အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း ( ၄၅ ) – အစ်မရှန်းတန်ရဲ့ ယောက်ျား မဟုတ်ဘူးလား
ရှန်းတန်သည် ကုဟွိုင်အန်း၏ စာပြန်ကို စောင့်နေသော်လည်း သူသည် စာကို အက်ဒစ်ပြီး ရေးရင်း ရေးလိုက် ပြန်ဖျက်လိုက်ဖြင့် နောက်ဆုံး၌ "စောစော အိပ်တော့" ဟုသာ ပြောခဲ့သည်။
ရှန်းတန်သည် ပြောစရာရှိသော်လည်း ပြောသင့် မပြောသင့် မသိဟု ဆိုခဲ့သည်။
သူမသည် ဒေါသတကြီး ဖုန်းကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး အိပ်ရန် ပြင်လိုက်သည်။
ခဏကြာ မျက်လုံးမှိတ်ကာ လှဲနေပြီးနောက် သူမ ရယ်လိုက်သည်၊ သူမ လုံးဝ အိပ်မပျော်နိုင်ပေ။
ရှန်းတန်သည် လက်စားချေရန် လိုအပ်သည်ဟု ခံစားလိုက်သည်၊ "မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး" ဟူသော စကားပုံလည်း ရှိသည်။
ထို့ကြောင့် ရှန်းတန်သည် ဝီချက်စ်ကို ဖွင့်၍ ကုဟွိုင်အန်းအား ပြောလိုက်သည် : "တကယ်တော့…"
ထို့နောက် သူမသည် ဖုန်းကို ပိတ်ကာ အိပ်ပျော်သွားသည်။
တစ်ဖက်တွင် ကုဟွိုင်အန်းသည် ရှန်းတန် မျှော်လင့်ထားသည့်အတိုင်း ခဏစောင့်ခဲ့သော်လည်း အဖြေမရခဲ့လိုက်သည့်အတွက် စိတ်ထဲတွင် တစ်ခုခု လိုအပ်နေသလို ခံစားရပြီး သူ၏ ရင်ဘတ်ထဲ အလွန် စိတ်မသက်မသာဖြစ်သွားခဲ့သည်။
သို့သော် မကြာမီ သူ သတိပြန်ဝင်လာပြီး တိုးတိုးလေး ရယ်လိုက်သည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူကိုယ်တိုင်ပင် သူ၏ အသံ၌ ချစ်ခင်သော စိတ်ခံစားချက်၊ သံယောဇဉ် တို့ ပါဝင်နေသည်ကို သူကိုယ်တိုင်တောင် သတိမထားမိလိုက်ခြင်း ဖြစ်နိုင်ပေမည်။
နောက်တစ်နေ့မနက် ရှန်းတန် နိုးလာသောအခါ ခါးနာကျင်မှုကို ခံစားရသည်။ သူမသည် ပုံမှန်အားဖြင့် ပျင်းရိလွန်းသောကြောင့် မနေ့က ရုတ်တရက် အလုပ်များများ လုပ်ခဲ့ခြင်းကြောင့်ပင် သူမ၏ ကြွက်သားများ မခံနိုင်တော့ခြင်း ဖြစ်နိုင်သည်။
"အိုး"
သူမသည် အကြောဆန့်ပြီး မျက်နှာသစ်ကာ အပြင်သို့ ထွက်သွားသည်။
ကျန်သူများမှာ မနိုးသေးပေ။
ရှန်းတန် ပြန်လာသောအခါ လူတိုင်းသည် မနက်စာ ပြင်ဆင်ပြီးပြီ ဖြစ်သည်။
[ရှန်းတန် ဒီလောက်စောစော ဘယ်သွားတာလဲ။]
[သူ ဘယ်သွားနိုင်မှာလဲ၊ အလုပ်မလုပ်ချင်လို့ ရှောင်နေတာပေါ့။]
[ရှန်းတန် မျက်နှာသစ်ပြီးပြီလား။ တော်တော်ကြည့်ကောင်းတယ်။]
[အပေါ်ကလူ၊ အများကြီး မတွေးနဲ့။ ဒါက အတုအယောင် မိတ်ကပ်မပါတဲ့ ပုံစံပဲ။ ငါ ရှန်းတန်ကို အပြင်မှာ မြင်ဖူးတယ်၊ တကယ်တမ်းကြတော့ အရမ်းရုပ်ဆိုးပြီး အသားအရေလည်း မကောင်းဘူး။]
တဖြည်းဖြည်း လူအများအပြားသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်ရောက်လာကြသည်။ လမ်းသွားလမ်းလာများပင် "ရှန်းတန်ကို အားမပေးတဲ့ပရိသတ်တွေကလည်း တော်တော်လေးကို ကြိုးစားအားထုတ်ကြတာပဲ။" ဟု အံ့ဩတကြီး ပြောဆိုကြသည်။
"အစ်မရှန်းတန်၊ ဘယ်သွားတာလဲ။ အစ်မ အိပ်ရာမထသေးဘူးလို့ ထင်နေတာ။" ဟု အောင်းကျစ်ဖျင်က ပြောသည်။
အမျိုးသမီးခေါင်းဆောင်က သူမအား ဆန်ပြုတ်တစ်ခွက် ကမ်းပေးပြီး "အစ်မရှန်းတန်၊ ကျွန်မရဲ့ ဆန်ပြုတ်ကို မြည်းကြည့်ပါဦး၊ ဘယ်လို အရသာရှိလဲ" ဟု ဆိုသည်။
ရှန်းတန်သည် နှာခေါင်းကို ပွတ်လိုက်ပြီး "ငါ စားပြီးပြီ" ဟု ဆိုသည်။
"ဟင်"
[အခုတော့ ရှင်းသွားပြီ၊ ရှန်းတန် ဒီလောက်စောစော ထပြီး တစ်ယောက်တည်း အပြင်ထွက်စားသွားတာ။]
[ဒါ နည်းနည်း လွန်မသွားဘူးလား။ တခြားလူတွေ အကုန်လုံး သူ့ကို စောင့်နေတာကို သူက တစ်ယောက်တည်း အပြင်ထွက်စားသွားတယ်။]
[ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်လိုက်သလဲ။]
ရှန်းတန် မရှင်းပြနိုင်ခင် ခြံထဲရှိ ငန်းကြီးသည် လည်ပင်းကို ဆန့်တန်းကာ အော်ဟစ်လိုက်သည်။
လူအနည်းငယ် လှမ်းကြည့်လိုက်သောအခါ တံခါးဝ၌ အဘွားအို ရပ်နေသည်ကို တွေ့လိုက်ကြသည်။
"ဒီငန်းကြီးက အိမ်ကိုလည်း စောင့်နိုင်သေးတာလား။"
"အဘွား၊ ဘာလို့ ရောက်လာတာလဲ။"
"ရှန်းတန်၊ ငါပေးထားတဲ့ သကြားလုံး မင်း ယူသွားဖို့ မေ့နေတယ်။"
အဘွားအိုသည် သူမ၏ ပဝါကို ဖွင့်လိုက်ရာ အတွင်း၌ သကြားခဲများ ပြန့်ကျဲနေပြီး အချို့မှာ ကပ်နေသေးသည်။
ဤသည်မှာ ၎င်းတို့ကို ကြာမြင့်စွာ သိမ်းဆည်းထားကြောင်း သိသာသည်။
"အဘွား၊ အဘွားဘာသာ စားဖို့ သိမ်းထားသင့်တယ်။"
[ငါ ၁ မောင် (တရုတ်ငွေကြေး) တန်တဲ့ အစပ်အရသာရှိတဲ့ သရေစာနဲ့ လောင်းရဲတယ်၊ ရှန်းတန်က သူတို့ကို နှိမ်နေတာ။]
[ဟီးဟီး၊ တောင်းစားတဲ့သူကတော့ ဘယ်လောက်ပဲဆင်းရဲနေပါစေ၊ ဘယ်စားမလဲ။]
"အဘွား မစားဘူး။ ရှန်းတန်၊ မင်း ယူသွား"
ရှန်းတန် အနည်းငယ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။
"ချိုရဲ့လား။"
"ချိုတယ်။"
ရှန်းတန်သည် ယခင်ဘဝကို တွေးမိသည်။ သူမ ကြီးပြင်းခဲ့သော မိဘမဲ့ဂေဟာသည် အလွန်ခက်ခဲစွာ ရုန်းကန်ခဲ့ရသည့် အခြေအနေအထိ ဖြစ်ခဲ့ပြီး စားဝတ်နေရေးအတွက် အနိုင်နိုင် ရပ်တည်ခဲ့ရသည်။
ဒါရိုက်တာသည် သကြားလုံးများကို ဝှက်ထားပြီး နှစ်သစ်ကူးတွင် တစ်ယောက်လျှင် တစ်လုံးသာ ပေးလေ့ရှိသည်။
ဒါရိုက်တာ အခု ဘယ်လိုနေမလဲ မသိဘူး...
ရှန်းတန်သည် မျက်ရည်များကို သုတ်ရင်း အကြည့်လွှဲလိုက်သည်။
သူမသည် သကြားလုံးတစ်လုံးကို ယူ၍ အဘွားအို၏ ပါးစပ်ထဲ ထည့်ပေးလိုက်ပြီး "ကိုယ်တိုင် မြည်းကြည့်ပါဦး ချိုရဲ့လား မချိုရဲ့လား" ဟု ဆိုသည်။
အဘွားအိုတွင် သွားအနည်းငယ်သာ ကျန်တော့သဖြင့် သူမ၏ မျက်နှာသည် အရေးအကြောင်းများ ထင်ရှားနေသည်။ သို့သော် ထိုအချိန်၌ ချိုမြိန်သော အပြုံးတစ်ခု ပွင့်လန်းလာသည်။
"ဒါက သကြားလုံးရဲ့ အရသာပဲ..."
ထိုစကားကို ကြားသောအခါ လူတိုင်း အနည်းငယ် ဝမ်းနည်းသွားကြသည်။
အသက်ကြီးသူများသည် ချွေတာကြသည်။ "ကြိုးစား၍ ချွေတာခြင်း" သည် ၎င်းတို့၏ အရိုးထဲ၌ပင် စွဲမြဲနေသကဲ့သို့ ဖြစ်သည်။
အမျိုးသမီးခေါင်းဆောင်သည် စဉ်းစားပြီး အဘွားအို၏ လက်ကို ဆုပ်ကိုင်ကာ "အဘွား ထမင်းစားပြီးပြီလား။ ကျွန်မတို့ နေ့လယ်စာ ချက်ပြီးသွားပြီ၊ အထဲဝင်ပြီး အတူတူ စားကြရင်ရော ဘယ်လိုလဲ။" ဟု ဆိုသည်။
"စားပြီးပြီ။ ရှန်းတန် လာပြီး အိမ်မှုကိစ္စတွေ ကူလုပ်ပေးပြီး မနက်စာလည်း စောစော ချက်ပေးသွားတယ်။ နင်တို့ပဲ စားကြ။ ငါ အရင် ပြန်တော့မယ်။"
ရိုက်ကူးနေသော screen မှာ ခဏတာ တိတ်ဆိတ်သွားသည်။
[ဟီးဟီး၊ ခုနက ဆဲနေတဲ့လူတွေ ဘယ်ရောက်သွားပြီလဲ။ ဘာလို့ တောင်းပန်ဖို့ မထွက်လာကြတာလဲ။]
[သူ အာရုံစိုက်ခံချင်လို့ တမင်လုပ်တာဆိုရင်ရော ဘယ်လိုလုပ်မလဲ။]
[ဘာရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ်၊ သူ တကယ်ကူညီခဲ့တာ ဟုတ်လား မဟုတ်ဘူးလား။]
ဧည့်သည်တော်များလည်း ရှန်းတန် စောစောထ၍ အိမ်မှုကိစ္စများ လုပ်ကိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ သူတို့မှာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"ကျွန်တော် နောက်ကျမှ ထလိုက်လို့ အားလုံးက ကျွန်တော့်အမှားပါ..."
