အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း (၃၇) - သူမ မင်းကို မကြိုက်ဘူး။
ကုချင်အန်းသည် ကုဟွိုင်အန်းထက် ငါးနှစ်ကြီးသည်။ သူမသည် ငယ်စဉ်ကတည်းက ကြံ့ခိုင်သန်မာခဲ့ပြီး လူအများက သူမ၏ ပင်ကိုယ် စရိုက်ကို မကြိုက်ကြပေ။
ကုမိသားစုသည် ချမ်းသာပြီး ဩဇာကြီးမားကာ စီးပွားရေးအရ ထိမ်းမြားလက်ထပ်ဖို့ရန် မလိုအပ်ပေ။ ထို့ကြောင့် သူတို့ ကြိုက်နှစ်သက်သည့် တစ်စုံတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်ရန်သာ လိုအပ်ခဲ့သည်။
ကုချင်အန်းသည် သန်မာသော်လည်း သူမသည် နုံအလွန်းသည်။
တစ်ခါက သူမ၏ သူငယ်ချင်းတွေနဲ့ ပါတီပွဲလုပ်သော် သူမ၏ သူငယ်ချင်းတစ်ယောက်က ဆေးခပ်တာကို ခံခဲ့ရသည်။ သူမသည် အဆိုပါဖြစ်ရပ်မှ လွတ်မြောက်ခဲ့ပြီး သူ့ကိုယ်သူ ထောက်ပံ့ရန် အချိန်ပိုင်း အလုက်လုပ်နေတဲ့ ထိပ်တန်းကျောင်းသား တစ်ယောက်က သူမကို ကယ်တင်ခဲ့သည်။
နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းလာပြီး အပြန်အလှန် ဆက်ဆံရေးတွင် ခံစားချက်တွေ တိုးပွားလာခဲ့သည်။
ဒါကို ကြားသော ရှန်းတန်သည် ချမ်းသာတဲ့ မိန်းမတစ်ယောက်က ကိုယ့်ဒူးကိုယ်ချွန် အမျိုးသားတစ်ဦးကို ကြိုက်နှစ်သက်သွားသည့် ဇာတ်လမ်းတစ်ခုလားဟု သံသယဖြစ်မိသည်။
ဒါကို သူမ တွေးမိတာနဲ့ ကုဟွိုင်အန်းက သူမကို စိုက်ကြည့်နေတာကို သတိထားမိလိုက်သည်။
“သူက သူ့အရည်အချင်းနဲ့ အစ်မကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ ဒါပေမယ့် အဲ့ဒီတုန်းက သူအပါအဝင် လူတော်တော်များများက သူတို့ရဲ့ ဆက်ဆံရေးကို ဆန့်ကျင်ခဲ့ကြတယ်။ အဲ့ဒီ အဖြစ်အပျက် မကြုံမချင်း သူက အစ်မကို ယုတ်မာတဲ့ ရည်ရွယ်ချက်နဲ့ ချည်းကပ်ခဲ့တာလို့ ကိုယ်တို့တွေ ထင်ခဲ့ကြတယ်။”
ကုချင်အန်းတို့ စုံတွဲသည် နောက်ဆုံးနှစ် ဘွဲ့ရပြီးနောက် ၎င်းတို့၏ မွေးရပ်မြေသို့ အတူတူ ပြန်ရန် ချိန်းဆိုခဲ့သည်။
အဲ့ဒီ လူရဲ့ အိမ်က တောင်ပေါ်မှာဖြစ်ပြီး သူ့အဘွားမှ သူ့ကို ပြုစုပျိုးထောင်တာဖြစ်ပြီး သူက ရွာမှာ တစ်ဦးတည်းသော ဘွဲ့ရကျောင်းသား ဖြစ်သည်။
သူတို့ အိမ်ပြန်ရောက်တော့ အဘွားဖြစ်သူက ကုတင်ပေါ်မှာ လဲလျောင်းနေပြီး အရိုးပေါ်အရေတင် ငတ်ပြတ်နေသည်ကို တွေ့လိုက်ရသည်။
သူ လစဉ် အိမ်ပြန်ပို့တဲ့ ငွေကို သူ့အိမ်နီးချင်းက အလွဲသုံးစားလုပ်နေကြောင်း သိလိုက်ရတဲ့ အချိန်မှာ အဲ့ဒီ အမျိုးသားက အပြင်ကို ဒေါသတကြီး ထွက်သွားခဲ့သည်။
သူတို့ နှစ်ယောက်သား အဘွားကို ပြုစုစောင့်ရှောက်ဖို့ မြို့ကို ပြန်လာရန် ဆုံးဖြတ်လိုက်သည်။
အဘွားဖြစ်သူက သူမကိုယ်သူမ ဝန်ထုပ်ဝန်ပိုးလို့ ထင်ပြီး သဘောမတူပေမယ့် သူမရဲ့ ကန့်ကွက်မှုက ထိရောက်မှု မရှိပါဘူး။
သူတို့ မြို့သို့ ပြန်လာတဲ့ လမ်းမှာ အိမ်နီးချင်းရဲ့ သားဖြစ်သူက သူတို့ရဲ့ ပိုက်ဆံ အရင်းအမြစ် မရှိတော့တဲ့အတွက် ဒေါသအရမ်းထွက်ပြီး သူတို့ကို ဗန်ကားနဲ့ တိုက်ခဲ့သည်။
အဲ့ဒီ လူက ကုချင်အန်းကို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် အကာအကွယ် ပေးထားခဲ့ပြီး သူနဲ့ သူ့အဖွား ဖြစ်သူတို့က ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ရှန်းတန်သည် ဇာတ်ကြောင်းက ကြေကွဲစရာအဖြစ် ပြောင်းလဲသွားသည့်အတွက် ထိတ်လန့်သွားခဲ့သည်။
အခြားသူများ၏ ဒဏ်ရာဟောင်းကို ရိုးရှင်းစွာ ဖော်ထုတ်ပေးသည့် သူမ၏ သိချင်စိတ်၊ ပြင်းပြသော စူးစမ်းလိုစိတ်အတွက် နောင်တရမိသည်။
“တောင်းပန်ပါတယ်၊ ကျွန်မ…”
