အခန်း (၂၃၈)
Vol. 22 Ch. 238
📝အပိုင်း - ၂၃၈
ဘာသာပြန် - Na Gar🐉
ဇွန်လ ၂၇ ရက်
"ဒုန်း"
"ပျက်စီးကုန်ပြီ၊ အကုန်ပျက်စီးကုန်ပြီ"
ဆွန်ပုချီ တစ်ယောက် ခြံဝင်းထဲကို အပြေးအလွှား ဝင်လာပြီး အော်ဟစ်
လိုက်တယ်"ချန်ဆန်းရှီ ဆီက နောက်ဆုံးရတဲ့ သတင်းက သူ ရိက္ခာကျီတွေကို မီးရှို့လိုက်တယ်ဆိုတာပဲ၊ အဲဒီနောက်ပိုင်း ဘာသတင်းမှ ထပ်မကြားရတော့ဘူး"
"တိုးတိုးလုပ်စမ်းပါ"
ဆွန်လီ က အခန်းထဲကို လှမ်းကြည့်ရင်း သတိပေးလိုက်တယ် "အမလန်က နောက် နှစ်လ၊ သုံးလဆိုရင် ကလေးမွေးတော့မှာ၊ သူကြားသွားအောင် မလုပ်နဲ့"
ဆွန်ပုချီ ရဲ့ လက်ထဲမှာတော့ မြေပုံလိပ်ကြီး တစ်လိပ်ပါလာပြီး မြေပြင်ပေါ်မှာ တိုက်ရိုက်ဖြန့်ချလိုက်တယ် "အစ်မ... အချိန်တွေ အများကြီး ကုန်သွားပြီ။ အခု အခြေအနေက စီနီယာအစ်ကိုကြီးနဲ့ စီနီယာအစ်မတို့ အကုန် စစ်ပွဲထဲ ရောက်နေကြပြီ။ မြို့တော်က တပ်တွေတောင် တောရိုင်းဒေသ ထဲ ဝင်သွားကြပြီ။ အလွန်ဆုံး တစ်လအတွင်းမှာ မင်ပြည်နယ်ရဲ့ အလယ်ဗဟိုကို စစ်ကူတွေ ရောက်သွားသင့်ပြီ။ ဒါပေမဲ့ ပြဿနာက... ဆန်းရှီနဲ့ အဆက်အသွယ် ပြတ်နေတာပဲ..."
"အစ်မ... မငိုပါနဲ့"
"ဆန်းရှီ သေသွားပြီလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး..."
သူက ပြန်ပြီး ချော့မော့နေရတယ် "ပြီးခဲ့တဲ့တစ်ခေါက် ဆန်းရှီ အဆက်အသွယ် ပြတ်တုန်းကလည်း နှစ်လလောက် ကြာတာပဲ၊ နောက်ဆုံးတော့ အဆင်ပြေသွားတာပဲ မဟုတ်လား။ ဒီတစ်ခါလည်း သေချာပေါက် အဆင်ပြေမှာပါ..."
