← Chapters

တစ္ဆေကျင့်ကြံသူနှင့် ကောင်းကင်သက်တံ ဓားဝိညာဉ်

Vol. 14 Ch. 133

တစ္ဆေကျင့်ကြံသူနှင့် ကောင်းကင်သက်တံ ဓားဝိညာဉ်

Vol. 14 Ch. 133

လျှို့ဝှက်မြို့စားမင်းကို သတ်ဖြတ်ပြီးနောက် လီချင်းချိုးက ချက်ချင်း ထွက်ခွာမသွားဘဲ ထိုနေရာတွင်သာ ရပ်တန့် စောင့်ဆိုင်းနေလိုက်သည်။

လူတစ်ယောက် သေဆုံးပြီးနောက် ဝိညာဉ် ပေါ်ထွက်လာလေ့ရှိပြီး ထိုဝိညာဉ် ပျောက်ကွယ်သွားရန် ခုနစ်ရက် ကြာမြင့်တတ်သည်။

လူသားတစ္ဆေနတ်ဘုရား ကံကြမ္မာပိုင်ရှင်၏ ဝိညာဉ် မည်သို့ ပုံသဏ္ဌာန် ရှိမည်ကို သူ သိချင်နေမိသည်။

လူသားတို့၏ ဝိညာဉ်တိုက်ခိုက်သော မန္တန်များကို ပြီးပြည့်စုံစွာ ခုခံနိုင်သည့် ကံကြမ္မာပိုင်ရှင်သည် သေချာပေါက် ထူးခြားသော ဝိညာဉ်တစ်ခုကို မွေးဖွားပေးလိမ့်မည်ဟု သူ ယူဆထား၏။

လင်းချွမ်နှင့် နန်ကုန်းအာတို့လည်း ဘေးပတ်လည်တွင် ပျံဝဲနေကြသည်။ လင်းချွမ်က လျှို့ဝှက်မြို့စားမင်း၏ အလောင်းကို ကျေနပ်အားရစွာ ကြည့်နေသော်လည်း နန်ကုန်းအာ၏ မျက်နှာထားမှာ ရှုပ်ထွေးနေသည်။

"တာ့ဝေမင်းဆက်မှာ ဒီလောက် သစ္စာရှိတဲ့ အမတ်တစ်ယောက် ရှိခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."ဟု

နန်ကုန်းအာ တိတ်ဆိတ်စွာ တွေးတောနေမိသည်။

လျှို့ဝှက်မြို့စားမင်း၏ စကားများကြောင့် သူမ တုန်လှုပ်ပြီး စိတ်ထိခိုက်ခဲ့ရသော်လည်း သူ့အတွက် ဝင်ရောက် အသနားခံပေးခြင်း မရှိခဲ့ပေ။ လျှို့ဝှက်မြို့စားမင်းသည် ကြီးမားသော နာကျင်မှုများဖြင့် ရှင်သန်နေရသည်ကို သူမ မြင်တွေ့နိုင်ပြီး သေဆုံးခြင်းက သူ့အတွက် လွတ်မြောက်မှုတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

မကြာမီတွင် လျှို့ဝှက်မြို့စားမင်း၏ အလောင်းမှ ဝိညာဉ်တစ်ခု ထွက်ပေါ်လာသဖြင့် လီချင်းချိုး မျက်မှောင်ကြုံလိုက်မိသည်။

တခြား ဝိညာဉ်တွေနဲ့ တကယ် မတူပါလား...

