← Chapters

အောင်မြင်ကျော်ကြားမှုသို့ တက်လှမ်းခြင်း

Vol. 14 Ch. 138

အောင်မြင်ကျော်ကြားမှုသို့ တက်လှမ်းခြင်း

Vol. 14 Ch. 138

"အဘိုးလင်း... သူ့ကို သိလို့လား..."

လီချင်းချိုးက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်တော့ ရှောင်ဝူတိက ခေါင်းညိတ်လိုက်သည်။

"အဘိုးလင်းက ကျွန်တော်တို့ကို တောင်ပေါ် ခေါ်လာပေးတာပါ..."

လီချင်းချိုး ပို၍ အံ့သြသွားသည်။ ချင်းရှောင်ဘိုးဘေးက နှစ်ပေါင်း ၃၀ ကြာ ထောင်ကျနေခဲ့သူ ဖြစ်သည်။ ကျန်းယန်မြို့တော်မှ ထွက်ခွာပြီး ချင်းရှောင်တောင်သို့ ပြန်ရောက်ရန် နှစ်လသာ ကြာမြင့်ခဲ့သည်။ ထိုကာလတိုအတွင်း သိုင်းဒဏ္ဍာရီ၏ မျိုးဆက်များကို သူ မည်သို့ ရှာတွေ့ခဲ့သနည်း။

သေချာပေါက် လျှို့ဝှက်ချက် တစ်ခုခု ရှိနေရမည်ဟု သူ ခံစားလိုက်ရသည်။

ချင်းရှောင်ဘိုးဘေးက ရှောင်ဝူတိ၏ အလျင်လိုနေမှု ကြည့်ပြီး မျက်နှာပျက်သွားသည်။

ချင်းရှောင်ဘိုးဘေး ဆက်မပြောလိုကြောင်း သိသဖြင့် လီချင်းချိုးကလည်း အတင်းအကျပ် မမေးမြန်းတော့ပေ။ မည်သို့ပင် ဖြစ်စေ ဤညီအစ်ကို သုံးယောက်ကို သူ့လက်အောက်သို့ ခေါ်ယူပြီးပြီ ဖြစ်သည်။

"ကဲ... လာကြ... မင်းတို့ကို သိုင်းပညာ သင်ပေးဖို့ ခေါ်သွားမယ်..."

လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး တောင်နောက်ကျောရှိ သစ်တောဆီသို့ လမ်းလျှောက် ထွက်ခွာသွားတော့

ချင်းရှောင်ဘိုးဘေးကလည်း နောက်မှ လိုက်သွားရန် ပြင်လိုက်သော်လည်း ယွမ်ချီက တားဆီးလိုက်သည်။

"ဂိုဏ်းချုပ်က ခင်ဗျားကို မခေါ်ဘူး..."

ယွမ်ချီက လေးနက်စွာ ပြောလိုက်ရာ ချင်းရှောင်ဘိုးဘေး ရင်ထဲတွင် ဆို့နင့်သွားသလို ခံစားလိုက်ရသည်။

ရှောင်ဝူတိနှင့် အခြားနှစ်ယောက် စိတ်လှုပ်ရှားစွာ လိုက်ပါသွားသည်ကို ကြည့်ပြီး သူ သက်ပြင်းချကာ လှည့်ပြန်လာခဲ့သည်။

ရှောင်ဝူတိ၊ ရှောင်ဝူချင်နှင့် ရှောင်ဝူမင်တို့က သူတို့၏ ထူးချွန်သော ပါရမီနှင့်အညီ နေ့ဝက်အတွင်းမှာပင် မူလချီကို စုစည်းနိုင်ခဲ့ကြပြီး မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိသွားကြသည်။

လီချင်းချိုးကလည်း ချူကျင်းထံမှတဆင့် သိုင်းဒဏ္ဍာရီ ရှောင်ရွှမ်း၏ ဇာတ်လမ်းကို သိရှိခဲ့ရသည်။

