← Chapters

ဓားဝိညာဉ်

Vol. 14 Ch. 139

ဓားဝိညာဉ်

Vol. 14 Ch. 139

"ကောင်းလိုက်တာ... ရှီးလျန့်ခန်းမမှာ မစ်ရှင်တွေ မလုံလောက် ဖြစ်နေတာနဲ့ အတော်ပဲ..."

ရွှယ်ကျင်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ဧကရာဇ်ကို လီချင်းချိုး သတ်ဖြတ်ပြီးကတည်းက တပည့်များ၏ တောင်အောက်ဆင်း၍ အတွေ့အကြုံရှာဖွေလိုစိတ်များ များပြားလာကာ ယခုအခါတွင် တပည့် ၃၀၀ ကျော် အပြင်ဘက်တွင် လေ့ကျင့်နေကြပြီ ဖြစ်သည်။

လီချင်းချိုးက ရှီးလျန့်ခန်းမ၏ လက်ရှိ အခြေအနေကို မေးမြန်းရာ ရွှယ်ကျင်းက တစ်ခုချင်းစီ အသေးစိတ် ပြန်လည် ဖြေကြားပေးသည်။

လီစစ်ဖုန်းက ခန်းမသခင် ရာထူးတွင် ကြာရှည်နေမည် မဟုတ်ကြောင်း ရွှယ်ကျင်း ခံစားမိသဖြင့် သူ အလွန် ကြိုးစားပြီး ခန်းမ၏ ကိစ္စကြီးငယ် အားလုံးကို စီမံခန့်ခွဲပေးနေသည်။

ဤသို့ အလုပ်များနေသော်လည်း ကျင့်ကြံခြင်းကို မလစ်ဟင်းစေဘဲ မူလအားဖြည့်နယ်ပယ် ဆဌမအဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းနေသည်။

ရှီးလျန့်ခန်းမတွင် လောလောဆယ် ပြဿနာကြီးကြီးမားမား မရှိပေ။ ရွှယ်ကျင်း၏ စီမံခန့်ခွဲမှု စွမ်းရည် ကောင်းမွန်ပြီး တပည့်များကို အုပ်စုခွဲ၍ တာဝန်ပေးထားသဖြင့် တစ်ဦးချင်းစီ၏ ဖိအားကို လျော့ကျစေသည်။

"နောင်ဆိုရင် တပည့်တွေ ကိုယ်တိုင်လည်း အတွေ့အကြုံရှာဖွေရေး ခန်းမမှာ မစ်ရှင်တွေ တင်ခွင့်ပေးလိုက်... ဒါဆိုရင် တခြားတပည့်တွေအတွက် ငွေရှာဖို့နဲ့ ဂုဏ်ပြုမှတ် ရယူဖို့ အခွင့်အရေး ပိုရလာမှာပေါ့..."

လီချင်းချိုးက ပြောလိုက်တော့

ရွှယ်ကျင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူ ဤသို့ လုပ်ချင်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း မျိုးကြီးဆွေကြီး မိသားစုဝင် တပည့်များက အခွင့်ကောင်းယူပြီး အသာစီးရယူသွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

"မစ်ရှင်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ပဲ လိုတယ်... တပည့်ချင်း ဒုက္ခပေးမယ့် အကြံအစည်တွေ ပါလာရင်တော့ ဘယ်သူပဲ နောက်ခံရှိရှိ သည်းခံမှာ မဟုတ်ဘူး..."

"စိတ်ချပါ ဂိုဏ်းချုပ်... ကျွန်တော် သေချာ စိစစ်ပါ့မယ်..."

"မင်း လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်... တပည့်တွေ အားလုံးထဲမှာ မင်းကို အားအရဆုံးပဲ..."

