အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅) - ရှန်းရှို့ရန်ကို သူမ မကြိုက်ပါ။
ရှန်းတန်သည် ရိုက်ကူးရေးအဖွဲ့သို့ ပြန်ရောက်သောအခါ လက်ဆောင်အသေးစားများစွာကို ပေးပို့လာခဲ့သော ဝန်ထမ်းများအပါအဝင် လူတိုင်းထံမှ ဂရုစိုက်မှုတို့ကို ရရှိခဲ့သည်။
တကယ်တော့ သူမ ပထမဆုံးရောက်လာတုန်းက သူမရဲ့ နာမည်ဆိုးကြောင့် သူမ ပါဝင်တာကို လူအများက မကျေမနပ် ဖြစ်ခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် အချိန်သည် လူတစ်ဦး၏ အကျင့်စရိုက် အမှန်ကို ဖော်ပြပေးသည်။ အရင်ဆုံး သူမနှင့် အတူ လက်တွဲလုပ်ကိုင်ပြီးနောက် သူမ၏ အကျင့်စရိုက်အမှန်ကို သိလာပြီး အားလုံးရဲ့ အမြင်တွေ ပြောင်းလဲသွားခဲ့သည်။
ဒါရိုက်တာဟောက်သည် ရှန်းတန်၏ မျက်နှာကို သေသေချာချာကြည့်ကာ သူမရဲ့ ဒဏ်ရာတွေ အလွန်မှေးမှိန်ပြီး မိတ်ကပ်ဖြင့် ဖုံးအုပ်ထားနိုင်သည်ကို တွေ့လိုက်ရသောကြောင့် သူစိတ်သက်သာရာရသွားခဲ့သည်။
ရှန်းတန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ “စိတ်မပူပါနဲ့ ဒါရိုက်တာ၊ ဒီဒဏ်ရာတွေက သိပ်ပြဿနာမရှိဘူး။”
“ကောင်းပြီ၊ အဲ့ဒါဆို အဆင်သင့်လုပ်ထား။ ငါတို့ ဒီည ရိုက်ကူးရေးစကြမယ်။”
“ဟုတ်ကဲ့”
ရှန်းရှို့ရန်က အနားသို့ လျှောက်လာသည်။ “ဂုဏ်ပြုပါတယ်။”
ရှန်းတန်က ပြုံးလိုက်သည်။ “ကျေးဇူးပါ”
ရှန်းတန်သည် မူလက တတိယမြောက်အမျိုးသမီး ဇာတ်လိုက်နေရာတွင် အလွန်ချစ်စရာကောင်းပြီး မျက်နှာပေါ်တွင် ပါးချိုင့်များရှိသော အခြားမိန်းကလေးတစ်ယောက်ဖြင့် အစားထိုးခဲ့ကြောင်းကို တွေ့ရှိခဲ့သည်။
တစ်ဖက်လူက သူမကို တွေ့သောအခါ သူမ၏ မျက်လုံးလေးက တလက်လက် တောက်ပနေပြီး”အစ်မတန်တန်၊ အစ်မကို အဲ့ဒီလို ခေါ်လို့ရလား” ဟု မေးလာခဲ့သည်။
“ရပါတယ်။”
သူမ သဘောတူတာကို ကြားတော့ ထိုမိန်းကလေး၏ ပါးစပ်ထောင့်များသည် အပေါ်သို့ မထိန်းချုပ်နိုင်စွာဖြင့် ကွေးတက်သွားခဲ့သည်။
“အစ်မတန်တန်၊ ညီမက အစ်မရဲ့ အမာခံပရိသတ်ပါ။ ညီမနာမည်က ရှုကျောင်းကျောင်းပါ။ အစ်မ ညီမအတွက် လက်မှတ်လေး ထိုးပေးလို့ရမလား။”
စကားစမြည်ပြောရင်း ကောင်မလေးက မှတ်စုစာအုပ်လေး ထုတ်လိုက်သည်။
ရှန်းတန်သည် ဘောပင်ကို ယူပြီးနောက် မှတ်စုစာအုပ်တွင် ဗလာစာရွက်များသာ ရှိနေသည်ကို သတိပြုမိသောကြောင့် သူမ ချက်ချင်း လက်မှတ်မထိုးလိုက်ပေ။
ရှန်းတန်က မျက်ခုံးပင့်လိုက်သည်။ “ညီမမှာ အခြားစာရွက်တွေ ရှိသေးလား။”
“မရှိတော့ဘူး၊ ဒီစာရွက်က ဘာဖြစ်လို့လဲဟင်။”
ရှန်းတန်က သူမကို စိုက်ကြည့်နေလိုက်သည်။ ကောင်မလေး၏ မျက်လုံးများသည် ရှင်းလင်းပြီး မသိနားမလည်သလို အပြစ်ကင်းစင်စွာ ရှိလေ၏။
နာမည်ကျော်တစ်ဉီးအနေဖြင့် သူမ တကယ် မသိနားမလည်တာ ဖြစ်နိုင်ပါ့မလား။
သို့ပေမယ့် တခြားသူတွေကို သတိထားတာက အကောင်းဆုံးပါပဲ။
ရှန်းတန်က သူမကို ရှင်းပြလိုက်ပြီး ကောင်မလေး၏ မျက်နှာက ချက်ချင်းဆိုသလို နီရဲသွားခဲ့သည်။
သူမက လျှာလေးကို တစ်လစ်ထုတ်လိုက်သည်။ ”တောင်းပန်ပါတယ် အစ်မတန်တန်၊ ညီမ ဒါကို နားမလည်ခဲ့ဘူး။”
“ရပါတယ်၊ ညီမ အစ်မကို ဘာဖြစ်လို့ ကြိုက်တာလဲ။”
ကောင်မလေးက တိုးတိုးလေး ပြောလိုက်သည်။ “အစ်မရဲ့ မျက်နှာ၊ ညီမက အစ်မရဲ့ ရုပ်ရည်ကို ကြည့်တဲ့ အမာခံပရိသတ်ပါ။”