ရှောင်ရွှမ်းသည် အသက် ၂၀ ကျော်တွင် သိုင်းလောကသို့ ဝင်ရောက်ခဲ့ပြီး ၈ နှစ်ကြာအောင် စီရင်စုကိုးခု တစ်ခွင် လှည့်လည်ကာ သိုင်းလောကကို လွှမ်းမိုးခဲ့သည်။ အသက် ၃၀ အရွယ်တွင် သူ၏ သိုင်းပညာသည် ပိုမို မြင့်မားသော အဆင့်သို့ ရောက်ရှိခဲ့သည်။ ချူကျင်းက ရှောင်ရွှမ်း၏ ဂုဏ်သတင်းကို ကြားသိရသဖြင့် သွားရောက် စိန်ခေါ်ခဲ့သော်လည်း သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ ချူကျင်း သိုင်းလောကမှ အနားယူပြီး သိုင်းပညာကို သီးသန့် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲက ချူကျင်းအပေါ် ကြီးမားသော စိတ်ဒဏ်ရာ ရရှိစေခဲ့ပြီး ရှောင်ရွှမ်း သေဆုံးသည်အထိ သိုင်းလောကသို့ ပြန်လည် ဝင်ရောက်ရန် မဝံ့ရဲခဲ့ပေ။

"ရှောင်ရွှမ်းက သိုင်းပညာ မဟုတ်ဘဲ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခဲ့တာများလား..."

နန်ကုန်းအာက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်တော့ ချူကျင်းက ခေါင်းခါလိုက်သည်။

"ငါလည်း မသိဘူး... ဒါပေမဲ့ သူ့သိုင်းပညာက သာမန် သိုင်းပညာတွေထက် အများကြီး သာလွန်နေတာတော့ အမှန်ပဲ... ဆရာသခင် တစ်ယောက်ကို ရင်ဆိုင်နေရသလို ခံစားရတယ်..."

"သူလည်း ကျင့်ကြံသူ ဖြစ်နိုင်တယ်... ဘာလို့လဲဆိုတော့ သူ တည်ဆောက်ခဲ့တဲ့ ထောင်ထဲမှာ မန္တန်တွေ ပါဝင်နေတယ်လို့ ယန်ကျွယ်တိန် ပြောဖူးတယ်လေ..."

လီချင်းချိုးက စိတ်ထဲတွင် ဖြေကြားလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူကျင်း ပြုံးလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။

လီချင်းချိုး စဉ်းစားမိသော အချက်တစ်ချက် ရှိသေးသည်။ ချူကျင်းနှင့် ရှောင်ရွှမ်းတို့ တပြိုင်နက်တည်း မသေမျိုးလမ်းစဉ်ကို ကျင့်ကြံလျှင်တောင် ချူကျင်းက ရှောင်ရွှမ်းကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မည်။

ရှောင်ဝူတိတို့ ညီအစ်ကို သုံးယောက်၏ ပါရမီကို ကြည့်ခြင်းအားဖြင့် ရှောင်ရွှမ်း၏ ပါရမီက ပိုမို ထူးကဲလိမ့်မည် ဖြစ်ပြီး တိုက်ခိုက်ရေးနှင့် သက်ဆိုင်သော ကံကြမ္မာများပင် ပါရှိကောင်း ပါရှိနိုင်သည်။

ရှောင်ရွှမ်းအကြောင်း ပိုသိလာရလေလေ၊ ရှန်ယွဲ့က သန်မာသော်လည်း ဘာကြောင့် သိုင်းဒဏ္ဍာရီ မဖြစ်လာသလဲ ဆိုသည်ကို လီချင်းချိုး ပိုနားလည်လာလေလေ ဖြစ်သည်။