လီချင်းချိုး၏ စကားကြောင့် ရွှယ်ကျင်း ဝမ်းသာသွားလေသည်။

လီချင်းချိုးက ထိုစကားများကို ယဉ်ကျေးမှုအရ ပြောခြင်း မဟုတ်ပေ။ရွှယ်ကျင်းက အခြား ပါရမီရှင် တပည့်များနှင့် မတူဘဲ ကျင့်ကြံခြင်းတွင်သာမက အလုပ်တာဝန်များတွင်ပါ သူ့ကို ကျေနပ်စေသည်။

ချင်းရှောင်ဂိုဏ်းသည် ကျင့်ကြံသူများ သက်သက်သာ လိုအပ်သည် မဟုတ်ဘဲ ဂိုဏ်းကို တည်ဆောက်ပြီး စီမံခန့်ခွဲမှုအပိုင်းတွင် ကူညီပေးနိုင်မည့် ပါရမီရှင်များလည်း လိုအပ်သည်။

ရှီးလျန့်ခန်းမတွင် နာရီဝက်ခန့် ကြာပြီးနောက် လီချင်းချိုး ထွက်ခွာသွားခဲ့သည်။

ရွှယ်ကျင်းလည်း အတော်လေး စိတ်လှုပ်ရှားနေပြီး အစည်းအဝေး ခေါ်ယူရန် ချက်ချင်း ပြင်ဆင်လိုက်သည်။

လီချင်းချိုးက ကွမ်းယွမ် ခန်းမသို့ ဆက်သွားခဲ့ပြန်သည်။

ယနေ့သည် ဌာနအသီးသီးကို စစ်ဆေးရန် သီးသန့် အချိန်ပေးထားသော နေ့ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းအတွင်း အေးချမ်းနေသော်လည်း ပြင်ပလောကတွင်မူ စစ်ဘုရင်များ ပိုမို များပြားလာပြီး အချင်းချင်း တိုက်ခိုက်နေကြသဖြင့် ဖရိုဖရဲ ဖြစ်နေပြီး

ကုကျိုးစီရင်စုသည်လည်း စစ်ပွဲအတွင်းသို့ ကျရောက်နေပြီ ဖြစ်သည်။

ဆောင်းရာသီ အစတွင် လီစစ်ဖုန်းက တောင်အောက်ဆင်းပြီး တစ်ခုခု လုပ်ချင်ကြောင်း လီချင်းချိုးကို လာရောက် ပြောဆိုသည်။ လီချင်းချိုးက သဘောတူလိုက်သော်လည်း ချင်းရှောင်ဂိုဏ်း၏ အမည်ကို အသုံးမပြုရန် တားမြစ်လိုက်သည်။

ထိုအခါ လီစစ်ဖုန်းက တပည့် တစ်ဒါဇင်ခန့်ကို ခေါ်ဆောင်ပြီး တောင်အောက် ဆင်းသွားသော်လည်း ထိုဖြစ်ရပ်က ချင်းရှောင်ဂိုဏ်းကို ဂယက်ရိုက်ခတ်မှု မရှိစေခဲ့ပေ။

ဆောင်းနှင်းများ စတင် ကျဆင်းလာပြီး မိုးသောက်ယံ အချိန်တွင် လီချင်းချိုးက ရှောင်ညီနောင်သုံးဖော်၊ ချန်ချန်းဟိုင်တို့နှင့်အတူ ထျန်းကျီတောင်သို့ သွားရောက်ခဲ့သည်။

အဆင့်နိမ့် မိစ္ဆာနယ်မြေက လီတုန်းယွဲ့၏ လင်းစိုင်ခန်းမ လက်အောက်တွင် ရှိနေသော်လည်း နောင်တွင် မိစ္ဆာထိန်းချုပ်ရေး ခန်းမကလည်း ကာကွယ်ရေး တာဝန်ကို မျှဝေထမ်းဆောင်ရမည် ဖြစ်သည်။

မိစ္ဆာထိန်းချုပ်ရေးခန်းမ၏ တာဝန်မှာ မိစ္ဆာများကို ယဉ်ပါးအောင် ပြုလုပ်ရန် ဖြစ်ပြီး လက်ရှိတွင် မိစ္ဆာများ ရရှိနိုင်သော အရင်းအမြစ်မှာ ဤ အဆင့်နိမ့် မိစ္ဆာနယ်မြေ ဖြစ်သည်။

သူတို့ ယန်ရွှမ်၏ နေအိမ်သို့ ရောက်သောအခါ ကျန်းကျောက်ရှားနှင့် လီတုန်းယွဲ့တို့လည်း ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး..."

