← Chapters

အခန်း (၂၃၆)

Vol. 22 Ch. 236

အခန်း (၂၃၆)

Vol. 22 Ch. 236

📝အပိုင်း - ၂၃၆

ဘာသာပြန် - Na Gar🐉

"ကောင်းပြီ"

ချောင်ဖန်က သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုလိုက်တယ်"တစ်ခုတည်းသော မသေချာတာက သူတို့ တကယ်ပဲ အမိန့်အတိုင်း လုပ်ပါ့မလားဆိုတာပဲ။ ဒါက သူတို့ရဲ့ အသက်တွေကို ရင်းပြီး ငါတို့ ဖောက်ထွက်ဖို့ လမ်းဖွင့်ခိုင်းတာနဲ့ အတူတူပဲလေ"

"ယွီဆုန် က လိပ်နက်တပ်စခန်းက လာတာပဲသူ အမိန့်ကို မနာခံဘဲ မနေပါဘူး။ဒါပေမဲ့ စိတ်ချရအောင်လို့ ငါတို့ မြို့ထဲမှာ အရင်ပြင်ဆင်ထားမယ်၊ အပြင်ဘက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတော့မှ ထွက်တာလည်း မနှောင်းပါဘူး"

သန်းခေါင်ယံအချိန်။

မြို့ပေါ်မှာ မှောင်မည်းနေတဲ့ တိမ်တိုက်တွေက မြို့ကို ဖိသိပ်ချေမွတော့မယ့်အတိုင်း အုံ့မှိုင်းနေပါတယ်။ မြို့ထဲက ကျန်ရှိနေတဲ့ စစ်သည်တွေဟာ အချိန်မရွေး ဖောက်ထွက်နိုင်ဖို့ တိတ်တဆိတ် ပြင်ဆင်ပြီးကြပါပြီ။

ငါးလကျော်တောင် ရှိသွားပြီ..

မင်ပြည်နယ် ကို ရောက်လာကတည်းက မသိမသာနဲ့ နီးပါး တစ်နှစ်ခွဲလောက် ရှိသွားခဲ့ပါပြီ။ ဒီအတောအတွင်း စစ်သည်တွေနဲ့အတူတူ နေ့တိုင်းတိုက်ပွဲဝင်ခဲ့ရတာကြောင့် ချောင်ဖန်ဟာ မြို့တော်မှာ ဒါမှမဟုတ် နန်းတော်ထဲမှာ တစ်ခါမှ မခံစားဖူးတဲ့ သံယောဇဉ်မျိုး စစ်သည်တွေအပေါ်မှာ ထားရှိလာခဲ့ပါတယ်။

"အခုတော့ ငါဟာ တကယ့်ကို တပ်ကိုဦးဆောင်ပြီး တိုက်ပွဲဝင်ဖူးတဲ့ ယောက်ျားတစ်ယောက်လို့ ဆိုနိုင်ပြီပေါ့" လို့ သူက စိတ်လှုပ်ရှားစွာ ပြောပါတယ်။

သူက ဆက်ပြီး "ဗိုလ်ချုပ်ရှာ... ဒီည ဖောက်ထွက်တဲ့အခါ ငါတို့မှာ လူတစ်ထောင်လောက်ပဲ ကျန်တော့မယ်။ အကျအဆုံးတွေ များလွန်းမနေဘူးလားဒီထက်ပိုပြီး တောင့်ခံထားရင်ရော မကောင်းဘူးလား"လို့ မေးလိုက်ပါတယ်။

"မင်းသား... မြို့ထဲမှာ ရိက္ခာနဲ့ ထောက်ပံ့ရေးတွေ ကုန်နေပြီဆိုတာ သိထားသင့်တယ်။ စစ်မြင်းတွေကိုတောင် အကုန်နီးပါး သတ်စားလိုက်ရပြီ။ ဒီထက်သာ အချိန်ဆွဲရင် သူတို့တွေ ငတ်ပြီး သေကြမှာပဲ။ လူတွေ ဗိုက်အရမ်းဆာလာရင် ပုန်ကန်မှုတွေတောင် ဖြစ်လာနိုင်တယ်။ တချို့တွေ ဂယောက်ဂယက် ဖြစ်နေပြီလို့ ငါကြားတယ်..." ရှာဝမ်လုံက ခေတ္တရပ်ပြီးမှ ဆက်ပြောတယ် "သူတို့ရဲ့ အသက်တွေက မင်းသားရဲ့ အသက်လောက် တန်ဖိုးမရှိပါဘူး။ လူတစ်သောင်း မကလို့ နှစ်သောင်း၊ ငါးသောင်းပဲ ဖြစ်ဖြစ်၊ မင်းသားသာ အသက်ရှင်လျက် လွတ်သွားမယ်ဆိုရင် အဲဒါက ထိုက်တန်ပါတယ်"

"အစီရင်ခံပါတယ်—"

သူတို့ ဆွေးနွေးနေတုန်းမှာပဲ...

