← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း ( ၄၁ ) – မင်းတို့ စိတ်ရင်းမှန်နဲ့ မေးလာတဲ့အတွက် ငါ သနားတဲ့အနေနဲ့ ပြောပြမယ်။ မစ်ရှင်ကတော့…

တံခါးကို တွန်းဖွင့်လိုက်သောအခါ ရုံးခန်းထဲတွင် လူအများအပြား ပြည့်နေပြီးသားဖြစ်ကာ အားလုံးကလည်း ပွဲကောင်းတစ်ခုကို စောင့်ကြည့်နေသည့် အရိပ်အယောင်ဖြင့် ပြုံးလျက် ကြည့်နေကြသည်။

ရှန်းတန်က ဘာကိုမှ ဂရုမစိုက်တဲ့ပုံနဲ့ အနီးအနားက ခုံအလွတ်တစ်လုံးမှာ ဝင်ထိုင်လိုက်သည်။

လူတိုင်း သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူမသည် "ဘာလို့ ကျွန်မကို စိုက်ကြည့်နေကြတာလဲ။ ကျွန်မမျက်နှာမှာ ဘာပေနေလို့လဲ။" ဟု မေးလိုက်သည်။

ရှန်းတန်မှာ အတော်ကို ရဲတင်းသောပုံစံမျိုး ပေါက်နေသောကြောင့် လူတော်တော်များများမှာလည်း အံ့ဩသော မျက်နှာထားမျိုး ဖြစ်သွားကြသည်။

"ကဲ အခု ရှန်းတန်လည်း ရောက်လာပြီဆိုတော့ ဘယ်သူက သူ့ကို စီမံခန့်ခွဲချင်ကြလဲ။"

ဥက္ကဋ္ဌကျိုးသည် ရုံးခန်း၏ အလယ်တွင် ထိုင်နေသည်။ ရှန်းတန်ကို မြင်လိုက်သောအခါ အရင်တစ်ခါက ဒဏ်ရာရခဲ့သောနေရာမှာ ပြန်ပြီး နာကျင်လာသလို ခံစားလိုက်ရသည်။

အေးဂျင့်တော်တော်များများက တိတ်ဆိတ်နေပြီး ရှန်းတန်ကို စီမံခန့်ခွဲဖို့ ဆန္ဒမရှိတဲ့ပုံ ပေါ်နေကြသည်။

အခန်းတစ်ခုလုံး ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားသည်။

လူတိုင်း၏ အကြည့်များမှာ မသိမသာ ဟိုဟိုဒီဒီ ရောက်ကုန်ကြသည်။

ရှန်းတန်တစ်ယောက်တည်းကသာ ထိုအခြေအနေကို လုံး၀ ဂရုမစိုက်ဘဲ ဒါဟာ သူ့အတွက် ပြဿနာတစ်ခု မဟုတ်သလိုမျိုး၊ သူ့ကို စိတ်ထိခိုက်စေတဲ့အရာတစ်ခု မဟုတ်သလိုမျိုး တည်ငြိမ်အေးဆေးစွာ တုံ့ပြန်နေလေသည်။

"အဟမ်း၊ ဘယ်သူမှ သူ့ကို မကိုင်တွယ်ချင်ကြဘူးလား။" ဥက္ကဋ္ဌကျိုးသည်ပင် အနည်းငယ် ရှက်စပြုလာသည်။

အမှန်မှာ ရှန်းတန်တွင် သတင်းဆိုး အများကြီးရှိသော်လည်း ကောင်းသောအချက်တစ်ခုမှာ ဆိုရှယ်မီဒီယာပေါ်တွင် ခဏခဏ နာမည်ကျော်ကြားခြင်းကြောင့် လူကြိုက်များမှု အလွန်မြင့်မားနေသည်ဟု ဆိုရမည်ဖြစ်သည်။

ယခုခေတ်နယ်ပယ်တွင် သတင်းဆိုး များသည်ထက် လူကြိုက်နည်းမှာကို ကြောက်ကြသည်က သဘာ၀ပဲ မဟုတ်ပါလား။

သို့သော်လည်း ရှန်းတန်၏ မကြာသေးခင်က အပြုအမူများမှာ ပိုပြီး ထိန်းချုပ်လို့မရသည့်ပုံစံ ဖြစ်လာသည်။

အထူးသဖြင့် အရင်တစ်ခါက ရှောင်ဝမ်နဲ့ ဖြစ်ခဲ့သောကိစ္စကြောင့် လူတိုင်းက ရှောင်ဝမ်၏ ခြေရာကို နင်းမိမှာ အလွန်ကြောက်နေကြသည်။

ရှန်းတန်က ဖုန်းကို ချလိုက်ပြီး "အင်း၊ ဘယ်သူမှ စိတ်မဝင်စားကြဘူးဆိုရင်လည်း ထားလိုက်တော့ပေါ့" ဟု ပြောလိုက်သည်။

"ဘယ်လိုလုပ် အဲ့လိုဖြစ်ရမှာလဲ။"

"ဒါဆို ဘယ်သူ့ကို ငါ့ကို ကိုင်တွယ်စေချင်လဲ။"

ဥက္ကဋ္ဌကျိုးမှာ စကားပြောလို့ မရအောင် ဖြစ်သွားသည်။ သူ ဘယ်သူ့ကို ကြည့်ကြည့် အားလုံးက မျက်နှာလွှဲသွားကြသည်။

နောက်ဆုံးတွင် မျက်မှန်အနက်ဘောင်တပ်ထားသော မိန်းကလေးတစ်ယောက်သည် လက်ကို အားနည်းစွာ မြှောက်ပြီး အသံတိုးတိုးလေးဖြင့် "ကျွန်မ... ကျွန်မ သူ့ကို အနီးကပ်နေပြီး စီမံပေးလို့ရမလား။" ဟု မေးလိုက်သည်။

