က ခေါင်းလေးသာဖော်ထားကာ အိပ်ရာအိတ်ထဲ ဝင်နေနေကြသည်။

“အမလေး သနားစရာလေးတွေ။”

“ချီးထုတ် ပရိုဂရမ်အဖွဲ့က ရာသီဥတု မစစ်ဆေးထားဘူးလား။”

“အခုအခြေအနေအတိုင်းဆိုရင်တော့ မိုးတိတ်ဖို့ မလွယ်လောက်ဘူး။”

ဆဲဆိုနေသည့် မှတ်ချက်များကိုမြင်ကာ ဒါရိုက်တာက ငိုချင်နေလေသည်။

သူက ယခုရှိုးကို အောင်မြင်စေချင်သော်လည်း ယခုနည်းလမ်းနှင့်တော့ မဟုတ်ပေ။

သို့သော် မကောင်းရာမှ ပိုဆိုးရွားသွားခဲ့သည်။

သိပ်မကြာခင်တွင် ဆိုးရွားလှသည့်ရာသီဥတုအခြေအနေကြောင့် ပင်လယ်ထဲထွက်လို့မရကြောင်း ဝန်ထမ်းတစ်ဦးက သတင်းလာပို့ခဲ့သည်။

ဆိုလိုရင်းက ယခုအချိန်တွင် ကျွန်းပေါ်က ဧည့်သည်များအား သွားရောက်ကယ်ဆယ်လို့ မရသည့် အခြေအနေ ဖြစ်သည်။

ဒါရိုက်တာက မြေပေါ်ဆောင့်ကြောင့်ထိုင်ပြီးနောက်တွင် ကျန်ရှိနေသည့်ဆံပင်တွေကို စိတ်ညစ်ငြူးစွာဆွဲလိုက်သည်။ “အား...။”

သတင်းကြား‌သည့်လူတွေက ပူဆွေးကုန်ကာ မြင်သည့်လူတွေက ငိုကုန်ကြလေသည်။

“အခု ဘယ်လိုလုပ်ကြမလဲ။” ဝန်ထမ်းတစ်ဦးက မေးလိုက်သည်။

“ငါ ဘယ်သိမှာလဲ။”

ယခုတော့ တရားဝင်ကယ်ဆယ်ရေးအသင်းကို ဆက်သွယ်ရန်သာ ရှိတော့သည်။

ဂူထဲ ဝင်ခဲ့သည့် ရှန်းတန်တို့၏ ဘဝကလည်း လွယ်ကူမနေပေ။

ရေစိုအဝတ်တွေက ကိုယ်ခန္ဓာတွင် ကပ်နေကာ လေ‌အေးတိုက်မှုကြောင့် ခိုက်ခိုက်တုန်နေကြသည်။

ယခုလို ဆက်ဖြစ်နေပါက လူတိုင်း အအေးမိကုန်မည်ဖြစ်သည်။

ကံကောင်းချင်တော့ ယခုဂူက ခြောက်သွေ့နေကာ တိရိစ္ဆာန်အကြီးကြီးတွေ နေထားပုံလည်းမရပေ။ မိုးခိုဖို့အတွက် နေရာကောင်းဖြစ်သည်။

ရှန်းတန်က ကောင်းကင်ကိုကြည့်ကာပြောလိုက်သည်။ “ရှင်တို့ ဒီမှာ စောင့်နေ၊ ကျွန်မနဲ့ ကျောက်ကျဲ့ ရင်ရင်တို့ကို သွားခေါ်ဦးမယ်။”

ကျောက်ကျဲ့က ဘာမှမပြောခဲ့သော်လည်း ဟဲယွမ်နှင့် အောင်းကျစ်ဖျင်က ရှက်ရွံ့နေသည်။

အောင်းကျစ်ဖျင်က နောင်တရနေလေသည်။ “အကုန်လုံး ကျွန်တော့်ကြောင့်ဖြစ်ရတာပါ။”

ဟဲယွမ်က ထရပ်လိုက်သည်။ “ဒါမှမဟုတ် ကျွန်တော် လိုက်ရမလား။”

သူ၏တုန်ယင်နေသည့်ခြေထောက်တွေကြည့်ပြီးနောက် ရှန်းတန်က ခေါင်းခါပြလိုက်သည်။ “ဒီမှာပဲ နေခဲ့ပါ၊ ကျွန်မတို့ မကြာခင်ပြန်လာပါ့မယ်။”

