အခန်း (၂၃၄)
Vol. 22 Ch. 234
📝အပိုင်း - ၂၃၄
ဘာသာပြန် - Na Gar🐉
"ဒါပေမဲ့ စစ်သေနာပတိချုပ်... ခင်ဗျား ယန်ချွမ်းခရိုင် မြို့ထဲကလူတွေကို အာရုံမစိုက်တာ ကြာလှပြီ။ မြို့သိမ်းတိုက်ပွဲအတွက် ဗျူဟာအသစ်တွေ ထပ်မဆွဲဖို့ သေချာပြီလားဘာလို့ အဲဒီက ကျန်ကြွင်းနေတဲ့ စစ်သည်အနည်းစုလေးကိုပဲ ဒီလောက် အာရုံစိုက်နေရတာလဲ"
"မင်း ဘာသိလို့လဲ"
တုန်အန်း က ငေါက်လိုက်တယ် "မြို့ထဲမှာ ပိတ်မိနေတဲ့အရာတွေက သာမန်
ပစ္စည်းတွေပဲ။ စစ်မြေပြင်မှာ ငါအကြောက်ဆုံးက 'ကိန်းရှင်'တွေပဲ အခု ရိက္ခာတွေ ရောက်လာပြီဆိုတော့ မင်းတို့လုပ်ရမှာက ပြင်းပြင်းထန်ထန် ဆက်တိုက်ဖို့ပဲ။ အရန်တပ်က အကြွင်းအကျန်တွေ မသေသေးသရွေ့ ငါ ဒီဗဟိုတပ်စခန်းကနေ တစ်ဖဝါးမှ မခွာဘူး"
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ်ရက် ကုန်ဆုံးသွားခဲ့ပြန်တယ်။
"စစ်သေနာပတိချုပ်... တစ်ခုခု စားပါဦးလားခင်ဗျား မစားတာ ငါးရက်ရှိပြီ"
"သတင်း ဘယ်မှာလဲလိုက်ဖမ်းတဲ့တပ်ဆီက သတင်း ဘယ်မှာလဲ"
"အစီရင်ခံပါတယ်—"
"ရွေစမ်းရေမြို့က သတင်းပါ"
ဒါကို ကြားလိုက်ရတဲ့အခါ တုန်အန်း ရုတ်တရက် ထရပ်လိုက်ပါတယ်။ စစ်သည်တစ်ယောက် တပ်စခန်းထဲကို အပြေးအလွှား ဝင်လာပြီး ဒူးထောက်လိုက်တယ်၊ ပါးစပ်ဟလိုက်ပေမဲ့ နောက်ဆုံးမှာ ဘာမှ ထွက်မလာခဲ့ပါဘူး။
"မင်း ဘာတွေ ထစ်ငေါ့နေတာလဲ"
တုန်အန်းရဲ့ မျက်လုံးတွေက သွေးလို နီမြန်းနေပြီး ရှေ့ကို အပြေးအလွှား တိုးသွားကာ စစ်သည်ရဲ့ ဝတ်စုံကို ဆွဲမလိုက်တယ် "ဘာလို့ စကားမပြောတာလဲသူတို့တွေ ဗိုလ်ချုပ်ကျောက်နဲ့ တကယ်သွားပေါင်းပြီး ဝူထုံပြည်နယ် ကိုတိုက်နေပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်"
စစ်သည်က ထစ်ထစ်ငေါ့ငေါ့နဲ့ "အဲဒါ... အဲဒါ မဟုတ်ပါဘူး..."
"အင်း"
တုန်အန်းရဲ့ စိုးရိမ်နေတဲ့ စိတ်က နည်းနည်း ငြိမ်သွားတယ်၊ ဒါပေမဲ့ စစ်သည်က ဆက်ပြောလိုက်တာက "ဒါပေမဲ့ သူတို့ ချေမှုန်းခံလိုက်ရတာလည်း မဟုတ်ဘူး။ သူတို့ ဘယ်ကို ရောက်သွားလဲဆိုတာ ကျွန်တော်တို့ မသိဘူး၊ လိုက်ဖမ်းတဲ့ တပ်မတော်ကြီးက သူတို့ကို မတွေ့ခဲ့ဘူး"
"မတွေ့ခဲ့ဘူး ဟုတ်လား"
တုန်အန်းရဲ့ မျက်ခွံတွေက တဆက်ဆက် တုန်နေတယ် "နောက်တစ်ခေါက် ပြန်ပြောစမ်း၊ ရှင်းရှင်းလင်းလင်း ပြောစမ်း"
"စစ်သေနာပတိချုပ်... လိုက်ဖမ်းဖို့ စေလွှတ်လိုက်တဲ့ တပ်တွေထဲမှာ ဟုန်ကျဲမြစ်အရှေ့ဘက်ကမ်းက တပ်တွေတင် မကဘူး၊ မေရှန်းခရိုင်က ဝူရွှေမြစ် မြောက်ဘက်ကို ပို့ထားတဲ့ တပ်မတော်ကြီးတွေပါ ပါဝင်ပါတယ်။ စုစုပေါင်း စစ်သည် လေးသောင်း၊ ငါးသောင်းလောက် ရှိပါတယ်"
"ဒါပေမဲ့..."