“ရပါတယ် ဒါတွေ အားလုံးက ပြီးသွားခဲ့ပြီ။ အဲ့ဒီ မိသားစုက အပြစ်ပေးခံခဲ့ရတယ်။ ဒါပေမယ့် အစ်မရှေ့မှာတော့ အဲ့အကြောင်းကို မပြောနဲ့။ သူက စိတ်မာသလို ထင်ရပေမယ့် တကယ်တမ်းတော့ စိတ်ထားက အရမ်းသိမ်မွေ့လွန်းတယ်။”
မဟုတ်ရင် ကလေးမွေးပြီးတာနဲ့ သူမ အလုပ်ထဲမှာ စိတ်နှစ်မြှုပ်ထားမှာ မဟုတ်ဘူး။
သူမသည် ဤနှစ်များအတွင်း နိုင်ငံရပ်ခြားတွင် နေထိုင်ခဲ့ပြီး မကြာသေးမီကမှ လက်ထပ်ခဲ့ကြောင်း ကြားသိရသည့် အချိန်မှသာ ပြန်လာခဲ့သည်။
သူ လက်ထပ်ပြီးကြောင်း ကြားသိရသည့် အချိန်မှသာ သူမ၏ အလုပ်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပြောင်းရွှော့လာခဲ့တာ ဖြစ်သည်။
ရှန်းတန်က နားလည်မှုဖြင့် ခေါင်းငြိမ့်လိုက်သည်။
ဒီလို လူဆိုးတွေ ဘယ်လိုကြောင့်များ ရှိနေတယ်ဆိုတာ သူမနားမလည်နိုင်ဘူး။
“ဒါဆို အန်းရန်နဲ့ ဝူယန်တို့က…”
“သူတို့က အဲ့ဒီ သူရဲ့ ကလေးတွေလေ။ အစ်မရဲ့ အလိုချင်ဆုံး ဆန္ဒက သူတို့ နှစ်ဦး ဘေးကင်းပြီး စိတ်ချမ်းသာစေဖို့အတွက် အဲ့လို နာမည်မှည့်ထားပေးတာ။”
ရှန်းတန်က ငိုတာကို မရပ်တန့်နိုင်ခဲ့ဘူး။ ကမ္ဘာပေါ်မှာ အနာကျင်ရဆုံးက တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးကြတဲ့ လူနှစ်ယောက် ထာဝရ ဝေးကွာသွားရတာပဲ။
ဒါက ရှန်းတန်အား အချစ်ကို နားလည်နိုင်စေဖို့ စိတ်ပိုင်းဖြတ်ထားစေသည်။ အကယ်၍ သူမသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အချိန်မှန် ပြန်သွားခဲ့ပါက သူမသည် သူမချစ်သူနှင့် ကမ္ဘာနှစ်ခြမ်း ကွဲသွားလိမ့်မည် မဟုတ်ပါလား။
ရှန်းတန်က အသက်ပြင်းပြင်းရှုပြီး ခေါင်းငြိမ့်လိုက်သည်။ ယခု အချိန်မှစ၍ သူမသည် အခြားသူများနှင့် အိပ်ရုံသာ အိပ်ပြီး ချစ်ဖို့ကို လုံးဝမတွေးတော့ပေ။
ကုဟွိုင်အန် - ”...”
“နင်သွားရင်တောင် အစာစားဖို့ကို မဖြစ်မနေ လက်လျှော့ဖို့ မလိုအပ်ဘူး။”
“ရှင် ပြောစရာ မလိုဘူး၊ ကျွန်မနားလည်တယ်” ရှန်းတန်၏ မျက်လုံးထဲတွင် သူမ၏ ဆုံးဖြတ်ချက်များသည် ပို၍ပင် ခိုင်မာလာခဲ့သည်။
ကုဟွိုင်အန်”...”
ငါ ဘာဖြစ်လို့ ရုတ်တရက် ဝမ်းနည်းမိသွားတာလဲ။
နှစ်ယောက်သား အချိန်အကြာကြီး စကားစမြည် ပြောဖြစ်ကြပြီး ပြန်လာတော့ အရမ်းနောက်ကျနေခဲ့ပြီ ဖြစ်သည်။
ဟိုတယ်အိပ်ခန်းကို ရောက်တာနဲ့ ရှန်းတန်က ရှုကျောင်းကျောင်း ရှိနေတုန်းပဲဆိုတာကို သိလိုက်ရသည်။
အသံကို ကြားသော ရှုကျောင်းကျောင်းက အံ့အားသင့်စွာ ပြေးလာပြီး ရှန်းတန်၏ လက်မောင်းကို ဖက်တွယ်လိုက်သည်။
“အစ်မ ပြန်လာပြီလား။”
“နင် ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။”
“အစ်မကို စောင့်နေတာ။” ဒါကို ပြောပြီးနောက် ရှုကျောင်းကျောင်းက ရှက်ရွံ့နေသည့် အပြုံးလေးကို ထုတ်ဖော်ပြလာသည်။
ရှန်းတန်က တစ်ခုခုမှားနေပြီဆိုတာကို ခံစားလိုက်ရပြီး ရှုကျောင်းကျောင်း လက်ထဲမှ သူမ၏ လက်မောင်းကို ဆွဲထုတ်လိုက်မိသည်။ “အင် နောက်ကျနေပြီ၊ အပေါ်ထပ်ကို အရင်တက်ရအောင်။”
ဓာတ်လှေကားဖြင့် အပေါ်ထပ်သို့ တက်နေစဉ် ရှုကျောင်းကျောင်းက သူမအား အမှုမဲ့ အမှတ်မဲ့ မကြာခဏ လှမ်းကြည့်နေသည်ကို ရှန်းတန်က တွေ့ရှိခဲ့သည်။
ရှန်းတန်၏ ဦးခေါင်းပေါ်ရှိ ဆံပင်များ ထောင်သွားခဲ့သည်။
ရှန်းတန်သည် ရှုကျောင်းကျောင်းကို အလျင်စလို နှုတ်ဆက်ပြီးနောက် သူမ၏ အခန်းထဲသို့ ပြန်ပြေးကာ တံခါးကို တင်းတင်းကြပ်ကြပ် သော့ခတ်လိုက်သည်။ သူမသည် ဖုန်းကို ထုတ်ပြီး သူငယ်ချင်းတွေထံ ဘာဖြစ်နေတယ်ဆိုတာကို မေးဖို့ မစောင့်နိုင်တော့ပေ။