လျှို့ဝှက်မြို့စားမင်း၏ ဝိညာဉ်က အခြား သရဲတစ္ဆေများနှင့် မတူပေ။ အငြိုးအတေး မရှိသလို အေးစက်ခြင်းလည်း မရှိဘဲ အလွန် သန့်ရှင်းစင်ကြယ်နေသည်ဟု ခံစားရစေသည်။

[သင်သည် ဂိုဏ်းသားများကို ပထမဆုံးအကြိမ် သန့်စင်ရှင်းလင်းခဲ့ပြီး တာအိုမျိုးဆက်၏ တရားဥပဒေ စိုးမိုးရေးကို ခိုင်မာစေခဲ့သဖြင့် အမွေအနှစ် ဆုလာဘ်ရယူခွင့် တစ်ကြိမ် ချီးမြှင့်လိုက်သည်။]

ရုတ်တရက် ပေါ်လာသော စာတန်းကြောင့် လီချင်းချိုး အနည်းငယ် အံ့အားသင့်သွားသည်။

ဒါကလည်း ဆုလာဘ်ရနိုင်တဲ့ အကြောင်းပြချက် ဖြစ်တာလား…

သို့သော် သေချာ ပြန်စဉ်းစားကြည့်လျှင် ကိုယ့်လူကို ပြန်လည် ရှင်းလင်းရခြင်းက လွယ်ကူသော ကိစ္စမဟုတ်ပေ။ ဤကိစ္စ ပြီးမြောက်သွားခြင်းက နောင်အနာဂတ်တွင် လီချင်းချိုးအတွက် ထိုကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ရာ၌ တွန့်ဆုတ်နေတော့မည် မဟုတ်ပေ။

ဒါက စိတ်ခံစားမှုနဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ထိုးဖောက်အောင်မြင်မှု တစ်ခုပဲ...

အင်း...

မလွယ်ကူပါလား...

ချူကျင်း ဟုခေါ်သော လျှို့ဝှက်မြို့စားမင်းက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ယခုတစ်ကြိမ်တွင် လီချင်းချိုးကိုသာမက လီချင်းချိုး၏ အနောက်ရှိ လင်းချွမ်နှင့် နန်ကုန်းအာကိုပါ မြင်တွေ့လိုက်ရသဖြင့် လန့်သွားပြီး အလိုအလျောက် နောက်ဆုတ်လိုက်မိသည်။

လီချင်းချိုး စိတ်ထဲတွင်လည်း အံ့သြသွားသည်။

လူသားတစ္ဆေနတ်ဘုရား ကံကြမ္မာက တကယ်ပင် ထူးခြားလှသည်။

ဝိညာဉ်ဖြစ်သွားသည်နှင့် ချက်ချင်း လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း ရှိနေသည်။

ချူကျင်း နောက်ဆုတ်လိုက်သည်နှင့် သူ့ကိုယ်ပိုင် အလောင်းကို မြင်လိုက်ရသဖြင့် လျင်မြန်စွာ တည်ငြိမ်သွားသည်။

"ငါ တကယ် သေသွားပြီပဲ..."

ချူကျင်းသည် နှစ်ပေါင်း ၂၀၀ နီးပါး အသက်ရှင်ခဲ့သော်လည်း ယခုကဲ့သို့ ရလဒ်အပေါ် ထူးဆန်းသော ခံစားချက် ဖြစ်ပေါ်နေသည်။ ဘာကြောင့်မှန်း မသိသော်လည်း သူ စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။

လီချင်းချိုးက တာအိုမျိုးဆက်စနစ်ကို ဖွင့်ကြည့်လိုက်ရာ ချူကျင်း၏ ပုံတူပန်းချီ ဘေးပတ်လည်တွင် တစ္ဆေအငွေ့အသက်များ ရှိနေပြီး မျက်နှာမှာ မည်းမှောင်ကာ တစ္ဆေအသွင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ချူကျင်း၏ ပုံကို နှိပ်ကြည့်လိုက်ရာ သစ္စာရှိမှုနှုန်း လျော့ကျမသွားသည့်အပြင် ၈၅ အထိ တိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။

ဒါ ဘာအဓိပ္ပာယ်လဲ…

ချူကျင်းက လီချင်းချိုးကို မော့ကြည့်ပြီး….

"မင်း ငါ့ကို မြင်ရတယ် မလား..."ဟု မေးလိုက်တော့ လီချင်းချိုးက စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"သေချာတာပေါ့..."