"သူတို့ ရွေစမ်းရေမြို့ကို ရောက်သွားတဲ့အခါမှာတော့ မြို့က အလွတ်ကြီး ဖြစ်နေတာကိုပဲ တွေ့ရပါတယ်။ အရန်တပ်က ကျန်တဲ့သူတွေကတော့ အစောကြီးကတည်းက ပျောက်ကွယ်သွားပါပြီ"
"ဒုတိယအကြိမ် ထပ်ပြီး ပျောက်သွားပြန်ပြီ ဟုတ်လား"
တုန်အန်းက မယုံနိုင်စရာ ဖြစ်သွားပြီး စစ်သည်ကို ပြန်ချလိုက်တယ်၊ မြေပုံတွေဆီကို နောက်ပြန် ခြေလှမ်းနှစ်လှမ်း သုံးလှမ်းလောက် ဆုတ်သွားပြီး အခြေအနေကို အသစ်တစ်ဖန် ပြန်စစ်ဆေးနေပါတယ်။ သူ့ရဲ့ နဖူးမှာတော့ အပြင်းအထန် တိုက်ပွဲဝင်ထားရသလိုမျိုး ချွေးစက်တွေ ထွက်လာပါတော့တယ်။
အရန်တပ်ရဲ့ အခြေအနေအရ...
ရှေ့ရောနောက်ပါ လိုက်ဖမ်းသူတွေ ရှိနေတာကြောင့် ဝူရွှေမြစ်ကို ဖြတ်ပြီး တောင်ဘက်ကို ပြေးဖို့က မဖြစ်နိုင်ဘူး။
ဒါဆိုရင် လမ်းတစ်ခုပဲ ကျန်တော့တယ်။
မြောက်ဘက်ကို သွားတာပဲ..
အလယ်ပိုင်းဒေသကို ဖြတ်ကျော်တာပေါ့။
သူတို့ ဘာကို ကြံစည်နေတာလဲ..
"ဂျိန်း—"
အဲဒီအချိန်မှာပဲ...
ခုနတင်ကမှ ကြည်လင်နေတဲ့ ကောင်းကင်ဟာ ရုတ်တရက် တိမ်တွေ မှောင်မည်းလာပြီး လျှပ်စီးတွေ လက်ပြီးနောက် မိုးသည်းထန်စွာ ရွာချပါတော့တယ်။
တုန်အန်း ရုတ်တရက် သဘောပေါက်သွားတယ်။
သူတို့က အငိုက်ဖမ်း တိုက်ခိုက်ဖို့ ကြံစည်နေတာပဲ..
အကယ်၍ သူတို့ တကယ် မြောက်ဘက်ကို လာနေတာဆိုရင် နှစ်ရက် ဒါမှမဟုတ် ငါးရက်အတွင်းမှာ လုံယန်ခရိုင် အနားကို ရောက်လာလိမ့်မယ်။ အဲဒီကျရင် ယန်ချွမ်းခရိုင်မှာ ပိတ်မိနေတဲ့ ရှာဝမ်လုံတို့နဲ့ ညှပ်တိုက်ပြီး ငါတို့ကို အလစ်အငိုက် တိုက်ခိုက်ဖို့ ကြံမှာပဲ၊ ဒါဆိုရင် သူတို့ ဖောက်ထွက်နိုင်သွားလိမ့်မယ်..
အဲဒီနောက် သူတို့က ဓားတံခါးချိုင့်ဝှမ်းကို သွားပြီး မကြာခင် ရောက်လာတော့မယ့် လူကျီ တို့ကို ကူညီပြီး အခြေအနေကို ဖွင့်ပေးမှာပေါ့။
အစီအစဉ်ကောင်းပဲ..
တကယ့် အစီအစဉ်ကောင်းပဲ..