"မဟုတ်ဘူး မဟုတ်ဘူး၊ အများကြီး မတွေးနဲ့။ ကျွန်မ အိပ်မပျော်လို့ ထပြီး လမ်းလျှောက်ထွက်လာတာ။ အဘွား အလုပ်ရှုပ်နေတာကို မြင်တော့ ကူညီဖို့ သွားလိုက်တာ။"
အမှန်အတိုင်းပြောရလျှင် ရှန်းတန်သည် ပထမဆုံး ရောက်လာစဉ်က ဘာမှ မလုပ်ဘဲ လူများကို ဆွဲချကာ အခြေအနေကို ပိုဆိုးအောင် လုပ်ရန်အထိ စီစဉ်ထားခဲ့သည်။
အဘယ်ကြောင့် ဤသို့ ဖြစ်သွားသည်ကို သူမ မသိပေ၊ ယခု သူမသည် အလုပ်အများဆုံး လုပ်ကိုင်သူ ဖြစ်လာခဲ့သည်။
အကယ်၍ ရှန်းတန်၏ အစောပိုင်း ရည်ရွယ်ချက်ကို သိသွားသောသူများဟာ စိတ်ထားမကောင်းသောသူများ ဖြစ်လျှင် ရန်လိုနေလောက်ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုဧည့်သည်များသည် စိတ်ထားကောင်းမွန်ပြီး နားလည်မှုရှိသည့်အတွက် တော်ပါသေးရဲ့။
ယနေ့ လူတိုင်းသည် မနေ့ကထက် အိမ်မှုကိစ္စများကို ပိုမိုမြန်ဆန်စွာ ပြီးစီးခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် အစီအစဉ်အဖွဲ့၏ တာဝန်ဖြစ်သော ပြောင်းဖူးနွှာခြင်းနှင့် ဖရဲသီးရောင်းခြင်းကို စတင်ခဲ့ကြသည်။
သို့သော် ရှန်းတန်တွင် အခြားအစီအစဉ်များ ရှိသည်။ သူမသည် အစီအစဉ်၏ လုပ်ရိုးလုပ်စဉ်အတိုင်း လိုက်လုပ်ရန် ရည်ရွယ်ချက်မရှိပေ။
သူမသည် အမျိုးသမီးခေါင်းဆောင်အား တိုးတိုးလေး ပြောလိုက်သည်။ အမျိုးသမီးခေါင်းဆောင်သည် အံ့အားသင့်သွားပြီး "ဒါ တကယ် အိုကေရဲ့လား။" ဟု မေးလိုက်သည်။
"အစီအစဉ်အဖွဲ့က မလုပ်ရဘူးလို့ မပြောထားဘူးလေ။ ဒါဆို လုပ်လို့ရတာပေါ့။"
"မင်းပြောတာ မှန်တယ်။"
ထို့ကြောင့် ဧည့်သည်တော်များ ဖရဲသီးရောင်းရန် သွားသောအခါ ၎င်းတို့သည် ဖရဲသီးအချို့ကို ရောင်းမည့်အစား ပါဝင်ပစ္စည်းများနှင့် လဲလှယ်ခဲ့ကြသည်။ မနေ့က ကဲ့ရဲ့ရှုတ်ချခံရသည့် အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားစေရန် ၎င်းတို့သည် တိရစ္ဆာန်များကို သတ်ရန် မလိုသော ပြင်ဆင်ပြီးသား ပါဝင်ပစ္စည်းများကို အထူးလဲလှယ်ခဲ့ကြသည်။
၎င်းတို့သည် တာဝန်ကို မပြီးမြောက်ဘဲ ဆုလာဘ် မရရှိသော်လည်း ပါဝင်ပစ္စည်းများ ရရှိခဲ့ကြသည်။
[သောက်ကျိုးနည်း၊ ဒါ လုပ်လို့ရတာကိုး။]
[ဒါက စည်းမျဉ်းစည်းကမ်းတွေရဲ့ အားနည်းချက်တွေကို အသုံးချတာ မဟုတ်ဘူးလား။ ပြီးတော့ သူတို့က တခြားလူတွေရဲ့ ပစ္စည်းတွေကို ပါဝင်ပစ္စည်းတွေနဲ့ လဲလှယ်ခဲ့တာ ဒါ မကောင်းဘူး မဟုတ်ဘူးလား…]
[လာပါကွာ၊ လူတွေက အရင်းရှင်တွေကို ဘယ်လိုလုပ်ပြီး သနားနေနိုင်ဦးမှာလဲ။]
ရှန်းတန်သည် ပြောင်းဖူးနွှာခြင်းကို တာဝန်ယူခဲ့သည်။ နွှာပြီးသော ပြောင်းဖူးများကို အစီအစဉ်အဖွဲ့သို့ တိုက်ရိုက် ပေးအပ်ခဲ့သည်။ ၎င်းတို့သည် တာဝန်ပြီးမြောက်ခြင်းအတွက် ဆုလာဘ် မလိုချင်ကြဘဲ ဖရဲသီးဖိုးငွေကို ပြန်ဆပ်ရန်အတွက် အသုံးပြုခဲ့သည်။
အစီအစဉ်အဖွဲ့သည် မလိုလားသော်လည်း ယခင်စည်းမျဉ်းများတွင် ထိုသို့ မလုပ်ရဟု မပြောထားသောကြောင့် ၎င်းတို့ ဘာမှ မတတ်နိုင်ခဲ့ပေ။
သို့သော် ဒါရိုက်တာသည် အားနည်းချက်များကို ပိတ်ဆို့ရန် ညတွင်းချင်း စည်းမျဉ်းများကို ချက်ချင်း ပြင်ဆင်ခဲ့သည်။ နောင်လာမည့် ဧည့်သည်များသည် အားနည်းချက်များကို အသုံးချနိုင်တော့မည် မဟုတ်ပေ။
ထိုညတွင် လူတိုင်းသည် ကြီးမားသော ညစာကို ချက်ပြုတ်ခဲ့ကြသည်။ ဤသည်မှာ ရှန်းတန် လာရောက်လုပ်ဆောင်ရန် ရည်ရွယ်ထားသော တာဝန်ကို ပြီးမြောက်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။
ရှန်းတန်သည် ချက်ပြုတ်ခြင်းကို တာဝန်ယူပြီး အမျိုးသမီးခေါင်းဆောင်က ကူညီခဲ့သည်။ ကျန်သူများမှာ ထမင်းစားပြီးနောက် သန့်ရှင်းရေးလုပ်ရန် တာဝန်ယူခဲ့ကြသည်။
အခန်းသို့ ပြန်ရောက်ပြီးနောက် ရှန်းတန်သည် အမြွှာညီအစ်မများ၏ ဝီချက်စ်မက်ဆေ့ခ်ျများကို တစ်ခုချင်း ပြန်ကြားခဲ့ပြီး ထိုလူဆိုးလေးနှစ်ယောက် မအိပ်သေးကြောင်း တွေ့ရှိခဲ့သည်။
"အစ်မရှန်းတန်၊ King of Glory လေး ဆော့ပေးပါဦး။"
"အိုကေ၊ လော့ဂ်အင်ဝင်လိုက်။"