ချူကျင်းက လင်းချွမ်နှင့် နန်ကုန်းအာကို ကြည့်ပြီး ….

"စောစောက ငါ့နောက် လိုက်နေတာ သူတို့လား..."

"ခင်ဗျားနောက်ကို လိုက်နေတာက ဒီကလေးပါ... သူ့နာမည်က လင်းချွမ်... ငါ့ဆရာ လင်းရွှန်းဖုန်းရဲ့ သားပေါ့... ခင်ဗျားတို့ နတ်ဆိုးဂိုဏ်းလက်ချက်နဲ့ သေခဲ့ရတာလေ..."

လီချင်းချိုးက မိတ်ဆက်ပေးလိုက်တော့

ချူကျင်း နှုတ်ဆိတ်သွားသည်။ လင်းချွမ်ကတော့ သူ့ကို စိုက်ကြည့်ပြီး ခြိမ်းခြောက်သည့် အမူအရာ လုပ်ပြနေသည်။

လီချင်းချိုးက နန်ကုန်းအာကို ညွှန်ပြပြီး….

"သူ့နာမည်က နန်ကုန်းအာ... တာ့ဝေမင်းဆက်ရဲ့ မင်းသမီးတစ်ပါးပဲ... ခင်ဗျား ကြားဖူးလား..."

ထိုစကားကို ကြားသောအခါ ချူကျင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

"မင်းသမီး ယွမ်ရှီ... မင်းသမီးက တကယ်ပဲ..."

နန်ကုန်းအာကလည်း အံ့သြသွားပြီး…

"ရှင် ကျွန်မကို သိလို့လား..."

"ကျွန်တော် မင်းသမီးနဲ့ တစ်ခါမှ မဆုံဖူးပေမဲ့ အရှင်မင်းကြီးက မင်းသမီးအကြောင်း မကြာခဏ ပြောပြဖူးပါတယ်... မင်းသမီးက သူ့အတွက် အကောင်းဆုံး ညီမလေး ဖြစ်ပြီး မင်းသမီးကြောင့်ပဲ အရှင်မင်းကြီးက သူ့သမီးတော်ကို အလိုလိုက်ခဲ့တာပါတဲ့..."

"ရှင် ပြောနေတဲ့ အရှင်မင်းကြီး ဆိုတာ ဘယ်သူလဲ..."

"တာ့ဝေမင်းဆက်ရဲ့ ဧကရာဇ်ဝမ်... နန်ကုန်းယွမ် ပါ..."

"ယွမ်အာကိုး... ငါ့မောင်လေး ဧကရာဇ် ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဧကရာဇ်ဝမ် တဲ့လား..."

နန်ကုန်းအာ အံ့သြသွားသော်လည်း လီချင်းချိုးကမူ မအံ့သြပေ။

အဘယ်ကြောင့်ဆိုသော် နန်ကုန်းအာကို ယခင်က မေးမြန်းခဲ့ဖူးပြီး နန်ကုန်းအာ၏ ဖခင် သေဆုံးချိန်နှင့် ချူကျင်း၏ ပြောစကားများကို ဆက်စပ်ကြည့်ကာ သူတို့နှစ်ဦးကြားတွင် ပတ်သက်မှု တစ်ခုခု ရှိနေနိုင်ကြောင်း ခန့်မှန်းခဲ့ပြီး ဖြစ်သောကြောင့်ပင်။

ချူကျင်းက ဒူးတစ်ဖက်ထောက် ချလိုက်ပြီး ဝမ်းနည်းပူဆွေးစွာဖြင့်…

"မင်းသမီး... ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့ တာ့ဝေမင်းဆက်အပေါ် တာဝန်မကျေခဲ့ပါဘူး..."