ချီယွဲ့၏ စိတ်ထဲတွင် ပူးပေါင်း ကြံစည်မှု သရုပ်များက ဖော်ပြခြင်းဖြင့် ချီယွဲ့သည် ကြောက်မက်ဖွယ်ကောင်းသော မှန်းဆချက်များအား ဖော်ပြလာခဲ့သည်။
အခြားတစ်ဖက်တွင်မူ ဟော်ရင်ရင်သည် ပိုမိုနက်ရှိုင်းသော အတွေ့အကြုံများဖြင့် ကမ္ဘာကြီးကို ပိုမို မြင်တွေ့ခဲ့ရသဖြင့် ရှန်းတန် မမျှော်လင်ထြားခဲ့သော အရာတစ်ခုကို ပြောပြလာခဲ့သည်။
“သူ နင့်ကို မကြိုက်ဘူး။”သူ နင့်ကို ကြိုက်နေတာ ဖြစ်နိုင်လောက်လား။”သူ ငါ့ကို ကြိုက်နေတာလား။”
“သူမက ငါ့ကို ကြိုက်နေတာလား။”
“နင့်ကို ကြိုက်နေတယ်။”
ရှန်းတန်၏ ဦးနှောက်သည် လုံးဝ ယိုယွင်းသွားပြီး သူမ၏ CPUသည်လည်း လောင်ကျွမ်းလုနီးပါး ဖြစ်သွားခဲ့သည်။
“မဖြစ်နိုင်ဘူး…”
“ဒါဆို နင် ငါ့ကို ပြောကြည့်၊ သူက နင့်အနား အမြဲ ကပ်နေတာမလား။ နင် တစ်ယောက်ယောက်နဲ့ ရှိနေတာ မြင်တဲ့ အချိန်တိုင်း သူ နင့်အနား အပြေး ရောက်လာတယ်မလား။”
“ဟုတ်တယ်…”
“ဒါဆို ဖြစ်နိုင်လောက်တယ်။ သူမ နင့်ကို ကြိုက်နေတာ။”
ရှန်းတန်သည် အချိန်အတော်ကြာအောင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
“ငါ နည်းနည်း ခေါင်းရှုပ်သွားတယ်။”
အခြားတစ်ဖက်တွင်မူ ဟော်ယင်ယင်သည် သူမ၏ အချစ်ရေးကို စတင်ဦးတောင်နေပြီ ဖြစ်သည်။
“ငါ့အနီးအနားမှာ လိင်တူချစ်သူ တစ်ယောက်ရှိနေလိမ့်မယ်လို့ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး။”
“သူမ နင့်ကို လုံးဝ စွဲလမ်းနေလောက်တယ်။”
“အား…၊ အရမ်းချိုမြိန်တာပဲ၊ အရမ်းချိုမြိန်တာလိုက်တာ။”
“ဟူး… တန်တန် နင်က တကယ်ပဲ လူတိုင်းကို ဆွဲဆောင်နိုင်တယ်။ အမျိုးသားရော အမျိုးသမီးရော နင့်ကို ကြိုက်ကြတယ်…”
ဒါပေမယ့် ရှန်းတန်က တစ်ခုခု မူမမှန်ဘူးလို့ ခံစားမိနေတုန်းပါ။ ရှုကျောင်းကျောင်းက သူမကို ချစ်မြတ်နိုးသည့် အကြည့်များဖြင့် ကြည့်နေသည်ဟု မထင်ခဲ့ပေ။ ထိုအစား သူမ၏ အကြည့်များသည် ရူးသွပ်နေသလိုပင်။
“ဟင့်အင်း၊ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။”
ရှန်းတန်သည် အနည်းငယ် စိတ်မငြိမ်မသက် ဖြစ်သွားခဲ့သည်။ သူမ၏ စိတ်ကူးစိတ်သန်းများအား ရိုင်းစိုင်းသွားစေသည်မှာ ကောင်းသည့် အကြံမဟုတ်သောကြောင့် သူမကို တိုက်ရိုက်သွားမေးရန် ဆုံးဖြတ်လိုက်သည်။
ရှုကျောင်းကျောင်း၏ အခန်းတံခါးနားသို့ ရောက်သော် ရှန်းတန်သည် အသက်ပြင်းပြင်းရှုပြီး တံခါးအား ခေါက်လိုက်သည်။
ခြေသံများကို ကြားရပြီးနောက် အခန်းတံခါးပွင့်လာခဲ့သည်။
“အစ်မ တန်တန်၊ အစ်မ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲဟင်။”
“အစ်မ…အစ်မ နင့်ကို မေးစရာရှိလို့ အစ်မ ဝင်လာလို့ရလား။”
“ရတယ် ဝင်လာလို့ အဆင်ပြေပါတယ်။”
ရှန်းတန် အခန်းထဲသို့ ဝင်လိုက်သည်နှင့် မည်သည့်အရာမျှ မထူးခြားဘဲ ပုံမှန်အတိုင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ငါ နင့်ကို တိုက်ရိုက်ပဲ မေးလိုက်တော့မယ်။ နင် ငါ့အပေါ် ခံစားချက်တွေ ရှိနေတာလား။”
“ဟုတ်တယ်၊ ညီမ အစ်မကို အရမ်းကြိုက်တယ်။”
“ဘယ်လိုမျိုးလဲ။”
ရှုကျောင်းကျောင်းက ထိတ်လန့်သွားပြီး ခဏတာမျှ ရပ်တန့်သွားကာ မျက်ရည်များ စီးကျပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဖူး…အစ်မတန်တန်၊ အစ်မ တစ်ခုခုကို နားလည်မှုလွဲနေတာလား။”
ရှန်းတန်သည် အနည်းငယ် ရှက်သွားသလိ ခံစားလိုက်ရသည်။ “ဒါဆို နင် မဟုတ်ဘူးပေါ့။”
ရှုကျောင်းကျောင်းက မျက်လုံးလှိမ့်ပြီး”ဟုတ်တယ်” ဟု ဆိုးသွမ်းသော အပြုံးဖြင့် ပြုံးလိုက်သည်။
“ဟင်”
