← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း ( ၅၃ ) – လက်ရှိအချိန်ကို မြတ်နိုးပါ

ချီယွဲ့သည် စာချုပ်ဖျက်သိမ်းရန်နှင့် မိသားစုလုပ်ငန်းကို အမွေဆက်ခံရန် ပြင်ဆင်ရမည်ဟုဆိုကာ ကြာကြာမနေဘဲ ထွက်သွားလေသည်။

ရှန်းတန်သည် အလွန်အမင်း မနာလိုဖြစ်ကာ မျက်ရည်များပင် မျက်ဝန်းထောင့်မှ စီးကျလုနီးပါး ဖြစ်သွားသည်။

သူမသည် ကောလဟာလများ အတင်းပြောဆိုမေးမြန်းကာ "စောစောက ချီယွဲ့ ပြောသွားတဲ့ ဖေးမျိုးနွယ်ဆိုတာ ဘယ်မျိုးနွယ်လဲ။" ဟု မေးလိုက်သည်။

ဖေး‌ခယ့်စုန့်သည် ရှန်းတန်၏ ဆံပင်ကို ပွတ်သပ်လိုက်ကာ "လိမ္မာပါ၊ မေးသင့်တာ မဟုတ်တဲ့အရာတွေ မမေးပါနဲ့" ဟု ဆိုသည်။

ရှန်းတန် နှုတ်ခမ်းဆူလိုက်ကာ "မပြောချင်ရင်လည်း နေပါတော့" ဟု ဆိုသည်။

သူမသည် နောက်မှ ကုဟွိုင်အန်းကို မေးမည်။

ဖေး‌ခယ့်စုန့်သည် ညင်သာစွာ ပြုံးလိုက်ကာ "နင် ဒဏ်ရာသက်သာဖို့ အာရုံစိုက်ပါ၊ နင် သက်သာလာတာနဲ့ ငါ နင့်အတွက် အခွင့်အ‌ရေးကောင်းတွေကို ဆွဲထုတ်ပေးမယ်" ဟု ဆိုသည်။

"တကယ်တော့ အဲ့လောက်ထိ ကြိုးစားဖို့ မလိုပါဘူး..."

ရှန်းတန်သည် ဖျော်ဖြေရေးနယ်ပယ်မှ အနားယူပြီး အေးချမ်းစွာ နေထိုင်ရန် သူမ၏ အစီအစဉ်များကို သူ့အား ပြောပြသင့် မပြောပြသင့် မသိပေ။

၎င်းတို့သည် မိတ်ဖက်များဖြစ်ကြောင်း ထင်ရှားသော်လည်း သူမသည် သူ့ကို သစ္စာဖောက်သကဲ့သို့ ထူးဆန်းစွာ ခံစားနေရသည်။ သူမသည် စကားတစ်ခွန်းမျှ မပြောရဲပေ။

"စိတ်မပူပါနဲ့၊ နင်ကို နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်အောင် ငါ သေချာပေါက် လုပ်ပေးမယ်" ဖေး‌ခယ့်စုန့်က စိတ်ရင်းမှန်ဖြင့် ပြောသည်။

ရှန်းတန် ပါးစပ်ဟလိုက်ကာ "အိုး..."

ဖေး‌ခယ့်စုန့်လည်း ကြာကြာ မနေပေ။ သူ၌ လုပ်စရာများစွာ ကျန်သေးသည်။

ရှန်းတန်သည် သူ ဘာလုပ်နေသည်ကို မသိသော်လည်း နောက်ဆုံးတွင် သူမသည် သူ့၏ တစ်ဦးတည်းသော အနုပညာရှင် ဖြစ်နေဆဲဖြစ်သည်။

အခန်းသည် ပြန်လည် တိတ်ဆိတ်သွားပြီး ရှန်းတန်သည် ထပ်မံ၍ ငြီးငွေ့လာသည်။

မကြာမီ အပြင်၌ ခြေသံတိုးတိုး ကြားလာပြီး တံခါးကို ညင်ညင်သာသာ ခေါက်သံ ကြားလိုက်ရသည်။ "ရှန်းတန်၊ နင် အဲ့မှာ ရှိလား။"

ရှန်းတန်သည် သူမ၏ ဦးခေါင်းကို တံခါးဆီသို့ လှည့်လိုက်သည်။ ထိုအသံ...

"ကျွန်မ ဒီမှာ၊ ဝင်ခဲ့။"

မိန်းကလေးအုပ်စုတစ်စုသည် တစ်ယောက်ကိုတစ်ယောက် တွန်းရင်း ဝင်လာကြသည်။ မည်သူမျှ ဦးစွာ စကားမပြောပေ။

ပြောရမည်ဆိုလျှင် ဤမိန်းကလေးများသည် အားလုံး အလွန်ကြည့်ကောင်းကြပြီး မျက်စိပသာဒ ဖြစ်စေသည်။

ရှန်းတန်သည် ဦးစွာ စကားစလိုက်သည် "နင်တို့ အားလုံး ဘယ်လိုနေကြလဲ။"

"အရမ်းကောင်းတယ်။"

"ငါတို့ အဆင်ပြေတယ်၊ ဒါပေမဲ့ နင်က ဘယ်လိုလုပ် ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားတာလဲ..."

"ငါတို့ကြောင့် မဟုတ်ရင် နင် ဒဏ်ရာရမှာ မဟုတ်ဘူး..."

မိန်းကလေးများသည် စကားပြောနေရင်း ငိုကြွေးလာကြသည်။

ရှန်းတန်သည် ၎င်းတို့ကို အလျင်အမြန် နှစ်သိမ့်လိုက်သည် "အများကြီး မတွေးနဲ့၊ ဒါက မတော်တဆမှုတစ်ခုပဲ..."