ရှောင်ရွှမ်း၏ စွမ်းအားက သိုင်းပညာရှင်များ နားလည်နိုင်သော အတိုင်းအတာကို ကျော်လွန်နေသည်။ သူသည် တစ်သက်လုံး ရှုံးနိမ့်ဖူးခြင်း မရှိသလို စစ်သည်ထောင်ပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ဖူးသည်။

လူအင်အား များပြားခြင်းက ရှောင်ရွှမ်းအတွက် အဓိပ္ပာယ် မရှိသလို တစ်ယောက်ချင်း တိုက်ခိုက်ရာတွင်လည်း မည်သူမျှ သူ့ကို တစ်ကွက်တည်းဖြင့် အနိုင်မယူနိုင်ခဲ့ပေ။

စိတ်ဝင်စားစရာ ကောင်းသည်မှာ လီချင်းချိုးက ရှောင်ရွှမ်း တကယ် သေဆုံးသွားပြီလားဟု မေးသောအခါ ချူကျင်း.အတည်မပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ရှောင်ရွှမ်းသာ ကျင့်ကြံသူ တစ်ဦး ဖြစ်ပါက အသက်ရှင်နေဦးမည်လော…

လီချင်းချိုးတယောက် ရှောင်ဝူတိနှင့် အခြားနှစ်ယောက် ကျင့်ကြံနေသည်ကို ကြည့်ရင်း အတွေးနက်နေမိသည်။

ညနေစောင်းမှသာ လီချင်းချိုးက သူတို့ကို ရပ်တန့်ခိုင်းပြီး ညစာစားရန် လင်းရှောင်ခြံဝင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

အခြား ခန်းမသခင်များ ရောက်လာသောအခါ ရှောင်ဝူတိနှင့် အခြားနှစ်ယောက် စိုးရိမ်လာကြပြီး စားပွဲထောင့်တွင် တောင့်တောင့်ကြီး ထိုင်နေကြသည်။

ညစာ မစားမီ လီချင်းချိုးက ရှောင်ဝူတိနှင့် အခြားနှစ်ယောက်ကို မိတ်ဆက်ပေးပြီး သူတို့ကို ကိုယ်တိုင် လမ်းညွှန်သင်ကြားပေးမည် ဖြစ်ကြောင်း၊ သူ့အတွက် အလုပ်လုပ်ပေးမည် ဖြစ်ကြောင်း ပြောပြလိုက်သည်။

ကျန်းယွီချွန်းက သူတို့ကို စိတ်ဝင်တစား ကြည့်ရှုနေမိသည်။ လီချင်းချိုး တပည့်များကို ဤမျှ အလေးထားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ရာ ဤသုံးယောက်စလုံး ရှားပါး ပါရမီရှင်များ ဖြစ်ရမည်။

သူတို့သုံးယောက်စလုံး ရုပ်ရည်ချောမောကြသော်လည်း ပုံစံမတူကြပေ။ ရှောင်ဝူတိက အရပ်ရှည်ပြီး သန်မာကာ ဝူမန်အာပြီးလျှင် ဒုတိယလိုက်သည်။ ရှောင်ဝူချင်က တည်ငြိမ်ပြီး စာပေပညာရှင် ဆန်သည်။ သို့သော် ရှောင်ဝူမင်ကမူ ကျန်းယွီချွန်းကို နေရခက်စေသည်။

ရှောင်ဝူမင်က ရှောင်ဝူတိ၏ ညာဘက်တွင် ထိုင်နေပြီး မျက်နှာထား မည်းမှောင်ကာ မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အငွေ့အသက်များ ထွက်ပေါ်နေသည်။

ကျန်းယွီချွန်းသာမက လီစစ်ဖုန်း၊ လီစစ်ကျင်၊ ယန်ကျွယ်တိန်နှင့် ကျန်းယွီတို့ပါ ရှောင်ဝူမင်ကို ကြည့်ရတာ နေရခက်နေကြသည်။

"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး... ဘယ်သူ့ကို ကျွန်မဆီ ပို့ပေးမှာလဲ..."