“ဖူး…ညီမ နောက်နေတာ။ အစ်မက ဘယ်လိုဖြစ်လို့ အရမ်းချစ်ဖို့ ကောင်းနေတာလဲ”
“ဒါဆို နင် ငါ့ကို ဒီလိုမျိုး အမြဲတမ်း ဆက်ဆံနေရတာလဲ…” ဒါက ရှက်စရာကောင်းပေမယ့် ရှန်းတန်က အကြောင်းပြချက်ကို သိချင်နေတုန်းပဲ။
ရှုကျောင်းကျောင်းက သက်ပြင်းချလိုက်သည်။ “အစ်မ ညီမပြောရင် ယုံမလားတော့ မသိဘူး…”
“အင်း”
“တကယ်တော့ ညီမက ပြန်လည်မွေးဖွားလာခဲ့တာ”
ပြန်လည်မွေးဖွားတာလား၊ ဒါမှမဟုတ် အိပ်မက်တစ်ခုလားဆိုတာ သူမ တကယ်မသိခဲ့ပါ။
ဒါက အိပ်မက်တစ်ခုဆိုရင်တောင် စစ်မှန်လွန်းတယ်။
ရှန်းတန်ထံမှ မည်သည့်တုံ့ပြန်မှုမျှမရတော့ ရှုကျောင်းကျောင်း ပုခုံးတွန့်လိုက်သည်။
“ကြည့်ပါလား အစ်မ ညီမပြောတာကို မယုံလောင်ဘူးလို့ ပြောခဲ့သားပဲ”
“အစ်မ နင့်ကို ယုံတယ်။ နင်ရဲ့ အရင်ဘဝတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောပြပေးနိုင်မလား။”
သူမ ဘာဖြစ်လို့ မယုံရမှာလဲ။
စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာသော သူမကဲ့သို့ တစ်စုံတစ်ယောက်ရှိနေသည့်အပြင် ပြန်လည်မွေးဖွားလာသည်ဆိုပါကလည်း အံ့ဩစရာမဟုတ်ပေ။
ရှန်းတန် စာအုပ်ထဲသို့ မကူးပြောင်းလာမီ ရှုကျောင်းကျောင်း ပြန်လည်မွေးဖွားလာခဲ့သလား သို့မဟုတ် စာအုပ်ထဲသို့ ကူးပြောင်းလာပြီးမှ သူမ ပြန်လည်မွေးဖွားလာခဲ့တာလားဆိုတာကိုတော့ သူမ မသိပါ။
ဒါက စာအုပ်ထဲ ကူးပြောင်းပြီးမှ မွေးဖွားလာခဲ့တာသာဆိုရင် အနာဂတ်နဲ့ ပတ်သက်တဲ့ တစ်ခုခုကို သိရဖို့ ဒါကို အသုံးပြုနိုင်သည်။
အရင်ဘဝတုန်းက ရှုကျောင်းကျောင်းသည် အရှေ့ကို မျှော်ကြည့်ရင်း သူမ၏ အတွေးများသည် တဖြည်းဖြည်း လွင့်သွားသည်။
သူမ၏ အရင်ဘဝတွင် နောက်ခံအင်အား၊ အဆက်အသွယ် မရှိသော ဆယ်လီတစ်ယောက်သာ ဖြစ်ခဲ့သည်။
အဆိုပါဇာတ်ကားမှာ ပါဝင်ပြီးနောက်မှာတော့ အကျိုးကျေးဇူး တစ်ချို့ကို ရရှိခဲ့သည်။
သို့သော် ကောင်းမွန်သော အချိန်များသည် ကြာရှည်မခံခဲ့ပါ။ ရင်းနှီးမြှုပ်နှံသူတစ်ဦး သူမကို သဘောကျသွားပြီး ကုမ္ပဏီက သူမကို လူမှုရေးပွဲများသို့ ခေါ်ဆောင်သွားစေကာ သူနဲ့အတူ သောက်စားစေခဲ့သည်။
သူမသည် သူမ၏ အခြေခံမူများကို လက်ကိုင်ထားသော်လည်း မသမာသူများ၏ ထိပါးစော်ကားမှုများကိုမူ ရှောင်လွှဲ၍ မရခဲ့ချေ။
တစ်ခုသော လူမှုရေးပွဲတွင် နားရွက်ကားကား ဝဝတုတ်တုတ် လူကြီးတစ်ယောက်သည် သူမ၏ ပေါင်ပေါ်သို့ လက်တင်ကာ ဝိုင်တစ်ခွက်ကို အတင်းအကျပ် သောက်စေခဲ့သည်။
ထိုအချိန်တွင် သူမသည် အလွန်အမင်း မူးဝေအော့အန်ပြီး ခေါင်းကိုက်သလို ခံစားရသဖြင့် ထပ်ခါတလဲလဲ ငြင်းဆန်နေခဲ့သည်။
အဆိုပါ လူက သူမကို အတင်းအကြပ် တွန်းအားပေးပြီး သောက်စေသည်။ ရှန်းတန်သည် ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော နတ်သမီးကဲ့သို့ သူမကို ကယ်တင်ပေးခဲ့သူ ဖြစ်သည်။
ရှန်းတန်သည် သူမ မသက်မသာဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အစာအိမ်အား သက်သာစေရန် ဆေးရုံသို့ ခေါ်သွားပေးခဲ့သည်။
ဒါက ရှန်းတန်အတွက် အသေးအမွှားပေမယ့် သူမအတွက်တော့ တစ်သက်သာ ဘဝအား ပြောင်းလဲစေခဲ့ခြင်း ဖြစ်သည်။
ရှန်းတန်ကြောင့်သာ မဟုတ်ရင် သူမ စိတ်ကူးဖို့တောင် မဝံ့ရဲသည့် အရာတဟ်ခုခု ဖြစ်နေလောက်ပြီ ဖြစ်သည်။
သူမ ဒါကို ဆက်တောင် မတွေးရဲတော့ပေ။
ရှန်းတန်က သူ့ခေါင်းကို သူကုတ်လိုက်မိသည်။ “ဒါကြောင့် မင်း ငါ့ကို သဘောကျတာလား။”