ထိုသို့ပြောရင်း သူမသည် ရှန်းတန်၏ မျက်နှာကို ကြည့်ကာ နီမြန်းနေသော မျက်နှာကို ဖုံးကွယ်ရန် ခေါင်းကို ငုံ့ထားလိုက်သည်။
ရှန်းတန်က သူမ၏ မျက်နှာက လှတယ်ဆိုတာ သိပေမယ့် လူတိုင်းကို ဆွဲဆောင်နိုင်သော အတိုင်းအတာလောက်တော့ မရှိနိုင်ဟု ခံစားရသည်။
သို့တိုင် အချို့သူများသည် သူမ၏ မျက်နှာကို ကြည့်ရသည်ကို ကြိုက်နှစ်သက်ကြသကဲ့သို့ သူမသည်လည်း ချောမောလှပသည့် မိန်းမပျိုလေးများအား ကြည့်ရခြင်းကို ကြိုက်နှစ်သက်သည်မှာ အမှန်ပင်။
နှစ်ယောက်သား မြန်မြန်ဆန်ဆန် ရင်းနှီးလာကြသည်။ ကျောင်းကျောင်းသည် ရှန်းတန်၏ နောက်လိုက်လေးသကဲ့သို့ ဖြစ်လာပြီး သူမ သွားလေရာသို့ အမြှီးသေးသေးလေး တစ်ခုလို လိုက်ပါနေခဲ့သည်။
ရှန်းတန်သည် မိန်းကလေးအမာခံပရိသတ်လေးတစ်ဦး ရရှိထားကြောင်းကို အဖွဲ့သားများကပင် ရယ်မောနောက်ပြောင်ခဲ့ကြသည်။
ရှန်းတန်သည် ဤအကြောင်းကို မည်သို့မျှ မှတ်ချက်မပေးခဲ့သော်လည်း ကျောင်းကျောင်း၏ မျက်နှာမှာမူ နီရဲသွားခဲ့သည်။
တစ်နေ့တွင် သူမတို့ တစ်ညလုံး ရိုက်ကူးရေးလုပ်နေစဉ် ရိုက်ကူးရေးမပြီးခင် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သည်။
ရှန်းတန်သည် မိုးရွာထဲမှ သူမ အခန်းသို့ ပြန်လာကာ ရေချိုးလိုက်သည်။ မကြာမီတွင် သူမ အခန်းတံခါးအား ခေါက်သည့် အသံကို ကြားလိုက်ရသည်။
ရှန်းတန် တံခါးကို ဖွင့်လိုက်တော့ ဝင်လာသူမှာ ခေါင်းအုံးလေးတစ်ခု ပိုက်ထားသော ကျောင်းကျောင်း ဖြစ်နေခဲ့သည်။
“နောက်ကျနေပြီ၊ ဘာကိစ္စရှိလို့လဲ။”
ကျောင်းကျောင်းက ချီတုံချတုံနှင့် ”အစ်မတန်တန်၊ ညီမ အစ်မနဲ့ တူတူအိပ်လို့ရလား။” ဟုပြောလာခဲ့သည်။
ရှန်းတန်က ပြန်မဖြေတာကို မြင်တော့ ကျောင်းကျောင်းရဲ့ မျက်လုံးတွေက အနည်းငယ် နီမြန်းလာခဲ့သည်။ ”ညီမ ငယ်ငယ်လေးတည်းက မိုးကြိုးပစ်တာကို ကြောက်တယ်။ ဒီမှာ အစ်မက လွဲလို့ တခြားဘယ်သူနဲ့မှလည်း မရင်းနှီးဘူး။ အစ်မ အဆင်မပြေရင်လည်း ထားလိုက်ပါ။”
ရှန်းတန်က ဘေးသို့ ဖယ်ပေးလိုက်သည်။ ”ရတယ်၊ ဝင်လာခဲ့။”
ကျောင်းကျောင်း ဝင်လာတာကို မြင်တော့ ရှန်းတန်က တံခါးကို ပိတ်ပြီး သူမကို အဓိပ္ပာယ်ရှိတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။
ရှန်းတန်က သူမ ဘာလုပ်ချင်တာလဲဆိုတာကို သိချင်ပေမယ့် ကျောင်းကျောင်းကတော့ ရိုးရိုးလေး အိပ်ပျော်သွားခဲ့သည်။
ရှန်းတန်သည်လည်း သိပ်မကြာခင် အိပ်ပျော်သွားခဲ့သည်။
သူမသည် တစ်ညလုံး အိပ်မက်လှလှလေး မြင်မက်ခဲ့သည်။
နောက်တစ်နေ့ မနက် ရှန်းတန် မျက်လုံးဖွင့်လိုက်သောအခါ ရှုကျောင်းကျောင်းအား အခန်းထဲတွင် မတွေ့ရတော့ပါ။
ရှုကျောင်းကျောင်းသည် အခန်းထဲရှိ စားပွဲပေါ်တွင် မှတ်စုစာရွက်လေး တစ်ရွက်ကို ချန်ထားခဲ့သည်။ ”အစ်မတန်တန် ညီမကို အခန်းထဲ ခေါ်သိပ်ပေးလို့ ကျေးဇူးပါ။ အစ်မ ဘာစားချင်လဲ မသိလို့ ညီမ ကြုံသလိုပဲ ဝယ်လာခဲ့လိုက်တယ်။”
ရှန်းတန်သည် အလွန်များပြားသော မနက်စာများကို ကြည့်လိုက်တော့ အများစုမှာ သူမ၏ အကြိုက်များ ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
ကောင်မလေးက အိမ်စာတွေ အများကြီး လုပ်ထားပုံရတယ်။ ရှန်းတန်သည် သူမ၏ ရည်ရွယ်ချက်က ကောင်းသလား ဆိုသလားဆိုသည်ကို မသိသေးသည့်အတွက် လောလောဆယ် အလိုက်အထိုက် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ရှန်းတန် ရိုက်ကူးရေးနေရာသို့ ရောက်သောအခါ ရှုကျောင်းကျောင်းက ရိုက်ကူးရေး လုပ်နေခဲ့သည်။