"နောက်ရက်ကျရင် နာမည်စာရင်း ရေးပေးလိုက်မယ်... ဒီသုံးယောက်ကိုတော့ မင်းဆီ ပေးလို့ မရဘူး... သူတို့က ငါ့အတွက် သီးသန့် အလုပ်လုပ်ပေးရမှာ... ငါ့ကို ကူညီဖို့ တပည့်တွေ လိုအပ်တယ်..."

ဤကဲ့သို့ ပါရမီရှင်များကို လီစစ်ကျင်ထံ လွှဲပေးလိုက်ခြင်းက နှမြောစရာ ကောင်းပေလိမ့်မည်။

လီစစ်ကျင် လက်လျှော့လိုက်ရသည်။ ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး ပေးမည့် တပည့်များသည် ရှောင်ညီနောင်သုံးဖော်လောက် မကောင်းနိုင်ကြောင်း သူမ နားလည်လိုက်သည်။

ရှောင်ဝူတိနှင့် ညီနှစ်ယောက်အတွက်မူ ဤညစာစားပွဲက စိတ်လှုပ်ရှားစရာ ကောင်းသလို စိုးရိမ်စရာလည်း ကောင်းနေသည်။ ဤနေ့မှစ၍ သူတို့၏ ကံကြမ္မာများ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သူတို့ သိကြသည်။

နောက်ပိုင်းရက်များတွင် လီချင်းချိုးက သူတို့သုံးယောက်ကို နေရာတိုင်း ခေါ်သွားသည်။ မြေအောက် ဝိညာဉ်ရေကန်၊ ဝိညာဉ်တစ်ထောင် ကောင်းချီးမြေနှင့် ဝိညာဉ်ကျောက်တွင်း တို့အပါအဝင် နေရာစုံသို့ ခေါ်သွားသဖြင့် သူတို့၏ အမြင်အာရုံများ ကျယ်ပြန့်လာပြီး လီချင်းချိုးအပေါ် သစ္စာရှိမှုလည်း လျင်မြန်စွာ တိုးတက်လာသည်။

လီချင်းချိုး ဤသို့ ပြုလုပ်ရဲခြင်းမှာ ရှောင်ဝူတိက သူ့ကို အလွန် လေးစားပြီး ရှောင်ဝူချင်နှင့် ရှောင်ဝူမင်တို့၏ ကံကြမ္မာများက ယုံကြည်စိတ်ချရသောကြောင့် ဖြစ်သည်။

သူ မျှော်လင့်ထားသည့်အတိုင်း လဝက်အတွင်းမှာပင် ညီအစ်ကို သုံးယောက်စလုံး၏ သစ္စာရှိမှုနှုန်း ၉၅ အထိ မြင့်တက်လာခဲ့သည်။

ရှောင်ညီနောင်သုံးဖော်ဟူသော နာမည်သည်လည်း ဂိုဏ်းအတွင်း၌လည်း နာမည်ကြီးလာသည်။ ဂိုဏ်းချုပ်က တပည့်သစ် ၃ ယောက် လက်ခံလိုက်ကြောင်း၊ ဝင်ဝင်ချင်း အလေးပေးခံရကြောင်း သတင်းများကြောင့် အခြားတပည့်များ အားကျနေကြပြီး သူတို့၏ အနာဂတ် အောင်မြင်မှုများကို စောင့်မျှော်နေကြသည်။

ဂိုဏ်းချုပ်၏ အလေးပေးမှုခံရဖို့ သာမန် ပါရမီဖြင့် မဖြစ်နိုင်ပေ။

ရွှီနင်း၊ ကျောက်ကျိန်း၊ ယွမ်လီ၊ ကျိယာ၊ လီရန်နှင့် အခြားသူများလည်း ရှောင်ညီနောင်သုံးဖော်နှင့် တွေ့ဆုံခဲ့ကြသည်။ လီချင်းချိုး ကိုယ်တိုင် မိတ်ဆက်ပေးခြင်း ဖြစ်၍ သူတို့ကို အလေးထားကြောင်း သိသာစေသည်။