ရှန်းတန်လည်း ရက်အတော်ကြာ ဂိမ်း မဆော့ဖြစ်ခဲ့ပေ။ လော့ဂ်အင်ဝင်ပြီးသောအခါ ကုဟွိုင်အန်း အွန်လိုင်းပေါ်တွင် ရှိနေသည်ကို တွေ့ရှိခဲ့ပြီး သူသည် King အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် သူကိုယ်တိုင် ဆော့ပြီး ရောက်ရှိခဲ့ခြင်းလား သို့မဟုတ် အခြားသူတစ်ဦးအား သူ၏ အကောင့်ကို ဆော့ခိုင်းခဲ့ခြင်းလား သူမ မသိပေ။
ဂိမ်းဆော့ရန်အတွက် ကိုယ့်ဘာသာအခန်းတောင် မဖွင့်ရသေးခင် သူမသည် ကုဟွိုင်အန်း၏ ဂိမ်းဆော့ရန် ဖွင့်ထားသော အခန်းထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
"အတူတူဆော့မလား။"
"ခဏလေး၊ ကျွန်မ အရင် လူနည်းနည်း ခေါ်လိုက်ဦးမယ်။"
ခဏအကြာ စောင့်ပြီးနောက် ကုဟွိုင်အန်းသည် အိပ်စက်နေလောက်ပြီဟု သူထင်မှတ်ထားသော အမြွှာကလေးများကို ရှန်းတန် ဆွဲခေါ်လာသည်ကို တွေ့မြင်လိုက်ရလေသည်။
"မင်းတို့ အိပ်ပျော်သွားပြီလား။" ကုဟွိုင်အန်း၏ အသံ ထွက်လာသည်နှင့် တပြိုင်နက် ဆူညံစွာ စကားပြောနေသော အမြွှာညီအစ်မများသည် ချက်ချင်း တိတ်ဆိတ်သွားပြီး တိတ်တဆိတ် အိပ်ဟန်ဆောင်နေကြသည်။
ကံကောင်းစွာဖြင့် ကုဟွိုင်အန်းသည် ထိုကိစ္စကို ဆက်လက် မစုံစမ်းတော့ပေ။ သူက "နှစ်ပွဲ ဆော့ပြီးရင် အိပ်တော့" ဟုသာ ပြောခဲ့သည်။
"အိုကေ အိုကေ၊ ပြီးမှ အိပ်မယ်။"
"ဦးလေးက အကောင်းဆုံးပဲ၊ မွ"
ခဏကြာ စောင့်ပြီးနောက် ရှန်းတန်သည် နောက်ထပ် လူတစ်ဦးကို ဆွဲခေါ်လိုက်သည်။
"ဟင်၊ ဒုတိယ slot က ဘယ်သူလဲ။ Avatar က နည်းနည်း ရင်းနှီးသလိုပဲ" ဟု မြောင်မြောင်က အနည်းငယ် အံ့အားသင့်စွာ ပြောသည်။
"အာ၊ သူက ငါ့ရဲ့... သူငယ်ချင်း"
ရှန်းတန်သည် ကုဟွိုင်အန်း၏ Avatar ကို လှမ်းကြည့်လိုက်သည်။ ဘာထူးခြားတာမှ မရှိ၊ လရုပ်ပုံလေးတစ်ခုသာ… အင်တာနက်ပေါ်က တွေ့ရာပုံတစ်ပုံကို ကောက်ယူသုံးတာ ဖြစ်နိုင်သည်။
"ဟင်" ကုအန်းရန်က အံ့ဩသံဖြင့် “အစ်မရှန်းတန်ရဲ့ ယောက်ျား မဟုတ်ဘူးလား။" ဟု မေးသည်။
မြောင်မြောင်သည် အလွန်အံ့အားသင့်သွားပြီး "မျောက်မမ၊ နင် လက်ထပ်သွားပြီလား။" ဟု မေးသည်။
အမှန်မှာ သူမသည် ရှန်းတန်နှင့် သူမ၏ အစ်ကိုအတွက် ချိန်းတွေ့ပေးရန်ပင် စီစဉ်နေခဲ့သည်။ ရှန်းတန် အိမ်ထောင်ပြုသွားပြီ ဟု သိလိုက်ရသောအခါ သူမရဲ့ အစီအစဉ် ပျက်သွားမှာကို အံ့ဩပြီး စိတ်မကောင်းဖြစ်သွားသည်။
အခန်း ( ၄၆ ) – ထားလိုက်တော့၊ ဘာမှ မဟုတ်ပါဘူး။ ငါ့ဝမ်းကွဲအစ်ကိုက အစ်မယောက်ျားနဲ့ နာမည်တူနေလို့ပါ
ရှန်းတန်သည် အန်းရန်က ဤကိစ္စကို ဖော်ထုတ်လိမ့်မည်ဟု မမျှော်လင့်ခဲ့သော်လည်း သူမသည် အစကတည်းက ဖုံးကွယ်ရန် ရည်ရွယ်ထားခြင်း မရှိပေ။
သူမ အကြောင်းစုံ မပြောခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ထုတ်ဖော်ပြောဆိုရန် မကြိုက်သောကြောင့် ဖြစ်သည်။
"အာ ဟုတ်တယ်၊ ကျွန်မ လက်ထပ်ထားတယ်" ရှန်းတန်သည် ဤကိစ္စကို များများစားစား ဆွေးနွေးလိုစိတ် မရှိပေ။ သူမသည် စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး "ငါ ဂိမ်းစတော့မယ်။" ဟု ဆိုလိုက်သည်။
ပထမတွင် ရှန်းတန်သည် ကုဟွိုင်အန်း၏ ဂိမ်းဆော့စွမ်းရည်ကို အနည်းငယ် စိုးရိမ်နေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ နောက်ဆုံးအကြိမ် အတူတကွ ဆော့ခဲ့စဉ်က သူသည် လုံးဝ အတွေ့အကြုံမရှိသေးသောသူ ဖြစ်သောကြောင့် ဖြစ်သည်။
မမျှော်လင့်ဘဲ ဤတစ်ကြိမ်တွင် သူမသည် သူ့ကြောင့် လုံးဝ အနိုင်ရခဲ့သည်။
သူမသည် ဖုန်း၏ အခြားတစ်ဖက်တွင် ကုဟွိုင်အန်းအစား ပရော်ဖက်ရှင်နယ် eSports ကစားသမားတစ်ဦး ဆော့နေသည် ဟု မယုံကြည်ဘဲ မနေနိုင်တော့ပေ။
"ကုဟွိုင်အန်း၊ ရှင့်အကောင့်ကို မြှင့်တင်ဖို့ လူငှားထားတာလား။"
"ဘာ။" မြောင်မြောင်၏ အသံသည် မရည်ရွယ်ဘဲ အနည်းငယ် လေသံမြင့်သွားသည်။
သူမသည် နားကြားမှားသွားသလားဟု မတွေးဘဲ မနေနိုင်တော့ပေ။ မဟုတ်ပါက သူမသည် သူမ၏ ဝမ်းကွဲအစ်ကိုနာမည်ကို ဘယ်လိုကြားနိုင်မည်နည်း။
ရှန်းတန်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ကုကုဟွိုင်အန်းသည် အတော်လေး နာမည်ကြီးသူဖြစ်ပြီး မြောင်မြောင်က သူ့ကို သိနိုင်ပါ့မလား ...