သူမ၏ အရည်အချင်းများသည် ယခင် တတိယအမျိုးသမီး ဇာတ်လိုက် လင်ရှင်းထက် များစွာသာလွန်ကောင်းမွန်နေခဲ့သည်။
ရှုကျောင်းကျောင်း၏ အပြစ်ကင်းစင်သောမျက်နှာကို ကြည့်လိုက်ရာ ရှန်းတန်သည် သူမ အတွေးလွန်နေသလားဟုပင် မတွေးမိဘဲ မနေနိုင်ခဲ့ပေ။
ခဏကြာသော် ရှုကျောင်းကျောင်းက ရိုက်ကူးရေး ပြီးသွားသောအခါ သူမထံသို့ အပြေးလာခဲ့သည်။ ”အစ်မတန်တန်၊ ညီမ အခု သရုပ်ဆောင်တာ ဘယ်လိုနေလဲ။“
ရှုကျောင်းကျောင်းသည် ယခုအခါ ချီးမွမ်းခြင်းကို စောင့်နေသော ဒေါင်းလေးတစ်ကောင်ကဲ့သို့ သူမ၏ ခေါင်းလေးကို မြင့်မြင့်မြှောက်ထားခဲ့သည်။
“အရမ်းကောင်းတယ်။”
ရှန်းတန်က အမှန်တိုင်း ပြောလိုက်တာပင်။
ရှုကျောင်းကျောင်းက မရပ်မနား ပြုံးနေခဲ့သည်။
ထို့နောက် ရှန်းတန်သည် ရုပ်ရှင်ရိုက်ကူးရန် အချိန်ပို လုပ်ခဲ့ရပြီး ထိုကဲ့သို့သော အသေးအဖွဲ အကြောင်းအရာများကို စဉ်းစားရန် အချိန်မရှိခဲ့ပေ။
ရှုကျောင်းကျောင်းသည် မည်သည့် လှုပ်ရှားမှုမျှ မလုပ်သဖြင့် ရှန်းတန်သည် သူမ၏ စိတ်ကို တဖြည်းဖြည်း လျှော့ချလိုက်သည်။
မိုးရွာပြီး မိုးကြိုးပစ်တဲ့ ညတိုင်း ရှုကျောင်းကျောင်းသည် ရှန်းတန်၏ အခန်းသို့ လာပြီး သူမကို တင်းတင်းဖက်ထားခဲ့သည်။
ရှန်းတန်က ဒီကလေးမလေး သူမကို လည်ပင်းညစ်သတ်ချင်တယ်လို့ သံသယရှိခဲ့သည်။
တစ်နေ့တွင် ရှန်းတန် အောက်ထပ်သို့ ဆင်းလာစဉ် ဆူဆူညံညံ အသံများကို ရုတ်တရက် ကြားလိုက်ရသည်။
ထိုအသံအရ မိန်းကလေးတစ်ဦးကို ဝေဖန်နေတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
“မင်းအလုပ်လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား။ မင်းမလုပ်နိုင်ဘူးဆိုရင် ထွက်သွား”
“ဒီအဝတ်အစားတွေကို နေ့တိုင်းသုံးရမယ်ဆိုတာကို မင်းမသိဘူးလား။ မင်းက သူတို့ကို ပျက်စီးသွားအောင် လုပ်မိပြီးရင် ငိုယိုပြလိုက်တာနဲ့ ပြီးသွားမယ်လို့ ထင်နေတာလား။”
“ငါ မင်းကို မယုံဘူး။ မင်း သိသမျှက ငိုဖို့ချည်းပဲ။ မင်း ပါးစပ်ဖွင့်ပြီး စကားတစ်လုံးတောင် မပြောနိုင်တော့ဘူးလား။”
ကောင်မလေးက သနားစရာကောင်းလောက်အောင် ငိုကြွေးနေပြီး မျက်ခမ်းစပ်များက နီမြန်းနေသည်။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်…”
“တကယ် ကျွန်မလုပ်ခဲ့တာ မဟုတ်ဘူး။ ကျွန်မ ဒီကို ရောက်ကတည်းက ဒါက ပျက်စီးနှင့်နေပြီ။”
ရှန်းတန်သည် အဝတ်အစားများကို ယူ၍ ကြည့်လိုက်ရာ ထိုဝတ်စုံများက သူမ၏ ဝတ်စုံများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဝတ်စုံအနားကို စစ်ဆေးကြည့်တော့ ချွန်ထက်သော အရာဖြင့် ဖြတ်တောက်ထားပုံရသည်။ ရှန်းတန်သည် ပူးပေါင်းကြံစည်မှုများ ရှိနေသည်ဟု မတွေးမိဘဲ မနေနိုင်ပေ။ ဒါက ဒီမိန်းကလေးကို ဦးတည်နေတာလား ဒါမှမဟုတ် သူမကို ဦးတည်နေတာလား။
“ဒီအနီးအနားမှာ စီစီတီဗွီ မရှိဘူးလား။” ထိုလူက သက်ပြင်းချလိုက်သည်။ “အခန်းထဲမှာ မရှိဘူး။ စင်္ကြံမှာပဲ ရှိတာ။”
ရှန်းတန် ခေါင်းငြိမ့်လိုက်သည်။
အသက်ရှုမဝလောက်အောင် ငိုကြွေးနေတဲ့ မိန်းကလေးကို ကြည့်လိုက်ရာ သူမသည် အလွန်သနားစရာကောင်းလှသည်။
