← Chapters

အခန်း (၂၃၅)

Vol. 22 Ch. 235

အခန်း (၂၃၅)

Vol. 22 Ch. 235

📝အပိုင်း - ၂၃၅

ဘာသာပြန် - Na Gar🐉

"အနောက်ဘက်မှာရှိတဲ့ ဓားတံခါးချိုင်ဝှမ်း ရဲ့ တိုက်ပွဲကတော့ စတင်နေပြီပဲ"

ချန်ဆန်းရှီ က တစ်စက္ကန့်မျှပင် မနားဘဲ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ပေးပို့ဖို့အတွက် အနားယူနေတဲ့ တပ်ဖွဲ့ဝင်တွေဆီကို အပြေးအလွှား သွားလိုက်တယ် "ဒါပေမဲ့ သူတို့ အခုထိ ဖောက်မထွက်နိုင်သေးဘူး။ ငါတို့ လောလောဆယ် စစ်ကူကို မျှော်လင့်လို့ မရသေးဘူး၊ ဒါကြောင့် ငါတို့ဘာသာငါတို့ပဲ အားကိုးရလိမ့်မယ်"

"ဗိုလ်ချုပ်ချန်... ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"

ယွီဆုန် က မေးလိုက်တယ် "မြစ်ကိုပဲ တိုက်ရိုက် ဖြတ်ကူးကြမလား"

"မြစ်ကို မဖြတ်ခင်မှာ ငါတို့ ရန်သူ့တပ်စခန်းကို အယောင်ပြ တိုက်ခိုက်ဖို့ လိုအပ်တယ်"

ချန်ဆန်းရှီက ရှင်းပြလိုက်တယ် "မဟုတ်ရင် သူတို့တွေ ချက်ချင်း ရိပ်မိသွားလိမ့်မယ်။ ငါတို့ မြစ်လယ်ရောက်နေတဲ့အချိန်မှာ ယန်ချွမ်းခရိုင် ကို ဝိုင်းထားတဲ့ တပ်တွေကနေ ခွဲထွက်ပြီး ငါတို့ကို လာတိုက်လို့ ရသွားလိမ့်မယ်။ အကယ်၍ ငါတို့ ချီတက်တဲ့အရှိန် နှေးသွားရင် နောက်က လိုက်နေတဲ့ တပ်မတော်ကြီးကလည်း ငါတို့ကို မှီလာလိမ့်မယ်"

"ကောင်းပြီလေ"

ယွီဆုန် က "ပိုင်ထင်းကျိီ... အယောင်ပြတိုက်ခိုက်တဲ့ တာဝန်ကို မင်းပဲ ထပ်ယူရလိမ့်မယ်၊ ဘယ်လိုလဲ"

"ပြဿနာမရှိပါဘူး"

ပိုင်ထင်းကျိီက အာမခံလိုက်တယ် "အဘိုးကြီး ရွှီ ကိုသာ ငါနဲ့အတူ ဦးဆောင်ဖို့ ပေးလိုက်ပါ"

"သတိထားနော်"

ချန်ဆန်းရှီက သတိပေးလိုက်တယ် "ဒီတစ်ခါ အယောင်ပြတိုက်ခိုက်မှုက အရင်တစ်ခါထက် ပိုအန္တရာယ်များလိမ့်မယ်။ မင်းတို့ဘက်က အထိအခိုက် အကျဆုံးတွေ မနည်းလောက်ဘူးလို့ ငါ ခန့်မှန်းထားတယ်"

"စိတ်ချပါ အရှင်"

ရွှီဝမ်ချိုင် က လက်အုပ်ချီပြီး ဂါရဝပြုလိုက်တယ် "ရန်သူတွေ သံသယမဝင်စေဘဲ အကျအဆုံး အနည်းဆုံးဖြစ်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ ဒါပေမဲ့ အယောင်ပြတိုက်ခိုက်မှုက ခန့်မှန်းထားတာထက် နာရီဝက်လောက် နောက်ကျနိုင်တယ်၊ အဲဒါ အဆင်ပြေပါ့မလား မိုးတိတ်သွားတဲ့အထိ စောင့်ဖို့ ကျွန်တော် စဉ်းစားထားလို့ပါ။ အဲဒီကျရင် မီးကို သုံးရတာ ပိုလွယ်လိမ့်မယ်။ ငါတို့မှာ လူအင်အား မလုံလောက်တဲ့အခါ မီးတစ်ချက်၊ ဗုံသံနှစ်ချက်နဲ့ အလံသုံးချက်က ရန်သူကို ထင်ယောင်ထင်မှားဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းပဲ"