သူ့အမေ ဆုံးပြီးကတည်းက သူ့အစ်မ ငိုတာကို ဆွန်ပုချီ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။
"ကျွီ—"
အခန်းတံခါး ပွင့်လာပြီး ပွပွယောင်းယောင်း အဝတ်အစားတွေ ဝတ်ထားတဲ့ အမလန် ထွက်လာပါတယ်။ သူ့ကို စီချင်က တွဲပေးထားရတယ် "မင်းတို့ မောင်နှမနှစ်ယောက် ဘာတွေ ပြောနေကြတာလဲ"
ဆွန်လီ က မျက်ရည်တွေကို အမြန်သုတ်လိုက်တယ် "ဘာမှမဟုတ်ပါဘူး အစ်မလန်"
ပြောရင်းနဲ့ပဲ ဆွန်ပုချီ ရဲ့ လက်မောင်းကို သူ့ရဲ့ သွေးချီခွန်အားသုံးပြီး အားနဲ့ လိမ်လိုက်ပါတယ်။
"အား"
ဆွန်ပုချီ က နာကျင်လွန်းလို့ မျက်နှာကြီး ရှုံ့မဲ့သွားပြီး မြေပုံကို အမြန်သိမ်းလိုက်ရပါတယ်။
"အစ်မ... အထဲပြန်ဝင်ရအောင်"
ဆွန်လီက အတင်းပြုံးပြရင်း "ကျွန်မ တူလေးအတွက် ချုပ်ပေးထားတဲ့ အဝတ်တွေက ဒီတစ်ခါ တော်တော်လှတယ်လို့ ထင်တယ်"
"တော်စမ်းပါ၊ ငါ အကုန်ကြားပြီးသား"
အစ်မလန် က ပုဝါလေးထုတ်ပြီး ဆွန်လီရဲ့ မျက်ရည်တွေကို အသာအယာ သုတ်ပေးလိုက်တယ် "မင်ပြည်နယ်မှာ ပြဿနာတက်နေတာ မဟုတ်လားပြီးခဲ့တဲ့တစ်ခေါက်ကတည်းက တစ်ခုခု လွဲနေတယ်ဆိုတာ ငါ သိပြီးသားပါ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အဲဒီ လူဆိုးလေးက ဒီလိုပဲ ပျောက်ချက်သားကောင်းတတ်တာ သူ့အကျင့်ပဲ၊ မကြာခင် သူ ပြန်လာမှာပါ"
ပြောရင်းနဲ့ပဲ သူက ဆွန်လီကို ဖက်ပြီး နှစ်သိမ့်ပေးလိုက်ပါတယ်။
"ဒီလို အမိန့်မနာခံမှုမျိုးကတော့ တောက်"
ဆွန်ပုချီ ဆက်ပြီး မကြည့်ရက်တော့တာကြောင့် မြေပုံကို ဆွဲပြီး အဝေးကို ပြေးထွက်သွားပါတော့တယ်။
မင်ပြည်နယ်၊ ကျန့်ခိုခရိုင်
"သမီးလေး... သမီးလေး"
"အရှင်ကျား.. ကျွန်တော့် သမီးလေးကို လွှတ်ပေးပါလို့ တောင်းပန်ပါတယ်"
"သွားစမ်း၊ သေချင်လို့လား"
ကျားလောင်စီက ဝင်းလက်နေတဲ့ ယန်လင်ဓားကို ဆွဲထုတ်လိုက်တယ် "အဘိုးကြီး... သေချင်တယ်ဆိုရင်လည်း ပြောလေ"
သူ့နောက်မှာတော့ ကောင်မလေးတစ်ယောက်ကို အတင်းအဓမ္မ ကြိုးတုပ်ပြီး မြင်းလှည်းပေါ် တင်ထားပါတယ်။
"အရှင်ကျား... သနားပါဦး၊ သူက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သမီးလေးပါ"
"ဖူး—"
ဓားအလင်းတစ်ချက် လက်သွားပြီး အဘိုးကြီးဟာ ချက်ချင်းဆိုသလို နှစ်ပိုင်း ပြတ်သွားပါတော့တယ်။
"နောက်တစ်ယောက်"
ကျားလောင်စီ က သူ့ဓားကို အိမ်ထဲ ပြန်ထည့်လိုက်တယ်"ညီအစ်ကိုတို့... မြန်မြန်လုပ်ကြ၊ မင်းတို့ကို နောက်ထပ် နှစ်နာရီ အချိန်ပေးမယ်။ လိုချင်တာ လု၊ သတ်ချင်တဲ့သူ သတ်။ အဲဒီနောက်မှာ ငါတို့ နောက်ထပ်မြို့တစ်မြို့ကို ဆက်သွားမယ်"
"ဟားဟားဟား"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်"
"..."