လူတိုင်း အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုမိန်းကလေးမှာ ပုံမှန်အားဖြင့် ကုမ္ပဏီတွင် ရှိနေမှန်းတောင် မသိသာသောသူမျိုးဖြစ်သောကြောင့် တော်တော်များများမှာလည်း သူ့ကို ဘယ်သူဘယ်ဝါဟူ၍ မသိကြပေ။

မိန်းကလေးဘေးရှိ လူသည် သူမကို မျက်စောင်းထိုးပြီး "ဒီလူက အလုပ်သင်အေးဂျင့်အသစ်ပါ" ဟု ပြောလိုက်သည်။

ဥက္ကဋ္ဌကျိုး၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း စားပွဲကို လက်ဖြင့် ရိုက်ကာ "ကောင်းပြီ၊ မင်းပဲ လုပ်တော့။ ရှန်းတန်ကို အခု မင်းပဲ တာဝန်ယူလိုက်တော့။ အလုပ်သင်လည်း မဟုတ်တော့ဘူး။ မင်းကို တရားဝင် အလုပ်ခန့်လိုက်ပြီ" ဟု ပြောသည်။

သူသည် ထိုအပူလုံးကို အမြန်လက်လွှဲပေးချင်နေသော ပုံစံကြောင့် လူအများမှာ ရယ်ချင်သွားကြသည်။

ရုံးခန်းထဲရှိလူများ တဖြည်းဖြည်း ထွက်သွားကြပြီး နောက်ဆုံး ရှန်းတန်နဲ့ အေးဂျင့်အသစ်လေးပဲ ကျန်ခဲ့သည်။

အေးဂျင့်အသစ်လေးသည် ရဲရဲတင်းတင်း လက်ကို ဆန့်တန်းပြီး လျှောက်လာကာ အစောပိုင်းက ရှုံ့မဲ့နေသော ပုံစံနှင့် လုံးဝ ကွဲပြားနေသည်။

"တွေ့ရတာ ဝမ်းသာပါတယ် အစ်မ ရှန်းတန်။ ကျွန်မက ဖေး‌ခယ့်စုန့်ပါ။ ဒီနေ့ကစပြီး ကျွန်မက အစ်မရဲ့ အေးဂျင့်ဖြစ်တာကြောင့် ကျွန်မကို ကောင်းကောင်း လမ်းညွှန်ပေးပါဦး" ဟု ဆိုသည်။

ရှန်းတန်တစ်ယောက် မျက်ခုံးပင့်ပြီး စိတ်ဝင်တစား ကြည့်လိုက်သည်။ စိတ်ထဲတွင် သူမသည် ချစ်စရာ ယုန်ဖြူလေးတစ်ကောင် ဟု ထင်ထားသော်လည်း တကယ်တမ်း မျက်နှာဖုံးခွာကြည့်လိုက်သောအခါ ကြောက်စရာကောင်းသော ဝံပုလွေကြီး ဖြစ်နေလေသည်။

သူလည်း လက်ကို ဆန့်တန်းပြီး ဖေး‌ခယ့်စုန့်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ဟယ်လို၊ ငါ့ကို ရှန်းတန်လို့ပဲ ခေါ်ပါ"

"အခုနကနဲ့ နည်းနည်း ကွဲပြားနေသလိုပဲနော်..."

ဖေး‌ခယ့်စုန့်သည် ပြုံးပြီး "အစ်မလည်း အရင်ကနဲ့ နည်းနည်း ကွဲပြားနေသလိုပဲ" ဟု ပြန်ပြောသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အားရပါးရ ရယ်လိုက်ကြသည်။

"ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ အလုပ်လုပ်ကြတာပေါ့"

"ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ အလုပ်လုပ်ကြတာပေါ့"

ရှန်းတန်သည် ဖေး‌ခယ့်စုန့်ဟာ အခုမှ အလုပ်ရတာကြောင့် သိပ်ပြီး လူအင်အား အရင်းအမြစ် ရှိမှာ မဟုတ်ဘူး ဟု ထင်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ အဲ့ဒီညမှာပင် ဖေး‌ခယ့်စုန့်က ဝီချက်စ်မှာ သူ့ကို စာပို့လာခဲ့သည်။

“အစ်မအတွက် ရသစုံရှိုးတစ်ခု ရှာထားတယ်။ ပြင်ဆင်ထားတော့”

ရှန်းတန် ချက်ချင်း ဖုန်းခေါ်လိုက်သည်။

"ဘယ် ရသစုံရှိုးလဲ။"

"ဟို လယ်ယာစိုက်ပျိုးရေး ရသစုံရှိုးလေ။ အဲ့မှာ အစ်မက ဧည့်သည်အနေနဲ့ တစ်ပိုင်း ပါဝင်ရမှာ"

ရှန်းတန်လည်း ဘာဆက်ပြောရမှန်းမသိဖြစ်ကာ တွေဝေနေတော့သည်။

သူမ ရင်းနှီးမြှုပ်နှံထားသည့် လယ်ယာစိုက်ပျိုးရေး ရသစုံရှိုးဖြစ်နိုင်မလား ဟု တွေးမိရင်း ရှန်းတန် အနည်းငယ် တုန်လှုပ်သွားသည်။

နောက်ဆုံး ဖေး‌ခယ့်စုန့်ဆီက အတည်ပြုချက်ရသောအခါ တကယ်ပဲ အဲ့ဒီရှိုး ဖြစ်နေလေသည်။

ရှန်းတန်၏ မျက်နှာပေါ်တွင် အတော်လေး ခံစားချက် အမျိုးမျိုးဖြင့် ရှုပ်ထွေးသွားသည်။ ဒါဟာ ကိုယ့်အတွက် ကိုယ် အလုပ်ရှာတာလို့ ပြောလို့ရမလား။

နောက်ပြီး သူမ လစာရဲ့ တစ်စိတ်တစ်ပိုင်းကို အဲ့ဒီ့ခွေးကုမ္ပဏီက ကြားခံအနေနဲ့ ယူဦးမှာ မဟုတ်ဘူးလား။