ရှုကျောင်းကျောင်း ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ ညီမတို့က နောက်ပိုင်းမှာ သူငယ်ချင်းကောင်းတွေ ဖြစ်လာကြတယ်။ အစ်မရဲ့ ဝါသနာ အားလုံး ညီမ သိတယ်။ အစ်မရဲ့ အကြိုက် အားလုံးကို ညီမ သိခဲ့ပြီး အစ်မကလည်း ညီမအတွက် ရှေ့ကို လမ်းခင်းပေးခဲ့တယ်…”
သူမ စကားပြောနေစဉ် ရှုကျောင်းကျောင်း၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာခဲ့သည်။
သူမ အရင်ဘဝတုန်းက ဘာဖြစ်လို့ ဒီလောက်တောင် မကျေမနပ် ဖြစ်ခဲ့ရတာလဲ။
ကံကောင်းထောက်မစွာနဲ့…
အခန်း ( ၃၈ ) - ရိုက်ကူးရေးပြီးသွားတဲ့အတွက် ဂုဏ်ယူပါတယ်။
ရှန်းတန်သည် ရှုကျောင်းကျောင်း၏ အခြေအနေသည် အနည်းငယ် ထူးဆန်းနေသည်ဟု အမြဲခံစားခဲ့ရသော်လည်း သူမသည် လိမ်နေပုံမပေါ်ပေ။ သူမသည် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရပါက တရားမျှတမှုအတွက် သေချာပေါက် ရပ်တည်ပေးလိမ့်မည်။
သူမသည် သူမ၏ အရင်ဘဝတွင် ချစ်သူရှိခဲ့ဖူးသလားဟု မေးမြန်းလိုစိတ်ကို မထိန်းနိုင်ခဲ့သော်လည်း ကြိုတင်သိထားပါက ပျော်စရာမကောင်းတော့ဟု တွေးကာ ဒီအတိုင်း ဖြစ်ပျက်သွားစေရန် ဆုံးဖြတ်လိုက်သည်။
ရှုကျောင်းကျောင်း ငိုနေသည်ကို မြင်သောအခါ သူမသည် စိုးရိမ်တကြီးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"ဘာလို့ ငိုနေတာလဲ။"
"ကျွန်မ နည်းနည်း စိတ်သက်သာရာ ရသွားလို့ပါ" ဟု ရှုကျောင်းကျောင်းက ပြောသည်။
ရှုကျောင်းကျောင်းသည် ရှန်းတန်ကို ဖက်လိုက်ပြီး သူမ၏ စိတ်ထဲတွင် ဆက်ပြီး ပြောနေသည်မှာ - ဘာမှ မဖြစ်သေးတဲ့အတွက် စိတ်သက်သာရာ ရပြီး ပြန်စဖို့ရန် အခွင့်အရေး ရှိနေသေးတဲ့အတွက် စိတ်သက်သာရာ ရမိပါတယ်။
သူမ၏ အရင်ဘဝတွင် သူမသည် မျက်စိကန်းခဲ့ပြီး ရန်သူနှင့် ပူးပေါင်းကာ ရှန်းတန်ကို ထိခိုက်စေခဲ့သည်။
ရှန်းတန်က ဝိုင်ခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး "နင်ငါ့ကို တကယ်ပဲ ဒါကို သောက်စေချင်တာလား" လို့ သူမကို ရိုးရိုးသားသားမေးခဲ့တဲ့ အဲဒီနေ့ကို သူမ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။
သူမ ခေါင်းညိတ်သည်ကို မြင်သောအခါ ရှန်းတန်၏ မျက်လုံးထောင့်မှ မျက်ရည်တစ်စက် စီးကျလာသော်လည်း သူမသည် တစ်ကျိုက်တည်း အကုန်သောက်လိုက်သည်။
ထိုအချိန်တွင် သူမသည် နောင်တရခဲ့ပြီးဖြစ်သော်လည်း အချိန်နှောင်းသွားခဲ့သည်။
ရှန်းတန် ဘာမှမဖြစ်ခဲ့ပေမဲ့ သူမကိုယ်သူမ ခွင့်မလွှတ်နိုင်ဘဲ နှစ်ယောက်သား လမ်းခွဲခဲ့ကြသည်။
ရှုကျောင်းကျောင်းသည် ရှန်းတန်ကို တင်းတင်းဖက်ထားသည်။ ဤဘဝတွင် သူမသည် သူမကိုယ်သူမ ကောင်းစွာ ပြန်လည်ကယ်တင်လိမ့်မည်။
သူမ၏ သံသယများကို ဖြေရှင်းပြီးနောက် ရှန်းတန်သည် ထိုညတွင် ကောင်းစွာ အိပ်ပျော်သွားခဲ့သည်။
သူတို့ ရိုက်ကူးရေးတွေ ပြီးခါနီးနေပြီ။ မကြာခင် ရိုက်ကူးရေး ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း အသုံးအဆောင်ပစ္စည်းများ သို့မဟုတ် မိတ်ကပ်ပစ္စည်းများကို ခိုးယူခြင်း ကဲ့သို့သော အသေးအဖွဲဖြစ်ရပ် အချို့ ဖြစ်ပွားခဲ့သည်။ ကံကောင်းစွာဖြင့် ကြီးကြီးမားမား အဖြစ်အပျက်များ မရှိခဲ့ပေ။
သတိထားသည့်အနေဖြင့် ရှန်းတန်သည် ဖျက်ဆီးခံထားရသော မိတ်ကပ်ပစ္စည်းများကို မသုံးတော့ဘဲ သူမ၏ မိတ်ကပ်ခန်းတွင် သေးငယ်သည့် ကင်မရာလေးကိုပင် အထူးတပ်ဆင်ခဲ့သည်။ မထင်မှတ်ဘဲ ထိုအရာသည် အသုံးဝင်ခဲ့သည်။
ထိုနေ့မနက်တွင် ထုံးစံအတိုင်း ရှန်းတန်သည် အမြဲပြုလုပ်နေကျအတိုင်း မိတ်ကပ်နှင့် အဝတ်အစားများ မပြင်ဆင်မီ အားလုံးကို အရင်စစ်ဆေးခဲ့သည်။
မထင်မှတ်ပဲ၊ သူမကြည့်လိုက်တာနဲ့ ပြဿနာတစ်ခုကို ချက်ချင်း တွေ့လိုက်ရသည်။
ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည့် အမျိုးသားတစ်ဦးသည် သော့ကို ဖွင့်ကာ ခိုးဝင်လာခဲ့သည်။ ဦးစွာ သူသည် မိတ်ကပ်ထဲသို့ တစ်စုံတစ်ခု ထည့်လိုက်ပြီးနောက် ၀တ်စုံရှိ ချည်မျှင်အချို့ကို ဖြုတ်လိုက်သည်။
ရှန်းတန် ဝတ်စုံကို ရှာတွေ့ခဲ့သည်။ ဖြည်လိုက်ခြင်းမှာ ရှင်းရှင်းလင်းလင်း မသိသာသော်လည်း ထိုဝတ်စုံကို နောက်ထပ် ဝတ်ဆင်၍ မရတော့ပေ။ အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ပြဲသွားနိုင်သည်။
လတ်တလော သတိထားမှုကြောင့်သာ မဟုတ်ပါက သူမသည် သေချာပေါက် ထောင်ချောက်ထဲသို့ ကျရောက်သွားမှာ သေချာသည်။
ရှန်းတန်သည် ပင်ပန်းစွာဖြင့် သူမ၏ မျက်ခုံးကြားကို ညှစ်လိုက်သည်။ သူမသည် အမျိုးသမီးဇာတ်ဆောင် မဟုတ်တာကြောင့် ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း ဘာကြောင့် ဤမျှလောက် ဒုက္ခများစွာ ကြုံတွေ့နေရသလဲ။
ဒါရိုက်တာဟောက်ကို အနှောင့်အယှက် မပေးလိုသော်လည်း ရွေးချယ်စရာ မရှိပေ။ ဒီအကြောင်းကို သိအောင် ပြောပြရမှာပေါ့။
အဲဒီအပြင် မိတ်ကပ်ထဲကို ဘာတွေထည့်ထားတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ရှန်းတန်သည် တစ်စုံတစ်ယောက်ကို ၎င်းကို စစ်ဆေးခိုင်းလိုက်သည်။
ဒါရိုက်တာဟောက်သည်လည်း ရိုက်ကူးရေးအဖွဲ့တွင် ဒီလောက် များပြားသော အဖြစ်အပျက်များကို မမျှော်လင့်ထားပေ။
သို့သော် ရှန်းတန်သည် ဤနေရာတွင် သားကောင်ဖြစ်ခဲ့သည်မှာ သူမ အပြစ် မဟုတ်ပေ။
"စုံစမ်းစစ်ဆေးပါ" ဟု ဒါရိုက်တာဟောက်က ပြောသည်။
ဗီဒီယိုမှတ်တမ်းတွေရှိပေမယ့် အဲဒီလူဟာ ဘေ့စ်ဘောဦးထုပ်နှင့် အနက်ရောင် အဝတ်အစားများ ဝတ်ထားပြီး သူ့မေးစေ့တစ်ဝက်လောက်သာ မြင်နိုင်တာကြောင့် သူ့ကို ဖော်ထုတ်ရန် ခက်ခဲနေသည်။
ရိုက်ကူးရေးစင်၏ စောင့်ကြည့်ကင်မရာစနစ်တွင် မြင်ကွင်းကွယ်နေသော နေရာများစွာ ရှိသည်။
"အခု ကြည့်ရတာတော့ ဒီလူဟာ အပြင်လူ ဖြစ်နိုင်တယ်" ဟု ဒါရိုက်တာဟောက်က မျက်မှောင်ကြုတ်ကာ ပြောသည်။
ဒီအဖြစ်အပျက်က ကြောက်စရာကောင်းသည်။ ကံကောင်းထောက်မစွာပင် ယခုအချိန်အထိ မည်သူ့ကိုမျှ မထိခိုက်စေဘဲ ပစ္စည်းများကိုသာ ပြုလုပ်ခဲ့သည်။ မဟုတ်ရင် အကျိုးဆက်က မတွေးဝံ့စရာပင်။
ရှန်းတန်သည် သူမတို့၏ ဘဝဟောင်းတွင် ဤအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်း ရှိမရှိကို ရှုကျောင်းကျောင်းအား လျှို့ဝှက်စွာ မေးသည်။
ရှုကျောင်းကျောင်းသည် ခေါင်းခါယမ်းလိုက်ပြီး သူမ၏ မျက်နှာသည် ဖြူဖျော့သွားသည်။ "ကျွန်မ မသိဘူး…”
သူမသည် ယခု ပြန်လည်မွေးဖွားခြင်းမှာ အစစ်အမှန် ဟုတ်မဟုတ် သံသယဖြစ်စပြုလာပြီ။
ရိုက်ကူးရေးအဖွဲ့ထဲ မ၀င်ရောက်မီ သူမသည် ရုတ်တရက် အတိတ်မှတ်ဉာဏ်အချို့ကို ရရှိခဲ့သည်။ သူမသည် ပြန်လည်မွေးဖွားခြင်းဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။ ဒါပေမယ့် အခုချိန်မှာတော့ သူမရဲ့ အိပ်မက်တွေနဲ့ တကယ့် လက်တွေ့မှာ အနည်းငယ် ကွဲပြားနေတာကို သူမ တွေ့ရှိခဲ့သည်။
ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။
သူမ ပြန်လည်မမွေးဖွားသေးတာ ဖြစ်နိုင်ပါ့မလား။
"စိတ်မပူနဲ့၊ စိတ်မပူနဲ့။ ပြန်လည်မွေးဖွားတာပဲဖြစ်ဖြစ် တခြားအရာပဲဖြစ်ဖြစ် ဘယ်သူဂရုစိုက်မှာလဲ။ အရေးကြီးဆုံးကတော့ လက်တွေ့ဘဝမှာ နေထိုင်ဖို့ပဲ” ဟု ရှန်းတန်က နှစ်သိမ့်ပေးလိုက်သည်။
ရှုကျောင်းကျောင်းက တိုးတိုးလေး ပြောသည်။ "နင်ပြောတာ မှန်တယ်..."