နန်ကုန်းအာကလည်း လျှို့ဝှက်မြို့စားမင်း၏ လုပ်ရပ်များကို သိရှိထားပြီး ဖြစ်သလို သူ ယခင်က ပြောခဲ့သော စကားများနှင့် ပေါင်းစပ်လိုက်သောအခါ ချူကျင်း ဘာကြောင့် ဤသို့ ပြုမူခဲ့သည်ကို နားလည်လိုက်သဖြင့် စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။

ချူကျင်းက လူအများအပြား သေဆုံးစေခဲ့သောကြောင့် သူမအနေဖြင့် သူ့ကို နှစ်သိမ့်ပေးရန် ခက်ခဲနေသည်။

"ခင်ဗျား သေသွားပြီ ဆိုတော့ အတိတ်ဘဝ ကုန်ဆုံးသွားပြီ... တကယ်လို့ ခင်ဗျားသာ နတ်ဆရာကျန်းလို ဝိညာဉ်သန့်စင်တာ ခံလိုက်ရရင် ဝိညာဉ်လွင့်ပါးပြီး ထာဝရ ပျောက်ကွယ်သွားနိုင်တယ်..."

"တခုမေးပါရစေ... ဂိုဏ်းချုပ်... မင်းသမီး ယွမ်ရှီရဲ့ လက်ရှိ အခြေအနေက ဘယ်လိုလဲ..."

"သူက ငါ့ရဲ့ ဝိညာဉ်ကျွန် ဖြစ်လာပြီ... ရှေးဟောင်း ကြေးမုံပြင်တစ်ခုထဲကနေ သူ့ကို တွေ့ခဲ့တာ..."

"သခင်သာ မရှိရင် ငါက အငြိုးအတေးတွေနဲ့ ပြည့်နှက်နေပြီး တွေဝေမိုက်မဲစွာ နေထိုင်နေရမှာ... လူတွေကိုတောင် ရန်ပြုမိကောင်း ပြုမိလိမ့်မယ်... အခုတော့ ဝိညာဉ်ဖြစ်နေပေမဲ့ အသက်ရှင်တုန်းကထက် ပိုလွတ်လပ်တယ်..."

ထိုစကားကို ကြားသောအခါ ချူကျင်း ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အံကြိတ်လိုက်ပြီး….

"ဂိုဏ်းချုပ်... ကျွန်တော့်ကိုလည်း ဝိညာဉ်ကျွန်အဖြစ် လက်ခံပေးပါ..."

"ခင်ဗျားက ဟို နန်ကုန်းမျိုးဆက် ကလေးအတွက် လုပ်တာလား... ကိုယ့်အတွက် လုပ်တာလား..."

"နှစ်ခုစလုံး အတွက်ပါ... ကျွန်တော် သူ့ကို စိတ်ပူတယ်... ပြီးတော့ ကျွန်တော် ကိုယ်တိုင်လည်း လုံးဝ ပျောက်ကွယ်မသွားချင်ဘူး... ဝိညာဉ်ကျွန် ဖြစ်ရင်တောင်မှ မသေမျိုးလမ်းစဉ်ကို မြင်ဖူးချင်တယ်..."

ချူကျင်းက လေးနက်စွာ ပြောလိုက်လေသည်။ ထူးဆန်းသော အင်အားတစ်ခုက သူ့ကို ဆွဲခေါ်နေသကဲ့သို့ ခံစားနေရပြီး မသိနားမလည်သော နေရာတစ်ခုသို့ ရောက်သွားမည်ကို စိုးရိမ်နေသည်။

လီချင်းချိုး ခေါင်းခါလိုက်ပြီး….

"ခင်ဗျားရဲ့ ဝိညာဉ်က ထူးခြားလွန်းတယ်... ဝိညာဉ်ကျွန်အဖြစ် လက်ခံဖို့ မဖြစ်နိုင်ဘူး..."