အား... တွေးလိုက်တာနဲ့တင် စိတ်ပျက်ဖို့ကောင်းလိုက်တာ။

ဖေး‌ခယ့်စုန့်တစ်ယောက် ဘယ်လို အခွင့်အရေးတွေ ရခဲ့လဲဆိုတာ ရှန်းတန် မသိသလို မေးလည်း မမေးဖြစ်ခဲ့ပေ။ အဲ့ဒီအစား သူသည် လော့ချန်ကို ဆက်သွယ်ပြီး ရသစုံရှိုး၏ အခြေအနေကို မေးမြန်းခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မကြာသေးခင်က အရမ်းအလုပ်များနေသဖြင့် ထိုအကြောင်းကို သိပ်ဂရုမစိုက်နိုင်ဖြစ်ခဲ့ရသည်။

ရှန်းတန်သည် မကြာသေးခင်က ပျော်ပါးနေခဲ့ပြီး ရှိုးအကြောင်းကို မစစ်ဆေးခဲ့ဘဲ သတိလက်လွတ်ပျော်နေမိသည်ကို ပြန်တွေးမိသောအခါ ကိုယ့်ကိုယ်ကိုယ် နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။

တကယ်တော့ နည်းနည်းလေးပါပဲ။

အွန်လိုင်းပေါ်တွင် ရှာဖွေကြည့်လိုက်သောအခါ မူရင်းစာအုပ်ထဲရှိ အမျိုးသမီးခေါင်းဆောင်၏ နာမည်ဂုဏ်သတင်းမှာ ထိုရှိုးနှစ်ခုကြောင့် တဟုန်ထိုး မြင့်တက်လာပြီး ပရိသတ် အများကြီး ရခဲ့သည်ကို တွေ့လိုက်ရသည်။

ချစ်ရေးဆိုထားသူတစ်ယောက်က သူမကို ဒိတ်တင်းရှိုးကနေ လယ်ယာစိုက်ပျိုးရေးရှိုးအထိ ဇွဲကောင်းကောင်းနဲ့ လိုက်ခဲ့သတဲ့လေ။ အင်တာနက်သုံးစွဲသူ အများအပြားတို့လည်း သူတို့နှစ်ယောက်ကို စုံတွဲလေးအဖြစ် ship ကြရင်း သဘောကျပြီး အားပေးနေကြသည်။

ရှန်းတန်လည်း fan edit လုပ်ထားသော ဗီဒီယိုလေးတွေကို ကြည့်ရင်း နည်းနည်း စွဲသွားသည်။

အမျိုးသမီးခေါင်းဆောင်ဆိုတော့လည်း သူ့ရုပ်ရည်က တကယ်ကို လှလွန်းတာပဲလေ။

မကြာခင် အမျိုးသမီးခေါင်းဆောင်နှင့် တွေ့ရတော့မည်ဟု တွေးမိသော် ရှန်းတန် နည်းနည်း စိတ်လှုပ်ရှားလာသည်။ ညသန်းခေါင်မှာတောင် သူ ပုဇွန်ဆီပြန်ချက် တစ်ပွဲ ခိုးစားလိုက်ပြီး အကျိုးဆက်အနေဖြင့် အိမ်သာကို ခဏခဏ သွားနေရသည်။

မနက်ရောက်သောအခါ ရှန်းတန် မျက်နှာမှာ အလွန်ဖြူဖျော့နေပြီး အောက်ထပ်ကို ဆင်းလာတော့ ထောင်ယဲ့ လန့်သွားသည်။

"ဟယ်၊ မဒမ် ဘာဖြစ်တာလဲ။"

ရှင်ထန် နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ ညသန်းခေါင် အပြင်က မှာစားလို့ ဝမ်းလျှောနေတယ် လို့ ဘယ်လိုပြောရပါ့မလဲ။

"ညက အိပ်မပျော်လို့..."

ထောင်ယဲ့က သူ့ကို ထူပေးလိုက်ပြီး ရှန်းတန် ဆိုဖာပေါ်မှာ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် တင်ပါးဆုံနေရာက ပြင်းထန်သော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူသည် နာကျင်ခြင်းများစွာဖြင့် အသက်ရှူသွင်းလိုက်ရာ

"ဘာဖြစ်တာလဲ။"

ရှန်းတန်က မျက်နှာရှုံ့မဲ့ပြီး "ငါ့ လိပ်ခေါင်း ထလာလို့" ဟု ပြောလိုက်သည်။

ထောင်ယဲ့က အားနာပါးနာဖြင့် ပြုံးပြီး "ဆေးရုံသွားဖို့လိုသေးလား။" မေးသည်။

"မလိုဘူး... မလိုဘူး..."

ရှန်းတန် မသိမသာ ခိုးပြီး သက်တောင့်သက်သာရှိသော ပုံစံမျိုး ပြောင်းထိုင်လိုက်မှ အနည်းငယ် သက်သာသွားတော့သည်။

နောက်နှစ်ရက်လုံးလုံး သူမသည် အရသာမဲ့သော အစားအစာများကိုသာ စားရပြီး ခံတွင်းမှာလည်း လုံးဝ အရသာမရှိတော့ပေ။

မကြာမီပင် ရုပ်သံအစီအစဉ် ရိုက်ကူးမည့်နေ့သို့ ရောက်ရှိလာလေသည်။

ရှန်းတန်သည် လေးလံသော ခရီးဆောင်အိတ်နှစ်လုံးကို ယူဆောင်ကာ ရိုက်ကူးမည့်နေရာသို့ ဦးတည်ခဲ့လေသည်။

အင်တာနက်သုံးစွဲသူများက ဧည့်သည်များသည် အတုအယောင်များဖြစ်သည်ဟု မစွပ်စွဲနိုင်စေရန် ထုတ်လုပ်ရေးအဖွဲ့သည် တိုက်ရိုက်ထုတ်လွှင့်သည့်စနစ်ကိုလည်း ကျင့်သုံးခဲ့သည်။

ဆိုလိုသည်မှာ သူမသည် ကားပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်မှု စတင်တော့မည်ဖြစ်သည်။

"ရှန်းတန်၊ ဒါ မင်းရဲ့ မစ်ရှင်ကဒ်ပဲ"