သူမသည် ထိုအုပ်စုကို အနီးကပ် ကြည့်လိုက်ပြီး အနိုင်ကျင့်ခံခဲ့ရသော မိန်းကလေးကို မတွေ့ရပေ။ သူမ၏ နှလုံးသားသည် တုန်လှုပ်သွားသည်။ "တစ်ယောက်ယောက် ပျောက်နေလား။"

"သူမလည်း ဆေးရုံတက်နေတယ်။ နင် သူမကို မတွေ့ဘူးလား။"

မိန်းကလေးများသည် သူမကို မျက်လုံးအဝိုင်းသားဖြင့် အံ့အားသင့်စွာ ကြည့်နေကြသည်။

"ငါ သူ့ကို တွေ့သင့်လား။" ရှန်းတန်သည် သူမ၏ လုံးဝ ပတ်တီးစည်းထားသော ခြေလက်များကို ငုံ့ကြည့်လိုက်သည်။ ဒါက အိပ်ရာထရန်ပင် ခက်ခဲစေသည်။

"သူမလည်း ဒီဆေးရုံမှာပဲ ကုသခံနေရတယ်။"

ရှန်းတန် ဒေါသထွက်သွားသည်။ သောက်ကျိုးနည်း... ကုဟွိုင်အန်းက သူမကို တမင်တကာ မပြောတာပဲ ဖြစ်ရမယ်။

သူမသည် အကြိမ်ပေါင်းများစွာ မေးမြန်းကြည့်ခဲ့ပြီးပြီဖြစ်သည်။

"ထိုင်ကြပါ၊ ဒီမှာ သစ်သီးတွေ ရှိတယ်။ လွတ်လွတ်လပ်လပ် စားကြပါ၊ ငါ နင်တို့ကို လာပြီး ဝန်ဆောင်မှု မပေးနိုင်ဘူးဖြစ်‌နေတယ်။"

သူမသည် အိမ်နီးချင်း မရှိသောကြောင့် ယခင်က ငြီးငွေ့ခဲ့သည်။ ယခု ရုတ်တရက် သူမတစ်ယောက်တည်း အခန်းကျယ်ရသည်မှာ အတော်လေး ကောင်းသည်ဟု ခံစားလိုက်ရသည်၊ အနည်းဆုံး ဆိုဖာနှင့် ကုလားထိုင်များ ရှိသည်။ မဟုတ်ပါက လူများလွန်းသောကြောင့် ထိုင်စရာ နေရာ လုံလောက်မည် မဟုတ်ပေ။

"အို ဟုတ်ပြီ၊ နင်တို့ထဲက အနည်းငယ်က ငါ့ရဲ့ မုန်းတီး‌နေတဲ့ ပရိသတ်လေးတွေ ဖြစ်ခဲ့ဖူးတာ ငါ မှတ်မိတယ်..."

မိန်းကလေးများ၏ မျက်နှာများသည် ချက်ချင်း နီရဲသွားပြီး တိုးတိုးလေး ရှင်းပြကြသည် "ငါတို့ အခု အဲ့လိုမဟုတ်တော့ပါဘူး..."

"ငါတို့ ပရိသတ်အဖွဲ့ထဲ ဝင်ပြီးပြီ။ ဒီနေ့ကစပြီး နင့်ကို နေ့တိုင်း ကြော်ငြာပေးမယ်၊ ပြီးတော့ တခြားသူတွေကို နင့်အတွက် ဆဲဆိုပေးမယ်။"

"အာ...အဲ့ဒါ မလိုပါဘူး။ ငါ့မှာ အားမပေးတဲ့ပရိသတ်တွေ အများကြီး ရှိတယ်၊ နင် သူတို့နဲ့ ငြင်းလို့ မရဘူး။ ငါ့ရဲ့ အလုပ်ကိုပဲ ပိုပြီး အာရုံစိုက်ပါ။"

သူမ၌ အလုပ်များများ မရှိပုံရသော်လည်း။

သူမရှေ့၌ ချစ်စရာကောင်းပြီး နာခံတတ်သော မျက်နှာများကို ကြည့်ရင်း ရှန်းတန်သည် ၎င်းတို့ကို အနည်းငယ် ဆူပူပြီးနောက် ငိုကြလိမ့်မည်ဟု နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

မိန်းကလေးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နောက်ထပ် ရှင်းပြခြင်း မရှိဘဲ ပြုံးလိုက်ကြသည်။

မိန်းကလေးများသည်လည်း ရှန်းတန်၏ အနားယူမှုကို အနှောင့်အယှက် မဖြစ်စေရန် ကြာကြာ မနေကြပေ။

၎င်းတို့ ထွက်သွားခါနီးတွင် အောင်းကျစ်ဖျင်နှင့် သူမ၏ အဖွဲ့နှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ကြသည်။

နှစ်ဖက်စလုံး အံ့အားသင့်စွာ ခေတ္တ ရပ်တန့်သွားကြသည်။

မိန်းကလေးတစ်ဦးသည် တုန်တုန်ရီရီ မေးလိုက်သည် "ရှင်...ရှင်က အောင်းကျစ်ဖျင်လား၊ ကျွန်မ လက်မှတ် ရနိုင်မလား။"

"သေချာပေါက် ရတာပေါ့။"

သို့သော် သူမ လက်မှတ်ထိုးရန် ဘောပင် သို့မဟုတ် စက္ကူပင် မပါလာကြောင်း သူတို့ သတိပြုမိသွားသည်။