မျက်ခုံးနီတပ်မတော်ဟာ တစ်အိမ်တက်ဆင်း လုယက်ဖျက်ဆီးနေကြပါတယ်။
"အရှင်ကျား"
"ခင်ဗျားတို့ ကျန့်ခိုခရိုင်ကို လာတိုက်တုန်းက မြို့တံခါးကို ဖွင့်ပေးခဲ့တာ ကျွန်တော်တို့ သာမန်ပြည်သူတွေလေ"
"ခင်ဗျားတို့က ကျွန်တော်တို့ကို ရိက္ခာတွေ ပေးမယ်လို့ ကတိပေးခဲ့တယ်၊ ဒါပေမဲ့ အခုတော့ အရာအားလုံးက ပြောင်းလဲကုန်ပြီ၊ အကုန်ပြောင်းလဲကုန်ပြီ"
"မင်းတို့ မြို့တံခါး ဖွင့်ပေးဖို့ လိုတုန်းကတော့ မင်းတို့က အသုံးဝင်တာပေါ့။ အခုတော့ မင်းတို့က ဘာမှ အသုံးမကျတော့ဘူး၊ အသက်ရှင်နေတာက ရိက္ခာဖြုန်းနေတာပဲ"
ကျားလောင်စီ က ငိုယိုနေတဲ့ ပြည်သူတွေကို ကြည့်ပြီး "မြို့ကို အပြတ်ရှင်းပစ်လိုက်တောက်... ငါ မကြာခင်ကပဲ မြို့နှစ်မြို့ကို သတ်ဖြတ်ရှင်းလင်းခဲ့ရလို့ တော်တော် ပင်ပန်းနေတာ။ ဒီမှာတော့ နည်းနည်းပါးပါး လုယက်ပြီး ပြန်ဖို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ မင်းတို့က စေတနာကို အဖတ်မလုပ်တော့လည်း ငါ နည်းနည်း ထပ်ပင်ပန်းခံရတော့မှာပေါ့။ ညီအစ်ကိုတို့... စိတ်ကြိုက်သာ လုပ်ကြ"
သွေးတွေဟာ အိမ်တံခါးကြားတွေကနေ စီးထွက်လာပြီး လမ်းမပေါ်မှာ သွေးမြစ်ကြီးသဖွယ် စုဆုံလာပါတော့တယ်။
"အရှင်ကျား"
လမ်းကြားတစ်ခုထဲကနေ မျက်ခုံးနီတပ် ဗိုလ်ချုပ်တစ်ယောက် ထွက်လာတယ် "ကျွန်တော်တို့ လော့ထျန်တောင်ကြားကို သွားဖို့ အချိန်တန်ပြီ။ တုန်အန်း က သတင်းလာပို့တယ်။ အရန်တပ် က အကြွင်းအကျန်တွေ ငါတို့ရှိတဲ့ဘက်ကို ပြေးလာနိုင်လို့ သတိထားဖို့ ပြောထားတယ်"
"အဓိပ္ပာယ်မရှိတာငါက စစ်ရေးဗျူဟာကို မသိဘူး ထင်နေလား"
ကျားလောင်စီ က ဂရုမစိုက်ဘဲ ပြောလိုက်တယ် "သူတို့မှာ အတောင်ပံမှ မပါတာ။ လွန်ခဲ့တဲ့ နှစ်လကမှ ဒီကနေ ထွက်ပြေးသွားပြီး ရွေစမ်းရေမြို့ကို မီးရှို့သွားတာလေ။ ဒီလောက် မြန်မြန်နဲ့ ဒီကို ဘယ်လို ရောက်နိုင်မှာလဲ"
"အရှင်ကျား... သတိထားတာကတော့ ပိုကောင်းမယ်လို့ ထင်တယ်"
ဗိုလ်ချုပ်က အကြံပေးတယ် "စဉ်းစားကြည့်ပါ၊ ခင်ဗျားသာ မင်ပြည်နယ် တစ်ခုလုံးကို သိမ်းနိုင်ရင်၊ ဒါမှမဟုတ် တိုင်းပြည်ရဲ့ တစ်ဝက်လောက်ကို သိမ်းနိုင်ရင် ဒီလို ခဏတာ ပျော်ရွှင်မှုက ဘာတန်ဖိုးရှိမှာလဲ"
"အင်း... မင်းပြောတာလည်း ဟုတ်သားပဲ"
ကျားလောင်စီ က ပြုံးဖြဲဖြဲနဲ့ "ဒါဆိုရင် ညီအစ်ကိုတွေကို မြန်မြန်လက်စသတ်ခိုင်းလိုက်မယ်၊ ပြီးရင် ငါတို့ ခရီးဆက်မယ်။ ဒါနဲ့ မင်းက ဘာကို စိုးရိမ်နေတာလဲလော့ထျန်တောင်ကြားမှာ စစ်သည် သုံးထောင် စောင့်နေတာ မဟုတ်လားသူတို့ တကယ်လာရင်တောင် ချက်ချင်းကြီးတော့ ဖောက်ထွက်နိုင်မှာ မဟုတ်ပါဘူး..."