“မငိုပါနဲ့၊ ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ ဒါကို ပြန်ပြင်လိုက်ရင် ရပြီ။”
ကောင်မလေးက စို့နင့်နေပြီး”ဘယ်လို ပြန်ပြင်ရမှာလဲ။” ဟုမေးလာခဲ့သည်။
“ငါ လုပ်လိုက်မယ်။ အပ်နဲ့ အပ်ချည်ရှိလား။”
“ရှိတယ်” ကောင်မလေးက ခပ်သုတ်သုတ် အမြန်ရှာဖွေလိုက်သည်။
ဒီဝတ်စုံရဲ့ ပြဲရာက သိပ်မကြီးဘူး။ ဒါကြောင့် ရိုးရိုးရှင်းရှင်း ပြင်လိုက်မယ်ဆိုရင် သိပ်မသိသာတော့ဘူး။
ရှန်းတန်သည် အပ်ချုပ်ကျွမ်းကျင်ပြီး အဝတ်အစားများကို အချိန်တိုအတွင်း ပြင်ဆင်ပေးခဲ့သည်။ “ဒါဆို အဆင်ပြေသွားလိမ့်မယ်။”
ထိုဝတ်စုံသည် အနက်ရောင်ဝတ်စုံဖြစ်ပြီး သေချာဂရုတရိုက် မကြည့်ဘူးဆိုရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။
ကောင်မလေးက ထိုလူကို မဝံ့မရဲကြည့်ကာ မေးလိုက်သည်။ “အစ်ကိုချန် ဒါဆို အဆင်ပြေလား။”
အစ်ကိုချန်က လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ “ရိုက်ကူးရေးကို အနှောင့်အယှက်မဖြစ်သ၍ အဆင်ပြေတယ်။”
ရိုက်ကူးရေး အချိန်ဇယားကို တစ်ရက်ရွှေ့ဆိုင်းခြင်းက ရိုက်ကူးရေးအဖွဲ့ကို ငွေအမြောက်အများ ပိုမိုကုန်ကျစေမည်ဖြစ်သည်။
“နောက်တစ်ခါဆို ဒီလို မဖြစ်အောင် သတိထား။ နောက်တစ်ခါ ထပ်ဖြစ်မယ်ဆို မင်းအဝတ်ပစားတွေ ထုပ်ပိုးပြီး အိမ်ပြန်လို့ရပြီ။”
“ဟုတ်ကဲ့”
အစ်ကိုချန် ထွက်သွားပြီးနောက် မိန်းကလေးက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ကျေးဇူးပါ အစ်မတန်တန်၊ အစ်မကြောင့်သာ မဟုတ်ရင် ညီမ အလုပ်ထုတ်ခံရလိမ့်မယ်။”
“နောက်တစ်ခါ ပိုသတိထားရလိမ့်မယ်။”
ရှန်းတန်က ဒါကို ဘယ်သူလုပ်တယ်ဆိုတာ စိတ်မဝင်စားဘူး။ နောက်ဆုံးမှာတော့ အဝတ်အစားက အများကြီး စုတ်ပြဲသွားတာ မဟုတ်တဲ့အတွက် ကိစ္စကြီးတစ်ခုတော့ မဟုတ်ဘူး။
သူမသည် အသေးအဖွဲ့ ကိစ္စလေးတစ်ခုကို ကြီးကြီးကျယ်ကျယ် ရုန်းရင်းဆန်ခတ် လုပ်လိုက်မည်ဆိုလျှင် သဘောထားသေးသိမ်သွားရာ ကျလိမ့်မည်။
ကောင်မလေးက ခေါင်းငြိမ့်လိုက်သည်။ သူမ နောက်ထပ် အမှားတွေ ထပ်မလုပ်ရဲတော့ဘူး။ သူမ ဒီအလုပ်ကို လွယ်လွယ်နဲ့ အဆုံးရှုံးမခံနိုင်ဘူး။
သို့သော်လည်း နောက်ရက်များတွင် ရှန်းတန်သည် သူမ ပတ်ဝန်းကျင်ရှိ အရာများကို ပိုမိုအာရုံစိုက်ခဲ့သည်။
ထို့ကြောင့် သူမသည် စိတ်ဝင်စားစရာ အရာများကို ရှာဖွေတွေ့ရှိခဲ့သည်။
ရှန်းရှို့ရန်နှင့် သရုပ်ဆောင်တိုင်း ရှုကျောင်းကျောင်းရဲ့ အကြည့်တွေက အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။
ရှန်းတန်က သူမ ရှန်းရှို့ရန်ကို သဘောကျနေတာလားဟု တွေးလိုက်မိသည်။
အခန်း ( ၃၆ ) - နားမထောင်ဘူး၊ နားမထောင်ဘူး၊ လူဆိုးကောင်
ရှန်းတန်သည် သူမ မှန်းဆပြီးနောက် ၎င်းကို အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူမသည် ယခုရက်ပိုင်း အတွင်း ရှန်းရှို့ရန် နှင့် အတော်လေး နီးကပ်စွာ ရှိနေခဲ့၏။
ရှုကျောင်းကျောင်းသည် ထိုအချိန်မျိုးတွင် ရည်ရွယ်ချက် ရှိရှိ သို့မဟုတ် မရည်ရွယ်သလိုမျိုးဖြင့် အမြဲတစေ နှောက်ယှက်လေ့ရှိသည်။ ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် ဆိုသည်က မတော်တဆ ဖြစ်နိုင်သည် ဆိုသော်လည်း မကြာခဏ ဆိုပါက တစ်စုံတစ်ခု မှားယွင်းနေသည်မှာ ထင်ရှားပါပေသည်။