ရှန်းတန်သည် ကဒ်ကို ယူပြီး မျက်ခုံးနည်းနည်း ပင့်လိုက်သည်။

"ဒီ မစ်ရှင်က... မင်းတို့ တော်တော့်ကို မိုက်ရိုင်းကြတာပဲ" ဟု ဆိုလိုက်သည်။

Production Team က သူမကို နောက်ပြောင်ရန်အတွက် ဤ မစ်ရှင်ကို ခေတ္တခဏထည့်သွင်းခဲ့သည် ဟု အလေးအနက် သံသယဝင်မိသည်။

တကယ့်ကို လည်လွန်းသောသူများပင်။

သူမ၏ အပြုအမူကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော အင်တာနက်သုံးစွဲသူများလည်း စိုးရိမ်သွားကြသည်။

[မစ်ရှင်က ဘာလဲ။ ပြောပါဦး၊ ပြောပါဦး။]

[ဒါက ဟုတ်ရောဟုတ်ရဲ့လား။ အရင်ကလိုပဲ လှည့်စားနေတာများလား...]

ရှန်းတန်က ကင်မရာကို ကြည့်ပြီး သူ့လက်ထဲက Card ကို ဝှေ့ယမ်းပြသည်။ "သိချင်လား။ ငါ မပြောပြဘူး"

[...]

[တော်တော် ရိုင်းတာပဲ။ ငါ့လက်သီးတွေ ဆုပ်ထားမိပြီ။]

[Production Team က လူပြောင်းလို့ ရမလား။ ရှန်းတန်က အရမ်းကို ဆိုးရွားနေပြီ။ သူ ဘာလုပ်နိုင်မှာလဲ။]

"ကောင်းပြီလေ၊ မင်းတို့ ငါ့ကို တစ်ခါလောက် ချီးကျူးရင် ငါ ပြောပြမယ်"

[အင်း... ထားလိုက်ပါတော့၊ ငါ မသိချင်တော့ဘူး]

[ရှန်းတန်က အလှဆုံးပဲ။]

[အပေါ်ကလူ၊ ဘယ်မှာလဲ မင်းရဲ့ ဂုဏ်သိက္ခာ။]

[ဂုဏ်သိက္ခာက စားလို့ရလို့လား။ မင်း ကဒ်ထဲမှာ ဘာပါလဲဆိုတာ သိချင်တာမဟုတ်ဘူးလား။ နောက်ပြီး ငါ လိမ်ပြောနေတာ မဟုတ်ဘူးနော်။ အားလုံးရဲ့အမြင်ပဲလေ၊ ရှန်းတန်ရဲ့ မျက်နှာက တကယ်ကို အပြစ်အနာအဆာ မရှိဘူး]

ထိုသို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုမှတ်ချက်များအားလုံးသည် ရှန်းတန်ကို ချီးမွမ်းသည့် စာများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအခြေအနေကို အပြင်လူများကကြည့်လျှင် သူတို့သည် ဒါဟာပုံမှန်မဟုတ်ဘဲ ဘာသာရေးဂိုဏ်းတစ်ခု၏ အစည်းအဝေးပွဲနှင့် တူသည်ဟု ထင်ကောင်းထင်ကြလိမ့်မည်။

“ရှန်းတန်ကို ချီးကျူးနေကြတာလား။ သူတို့ ရူးများသွားပြီလား။”

ရှန်းတန်သည် ပါးစပ်နားရွက်တက်ချိတ်တော့မည့်အတိုင်း ပြုံးဖြီးနေပြီး တော်တော်လေး ထိုးချင်စရာကောင်းသည့် ပုံစံမျိုးဖြင့် "ရှင်တို့ စိတ်ရင်းမှန်နဲ့ မေးလာတဲ့အတွက် ငါ သနားတဲ့အနေနဲ့ ပြောပြမယ်။ မစ်ရှင်ကတော့…" ဟု ဆိုလိုက်လေသည်။

အခန်း ( ၄၂ ) – ဒီနေ့ ဘာစားကြမလဲ

“တာဝန်ကတော့ ဧည့်သည်တွေ ဇိမ်ခံညစာကို ကိုယ့်ဘာသာ ချက်စားကြဖို့ပါပဲ။ မှတ်ချက်အနေနဲ့ ပါဝင်ပစ္စည်းတွေကိုတော့ ကိုယ့်ဘာသာ ရှာဖွေရမယ်။”

ဤတာဝန်သည် ခက်ခဲသည်ဟု ဆိုရမည်လား၊ ရိုးရှင်းသည်ဟု ဆိုရမည်လား ခွဲခြားရန် ခက်ခဲလှပေသည်။

အဓိကအချက်မှာ ဤအစီအစဉ်သည် ကျေးလက်ဒေသ၏ ရသကို ပေါ်လွင်စေသော ရသစုံရှိုးတစ်ခုဖြစ်ပြီး ပါဝင်သူအားလုံးသည် လယ်ကွင်း၌ ပင်ပန်းစွာ အလုပ်လုပ်ကိုင်ခဲ့ကြပြီးနောက် ပြန်လည်ရောက်ရှိချိန်တွင် ဗိုက်တင်းရုံမျှသာ အနိုင်နိုင် စားသောက်နိုင်ကြသည်။ ထို့ကြောင့် ဇိမ်ကျကျ ညစာကို ချက်ပြုတ်ရန် အင်အားရှိမည်မဟုတ်သည်မှာ သေချာသလောက်ပင်။

ထို့ပြင် ၎င်းတို့သည် လိုအပ်သော ပါဝင်ပစ္စည်းများကိုလည်း ကိုယ်တိုင် ရှာဖွေထောက်ပံ့ရမည် ဖြစ်သည်။

[???]