သူမသည် အသံဖျော့စွာဖြင့် "မင်း သူ့ကို သိလား။" ဟု မေးလိုက်သည်။
မြောင်မြောင်သည် တုန်တုန်ယင်ယင်ဖြင့် ရှင်းပြသည် : "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ သူ့ကို မသိဘူး။ ဒီနာမည်က အရမ်းရင်းနှီးနေလို့ပါ။ သူက အဲ့ဒီ့ သူဌေးကြီး ကုဟွိုင်အန်း ဖြစ်နိုင်မလား..."
ဖုန်းစခရင်၏ အခြားတစ်ဖက်တွင် ကုဟွိုင်အန်း၏ ပါးစပ်သည် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူမသည် မိသားစုအိမ်တော်သို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်စဉ်က ရှန်းတန်နှင့် သူမ၏ ဝမ်းကွဲအစ်ကိုတို့ကို သင့်တင့်စွာ မဆက်ဆံခဲ့သည်ကို သူ အမှတ်ရနေသေးသည်။
သူသည် ထိုနှစ်ဦးသည် ယခု ဂိမ်းအတူတကွ ကစားနိုင်လောက်အောင် မည်သို့ ရင်းနှီးသွားကြသည်ကို တွေးတောနေခဲ့သည်။ ယခု သူတို့သည် တစ်ဦးနှင့်တစ်ဦး၏ နာမည်များကို တကယ် မသိရှိကြသေးပုံရသည်။
သူသည် ၎င်းတို့ အမှန်တရားကို သိရှိသောအခါ မည်သို့ တုံ့ပြန်ကြမည်ကို ရုတ်တရက် သိချင်စိတ် ဖြစ်ပေါ်လာသည်။
ယုတ္တိရှိရှိ စဉ်းစားလျှင် မည်သည့် ပညာရှိသူမဆို သူ၏ နာမည်ကို သိရှိပြီး ဖြစ်သင့်သည်။ သို့သော် သူမ၏ ဝမ်းကွဲအစ်ကိုသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိပုံရသည်။
ထို့အပြင် အမြွှာများသည် ၎င်းတို့၏ နှစ်အများစုကို ပြည်ပ၌ ကုန်ဆုံးခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်ရောက်လာသောအခါ၌ပင် ကုမိသားစု၏ ကျန်ရှိသူများနှင့် ထိတွေ့ဆက်ဆံခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ဂိမ်းအဆုံးသတ်ချိန်အထိ ၎င်းတို့သည် အမှန်တကယ် တစ်ဦးနှင့်တစ်ဦး သိကျွမ်းနေကြောင်း မသိရှိခဲ့ကြပေ။
ဂိမ်းပြီးဆုံးပြီးနောက် ရှန်းတန်သည် ထိုမေးခွန်းကို မေးမြန်းရန် မနေနိုင်တော့ပေ : "ကုဟွိုင်အန်း၊ ရှင်ရဲ့ ဂိမ်းစွမ်းရည် ဘယ်လိုလုပ် ဒီလောက် မြန်မြန် တိုးတက်လာတာလဲ။"
"ငါ ပရော်ဖက်ရှင်နယ် နည်းပြတစ်ယောက် ငှားထားတယ်။ ငါ ကစားမယ်ဆိုရင် အကောင်းဆုံးဖြစ်ဖို့ ကြိုးစားရမယ်"
သူ ဘာလုပ်လုပ် ကုဟွိုင်အန်းသည် အကောင်းဆုံးဖြစ်ရမည်။
သူသည် ဂိမ်းကစားခြင်းသည် အချိန်ဖြုန်းတီးခြင်းဖြစ်ပြီး သင့်လျော်သော အသက်မွေးဝမ်းကျောင်း မဟုတ် ဟု ယခင်က ထင်ခဲ့သော်လည်း ယခု ရုတ်တရက် eSports ၏ ဆွဲဆောင်မှုကို တန်ဖိုးထားလာသည်။
ကုဟွိုင်အန်း မပြောခဲ့သော အရာမှာ ရှန်းတန်ကို အံ့အားသင့်စေရန် ဂိမ်းကလပ်တစ်ခုတွင် ရင်းနှီးမြှုပ်နှံရန်လည်း စီစဉ်နေခြင်းဖြစ်သည်။
ထိုနှစ်ဦးသည် ခဏလောက် ထပ်မံ စကားပြောဆိုပြီးနောက် ရှန်းတန်သည် မသိစိတ်ဖြင့် အိပ်ပျော်သွားသည်။
နောက်ရက်အနည်းငယ်အတွင်း ရှန်းတန်၏ ရသစုံရှိုးတွင် ပါဝင်မှုသည် လူများစွာ၏ သူမအပေါ်ထားရှိသော အမြင်များကို တဖြည်းဖြည်း ပြောင်းလဲစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ဦးသည် အချိန်အတော်ကြာ ဟန်ဆောင်နိုင်သော်လည်း ထာဝရ ဟန်ဆောင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ရှန်းတန်တို့ ပါဝင်နေသည့် ရုပ်သံအစီအစဉ်ဟာ အိပ်စက်ချိန်မှလွဲ၍ ဘာမှမလုပ်ဘဲ တိုက်ရိုက်ထုတ်လွှင့်နေသည့်အတွက် ဖျော်ဖြေရေးလုပ်ငန်း၏ မမြင်နိုင်သော အမှန်တရားများကို ဖော်ထုတ်ပြသနေသလို ဖြစ်သည်။ ထိုသို့ စိတ်ရှည်သည်းခံမှု အများကြီးလိုအပ်သော အစီအစဉ်တွင် အဆုံးအထိ မခံနိုင်တဲ့သူများလည်း အမြဲတမ်း ရှိနေတတ်ပေသည်။