ရှန်းတန် ရဲကို ဖုန်းခေါ်လိုက်သည်။
ရဲတပ်ဖွဲ့က လက်ကျန် အလှကုန်ပစ္စည်းများကို စစ်ဆေးရန် ယူသွားခဲ့သည်။ ရလဒ်ထွက်ရန် ရက်အနည်းငယ် ကြာလိမ့်မည်။
အဲဒီလူသည် အတွင်းပိုင်းစောင့်ကြည့်ရေး အခြေအနေကို အတော်လေး ရင်းနှီးပုံရသောကြောင့် သူ့ကို ရှာတွေ့နိုင်မည်ဆိုသည်လား မသေချာပေ။
ကုဟွိုင်အန်းသည် ဤအဖြစ်အပျက်ကို သိသောအခါ ချက်ချင်းပဲ သူ၏ ကိုယ်ရံတော် ရှောင်ယွီကို အမြန်စေလွှတ်လိုက်သည်။
ရှန်းတန်သည် မူလက ဤတစ်ကြိမ်တွင် လုံခြုံလိမ့်မည်ဟု မူလက ထင်ခဲ့သည်။ မမျှော်လင့်ဘဲ တစ်စုံတစ်ရာ မှားယွင်းသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။ ရှောင်ယွီ ရောက်လာပြီး မကြာခင်မှာပဲ ရှန်းတန်က သူမ၏ လက်ထောက်အသစ်ဖြစ်ကြောင်း အခြားသူများကို ပြောပြခဲ့သည်။
ယွမ်ယွမ်၏ မိခင် ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်က အပြည့်အဝ မသက်သာသေးပေ။
ရှောင်ယွီအနားမှာ ရှိနေတော့ လုံခြုံတယ်လို့ ခံစားရသည်။
ဒါပေမယ့် ဒီကောင်မလေးက တကယ်စားနိုင်သောက်နိုင်သည်။ ရှန်းတန်က ကုဟွိုင်အန်းသည် စားစရိတ် သက်သာစေရန် သူမကို စေလွှတ်လိုက်ကြောင်း သံသယဝင်လာသည်။
ရက်အနည်းငယ်ကြာပြီးနောက် ရှန်းတန်သည် ရိုက်ကူးရေးအပြီးတွင် ဒါရိုက်တာဟောက်ထံမှ အနီရောင် စာအိတ်ကြီးတစ်လုံးကို လက်ခံရရှိခဲ့သည်။
"ရိုက်ကူးမှုပြီးဆုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်။”
"ကျေးဇူးတင်ပါတယ်။"
"အစ်မတန်၊ အဆက်အသွယ်လုပ်ရအောင်။"
"သေချာတာပေါ့။"
"အားတဲ့အခါ ဂိမ်းဆော့ကြမယ်။"
"စိတ်မပူနဲ့၊ အစ်မ နင့်ကို အဆင့်မြှင့်ပေးမယ်။"
ရှန်းတန်သည် ရိုက်ကူးရေးအဖွဲ့နှင့် ဤမျှ လိုက်လျောညီထွေဆက်ဆံရေးမျိုး ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပေ။ ထွက်လာတဲ့လမ်းမှာ သူတို့ပေးခဲ့တဲ့ ပစ္စည်းတွေ အစုံအလင်နဲ့ ဝန်ပိနေခဲ့သည်။
အိမ်အပြန်လမ်းတွင် ရှန်းတန်သည် စစ်ဆေးမှုရလဒ် ထွက်လာပြီဖြစ်ကြောင်း စာရရှိခဲ့သည်။
မိတ်ကပ်ထဲသို့ ထည့်ထားသော အရာများမှာ ကော်နှင့် ဂျေဝိုင် (jy) ဖြစ်သည်။
ဂျေဝိုင်ကို လိုးရှင်းထဲ ထည့်ထားသည်။ သေချာမကြည့်ပါက တကယ် မသိနိုင်ပေ။
ရှန်းတန်: "......"