အောင်းကျစ်ဖျင်က "ပြန်ရောက်ရင် ဝေ့ပေါ်မှာ မင်းရဲ့ လိပ်စာကို ပရိုက်ဗိတ်မက်ဆေ့ချ် ပို့ပေးပါ။ ငါ မင်းကို လက်မှတ် စာတိုက်နဲ့ ပို့ပေးမယ်" ဟု ပြောသည်။

"ကောင်းလိုက်တာ၊ ကောင်းလိုက်တာ။ ကျေးဇူးတင်ပါတယ်၊ ရှင် အရမ်း ကောင်းတာပဲ။ ဆက်ကြိုးစားပါ၊ ရှင် သေချာပေါက် တောက်ပလာမှာပါ။"

အောင်းကျစ်ဖျင် ပျော်ရွှင်စွာ မျက်နှာနီရဲသွားပြီး "ကျေးဇူးတင်ပါတယ်။" ဟု ဆိုသည်။

အခန်းထဲဝင်ပြီးနောက် ရှန်းတန်ကို မြင်သောအခါ ဟော်ရင်ရင်၏ မျက်လုံးများ ချက်ချင်း နီရဲသွားသည်။

"နင် ဘယ်လိုလုပ်ပြီး ဒီလောက် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတာလဲ။"

အောင်းကျစ်ဖျင်၏ အာရုံစိုက်မှုသည် အတော်လေး ထူးခြားသည်။ "မင်း တကယ် လက်ဗလာနဲ့ ဝက်ဝံရိုင်းကို သတ်ခဲ့တာလား။"

ရှန်းတန် ခေါင်းခါလိုက်သည်။ "သတ်ပစ်တာ မဟုတ်ဘူး၊ ဒါပေမဲ့ သေလုနီးပါး ဖြစ်နေပြီ။"

"ဝိုး...။"

အောင်းကျစ်ဖျင် သက်ပြင်းရှိုက်ကာ လက်မထောင်ပြလိုက်သည်။

"မိုက်တယ်။"

ဟော်ရင်ရင်၏ မျက်ခုံးများသည် ရှန်းတန်၏ ဒဏ်ရာရနေသော လက်ကို ကြည့်ရင်း မျက်နှာ၌ မကျေနပ်မှု အပြည့်ဖြင့် ရှုံ့မဲ့သွားသည်။

"နင့်ခေါင်းထဲမှာ ဘာတွေ တွေးနေတာလဲ၊ ဝက်ဝံရိုင်းနဲ့ ရဲရဲတင်းတင်း တိုက်ခိုက်ရဲတယ်။ နင်သာ အားမသန်ဘူးဆိုရင် ငါ နင့်ကို နောက်တစ်ခါ ထပ်တွေ့ရနိုင်ပါဦးမလား။"

ဟော်ရင်ရင်သည် ဒေါသလည်းထွက် ကြောက်လည်းကြောက်ကာ မျက်ရည်များ သူမ၏ မျက်နှာပေါ်သို့ လွတ်လွတ်လပ်လပ် စီးဆင်းလာခဲ့သည်။

ရှန်းတန်သည် သူမကို အလျင်အမြန် နှစ်သိမ့်ရန် လက်ကို မြှောက်လိုက်သော်လည်း သူမ၏ လက်သည် ကောက်ညှင်းထုပ်ကဲ့သို့ စည်းထားသည်ကို တွေ့လိုက်ရသည်။

"မ...မငိုနဲ့တော့။ အောင်းကျစ်ဖျင်၊ စားပွဲပေါ်က တစ်ရှူးတွေကို ငါ့ကို ယူပေးပါလား။"

"အိုး..."

ဟော်ရင်ရင်က မျက်ရည်သုတ်လိုက်သည်။ "သက်သာဖို့ အာရုံစိုက်ပါ။ ရမ်းသမ်း မလှုပ်ရှားနဲ့။ အို ဟုတ်ပြီ၊ နင် သိလား၊ နင်က လူအများ စိတ်ဝင်စားတဲ့ ခေါင်းစဉ်ပေါ် ရောက်နေပြန်ပြီ။"

"ဟင်။" ရှန်းတန်သည် ဘာက သူမကို လူအများ စိတ်ဝင်စားတဲ့ ခေါင်းစဉ်ပေါ် ရောက်စေနိုင်မလဲဟု သေချာ စဉ်းစားလိုက်သည်။

"ငါ ဆေးရုံတက်နေတဲ့ သတင်း ထွက်လာလို့ ဖြစ်နိုင်မလား။"

"အေး...အနည်းနဲ့ အများပေါ့..." ဟော်ရင်ရင်သည် ပွဲကောင်းတစ်ခု ကြည့်နေသည့်အလား မျက်နှာထားဖြင့် "တစ်ယောက်ယောက်က နင့်ဓာတ်ပုံတွေကို

ခိုးရိုက်ပြီး နင့်ကို တရားဝင် ဇနီးမယားက မယားငယ်အဖြစ် ဖမ်းမိလို့ ရိုက်နှက်ခံရပြီး ဒုက္ခိတ ဖြစ်သွားတယ်လို့ ပြောနေကြတယ်။"

ရှန်းတန် : "..."

သူမ မယုံနိုင်စွာ ပြောလိုက်သည် "ဘယ်လိုလုပ်ပြီး လူတွေက အဲ့လို မဟုတ်မမှန် ကောလဟာလကို ယုံကြမှာလဲ..."