ထိုနေ့တွင် သူတို့၏ ဇာက်ကွက်များကို ရိုက်ကူး၍ ပြီးဆုံးပြီးနောက် ရှန်းတန်သည် ရှန်းရှို့ရန် ဆီသို့ ထပ်မံ ပြေးသွားခဲ့သည်။
ရှန်းရှို့ရန်က နှုတ်ခမ်းသတ်ပြီး မျက်ခုံးပင့်ပြသည်။ “ဘာလဲ၊ မင်းငါ့ကို ငြင်းလိုက်တာ နောင်တရနေတာလား။”
ရိုးရိုးသားသား ပြောရလျှင် သူ၏ ယုတ်ညံ့သော အမူအရာက ရှန်းတန်အား ရွံရှာသွားစေခဲ့သည်။
“နောင်တရဖို့ဆိုတာ ဒီတစ်တသက်မှာ လုံးဝ မဖြစ်နိုင်ဘူး။” ရှန်းတန်က ကမန်းကတန်း ပြောလိုက်သည်။
ရှန်းရှိုးယန်၏ အမူအရာက အနည်းငယ် အရုပ်ဆိုးသွားခဲ့သည်။ ”ဒါဆို မင်းဒီမှာ ဘာလုပ်နေတာလဲ။”
“ကောင်းပြီ... ဆရာရှန်း၊ ဆရာရှန်းက သရုပ်ဆောင် စွမ်းရည် အရမ်းကောင်းတယ်လို့ ကြားတာကြောင့် သင်ယူချင်လို့ပါ။” ရှန်းတန်က ရှက်ရွံစွာ ပြုံးလိုက်သည်။
စမ်းသပ်မှုတစ်ခု လုပ်ရန်အတွက် သူမ ဒီမှာ ရှိနေတယ်လို့ သူကိုပြောပြဖို့ ခတ်ခဲပေသည်။
ရှန်းရှို့ရန်က မာနကြီးသည့်ဟန်ဖြင့်”ဟမ့်” ဟု အသံ ထွက်လိုက်သည်။ “မင်းမှာ သင်ယူစရာတွေ အများကြီး ကျန်သေးတယ်။”
“အစ်မတန်တန်၊ ဆရာရှန်း ရှင်တို့ ဘာတွေ ပြောနေတာလဲ။”
ရှုကျောင်းကျောင်းက ခုန်ပေါက် ပြေးလွှားလာခဲ့သည်။ ရှန်းတန်က သိသိကြီးဖြင့် ပြုံးလိုက်သည်။
ရှန်းရှို့ရန်က ရှန်တန်ကို အဓိပ္ပာယ်ရှိသည့် အကြည့်ဖြင့် ကြည့်ပြီး”ငါတို့ ညစာ ဘာစားရမလဲ ဆိုတာကို ပြောနေတာ” ဟု ပြောလိုက်သည်။
“အင်း၊ ဒီအနီးအနားမှာ အရသာရှိတဲ့ ဟော့ပေါ့ စားသောက်ဆိုင် တစ်ဆိုင်ရှိတယ် ဆိုတာကို ညီမ သိတယ်၊ ညီမ အစ်မတို့ကို လိုက်ကျွေးမယ်လေ။”
ရှန်းတန်သည် ဟော့ပေါ့ကို အရမ်းကြိုက်သောကြောင့် တခဏတာ အေးခဲသွားသည်။
“ကောင်းပြီ၊ ဒါဆို သဘောတူလိုက်ပြီနော်။”
“ခဏနေဦး၊ နင်နဲ့ ဘယ်သူ သဘောတူလိုက်တာလဲ။”
သူမ သဘောတူခဲ့တာလား။
ရှုကျောင်းကျောင်းက စိတ်ပျက်လက်ပျက်ဖြင့်”ဟင့်” ဟု ပြောလိုက်သည်။
“အစ်မတန်တန်၊ အစ်မ ဟော့ပေါ့ မကြိုက်ဘူးလား။”
“မဟုတ်ပါဘူး။”
ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နဲ့ ရှန်းတန်သည် ရှုကျောင်းကျောင်း၏ မျက်နှာတွင် လျှပ်တပြတ် အံ့အားသင့်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူမဘယ်သူလဲ။
“ဒါဆို အစ်မ စမ်းစားကြည့်၊ ဟော့ပေါ့က တကယ် အရသာရှိတယ်။”
ရှန်းတန်က ရှုကျောင်းကျောင်းကို တည့်တည့် စိုက်ကြည့်ပြီး”ကောင်းပြီ၊ ဒါဆို သွားစားကြရအောင်လေ။”ဟု သူမပြောမီသည်အထိ စိုက်ကြည့်နေမိပြီးမှ သဘောတူဖို့ ရွေးချယ်လိုက်ရသည်။
အဲ့ဒီညမှာ ၃ ယောက်သား အသေအချာ ဖုန်းကွယ် ဝတ်ဆင်ပြီးနောက် ဟော့ပေါ့စားသောက်ဆိုင်ကို မောင်းသွားခဲ့သည်။
ထိုအချိန်တွင် ဟေ့ာပေါ့ စားသောက်ဆိုင်သည် အလွန်စည်ကားသော်လည်း ကံကောင်း ထောက်မစွာဖြင့် သူတို့ ၃ ဦးသည် သီးသန့် အခန်းကို ကြိုတင်ဘိုကင် လုပ်ထားနိုင်ခဲ့ကြသည်။
အစကတော့ ရှန်းတန်သည် တော်တော်လေးကို ပင်ပန်းနွမ်းနယ်ပြီး ဆန့်ကျင်ဖက်အနေနဲ့ ရှုကျောင်းကျောင်းသည် ရှန်းတန်အတွက် အစားအသောက်ရွေးပေးရန် အလွန်စိတ်အား ထက်သန်နေသည်။
ရှန်းတန်သည် တစ်ခုခု မူမမှန်ကြောင်း အမြဲလိုလို ခံစားမိသည်။
ဒါပေမယ့် ဟော့ပေါ့က အရမ်းအရသာ ရှိတာကြောင့် သူမရဲ့ စားချင်စိတ်တွေက ချက်ချင်း ထကြွလာပြီး ဗိုက်ပြည့်အောင် အရမ်းစားလိုက်မိသည်။
ရှန်းတန်”...”