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသည့်နောက်တွင် သူတို့နှစ်ယောက်က မိုးရေထဲထွက်သွားခဲ့သည်။

အပြန်လမ်းက ခက်ခဲသည်။ အကယ်၍ ရှန်းတန်၏ မှတ်ဉာဏ်စွမ်းအားသာ မကောင်းပါက ထိုမိုးလေဖြင့် လမ်းပျောက်နိုင်သည်။

မိုးအနည်းငယ်တိတ်သွားမှသာ ရှန်းတန်က စိတ်အေးစွာ သက်ပြင်းချလိုက်မိသည်။

ယာယီတဲစခန်းတွင်ကျန်ခဲ့သည့် တိုက်ရိုက်ထုတ်လွင့်သည့် ကင်မရာဟာလည်း မိုးကြောင့်ပျက်စီးသွားပြီဖြစ်သည်။ ပင်လယ်ရေတွေလည်း မြင့်တက်နေကာ လှိုင်းလုံးများ ကမ်းခြေကို အားဖြင့် ရိုက်ခတ်နေသဖြင့် မြင်ကွင်းက ကြောက်ဖို့ကောင်းလှသည်။

ဟော်ရင်ရင်က စိတ်ပူပန်စွာဖြင့် အိပ်ရာခင်းအိတ်ကို တင်းကြပ်စွာ ဖက်ထားသည်။

ရှန်းတန်ကိုမြင်တော့ သူမက ချက်ချင်းပင် မျက်ရည်များ ကျလာခဲ့သည်။

“အူဝါး အစ်မတန်တန် ကျွန်မ အရမ်းကြောက်တာပဲ။”

ရှန်းတန်က သူမရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “မကြောက်နဲ့ အခု လာခေါ်ပြီလေ၊ စောနကပဲ ဂူတစ်လုံး တွေ့ခဲ့တယ်၊ အခု အဲမှာ ခဏနားရအောင်၊ ရိုက်ကူးရေးအသင်းက မကြာခင် လာကယ်မှာပါ။”

ဟော်ရင်ရင်က တရှုံ့ရှုံ့ဖြင့် လေးလံစွာ ခေါင်းငြိမ့်ပြခဲ့သည်။

မိုးက မည်မျှကြာအောင်ရွာမည်ကိုမသိသဖြင့် လူတိုင်းက သယ်နိုင်သမျှ အကုန်သယ်သွားကြလေသည်။

ထိခိုက်ထားသည့် ကျိုးဟောက်ကို ကူတွဲပေးနေသည့် ကျောက်ကျဲ့က ခွန်အားသိပ်မကျန်တော့ပေ။ ဟော်ရင်ရင်က အရေးပေါ်ပစ္စည်း နှစ်အိတ်ကိုသာ သယ်နိုင်သည်။

ရှန်းတန်က ခေါင်းပေါ်တွင် ဒယ်အိုးကို သယ်ထားပြီး နောက်ကျောတွင် အရေးပေါ်ပစ္စည်းနှစ်အိတ်ကိုလွယ်ထားကာ ဟော်ရင်ရင်၏ အိတ်နှစ်လုံးကို ကူသယ်ပေးဖို့ ပြင်လိုက်သည်။ “အစ်မ သယ်ပေးမယ်၊ အစ်မက သန်မာပါတယ်။”

ဟော်ရင်ရင်က မပေးခဲ့ပေ။ “ကျွန်မ သယ်နိုင်ပါတယ်။”

“ငါ တကယ် အားရှိတာပါ။”

သက်သေပြရန်အတွက် ရှန်းတန်က ဟော်ရင်ရင်ကို လက်တစ်ဖက်တည်းဖြင့် ခါးကနေ ချီမ လိုက်လေသည်။

ဟော်ရင်ရင်က မျက်လုံးများပြူးသွားခဲ့သည်။ “!!!”