ထိုအခါ ချူကျင်းက အံကြိတ်လိုက်ပြီး ရုတ်တရက် လီချင်းချိုးထံသို့ ပျံသန်းလာသဖြင့် လီချင်းချိုးက သူ့ကို ကြည့်ပြီး လျှို့ဝှက်စွာ သတိထားလိုက်သည်။

ထို့နောက် ချူကျင်း ကောင်းကင်သက်တံဓား အတွင်းသို့ ဝင်ရောက်သွားရာ ဓားက တုန်ခါသွားသည်။

"ဒါက..."

ချူကျင်း ဤသို့ လုပ်လိမ့်မည်ဟု လီချင်းချိုး ထင်မထားခဲ့သဖြင့် အံ့အားသင့်သွားသည်။

ထိုစဉ် ကောင်းကင်သက်တံဓား အတွင်းမှ ချူကျင်း၏ အသံ ထွက်ပေါ်လာသည်။

"ကျွန်တော့် ဝိညာဉ်ရဲ့ ထူးခြားမှုကို ကျွန်တော်လည်း ခံစားမိပါတယ်... ဒီလိုလုပ်မှပဲ ဒီထူးခြားမှုကို ဖယ်ရှားနိုင်မယ် ထင်တယ်..."

သူ စကားဆုံးသည်နှင့် ကောင်းကင်မြေပြင် ဝိညာဉ်ချီများ ကောင်းကင်သက်တံဓားဆီသို့ စီးဝင်လာသည်ကို လီချင်းချိုး ရှင်းလင်းစွာ ခံစားလိုက်ရပြီး ကောင်းကင်သက်တံဓား၌ အပြောင်းအလဲ အချို့ စတင် ဖြစ်ပေါ်လာသည်။

သူက ကောင်းကင်သက်တံဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သတိရှိရှိ စောင့်ကြည့်နေလိုက်သည်။

နန်ကုန်းအာနှင့် လင်းချွမ်တို့လည်း အနားရောက်လာပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ ချူကျင်း၏ ဝိညာဉ်က သူတို့၏ သဘာဝရန်သူသဖွယ် ဖော်ပြရခက်သော ကြောက်ရွံ့မှုကို ပေးစွမ်းနေသဖြင့် နန်ကုန်းအာပင်လျှင် သူ့ကို အပြည့်အဝ မယုံကြည်နိုင်ပေ။

လီချင်းချိုး သုံးနာရီတိတိ စောင့်ဆိုင်းခဲ့ရသည်။

သုံးနာရီ ကြာသောအခါ ကောင်းကင်သက်တံဓားမှ မည်းနက်သော အငွေ့များ ထွက်ပေါ်လာပြီး ချူကျင်း၏ တစ္ဆေပုံရိပ်အဖြစ် စုစည်းသွားသဖြင့်

လီချင်းချိုး အံ့သြသွားသည်။

ချူကျင်းသည် တီရွှမ်းဓားအတွင်းရှိ နှစ်တစ်ထောင် ဓားဝိညာဉ်ကဲ့သို့ ဖြစ်လာပြီး ကောင်းကင်သက်တံဓားနှင့် လုံးဝ ပေါင်းစပ်သွားကြောင်း ခံစားလိုက်ရသည်။

"ဂိုဏ်းချုပ်ကို သခင်အဖြစ် အသိအမှတ်ပြုခွင့် ပေးပါ..."

ချူကျင်းက လီချင်းချိုးကို ကြည့်ပြီး ပြတ်သားစွာ ပြောလိုက်တော့

လီချင်းချိုးကလည်း သူ့ကို လေးနက်စွာ ကြည့်လိုက်ပြီးနောက် ကောင်းကင်သက်တံဓားထဲသို့ မူလချီကို ထည့်သွင်းလိုက်သည်။ ထိုခဏချင်းပင် ချူကျင်း၏ ဝိညာဉ်က သူနှင့် ဆက်သွယ်မှုကို တက်ကြွစွာ တည်ဆောက်လာကြောင်း ခံစားလိုက်ရသည်။