လီတုန်းယွဲ့က ခြံဝင်းထဲတွင် ရပ်လျက် လီချင်းချိုးကို ပျော်ရွှင်စွာ လက်လှမ်းပြလိုက်သည်။

အသံကြားသဖြင့် ယန်ရွှမ်လည်း အိမ်ထဲမှ ပြေးထွက်လာသည်။

မလှမ်းမကမ်းတွင် သစ်ပင်အောက်၌ ဓားလေ့ကျင့်နေသော ကျန်းကျောက်ရှားက လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

ချင်းရှောင်ဂိုဏ်းသို့ ပြန်ရတော့မည်ကို သူ သိလိုက်ချေပြီ…..

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် လီချင်းချိုးက ကျန်းကျောက်ရှားတို့နှင့် စကားပြောပြီး ဒီကာလအတွင်း ဖြစ်ပျက်ခဲ့သည်များကို မေးမြန်းရာ လီတုန်းယွဲ့ကလည်း တစ်ခုချင်းစီ ဖြေကြားပေးသည်။

လွန်ခဲ့သော လအနည်းငယ်က သိုင်းလောက အဖွဲ့အစည်း တစ်ခုမှ သိုင်းပညာရှင် တစ်စုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဂိုဏ်းသားများက သူတို့ကို မောင်းထုတ်လိုက်ပြီးနောက် ထပ်မံ ပေါ်မလာကြတော့ပေ။

လီတုန်းယွဲ့က အဆင့်နိမ့် မိစ္ဆာနယ်မြေ အတွင်းရှိ မိစ္ဆာကောင်များ အားလုံးကို ပုံဆွဲမှတ်တမ်းတင်ထားပြီး အမည်ပေးကာ စာရင်းပြုစုထားသည်။

ကျန်းကျောက်ရှားကလည်း ထျန်းကျီတောင်ပေါ်တွင် အမွေအနှစ် ပါဝင်သော ဂူတစ်ခုကို ရှာတွေ့ခဲ့သည်။ သူက မည်သူ့ကိုမျှ ဝင်ခွင့်မပေးဘဲ လီချင်းချိုး လာရောက် စစ်ဆေးမည်ကို စောင့်ဆိုင်းနေခဲ့သည်။

ထိုသတင်းကို ကြားသောအခါ လီချင်းချိုးက လမ်းပြရန် ချက်ချင်း ပြောလိုက်သည်။

လမ်းတွင် လီချင်းချိုးက ရှောင်ညီနောင်သုံးဖော်ကို မိတ်ဆက်ပေးလိုက်ရာ ကျန်းကျောက်ရှားနှင့် လီတုန်းယွဲ့တို့ အံ့အားသင့်သွားကြသည်။

ဒီသုံးယောက်က ထိပ်တန်း ပါရမီရှင်တွေများလား...

မဟုတ်ရင် ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီးက ဘာလို့ သူတို့ကို ခေါ်လာပြီး မိတ်ဆက်ပေးနေမှာလဲ…

ကျန်းကျောက်ရှားနှင့် လီတုန်းယွဲ့တို့က စိတ်ထဲတွင်သာ တွေးတောနေပြီး ထုတ်မမေးကြပေ။

ရှောင်ညီနောင်သုံးဖော်နှင့် ယှဉ်လျှင် ကျန်းကျောက်ရှားက အခြားအရာတစ်ခုကို ပိုမို စိတ်ဝင်စားနေသည်။

"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး... ဘာလို့ စီနီယာအစ်ကိုကြီးရဲ့ ကောင်းကင်သက်တံဓားက လေထဲမှာ ပျံဝဲနေရတာလဲ... ဓားဆန္ဒနဲ့ မူလချီ အငွေ့အသက်ကိုလည်း မခံစားရဘူး..."