ဟော့ပေါ့ စားရတာ မကြိုက်ဘူလို့ပြောရင် ဘယ်သူက ယုံမှာလဲ။
ရှန်းရှို့ရန်က သူမကို နောက်သလို ပြောင်သလို ကြည့်လိုက်သည်။ ဓားဆီကိုလှမ်း မင်းက ကိုယ်ခံပညာ မတက်ဘူးလို့ ပြောလိုက်တာလား။
အိုး မဟုတ်သေးဘူး၊ ရှန်းတန် မင်းက ဟော့ပေါ့ကို မကြိုက်ဘူးလို့ ပြောလိုက်တာလား။
ရှုကျောင်းကျောင်းလည်း အရမ်းပျော်နေပြီး သူမရဲ့ အမူအရာကို ကြည့်လိုက်တာနဲ့ပင် ဒါကို ပြောနိုင်ပေသည်။ အစ်မ ဒါကို စားရတာကို ကြိုက်တယ်ဆိုတာကို ညီမ သိတယ်။
ရှန်းတန်သည် သူမ၏ မျက်နှာကို ဖုန်းကွယ်ကာ သူမရဲ့ ဆိုးဝါးလှတဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းကို ကျိန်ဆဲလိုက်သည်။
ညစာ စားပြီးသော အခါ ရှန်းရှို့ရန်သည် ဦးစွာ ထွက်ခွာသွားခဲ့ပြီး ရှန်းတန် နှင့် ရှုကျောင်းကျောင်းသည် ကုန်တိုက်တွင် စျေးဝယ် ထွက်ခဲ့ပြန်သည်။
ရုတ်တရက် ရှန်းတန်သည် သူမ ရင်းနှီးကျွမ်းဝင်နေသော ရုပ်သွင် တစ်ခုကို တွေ့လိုက်ရသည်။
သူမသည် ရှုကျောင်းကျောင်းကို ဘေးဘက်သို့ ဆွဲပြီး ချောင်းကြည့်ရန် ခေါင်းကို ငုံ့ထားမိသည်။
ရှုကျောင်းကျောင်းက အနည်းငယ်စိတ်ရှူပ်ထွေးသွားသည်။ “အစ်မတန်တန် ဘာဖြစ်တာလဲ။”
“ရှူး”
ရှန်းတန်သည် လျှို့ဝှက်စွာ ချောင်းကြည့်လိုက်ရာ ထိုလူ၏ ဘေးဘက်ပုံရိပ်ကို မြင်လိုက်ရသည်။ ထိုလူက တကယ်ပဲ ကုဟွိုင်အန်းဖြစ်နေခဲ့သည်။
ပြာဖြစ်သွားသည့်တိုင် ထိုမျက်နှာကို သူမ မှတ်မိနေပေလိမ့် မည်။
သူ့ဘေးမှာ နှုတ်ခမ်းနီရဲရဲ နှင့် ပြီးပြည့်စုံတဲ့ ရုပ်ရည်ချောမော လှပသော အမျိုးသမီးတစ်ယောက်ရှိနေခဲ့သည်။
နှစ်ယောက်သား လှေကားပေါ်မှ ဆင်းလာကာ စကားပြောရင်း ရယ်မောနေကာ အလွန်ရင်းနှိးနေပုံရသည်။
ကုဟွိုင်အန်းသည် အချစ်စစ်အချစ်မှန်ကို လျင်မြန်စွာ တွေ့ရှိ ခဲ့သည်ဟု စာအုပ်က မဖော်ပြထားသောကြောင့် ရှန်းတန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဒါက မှုမမှန်ဘူး။ စာအုပ်ထဲတွင် သူ့အကြောင်း ဖော်ပြချက် အနည်းငယ်သာရှိပြီး အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး ဇာတ်လိုက်ကြားတွင် ချစ်ခြင်းမုန်းခြင်း တွယ်တာမှုကို ပိုမို အလေးပေးထားခဲ့သည်။
ထို့အပြင် သူမစာအုပ်ထဲသို့ ကူးပြောင်းလာပြီးနောက် ဇာတ်လမ်းက အများကြီး ပြောင်းလဲသွားခဲ့တယ် မဟုတ်ပါလား။
ကုအိုင်အန်း၏ အချစ်ဇာတ်လမ်း ပြောင်းလဲသွားသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။
ရှန်းတန်သည် နောက်ကွယ်တွင် အရှက်မရှိသူခိုးလေး တစ်ယောက်လို ချောင်းကြည့် နေမိသည်။
“အစ်မတန်တန်၊ အဲဒီလူကို သိလား။”
“သိတယ်၊ အဲဒါ ငါ့သူဌေးလေ။”
ရှုကျောင်းကျောင်းက နောက်တစ်ချက်ကြည့်လိုက်သည်။ ရှန်းတန်၏ အမူအယာအရ သူမ၏သူဌေးဖြစ်သူကို ကြည့်နေတဲ့ပုံစံမျိုး လုံးဝမရှိဘူး။
သို့သော် သူမသည် လိမ်မာပါးနပ်စွာဖြင့် မေးခွန်း ဆက်မ မေးတော့ပေ။
ကုဟွိုင်အန်းနှင့် အခြားလူ ထွက်သွားပြီးနောက် ရှန်းတန်သည် ရှုကျောင်းကျောင်းကို ကြည့်ကာ တောင်းပန်လိုက်သည်။ “ကျောင်းကျောင်း ငါတောင်းပန်တယ်။ ငါ့မှာ လုပ်စရာလေးတွေရှိလို့ နင်နဲ့အတူဈေးဝယ်ထွက်လို့ မရတော့ဘူး။ နောက်တစ်ခါမှ အတူတူချိန်းကြရအောင်။”