"အဟမ်း၊ မှန်အောင် ခန့်မှန်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ အွန်လိုင်းမှာ လူတော်တော်များများ ယုံကြည်နေကြတယ်။"

ရှန်းတန် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာလို့ ဘယ်သူမှ ငါ့ကို မပြောတာလဲ။"

"သူတို့က မင်းကို စိတ်ပူအောင် လုပ်မှာ ကြောက်လို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ စိတ်မပူနဲ့၊ တရားခံကို တွေ့ပြီ။ အဲ့ဒါက အလုပ်ဖြုတ်ခံလိုက်ရတဲ့ သူနာပြုမလေး တစ်ယောက်ပဲ။"

ရှန်းတန်သည် အတင်းအကျပ် ပါဝင်ပတ်သက်ခံရသည့် ထူးဆန်းသော ခံစားချက်မျိုး ရခဲ့သည်။

"သူက ဘာကို လိုချင်တာလဲ၊ သူက ငါ့ကို မုန်းနေတဲ့ပရိသတ် ဖြစ်နိုင်မလား။"

ဟော်ရင်ရင် ခေါင်းခါလိုက်သည်။ "ငါ မသိဘူး။ တခြားသူတွေဆီက ကြားတာပဲ။ ဥက္ကဋ္ဌကု အရမ်း ဒေါသထွက်ပြီး အွန်လိုင်းမှာ ကောလဟာလတွေ ဖြန့်နေတဲ့ နာမည်ကြီး V တွေကို တရားစွဲနေတယ်လို့ ကြားတယ်။"

မြစ်ချောင်းအိုင်တွေမှာ မရှိတဲ့အခါတောင် မြစ်ချောင်းအိုင်တွေမှာ မင်းအကြောင်း ဒဏ္ဍာရီတွေ ရှိနေသေးတယ်။

ဟော်ရင်ရင်၏ စကားများကို နားထောင်ခြင်းက ရှန်းတန်၏ နှလုံးသားကို ယားယံစေသည်။ သူမသည် အွန်လိုင်းအခြေအနေ ယခု ဘယ်လိုရှိလဲ အလွန်ကြည့်ချင်သည်။

ရိုးရိုးသားသားဆိုရလျှင် သူမ တကယ် ပိုလိုချင်သည်မှာ ထိုဝက်ဝံရိုင်းကို လက်ဗလာဖြင့် တိုက်ထုတ်ခဲ့သည့်အကြောင်းကို ကြွား၀ါရန်ဖြစ်သည်။ ၎င်းသည် သူမ တစ်သက်လုံး ကြွား၀ါနိုင်သည့် အလွန်အံ့သြဖွယ်ရာ စွမ်းဆောင်မှုတစ်ခုဖြစ်သည်။

ဤသို့ တွေးတောနေစဉ် ရှန်းတန်သည် ထိုဝက်ဝံရိုင်း ဘာဖြစ်သွားလဲ ရုတ်တရက် တွေးမိသွားသည်။ သူမသည် ဝက်ဝံသားကို မစားရသေးပေ။

ထိုညနေ ကုဟွိုင်အန်း ရောက်လာသောအခါ သူမသည် ထိုအကြောင်းကို မေးရန် ဆုံးဖြတ်လိုက်သည်။

နေဝင်ချိန် နီးလာသောအခါ ရှု‌ကျောင်း‌ကျောင်းလည်း ရောက်လာသည်။

အခန်းထဲ၌ လူများစွာကို မြင်သောအခါ သူမ များများစားစား မပြောဘဲ နှုတ်ဆက်ကာ ဘေး၌ ထိုင်နေလိုက်သည်။

အခြားသူများ ထွက်သွားပြီးမှသာ သူမသည် နောက်ဆုံးတွင် သူမ၏ သံသယများကို ထုတ်ဖော်ပြောကြားခဲ့သည် "ညီမတို့ရဲ့ အရင်ဘဝမှာ ဒီလိုမျိုး ဘာမှ ဖြစ်မလာဘူးဆိုတာ ညီမ မှတ်မိတယ်။"

"လောကအရေးမှာ အပြီးသတ်ဆိုတာ မရှိပါဘူး။ ရွေးချယ်မှုတိုင်းက ရှေ့ဆက်သွားမယ့် လမ်းကို သက်ရောက်မှု ရှိမှာပါ။ အတိတ်ကို မတွယ်တာပါနဲ့။ ပစ္စုပ္ပန်ကိုပဲ တန်ဖိုးထားသင့်ပါတယ်။"

ရှန်းတန် သက်ပြင်းချလိုက်သည်၊ သူမသည် စာအုပ်ထဲသို့ ရောက်သွားသကဲ့သို့၊ သူမသည် ဇာတ်လမ်းကို အမြဲတမ်း မလိုက်နာဘဲ သူမ၏ ကိုယ်ပိုင်ဘဝကိုသာ နေထိုင်ခဲ့သည်။

ရှုကျောင်းကျောင်း ခဏတာ အံ့အားသင့်သွားပြီးနောက် ခါးသက်သော အပြုံးကို ဖော်ပြခဲ့သည်။ "အစ်မ ပြောတာ မှန်တယ်။ ညီမ စိတ်ရှုပ်ထွေးပြီး အရာအားလုံးကို လိုက်တွေးနေမိတာ"

သူမသည် ဤဘဝ၏ ရှန်းတန်သည် ယခင်ဘဝ၏ ရှန်းတန်နှင့် အနည်းငယ် ကွဲပြားကြောင်း၊ မရေမရာ ကင်းကွာသော ခံစားချက်မျိုးဖြင့် ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

"အစ်မ...ကောင်းကောင်း အနားယူပါ၊ ညီမ မနက်ဖြန်ကျရင် အစ်မကို ပြန်လာတွေ့မယ်။"

"မလိုဘူး။"

ရှုကျောင်းကျောင်း၏ မျက်နှာထား ပြောင်းလဲသွားသည်။ "အစ်မတန်တန်၊ ညီမ..."