ကျိုးဟောက်နှင့် ကျောက်ကျဲ့ကလည်း ထိတ်လန့်အံ့ဩကာ ပါးစပ်များဟသွားခဲ့သည်။

သူ တကယ်ပဲ ဒီလောက် သန်မာတာလား။ အမျိုးသားသရုပ်ဆောင်တွေတောင် အမျိုးသမီးသရုပ်ဆောင်တွေကို ယခုလို လက်တစ်ဖက်တည်းဖြင့် မချီနိုင်‌ပေ။

ရှန်းတန်က ပြုံးလိုက်သည်။ “အခု ယုံပြီလား၊ အမြန်သွားရအောင်။”

ညရောက်ခါနီးအချိန်တွင် သူတို့အုပ်စုက ဂူသို့ပြန်ရောက်ခဲ့သည်။

ထို့နောက် ဂူထဲတွင် မီးမွှေးခဲ့သည်။

ရှန်းတန်က အံ့ဩသွားခဲ့သည်။ “အံ့ဩစရာပဲ။”

ဟဲယွမ်က ခေါင်းကုတ်လိုက်သည်။ “ဂူထဲမှာ သစ်ကိုင်းခြောက်တွေ ရှိနှင့်နေပြီးသား၊ ကြည့်ရတာ အရင်က လူနေဖူးတယ်ထင်တယ်၊ အကုန်လုံး အဝတ်တွေစိုနေတော့ အမြန်အဝတ်လဲကြလေ။”

ကံကောင်းချင်တော့ အရေးပေါ်ပစ္စည်းအိတ်တွေထဲတွင် အဝတ်အစားများစွာ ရှိသည်။ အဝတ်အစားလဲပြီးနောက် သူတို့က မီးပုံဘေးတွင် အနွေးဓာတ်ရအောင် ထိုင်ပြီးမှ သက်ပြင်းချလိုက်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်သည့် ပစ္စည်းများ ပျက်စီးကုန်ပြီးသည့်နောက်တွင် အောင်းကျစ်ဖျင်၏ ဘေးရှိ ပစ္စည်းတစ်ခုသာ အလုပ်လုပ်တော့သည်။

ဖြစ်ပျက်သမျှကို အပြင်လောကက သိနိုင်ရန်အတွက် လိုင်းအခြေအနေ ကောင်းမကောင်းကို သူတို့ မသိပေ။

ဟော်ရင်ရင်က တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာကိုကြည့်ကာ လက်ဝေ့ယမ်းပြလိုက်သည်။ “ဟဲလို ဟဲလို အသံကြားရလားရှင့်။”

ရုပ်သံဖလင်က အနည်းငယ်လှုပ်ခတ်သွားခဲ့ကာ ဟော်ရင်ရင်က စိတ်လှုပ်ရှားသွားခဲ့သည်။ “ဒီမှာ မိုးအရမ်းကြီးပြီး သောင်တင်နေတာ‌ကြောင့် လာကယ်တင်ပေးကြပါဦး။”

သူမ စကားပြောပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် ပစ္စည်းက မီးခိုးတွေထွက်ကာ အောက်ပြုတ်ကျသွားခဲ့သည်။

ဟော်ရင်ရင်။ “....”

သူမက တောင့်တင်းသွားခဲ့သည်။ “ဒါလည်း ပျက်သွားပြီ၊ ရိုက်ကူးရေးအဖွဲ့က မြင်တော့မြင်မှာပါနော်။”

ကျိုးဟောက်လည်း စိတ်ဓာတ်ကျလုနီးပါဖြစ်နေသည်။ ပထမဆုံး သူ့ခြေထောက်ထိခိုက်ခဲ့ပြီးနောက်တွင် မုန်တိုင်းဖြင့်ကြုံခဲ့သည်။ ယခုတော့ တိုက်ရိုက်ထုတ်လွှင့်သည့်ပစ္စည်းအားလုံး ပျက်ယွင်းကုန်ကာ အပြင်လောကနှင့် အဆက်အသွယ် မရှိတော့ပေ။

“အား။” ကျိုးဟောက်က ငိုသံဖြင့် အော်လိုက်သည်။

ဟော်ရင်ရင်က ထိတ်လန့်သွားခဲ့သည်။ “ဘာဖြစ်တာလဲ။”

ကျိုးဟောက်၏ မျက်လုံးများက နီရဲနေသည်။ “ငါတို့ ဒီမှာတော့ ဆာလောင်ပြီး မသေပါဘူးနော်။”