"မိုးတိတ်တော့မယ်ဆိုတာ မင်းသေချာလို့လား အဘိုးကြီးရွှီမင်းက မိုးလေဝသ အခြေအနေတွေကိုပါ နားလည်တာလား"

ချန်ဆန်းရှီက သဘောတူလိုက်တယ် "ပြဿနာမရှိပါဘူး၊ မင်းဘာသာမင်း စီစဉ်ဖို့ တစ်ရက် အချိန်ပေးမယ်"

"ဟုတ်ကဲ့ပါ"

ရွှီဝမ်ချိုင် က စီစဉ်စရာရှိတာတွေလုပ်ဖို့ ထွက်သွားပါတယ်။

"ဒီညီငယ်လေးက တကယ့်ကို ပါရမီရှင်ပဲ"

ယွီဆုန် က စနောက်လိုက်တယ် "ညီလေးချန်... ပိုယန်ခရိုင်လို နေရာမျိုးမှာ ရာထူးရည်အဆင့်လည်း မရှိဘဲ ဒီလိုရတနာမျိုးကို ရှာတွေ့ခဲ့တာကတော့ သူ့ရဲ့ အရည်အချင်းတွေကို နှမြောစရာပဲ"

ဒီခရီးတစ်လျှောက်မှာ ရွှီဝမ်ချိုင် ရဲ့ စွမ်းဆောင်ရည်တွေကို အားလုံးက အထင်အရှား မြင်တွေ့ခဲ့ရပြီးပါပြီ။ တစ်ခုတည်းသော နှမြောစရာကတော့ သူ့မှာ ကျင့်ကြံမှုအဆင့် မရှိတာပါပဲ။

"ဟုတ်တယ်၊ အကယ်၍ ငါတို့ အသက်ရှင်လျက် ပြန်ရောက်ခဲ့ရင်..."

ချန်ဆန်းရှီက ပြောလိုက်တယ် "အဘိုးကြီးရွှီကို အစိုးရရာထူးတစ်ခုခု ပေးသနားဖို့ ဧကရာဇ်မင်းမြတ်ဆီ ငါကိုယ်တိုင် အသနားခံစာ ရေးပါ့မယ်။ ဒီလိုပဲ ဆက်သွားနေလို့တော့ မဖြစ်ဘူး"

ဒီကမ္ဘာမှာတော့ စစ်တပ်ကို အဓိကအားဖြင့် သိုင်းပညာရှင်တွေကပဲ လွှမ်းမိုးထားတာပါ။ ဖန်ချင်းယွမ် တောင်မှ တစ်ချိန်က သိုင်းပညာပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။

"ကောင်းပြီ၊ ငါတို့လည်း ထွက်ခွာဖို့ ပြင်ကြရအောင်"

ဒုဗိုလ်ချုပ်ကြီးယွီက ကျန်တဲ့သူတွေကို ခရီးဆက်ဖို့ ပြင်ခိုင်းတော့မယ့်

အချိန်မှာပဲ နောက်ထပ် ဟိုင်တုန်ချင်း တစ်ကောင် ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။ အဲဒီငှက်က ယန်ချွမ်းခရိုင် ဘက်ကနေ လာတာပါ။ ဗိုလ်ချုပ်ချန်က သတင်းကို ဖတ်ပြီးနောက် ဘာမှမပြောဘဲ အတော်ကြာအောင် တိတ်ဆိတ်သွားတာကြောင့် ယွီဆုန်က "ဘာဖြစ်လို့လဲ"လို့ မေးလိုက်ပါတယ်။

ချန်ဆန်းရှီက ပြန်ဖြေတယ် "ဗိုလ်ချုပ်ရှာ က ငါတို့ကို လမ်းကြောင်းပြောင်းပြီး ရန်သူ့တပ်စခန်းရဲ့ ဘေးနဲ့ နောက်ဘက်ကနေ တိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်။ သူတို့ ဖောက်ထွက်နိုင်အောင် ကူညီပေးရမယ်၊ ပြီးတော့ ယန်ချွမ်းခရိုင် အပြင်ဘက်က ပုန်ကန်သူတွေကို အပြီးအပိုင် ချေမှုန်းရမယ်တဲ့"

"ဒါ ငါ အရင်က တွေးထားတာနဲ့ အတူတူပဲ မဟုတ်လား"

လုရှူဟွာ က ဝင်ပြောတယ် "ငါတို့ စမ်းကြည့်သင့်တယ် မဟုတ်ဘူးလား"

"စမ်းကြည့်စရာလား တောက်"