"နင် ရိုက်ကူးရေး စနေပြီ မဟုတ်လား။ ဟိုသွားဒီသွား လုပ်နေတာ အရမ်း အလုပ်ရှုပ်လိမ့်မယ်။ ပြီးတော့ ငါ ဒီမှာ အဆင်ပြေတယ်၊ စိတ်မပူနဲ့။"

ရှုကျောင်းကျောင်း ပြုံးလိုက်သည်။ "ဘာမှ အလုပ်မရှုပ်ပါဘူး၊ ညီမ မပင်ပန်းပါဘူး။"

"ဒါပေမဲ့ အစ်မ ဒီရက်ပိုင်း ပိုပြီး အနားယူသင့်တယ်။ ဒါကြောင့် ညီမ မနက်ဖြန် မလာတော့ဘူး။"

ရှန်းတန် တိုးတိုးလေး သဘောတူလိုက်သည်။

ရှုကျောင်းကျောင်း ထွက်သွားပြီးနောက် သူမ၏ မျက်နှာထား ပြိုလဲသွားသည်။

သူမ တကယ် ပြောင်းလဲသွားပြီ…

အခန်း ( ၅၄ ) – အမျိုးသမီးတိုင်း လုပ်မိတဲ့ အမှားလေး တစ်ခုကိုပဲ ကျူးလွန်မိတာပါ

နောက်ရက်အနည်းငယ်ကြာသည့်တိုင် ရှန်းတန်သည် ဆေးရုံခန်းထဲ၌ လုံးဝ မလှုပ်မရှားနိုင်သော လူနာတစ်ဦးကဲ့သို့ အိပ်နေရပြီး အစားအသောက်မှ ရေအိမ်အသုံးပြုခြင်းအထိ အရာအားလုံးအတွက် လူများ၏ အကူအညီကို လိုအပ်နေသည်။

အကယ်၍ အခြားသူတစ်ဦးဖြစ်ပါက ရှက်ရွံ့ခြင်း သို့မဟုတ် အနေရခက်ခြင်းများ ခံစားရနိုင်သော်လည်း ရှန်းတန်သည် ဤလူနေမှုပုံစံနှင့် လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်သွားသည်။ ငြီးငွေ့ခြင်းမှလွဲ၍ မည်သည့် ဆိုးကျိုးမှ မရှိပေ။

ကုဟွိုင်အန်းသည် ရှန်းတန်၏ ဖုန်းကို ပြန်မပေးသေးသောကြောင့် အချိန်ကုန်လွန်စေရန် သူမသည် တီဗွီသာ ကြည့်နိုင်သည် သို့မဟုတ် လာရောက်လည်ပတ်သော သူငယ်ချင်းများနှင့် စကားပြောနိုင်ရုံသာ ရှိသည်။ သူမ ဝန်ခံရမည်မှာ သူမသည် အငြိမ်းစားယူထားသည့် လူတစ်ဦးကဲ့သို့ ခံစားရသည်။

ကုဟွိုင်အန်းသည် နေ့စဉ် အစားအသောက်များ ယူလာပြီး သူမကို ခွံ့ကျွေးသည်။ ကြောက်စရာကောင်းသည်မှာ ရှန်းတန်သည် ၎င်းနှင့် အသားကျလာနေခြင်းပင် ဖြစ်သည်။

ဤနေ့တွင် အစားအသောက်နှင့်အတူ လာသူသည် ကုဟွိုင်အန်း မဟုတ်ဘဲ အစ်မထောင် ဖြစ်သည်။

ရှန်းတန်သည် ခဏတာ အံ့အားသင့်သွားပြီး စိတ်မပါ့တပါ့ သူမ၏ အစားအသောက်ကို ထိုးဆွနေသည်။ အစ်မထောင်ပင် ဒါကို သတိပြုမိသွားသည်။

အစ်မထောင်က စနောက်ပြောဆိုသလို မေးလာခဲ့သည် "မဒမ်က ခင်ပွန်းကို လွမ်းနေတာလား။"

ရှန်းတန်သည် ကျယ်လောင်စွာ ငြင်းဆိုလိုက်သည် "ဘာလို့ ကျွန်မက သူ့ကို လွမ်းရမှာလဲ။"

သူမ မသိသည်မှာ သူမ၏ တုံ့ပြန်မှုသည် သူမကို သူခိုးဖမ်းမိသကဲ့သို့ ဖြစ်သွားပြီး ယခုလေးပင် အရမ်းစိတ်လှုပ်ရှားနေပုံရသည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ်၊ မဒမ်က မဒမ့်ရဲ့ ခင်ပွန်းကို လွမ်းနေတာ မဟုတ်ဘူး၊ အစ်မကပဲ သူ့ကို လွမ်းနေတာ။" အစ်မထောင်က ဆိုသည်။

ခဏတာ တွန့်ဆုတ်ပြီးနောက် အစ်မထောင်၏ စနောက်သော မျက်လုံးအောက်တွင် ရှန်းတန်သည် မေးလိုက်သေးသည် "ဘာလို့...သူ ဒီနေ့ မလာတာလဲ။"

အစ်မထောင်၏ မျက်နှာသည် ပြုံးရယ်ခြင်းသို့ ပြောင်းလဲသွားသည်။ "သခင်လေးက…"

ရှန်းတန် နားရွက်ကို ထောင်လိုက်ကာ နားစွင့်လိုက်သည်။

"သူ အချိန်ပို အလုပ်လုပ်နေတယ်။"

"အိုး" ရှန်းတန် ပြန်ဖြေလိုက်သည်။ "အချိန်ပိုလား။"