ရှန်းတန်က ဝတ္ထုဇာတ်လမ်းကို ပြန်တွေးလိုက်သည်။ ဝတ္ထုထဲတွင် ရသစုံရိုက်ကူးရေးက နာမည်ကြီးအောင်မြင်သွားသည်ဟုသာ ဖော်ပြထားကာ အသေးစိတ်ကို မပြောထား‌ပေ။

သူမရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။ ဒီရသစုံရှိုးမှာဖြစ်တဲ့ မတော်တဆမှုကြောင့် အောင်မြင်သွားတာများလား။

လူတိုင်း၏ စိတ်ဓာတ်ကျနေသည့်အသွင်ကိုမြင်တော့ ရှန်းတန်က နှစ်သိမ့်ပေးလိုက်သည်။ “အားလုံးပဲ စိတ်မပူကြပါနဲ့၊ မကောင်းတာတွေဖြစ်မှာ မဟုတ်ပါဘူး၊ ကျွန်မတို့နေရာက တော်တော်မြင့်တဲ့ အမြင့်ပိုင်းမှာ ရှိတာကြောင့် ရေကြီးရင်တောင် ဂူမမြုပ်နိုင်ဘူး၊ နောက်နှစ်ရက်၊ သုံးရက်အတွက် ရေနဲ့ စားစရာတွေ ကျန်သေးတာပဲ၊ ပြီးတော့ ရိုက်ကူးရေးအဖွဲ့က ကျွန်မတို့ကို ဒီမှာ ပစ်မထားပါဘူး၊ သူတို့ လူတွေရှာပြီး လာကယ်မှာပါ။”

ရှန်းတန်၏ အကျိုးအကြောင်းဆီလျော်သည့်စကားကြောင့် လူတိုင်းက စိတ်သက်သာရာ ရသွားခဲ့သည်။

မည်သူမှ အန္တရာယ်မကြုံသဖြင့် ရသစုံရှိုးက အောင်မြင်ခဲ့ကြောင်းကို သူမ မပြောခဲ့ပေ။ အကယ်၍ ထိခိုက်မှုရှိခဲ့ပါက ရသစုံရှိုးကို ထုတ်လွှင့်ပြသမည် မဟုတ်ပေ။

ဟော်ရင်ရင်က သဘောတူစွာ ခေါင်းငြိမ့်ပြခဲ့သည်။ “အစ်မရှန်းတန်ပြောတာ မှန်တယ်၊ အခု ကျွန်မတို့ လုပ်သင့်တာက ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူပြီး အားပြန်ဖြည့်ဖို့ပဲ။”

အောင်းကျစ်ဖျင်က လက်တစ်ဖက်ဖြင့် ခါးကိုင်ထားပြီး နောက်လက်တစ်ဖက်ကိုမြှောက်ကာ ပြောလိုက်သည်။ “ရှင်းယောင်အင်တာတိန်းမန့်ရဲ့ စီအီးအိုက ကျွန်တော့်အဖေလို့ပြောရင် ယုံကြမလား။”

“ခွီး...။”

ဟဲယွမ်က သူ့ပုခုံးကို ပုတ်လိုက်သည်။ “ဒီမှာဘရို မင်းရဲ့ မိတ်ဆွေတွေကိုပဲ အရူးလုပ်လို့ရမယ်၊ ကိုယ့်ဘာသာကိုယ် အရူးလုပ်လို့ မရဘူး။”

သူတို့က မျိုးရိုးနာမည်ပင် မတူချေ။

ရှန်းတန်က သူ့ကို မယုံသင်္ကာကြည့်ခဲ့သည်။

မှန်သည်။ သူမက ရှင်းယောင်အင်တာတိန်းမန့်နှင့် စာချုပ်ချုပ်ထားသည့် အနုပညာရှင်ဖြစ်ကာ ယခင်က သူဌေးဝမ် ရည်ညွှန်းခဲ့သည့်လူက သူဖြစ်နိုင်မည်လား။

ရှန်းတန်၏အတွေးတွေက မပြတ်မသားဖြစ်နေသည်။

အောင်းကျစ်ဖျင်က ခေါင်းကုတ်လိုက်သည်။ “အမှန်အတိုင်း ပြောတာပါ၊ ကျွန်တော်သာ ဒီမှာရှိနေရင် ကျွန်တော့်မိဘတွေက သေချာပေါက် လူလွှတ်ပြီး ရအောင် ကယ်လိမ့်မယ်။”

All Chapters