ရှောင်ညီနောင်သုံးဖော်စလုံး ကျောက်ကျိန်းအကြောင်း ကြားသိရသောအခါ အံ့အားသင့်သွားကြသည်။ အသက် ၁၀ နှစ်အောက် ကလေးတစ်ယောက်က ဤမျှ ထူးချွန်နေခြင်းသည် သူတို့၏ မာန်မာနကို ရိုက်ချိုးပစ်လိုက်သကဲ့သို့ ဖြစ်စေသည်။ သူတို့က ဂိုဏ်းချုပ်လက်အောက်တွင် အတော်ဆုံး မဟုတ်ကြောင်း သိလိုက်ရသဖြင့် ဂိုဏ်းချုပ်အပေါ် ပို၍ ကျေးဇူးတင်မိကြသည်။

ဂိုဏ်းချုပ် သူတို့ကို မည်မျှ တန်ဖိုးထားကြောင်း သူတို့ ကောင်းစွာ သိရှိကြသည်။

…

ဆောင်းဦးပေါက်ချိန် ရောက်သောအခါ ကုန့်လင်ခန်းမ အတွင်း၌…

အခြားတပည့်နှစ်ယောက် အလုပ်ကူလုပ်ပေးနေစဉ် ကျန်းဖိန်က ထိုနေ့ သိုင်းပြိုင်ကွင်း၌ ပြုလုပ်မည့် ပြိုင်ပွဲအကြောင်း ဆွေးနွေးနေသည်ကို နားထောင်နေသည်။

ကုန့်လင်ခန်းမမှ တပည့် လူချင်းသည် ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့မှ ဒုတိယအဆင့်ရှိ ကျန့်ယွင်ချောင်ကို စိန်ခေါ်ရန် ပြင်ဆင်နေသည်။ နှစ်ယောက်စလုံး မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရှိကြသော်လည်း လူချင်းက တက်သစ်စ ပါရမီရှင် ဖြစ်ပြီး ကျန့်ယွင်ချောင်ကတော့ ဂိုဏ်းအတွက် အကျိုးပြုခဲ့သော စီနီယာတစ်ဦး ဖြစ်သည်။ အဟောင်းနှင့် အသစ် ပြိုင်ဆိုင်မှုက တပည့်များစွာကို စိတ်ဝင်စားစေသည်။

ကျန်းဖိန်၏ မျက်နှာထား တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

သူ ဘယ်တော့မှ လူချင်းနဲ့ ကျန့်ယွင်ချောင်တို့လို တောက်ပလာမှာလဲ…

မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်မှ စတုတ္ထအဆင့်သို့ ရောက်ရန် ဝေးကွာနေသေးသည်။

အလုပ်ကိစ္စများ ပြီးသွားပြီးနောက် လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ်ကို ကောက်ယူပြီး ဖတ်ရှုလိုက်လေသည်။

ဤသည်မှာ သူ စုဆောင်းထားသော အမှတ်များ အကုန်သုံးပြီး ကျမ်းစာစင်တာမှ လဲလှယ်လာခဲ့သော မြေကမ္ဘာအဆောင် ရတနာကျမ်း၏ ပထမပိုင်း ဖြစ်သည်။ ဖတ်ရင်း ဖတ်ရင်းနှင့် ထိုကျမ်းစာအုပ်ထဲတွင် နစ်မြောနေချိန်တွင် အနောက်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။

ရှောင်ညီနောင်သုံးဖော် ခန်းမထဲသို့ ဝင်လာကြပြီး ချင်းရှောင်ဘိုးဘေးလည်း နောက်မှ ကပ်လိုက်လာသည်။

ရှောင်ဝူတိက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ကျန်းဖိန်၏ စားပွဲရှေ့သို့ လျှောက်လာကာ ….