ဒါပဲလား။

အစ်မထောင်သည် အသံကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဘာများ ဖြစ်နိုင်သေးလဲ။ သခင်လေးက အိမ်၊ ရုံးနဲ့ ဆေးရုံကြားမှာ နာရီပတ်လုံး အလုပ်လုပ်နေတာ။"

ရှန်းတန်သည် အားနာပါးနာဖြင့် ရယ်မောလိုက်ပြီး သူ့ကို လျှော့တွက်ခဲ့မိသည့်အတွက် အတော်လေး ရှက်ရွံ့မိသည်။ သူမသည် သူ ဤအရာကို ငြီးငွေ့နေပြီဟု ထင်ခဲ့သည်။ သူမသည် ဂုဏ်သိက္ခာရှိသော လူတစ်ဦးကို သူမ၏ မောက်မာသော စိတ်ထားဖြင့် တိုင်းတာနေကြောင်း သိလိုက်ရသည်။

အစ်မထောင်သည် အစားအသောက်ဘူးများကို သိမ်းဆည်းပြီးနောက် ဖုန်းတစ်လုံးကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။

"ဒါက..." ရှန်းတန်သည် သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန်ပင် ခက်ခဲနေသည်။

"သခင်လေးက နောက်ရက်အနည်းငယ် အရမ်း အလုပ်များနေလိမ့်မယ်။ သူက ဒီဖုန်းကို မဒမ့်အတွက် ယူလာပေးဖို့ အထူးပြောထားတယ်။ ဒါပေမဲ့ သူပြောတာက မဒမ့်ရဲ့ လက်က မကောင်းသေးတော့ မလိုအပ်တဲ့ အချိန်တွေအပြင် တစ်နေ့ကို တစ်နာရီပဲ သုံးခွင့်ရှိတယ်တဲ့။"

တစ်နာရီဆို လုံလောက်တယ်။ ရှန်းတန် အင်တာနက် ဆာလောင်နေသည်။ အင်တာနက် သို့မဟုတ် ဖုန်းမပါဘဲ ရက်ပေါင်းများစွာ နေထိုင်ခြင်းသည် လူသားတို့အတွက် မသင့်တော်ပေ။ သူမသည် လောကီအာရုံများ ကင်းမဲ့လာနေသည်။

"မြန်မြန်၊ ဖွင့်ပေးပါဦး။"

အစ်မထောင်၏ ကူကယ်ရာမဲ့သော မျက်လုံးအောက်တွင် ရှန်းတန်သည် သူမ၏ ဘယ်ဘက်လက်ဖြင့် ဖုန်းကို မချိမဆန့် ကိုင်တွယ်နေသည်။

အမှန်မှာ သူမ၏ ဘယ်ဘက်လက် ဒဏ်ရာသည် အလွန်အမင်း မဆိုးရွားပေ၊ သူမသည် အလေးချိန်ရှိသော အရာများကို မနိုင်ရုံသာ ဖြစ်သည်။ သူမ၏ ညာဘက်လက်သည် ပို၍ အခက်အခဲရှိသည်။

ဖုန်းဖွင့်လိုက်သည်နှင့် သူမ၏ ဝီချက်တွင် မက်ဆေ့ချ်များ ပြည့်နှက်နေသည်။

သူမသည် အရေးကြီးသော မက်ဆေ့ချ်များကို ပြန်ကြားပြီး ဝေ့ပေါ်ကို ဖွင့်လိုက်သည်။ သူမ၏ ပရိသတ်အဖွဲ့သည် လူသစ်များ ဝင်ရောက်လာခြင်းကြောင့် အလွန်တက်ကြွနေသည်။

သို့သော် သူမသည် မြောင်မြောင်၏ moment များကို ပွတ်ဆွဲလိုက်သောအခါ သူမ၏ စိတ်ဓာတ် ချက်ချင်း ကျဆင်းသွားသည် - လျန်အစ်မ ပြန်လာတာကို ကြိုဆိုပါတယ်၊ ချစ်ချစ်။

သူမသည် ပူးတွဲပါ ပွဲတော်မြင်ကွင်း ဓာတ်ပုံများကို ဖွင့်ကြည့်လိုက်ရာတွင် အပြစ်ကင်းစင်ပြီး ထူးချွန်သော အသွင်အပြင်ရှိသည့် မိန်းကလေးတစ်ဦးသည် လူအများအလယ်၌ ချိုမြိန်စွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။

ဒါဆို ဒါက ကုဟွိုင်အန်းရဲ့ အရင်က တမ်းတခဲ့တဲ့ လရောင်ဖြူလို့ ခေါ်တဲ့သူလား၊ သူမ တကယ် အတော်လေး လှတယ်။

ကုဟွိုင်အန်းသည် သူ့တွင် လရောင်ဖြူလေး မရှိဟု ဆိုခဲ့သော်လည်း ရှန်းတန်သည် မီးခိုးရှိလျှင် မီးရှိရမည်ဟု ယုံကြည်သည်။ *အဟွတ် အဟွတ်* မဟုတ်ပါက မြောင်မြောင်သည် အဘယ်ကြောင့် ဤမျှ မှားယွင်းစွာ ထင်မြင်နေမည်နည်း။

မပြောပြနိုင်သော ခံစားချက်တစ်ခုကြောင့် ရှန်းတန်သည် ဓာတ်ပုံကို ချဲ့ကြည့်လိုက်ပြီး ဘယ်ဘက်အောက်ထောင့်၌ ကုဟွိုင်အန်း မကြာသေးမီက ဝတ်ဆင်ခဲ့သော နာရီနှင့် တူညီသော နာရီကို ဝတ်ဆင်ထားသည့် လက်တစ်ဖက်ကို ရုတ်တရက် သတိပြုမိသွားသည်။