ဒဏ်ရာအပြင်းအထန်ရထားတဲ့ ကင်းထောက်တစ်ယောက် မြင်းပေါ်ကနေ ပြုတ်ကျလာပြီး အားတင်းကာ သတင်းပို့ပါတယ် "မြို့အပြင်ဘက်မှာ တိုက်ပွဲ စတင်နေပါပြီ"

"တိုက်ပွဲက ဘယ်လို အခြေအနေရှိလဲ"ရှာဝမ်လုံက အလောတကြီး မေးလိုက်တယ် "သူတို့ အမိန့်အတိုင်း ရန်သူ့တပ်စခန်းကို အစွမ်းကုန် တိုက်နေတာလား"

"ကောင်းကင်တစ်ခုလုံး မီးလျှံတွေနဲ့ ရဲရဲတောက်နေပြီး ဟန်ချက်က တကယ့်ကို အားရစရာပါပဲ"လို့ ကင်းထောက်က ပြန်ဖြေပါတယ်။

"ကောင်းပြီဒါဆိုရင် သူတို့ အမိန့်ကို သေချာနာခံနေတာပဲ" ရှာဝမ်လုံက သူ့ရဲ့ ဓားမကြီးကို မြှောက်ပြီး ဟစ်အော်လိုက်တယ် "ညီအစ်ကိုတို့... ဖောက်

ထွက်ဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ။ ဒီည ငါတို့ လွတ်မြောက်ရမယ်"

"တိုက်—"

ယန်ချွမ်းခရိုင် ရဲ့ မြို့တံခါးတွေ ဝုန်းခနဲ ပွင့်သွားပါတယ်။

စစ်သည် ကိုးထောင်ဟာ မြို့ပြင်ကို အလုံးအရင်းနဲ့ ထွက်လာကြပြီး၊ လူတစ်ထောင်ကတော့ သူတို့နောက်ကနေ အကာအကွယ်ပေးဖို့ ကျန်ရစ်ခဲ့ပါတယ်။

အစပိုင်းမှာတော့ အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့ပါတယ်။

မြို့ပြင် မိုင် ၄၀ အကွာကို ရောက်တဲ့အထိပါပဲ။ အဲဒီအချိန်မှာပဲ အရပ်မျက်နှာ အသီးသီးကနေ ထူထပ်လှတဲ့ ချုံခိုတပ်တွေ ရုတ်တရက် ပေါ်လာပါတော့တယ်။

"မထိတ်လန့်ကြနဲ့"

ရှာဝမ်လုံက ဒါကို ကြိုတင်တွက်ဆထားပြီးသားပါ "တောင့်ခံထားကြသူတို့တွေ မကြာခင်မှာ ယွီဆုန်ရဲ့ အကြွင်းအကျန်တွေကို သွားတိုက်ဖို့ ပြန်

လှည့်သွားလိမ့်မယ်။ သူတို့ အင်အားတွေ ချက်ချင်း လျော့သွားမှာပဲ"

ဒါပေမဲ့ အခြေအနေက ချက်ချင်းဆိုသလို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပါတယ်။ ဝိုင်းရံထားတဲ့ ရန်သူ့တပ်တွေဟာ လျော့သွားမယ့်အစား ပိုလို့တောင် များလာပါသေးတယ်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ရှာဝမ်လုံ ခဏတာ မှင်တက်သွားတယ် "သူတို့မှာ စစ်သည် သုံးထောင်ကျော်ပဲ ရှိတာ၊ ပြီးတော့ အငိုက်ဖမ်းတိုက်တာလေ။ ရန်သူက သူတို့ကို ဝိုင်းဖို့ လူတစ်သောင်းလောက် ခွဲလိုက်ရမှာ မဟုတ်ဘူးလားသူတို့ ပြေးသွားကြတာလား"

"ရှာဝမ်လုံ... သေဖို့ပြင်ထားတော့—"

ရုတ်ရုတ်သည်းသည်း ဖြစ်နေတဲ့ကြားမှာ ရန်သူ့ရဲ့ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် ရှန့်ထျန်ကလက်ရွေးစင်တပ်စုတစ်စုကို ဦးဆောင်ပြီး သူတို့ဆီကို တိုက်စစ်ဆင်လာပါတယ်။