[သောက်ကျိုးနည်း။ ငါတို့တော့ လှည့်စားခံလိုက်ရပြီ။]

[ရှန်းတန်၊ နင် နည်းနည်းလေးတောင် အပြစ်ရှိတယ်လို့ မခံစားရဘူးလား။]

အံ့သြဖွယ်ကောင်းစွာပင် ရှန်းတန်သည် အပြစ်ရှိသည်ဟု မခံစားရုံသာမက ပျော်ရွှင်စွာ ရယ်မောနေလေသည်။

သူတို့၏ ဦးတည်ရာသို့ ရောက်ရှိသောအခါ တဲအိမ်ငယ်လေး၏ ခြံဝင်းအတွင်း၌ လူအများအပြား မရှိသည်ကို တွေ့ရသည်။

ရှန်းတန်က ချီးကျူးလေးစားစွာဖြင့် "မင်းတို့ ဒီလောက်စောစော လယ်ကွင်းကို သွားကြတာလား။" ဟု ဆိုလေသည်။

လက်တစ်ဖက်စီ၌ ခရီးဆောင်အိတ်တစ်လုံးစီကို ကိုင်ဆောင်ကာ သူမသည် တံခါးပေါက်မှ ဝင်လာပြီး ခြံဝင်းငယ်လေးကို စေ့စေ့စပ်စပ် လေ့လာကြည့်ရှုသည်။ ပြောရလျှင် ၎င်းသည် ကျေးလက်တည်းခိုရိပ်သာ၏ ခံစားချက်မျိုးဖြင့် တော်တော်လေး သာယာလှပနေသည်။

အိမ်အတွင်း၌ သူမ၏ အဝတ်အစားထည့်ထားသော အိတ်ကို ထားပြီးနောက် ရှန်းတန်သည် ကင်မရာဆီသို့ လှည့်ကြည့်ကာ "ကျွန်မ အခု ဘာလုပ်ရမလဲ။" ဟု မေးလိုက်သည်။

"အင်း... မနက်စာက နည်းနည်းနောက်ကျသွားတယ်၊ နေ့လယ်စာက နည်းနည်းစောနေတယ်"

"ဟုတ်သားပဲ၊ ငါ့အခန်းက ဘယ်မှာလဲ။"

ရှန်းတန်သည် အပေါ်ထပ်သို့ တက်သွားပြီး အကွေ့၌ ကွေ့လိုက်သည်နှင့် အမျိုးသားတစ်ဦးနှင့် တိုက်မိလုနီးပါးဖြစ်ကာ လဲကျလုဆဲဆဲ ဖြစ်သွားသည်။

“အာ့...” ငါ့နှာခေါင်းလေး။

ကံကောင်းစွာဖြင့် နှာခေါင်းမှာ မူလအတိုင်းပင် ရှိနေသည်။

“ကျွတ်စ် ကျွတ်စ်...”

ထိုအမျိုးသားသည် မျက်လုံးကို ပွတ်သပ်လိုက်ပြီး "အစ်မရှန်းတန်။ ဒီတစ်ခေါက် အစီအစဉ်မှာ ဧည့်သည်လား။" ဟု မေးလိုက်သည်။

ရှန်းတန်သည် မော့ကြည့်လိုက်ရာ ထိုအမျိုးသားသည် နေပူထဲ၌ အကြိမ်ကြိမ် အသားမည်းသွားပြီးနောက် မည်းမှောင်နေသောပုံစံဖြင့် ရှိနေသော အောင်းကျစ်ဖျင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"နင် ဒီမှာ ဘာလုပ်နေတာလဲ။"

"ကျွန်တော်က ပုံမှန်ဧည့်သည်လေ။"

"မဟုတ်ဘူး၊ ငါမေးတာက နင် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။"

အောင်းကျစ်ဖျင်သည် "အာ" ဟု အသံပြုကာ သတိထား၍ "ဒါဆို... ကျွန်တော် သွားရမလား။" ဟု မေးလိုက်သည်။

"ချီး၊ ငါမေးချင်တာက နင်တို့တွေ ဘာလို့ လယ်ကွင်းထဲမှာ မရှိကြတာလဲ။ ဒီအချိန်ထိတောင် အိမ်မှာ ရှိနေတုန်းပဲ"

အောင်းကျစ်ဖျင်၏ မျက်နှာသည် ချက်ချင်း ညှိုးငယ်သွားပြီး "မပြောနဲ့တော့၊ မနေ့က ဒါရိုက်တာက ပါဝင်ပစ္စည်းတွေ ရဖို့အတွက် အချိန်ပို အလုပ်လုပ်ခိုင်းတယ်။ ဒါပေမဲ့ ဘာပါဝင်ပစ္စည်းမှ မရခဲ့ဘူး။ ပြီးတော့ ကျွန်တော်တို့ အရမ်းပင်ပန်းနေလို့ ဒီမနက်တောင် အနိုင်နိုင် ထခဲ့ရတာ" ဟု ဆိုလေသည်။

"ဪ။ အစ်မရှန်းတန်၊ အစ်မအခန်းက ဒီမှာ..."

အောင်းကျစ်ဖျင်သည် သူမ၏ အဝတ်အစား ထည့်ထားသော အိတ်ကို ကူသယ်ရန် လှုပ်ရှားလိုက်သော်လည်း ရှန်းတန်က သူ့လက်ကို တားဆီးလိုက်ပြီး "ကျေးဇူးပဲ၊ ငါ့ဘာသာ သယ်မယ်" ဟု ပြောလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး၊ အစ်မက ဧည့်သည်လေ၊ ကျွန်တော် ကူညီမယ်"

"နင် မနိုင်မှာ စိုးရိမ်တယ်"

ယောက်ျားတစ်ဦးအနေဖြင့် မိမိ မတတ်နိုင်ကြောင်း ဝန်ခံရန် ခက်ခဲသောကြောင့် အောင်းကျစ်ဖျင်သည် သူ့လက်မောင်းရှိ ကြွက်သားများကို မသိမသာ လှုပ်ပြလိုက်ပြီး "စိတ်မပူနဲ့တော့၊ ကျွန်တော် အခု အောင်းကျစ်ဖျင်ပဲ" ဟု ဆိုလိုက်သည်။