ထိုစကားကိုပြောပြီးနောက် ရှန်းတန်သည် ရှုကျောင်းကျောင်း၏ အဖြေကို မစောင့်ပဲ သူမ၏မျက်နှာကို ဖုံးကွယ်ရန် အိတ်ကို အသုံးပြုပြီး ၎င်းတို့နောက်သို့ လျှို့ဝှက်စွာ တိတ်တဆိတ်လို က်သွားခဲ့သည်။
ရှုကျောင်းကျောင်းသည် ပျောက်ကွယ်သွားသော အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်းတန်ကို စိုက်ကြည့်ကာ သူမ၏နှုတ်ခမ်းများကို မကျေမနပ် ကိုက်လိုက်သည်။
ရှန်းတန်သည် အောက်ထပ်သို့ အမြန်ဆင်းပြီး လိုက်သွားခဲ့ သော်လည်း မကြာမီမှာပင် သူမ ခုနတုန်းက မြင်လိုက်ရသော ပုံရိပ်များက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူမ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သော်လည်း မည်သူ့ကို မျှ မတွေ့ရသဖြင့် ဒေါသဖြင့် ခြေကိုဆောင့်မိကာ ဖိနပ်ပေါ်မှ မတော်တဆထွက် ကျသွားခဲ့သည် ။
“အို…”
သူမသည် နာကျင်မှုကြောင့် လေအေးကိုရှူရှိူက်မိပြီး အနားယူရန် ကုလားထိုင်ကို ဝင်ထိုင်လိုက်သည်။
အင်…၊ ဒါက နည်းနည်းတော့ ကံမကောင်းဘူး။
ခုနတုန်းကမြင်ကွင်းကို ပြန်တွေးမိပြီး ထိုအမျိုးသားနှင့် အမျိူးသမီးတို့စုံတွဲဟာ တကယ့်ကို တော်တော်လေး လိုက်ဖက်ညီနေပုံရသည်။
ကုဟွိုင်အန်းတစ်ယောက် အချစ်စစ်အချစ်မှန်ကို ရှာတွေ့ သွားသည်လားဆိုတာကို စိတ်မဝင်စားသော်လည်း သူမတို့၏ သဘောတူညီချက်သည် သက်တမ်း မကုန်ဆုံးသေးပါ။
ကုဟွိုင်အန်းက စာချူပ်ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် သူမကို ပိုက်ဆံပေးဦးမှာလား။
ရှန်းတန်သည် ထိုအကြောင်းကို ပိုတွေးလေလေ ပိုစိတ်ဆိုးလေလေ ဖြစ်လာခဲ့သည်။ ဒီလောက်များတဲ့ ပိုက်ဆံတွေအများကြီးကို။ ဒီအတိုင်းပဲ အရှူံးမပေး လိုက်နိုင်ဘူး…။
“ဘာဖြစ်လို့ ငိုနေတာလဲ။”
ထူးဆန်းလိုက်တာ။ ကုဟွိုင်အန်းရဲ့အသံကို ငါ တကယ် ကြားလိုက်မိသလိုပဲ။
ခဏနေပါဦး၊ ငါ ငိုနေမိတာလား။
ရှန်းတန်သည် သူမ၏မျက်နှာကို ထိကြည့်လိုက်သည်နှင့် မျက်ရည်များ စိုစွတ်နေမှန်းကို သိလိုက်ရသည်။
သေလိုက်ပါတော့၊ ငါ့ရဲ့ eye makeup တွေ ညစ်ပတ်သွားလောက်လား။
ကုအိုင်အန်း - ”…”
“မငိုနဲ့။ မင်း အငိုရပ်ပြီး အပေါ်ကို မော့ကြည့်လိုက်။”
ရှန်းတန် မော့ကြည့်လိုက်သော် ကုဟွိုင်အန်းနှင့် ထိုမိန်းမလှလေးတို့သည် သူမရှေ့မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
(ဟွန့် …၊ရှင်က ကျွန်မကို ထိပ်တိုက်တွေ့ဖို့ လာတာလား။)
ရှန်းတန်က အဝေးကို လစ်ပြေးဖို့ ကြံစည်လိုက်သည်။
သူမ ဒီကိစ္စကို မကြားသရွေ့ ပိုက်ဆံက သူမ၏ လက်ထဲမှာ ရှိ နေတုန်းပဲမဟုတ်လား။
သို့သော် သူမ ခြေနှစ်လှမ်းမျှသာ လှမ်းလိုက်ရပြီး သူမ၏ ခါးကို အဖက်ခံလိုက်ရသည်။ “မင်း ဒဏ်ရာရသွားတာကိုတောင် ထိန်းမရသိမ်းမရဖြစ်နေတုန်းပဲ။”
ရှန်းတန်သည် ဆူပူသံကို နားမထောင်ပဲ သူမ၏ နားကို အမြန်ပိတ်လိုက်သည်။
ကုဟွိုင်အန်း - ”...”