"ဖောက်မထွက်နိုင်တော့ဘူး၊ ဆုတ်မယ်၊ ဆုတ်ကြ—"

ရှာဝမ်လုံဟာ တိုက်ပွဲမှာ အချိန်မဆွဲတော့ဘဲ စစ်သည်တွေကို ဦးဆောင်ပြီး လာလမ်းအတိုင်း ပြန်ဆုတ်ခိုင်းလိုက်တယ် "မင်းသား... ကျွန်တော့်နားမှာပဲ

ကပ်နေ"

ဒါပေမဲ့ မြို့ထဲက ထွက်ရတာက လွယ်သလောက် ပြန်ဝင်ရတာကတော့ ခက်ခဲလှပါတယ်။

တစ်ညလုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက်မှာတော့...

ကံကောင်းထောက်မစွာပဲ ကျန်ရစ်ခဲ့တဲ့ စစ်သည်တစ်ထောင်ကြောင့် သူတို့ လုံးဝ အပြတ်အသတ် ချေမှုန်းမခံလိုက်ရပါဘူး။ မိုးလင်းတဲ့အချိန်မှာ မြို့ထဲကို ပြန်ရောက်သွားကြပေမဲ့ အကျအဆုံးကတော့ ကြောက်ခမန်းလိလိပါပဲ စစ်သည် တစ်သောင်းထဲက သုံးထောင်ပဲ ကျန်တော့တယ်။

"အား"

ရှာဝမ်လုံက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သတင်းလာပို့တဲ့ ကင်းထောက်ကို သူ့ဓားနဲ့ ပိုင်းသတ်ဖို့ လုပ်လိုက်တယ် "မင်းကတော့ကွာ... သူတို့ တောင်ဘက်မှာ တိုက်နေတာကို မင်းမျက်စိနဲ့ တွေ့တယ်၊ ရန်သူ့တပ်တွေ ရှုံးနေတယ်လို့ ပြောခဲ့တယ် မဟုတ်လား"

"ဗိုလ်ချုပ်... အဲဒါ တကယ်ပါကျွန်တော် ကျိန်ပြောရဲပါတယ်၊ ကျွန်တော့်

မျက်စိနဲ့ တကယ်မြင်ခဲ့တာပါ"

ကင်းထောက်က ငိုယိုပြီး"သူတို့ ဘာလို့ အဲဒီလောက် မြန်မြန် ဆုတ်သွားလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး"

"ရွှူး—"

နောက်ဆုံးမှာတော့ စေလွှတ်ထားတဲ့ ဟိုင်တုန်ချင်း လင်းယုန်ငှက် ပြန်ရောက်လာပါတယ်။

"အကောင်စုတ်—"

ရှာဝမ်လုံ သတင်းမှတ်တမ်းကို ကိုင်ထားရင်း လက်တွေ တုန်ရင်နေတယ် "အမိန့်မနာခံတာပဲ အဲဒီ ချန်ဆိုတဲ့ကောင်က ဘယ်လိုတောင် အမိန့်ကို မနာခံရဲတာလဲ အဲဒါက အယောင်ပြတိုက်ခိုက်မှု့ပဲ။ သူတို့တပ်တွေက ယင်စွေ့တောင် ကို ဖြတ်ပြီး အရှေ့ဘက်ကို ဦးတည်သွားပြီ၊ ဟုန်ကျဲမြစ် ကို သုံးကြိမ်

မြောက် ဖြတ်ကူးဖို့ ပြင်နေတာ"

သုံးကြိမ်မြောက် ဖြတ်ကူးခြင်း..

"ငါ သိသားပဲ..."

ချောင်ဖန်ကတော့ သိပ်ပြီး အံ့သြမနေပါဘူး "ချန်ဆန်းရှီ က ငါတို့အတွက် သူ့အသက်ကို ဘယ်တော့မှ အသေခံမှာ မဟုတ်ဘူး"

"သူက လက်ထောက်ဗိုလ်ချုပ်တောင် မဟုတ်သေးဘူးငါ သူ ထွက်မသွားခင်က လက်ထောက်ဗိုလ်ချုပ်တစ်ယောက်တောင် ထည့်ပေးလိုက်သေးတယ်"ရှာဝမ်လုံက ဒေါသတွေကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်တယ် "ယွီဆုန် က ဘယ်လိုတောင် အမိန့်မနာခံရဲတာလဲ၊ သူ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ငါ သူ့ကို သတ်ပစ်မယ်။ ပြန်ရောက်တာနဲ့ သူ့ခေါင်းကို ဖြတ်ပြီး လျန်ကျိုးမြို့တံခါးမှာ လူတိုင်းမြင်အောင် ချိတ်ထားမယ်"

ငါတို့ ဒီထက်ပိုပြီး တောင့်ခံထားလို့ ရပါသေးတယ်။

ဒါပေမဲ့ အခုတော့ လူသုံးထောင်ပဲ ကျန်တော့တယ်။

မြို့ကျဖို့က အချိန်တစ်ခုပဲ လိုတော့တယ်..