သူမသည် အန်ချင်သလို ဖြစ်သွားသည်။
ရွံရှာစရာကောင်းလိုက်တာ။
ဒီပစ္စည်းတွေကို ထည့်တဲ့ကောင်က စိတ်ရောဂါသည်ပဲ။
ရှန်းတန်သည် အခြားသူများကို ပြောပြလိုစိတ်မရှိသော်လည်း ကုဟွိုင်အန်းကမူ သိသွားခဲ့သည်။
ဖုန်းထဲမှာတော့ သူ့အသံက တိုးလျလျနှင့် တင်းမာနေသည်။ "စိတ်မပူနဲ့၊ ဒီလူ ဘယ်သူ့အတွက် အလုပ်လုပ်နေလဲဆိုတာ ငါရှာလိုက်မယ်။"
"ကျေးဇူးတင်ပါတယ်။ ဒီစိတ်မမှန်တဲ့ကောင် ဘာကြံနေလဲဆိုတာကို ကျွန်မ သိချင်တယ်။"
ရှန်းတန်သည် ဖုန်းချပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
စိတ်မမှန်တဲ့ စိတ်ရောဂါသည်တစ်ယောက်အတွက် စိတ်ဓာတ်ကျနေစရာ မလိုပေ။
အိမ်ပြန်ရောက်သောအခါ ရှန်းတန်က အိမ်မှာဘယ်သူမှမရှိတာကိုတွေ့လိုက်သည်။
"အစ်မထောင်"
"ဦးလေးဟယ်"
"ဝူယန်"
"အန်းရန်"
ဘယ်သူမှ မရှိဘူး။ ထူးဆန်းလိုက်တာ။
ရှန်းတန်သည် အပေါ်ထပ်မှ သူမ၏ အခန်းဆီသို့ တက်သွားသည်။ တံခါးကို ဖွင့်လိုက်သည်နှင့် သူမ၏ နားအနီးတွင် "ပေါက်ပ်" ဟူသော အသံကျယ်တစ်ခု ထွက်လာပြီး အားလုံးက "Surprise" ဟု အော်ဟစ်လာကြသည်။ ထို့နောက် မီးရှူးမီးပန်း အပိုင်းအစများသည် သူမခေါင်းပေါ်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
"ရိုက်ကူးရေးပြီးသွားတဲ့အတွက် ဂုဏ်ယူပါတယ်။"
"ဒန် တန် တန့်”
သူတို့က ရည်ရွယ်ချက်ကောင်းဖြင့် လုပ်ပေးမှန်း သိသော်လည်း ရှန်းတန် အနည်းငယ် ရှက်ရွံ့သွားသည်။
"ကျေးဇူးတင်ပါတယ်။"
"ဒါက မင်း ရိုက်ကူးရေးပြီးမြောက်တဲ့အတွက် လက်ဆောင် စာအိတ်နီလေးပါ။"
လေးယောက်စလုံးက သူမကို စာအိတ်နီ တစ်ယောက် တစ်အိတ်စီ ပေးခဲ့သည်။
ရှန်းတန်က စာအိတ်တွေကို သိမ်းဖို့လုပ်တဲ့အခါ ကုအန်းရန်က "အစ်မ၊ မြန်မြန်ဖွင့်ကြည့်လိုက်ပါဦး" ဟု အော်ပြောသည်။
"အခု ဖွင့်ကြည့်ရမှာလား"
"ဖွင့်ကြည့်ပါ၊ ဖွင့်ကြည့်ပါ။"
ရှန်းတန်သည် အနီရောင် စာအိတ်များကို ဖွင့်ကြည့်လိုက်သောအခါ အစ်မထောင်၊ ဦးလေးဟယ်နှင့် ဝူယန်တို့၏ စာအိတ်ထဲတွင် ငွေသန်းပေါင်းများစွာ ရှိသည်ကို တွေ့ရသည်။
—သန်းပေါင်းများစွာသော ပျော်စရာ ကိစ္စရပ်များနှင့် ကြုံတွေ့ပါစေ၊ သန်းပေါင်းများစွာသော ကောင်းချီးများ သက်ရောက်ပါစေ၊၊ သန်းပေါင်းများစွာသော နေ့ရက်တိုင်းမှာ ဘေးကင်းပါစေ။
အန်းရန်၏ စာအိတ်ထဲတွင် လက်ရေးဘောက်ချာတစ်ခု ပါဝင်သည်။
"ဒါ ဘာလဲ..."
"ဒါက ဦးလေးရဲ့ တစ်ရက်တာ အခမဲ့ ဘောက်ချာပါ။ ဒီဘောက်ချာကို သုံးပြီး ဦးလေးကို တစ်နေကုန် ခေါ်ထားလို့ ရတယ်။ အစ်မ ဘာပဲ လုပ်စေချင် လုပ်စေချင် သူလုပ်ပေးရမယ်။"
ရှန်းတန်၏ စိတ်ကူးများသည် မသင့်လျော်သော နေရာများသို့ မလွှဲမရှောင်သာ ရောက်သွားသည်။ သူမသည် သူမ၏ အတွေးများကို ပြန်ထိန်းရန် ချောင်းအနည်းငယ် ဟန့်လိုက်သည်။
"မင်း ဦးလေး ဒါကို သိရဲ့လား။"
ကုအန်းရန်သည် ဘယ်ညာသို့ ဝေ့ဝဲကြည့်လိုက်ပြီး "သူ သေချာပေါက် သဘောတူမှာပေါ့" ဟု ဆိုလာခဲ့သည်။
ရှန်းတန်သည် သဘောတူသည်လည်း မဟုတ်၊ မတူသည်လည်း မဟုတ်ဘဲ စာအိတ်နီအားလုံးကို ပြုံးရွှင်စွာ သိမ်းဆည်းလိုက်သည်။ "အားလုံးကို ကျေးဇူးတင်ပါတယ်။ ရှင်တို့ လက်ဆောင်တွေကို တကယ် ကြိုက်တယ်။"
ဒီလိုချစ်စရာကောင်းတဲ့ လူတစ်စုကို သိခွင့်ရတာ သူမ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။
"ကဲပါ၊ ကြိုဆိုပွဲကတော့ ပြီးသွားပြီ၊ နောက်တစ်ခုကတော့––"
"အမှိုက်ရှင်းကြရမယ်" ဟု ဦးလေးဟယ်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။