ဘေးနားရှိ မိန်းမလှလေးက သူတို့နှစ်ယောက်ကို ရွှင်မြူးစွာ ကြည့်နေခဲ့သည်။ “ဟွိုင်အန်း၊ နင် ဘာဖြစ်လို့ ငါနဲ့ မိတ်မဆက်ပေးတာလဲ။”
“ရှန်းတန်၊ ဒါက ကိုယ့်အစ်မပဲ။”
“ရှင့်အစ်မက ဘာဖြစ်လဲ။ သူက ရှင့်အစ်မဆိုရင်တောင် ကျွန်မ ဂရုမစိုက်ဘူး။”
…
ခဏကြာတော့ သူတို့သုံးယောက်သား ကော်ဖီဆိုင်ထဲမှာ ဝင်ထိုင်လိုက်ကြသည်။ ရှန်းတန်က ခေါင်းမမော့ဝံ့ပဲ ကုပ်ကုပ်လေး ထိုင်နေခဲ့သည်။ ခုနတုန်းက အဖြစ်အပျက်က အရမ်းရှက်ဖို့ကောင်းတယ်။
သူမသည် ဤမိန်းမလှလေးကို ကုဟွိုင်အန်း၏ အချစ်စစ် အချစ်မှန်ဟု သူမထင်နေခဲ့သော်လည်း ထိုမိန်းမလှလေးက ကုဟွိုင်အန်း၏ အစ်မ ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
“နင်က သူတို့အပေါ် အရမ်းကောင်းတယ်လို့ ဝူယန်နဲ့ အန်းရန်ဆီက ငါကြားခဲ့တယ်။”
ရှန်းတန်သည် သူမအပေါ် စိတ်နှလုံးအကြွင်းမဲ့ ဂရုစိုက်ပေး ခဲ့သော ကလေးနှစ်ယောက်ကို တွေးလိုက်မိသော အခါတွင် ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရသည်။
“ဘာမှ ထွေထွေထူးထူး သိပ်မရှိခဲ့ဘူး ...။”
“နင် သိပ်ပြီးနှိမ့်ချနေဖို့ မလိုဘူး။ ငါသူတို့အကြောင်းကို သိတယ်။”
ကုချင်အန်းသည် သူမ၏အိတ်ထဲမှ လက်ဝတ်ရတနာေသ့တာကို ထုတ်ယူပြီး ရှန်းတန်ရှေ့ တွန်းပို့ပေးလိုက်သည်။ “ဒါက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပြီး နည်းနည်း အလျင်စလိုဖြစ် သွားတယ် ဒါက နင့်အတွက်ပဲ။ နင်ကြိုက်လားဆိုတာ ကြည့်ကြည့်လိုက်ဦး။”
ရှန်းတန်သည် အဆိုပါ ထုတ်ပိုးမှုကို မြင်သည်နှင့် တပြိုင်နက် ဒါက ဈေးကြီးလွန်းတယ်လို့ ခံစားမိပေသည်။ “ဒါက အရမ်း ဈေးကြီးတယ် ညီမ မယူနိုင်ဘူး” ရှန်းတန်က ထပ်ခါတလဲလဲ ငြင်းဆိုခဲ့သည်။
“စိတ်မပူနဲ့။ ဒါက ငါ့ကိုယ်ပိုင်ဒီဇိုင်းပဲ။ ဈေးမကြီးဘူး။ နင်နဲ့ အရမ်းလိုက်ဖက်မယ်လို့ထင်တယ်။ နင်တစ်ချက် စမ်းသုံးကြည့်လိုက်လေ။”
အဆိုပါ လက်ဝတ်ရတနာကို သူ့ဘာသာသူ ဒီဇိုင်းဆွဲထားသည်ဟု ကြားသောအခါ ရှန်းတန်၏မျက်လုံး များသည် သဘောကျမှုဖြင့် တောက်ပနေသည် ။ ဒါက အရမ်း အံ့ဩစရာကောင်းလွန်းတယ်။
လက်ဝတ်ရတနာကို ဖွင့်ကြည့်လိုက်တော့ အရမ်းလှပကာ ရိုးရိုးရှင်းရှင်းနှင့် ချစ်စရာကောင်းတဲ့ လက်ကောက်ကလေးကို တွေ့လိုက်ရသည်။ လက်ကောက်လေးက အရမ်းလှပလွန်းပြီး ကိုင်ကြည့်မိတာနှင့် လက်က မချထားချင်လောက်အောင်ပါပဲ။
“ကျေးဇူးပါ အစ်မ။ ကျွန်မ အရမ်းကြိုက်တယ်။”
“နင်ကြိုက်တယ်ဆိုရင် ရပြီ။”
ကုချင်အန်းသည် အကြာကြီးမနေခဲ့ပါ။ သူမသည် ဖုန်းလက်ခံရရှိပြီးနောက် တောင်းပန်စကားဆိုကာ ထွက်ခွာသွားခဲ့သည်။
ရှန်းတန်သည် ကုဟွိုင်အန်းကို ကြည့်ပြီး ”ကျွန်မရှိနေတာကို ရှင်ဘယ်လိုသိလဲ” ဟု မေးလိုက်သည်။
ကုဟွိုင်အန်းသည် အဝေးက ကြားခဲ့ရတဲ့ ဆူညံသံများကို ပြန်တွေးပြီး သက်ပြင်းချလိုက်သည်။ “တိုက်ဆိုင်သွားတာ”
“ဒါနဲ့ စကားမစပ် အန်းရန်နဲ့ ဝူယန်က ဘာဖြစ်လို့ အစ်မရဲ့ မျိုးရိုးနာမည်ကို ယူထားတာလဲ။”
ယေဘုယျအားဖြင့်ပြောရလျှင် ချမ်းသာသော မိသားစုများသည် မျိုးရိုးတူသူများကြား အိမ်ထောင်မပြုခြင်းကဲ့သို့သော စည်းကမ်းများပြီး အလွန်ထူးဆန်းသည်။
ရှန်းတန်က ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း ကုဟွိုင်အန်း၏ မျက်နှာက ချက်ချင်းဆိုသလို ပျက်ယွင်းသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
“တောင်းပန်ပါတယ်၊ ကျွန်မ မမေးသင့်တာ မေးလိုက်မိတယ်။ ရှင်ပြောဖို့ အဆင်မပြေရင် မေ့လိုက်ပါ။”
“ဒါက သီးသန့်လျှို့ဝှက်ထားစရာတော့ မဟုတ်ဘူး…