ရှန်းတန်သည် ပရိသတ်များ ပိုမိုရရှိလာပြီး သူမကို အားပေးသော ဖန်ကလပ်သည်လည်း လျင်မြန်စွာ တိုးပွားလာသည်။ ယခု တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များတွင် သူမအတွက် ထောက်ခံပြောဆိုသူများ ရှိလာသည်။
ရှန်းတန်ကို အားမပေး၊ မုန်းတီးသောပရိသတ်များမူ ၎င်းတို့သည် ၎င်းတို့ ယုံကြည်လိုသည့်အရာကိုသာ ယုံကြည်ရန် ရွေးချယ်ကြသည်။
ရက်အနည်းငယ် လျင်မြန်စွာ ကုန်လွန်သွားပြီး ရှန်းတန် ထွက်ခွာရမည့် အချိန် ရောက်လာသည်။
အမျိုးသမီးခေါင်းဆောင်သည် ရှန်းတန်၏ ခါးကို ဖက်ပြီး ငိုကြွေးကာ သူမ၏ မျက်နှာသည် ခွဲခွာရမည်ကို နှမြောတသသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ "အစ်မရှန်းတန်၊ ကျွန်မ တကယ် မင်းကို မသွားစေချင်ဘူး။"
"ဒါဆို မင်းက ငါ့ကို လွမ်းမှာလား ဒါမှမဟုတ် ငါ့ရဲ့ ချက်ပြုတ်တာကို လွမ်းမှာလား။"
အမျိုးသမီးခေါင်းဆောင်သည် ခဏတာ တိတ်ဆိတ်သွားသည်။ "ဘာလို့ နှစ်ခုလုံးကို မလွမ်းနိုင်ရမှာလဲ။"
[ဟားဟား၊ ရှန်းတန် ချက်ပြုတ်တာ တကယ် အရသာရှိမယ်လို့ ငါ စယုံကြည်လာပြီ။]
[ရုတ်တရက် ငါ တော်တော် သိချင်လာပြီ၊ ရှန်းတန် ချက်ပြုတ်တာ ဘယ်လောက်တောင် အရသာရှိလိုက်မလဲ။]
[ရှန်းတန်ရဲ့ အံ့သြဖွယ် ခွန်အားကို ငါ တစ်ယောက်တည်းပဲ အားကျနေတာလား။ တစ်ချက်ထိုးလိုက်ရုံနဲ့ လူတစ်ယောက် လွင့်သွားနိုင်တယ်]
[နာမည်ကြီးချင်တဲ့ကောင်မလေး နောက်ဆုံးတော့ သွားပြီ၊ သူ့ကို နေ့တိုင်း မြင်နေရတာ မျက်စိညောင်းစရာကြီး။]
ကျန်ရှိသော ဧည့်သည်များလည်း ခွဲခွာရန် အလွန်နှမြောကြသော်လည်း သူမသည် နောက်ဆုံးတွင် ထွက်ခွာရတော့မည်ဖြစ်သည်။
ရှန်းတန် ထွက်ခွာသွားသောအခါ ငန်းကြီးသည် ပြေးလာပြီး လည်ပင်းကို ဆန့်တန်းကာ နှစ်ကြိမ် အော်ဟစ်လေသည်။ သူမ သွားသည်ကို မလိုလားပုံရသည်။
ရှန်းတန်သည် ငန်းကြီး၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး "ငန်းကြီး၊ ငါ အခု သွားတော့မယ်။ အိမ်ကို ကောင်းကောင်း စောင့်ရှောက်နော်၊ မဟုတ်ရင် ငါ မင်းကို သံအိုးထဲ ထည့်ပြီး ချက်စားပစ်မယ်" ဟု ဆိုလိုက်သည်။
ငန်းကြီး၏ အော်ဟစ်သံသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။
[ဟားဟား၊ ငန်းတောင် ရှန်းတန်ရဲ့ အနိုင်ကျင့်တာကို ခံရတယ်။]
သူမ လျှောက်ထွက်သွားသောအခါ အိမ်နီးချင်း အဘွားအို ရောက်လာသည်။ သူမသည် ရှန်းတန်အား ဟင်းသီးဟင်းရွက်များ ပြည့်နေသော တောင်းတစ်လုံး ပေးလိုက်သည်။
"ဒါတွေ အကုန်လုံး ငါ့ဥယျာဉ်က ဟင်းသီးဟင်းရွက်တွေပဲ၊ အထင်မသေးနဲ့နော်"
"ဘယ်လိုလုပ် အထင်သေးရမှာလဲ၊ ကျေးဇူးတင်ဖို့တောင် အချိန်မရသေးဘူး"
ရှန်းတန်သည် ဝမ်းသာအားရ တောင်းကို လက်ခံလိုက်ပြီး အပြန်အလှန်အားဖြင့် အဘွားအိုအား အတွင်း၌ ဘာပါသည်ကို မမြင်ရသော တင်းတင်းကြပ်ကြပ် ချည်ထားသော အိတ်တစ်လုံးကို ထည့်ပေးလိုက်သည်။
"အဘွား၊ ဒါက အဘွားအတွက် လက်ဆောင်ပါ။ အိမ်ရောက်မှ ဖွင့်ကြည့်ပါနော်"
"ဘယ်လောက်တောင် လိမ္မာလှတဲ့ကလေးလဲ၊ ကျေးဇူးတင်ပါတယ်..."
ရှန်းတန်သည် အလျင်အမြန် ကားပေါ်တက်၍ ထွက်ခွာသွားသည်။ ဧည့်သည်တော်များသည် အနည်းငယ် ဝမ်းနည်းနေကြသည်။
"နောက်လာမယ့် ဧည့်သည်တော်က မနက်ဖြန် ရောက်လာမှာလား။"
"အေး၊ သူတို့လည်း ချက်ပြုတ်ကောင်းမလား မသိဘူး"
"သူတို့လည်း အရမ်းသန်မာလား။"