"မင်းက ကျန်းဖိန်လား..."

ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်ပြီးနောက် ရှောင်ဝူတိနှင့် ညီနှစ်ယောက်စလုံး တစ်လမပြည့်မီမှာပင် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ကြသည်။ သူတို့၏ ချီအရှိန်အဝါများက အလွန် အားကောင်းသဖြင့် ကျန်းဖိန် လန့်သွားသည်။

"ဟုတ်ပါတယ်... ခင်ဗျားတို့က ဘယ်သူတွေလဲ..."

ကျန်းဖိန်က သတိထားပြီး ပြန်မေးလိုက်တော့

ချင်းရှောင်ဘိုးဘေးက အနောက်မှ ထွက်လာပြီး ဂုဏ်ယူစွာဖြင့်…..

"ဒါ ငါ အရင်က ထောက်ခံပေးခဲ့တဲ့ သုံးယောက်လေ... မင်း ဘယ်လိုမှ လက်မခံခဲ့ဘူးမလား... အခု နောင်တရပြီလား... သူတို့က ဂိုဏ်းချုပ်အတွက် အလုပ်လုပ်ပေးနေပြီ... သူတို့နာမည်တွေကို ကြားဖူးမှာပါ... ရှောင်ဝူတိ၊ ရှောင်ဝူချင် နဲ့ ရှောင်ဝူမင် တဲ့..."

ကျန်းဖိန် ကြောင်အသွားသည်။ ရှောင်ညီနောင်သုံးဖော် အကြောင်း ကြားဖူးသော်လည်း သူ တားဆီးခဲ့ဖူးသူများ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူ စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။ ကိုယ့်ကိုယ်ကိုယ် တခြားသူများနှင့် နှိုင်းယှဉ်ရသည်မှာ စိတ်ပျက်စရာ ကောင်းလှသည်။ သူ ဂိုဏ်းသားဖြစ်တာ ကြာပြီ ဖြစ်သော်လည်း ဂိုဏ်းချုပ်နှင့် စကားတစ်ခွန်းမျှ မပြောဖူးသေးပေ။

ဤသုံးယောက်ကမူ တစ်လမပြည့်သေးခင်မှာပင် ဂိုဏ်းချုပ်အနား ရောက်ရှိသွားကြပြီး လျှင်မြန်စွာ တိုးတက်နေကြသည်။

ရှောင်ဝူချင်က ပြုံးလိုက်ပြီး …..

"စီနီယာအစ်ကိုကျန်း... အဘိုးလင်း ပြောတာ နားမထောင်ပါနဲ့... ခင်ဗျား လုပ်တာ မှန်ပါတယ်... ဂိုဏ်းချုပ်က ခင်ဗျားရဲ့ သဘောထားကို ချီးကျူးပါတယ်... ဂိုဏ်းချုပ်ကိုယ်စား လက်ဆောင်ပေးဖို့ လာခဲ့ကြတာပါ..."

"ဂိုဏ်းချုပ်က... လက်ဆောင်ပေးတာလား..."

ကျန်းဖိန် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အနည်းငယ် နေရခက်သွားသည်။

ရှောင်ဝူချင်က အိတ်ကပ်ထဲမှ လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ်ကို ထုတ်ယူပြီး ကျန်းဖိန်ကို ပေးအပ်လိုက်ပြီး…

"ဂိုဏ်းချုပ်က ပြောတယ်... ချင်းရှောင်ဂိုဏ်းမှာ ခင်ဗျားလို တာဝန်ကျေတဲ့ တပည့်မျိုး လိုအပ်တယ်တဲ့... ဒီကျမ်းစာအုပ်ကို ခင်ဗျားတစ်ယောက်တည်းပဲ ကျင့်ကြံခွင့် ရှိတယ်... အပြင်ကို ဖြန့်ဝေလို့ မရဘူး..."