ကျန်းကျောက်ရှားက မနေနိုင်ဘဲ မေးလိုက်သည်။

သူတစ်ယောက်တည်း မဟုတ်ဘဲ ယန်ရွှမ်လည်း မေးချင်နေသည်မှာ ကြာပြီ ဖြစ်သည်။ တခြားလူတွေက သာမန်ကိစ္စလို သဘောထားနေကြသဖြင့် သူ မျက်စိမှားနေသလားဟုပင် ထင်မှတ်ခဲ့ဖူးသည်။

အချိန်အတော်ကြာ အောင့်အီးထားခဲ့ရသော ချန်ချန်းဟိုင်ကလည်း အခွင့်အရေးရသည်နှင့် လီချင်းချိုး ဧကရာဇ်ကို လုပ်ကြံခဲ့ပုံများကို ပြန်လည် ပြောပြလိုက်တော့

ကျန်းကျောက်ရှားနှင့် လီတုန်းယွဲ့တို့ ထိတ်လန့်သွားကြပြီး ရှောင်ညီနောင်သုံးဖော်ကမူ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေကြသည်။

သူတို့ ပါဝင်ပတ်သက်ခြင်း မရှိခဲ့သော်လည်း လီချင်းချိုး၏ အောင်မြင်မှုအတွက် ဂုဏ်ယူနေကြသည်။

လီတုန်းယွဲ့က ….

"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး... အဆင်ပြေရဲ့လား..."

"ငါ ဒဏ်ရာမရခဲ့ပါဘူး... အဲဒီခရီးစဉ်အတွင်းမှာပဲ ကောင်းကင်သက်တံဓားနဲ့ ပိုပြီး နက်ရှိုင်းတဲ့ ဆက်နွယ်မှုတစ်ခု ရရှိခဲ့တာ... ဓားက ပြောင်းလဲသွားပြီး သာမန်ဓား မဟုတ်တော့ဘဲ ကိုယ်ပိုင်အသိစိတ် ရှိတဲ့ ဝိညာဉ်ဓား ဖြစ်သွားတာပါ..."

ကျန်းကျောက်ရှားက…..

"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး... ကျောက်ကျိနဲ့ လျှို့ဝှက်မြို့စားမင်းက ဘယ်လောက် သန်မာလဲ... ကျွန်တော်သာဆိုရင်ရော အစ်ကိုကြီးလို လုပ်နိုင်မလား..."

"သူတို့က တော်တော် သန်မာတယ်... ဒါပေမဲ့ မင်းကို မယှဉ်နိုင်ပါဘူး... မင်းသာဆိုရင်လည်း ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာပါ... ဒါပေမဲ့ နတ်ဆရာကျန်းက လှည့်ကွက်တွေ သုံးတတ်တော့ မင်း သူ့ကို ကြောက်သွားနိုင်တယ်..."

လီချင်းချိုးက ဖြေလိုက်တော့ဂ

ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှား တွေးတောနေမိသည်။

ထိုအချိန်တွင် ချူကျင်း ကောင်းကင်သက်တံဓားထဲမှ ပျံသန်းထွက်လာပြီး အံ့သြစွာ မေးလိုက်သည်က….

"သခင်... သခင့်ရဲ့ တတိယ ဂျူနီယာညီလေးက တကယ်ပဲ အဲဒီလောက် စွမ်းတာလား..."

ကျန်းကျောက်ရှား လှည့်ကြည့်လိုက်တော့ ချူကျင်းနှင့် အကြည့်ချင်း ဆုံသွားတော့

ကျန်းကျောက်ရှားက လီချင်းချိုး ပြောသည့်အတိုင်း တကယ် စွမ်းဆောင်နိုင်ကြောင်း ချူကျင်း နားလည်လိုက်သည်။

ချင်းရှောင်ဂိုဏ်း ဤမျှ အင်အားကြီးလိမ့်မည်ဟု သူ အံ့သြသွားပြီး သူ့ရဲ့ ရှုံးနိမ့်မှုကလည်း တရားမျှတကြောင်း လက်ခံလိုက်ရသည်။

ကျန်းကျောက်ရှားက လီတုန်းယွဲ့နှင့် ယန်ရွှမ်တို့ လန့်သွားမည် စိုးသဖြင့် ချူကျင်း ဘယ်သူလဲ ဆိုတာကို မမေးတော့ပေ။

လီတုန်းယွဲ့က နတ်ဆရာကျန်း မည်သို့ လှည့်စားတတ်သလဲ ဆိုတာကို အတင်းမေးနေသဖြင့် လီချင်းချိုးက ထိုစဉ်က အဖြစ်အပျက်ကို ပြန်လည် ပြောပြလိုက်သည်။

ဝိညာဉ်သန့်စင်အလံတော် ရှိကြောင်း ကြားသိရသောအခါ လူတိုင်း ထပ်မံ အံ့အားသင့်သွားကြသည်။

"မင်းတို့ရဲ့ ဟွမ်ယွမ်ကျမ်းစာ ကျင့်ကြံမှု အဆင့်မြင့်လာရင် သရဲတစ္ဆေတွေနဲ့ ထိတွေ့လာနိုင်လိမ့်မယ်..."