ယွီဆုန် က ကျိန်ဆဲလိုက်တယ် "အခုထိ မင်းက ဗိုလ်ချုပ်ချန်ရဲ့ ဆုံးဖြတ်ချက်ကို မယုံကြည်နိုင်သေးဘူးလားသူသာ မရှိရင် ငါတို့ ဒီလောက်အထိ အသက်ရှင်နိုင်ပါ့မလား"

လုရှုဟွာ တိတ်သွားပါတယ်။

ရန်ချန်ချင်း ကလည်း ထပ်ပြောတယ် "ဟုတ်တယ် အစ်ကိုလု၊ အစ်ကိုရှဲ့... ကျွန်တော်တောင် မြင်နိုင်တယ်၊ ဒါက ငါတို့ကို အသေခံခိုင်းတဲ့ အမိန့်ပဲ။ ငါတို့ အသေခံတာကို အသုံးချပြီး သူတို့ လွတ်အောင် ပြေးမလို့ပဲ"

"အဲဒါက အဓိကအချက် မဟုတ်သေးဘူး"

ယွီဆုန် ရဲ့ အသံမှာ ဒေါသတွေ ပါနေတယ် "တခြားအချိန်ဆိုရင်တော့ ရှာဝမ်လုံက စစ်သေနာပတိချုပ်မို့လို့ သူခိုင်းရင် ငါတို့ သေရမှာပဲဒါပေမဲ့ မကြာခင်ကပဲ အဲဒီ ရှာဆိုတဲ့ကောင် ဘာလုပ်ခဲ့လဲဆိုတာ မင်းတို့ မေ့သွားကြပြီလား"

"ဗိုလ်ချုပ်ချန်ကို ဆန့်ကျင်ဖို့အတွက် သူ ငါတို့ကို ယန်ချွမ်းခရိုင်ထဲကနေ မောင်းထုတ်ခဲ့တယ်၊ ပြီးတော့ ငါတို့ကို အရှေ့ဘက် မြစ်ဖြတ်ကူးဖို့ အတင်းအကျပ် ခိုင်းခဲ့တာလေ"

"ဒီလိုလူမျိုးက ငါတို့ရဲ့ သစ္စာရှိမှုကို ရထိုက်လို့လား"

"အော်... မင်းတို့ မသိသေးတဲ့ တခြားအရာတစ်ခုလည်း ရှိသေးတယ်"

"ယွီယန်ဂိုဏ်းရဲ့ ဖြစ်ရပ်ကို မှတ်မိကြလား"

"အဲဒီအချိန်တုန်းက ငါက ရှာဝမ်လုံနဲ့ အမြဲတမ်း အတူရှိနေတာ။ မြှားအချက်ပြသံ ကြားပြီးတဲ့နောက် 'ကျားကို တောင်ပေါ်ကနေ မျှားထုတ်မှာ စိုးလို့' ဆိုပြီး သူ ဘာလို့ ကူညီဖို့ တွန့်ဆုတ်နေခဲ့လဲဆိုတာ မှတ်မိလားနောက်ပိုင်းကျမှ ငါ နားလည်လိုက်တာက သူက တခြားသူကို သုံးပြီး လူသတ်ခိုင်းချင်နေတာပဲ"

"သူက ယွီယန်ဂိုဏ်းချုပ် ဟွမ်ထျန်းရုံ ကို သုံးပြီး ဗိုလ်ချုပ်ချန်ကို သတ်ခိုင်းဖို့ စီစဉ်ခဲ့တာ၊ အဲဒါမှ ချောင်ဖန်အတွက် လမ်းပွင့်သွားမှာလေ"

"ငါသာ ဒီတစ်ခါ အသက်ရှင်လို့ ပြန်ရောက်ခဲ့ရင် သူ့ကို သေချာပေါက် တိုင်တန်းမယ်။ အခု သူ့ကို သွားကယ်ဖို့ ညီအစ်ကိုတွေနဲ့ အတူတူ သွားရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

"ဒါပေမဲ့ ဒုဗိုလ်ချုပ်ကြီးယွီ..."

ရှဲ့စီရှု က"ခင်ဗျားပြောတာတွေက ခန့်မှန်းချက်တွေပဲလေ၊ အထောက်အထားမှ မရှိတာ။ ပြီးတော့ စစ်မိန့်ဆိုတာ ချိုးဖောက်လို့ မရဘူး မဟုတ်လား"

ဟုတ်ပါတယ်၊

စစ်မိန့်ဆိုတာ ချိုးဖောက်လို့ မရပါဘူး..