ဓားဝိညာဉ်များက ဝိညာဉ်ကျွန်များနှင့် မတူပေ။ သခင်ကို အသိအမှတ်ပြုသော်လည်း သခင်၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ မရှိဘဲ လွတ်လပ်သော အတွေးအခေါ်များ ရှိနေသေးသည်။

သို့သော် သူတို့၏ စွမ်းအားကို သခင်က အသုံးပြုနိုင်သည်။

သခင်အဖြစ် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်က အလွန် လျင်မြန်သည်။ လီချင်းချိုးနှင့် ချူကျင်းတို့ ဝိညာဉ်ဆက်နွယ်မှုကို လျင်မြန်စွာ တည်ဆောက်လိုက်ကြပြီးနောက် ချူကျင်း၏ အတွင်းစိတ်ကို မခံစားနိုင်သော်လည်း စွမ်းအားကိုမူ ခံစားနိုင်သည်။

ယနေ့မှစ၍ လီချင်းချိုးက ချူကျင်း ကျင့်ကြံ၍ ရရှိသော မူလချီများကို စိတ်ကြိုက် အသုံးပြုနိုင်ပြီ ဖြစ်သည်။

ချူကျင်းနှင့် ကောင်းကင်သက်တံဓား ပေါင်းစပ်စဉ်တွင် ကောင်းကင်မြေပြင်မှ ဝိညာဉ်ချီ အမြောက်အမြားကို စုပ်ယူခဲ့ပြီး သူ့ ဝိညာဉ်ခန္ဓာကိုယ် အတွင်း၌ ထူးခြားသော မူလချီတစ်ခုပင် ဖြစ်ပေါ်နေပြီ ဖြစ်သည်။

[ချင်းရှောင်ဂိုဏ်းအတွင်း တပည့်တစ်ဦး တစ္ဆေလမ်းစဉ်သို့ ဝင်ရောက်ပြီး တစ္ဆေကျင့်ကြံသူ ဖြစ်လာခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး တာအိုမျိုးဆက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်နိုင်ခြေများ ပိုမို တိုးပွားလာစေသဖြင့် အမွေအနှစ် ဆုလာဘ်ရယူခွင့် တစ်ကြိမ် ချီးမြှင့်လိုက်သည်။]

ဘုရားရေ... လာပြန်ပြီလား...

ဘာလို့ အမွေအနှစ် ဆုလာဘ်ချည်းပဲ ဖြစ်နေရတာလဲ... တခြားဟာ ပေးလို့ မရဘူးလား…

ကျန်းယန်မြို့တော် ခရီးစဉ်က အလွန် အောင်မြင်သည်ဟု လီချင်းချိုး ခံစားလိုက်ရသည်။

ချူကျင်း၏ တစ္ဆေအငွေ့အသက်ကို အာရုံခံရင်း စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ ချူကျင်း၏ သစ္စာရှိမှုနှုန်း ၉၂ အထိ ရောက်ရှိသွားကြောင်း တွေ့လိုက်ရသည်။

ကောင်းတယ်…

လီချင်းချိုးက ချူကျင်းကို ကြည့်ပြီး ပြုံးလိုက်ပြီး….

"ခင်ဗျား တော်တော်များများ သိနေတာပဲ..."

"အမှန်အတိုင်း ပြောရရင် ကျွန်တော် ဂူတစ်ခုထဲကို မတော်တဆ ရောက်သွားပြီး အဲဒီမှာ မသေဆေးတစ်လုံး သောက်ခဲ့ဖူးလို့ သက်တမ်း ရှည်လာတာပါ... တစ်ချိန်တည်းမှာပဲ လျှို့ဝှက်ကျမ်းစာ သုံးအုပ် ရခဲ့ပါတယ်... ကျမ်းစာတစ်အုပ်က လက်နက်သွန်းလုပ်နည်း အကြောင်းပါ... အရင်တုန်းက နားမလည်ခဲ့ပေမဲ့ အခုတော့ နားလည်ပါပြီ... အဲဒီ လက်နက်သွန်းလုပ်နည်းမှာ အသုံးပြုတဲ့ စွမ်းအားက အတွင်းအား မဟုတ်ဘဲ ပိုသန်မာတဲ့ စွမ်းအားတစ်ခု ဖြစ်နေတာကိုး..."