သူမ၏ နှလုံးသား ချက်ချင်း နစ်မြုပ်သွားသည်။

ရှန်းတန်သည် ထိုနာရီနှင့် တူညီကြောင်း အတည်ပြုရန် ထပ်ခါထပ်ခါ စစ်ဆေးခဲ့သည်။ သူမသည် ၎င်းသည် တူညီသော မော်ဒယ်တစ်ခု ဖြစ်နိုင်သည်ဟု သူမကိုယ်တိုင် ပြောသည်။ ထို့အပြင် လက်၊ နာရီနှင့် လက်ကောက်ဝတ်တစ်ခုတည်းဖြင့် မည်သည့်အရာကိုမျှ အတိအကျ သက်သေမပြနိုင်ပေ။

ဒါဟာ ကုဟွိုင်အန်း မဟုတ်ဘဲနေနိုင်တယ်။

သို့သော် သူမသည် သူမ၏ စိတ်၌ လျှောက်ပြေးနေသော မှန်းဆချက်များကို မထိန်းချုပ်နိုင်ဘဲ သူမ၏ နှလုံးသားကို ချဉ်သက်သက် ခံစားစေသည်။

သူမသည် ကုဟွိုင်အန်း၏ ဝီချက်ကို ဖွင့်လိုက်သည်။ ၎င်းတို့၏ နောက်ဆုံး စကားပြောဆိုမှုသည် ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

သူမသည် ဖြစ်နိုင်သော မက်ဆေ့ချ်များကို ထပ်ခါထပ်ခါ ရိုက်ပြီး ဖျက်ခဲ့သော်လည်း နောက်ဆုံးတွင် ဘာမျှ မပို့ခဲ့ပေ။

သူမသည် ဘာမျှ မေးပိုင်ခွင့် မရှိပုံရသည်။

ရှန်းတန်သည် သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။ သူမ ဘာဖြစ်နေတာလဲ။

ကုဟွိုင်အန်းကို သူမ စိတ်ဝင်စားနေတာ ဖြစ်နိုင်လား။

သူသည် မကြာသေးမီက သူမကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သောကြောင့် ဖြစ်ရမည်၊ သူမကို ဂရုစိုက်ခံရသည့် အဖိုးတန် ခံစားချက်ကို အလွယ်တကူ ပေးခဲ့သည်။ ထို့အပြင် သူမရဲ့ ဘဝနှစ်ခုစလုံးမှာ သူမဟာ မိဘမဲ့တစ်ဦးဖြစ်ပြီး ထိုအရာကို အသည်းအသန် တောင့်တခဲ့သည်။

ရှန်းတန်သည် ၎င်းတို့၏ စာချုပ်အရလက်ထပ်ခြင်း၊ စာချုပ်အရလက်ထပ်ခြင်း၊ စာချုပ်အရလက်ထပ်ခြင်းဖြစ်ကြောင်း သူမကိုယ်တိုင် ထပ်ခါထပ်ခါ သတိပေးနေသည်။

ဤထူးဆန်းသော စိတ်ခံစားမှုများသည် ယောက်ျားများကို အလွန်နည်းပါးစွာ မြင်ဖူးခြင်းကြောင့် ဖြစ်ရမည်။

ထို့ကြောင့် ရှန်းတန်သည် ဝေ့ပေါ်ကို ဖွင့်ကာ ချောမောသော ယောက်ျားများနှင့် လှပသော မိန်းမများ၏ ဓာတ်ပုံများကို ပွတ်ဆွဲကြည့်ရှုနေသည်။

ခဏလေးအတွင်း သူမ၏ မျက်လုံးများသည် လတ်ဆတ်သော အသားများနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်များကြောင့် ဝေဝါးသွားသည်။

အဲ့ဒီ့ ဗိုက်သားတွေပေါ် လျှောဆင်းချင်လိုက်တာ၊ ရာသီဥတုက ခြောက်သွေ့တယ်၊ အခုချက်ချင်း ကျွန်မကို နမ်းပါတော့။ ပါရှူး၏ ရေများနှင့် တောင်များသည် ဆိတ်ငြိမ်နေသည်။ လှပသော မိန်းမများ၊ ကျေးဇူးပြု၍ ကျွန်မကို လက်ထပ်ပါ။ တစ်ခုခု လောင်နေတဲ့ အနံ့ ရလား၊ အဲ့ဒါ မင်းအတွက် လောင်ကျွမ်းနေတဲ့ ငါ့နှလုံးသားပဲ။

...

ရှန်းတန်သည် ပျော်ရွှင်စွာဖြင့် အင်တာနက် ကြည့်ရှုခြင်း၌ နှစ်မြောနေစဉ် သူမ၏ အေးဂျင့် ဖေး‌ခယ့်စုန့်ထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။

"ဟယ်လို။"

"ရှန်းတန်၊ အခုချက်ချင်း မင်းလုပ်နေတာတွေကို ရပ်လိုက်။"

"ဟင်။"

"နင့်ရဲ့ မိန်းအကောင့်နဲ့ ကြည့်နေတာ မဟုတ်ဘူးလို့ မပြောနဲ့နော်။"

ရှန်းတန်သည် ငြင်းဆိုတော့မတတ် ဖြစ်သော်လည်း ဝေ့ပေါ်ကို စစ်ဆေးကြည့်သောအခါ သူမသည် အကောင့်ပြောင်းရန် တကယ် မေ့သွားကြောင်း တွေ့လိုက်ရသည်။

သူမသည် အားနာပါးနာဖြင့် "ဒါတွေအားလုံး မတော်တဆမှုတစ်ခုပဲလို့ ပြောရင် နင် ယုံမှာလား။" ဟု ပြန်ဖြေလိုက်သည်။