နှမြောစရာကောင်းတာက... ငါက တစ်လှမ်း ကြိုသိသွားတာပဲ။
"ငါ့အမိန့်ကို ကြေညာလိုက်စမ်း"
တုန်အန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်တယ် "တပ်အားလုံး သတိဝီရိယရှိကြ၊ ပြီးတော့ စစ်သည် ငါးထောင်ကို တောင်ဘက် မိုင် ၅၀ အကွာမှာ သွားပြီး စခန်းချခိုင်းလိုက်။ အကယ်၍ ရန်သူက စခန်းကို လာတိုက်ရင် ရှုံးချင်ယောင်ဆောင်ပြီး ဆုတ်လာခဲ့၊ ယန်ချွမ်းခရိုင်က လူတွေကို ငါတို့ ဗဟိုတပ်စခန်းကို လာတိုက်အောင် ဆွဲခေါ်ခဲ့။ ပြီးရင် ဒီမှာ ချုံခိုတိုက်ကွက် ဆင်မယ်၊ ရှင်းရှင်းလင်းလင်း မြင်ရဲ့လားမြို့ထဲကလူတွေသာ အပြင်ကို ထွက်လာရင် သူတို့အတွက်ကတော့ သေတွင်းပဲ"
သူဟာ အဲဒီလူငယ်လေးရဲ့ ရည်ရွယ်ချက်ကို နောက်ဆုံးတော့ မြင်သွားခဲ့ပါပြီ။
"ဉာဏ်ကောင်းလွန်းတော့လည်း ကိုယ့်ဉာဏ်နဲ့ကိုယ် ပြန်မိတာပဲ"
"အစက ရှာဝမ်လုံတို့က မြို့ထဲမှာ ပုန်းနေတော့ ငါတို့ ခဏတဖြုတ်နဲ့ မသိမ်းနိုင်ခဲ့ဘူး။ အခုတော့ အများကြီး ပိုလွယ်သွားပြီ။ အကယ်၍ သူတို့ထဲက အနည်းငယ်ပဲ ဖောက်ထွက်နိုင်သွားရင်တောင်မှ မင်ပြည်နယ်ထဲမှာ ဘာပြဿနာမှ ထပ်မပေးနိုင်တော့ဘူး၊ ယန်ချွမ်းခရိုင်ကိုလည်း ပြန်မသိမ်းနိုင်တော့ဘူး။ ငါတို့ကတော့ ပိုပြီး စိတ်ချရတဲ့ ရိက္ခာလမ်းကြောင်းအသစ်ကို ဖြည်းဖြည်းချင်း တည်ဆောက်လို့ ရသွားပြီ"
"ဒီလူငယ်လေးက ငါ့ကို ကူညီလိုက်တာပဲ ငယ်သေးတယ် တကယ် ငယ်သေးတယ်"
"တကယ့် ဗျူဟာမြောက် အစီအစဉ်ပါပဲ"
လက်ထောက်ဗိုလ်ချုပ်တွေလည်း သဘောပေါက်သွားကြတယ် "အကယ်၍ ဒီအတိုင်းသာ ဖြစ်လာရင် လျန်ကျိုးတပ်မတော်ကတော့ လုံးဝ အပြတ်အသတ် သွားပြီပဲ"
မြို့အတွင်း
"ချန်ဆန်းရှီက ကျောက်ဝူကျိီတို့ဆီကို မသွားဘဲ ဒီဘက်ကို လာနေတာပဲ"
ရှာဝမ်လုံ က မျက်လုံးကို ကျဉ်းလိုက်ပြီး "သူ တကယ် သတ္တိရှိတာပဲ ဒါပေမဲ့ သူ တကယ်ပဲ လွတ်အောင် ပြေးနိုင်ခဲ့တယ်၊ အခုဆိုရင် လုံယန်ခရိုင် အနားကိုတောင် ရောက်နေပြီ"
"ဒီကို လာနေတာလား"
ချောင်ဖန်အံ့သြသွားတယ် "သူတို့ ဘာလုပ်ဖို့ ကြံနေတာလဲ၊ ငါတို့ကို ဝိုင်းထားတာကနေ ကူပြီး ဖောက်ထွက်ပေးမလို့လား"
"ငါမသိဘူး၊ ဒါပေမဲ့ သူတို့ ဘာပဲတွေးတွေး ငါကတော့ သူတို့ကို အဲဒီအတိုင်း လုပ်ဖို့ ခိုင်းမှာပဲ"
ရှာဝမ်လုံ က အေးစက်စက် ပြောလိုက်တယ် "မိုးကလည်း ရက်အတော်ကြာ ဆက်ရွာနေဦးမှာဆိုတော့ ဒီလို အငိုက်ဖမ်းတိုက်ခိုက်မှုက ပုန်ကန်သူတွေရဲ့ တပ်ဖျက်မှုကို သေချာပေါက် ပျက်ပြားစေလိမ့်မယ်၊ အဲဒီကျရင် ငါတို့ ဖောက်ထွက်ဖို့ အခွင့်အရေးပဲ"