အောင်းကျစ်ဖျင်သည် ယုံကြည်မှုအပြည့်ဖြင့် ခရီးဆောင်အိတ်ကို ယူလိုက်သော်လည်း သူ့လက်မောင်းများသည် ချက်ချင်း လေးလံစွာ ကျဆင်းသွားပြီး "Damn" ဟု အော်လိုက်သည်။

"ဒါဆို ငါပဲ သယ်လိုက်ရမလား။"

"ကျွန်တော် ဒါကို လုပ်နိုင်တယ်။"

အောင်းကျစ်ဖျင်၏ မျက်နှာအမူအရာသည် များစွာ မပြောင်းလဲသော်လည်း သူ့လက်မောင်းရှိ သွေးကြောများမှာ ထောင်ထလာသည်။

[အဲ့ဒီလက်မောင်းတွေ၊ ငါ အရမ်းကြိုက်တာ ဟီးဟီး]

[အပေါ်က Comment ရေးနေတဲ့ အစ်မတွေ၊ အတွင်းခံတွေ ပြန်ဝတ်ကြဦး။]

အပေါ်ထပ်သို့ သယ်သွားပြီးနောက် အောင်းကျစ်ဖျင်သည် သက်ပြင်းချလိုက်ပြီး အိတ်ကို အခန်းတံခါးဝသို့ တွန်းပို့လိုက်ကာ "အစ်မရှန်းတန်၊ ဒါ အစ်မရဲ့ အခန်း" ဟု ဆိုလိုက်သည်။

ရှန်းတန်သည် တံခါးဖွင့်၍ ကြည့်လိုက်ရာ အခန်းသည် မကျယ်သော်လည်း သန့်ရှင်းသပ်ရပ်ပြီး ရေချိုးခန်းလည်း ပါဝင်သည်။

"ကျေးဇူးပဲ၊ ဪ ဟုတ်သား၊ ကျန်တဲ့ ဧည့်သည်တွေ အိပ်နေတုန်းလား။"

"သူတို့လည်း အရမ်းပင်ပန်းနေကြတာ၊ မကြာခင် ထလာလောက်မှာပါ"

ဤအရာကို ကြားပြီးနောက် ရှန်းတန်သည် သူမ၏ ပစ္စည်းများကို ဖြည်ပြီးသည်နှင့် အောက်ထပ်သို့ ဆင်းကာ စောင့်နေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နောက်ဆုံး၌ တာဝန်ကို ထမ်းဆောင်ရဦးမည်ဖြစ်သောကြောင့် ပထမဆုံးအနေဖြင့် အထင်ကြီးလောက်သော ပုံစံမျိုး ပြသရန် အကောင်းဆုံးဖြစ်သည်။

အင်း... ငါ မနက်စာ ချက်သင့်တယ်ထင်တယ်။

သို့သော် မီးဖိုချောင်သို့ ရောက်သောအခါ အတွင်း၌ လုံးဝ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဘယ်လိုလုပ် ဘာမှမရှိနေရတာလဲ။"

ရှန်းတန်သည် သူမ နေရာမှားရောက်နေသည်ဟု သံသယဝင်မိသည်။

"ကျွန်တော်တို့ အကုန်စားလိုက်ကြပြီ၊ ဒါကြောင့် မနေ့က ဒါရိုက်တာက ပါဝင်ပစ္စည်းတွေ ရဖို့အတွက် အလုပ်တွေ လုပ်ခိုင်းတာ" ဟု အောင်းကျစ်ဖျင်က ခေါင်းကုတ်ရင်း ပြောသည်။

"ဒါဆို ပါဝင်ပစ္စည်းတွေက ဘယ်မှာလဲ။"

ရှန်းတန်နှင့် အောင်းကျစ်ဖျင်တို့သည် မီးဖိုချောင်၌ စကားမပြောနိုင်ဘဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

"ဒါဆို ဒီနေ့ ဘာစားကြမလဲ။"

အောင်းကျစ်ဖျင်သည် ကင်မရာမှန်ဘီလူးကို ကြည့်ကာ "ဒါရိုက်တာ၊ ဒီနေ့ ဘာစားကြမှာလဲ။" ဟု မေးလိုက်သည်။

ခဏအကြာတွင် ဝန်ထမ်းတစ်ဦး ပြေးဝင်လာပြီး ယနေ့လုပ်ရမည့် အလုပ်များ ရေးထားသော ကဒ်ပြားတစ်ခုကို ပေးလိုက်သည်။

"ဆန်တစ်ကျင်းရဖို့ ပြောင်း ၁၀၀ ကျင်း လဲလှယ်ပါ။ ဖရဲသီးတစ်လုံးရဖို့ ဖရဲသီး ၁၀၀ ကျင်း ရောင်းပါ။ ဝက်သားတစ်ကျင်းရဖို့ ဝက်ခြံကို သေချာ သန့်ရှင်းပါ။"

ရှန်းတန်သည် မယုံကြည်နိုင်စွာ မော့ကြည့်ကာ "ဒီလိုလဲလှယ်မှုက တရားမျှတရဲ့လား။ ဒါက သူဌေးတွေထက်တောင် ပိုပြီး အမြတ်ထုတ်တာပဲ" ဟု ဆိုလိုက်သည်။

"အဟွတ် အဟွတ်" အောင်းကျစ်ဖျင်သည် သူမ၏ စကားများကို ဖုံးဖိရန် အလျင်အမြန် ချောင်းဟန့်လိုက်သည်။

[ဟားဟား ရယ်သေပြီ၊ ရှန်းတန်က တကယ်ကို ပြောရဲတယ်]

[ကြည့်စမ်း သူမက အဲ့ဒီ့လူကို ကြောက်သွားအောင် လုပ်လိုက်တာ၊ သူ့မျက်နှာတောင် ဖြူဖျော့သွားပြီ]

[ရှန်းတန် ပြောတာ မမှားဘူး၊ ဒီဒါရိုက်တာက တကယ်ကို အမြတ်ထုတ်တတ်တဲ့လူပဲ]