အဘယ်ကြောင့်ဆိုသော် လူတစ်ဦးသည် အချိန်အတော်ကြာ ဟန်ဆောင်နိုင်သော်လည်း ထာဝရ ဟန်ဆောင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ရှန်းတန်တို့ ပါဝင်နေသည့် ရုပ်သံအစီအစဉ်ဟာ အိပ်စက်ချိန်မှလွဲ၍ ဘာမှမလုပ်ဘဲ တိုက်ရိုက်ထုတ်လွှင့်နေသည့်အတွက် ဖျော်ဖြေရေးလုပ်ငန်း၏ မမြင်နိုင်သော အမှန်တရားများကို ဖော်ထုတ်ပြသနေသလို ဖြစ်သည်။ ထိုသို့ စိတ်ရှည်သည်းခံမှု အများကြီးလိုအပ်သော အစီအစဉ်တွင် အဆုံးအထိ မခံနိုင်တဲ့သူများလည်း အမြဲတမ်း ရှိနေတတ်ပေသည်။
ရှန်းတန်သည် ပရိသတ်များ ပိုမိုရရှိလာပြီး သူမကို အားပေးသော ဖန်ကလပ်သည်လည်း လျင်မြန်စွာ တိုးပွားလာသည်။ ယခု တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များတွင် သူမအတွက် ထောက်ခံပြောဆိုသူများ ရှိလာသည်။
ရှန်းတန်ကို အားမပေး၊ မုန်းတီးသောပရိသတ်များမူ ၎င်းတို့သည် ၎င်းတို့ ယုံကြည်လိုသည့်အရာကိုသာ ယုံကြည်ရန် ရွေးချယ်ကြသည်။
ရက်အနည်းငယ် လျင်မြန်စွာ ကုန်လွန်သွားပြီး ရှန်းတန် ထွက်ခွာရမည့် အချိန် ရောက်လာသည်။
အမျိုးသမီးခေါင်းဆောင်သည် ရှန်းတန်၏ ခါးကို ဖက်ပြီး ငိုကြွေးကာ သူမ၏ မျက်နှာသည် ခွဲခွာရမည်ကို နှမြောတသသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ "အစ်မရှန်းတန်၊ ကျွန်မ တကယ် မင်းကို မသွားစေချင်ဘူး။"
"ဒါဆို မင်းက ငါ့ကို လွမ်းမှာလား ဒါမှမဟုတ် ငါ့ရဲ့ ချက်ပြုတ်တာကို လွမ်းမှာလား။"
အမျိုးသမီးခေါင်းဆောင်သည် ခဏတာ တိတ်ဆိတ်သွားသည်။ "ဘာလို့ နှစ်ခုလုံးကို မလွမ်းနိုင်ရမှာလဲ။"
[ဟားဟား၊ ရှန်းတန် ချက်ပြုတ်တာ တကယ် အရသာရှိမယ်လို့ ငါ စယုံကြည်လာပြီ။]
[ရုတ်တရက် ငါ တော်တော် သိချင်လာပြီ၊ ရှန်းတန် ချက်ပြုတ်တာ ဘယ်လောက်တောင် အရသာရှိလိုက်မလဲ။]
[ရှန်းတန်ရဲ့ အံ့သြဖွယ် ခွန်အားကို ငါ တစ်ယောက်တည်းပဲ အားကျနေတာလား။ တစ်ချက်ထိုးလိုက်ရုံနဲ့ လူတစ်ယောက် လွင့်သွားနိုင်တယ်]
[နာမည်ကြီးချင်တဲ့ကောင်မလေး နောက်ဆုံးတော့ သွားပြီ၊ သူ့ကို နေ့တိုင်း မြင်နေရတာ မျက်စိညောင်းစရာကြီး။]
ကျန်ရှိသော ဧည့်သည်များလည်း ခွဲခွာရန် အလွန်နှမြောကြသော်လည်း သူမသည် နောက်ဆုံးတွင် ထွက်ခွာရတော့မည်ဖြစ်သည်။
ရှန်းတန် ထွက်ခွာသွားသောအခါ ငန်းကြီးသည် ပြေးလာပြီး လည်ပင်းကို ဆန့်တန်းကာ နှစ်ကြိမ် အော်ဟစ်လေသည်။ သူမ သွားသည်ကို မလိုလားပုံရသည်။
ရှန်းတန်သည် ငန်းကြီး၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး "ငန်းကြီး၊ ငါ အခု သွားတော့မယ်။ အိမ်ကို ကောင်းကောင်း စောင့်ရှောက်နော်၊ မဟုတ်ရင် ငါ မင်းကို သံအိုးထဲ ထည့်ပြီး ချက်စားပစ်မယ်" ဟု ဆိုလိုက်သည်။
ငန်းကြီး၏ အော်ဟစ်သံသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။
[ဟားဟား၊ ငန်းတောင် ရှန်းတန်ရဲ့ အနိုင်ကျင့်တာကို ခံရတယ်။]
သူမ လျှောက်ထွက်သွားသောအခါ အိမ်နီးချင်း အဘွားအို ရောက်လာသည်။ သူမသည် ရှန်းတန်အား ဟင်းသီးဟင်းရွက်များ ပြည့်နေသော တောင်းတစ်လုံး ပေးလိုက်သည်။
"ဒါတွေ အကုန်လုံး ငါ့ဥယျာဉ်က ဟင်းသီးဟင်းရွက်တွေပဲ၊ အထင်မသေးနဲ့နော်"
"ဘယ်လိုလုပ် အထင်သေးရမှာလဲ၊ ကျေးဇူးတင်ဖို့တောင် အချိန်မရသေးဘူး"
ရှန်းတန်သည် ဝမ်းသာအားရ တောင်းကို လက်ခံလိုက်ပြီး အပြန်အလှန်အားဖြင့် အဘွားအိုအား အတွင်း၌ ဘာပါသည်ကို မမြင်ရသော တင်းတင်းကြပ်ကြပ် ချည်ထားသော အိတ်တစ်လုံးကို ထည့်ပေးလိုက်သည်။
"အဘွား၊ ဒါက အဘွားအတွက် လက်ဆောင်ပါ။ အိမ်ရောက်မှ ဖွင့်ကြည့်ပါနော်"
"ဘယ်လောက်တောင် လိမ္မာလှတဲ့ကလေးလဲ၊ ကျေးဇူးတင်ပါတယ်..."