လီချင်းချိုးက အဓိပ္ပာယ်ပါပါ ပြောလိုက်တော့ ဝိညာဉ်ဓား ဆိုသည်မှာ ဘာလဲ ဆိုတာကို ကျန်းကျောက်ရှား နောက်ဆုံးတွင် နားလည်သွားသည်။

သူ့အနေဖြင့် ကိုယ်ပိုင် ဓားဝိညာဉ် တစ်ခု မွေးမြူသင့်မသင့် စဉ်းစားနေမိသည်။

ချန်ချန်းဟိုင်ပါလာသဖြင့် သူတို့၏ ခရီးလမ်းသ မပျင်းရပေ။ စကားတပြောပြောဖြင့် သွားလာခဲ့ကြကာ

နာရီဝက်ခန့် ကြာသောအခါ ကျန်းကျောက်ရှား ရှာတွေ့ထားသော ဂူထဲသို့ ရောက်ရှိသွားကြသည်။

ဂူအတွင်းတွင် စုတ်ပြဲနေသော ဖျာတစ်ချပ်၊ ရှေးဟောင်း စာအုပ်သုံးအုပ်နှင့် အိတ်တစ်လုံးသာ ရှိသည်။

လီချင်းချိုးက အိတ်ကို ကောက်ယူကြည့်လိုက်ရာ သိုလှောင်အိတ် ဖြစ်နေပြီး ဝိညာဉ်ကျောက်တုံး အများအပြား ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

ယန်ရွှမ် အနာဂတ်တွင် လူသားလမ်းစဉ် ဘိုးဘေး ဖြစ်လာနိုင်ခြင်းမှာ မဆန်းတော့ပေ။

"ဒီအိတ်ကို ငါ ယူလိုက်မယ်... ဒီလျှို့ဝှက်ကျမ်းစာ သုံးအုပ်ကို ပြန်ယူသွားပြီး ကူးယူလိုက်... ကျမ်းစာဆောင်ရဲ့ စတုတ္ထထပ်မှာ ထားလိုက်မယ်... မင်းတို့ တစ်ယောက်တစ်အုပ် ကူးယူလို့ ရတယ်..."

လီချင်းချိုးက ကျန်းကျောက်ရှားတို့ကို ပြောလိုက်ရာ သူတို့ သဘောတူလိုက်ကြသည်။

ယန်ရွှမ်က…..

"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော်တို့ကို ချင်းရှောင်ဂိုဏ်း ပြန်ခေါ်သွားတော့မှာလား..."ဟု မေးတော့ လီချင်းချိုးက ခေါင်းညိတ်ပြလိုက်သည်။

ယန်ရွှမ်တွင် ထူးချွန်သော ပါရမီနှစ်ခု ရှိသဖြင့် အထူး ဂရုစိုက် လေ့ကျင့်ပေးသင့်သည်။ ဤနေရာတွင် ထားခဲ့ခြင်းက နှမြောစရာ ကောင်းသည်။

ယနေ့တွင် ချန်ချန်းဟိုင်ကို ခေါ်လာခြင်းမှာ တာဝန်လွှဲပြောင်းရန် ဖြစ်သည်။ နောက်ပိုင်းတွင် ချန်ချန်းဟိုင်က အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ အဆင့်နိမ့် မိစ္ဆာနယ်မြေကို စောင့်ကြပ်ကာ မိစ္ဆာအိမ်မွေးတိရစ္ဆာန်များနှင့် စီးတော်ယာဉ်များကို ယဉ်ပါးအောင် ပြုလုပ်ရမည် ဖြစ်သည်။