ကျန်းဖိန်က ကျမ်းစာအုပ်ကို ယူလိုက်ပြီး ကြည့်လိုက်ရာ "ပြန်လည်နုပျိုစေသော သရဲဝိညာဉ်အပ်" ဟူသော စာတန်းကို တွေ့လိုက်ရသည်။

ချင်းရှောင်ဘိုးဘေးခင်မျာ ဘေးတွင် ရပ်နေရင်း မျက်နှာပူသွားသည်။

ရှောင်ညီနောင်သုံးဖော်က ဤကိစ္စအတွက် လာသည်ကို သူ မသိခဲ့ပေ။ လမ်းတွင် တွေ့၍ လိုက်လာခဲ့ခြင်းသာ ဖြစ်သည်။

"ဒီကောင်လေးသုံးကောင်က ဂိုဏ်းကို ရောက်တာ မကြာသေးဘူး... အခုတော့ လီချင်းချိုးအပေါ် လုံးဝ သစ္စာရှိသွားကြပြီပဲ..."

ချင်းရှောင်ဘိုးဘေး စိတ်ထဲတွင် တွေးတောရင်း ဝမ်းသာသွားသည်။

လီချင်းချိုး၏ အကူအညီဖြင့် သူတို့သုံးယောက် ချင်းရှောင်ဂိုဏ်းတွင် နေရာရလာမည်မှာ သေချာသဖြင့် စိတ်အေးသွားရသည်။

"ကျေးဇူးတင်ပါတယ်... ဂိုဏ်းချုပ်..."

ကျန်းဖိန် အသိပြန်ဝင်လာပြီး ကမန်းကတန်း ပြောလိုက်တော့

ရှောင်ဝူတိနှင့် ရှောင်ဝူမင်တို့က ကျန်းဖိန်ကို အကဲခတ်ကြည့်လိုက်ရာ ထူးခြားမှု မရှိကြောင်း တွေ့ရသဖြင့် ဂိုဏ်းချုပ်က သူ့ သဘောထားကို ဆုချရုံသက်သက်သာ ဖြစ်မည်ဟု ထင်မှတ်လိုက်ကြသည်။

ရှောင်ဝူချင်ကမူ ကွဲပြားစွာ တွေးတောနေသည်။ ကျန်းဖိန်ဆိုသုက ရိုးရှင်းသူ မဟုတ်ကြောင်း ခံစားနေရသော်လည်း မည်သည့်အချက်ကြောင့်လဲ ဆိုသည်ကို တိတိကျကျ မပြောနိုင်ပေ။

"သွားကြစို့..."

ရှောင်ဝူတိက ထိုသို့​ပြောပြီးနောက် လှည့်ထွက်သွားရာ ရှောင်ဝူမင်လည်း နောက်မှ ကပ်လိုက်သွားသည်။

ရှောင်ဝူချင်ကမူ ကျန်းဖိန်ကို ပြုံးပြပြီး ဦးညွှတ်ကာ အစ်ကိုများ နောက်သို့ လိုက်သွားသည်။

ချင်းရှောင်ဘိုးဘေးလည်း ထွက်ခွာသွားပြီးဖြစ်သော်ကြောင့်

သူတို့ ကြည့်ပြီးနောက် လက်ထဲမှ ကျမ်းစာအုပ်ကို ကြည့်ကာ ကျန်းဖိန်း၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

အဝေးရှိ မိစ္ဆာထိန်းချုပ်ရေး ခန်းမတွင် ရှိနေသော လီချင်းချိုးသည်လည်း တာအိုမျိုးဆက် စနစ်မှတဆင့် ကျန်းဖိန်၏ သစ္စာရှိမှုနှုန်း တိုးတက်လာသည်ကို မြင်လိုက်ရသဖြင့် ပြုံးလိုက်သည်။

ဘေးနားတွင် ရပ်နေသော သူခိုးဘုရင်ဟောင်း ချန်ချန်းဟိုင်က လီချင်းချိုး ပြုံးနေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဂိုဏ်းချုပ်... သဘောတူလိုက်ပြီလား..."