ချူကျင်း ညာလက်ကို မြှောက်လိုက်ရာ လက်ဝါးထဲတွင် တစ္ဆေချီများ ဆူပွက်လာသည်။ သေဆုံးသွားပြီ ဖြစ်သော်လည်း အသက်ရှင်စဉ်ကထက် ပိုသန်မာလာကြောင်း ခံစားလိုက်ရသည်။

"တစ်ရက်လောက် ငါ့ကို အဲဒီဂူဆီ ခေါ်သွားပေး..."

ချူကျင်းကလည်း ငြင်းဆန်ခြင်း မရှိဘဲ ချက်ချင်း သဘောတူလိုက်၏။

ထို့နောက် မြေအောက်နန်းတော်ထဲတွင် လှည့်လည်ကြည့်ရှုရာ ချူကျင်းက သူ ဝှက်ထားသော ပိုင်ဆိုင်မှုများကို ထုတ်ပြလိုက်သည်။ ငွေကြေးများ သာမက လျှို့ဝှက်ကျမ်းစာများနှင့် ဆေးလုံးများစွာ ပါဝင်သည်။

လီချင်းချိုးကတော့ သယ်ယူရန် ခက်ခဲနေသဖြင့် စိတ်ညစ်သွားသည်။ ရုတ်တရက် နတ်ဆရာကျန်း၏ အိတ်ကို သတိရသွားပြီး ချက်ချင်း ဖြုတ်ယူကာ လေ့လာကြည့်လိုက်တော့….

တကယ်ပါလား...

ဒီအိတ်က သိုလှောင်အိတ် ဖြစ်နေတာကိုး…

အိတ်အတွင်းတွင် ကျယ်ဝန်းသော သီးခြားနေရာလွတ် တစ်ခု ရှိပြီး နတ်ဆရာကျန်း၏ ပစ္စည်းများ ပါဝင်နေသည်။

နတ်ဆရာကျန်း သေဆုံးသွားပြီးနောက် သိုလှောင်အိတ်ပေါ်ရှိ တားမြစ်စည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသဖြင့် လီချင်းချိုးအတွက် ပိုင်ရှင်အသစ်အဖြစ် ပြောင်းလဲရန် လွယ်ကူသွားသည်။

ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာတွင် မှော်ရတနာများကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုစေသော နည်းလမ်း ပါရှိပေသည်။ သိုလှောင်အိတ်သည်လည်း မှော်ရတနာ တစ်မျိုး ဖြစ်သဖြင့် နည်းလမ်းမှာ ဆင်တူပေသည်။

ချူကျင်း၏ ပစ္စည်းများ အားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ရာ ချူကျင်းမှာ အံ့သြမှင်သက်သွားသည်။

"ဒါက ကျင့်ကြံသူတွေရဲ့ မှော်ပညာလား... တကယ် ဆန်းကြယ်တာပဲ..."

ချူကျင်း အတော်လေး စိတ်လှုပ်ရှားနေချေပြီ။ လီချင်းချိုး နောက်သို့ လိုက်ပါခြင်းဖြင့် ပိုမို အံ့သြဖွယ်ကောင်းသော ကမ္ဘာကြီးကို မြင်တွေ့ရလိမ့်မည်ဟု သူ ခံစားနေရပြီ။

"ငါလည်း ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ခါစပဲ ရှိသေးတာ... စူးစမ်းလေ့လာတုန်းပဲ... လှည့်စားတဲ့ နေရာမှာတော့ နတ်ဆရာကျန်းကို မမီပါဘူး..."