ထို့နောက် သူတို့ အဆင့်နိမ့် မိစ္ဆာနယ်မြေသို့ သွားရောက်ခဲ့ကြရာ ချန်ချန်းဟိုင်နှင့် ရှောင်ညီနောင်သုံးဖော်တို့ အံ့အားသင့်သွားကြသည်။

ညနေပိုင်းတွင် လီချင်းချိုးနှင့်အတူ ကျန်းကျောက်ရှား၊ လီတုန်းယွဲ့၊ ယန်ရွှမ်နှင့် ရှောင်ညီနောင်သုံးဖော်တို ပြန်လာခဲ့သည်။

ထျန်းကျီတောင်တွင် ချန်ချန်းဟိုင် အပြင် တပည့် ၃၀ ဦးပါ တာဝန်ယူထားသဖြင့် ပြဿနာ မရှိနိုင်ပေ။

နောက်တစ်နေ့ နံနက်တွင် လီချင်းချိုးက ဂျူနီယာ မောင်နှမများကို လင်းရှောင်ခြံဝင်း၌ စုရုံးစေလိုက်သည်။

ရှောင်ဝူချင်က ချင်းရှောင်ဘိုးဘေးကို ခေါ်ဆောင်လာရာ လီချင်းချိုးက ကျန်းကျောက်ရှားနှင့် လီတုန်းယွဲ့တို့ကို မိတ်ဆက်ပေးလိုက်သည်။

သူတို့ဆရာ၏ ဆရာဖြစ်ကြောင်း သိလိုက်ရသောအခါ လီတုန်းယွဲ့က လေးစားသမှု ပြသသော်လည်း ကျန်းကျောက်ရှားကမူ လက်မြှောက် နှုတ်ဆက်ရုံသာ ပြုလုပ်လိုက်သည်။

လင်းရွှန်းဖုန်း မွေးထုတ်ပေးခဲ့သော တပည့် ၆ ယောက်စလုံး ထူးချွန်ကြသည်ကို မြင်သောအခါ ချင်းရှောင်ဘိုးဘေး ကျေနပ်အားရသွားသည်။ထို့နောက် သူက အတိတ်ကို ပြန်ပြောင်း ပြောပြပြီး လင်းရွှန်းဖုန်းကို မွေးစားခဲ့ပုံများကို ကြွားဝါလေသည်။

အားလုံးက နားထောင်နေကြပြီး လီချင်းချိုးလည်း ဝင်မပြောပေ။

လီချင်းချိုးက ချင်းရှောင်ဘိုးဘေးနှင့် အဆက်အသွယ် သိပ်မလုပ်သော်လည်း ယွမ်ချီကို စောင့်ကြည့်ခိုင်းလေ့ ရှိသည်။

ဒီဘိုးဘေးက ဂိုဏ်းချုပ်ရဲ့ ဘိုးဘေးဆိုပြီး ကြွားဝါရတာကို မမောနိုင် မပန်းနိုင် ဖြစ်နေတတ်သည်။

သို့သော် ချင်းရှောင်ဘိုးဘေးက လုပ်သားတပည့်များနှင့် ပြင်ပတပည့်များကို လမ်းညွှန်ပေးလေ့ ရှိသဖြင့် ကောင်းမွန်သော အချက်တစ်ခု ဖြစ်သည်။

ချင်းရှောင်ဘိုးဘေး စကားပြောပြီးသွားသောအခါ လီချင်းချိုးက …..

"ဘိုးဘေး... ချင်းရှောင်ဂိုဏ်းကို ပြန်ရောက်နေတာ ကြာပြီဆိုတော့ တိကျတဲ့ တာဝန်တစ်ခု ပေးချင်တယ်... လက်ရှိ ချင်းရှောင်ဂိုဏ်းကို ဝင်ရောက်ဖို့ ဆန္ဒရှိလား..."