"ဒါပေမဲ့ မဆိုးပါဘူး၊ အလုပ်တွေက သိပ်မခက်ခဲပါဘူး" ဘာပဲဖြစ်ဖြစ် အဲ့ဒါတွေကို စီစဉ်တဲ့ထဲမှာ သူလည်း ပါတာကိုး ဟွတ်။

"ခဏလေး၊ အစ်မရှန်းတန်၊ ကျွန်တော်တို့ လယ်ထဲက အလုပ်တွေ ပြီးမှ ဒီအလုပ်တွေ အကုန်လုံး လုပ်ရမှာနော်"

"ငါသိတယ်၊ ဒါကြောင့် ဒီမှာ အစီအစဉ်ရှိတယ်။ ငါ အရင် မနက်စာ ချက်မယ်၊ နင် သွားပြီး မျက်နှာသစ်၊ ပြီးရင် သူတို့ကို သွားနှိုး"

"ဘာစားကြမှာလဲ။" အောင်းကျစ်ဖျင်သည် ခေါင်းကို နောက်တစ်ခါ ကုတ်လိုက်သည်။ သူ တကယ်ကို ဗိုက်ဆာနေပြီ။

"လျှို့ဝှက်ချက်ပဲ"

အောင်းကျစ်ဖျင် သူ့အခန်းကို ပြန်သွားပြီးနောက် ရှန်းတန်လည်း ခဏလောက် အပြင်ထွက်သွားပြီး ဆန်၊ ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို သယ်လာခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှတ်ချက်များတွင် အကုန်လုံးက တူညီသော မေးခွန်းတစ်ခုကိုပဲ မေးနေကြသည် - သူ အဲ့ဒါတွေကို ဘယ်က ရခဲ့တာလဲ။

ရှန်းတန်က ကြက်ဥထမင်းကြော်နှင့် ဟင်းသီးဟင်းရွက်ကြော် ချက်ပြုတ်လိုက်သည်။

သူမသည် အရင်တုန်းက ဆန်ပြုတ် ချက်ချင်ခဲ့သော်လည်း သူတို့ ကိုယ်လက်လှုပ်ရှား အလုပ်လုပ်ရမည်ဆိုသောကြောင့် ထမင်းကြော်က ပိုပြီး ဗိုက်ပြည့်စေမည် ဟု တွေးလိုက်သည်။

မကြာခင်မှာပဲ ဧည့်သည်များ တစ်ယောက်ပြီး တစ်ယောက် အောက်ထပ်ကို ဆင်းလာကြသည်။ ဒါဟာ ရှန်းတန် အမျိုးသမီးခေါင်းဆောင်နှင့် လူချင်း တွေ့ဆုံတာ ပထမဆုံးအကြိမ်ပင်။

အမျိုးသမီးခေါင်းဆောင်ဟာ ပုံမှန် အမျိုးသမီးခေါင်းဆောင်နှင့် တူသည်။ နေပူထဲမှာနေသော်လည်း အသားမည်းမသွားဘဲ ကျန်တဲ့ ဖြူဖျော့နေသော ဧည့်သည်များကြား ထင်ရှားနေသည်။

"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မ ရှန်းတန်ပါ။ မနက်စာ အဆင်သင့်ဖြစ်ပြီ၊ လာစားကြပါ။"

"ဝိုး ဝိုး ဝိုး"

ဧည့်သည်များမှာ ချက်ချင်း ပြေးလာပြီး ကုလားထိုင်ခုံများတွင် အသီးသီး နေရာယူထိုင်လိုက်ကြသည်။ အစားအစာကိုလည်း တောင့်တစွာ ကြည့်နေကြပြီး ပါးစပ်သရေယိုသည်အထိ တံတွေး တောက်လျှောက် ကျနေကြသည်။

"ရှန်းတန် နင် ဒါတွေ ချက်တာလား။"

"နင် ဒီပစ္စည်းတွေကို ဘယ်က ရခဲ့တာလဲ။"

ဧည့်သည်များတင် မဟုတ်၊ ပရိသတ်များလည်း ထိုအဖြေကို အလွန် သိချင်နေကြပြီ ဖြစ်သည်။

ရှန်းတန်က ပြုံးရုံပဲ ပြုံးပြီး "နောက်မှ ပြောင်း ၁၀၀ ကျင်း လဲလှယ်ဖို့ သွားကူညီမယ်လို့ ပြောထားတယ်လေ" ဟု ပြောသည်။

"ဟင်၊ ဘယ်အချိန်ကစပြီး ဒါရိုက်တာက ဒီလောက် ရက်ရောသွားတာလဲ။"

ရှန်းတန်က ခေါင်းခါလိုက်ပြီး "ဒါရိုက်တာ မဟုတ်ဘူး၊ ဘေးအိမ်က အဘွားကြီး" ဟု ပြန်ပြောသည်။

"ငါ သိသားပဲ"

"ဒါပေမဲ့ အဲ့ဒီ့ ပြောင်း ၁၀၀ ကျင်းက... ငါတို့ရဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို မထိခိုက်ဘူးလား..."

"စိတ်မပူနဲ့၊ ငါ့ဘာသာ လုပ်နိုင်တယ်"

အခုမှ စကားပြောဖူးသော ယောက်ျားဧည့်သည်က စိုးရိမ်တကြီး လက်ကို ဝှေ့ယမ်းပြီး "ကျွန်တော်... ကျွန်တော် အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး... အများကြီး မတွေးပါနဲ့..." ဟု ဆိုသည်။

ရှန်းတန်သည် ထိုကိစ္စကို အမှန်တကယ်ပင် အလေးအနက် မထားခဲ့ပေ။ သူမ ဆိုလိုသည့်အတိုင်း တိတိကျကျ ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့၏ တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် သူမသည် ထပ်မံရှင်းပြသော်လည်း ယုံကြည်မည်မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့် ရှန်းတန်သည် ဆက်လက်၍ ရှင်းပြခြင်း မပြုတော့ပေ။