ဒါဟာ ချန်ဆန်းရှီ စိုးရိမ်နေတဲ့ အချက်ပါပဲ။

အကယ်၍ စစ်သေနာပတိချုပ်က ဖောက်ထွက်ဖို့ ကူညီခိုင်းတာကို အန္တရာယ်ရှိမှန်း သိရက်နဲ့ ငြင်းဆန်ခဲ့ရင် ဒါဟာ သေဒဏ်ထက်မကတဲ့ အပြစ်မျိုးပါ။ ဒါ့အပြင် အမိန့်မနာခံတဲ့ တာဝန်က အဆင့်အမြင့်ဆုံး အရာရှိဖြစ်တဲ့ ယွီဆုန် အပေါ်မှာပဲ ကျရောက်မှာပါ။

"ကြောက်နေစရာလား တောက်"

ယွီဆုန် က ကျိန်ဆဲလိုက်တယ် "ငါက မသွားဘူးဆိုရင် မသွားဘူးပဲ။ အမိန့်မနာခံတာနဲ့ ပတ်သက်ရင် မင်းတို့အပေါ် ကျမလာစေရဘူး၊ စိတ်မပူနဲ့"

ချန်ဆန်းရှီက သတိပေးလိုက်တယ် "ဒုဗိုလ်ချုပ်ကြီးယွီ... ဒါက ရာဇဝတ်မှုကြီးလေ"

"ရာဇဝတ်မှုငါတို့ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလားတောင် မသေချာဘူး"

ယွီဆုန် က ရယ်မောလိုက်ပြီး "အကယ်၍ ငါတို့ တကယ် အသက်ရှင်ပြီး ပြန်ရောက်သွားရင်လည်း ရိက္ခာကျီတွေကို မီးရှို့ခဲ့တဲ့ အောင်မြင်မှု ရှိသေးတာပဲ မဟုတ်လားအဲဒီ အောင်မြင်မှုနဲ့ အပြစ်ကို ပြန်ခုလို့ ရတာပဲ။ ပြီးတော့ ဗိုလ်ချုပ်ချန်မှာက အဆက်အသွယ်တွေ ရှိတာပဲ၊ အဲဒီကျရင် ငါ့အတွက် စကားလေး တစ်ခွန်းလောက် ကူပြောပေးရင် အကုန်အဆင်ပြေသွားမှာပေါ့ ဟုတ်တယ်မလား"

"ကောင်းပြီ"

အခြေအနေရဲ့ အရေးကြီးပုံကို ထောက်ထားပြီး ချန်ဆန်းရှီလည်း လောလောဆယ် တခြားအရာတွေကို ထည့်မစဉ်းစားနိုင်တော့ပါဘူး။ အကယ်၍ ပြန်ရောက်တဲ့အခါ တကယ် ပြဿနာတက်လာရင်လည်း သူတို့အတွက် နည်းလမ်းရှာပြီး ကူညီပေးရမှာပေါ့။

"ကဲ... ချီတက်ကြမယ်"

ယွီဆုန် က အမိန့်ပေးလိုက်တယ် "မူလအစီအစဉ်အတိုင်း ဆက်သွားမယ်။ ပိုင်ထင်းကျိီကအယောင်ပြတိုက်ခိုက်မှုကို လုပ်၊ ကျန်တဲ့သူတွေကတော့ ဟုန်ကျဲမြစ် ကို သုံးကြိမ်မြောက် ဖြတ်ကူးကြမယ်"

ယန်ချွမ်းခရိုင် မြို့အတွင်း..

"အချိန်နီးပြီ"

ရှာဝမ်လုံ က ပြောလိုက်တယ် "ငါ့ရဲ့ အမိန့်အရဆိုရင် သူတို့ နောက်နှစ်နာရီအတွင်းမှာ စပြီး တိုက်ခိုက်တော့မှာ။ အောက်မှာ ကမောက်ကမတွေ ဖြစ်လာတာနဲ့ ငါတို့ တပ်အားလုံးနဲ့ အပြင်းအထန် ထိုးစစ်ဆင်မယ်။ မြောက်ဘက်ကို ဖောက်ထွက်ပြီး ဓားတံခါးချိုင်ဝှမ်း ကို တန်းတန်းမတ်မတ် ဦးတည်ကြမယ်"

"ဗိုလ်ချုပ်လူကျီကလည်း အဲဒီမှာ တိုက်ပွဲဝင်နေပြီ၊ ငါတို့ကိုလည်း အကြောင်းပြန်ထားပြီးပြီ။ ငါတို့သာ ယန်ချွမ်းခရိုင်ကနေ ထွက်နိုင်ရင် သူ ငါတို့ကို ကူညီဖို့ အတတ်နိုင်ဆုံး ကြိုးစားလိမ့်မယ်"

All Chapters