မိစ္ဆာထိန်းချုပ်ရေး ခန်းမ တည်ဆောက်ခြင်းက လျှို့ဝှက်ချက် မဟုတ်သဖြင့် လူအများအပြားက ခန်းမသခင်၊ ဒုခန်းမသခင်နှင့် အကြီးအကဲ နေရာများကို မျှော်မှန်းနေကြသည်။

ချန်ချန်းဟိုင်သည်လည်း ရာထူးတိုးချင်နေသည်။

ချန်ချန်းဟိုင်သည် ယခုအခါ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မိစ္ဆာထိန်းချုပ်ရေး ခန်းမသခင် နေရာနှင့် ထိုက်တန်သည်ဟု ခံစားနေရသည်။

လီချင်းချိုး ခေါင်းညိတ်လိုက်ပြီး…

"ခင်ဗျားကို ခန်းမသခင် ရာထူး ပေးနိုင်ပါတယ်... ဒါပေမဲ့ ဒုခန်းမသခင်ကိုတော့ ကျွန်တော်ကိုယ်တိုင် ခန့်အပ်မယ်... မိစ္ဆာထိန်းချုပ်ရေး ခန်းမအတွက် တပည့် အယောက် ၂၀ ပဲ ရွေးချယ်ခွင့် ပေးမယ်... ကျန်တဲ့ နေရာတွေကို တခြားကိစ္စတွေအတွက် ဖယ်ထားရမယ်..."

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."

ချန်ချန်းဟိုင် ဝမ်းသာအားရ ဖြစ်သွားပြီး လီချင်းချိုးကို အမြန် ဦးညွှတ်လိုက်သည်။

ယနေ့မှစ၍ သူသည်လည်း ခန်းမသခင် တစ်ယောက် ဖြစ်လာပြီ ဖြစ်ရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

လီချင်းချိုးက ချန်ချန်းဟိုင်နှင့် ခေတ္တမျှ စကားပြောပြီးနောက် မိစ္ဆာထိန်းချုပ်ရေး ခန်းမမှ ထွက်ခွာကာ ရှီးလျန့် ခန်းမသို့ သွားရောက်ခဲ့သည်။

လီစစ်ဖုန်း မရှိသဖြင့် လီချင်းချိုးက ရွှယ်ကျင်းထံသို့ တန်းတန်းမတ်မတ် သွားရောက်ရခဲ့သည်။

အာဏာ အတော်အတန် ရရှိထားပြီဖြစ်သော ရွှယ်ကျင်းခင်မျာ လီချင်းချိုး ရောက်လာသောအခါ အလွန် စိတ်လှုပ်ရှားသွားသည်။

စကားအနည်းငယ် ပြောဆိုပြီးနောက် လီချင်းချိုးက …..

"ရှီးလျန့်ခန်းမအတွက် ရေရှည်မစ်ရှင် တစ်ခု ထပ်တိုးလိုက်မယ်... ဝိညာဉ်ချီ ထူးခြားတဲ့ နေရာတွေနဲ့ ကောင်းကင်မြေကြီး ရတနာတွေကို ရှာဖွေဖို့ပဲ... ရှာတွေ့ရုံနဲ့တင် ဆုချမယ်... မှန်ကန်ကြောင်း အတည်ပြုနိုင်ရင် ပိုပြီး ဆုချမယ်... တကယ်လို့ ဂိုဏ်းကို ပေးအပ်မယ် ဆိုရင် တန်ဖိုးနဲ့အညီ ဆုလာဘ်တွေ ပေးမယ်..."

All Chapters