ချင်းရှောင်ဘိုးဘေးက လီချင်းချိုး ဆိုလိုရင်းကို သဘောပေါက်လိုက်သည်။ သူ့ကို ဂိုဏ်းသားအဖြစ် ပြန်လည် စာရင်းသွင်းစေချင်နေခြင်း ဖြစ်သည်။

လီချင်းချိုးကို သူ သဘောကျသည်။ လူငယ်က ဉာဏ်ကောင်းသည်ဟု ယူဆသည်။

ချင်းရှောင်ဂိုဏ်းတွင် လီချင်းချိုးထက် ဝါရင့်သူ သို့မဟုတ် ရာထူးကြီးသူများ ရှိနေရန် မသင့်တော်ပေ။ ထို့အပြင် လက်ရှိ ချင်းရှောင်ဂိုဏ်း၏ သိုင်းပညာ အမွေအနှစ်များက သူနှင့် မသက်ဆိုင်ကြောင်း ချင်းရှောင်ဘိုးဘေး သိရှိထားသည်။

"မင်း ဖိတ်ခေါ်ရင်တော့ စဉ်းစားပေးပါ့မယ်..."

ချင်းရှောင်ဘိုးဘေးက မုတ်ဆိတ်မွေးကို သပ်လျက် မာန်တက်စွာ ပြောလိုက်တော့

လီချင်းချိုးက ပြုံးလိုက်ပြီး…..

"ဂိုဏ်းထဲဝင်ဖို့ ဖိတ်ခေါ်ပါရစေ..."

"ဒါဆိုရင်တော့ သဘောတူလိုက်ပါ့မယ်... ဘယ်နေရာ ပေးမှာလဲ..."

ချင်းရှောင်ဘိုးဘေး အခုမှသာ စိတ်သက်သာရာ ရသွားသည်။ လီချင်းချိုး မျက်နှာသာ မပေးမည်ကို သူ စိုးရိမ်နေခဲ့သည်မဟုတ်လော။

သူသည် လီချင်းချိုး၏ ဘိုးဘေး ဖြစ်သော်လည်း နတ်ဆရာကျန်းအပေါ် လီချင်းချိုး၏ ပြတ်သားသော သဘောထားကို မမေ့နိုင်ပေ။

"ကျီဖှာခန်းမကို သွားပြီး ဒုခန်းမသခင် လုပ်ပါ... တရားဝင် ရာထူး မပေးရခြင်းက အဲဒီမှာ ခန်းမသခင် ရှိပြီးသားမို့လို့ပါ... ဘိုးဘေး သွားပြီး ကူညီပေးပါ..."

ကျီဖှာခန်းမသခင်က ချိုင်ယွင်ရှန်း ဖြစ်ပြီး လက်ရှိတွင် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမက နေ့စဉ် ကြိုးစား ကျင့်ကြံနေပြီး လီချင်းချိုးကလည်း ဝိညာဉ်ကျောက်တုံးများ ပေးအပ်ထားသည်။

"ဒုခန်းမသခင် ဟုတ်လား... နည်းနည်း နိမ့်ပေမဲ့ မင်း ပြောမှတော့ လုပ်ပေးရမှာပေါ့..."

ချင်းရှောင်ဘိုးဘေးက ညည်းတွားလိုက်တော့

ကျန်းကျောက်ရှား မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီလူကြီးက ဟန်ဆောင်လွန်းတယ်…

လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့ကတော့ ရယ်စရာ ကောင်းသည်ဟု ထင်နေကြသည်။

ကျန်းယွီချွန်းကမူ ချင်းရှောင်ဘိုးဘေး ဝင်ရောက်လာခြင်းက ချင်းရှောင်ဂိုဏ်းအပေါ် မည်သို့ သက်ရောက်မှု ရှိမည်ကို တွေးတောနေသည်။

လီချင်းချိုးက တာအိုမျိုးဆက် စနစ်ကို ဖွင့်လိုက်ပြီး ချင်းရှောင်ဘိုးဘေး၏ ပုံကို ရှာဖွေလိုက်သည်။

ချင်းရှောင်ဘိုးဘေးတွင် ထူးခြားသော ကံကြမ္မာ တစ်ခု ရှိမည်ဟု သူ အမြဲ ခံစားနေရသည်။ မဟုတ်လျှင် ထိုက်ခွန်းတောင်တန်းလို နေရာကောင်းကို တစ်ယောက်တည်း သိမ်းပိုက်နိုင်ပြီး အခြား သိုင်းလောက ဂိုဏ်းများက မယှဉ်ပြိုင်ရဲအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

|

All Chapters