ကျန်းယန်မြို့တော်သို့ မရောက်မီက နတ်ဆရာကျန်းကြောင့် သူ တကယ်ပဲ ကြောက်ရွံ့ခဲ့ဖူးသည်။ လွန်ခဲ့သော ညက လင်းချွမ်ကို စုံစမ်းရန် မလွှတ်ခဲ့လျှင် ယနေ့ ဤမျှ ကြွားဝါရဲမည် မဟုတ်ပေ။

သူ၏ မူလ အစီအစဉ်မှာ မြို့တော်ထဲသို့ တိတ်တဆိတ် ဝင်ရောက်ပြီး ကျောက်ကျိကို သတ်ဖြတ်ကာ ထွက်ခွာရန် ဖြစ်သည်။

တကယ်တမ်းကျတော့ နတ်ဆရာကျန်းက သိပ်မစွမ်းဘဲ လင်းချွမ်ရှိနေတာကိုတောင် မသိခဲ့ပေ။

ဒါဆိုရင်တော့ စိတ်မရှိပါနဲ့... သတ်ပွဲကြီး ကျင်းပဖို့ လွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပေါ့ …..

ချူကျင်းက ခေါင်းခါလိုက်သည်။ နတ်ဆရာကျန်းကိုလည်း သူ သတ်နိုင်သည်ဟု လီချင်းချိုး ပြောခဲ့ဖူးသည်ကို သတိရသွားပြီး စိတ်ဓာတ်ကျသွားသည်။ သူလည်း နတ်ဆရာကျန်းကြောင့် ကြောက်ရွံ့ခဲ့ဖူးသည် မဟုတ်ပါလား။

"သွားကြစို့... နတ်ဆရာကျန်းရဲ့ အမွေအနှစ်ကို သွားယူရအောင်..."

လီချင်းချိုး တဖက်လှည့်ပြီး အမှောင်ထုထဲသို့ ဝင်ရောက်သွားရာ ချူကျင်း၊ နန်ကုန်းအာနှင့် လင်းချွမ်တို့လည်း နောက်မှ လွင့်မျော လိုက်ပါသွားကြပြီး အမှောင်ထုထဲသို့ ပျောက်ကွယ်သွားကြသည်။

…

ကျန်းကျိုးပြည်နယ်၊ တောနက်ကြီး တစ်ခုထဲတွင် လီချင်းချိုးတယောက် သစ်တောကို ဖြတ်သန်း လျှောက်လှမ်းနေသည်။

ကောင်းကင်သက်တံဓားက သူ့နောက်တွင် ဝဲပျံနေပြီး နန်ကုန်းအာက ကပ်လျက် လိုက်ပါလာကာ လင်းချွမ်က ပခုံးပေါ်တွင် နားနေသည်။

ကျောက်ကျိနှင့် နတ်ဆရာကျန်းကို သတ်ဖြတ်ပြီးနောက် တစ်ရက် ကုန်ဆုံးသွားခဲ့ပြီ။ ချင်းရှောင်တောင်မှ ထွက်ခွာလာသည်မှာ သုံးရက်မြောက်နေ့ ဖြစ်သည်။

လီချင်းချိုးက နတ်ဆရာကျန်း၏ မှတ်ဉာဏ်များကို အပြည့်အဝ ဖတ်ရှုပြီး ဖြစ်သဖြင့် ဤတောင်တန်းထဲတွင် နတ်ဆရာကျန်းကို ကျင့်ကြံခြင်းလမ်းစဉ်သို့ ပို့ဆောင်ပေးခဲ့သော ကျင့်ကြံသူ၏ လိုဏ်ဂူ ရှိနေသည်ကို သိခဲ့ရသည်။

ထိုကျင့်ကြံသူ၏ လိုဏ်ဂူကို ရှာဖွေ သိမ်းပိုက်ပြီးသည်နှင့် တပည့်များကို ပေးထားခဲ့သော သုံးရက် ကတိအတိုင်း ချင်းရှောင်ဂိုဏ်းသို့ ချက်ချင်း ပြန်သွားမည် ဖြစ်သည်။

All Chapters