မကြာမီ သူတို့ မျက်မြင်တွေ့ကြုံရသောအခါ အမှန်တရားကို နားလည်သွားကြလိမ့်မည်။

ခဏအကြာ စောင့်ဆိုင်းပြီးနောက် ထမင်းသည် နောက်ဆုံးတွင် ကျက်သွားလေသည်။ ဧည့်သည်များသည် ကင်မရာအတွက် ဟန်ဆောင်ရန်ပင် ဂရုမစိုက်ဘဲ အစားအစာများကို အားရပါးရ စားသောက်ကြလေသည်။

အောင်းကျစ်ဖျင်သည် မျက်လုံးထောင့်မှ မျက်ရည်ပင် စီးကျလာသည်။

ရှန်းတန်သည် အတော်လေး အံ့အားသင့်သွားပြီး "ဒါ ဘယ်လောက်ထိ ဆိုးရွားနေတာလဲ။" ဟု မေးလိုက်သည်။

"အင်း အင်း" အောင်းကျစ်ဖျင်သည် ခေါင်းကို အားပါးတရ ညိတ်ပြသည်။ စကားပြောရန်ပင် အချိန်မပေးနိုင်ဘဲ စကားပြောလိုက်လျှင်ပင် တစ်ကိုက် လျှော့စားရမည်ဖြစ်သောကြောင့် ဖြစ်သည်။

ဤတစ်နပ်စာကြောင့် အမျိုးသမီးခေါင်းဆောင်အပါအဝင် ဧည့်သည်များ၏ ရှန်းတန်အပေါ်ထားရှိသော စိတ်ရင်းစေတနာသည် အဆပေါင်းများစွာ တိုးပွားလာလေသည်။

[ဝါး ဝါး ဝါး၊ ကျေးဇူးတင်ပါတယ် ရှန်းတန်၊ ကျွန်မသမီးလေး နောက်ဆုံးတော့ ထမင်းစားရပြီ။]

[ဒါကို ပြောသင့်သလား မသိဘူး၊ ဒါပေမဲ့ ရှန်းတန် ရောက်လာတာ အသုံးဝင်ပုံရတယ်]

[ခဏလေး၊ မင်းတို့ ဒါဟာ ရှန်းတန်က ကြိုတင်ချေးငှားတာဆိုတာ မေ့သွားကြပြီလား။ ဘယ်သူမဆို သွားချေးလို့ရတယ်လေ၊ နောက်မှ အားလုံး ပြန်ဆပ်ရမှာ မဟုတ်ဘူးလား။]

[...ငါ အဲ့ဒါကို မေ့လုနီးပါး ဖြစ်သွားပြီ၊ နာမည်ကြီးတဲ့ လက်ဖက်စိမ်းမလေး ဖြစ်ရကျိုးနပ်တယ်၊ ရှန်းတန်က လူတွေကို ဘယ်လို ကိုင်တွယ်ရမလဲ တကယ်ကို သိတယ်။】

ထမင်းစားပြီးနောက် အမျိုးသားဧည့်သည်သည် စိတ်လိုလက်ရ ပန်းကန်များကို ဆေးကြောလေသည်။

တောင်ပိုင်း၌ စပါးနောက်ကျမျိုးကို စိုက်ပျိုးကြသောကြောင့် လအနည်းငယ်ကြာလျှင် ရိတ်သိမ်းရန် အဆင်သင့်ဖြစ်လိမ့်မည်။

ယခုချိန်တွင် ၎င်းတို့သည် နွေပြောင်းများကို ရိတ်သိမ်းနေကြပြီး ရိတ်သိမ်းပြီးနောက် ဆောင်းပြောင်းများကို စိုက်ပျိုးကြလိမ့်မည်။

ထမင်းစားပြီးနောက် ဧည့်သည်များသည် စိတ်လိုလက်ရ အိမ်နီးချင်း အဘွားအိုအား အတူတကွ သွားရောက်ကူညီရန် ပြောဆိုကြသည်။

ရှန်းတန်က မလိုအပ်ကြောင်း ပြောသော်လည်း အားလုံးက သဘောမတူကြပေ။

အိမ်နီးချင်း အဘွားအိုသည် အသက် ( ၈၀ ) ကျော်ပြီဖြစ်သော်လည်း အလွန်သွက်လက်စွာ လှုပ်ရှားနိုင်ပြီး သူမ၏ အသက်အရွယ်နှင့်ပင် လူငယ်တချို့ထက် ကျန်းမာပုံရသည်။

"အဘွားကြီး၊ ကျွန်တော်တို့ ရောက်ပြီ။ အခု ပြောင်းရိတ်သိမ်းဖို့ သွားကြမယ်လေ။"

"အိုး အမလေး၊ ကလေးတွေ ဘယ်လောက်ကောင်းကြလဲ..." အဘွားအိုသည် မူလက ပါဝင်ပစ္စည်းများကိုသာ ပေးရန် စဉ်းစားထားသော်လည်း ရှန်းတန်က အခွင့်အရေးမယူလိုဘဲ ကူညီရန်သာ အတင်းအကြပ် တောင်းဆိုခဲ့သည်။

"မလိုပါဘူး၊ မလိုပါဘူး၊ ကျွန်တော်တို့ ရေသောက်ပြီးပြီ၊ အခု လယ်ကို သွားကြမယ်လေ။"

သူမ၏ ကမ်းလှမ်းချက်ကို အကြိမ်ကြိမ် ငြင်းပယ်ပြီးနောက် အဘွားအိုသည် ဧည့်သည်များကို လယ်ကွင်းသို့ ခေါ်သွားလေသည်။

သွားရာလမ်း၌ အမျိုးသမီးခေါင်းဆောင်သည် ရှန်းတန်အား ပြောင်းရိတ်သိမ်းနည်းစနစ်တချို့ကို စိတ်လိုလက်ရ သင်ကြားပေးလေသည်။ ရှန်းတန်က ပြုံး၍ ခေါင်းညိတ်သော်လည်း သူမသည် သိပြီးသားဖြစ်ကြောင်း မပြောခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် အမျိုးသမီးခေါင်းဆောင်၏ စေတနာကောင်းသာ ဖြစ်နေသောကြောင့်ပင်။

All Chapters