"ဒါက ဖြစ်နိုင်ပါ့မလား"
ချောင်ဖန်က စဉ်းစားနေတယ် "တုန်အန်းက စစ်ဗျူဟာမှာ အစွဲအလမ်းကြီးတဲ့သူပဲ၊ သူ ဒါကို ကြိုမမြင်ဘဲ နေမလား"
"မြင်ရင်လည်း ဘာဖြစ်လဲ"
ရှာဝမ်လုံ က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး "မင်းသား... ကျွန်တော်တို့ ဖောက်ထွက်တဲ့အခါ စစ်သည်အားလုံး အတူတူ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။ လူတစ်သောင်းထဲက လူတစ်ထောင်လောက်ပဲ လွတ်သွားရင်တောင်မှ ဒီမှာ ဆက်ပြီး ပိတ်မိနေတာထက် ပိုမကောင်းဘူးလား"
"ဗိုလ်ချုပ် ပြောတာလည်း ဟုတ်ပါတယ်"
ချောင်ဖန်က သူ့ရဲ့ စိုးရိမ်မှုကို ထပ်ပြောတယ် "ဒါပေမဲ့ ချန်ဆန်းရှီတို့က ငါတို့ခိုင်းတာကို နားထောင်ပါ့မလားသူတို့သာ ငါတို့ကို ကူပြီး ဖောက်ထွက်ပေးရင် သူတို့ထဲက အသက်ရှင်ကျန်မယ့်သူ သိပ်မရှိနိုင်ဘူး၊ ပြီးရင်လည်း သူတို့ ပြေးစရာ နေရာမရှိတော့ဘူးလေ"
"သူတို့မှာ စစ်မိန့်ကို နားထောင်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူးစစ်
မိန့်ဆိုတာ တောင်ကြီးတစ်လုံးလိုပဲ"
ရှာဝမ်လုံ က တင်းတင်းမာမာ ပြောလိုက်တယ် "အဲဒီ ချန်ဆိုတဲ့ ကောင်လေးက မလုပ်ချင်ရင်တောင် ယွီဆုန်ကတော့ လိုက်နာရလိမ့်မယ်။ ဒါဟာ တပ်
စခန်းရှစ်ခုရဲ့ စည်းကမ်းပဲ၊ သူတို့ သေရမယ်ဆိုရင်တောင် ဝေခွဲမနေဘဲ လိုက်နာရမှာပဲ"
လုံယန်ခရိုင်။
ချန်ဆန်းရှီကသူ့ရဲ့ လှံရှည်ကို အိမ်ထဲပြန်ထည့်လိုက်ပါတယ်။
[ သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(ကျွမ်းကျင်မှုအဆင့်]
[တိုးတက်မှု - ၇၅၅/၁၀၀၀]
မင်ပြည်နယ်ကို ရောက်လာတာ လပေါင်းများစွာ ကြာခဲ့ပြီ။
သူဟာ အိပ်ချိန်တောင် မရှိဘဲ ရသမျှ အချိန်တိုင်းမှာ သူ့ရဲ့ အစွမ်းကို မြှင့်တင်နေခဲ့တာပါ။ ယွီဆုန် က ဒဏ်ရာအပြင်းအထန် ရထားတာကြောင့် နောက်ထပ် ရန်သူ့ဗိုလ်ချုပ်တစ်ယောက်နဲ့ တိုးရင် သူတစ်ယောက်တည်းကိုပဲ အားကိုးရတော့မှာပါ။ ကံကောင်းတာက သူ့မှာ အရင်းအမြစ်တွေ အများကြီးရှိပြီး အကောင်းဆုံးတွေကိုပဲ သုံးခဲ့တဲ့အတွက် ဟွာကျင်းအသေးစားအောင်မြင်မူ့အဆင့်ရောက်ဖို့ နီးကပ်လာပါပြီ။ ဒီအဆင့်ကို ရောက်သွားရင် သူ့ရဲ့ လက်နက်မှာ စွမ်းအားတွေ ပေါင်းစပ်နိုင်မှာဖြစ်လို့ ခွန်အားက နှစ်ဆ တိုးလာပါလိမ့်မယ်။ မဟာသွေးကြောအဆင့်ရှိတဲ့ ပြိုင်ဘက်နဲ့ တိုးရင်တောင်မှ အနိုင်ရဖို့ အခွင့်အရေး ရှိလာမှာ ဖြစ်ပါတယ်။