"အရှင်၊ အရှင်၊ သူတို့ ရောက်လာပြီ"
မျက်ခုံးနီတပ်က ခြေလျင်စစ်သည်တစ်ယောက် အသည်းအသန် ပြေးလာပြီး အော်ပြောတယ် "မြို့ပြင်မှာ ရန်သူ အင်အား သုံးထောင်ကျော်ကို တွေ့လိုက်ရပြီ"
"သူတို့ တကယ် ရောက်လာတာလားဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
ကျားလောင်စီ ရဲ့ မျက်နှာက အပြုံးတွေ ပျောက်သွားပြီး တင်းမာသွားတယ် "ဘယ်လောက် ဝေးသေးလဲ"
"မြို့တံခါး အပြင်ဘက် တည့်တည့်မှာတင်"
"ဘာ"
ကျားလောင်စီ က သူ့ကို ကန်လိုက်တယ်"မင်းတို့က ဘာလုပ်နေကြတာလဲ"
"မှောင်နေလို့ ကျွန်တော်တို့ မမြင်လိုက်ရတာပါ အရှင်ကျား"
ခြေလျင်စစ်သည်က ဒူးထောက်ပြီး တောင်းပန်တယ် "မိုးလင်းခါနီးမှပဲ တောင်ကုန်းတွေပေါ်ကနေ သရဲတစ္ဆေတွေလို ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရတာပါ၊ တကယ်ကို ကြောက်စရာကောင်းပါတယ်"
"အသုံးမကျတဲ့ကောင်တွေ"
ကျားလောင်စီ က ထိတ်လန့်သွားပေမဲ့လည်း အမိန့်ပေးလိုက်တယ် "မြန်မြန် လူအားလုံး စုပြီး ကာကွယ်ဖို့ ပြင်"
မြို့ရိုးပေါ်မှာ စစ်သည် ရာဂဏန်းလောက် ရှိနေသေးတာပါ။
ရန်သူက မြို့ရိုးအပြင်ဘက် ရောက်နေပြီဆိုပေမဲ့လည်း ခဏတဖြုတ်တော့ တောင့်ခံထားနိုင်မှာဖြစ်လို့ သူတို့ လူစုဖို့ အချိန်ရပါသေးတယ်။
အရန်တပ်က ကျန်တဲ့လူတွေဟာ သုံးထောင်ထက် မပိုပါဘူး၊ ပြီးတော့ သူတို့ ဒီလောက် မြန်မြန် ရောက်လာတယ်ဆိုကတည်းက မြို့သိမ်းဖို့အတွက် လက်နက်ခဲယမ်းနဲ့ စက်ကိရိယာတွေ ပါမှာမဟုတ်ပါဘူး။ မျက်ခုံးနီတပ်မှာ လူနှစ်ထောင်ပဲ ရှိနေရင်တောင်မှ သူတို့ကို တောင့်ခံထားဖို့ လုံလောက်ပါတယ်။
ဘာပဲဖြစ်ဖြစ်... သူတို့ရဲ့ နောက်မှာလည်း လိုက်ဖမ်းနေတဲ့ ရန်သူ့တပ်မတော်ကြီးက ရှိနေတာပဲလေ။
"ဝူး—"
ခရုသင်းမှုတ်သံ ဟိန်းထွက်လာပါတယ်။
တိရစ္ဆာန်တွေလို သတ်ဖြတ်လုယက်နေတဲ့ မျက်ခုံးနီတပ်သားတွေဟာ ချက်ချင်းဆိုသလို သတိဝင်လာပြီး အိမ်တွေထဲကနေ ပြေးထွက်လာကြပါတယ်။ တချို့က ဘောင်းဘီကို အမြန်ဆွဲတင်နေရသလို၊ တချို့ကလည်း လုထားတဲ့ ရွှေငွေတွေကို အဝတ်ထဲ အတင်းထိုးထည့်နေကြပါတယ်။