"သူတို့က ဘာလို့ သုံးကြိမ်မြောက် ဖြတ်ကူးပြီး တောင်ဘက်ကို သွားနေတာလဲ"ချောင်ဖန်မျက်မှောင်ကြုတ်လိုက်တယ် "ထွက်ပြေးဖို့ ကြိုးစားနေတာလား"

"သူတို့ မပြေးနိုင်ပါဘူး အိပ်မက်မက်နေတာပဲ"

ရှာဝမ်လုံက "မေရှန်းတောင်မှာ တပ်တွေ ရှိသေးတယ်၊ ပြီးတော့ တပ်မတော်ကြီးကလည်း ဘေးတိုက်ကနေ လိုက်နေတာ"

တစ်ဖက်မှာလည်း ပုန်ကန်သူတပ်စခန်းမှာ...

"မြန်မြန်—"

တုန်အန်းကသူ့ရဲ့မြင်းကို အပြင်းအထန် နှင်ပြီး ရှေ့ကို ထိုးထွက်လာတယ်၊ သူ့နောက်မှာတော့ လက်ရွေးစင်တပ်သား ငါးထောင် လိုက်ပါလာပါတယ်။

ယန်ချွမ်းခရိုင် က လူမိုက်တွေကတော့ ပြီးသွားပါပြီ။ မကြာခင်မှာ မြို့ကျပြီး သူတို့တွေ သေကြရတော့မှာပါ။ သူ့ရဲ့ ပထမဦးဆုံး ပန်းတိုင်ကတော့ ချန်ဆန်းရှီရဲ့ ခေါင်းကို ကိုယ်တိုင်လှီးဖြတ်ပြီး သူ့စိတ်ထဲက အမုန်းတရားတွေကို ဖြေဖျောက်ဖို့ပါပဲ။

နှစ်ခါတောင် အရူးလုပ်ခံလိုက်ရတာလေ..

အဆင့်လည်း မဟာသွေးကြောအဆင့်ထက် မမြင့်တဲ့ အရန်တပ်က အကြွင်းအကျန်တွေဟာ သူကိုယ်တိုင် ဦးဆောင်လာတာမို့လို့ ဘာမှ ခြိမ်းခြောက်မှု မပေးနိုင်တော့ပါဘူး။

"ညီအစ်ကိုတို့... ချန်ဆန်းရှီရဲ့ ခေါင်းကို ဖြတ်နိုင်တဲ့သူကို ရွှေတွေ ဆုချမယ်၊ ပြီးတော့ မဟာသွေးကြောအဆင့်ကို ရောက်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ငါကိုယ်တိုင် အာမခံပေးမယ်"

"တိုက်—"

"ဟပ်"

"မင်းတို့... ဘာလုပ်နေကြတာလဲ"

တုန်အန်း က ဒီအချိန်မှာ အရန်တပ် ရဲ့ အကြွင်းအကျန်တွေနဲ့ တိုက်ပွဲဖြစ်နေရမယ့် သူ့ရဲ့ လက်အောက်ငယ်သားတွေကို ကြည့်လိုက်တော့ သူတို့တွေက အပျင်းကြီးစွာ ဟိုဟိုဒီဒီ ရပ်နေကြတာကို တွေ့လိုက်ရပါတယ်။ သူ့ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ် "မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ၊ လူတွေရော ဘယ်မှာလဲ"

"အရှင်... အဲဒါက...ဘယ်သူမှ မရှိပါဘူး" စစ်သည်တွေက ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေပါတယ်။

"ဘယ်သူမှ မရှိဘူးအဓိပ္ပာယ်မရှိတာ၊ ခုနက အသံတွေ ဒီလောက်ဆူညံနေတာ... အဲဒါက အယောင်ပြတိုက်ကွက်လားသူတို့ ယန်ချွမ်းခရိုင် ကို လာမတိုက်ဘူးဆိုရင် ဘယ်ကို သွားနိုင်ဦးမှာလဲ၊ ဒါမှမဟုတ်..."

All Chapters