ရှန်းတန်သည် အလျင်အမြန် ကားပေါ်တက်၍ ထွက်ခွာသွားသည်။ ဧည့်သည်တော်များသည် အနည်းငယ် ဝမ်းနည်းနေကြသည်။
"နောက်လာမယ့် ဧည့်သည်တော်က မနက်ဖြန် ရောက်လာမှာလား။"
"အေး၊ သူတို့လည်း ချက်ပြုတ်ကောင်းမလား မသိဘူး"
"သူတို့လည်း အရမ်းသန်မာလား။"
[နောက်လာမဲ့ ဧည့်သည်တော်က အလက်ဇန္ဒားသခင်ကြီး ဖြစ်လာမလားလို့ ငါ ဘာလို့ ခံစားနေရတာလဲ။ ရှန်းတန်လောက် မကောင်းရင်တော့ အတော်ဆိုးလိမ့်မယ်။]
[ရှန်းတန် ကောင်းကောင်း လုပ်ပြသွားတယ် ဟုတ်လား၊ အဲ့တာ ဘယ်လိုဟာသလဲ။]
တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များသည် ချက်ချင်းပင် နောက်တစ်ကြိမ် ရှုပ်ထွေးသွားသည်။
ရှန်းတန် အိမ်ပြန်ရောက်ပြီး မကြာမီ သူမ၏ အေးဂျင့်ထံမှ မက်ဆေ့ခ်ျတစ်ခု ရရှိခဲ့သည်။ ၎င်းသည် Word စာရွက်စာတမ်းတစ်ခုဖြစ်ပြီး သူမ၏ Show တွင် ပါဝင်မှု၏ ကောင်းသော အပိုင်းနှင့် မကောင်းသော အပိုင်း နှစ်ခုလုံးကို မှတ်တမ်းတင်ထားသည်။
ရှန်းတန်သည် ဖေးခယ့်စုန့်က ဤမျှ အလေးအနက် သုံးသပ်ခဲ့သည့်အတွက် အံ့အားသင့်သွားသည်။ ၎င်းသည် ရသစုံရှိုးတစ်ခုသာဖြစ်သော်လည်း သူမသည် ဤမျှ အသေးစိတ်သော ခွဲခြမ်းစိတ်ဖြာမှုများကို ပြင်ဆင်ခဲ့သည်။
သူမသည် ရုတ်တရက် နောင်တအနည်းငယ် ခံစားလိုက်ရသည် - သူမကဲ့သို့သော လူတစ်ဦးသည် ဖေးခယ့်စုန့်ကဲ့သို့ ကြိုးစားအားထုတ်သော အေးဂျင့်နှင့် ထိုက်တန်မည်မဟုတ်ပေ။ ဖေးခယ့်စုန့်၏ စိတ်ထားဖြင့်ဆိုလျှင် သူမသည် အော်စကာဆုရ မင်းသား သို့မဟုတ် မင်းသမီးကိုပင် သူမ၏ လက်အောက်သို့ အလွယ်တကူ ခေါ်ဆောင်နိုင်ခဲ့လိမ့်မည်။
သူမသည် ဖေးခယ့်စုန့်နှင့် တွေ့ဆုံ၍ အကြောင်းစုံ ပြောဆိုလိုစိတ် ရုတ်တရက် ဖြစ်ပေါ်လာသည်။
ထိုအချိန်၌ပင် သူမသည် မြောင်မြောင်ထံမှ ဝီချက်စ်မက်ဆေ့ခ်ျတစ်ခု ရရှိခဲ့သည်။
[မျောက်မမ၊ တွေ့ဆုံဖို့ အားလား]
သူမသည် ချက်ချင်း ဖုန်းခေါ်လိုက်ရာ ချက်ချင်းပင် ကိုင်လိုက်သည်။
"ဘာဖြစ်တာလဲ၊ ဘာများ ဖြစ်လို့လဲ။"
"ငါ..."
မြောင်မြောင်၏ အသံသည် ဖုန်းထဲတွင် အနည်းငယ် တုံ့ဆိုင်းနေသည်။
"ပြောစရာရှိရင် တိုက်ရိုက်ပြောပါ" ထိုနှစ်ဦးသည် အတော်ကြာ သိကျွမ်းခဲ့ကြပြီဖြစ်သည်။ ရှန်းတန်သည် မြောင်မြောင်၏ စရိုက်ကို အတော်လေး ရင်းနှီးသည်ဟု ထင်သည်။ သူမသည် ချစ်စရာကောင်းသော မိန်းကလေးဖြစ်သည်။ သို့သော် ရှန်းတန်ကိုယ်တိုင်သည် လူအများအပြားကို သိသော လူသိရှင်ကြား ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် သူမ၏ နာမည်နှင့်ပတ်သက်၍ မည်သည့် အန္တရာယ်ကိုမျှ မယူဝံ့ပေ။
"ထားလိုက်တော့၊ ဘာမှ မဟုတ်ပါဘူး။ ငါ့ဝမ်းကွဲအစ်ကိုက အစ်မယောက်ျားနဲ့ နာမည်တူနေလို့ပါ"
ရှန်းတန် : "???"
"မင်းရဲ့ ဝမ်းကွဲအစ်ကို၊ ဟုတ်လား။"
"အေး။ ငါ့ဝမ်းကွဲအစ်ကိုလည်း ကုဟွိုင်အန်းလို့ ခေါ်တယ်။ သူက နေ့တိုင်း မျက်နှာတင်းတင်းနဲ့ အလုပ်ပဲ သူ့စိတ်ထဲမှာ ရှိတယ်။ ပြီးတော့ မကြာသေးခင်က
လူတိုင်းမုန်းတဲ့ Z-list အနုပညာရှင် တစ်ယောက်နဲ့ လက်ထပ်သွားတယ်။ ငါ အရမ်းစိတ်တိုတာပဲ"
ယခု ရှန်းတန်သည် ဤအရာကို ပို၍ ပို၍ ရင်းနှီးနေသည်ဟု ခံစားလာရသည်။ သူမသည် ယခင်က မြောင်မြောင်နှင့်အတူ သူမ၏ ဝမ်းကွဲအစ်ကို၏ စခရင်ပေါ်မှ အချစ်ဇာတ်လမ်းကို လှောင်ပြောင်ခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။ သူမကိုယ်တိုင်ပင် ကောလဟာလ၏ ပစ်မှတ် ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်လိမ့်မည်နည်း၊ ဘယ်လောက် ရယ်စရာကောင်းလိုက်မလဲ။
ခဏလေး... ကုဟွိုင်အန်းမှာ ဝမ်းကွဲအစ်ကို တစ်ယောက်ထက် ပိုရှိတာလား။ မြောင်မြောင်က မိသားစုအိမ်တော်မှာ အကြီးအကျယ် ဖျားနာနေပုံရတဲ့ မိန်းကလေး ဖြစ်နိုင်မလား...
ရှန်းတန်သည် အေးစက်သော လေကို ရှူသွင်းလိုက်သည်။
"မျောက်မမ၊ ဘာဖြစ်တာလဲ။"
ရှန်းတန်သည် အားနာပါးနာ ရယ်လိုက်သည်။ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ပြည့်နှက်နေသည် - သူမသည် သူမ၏ နာမည်ကို မဖော်ထုတ်ရပေ။
"ဘာမှ မဟုတ်ပါဘူး။ မင်း အများကြီး တွေးနေတာ ဖြစ်လိမ့်မယ်။ ငါ့ယောက်ျားက သာမန်ရုံးဝန်ထမ်း တစ်ယောက်ပဲ - ဗိုက်ရွဲကြီးနဲ့ မျက်နှာမှာ ဝက်ခြံတွေ အပြည့်ပဲ၊ ဆံပင်တောင် ကျွတ်နေပြီ။ သူက အဲ့ဒီ့ ကုဟွိုင်အန်းနဲ့ လုံးဝ မတူဘူး၊ ကောင်းကင်နဲ့ မြေကြီးလိုပဲ"
ရှန်းတန် လှည့်လိုက်သောအခါ သူမသည် ကုဟွိုင်အန်း၏ မျက်လုံးများနှင့် တိုက်ရိုက် ဆုံမိသွားသည်။
သူမ၏ နှလုံးသားသည် တဒုတ်ဒုတ် ခုန်လာသည်။ ဒီလူ ဘယ်အချိန်က ရောက်လာတာလဲ။
အားးးးးးး၊ ငါ သေတော့မှာပဲ။