ဖေး‌ခယ့်စုန့်သည် တစ်စုံတစ်ဦးကို ရိုက်နှက်ချင်စိတ်ကို ထိန်းချုပ်ရန် သက်ပြင်းရှည်တစ်ခု ချလိုက်သည်။

"ငါ နင့်ကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးဘူး၊ နင့်ရဲ့ အင်တာနက်သုံးစွဲသူ ပရိသတ်တွေ နင့် ယုံလား မယုံလားဆိုတာက ပိုအရေးကြီးတယ်။ အဲ့ဒီ့ အကောင့်ကို နောက်ထပ် မသုံးနဲ့တော့၊ ငါ ကုမ္ပဏီနဲ့ တိုင်ပင်ပြီး အခြေအနေကို ရှင်းလင်းလိုက်မယ်။"

"အိုး..."

ဖုန်းခေါ်ဆိုမှုသည် အလျင်အမြန် အဆုံးသတ်သွားသည်။ ရှန်းတန်၏ အစောပိုင်းက ကောင်းမွန်သော စိတ်အ‌ခြေအနေသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

"အနည်းဆုံး ငါ့ရဲ့ သီးသန့်အကောင့် မပေါ်သွားဘူး..." သူမ၏ အစောပိုင်းက မှတ်ချက်များကို သေချာ ပြန်လည်သတိရလိုက်သောအခါ ကံကောင်းစွာဖြင့် အလွန်အမင်း ရိုင်းစိုင်းသော စကားများ မပါဝင်ခဲ့ပေ။

ရှန်းတန်သည် ကြာကြာ မကြည့်ရသေးသော်လည်း ဤမျှ လျင်မြန်စွာ သူမကို တွေ့ရှိခဲ့သည့်အတွက် စိတ်ရှုပ်ထွေးသွားသည်။ အသေးစား အကောင့်ကို စစ်ဆေးကြည့်သောအခါ သူမ မှတ်ချက်ပေးခဲ့သော ထိုချောမောသောသူသည် သူမ၏ အမုန်းပရိသတ်တစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် မကြာသေးမီက အသစ်စက်စက် ဓာတ်ပုံအသစ်များကို တင်ခဲ့ပြီး သူမသည် ဂရုမစိုက်ဘဲ လျှောကြည့်ရင်း မှတ်ချက်ပေးခဲ့မိသည်။

ရှန်းတန်သည် သူမ၏ အစောပိုင်းက စကားများကို ပြန်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်သည်။ ဤလူသည် လုံးဝ ချောမောသောသူ မဟုတ်၊ ငယ်ရွယ်စဉ်၌ ဤကဲ့သို့ မျက်စိရောဂါ ခံစားရပြီး သူမကိုပင် ပြောင်လှောင်ရဲသေးသည်။

ဖျတ်၊ ဒီမှာ ဖားအိုကောင်ဆိုတာ သူပဲ။

သူမ၏ အဓိက ဝေ့ပေါ်ပေါ်ရှိ မှတ်ချက်ကဏ္ဍကို ဖွင့်ကြည့်သောအခါ ရင်းနှီးသော ရက်စက်သော အမုန်းပရိသတ်အချို့မှလွဲ၍ အများစု၏ တုံ့ပြန်မှုများသည် အံ့သြစရာကောင်းလောက်အောင် အလွန်အမင်း မပြင်းထန်ဘဲ အများအားဖြင့် နောက်ပြောင်ရယ်မောခြင်းသာ ဖြစ်သည်။

ဟားဟား... ရှန်းတန် အကောင့်ပြောင်းဖို့ မေ့သွားပုံပဲ။

ငါ့လို ပုံမှန် အင်တာနက်သုံးစွဲသူက အမျိုးသမီး နာမည်ကြီးတစ်ယောက်နဲ့ မိန်းကလေးတွေကို ကြိုက်တဲ့အရသာ တူနေမယ်လို့ ဘယ်သူ ထင်မှာလဲ။ ငါတို့ဟာ ရွယ်တူတွေနဲ့ တူတယ်။

ဝါး ငါ သွားပြီး တစ်ယောက်ယောက်ရဲ့ ရည်းစားကို တိုက်မိသွားတယ်၊ ပြီးတော့ အတော်များများပဲ။

ဖော်ပြထိုက်သည်မှာ သူမကို ရဲရဲတင်းတင်း ကာကွယ်ပေးသော အားကောင်းသည့် ပရိသတ်အချို့ဖြစ်ပြီး အမုန်းပရိသတ်များကို ဆဲဆိုကာ ပါးစပ်ပိတ်စေရန် ကြိုးစားကြသည်။

နောက်ဆုံးတွင် ရှန်းတန်သည် မခံနိုင်တော့ဘဲ ရိုင်းစိုင်းသော၊ မကောင်းသော မှတ်ချက်ပေးသူများကို ပြန်လည်တုံ့ပြန်ရန် အသေးစား အကောင့် ဆယ့်ရှစ်ခုကို ပြောင်းလဲကာ သုံးခဲ့သည်။

လူတွေဟာ မွေးရာပါ ဆန္ဒတွေနဲ့ မွေးဖွားလာကြတယ်။ သူမ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး နည်းနည်းပါးပါး ပျော်ရွှင်တာ ဘာမှားလို့လဲ။

သူမသည် အမျိုးသမီးများစွာ ကျူးလွန်ခဲ့သော အမှားတစ်ခုကိုသာ ကျူးလွန်ခဲ့သည်။ လူတွေက သူမကို ဒီလောက်ထိ ဝေဖန်ရမှာလား။

All Chapters